Chapter 5
ဒါကိုမြင်တော့
ဆန့်ကျင်ဘက်မှာရှိနေသည့်ပေါင်မုန့်လုံးလေးသည် လက်ကလေးနှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး
သူ့ဖေဖေပေါ်မှီချလိုက်သည်။ လင်းဂျင်ရွှမ်လက်ကိုမြှောက်လိုက်ပြီး
ငိုနေတဲ့ကလေးနှစ်ယောက်ကိုပွေ့ဖက်ကာ ပွေ့ချီထားလိုက်သည်။ လင်းဂျင်ရွှမ်က
သူ့ကိုယ်သူတိတ်တ ဆိတ်ကျိန်ဆိုလိုက်သည်။ ဒါ နောက်ဆုံးအကြိမ်ပဲဖြစ်ရမယ် ၊ သူ့ကလေးတွေကို
တခြားလူတွေ ဘယ်တော့မှအနိုင်ကျင့်ခွင့်မပြုနိုင်ဘူး။
လင်းဂျင်ရွှမ်သည်
တစ်နာရီမပြည့်မှီခင်တွင် ၎င်း၏လက်ရှိအနေအထားကို လက်သင့်ခံနိုင်ရုံသာမက
ပေါင်မုန့်လုံးလေးနှစ်လုံးကိုလည်း ၎င်း ၏သားအရင်းများအဖြစ် စိတ်ထဲမှတ်ယူထားခဲ့သည်။
"ခွေးကောင်၊
အရှက်မရှိတဲ့မကောင်းဆိုးဝါးကောင်၊ နင် လုပ်ရဲတယ်ပေါ့လေ"
တွန်းဖယ်ခံလိုက်ရသည့်အမျိုးသမီးမှာ
သူ့အာရုံထဲတန်းရောက်သွားခဲ့သည်။ အဆိုပါ မိန်းမသည် ခါးထောက်ကာ ထိုသားအဖကို
လက်ညှိုးငေါက်ငေါက်ထိုးကာ လွန်စွာအောက်တန်းကျပြီး မကြား ဝံ့မနာသာစကားများဖြင့်
ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။ သူ့ဘေးနားပါလာသည့် ဆယ်ကျော်သက်လေးမှလည်း
၎င်းတို့အားမထီမဲ့မြင်ပြုကာကြည့်နေလေသည်။ လင်းဂျင်ရွှမ်၏ရင်ခွင်ထဲတွင်
နှစ်မြှုပ်နေသည့် ပေါင်မုန့်လုံးလေးများမှာအော်ဟစ်ငိုနေခဲ့ကြသည်။ လင်း၀မ်သည်
လင်း၀ူ၏မျက် ရည်များကိုသုတ်ပေးလိုက်ပြီး သူ့ဖေဖေ့အားကူညီရန်
အဆင်သင့်ဖြစ်နေပုံရသော်လည်းလင်းဂျင်ရွှမ်ထံမှ ရပ်တန့်ခြင်းခံလိုက်ရသည်။
"
ဖေဖေနဲ့ လွှဲထားလိုက်... "
လင်းဂျင်ရွမ်သည်
အဆိုပါကြွက်စုတ်များ၏ ကျိန်ဆဲသံကိုလျစ်လျူရှုပြီး ပေါင်မုန့်လုံးကြီး၏
ဝေခွဲမရဖြစ်နေသည့် မျက်လုံးလေးများကိုလျစ် လျူရှုရင်း
ကောင်လေးရဲ့နဖူးကိုဖွဖွလေးတောက်ဖို့ရာလက်ဆန့်ထုတ်လိုက်သည်။ သူ့အကြည့်များ သည်
အမျိုးသမီးဘက်သို့ လှည့်လာသောအခါ သူ့မျက်လုံးထဲတွင်ရှိနေသော
နွေးထွေးမှုများချက်ချင်းဆိုသလို တမုဟုတ်ချင်းပျောက်ကွယ်သွားပြီး
အအေးဓာတ်ကအစားထိုးဝင်ရောက်လာခဲ့သည်။
သူ့အားကြိမ်းမောင်းနေသည့်
အမျိုးသမီးသည် ဒေါသကြောင့် မူးဝေသတိလစ်လုမတတ်ဖြစ်နေခဲ့သည်။ အဆိုပါအကြည့်ကြောင့်
သူမခန္ဓာကိုယ်ပင် တုန်ယင်သွားရပြီး 'လင်းဂျင်ရွှမ်က အသိစိတ်ပျောက်သွားတာ
မဟုတ်ဘူးလား ?' ဟမ့် အရူးတစ်ယောက်ရဲ့အကြည့်က ဘယ်လောက်တောင်များ
ကြောက်စရာကောင်းနိုင်မှာတဲ့လဲ ??
"ငါ့ကို
ထပ်ပြောရအောင်မလုပ်နဲ့၊ အခုချက်ချင်းထွက်သွား!"
သူ့ဆီကထွက်ကျလာသည့်
စကားလုံးတိုင်းသည် အေးခဲနေသည့် မိုးသီးမိုးပေါက်များပမာပင်။ လူ သတ်သမားလုပ်လာသည့်
ဆယ်စုနှစ်တစ်ခုစာအတွင်းစုဆောင်းထားသည့် ထည်ဝါသည့်အရှိန် အဝါအား သာမန်လူများအနေဖြင့်မည်သို့ခုခံနိုင်မည်နည်း
?
အမျိုးသမီးသည်
ခြေလှမ်းအနည်းငယ်လောက် နောက်ဆုတ်မိပြီး သားဖြစ်သူနှင့်ဝင်တိုက်မိကြသည်။ ထို့နောက်
လည်ပင်းနဲ့ရင်ဘတ်ကို တစ်ဖြောင့်တည်းဆန့်ထုတ်လိုက်ပြီး
"ဟ
? အရှက်မရှိတဲ့ မကောင်းဆိုးဝါးကောင်ကများ နင်က ငါ့ကို ရိုက်ချင်သေးတယ်ပေါ့လေ ??
ဝက်ခြင်းတောင်းထဲထည့်ပြီး ရေစိမ်လိုက်ရ၊ နင် ဒီအယုတ်တမာလေးတွေ ထွက်လာဖို့ဘယ်က
ယောင်္ကျားကိုထောင်ဖမ်းခဲ့တာလဲ ?? နင့်မှာ ဒီမျက်နှာနဲ့နေဖို့ အရှက်ရှိသေးတယ်ပေါ့
? နင့်အစား ငါဖြင့် ရှက်လိုက်တာ ၊ ငါသာ နင့်နေရာမှာဆိုရှက်လွန်းလို့
သစ်ပင်ကိုင်းကောင်းကောင်းရှာပြီး ကြိုးဆွဲချသေပစ်လိုက်မှာ၊ နင်က
ငါတို့တစ်ရွာလုံးကိုအရှက်ရစေတယ်၊ နင်က မကောင်းဆိုး ဝါးကောင်ပဲ "
ဖြန်း
~ ဖြန်း ~ ဖြန်း
ကြွက်စုတ်သည်
သူ့၏ကျိန်ဆဲမှုထဲနစ်မြုပ်နေပြီး စော်ကားပုတ်ခတ်သော စကားလုံးများကိုဆက်
လက်ပြောဆိုနေခဲ့သည်။ လင်းဂျင်ရွှမ်သည် ကလေးနှစ်ယောက်ကို
သူ့နောက်သို့တွန်းပို့လိုက်ပြီး လင်း၀မ်အား သူ့ညီလေးကိုဂရုစိုက်ဖို့အချက် ပြကာ
ပုခုံးကိုပုတ်လိုက်သည်။ ထို့နောက် လင်းဂျင်ရွှမ်၏သွယ်လျပြီး ပိန်လှီနေသောခန္ဓာကိုယ်သည်
ထိုအမျိုးသမီးထံသို့ ရုတ်တရက် တရှိန်ထိုးပြေး၀င်သွားပြီး လက်တစ်ဖက်ဖြင့် ကော်လံကို
ဆွဲကိုင်ကာ အခြားသောလက်တစ်ဖက်ဖြင့် သူမ ၏မျက်နှာကို
အားပြင်းပြင်းပါးရိုက်ချလိုက်သည်။ အဆိုပါမိန်းမသည် လင်းဂျင်ရွှမ်အား
ပြန်တိုက်ဖို့ပင်မေ့သွားခဲ့ပြီး သူမ၏မည်းနက်နေသောပါးပြင်များပင် နီမြန်းလာရသည်။
"
အား....အား.. ... "
အမျိုးသမီး၏ပါးစပ်ထောင့်မှ
သွေးများထွက်လာသည်ကိုမြင်လိုက်ရသဖြင့် လင်းဂျင်ရွှမ်က သူမအား တွန်းထုတ်လိုက်သည်။
ထိုအမျိုးသမီး မျက်နှာသည်နီမြန်းလာပြီး တုန်ရီနေသော လက် ချောင်းများက
သူ့အားညွှန်ပြနေခဲ့သည်။ သူမသည် ဆူပူသည့် မည်သည့်အသံတစ်သံမှ
ပြန်ခွန်းတုန့်မဆိုနိုင်ဘဲ ကြောက်စိတ်အပြည့်ဖြင့်သာ သူ့ကို စိုက်ကြည့်နေခဲ့သည်။
မျက်လုံးတစ်လုံးအတွက်
မျက်လုံးတစ်လုံးပဲ ! အဆိုပါမိန်းမသည် မတရားမောက်မာသည့်ပုံပေါ်သော်လည်း သူသည်
အားနည်းသူများကိုသာ အနိုင်ကျင့်တတ်ပြီး အားကြီးသူကိုကြောက်သည့်သူဖြစ်သည်။
လင်းဂျင်ရွှမ် သူ့ထက်ပိုကြမ်းပြနေသမျှကာလပတ်လုံး သူမ
ထပ်ပြီးရန်စ၀ံ့တော့မည်မဟုတ်ချေ။
"ထွက်သွား
! မင်းကို ငါ နောက်တစ်ခါထပ်မတွေ့မိစေနဲ့ အဲ့လိုမှမဟုတ်ရင် ငါ့မျက်စိရှေ့မှာ
မင်းကိုမြင်ရတိုင်း မင်းရဲ့မျက်နှာကိုထိုးမိလိမ့်မယ်။
မင်းအမေကို
ငါ့ခြံထဲကခေါ်ထုတ်သွားလိုက် ငါ့ပေါင်မုန့်လုံးလေးတွေကို ထပ်ပြီးအနိုင်ကျင့်ရဲရင်
မင်းအသက်နဲ့ပြန်ပေးဆပ်ရအောင်ကို ငါ လုပ်ပစ်မယ် "
လင်းဂျင်ရွှမ်
အေးစက်စွာပြောပြီး ပေါင်မုန့်လုံးလေးများဆီလျှောက်သွားလိုက်သည်။ 21 ရာစုမှ
ရောက်ရှိလာသည့် ဒီလူထံ မိန်းမများကိုမရိုက်ရဘူးဆိုသည့်
အခြေခံသဘောတရားတွေဘာတွေနားမလည်ဘူး။ သူ့သားတွေကို အနိုင်ကျင့်ရဲရင်
သူကပြန်ပြီးတိုက်ခိုက်ပေးမယ်။ မိန်းမပဲ ဖြစ်နေပါစေ ဒီပါးရိုက်ချက်အနည်းငယ်က သူ့သား
တွေအတွက်တန်ရာတန်ကြေးပဲ!
"ဟုတ်
ဟုတ်ကဲ့..."
"Whining..."
ကောင်လေးက
သူ့အသက်ဆယ်နှစ်လောက်ရှိပြီနဲ့တူတယ်။ လင်းဂျင်ရွှမ်၏တင်းမာသော သဘော ထားကို
သိလိုက်သောအခါတွင် သူ့မျက်နှာပေါ်ရှိ ရဲရင့်သောသတ္တိများ ပျောက်ကွယ်သွားသည်။
မျက်နှာတစ်ခြမ်းဖူးရောင်နေသည့် သူ့အမေကိုဆွဲခေါ်ကာပြေးထွက်သွားခဲ့သည်။
မကြာသေးမီကမကောင်းဆိုးဝါးကောင်သည် သူ့အား သတ်ပစ်မည်ဟု အမှန်တကယ်ခံစားခဲ့ရပြီး
အလွန်ကြောက်စရာကောင်းလှသည်။
"ဝိုး..
ဖေဖေ၊ ဖေဖေက အရမ်းတော်တာပဲ ! မိန်းမဆိုးကြီးနဲ့
တဝါကိုမောင်းထုတ်ပစ်လိုက်တယ်!"
လင်းဝူသည်
မျက်ရည်တွေကိုသုတ်ကာ လင်းဂျင်ရွှမ်ရှေ့ကိုအပြေးသွားလိုက်သည်။
သူ့ဖေဖေရဲ့ခြေထောက်တွေကိုကိုင်ကာ စိတ်လှုပ်ရှားစွာခုန် ပေါက်ကာ
ချီးမွမ်းလိုက်ပါတော့သည်။ သူ့ဘေးတွင် ရောင်ရမ်းနေသည့်မျက်နှာနဲ့လင်း၀မ်
ဖြင့်နှိုင်းယှဥ်ကြည့်လျှင် လင်း၀မ်ကပို၍သိမ် မွေ့သည်။ ဒါပေမယ့်
သူ့အကြည့်တွေမှာလင်းဂျင်ရွှမ်အပေါ်တယူသန်ပြီး
ယုံကြည်ကိုးစားမှုများရှိနေတာကိုမြင်နိုင်သည်။ လူတွေက 'ဖေဖေဟာ ကလေးရဲ့
နှလုံးသားထဲမှာရှိတဲ့တောင်ကြီး' လို့ ပြောကြတယ်၊ ဒီအချိန်မှာ သူတို့က
သူတို့ဖေဖေ့ကိုရိုးရိုးသားသားနဲ့ယုံကြည်အားကိုးလာကြတယ်
"ပေါင်မုန့်လုံးလေးတွေ
ယောင်္ကျားဆိုတာဆုံးခန်းတိုင်အောင် အဆုံးသတ်နိုင်ရတယ်၊ ဒါပေမယ့် အမြဲတမ်းတော့
မှန်မနေဘူး။ မင်းတို့က အရမ်းအားနည်းနေရင် တခြားလူတွေက
မင်းတို့ကိုပြဿနာရှာဖို့လာကြလိမ့်မယ်၊ ဖေဖေက
မင်းတို့ကိုရိုးရှင်းတဲ့ကိုယ်ခံပညာသင်ပေးမယ်။ ဖေဖေတို့ ပိုသန်မာမှရမယ်
သူများတွေကို ဖေဖေတို့ကို အနိုင်ကျင့်ဖို့ အခွင့်အရေးဘယ်တော့မှမပေးနိုင်
ဘူး...."
ငုတ်တုတ်ထိုင်ရင်း
လင်းဂျင်ရွှမ်က ပေါင်မုန့်လုံးကြီးရဲ့မျက်နှာကို ချစ်ခင်စွာကြည့်ရင်းလေးလေး
နက်နက်ပြောလိုက်ပါတော့တယ်။ ကလေးနှစ်ယောက် နားလည်၊ မလည်ကို သူ ဂရုမစိုက်ဘူး။
သူ့သားတွေကိုသင်ပေးချင်တဲ့ နိယာမကတော့ လူတွေက ငါ့ကိုတိုက်ခိုက်ရင် ငါ
ပြန်တိုက်ခိုက်မှာ သေချာတယ်။ ဒါက သူ့အရင်ဘဝက ယုံကြည်ချက်ဖြစ်ပြီး
ဒီယုံကြည်ချက်ကိုပြောင်းလဲဖို့ ရည် ရွယ်ချက်မရှိသေးဘူး။
"အွန်း
!"
ပေါင်မုန့်လုံးလေးနှစ်လုံးစလုံးက
ခေါင်းညိတ်လာကြသည်။ သူဘာကို ဆိုလိုသည်ကို လုံးလုံးနားမလည်နိုင်သော်လည်း
ဖေဖေပြောသော စကားမှန်သည်ဆိုတာကို သူတို့သိသည်။
"ဟုတ်ပြီ၊
ငါ အ၀တ်လဲဖို့ အဝတ်အစားသွားရှာလိုက်ဦးမယ် ၊ စည်ပိုင်းတွေသွားယူ ၊ မြစ်ထဲဆင်းပြီး
ရေသွားချိုးရအောင်"
ကောင်လေးနှစ်ယောက်ရဲ့နဖူးကို
လက်ညိုးနဲ့တို့လိုက်ပြီး မတ်တပ်ထရပ်ကာ
ဝန်းရံထားတဲ့ခြံဝင်းလေးကိုလှည့်ကြည့်လိုက်တယ်။ ရွှံ့နဲ့လုပ်ထားသောနံရံနိမ့်နိမ့်လေးများပင်။
ခြံ၀န်းကတော့ တော်တော်ကျယ်တယ် ဒါပေမယ့် ဘာမှမရှိဘူး။ အဲ့တာကိုကြည့်ပြီး
မင်းစဉ်းစားနိုင်တဲ့ တစ်ခုတည်းသောစကားလုံးက 'ဆင်းရဲခြင်း' ပဲ ! လုံးဝ ကိုမွဲတေနေတာ
!
"အွန်း"
ပေါင်မုန့်လုံးနှစ်လုံးသည်
လှည့်ကြည့်ကာသက် ကယ်အိမ်ဘေးရှိ ယိုင်တိယိုင်နဲ့နေသော တဲဆီအ ပြေး၀င်သွားသည်။
ကြည့်ရသည်မှာ မီးဖိုချောင်တစ်ခုဖြစ်နိုင်သည်။ လင်းဂျင်ရွှမ်သည်
ခေါင်းယမ်းလိုက်ပြီး သူတို့အိမ်က ဘယ်လိုပဲဖြစ်နေနေ ရေချိုးဖို့ဆုံးဖြတ်လိုက်တယ်။
ရောင်ရမ်းခြင်းအတွက်အသုံးဝင်သော ဆေးဖက်ဝင်အပင်များ ရှိ ၊ မရှိကိုလည်း သူ
သိချင်သည်။ ပေါင်မုန့်လုံးကြီး၏မျက်နှာသည် လွန်စွာမှရောင်ရမ်းနေပြီး
ရာသီဥတုကပူလာပြီဖြစ်၍ ကောင်းစွာမကိုင် တွယ်နိုင်ပါက မျက်နှာရောင်ရမ်းကာ ယားယံလာ
ပေလိမ့်မည်။ ဤနေရာဒေသ၌ လင်းဂျင်ရွှမ်၏ ပထမဆုံးနေ့တွင် အရိုက်ခံရသဖြင့်ရက်ပေါင်းများစွာသတိလစ်သွားခဲ့ရသည်။
နိုးလာပြီးနောက် သူသည် ရက်စက်ကြမ်းကြုတ်သော ကြွက်စုတ်တစ်ကောင်နှင့်
တွေ့ဆုံခဲ့ရပြန်သည်။ 21 ရာစုတွင် လျှို့ဝှက်သောဆရာဝန်တစ်ဖြစ်လဲ တစ်ကိုယ်
တော်လူသတ်သမားလင်းဂျင်ရွှမ်သည် ရှေးခေတ် ၏ခက်ခဲကြမ်းတမ်းသော ဘဝနေထိုင်မှုကိုခံစား
ခဲ့ရသည်။ ကျေးဇူးတင်ရမည့် တစ်ခုတည်းသော အရာမှာ
သူ့တွင်ချစ်စဖွယ်ပေါင်မုန့်လုံးလေးနှစ်လုံးရှိနေခြင်းပင်။ အနာဂတ်မှာ
ပေါင်မုန့်နှစ်လုံးကိုကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ရမည် ဖြစ်သော်လည်း
အနဲဆုံးတော့ သူ အခုအခြေအ နေလေးကိုကျေနပ်နေမိသည်။