Chapter
4
ပန်းကန်လုံးထဲက
အနှစ်ခဲများအား ရေဖြင့်ရောကာကျဲသွားစေလိုက်ရသည်။ လင်းဂျင်ရွှမ်သည်
ဘာကိုမှမပင်ထိရသေးသလို တူများကိုပင်မကိုင်ရ သေးချေ။ ထိုအနပ်သည်
သားအဖသုံးယောက်အတွက် ညစာဖြစ်သည်။ မဟုတ်သေးဘူး၊ မနက်စာဟုခေါ်ရမည်။
ရှေးခေတ်ဆင်းရဲသည့် မိသားစု များသည် များသောအားဖြင့်
တစ်ရက်ကိုထမင်းနှစ်နပ်သာစားကြရသည်။ ပေါင်မုန့်လုံးလေးများ ၏ရဲ့ပုံစံအရတော့
ဒီတစ်နေ့လုံးဘာမှစားရသေး ပုံမပေါ်ချေ။ မဟုတ်ပါက နေ့လည်ခင်းမှာ
ညစာစားဖို့ဆိုတာမဖြစ်နိုင်ပေ။ သူ့ ပန်းကန်ထဲမှအာ လူးအစိတ်အနည်းငယ်ကိုငုံ့ကြည့်ပြီး
အရသာရှိရှိ စားနေသည့် ပေါင်မုန့်လုံးလေးများကိုကြည့်မိလိုက်ပြီးနောက်
လင်းဂျင်ရွှမ်စိတ်မကောင်းဖြစ်ကာ သူ့စိတ်ထဲလည်း တစ်မျိုးတစ်မည်ခံစားလိုက်ရ သည်။
သူထဲက ဟင်းဖတ်တစ်ချို့အား ပေါင်မုန့်လုံးလေး၏ပန်းကန်လုံးထဲထည့်ပေးလိုက်သည်။
"ကျေးဇူးပါ
ဖေဖေ ဒါ အရမ်းအရသာရှိတယ်"
လင်းဝူ၏ပျော်ရွှင်နေသည့်
မျက်လုံးများကကျဉ်း မြောင်းသွားပြီး ကန်စွန်းဥတစ်ခြမ်းလောက်ဖြင့် လခြမ်းကွေးလေးဖြစ်သွားရသည်။
"ရော့
ရှောင်၀မ်... "
"ဖေဖေ၊
သား ဗိုက်ပြည့်နေပြီ ဖေဖေ စားရမယ်။ အဖွားက သားတို့အာဟာရပိုရဖို့
အသားမတတ်နိုင်ပေမယ့် သားတို့အနေနဲ့ဖြည့်စွက်စာစားပေးရမယ်တဲ့"
လင်းဂျင်ရွှမ်သည်
တူချောင်းများဖြင့် လင်း၀မ် ၏ပန်းကန်ထဲ ထည့်ပေးရန်လုပ်သည့်အခါ၊
ပေါင်မုန့်လုံးကြီးသည် သူ့ပန်းကန်ကိုလက်နှင့်အုပ်ပြီးအဝေးသို့ပုန်းအောင်းကာ
ဓားပုံသဏ္ဍာန်မျက်ခုံးမွှေးများကို ထိစပ်လုနီးပါးကြုံ့ထားခဲ့သည်။ ထို့အတွက်
သူခံစားသွားရပြီးနှင့် Depression ပင်၀င်သွားခဲ့ရသည်။
ပေါင်မုန့်လုံးကြီးပိုရင့်ကျက်ပြီး အသိဥာဏ်ရှိလေလေ၊
သူ့အတွက်ပိုကြောက်စရာကောင်းလေလေပင်။အရသာရှိတဲ့အသားတွေကျွေးဖို့ သူ
မစောင့်နိုင်တော့ဘူး။ သို့သော် ယခုအချိန်တွင် မိသားစုသည်
လွန်စွာဆင်းရဲတွင်းနက်နေပြီဖြစ်လေရာ သေသေချာချာအစီစဉ်မဆွဲထားပါက ထိုမည်း
နက်နေသောဟင်းပွဲသည် ၎င်းတို့၏နေ့စဉ်အဓိကအစားအစာဖြစ်လာပြီး အသင့်တော်ဆုံးအစား
အစာဖြစ်လာပေလိမ့်မည်။
"အင်းပါ
ဖေဖေ စားမယ်။ ရှောင်၀မ် ဖေဖေတို့ဆီမှာရေတွင်းရှိလား ?"
လျင်မြန်စွာဝဲတက်လာတဲ့
မျက်ရည်တွေကိုမကျ အောင်တင်းခံလိုက်ပြီး လင်းဂျင်ရွှမ် ၎င်း၏ ဝေစုအား
ပေါင်မုန့်လုံးကြီးရဲ့ပန်းကန်ထဲအတင်းထည့်ပေးရန်မကြိုးစားတော့ပဲ သူစားဖို့
ပန်းကန်ကိုကောက်ယူလိုက်သည်။
"အဲ့ဒါက
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ရေတွင်းတူးဖို့တစ်ယောက်ယောက်ကိုငှားရတာ
အရမ်းစျေးကြီးတယ်ဆိုတာ ဖေဖေ သိရဲ့လား ?"
ပေါင်မုန့်လုံးကြီးကတွေးပင်မတွေးပဲ
ချက်ချင်း ပြန်ဖြေလိုက်ပြီး လင်းဂျင်ရွှမ်ကိုစိုက်ကြည့်နေလိုက်သည်။
(ဆိုလိုချင်တာ
ဒီဖေဖေ ရူးများနေလားပေါ့ 😅)
"ဖေဖေ၊
သားတို့မှာ ရေတွင်းရှိခဲ့လား မရှိခဲ့လားဆိုတာကို ဖေဖေ ဘာလို့မမှတ်မိနိုင်ရတာလဲ
?"
"အင်း...အဲဒီနှစ်တွေတုန်းက
ဖေဖေ အရူးဖြစ်ခဲ့တဲ့ မှတ်ဉာဏ်တွေပျောက်သွားခဲ့တာ။ ဖေဖေ ဘာကိုမှမမှတ်တော့ဘူး၊
ဆိုတော့ ရေဘယ်မှာရနိုင်မလဲ ?"
သူ
ဒီပေါင်မုန့်လုံးနှစ်လုံးကိုတောင် မထိန်းနိုင်ဘူးဆိုရင်တော့ လင်းဂျင်ရွှမ်
ဒီနှစ်တွေထဲ သူ အလဟသရှင်သန်နေခဲ့မိတာပဲ !
"Oh!
အဖွားနဲ့ အဘိုး မြစ်ထဲကရေယူပြီး သားတို့ဆီပို့ထားပေးခဲ့တာလေ"
လင်း၀မ်သည်
လေးငါးနှစ်သားကလေးပင်။ သူသည် ထက်မြက်ပြီး ရင့်ကျက်သူဖြစ်လျှင့်ကစားပင်
လင်းဂျင်ရွှမ်၏စကားများထဲမှ ယိုပေါက်ကိုရှာတွေ့ရန်မဖြစ်နိုင်ပေ။
ယုတ္တိရှိပုံရသောအဖြေကိုရပြီးနောက်၊ သူ မေးခွန်းများနောက်ထပ်မမေးလာတော့ချေ။
"အဲ့လိုလား
?"
ဤမိသားစုသည်
ဆင်းရဲရုံသာမက ရေသည်ပင် ပြဿနာဖြစ်ပုံရသည်။ ပေါင်မုန့်နှစ်လုံးနဲ့ သူကိုယ်တိုင်လည်း
အရမ်းညစ်ပတ်နေတာ အံ့သြစရာမဟုတ်တော့ဘူး။ ရေချိုးပြီးနောက် အိမ်ကို
သန့်ရှင်းရေးလုပ်ရန်စီစဉ်ထားခဲ့သည်။ အခုမူ သူ အစီအစဉ်အတိုင်း
လုပ်ရန်မဖြစ်နိုင်တော့ချေ။ သူ့ခန္ဓာကိုယ်သည် အရမ်းအားနည်းနေပြီး ရက်အ
တော်ကြာကြာမေ့မြောနေခဲ့သည်။ သူ မြစ်ထဲပြုတ်မကျပဲ ရေထဲကနေနဲ့ပြန်တတ်လာနိုင်ကိုပဲ
ဘုရားကိုကျေးဇူးတင်ရမယ်။ ဒါ့ကြောင့် အရက်သောက်ပြီးပြဿနာကိုဖြေရှင်းဖို့ဆိုရင်
ပထမဆုံးအနေနဲ့ပိုက်ဆံရှာရမယ်။ သူသည် ဆရာဝန်တစ်ဦးဖြစ်သည်။ သူသည် ဇီဇာကြောင်သော လူထူး
ဆန်းမဟုတ်သော်ငြား ညစ်ပတ်နေခြင်းအားလုံးဝမကြိုက်ပေ။
"လာ
လာ စားကြစို့... စားပြီးရင် ဖေဖေ့ကို အဲ့မြစ်ဆီခေါ်သွားပေးဦး"
အိမ်မှာရေချိုးဖို့ရေမရှိမှတော့
မြစ်ဆီသွားလို့ရတာပဲ။ လွတ်လမ်းအမြဲရှိသည်ဟု သူယုံကြည်သည်။ ဒီတစ်ကြိမ်တော့
ဘာပြဿနာမှဖြစ်လာမှာမဟုတ်ဘူး။
"အင်း"
ဘန်း
~
"လင်းဂျင်ရွှမ် ၊
နင် အရှက်မရှိတဲ့ မကောင်းဆိုး ဝါးကောင် ! နင့် ဖင်ကိုသယ်ပြီး ဒီကို အခုထွက်လာခဲ့စမ်းပါ၊
နင်ကများ ငါ့ သားကိုရိုက်ရဲတယ်ပေါ့ ? ငါ နင့်ကို သတ်ပစ်မယ်! လင်းဂျင်ရွှမ် !"