Ch 6
Viewers 119

Chapter 6


လင်းကျေးရွာ၏ ဘက်သုံးဘက်အား တောင်သုံးလုံးဖြင့်ဝန်းရံထားပြီး ရွယ်ဟွာတောင်၏အ နောက်ဘက်တွင်တည်ရှိသည်။ လင်းဂျန်းမြစ် လက်တက်နှင့် ကုန်းတွင်းပင်လယ် မြစ်လက် တက်များသည် ဘယ်နှင့် ညာနှစ်ဖက်အသီးသီးတည်ရှိသည်။ ထိုကဲ့သို့သော ပထဝီဝင်အနေအ ထားပတ်ဝန်းကျင်နှင့် ပြည့်စုံသော လင်းရွာရှိလူများသည်ချမ်းသာသင့်သော်လည်း ၎င်းနှင့် အနီးနား နေထိုင်သူများမှာမူဆင်းရဲကြသည်။ အ ကြောင်းပြချက်ကတော့ ရိုးရှင်းသည်။ ရွယ်ဟွာတောင်သည် တစ်နှစ်ပတ်လုံးတိမ်များ၊ မြူများဖြင့်ဝန်းရံထားသည်။ အမဲလိုက်သွားသောရွာ သားများသည် ပြန်လာနိုင်ရန်အခွင့်အလမ်းနည်းပါးသောကြောင့် တောင်ခြေတွင် ဂတုတ်ကျင်းများတူးကာ တိရစ္ဆာန်ငယ်အချို့ဖမ်းရန် သာ ထောင်ချောက်များချထားတတ်ကြသည်။

 

မြစ်များနှင့် ပင်လယ်အနီးရှိ ကျေးရွာများသည်အမြဲတမ်းကြွယ်ဝ‌နေသော်လည်း လင်းရွာနှင့်မတူပေ။ ၎င်းသည် လင်းဂျန်းမြစ်လက်တက်အနီးသာမက ကုန်းတွင်းပင်လယ်လက်တက်နှင့်လည်းနီး ကပ်သည်။ ရွာ၏မြောက်ဘက်တွင်၊ လင်းဂျန်း မြစ်ဝှမ်းရှိလယ်ကွင်းများသည် မြေသြဇာကောင်းပြီး နှစ်စဉ်စပါးအထွက်ကောင်းကြသည်။ တောင် ဘက်တွင်မူ ကုန်းတွင်းမြစ်ဝှမ်းသည်မြုံနေ သည်။ နှစ်စဉ်နှစ်တိုင်း၊ ဒီရေသည် ကုန်းမြေထဲသို့ စီးဆင်းပြီး လယ်ကွင်းဧရိယာအများအပြားကို ဆားတစ်ပိုင်း ဆားကုန်းမြေအဖြစ်ပြောင်းလဲခဲ့သည်။ စပါးစိုက်ပျိုးရန်အတွက် တစ်စုံတစ်ဦးသည် မြေရိုင်းများကိုစိုက်ပျိုးရန်ကြိုးစားခဲ့သော် လည်း ကံမကောင်းစွာဖြင့်၊ မည်သည့်မျိုးစေ့မှ မရှင်သန်နိုင်ခဲ့‌ပေ။ ထို့ကြောင့် ရွာမြောက်ဘက်ရှိ မြေသည် မြေသြဇာကောင်းလျှင်ပင် ရွာသူရွာ သားများအားလုံး ချမ်းသာသောဘဝသို့မရောက်နိုင်ကြချေ။

 

မကြာသေးမီနှစ်များအတွင်း တော်၀င်စစ်ခုံရုံး သည် စစ်ပွဲများဆင်နွှဲခဲ့သဖြင့် သာမန်ပြည်သူ များအပေါ် အခွန်အခများတစ်နှစ်ထက်တစ်နှစ် တိုးမြင့်ကောက်ခံလာကြရာ ပိုမိုခက်ခဲလာခဲ့ကြသည်။ သို့သော် ဆန့်ကျင်ဘက်အားဖြင့်လင်းဂျင်ရွှမ်၏အဘိုးနှင့် သူ့မိသားစု၏ဘဝသည်ဆိုးရွားလှသည်မဟုတ်။

 

အဖိုးဖြစ်သူ လင်းချီယွမ်သည် မိသားစုထဲတွင် အကြီးဆုံးဖြစ်ပြီး လင်းရွာရှိတစ်ဦးတည်းသော Xiucai (ကောလိပ်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သော လိုင်စင်ရရှိသူဖြစ်သည်။ Xiucai သည် တရားဥပဒေအရ အလုပ်သမားကင်းလွတ်ခွင့်၊ ဒေသန္တ ရအစိုးရဌာနများသို့ ဝင်ရောက်ခွင့်နှင့် ကန့်သတ်ကင်းလွတ်ခွင့်များကဲ့သို့သော တရားဝင်ဒဏ်ခတ်ပိတ်ဆို့ထားသော လူမှုရေးအခွင့်အရေးများကို ခံစားခဲ့ရသည်) ဖြစ်သည်။ သူ့ထံ လင်းချီကိုင်ဆိုသည့်ညီငယ်ရှိသည်။ ထို့ ပြင်လင်းရွာ၏ ရွာသူကြီးဖြစ်ကာ ခေတ်မီအ‌တွေးအခေါ်ရှိသူဖြစ်သည်။ ရှေးခေတ် ခရိုင်အဆင့် သို့မဟုတ် အထက်နန်းတွင်းစာမေးပွဲအောင်မြင်ပြီးသူများသည် အခွန်ကင်းလွတ်ခွင့်ရှိသော ကြောင့် လင်းမိသားစု၏ဘဝသည်မဆိုးလှပေ။

 

လင်းချီယွမ်သည် လင်းဂျင်ရွှမ်၏အဘိုးဖြစ် သည်။ အသက်နှစ်ဆယ်ကျော်နှင့် စာမေးပွဲအောင်ပြီး ရွာ၌ကျော်ကြားလာသည်။ သို့သော် နောက်ပိုင်းနှစ်များတွင် ခက်ခဲသောလေ့လာမှုများက သူ့အားနောက်ထပ်ဝေးဝေးရောက်အောင်မတွန်းထုတ်နိုင်ခဲ့ချေ။

လင်းချီယွမ်သည် နန်းတွင်းစာမေးပွဲဖြေဆိုခြင်းအားစွန့်လွှတ်ပြီး မိသားစုကိုထောက်ပံ့ရန်အ တွက် ငွေအနည်းငယ်ရှာရန် ရွာ၌အိမ်ကျောင်းဖွင့်ခဲ့ပြီး၊ ထိုအချိန်တွင် သူအသက်လေးဆယ်ပင် မရှိသေးချေ။ လင်းချီယွမ်တွင် သားသုံးယောက်နှင့်သမီးတစ်ယောက်ရှိသည်။ အကြီးဆုံးအစ်ကို လင်းချန်း၀မ်၊ ဒုတိယသား လင်းချန်းလုံ၊ တတိ ယသား လင်ချန်းဟူနှင့် အငယ်ဆုံးသမီးထွေး လင်ချန်းဟွာတို့ဖြစ်သည်။ လင်းချီယွမ်၏ အိမ် မက်မှာ သူ၏သားများနန်တွင်းစာမေးပွဲဖြေဆိုအောင်မြင်သွားသည်ကို မြင်နိုင်ရန်ဖြစ်သည်။

သို့သော် ညီအကိုသုံးယောက်သည် ပညာရေးတွင် ထူးချွန်ထက်မြက်မှုမရှိဘဲ သူ့ကိုယ်ပိုင်အောင်မြင် မှုထက်ပင်နိမ့်ကျနေခဲ့သည်။ လင်းမိသားစုတွင် လယ်သမားနှင့် ပညာရှင်နှစ်မျိုးစလုံးရှိသော ကြောင့် ၎င်းတို့အားလုံးသည် မိသားစု၏အဘိုးအိုကဲ့သို့စာပေတတ်မြှောက်မှုမရှိသော်လည်း စာဖတ်နိုင်ကြသည်။

 

လင်းဂျင်ရွှမ်၏ညွှန်ကြားမှုအောက်တွင် ပေါင်မုန့်လုံးနှစ်လုံးသည် လေးလံသောသစ်သားစည်အား မြစ်ကမ်းနားသို့ သယ်ဆောင်လာကြသည်။ လင်းဂျင်ရွှမ်သည် ကလေးများအား ညွှန်ကြားနေရင်း သူ့စိတ်ထဲ၌ အချက်အလက်များရှာဖွေနေလိုက်သည်။ လင်းဂျင်ရွှမ်သည် ဒုတိယလင်းချန်းလုံ၏ အကြီးဆုံးသားဖြစ်သည်။ ငယ်စဉ်ကတည်းက လိမ္မာပါးနပ်ခဲ့ပြီး အသက် 13 နှစ်အရွယ်တွင် ခရိုင်အဆင့်စာမေးပွဲကိုဝင်ရောက်ဖြေဆိုခဲ့သည်။ ထို့ကြောင့်ကောင်လေးအား သူ့အဘိုးမှမျက်နှာ သာပေးခဲ့သည်။ သို့သော် လွန်ခဲ့သည့်ငါးနှစ်ခန့်ကယောက်ျားတစ်ယောက်အနေနှင့် သူဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သူ့မိဘတွေဝှက်ထားသည့် လျှို့ဝှက်ချက်ကိုဖော်ထုတ်မိသွားသည်။ အမျိုးသားတစ်ယောက်အနေနှက့် သူကိုယ်၀န်ရလာခဲ့သည်။ အမှန်မှာ သူသည် ဒွိလိင်ဖြစ်ပြီး အ ခြားလူများနှင့် မတူညီပဲမွေးဖွားလာသူဖြစ်သည်။ မျက်မှောက်ခေတ်တွင် လူများက သူ့အားနှစ်မျိုးစလုံးဖြင့်လိင်ဆက်ဆံနိုင်သည်ဟု မှတ်ယူနိုင်ကြသော်လည်း ရှေးခေတ်၌မူ သူ့အားမကောင်းဆိုး ၀ါးအဖြစ်သတ်မှတ်ခံရပြီး အခြားသူများသိရှိပါကအရှင်လတ်လတ်မီးရှို့ခံရမည်ဖြစ်သည်။ လင်ချန်းလုံနှင့် သူ့ဇနီးသည်တို့သည် သားဖြစ်သူကို ဒုက္ခမရောက်စေချင်သောကြောင့် အမှန်တရားကို ဖုံးကွယ်ထားခဲ့ကြသည်။

 

နောက်ပိုင်းအဖြစ်ပျက်များကိုမူ တွေးကြည့်လို့ရ ပေသည်။ အဘိုးအိုသည် ဒေါသတကြီးပြေးလာပြီး လင်းဂျင်ရွှမ်အား ရေကန်ထဲနစ်မြုပ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့သည်။ ထိုအချိန်တွင် မိသားစုတစ်ခုလုံးတုန်လှုပ်သွားခဲ့သည်။ ဘိုးဘေးများနှင့် သက်ကြီးရွယ်အိုများစွာတို့၏ တညီတညွတ်တည်းထင်မြင်ချက်အောက်၌ ဗိုက်ကြီး‌နေသော လင်းဂျင်ရွှမ်ကို ဝက်လှောင်အိမ်ထဲသို့ထည့်ကာ ကုန်းတွင်းပင်လယ်မြစ်လက်တက်ထဲသို့ နစ်မြုပ်ရန်ဆုံးဖြတ်ခဲ့သည်။ ဖြစ်နိုင်တာက လင်းဂျင်ရွှမ် ကံကောင်းတာ သို့မဟုတ် ပေါင်မုန့်လုံးနှစ်လုံး သေကံမပါတာကြောင့်ပဲလား ? ရွာသားများသည် လင်းဂျင်ရွှမ်အား ဒေါသတကြီးကြိုးနဲ့ချည်ကြကာ လင်းချီကိုင် ခရိုင်ရုံးကနေပြန်လာပြီးနောက် လူတိုင်းလက်မခံနိုင်သည့် သတင်းကိုယူပြန်လာခဲ့သည်။ ခရိုင်တရားသူကြီးမင်းအသစ် လူကြီးမင်းဟူသည် ရွာသားများအား တရားမ၀င်ပြစ်ဒဏ်ပေးကာ လူ့အသက်ကိုလျစ်လျူမရှုကြရန်တား မြစ်ခဲ့သည်။

 

အဆုံးတွင် ထိုလူကြီးများ၏ဆွေးနွေးမှုအောက်၌ လင်းဂျင်ရွှမ်အား လင်းချီယွမ်၏လင်းမိသားစုမှ နှင်ထုတ်ရန်ဆုံးဖြတ်ပြီး ရွာနှင့်ဝေးသောရွယ်ဟွာတောင်ခြေသို့စေလွှတ်လိုက်သည်။ ရှင်သန်နိုင်မလားဆိုတာကတော့ သူ့ကံတရားပေါ်မူတည်သည်။ ထို့နောက် လင်းဂျင်ရွှမ်သည် စိတ်ဒဏ်ရာရပြီးသတိလစ်သွားခဲ့သည်။ သူ့မိခင်ဖြစ်သူ အမျိုးသမီး၀မ်သည် သူမ၏ခန်းဝင်ပစ္စည်းနှင့် နှစ်ပေါင်းများစွာစုဆောင်းထားသည့် ကိုယ်ပိုင်ငွေများကိုထုတ်ယူပြီး ရွယ်ဟွာတောင်အောက်ရှိစွန့်ပစ်မြေစာပုံကို ဝယ်ပေးရန် သူ့အစ်ကိုများအားတောင်းဆိုခဲ့သည်။ ထို့နောက် ၎င်းတို့သည်သက်ကယ်အိမ်ဆောက်ပြီး ကျန်မြေရိုင်းနှစ်ခုအတွက် စားပင်သီးပင်များစိုက်ပျိုးခဲ့ကြသည်။ သူ့အမေကြောင့်သာမဟုတ်ပါက လင်းဂျင်ရွှမ်တို့သားအဖ ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ပြီးဖြစ်လိမ့်မည်။

 

"ဟင်း... "

 

လင်းဂျင်ရွှမ် အဖြစ်အပျက်များအားတွေးမိပြီး သက်ပြင်း‌မချပဲမနေနိုင်ခဲ့ချေ။ ဤခန္ဓာကိုယ် ၏ မူလပိုင်ရှင်ဘဝသည် ဇာတ်လမ်းဆန်ဆန်ပင် ဖြစ်ပျက်သွားခဲ့သည်။ သူ့အပေါ်တွင် ဂရုဏာတရားထားရှိရန်မဆို စာနာစိတ်ပင်မရှိခဲ့ကြပေ။ လင်းဂျင်ရွှမ်ထင်ခဲ့သည်မှာ နှစ်ပေါင်းများစွာအကြာ‌၌ သူသည် သူ့မိခင်၏ ငွေနှင့် ဥစ္စာပစ္စည်းများကို ပြန်လည်ပေးဆပ်နိုင်လိမ့်မည်။ သို့သေည် လင်းအိမ်ကနှင်ထုတ်ခံရကတည်းက ဘာမှမလုပ်ဖြစ်ဘဲ ''ငါက မကောင်းဆိုးဝါးမဟုတ်ဘူး'' ဟုအော် ဟစ်ကာ ကိုယ့်ကိုယ်ကိုယူကြုံးမရဖြစ်ပြီး သူ့သားနှစ်ယောက်ကိုလည်း ဘာမှဂရုမစိုက်နိုင်ခဲ့ချေ။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ကိုလက်ခံရရှိခဲ့သော် လည်း၊ လွန်ခဲ့သည့်ငါးနှစ်အတွင်း ထိုလူ မည်သို့တွေးတောနေမှန်းမသိခဲ့ရပေ။ သူ့အားဗိုက်ကြီးစေသောအမျိုးသား၏ သန်မာ‌သောခန္ဓာကိုယ်၊ ပြင်းထန်သောအပူချိန်နှင့် လေးလံသောအသက်ရှုသံတို့ကိုသာ ယောင်ဝါးဝါးခံစားမိသော်လည်း ထိုသူ၏ပုံပန်းသဏ္ဍာန်ကိုမူ ရှင်းရှင်းလင်းလင်းမသိခဲ့ရချေ။ လင်းဂျင်ရွှမ်၏အမြင်တွင်၊ သူသည် ထိုကဲ့သို့သော လူအားတကယ်မသနားနိုင်ပေ။


"ဖေဖေ၊ သားတို့ ရောက်ပြီ"