Chapter 7
"ဟမ်
?"
လင်းဂျင်ရွှမ်သည်
သူ့အတွေးထဲနစ်မြုပ်နေရာ
သူ့ပတ်ဝန်းကျင်ရှိပြောင်းလဲမှုများကိုလုံးဝသတိမပြုမိလိုက်ပေ။
ပေါင်မုန့်လုံးလေး၏သတိပေး ချက်ကိုမကြားမချင်း သူ့စိတ်သည်
လက်ရှိသို့ပြန်မရောက်နိုင်သေးချေ။ စိတ်ထဲ ရှုတ်ထွေးနေသောအတွေးများကို
ရပ်တန့်လိုက်ပြီး ရုတ်ချည်းမော့ကြည့်လိုက်ရာ သူ့ရှေ့တွင်
စမ်းချောင်းဟုဆိုနိုင်သောမြစ်တစ်စင်းကိုတွေ့လိုက်ရသည်။ နောက်ဘက်ခြမ်းတွင်
သစ်ပင်များထူထပ်စွာပေါက်ရောက်နေပြီး
စိမ်းလန်းသောတောရိုင်းဟင်းသီးဟင်းရွက်များနှင့်
ပေါင်းပင်များသည်မြစ်ချောင်းတစ်လျှောက် ပေါက်ရောက်နေခဲ့သည်။ 21 ရာစု
ရွှံ့ရေစီးကြောင်းနှင့်နှိုင်းယှဉ်ကြည့်ပါက ဤနေရာရှိရေသည်
ကြည်လင်နေပြီးမြစ်အောက်ခြေ၌
ကူးခတ်နေသော
ငါးများကိုပင်ရှင်း ရှင်းလင်းလင်းတွေ့မြင်နိုင်သည်။
"ဒါ
လင်းဂျန်မြစ်လက်တက်လား ?"
မြေကြီးပေါ်ရှိစည်ကိုကိုင်လိုက်ပြီး
လင်းဂျင်ရွှမ်က သူ့ဘောင်းဘီကိုချွတ်ကာ ရေထဲဆင်းသွားလိုက်သည်။ အေးစက်စက်ရေများ
သူ့ခြေ ထောက်များကိုထိတွေ့နေခြင်းသည် သူ့အားအလွန်တရာ သက်တောင့်သက်သာဖြစ်စေသည်။
"မသိဘူး၊
ဒီဟာကို ရွယ်ဟွာရေမြောင်းလို့ပြောကြတာပဲ၊ မြစ်အထက်ပိုင်းက
ရွယ်ဟွာတောင်ထဲကိုရောက်လုနီးပါးမို့လို့ ပုံမှန်ဆို ဘယ်သူမှမလာကြဘူး"
လင်း၀မ်သည်
သူ့ညီလေးအားလက်တွဲခေါ်ကာလမ်းလျှောက်ရင်းပြောလိုက်သည်။ ကောင်လေးနှစ်ယောက်သည်
ရေထဲရပ်နေသော ဖခင်ဖြစ်သူကိုမနာလိုစွာစိုက်ကြည့်နေခဲ့ကြသည်။ လင်းရွာရှိ
သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးပင်လျှင် ရေကူးနိုင်ကြသော်လည်း
၎င်းတို့မှာရေမကူးနိုင်ပေ။ သူတို့ဖေဖေကိုယ်တိုင်က သူ့မိဘတွေဆီအကူအညီလိုအပ်နေသဖြင့်
သူတို့အားသင်ပေးဖို့ဆိုတာ... မူလလင်းဂျင်ရွှမ်ကို အားကိုးလို့မရနိုင်ချေ။ အဘိုး၊
အဘွားများသည် အလျင်စလိုရောက်လာပြီးပြန်သွားရသဖြင့် ၎င်းတို့အားရေကူးတတ်အောင်
သင်ပေးချိန်မရှိပေ။
"
ဟီးဟီး မင်းတို့ရေဆင်းချင်လား ?"
အကြည့်တစ်ချက်မှာပင်
၎င်းတို့ဘာတွေးနေမှန်း သူ သိလိုက်သည်။ ရုတ်တရက်ဆိုသလို သူ့အ တွက်
ငါငါးဖမ်းပေးချငသည်ဟု ပြောနေသည့် ပေါင်မုန့်လုံးလေး၏ပုံရိပ်မှာ
သူ့အတွေးထဲပေါ် လာခဲ့ပြီး သူ မပြုံးမိဘဲမနေနိုင်တော့ချေ။
"Oh!
သားတို့ ရေမကူးတတ်ဘူးလား ?"
ပိန်ပိန်သေးသေးလေးနှစ်ယောက်သည်
သူပြောတာကိုကြားသဖြင့် စိတ်လှုပ်ရှားစွာခေါင်းညိတ်ပြပြီး
မျက်လုံးများဘလင်းဘလင်းဖြစ်နေခဲ့သော် လည်း နောက်တစက္ကန့်မှာတော့
နှစ်ယောက်သားခေါင်းငုံ့ကာလက်ညိုးဖြင့် အင်္ကျီစများကိုလိမ် ယှက်နေပြီးမကျေမနပ်ဖြစ်နေကြသည်။
ရွယ်ဟွာ ရေမြောင်းသည် ကုန်းတွင်းပင်လယ်လောက်မ နက်သော်လည်း၊
တစ်နှစ်ပတ်လုံးရေနက်သဖြင့် ကလေးနှစ်ယောက်အတွက်အန္တရာယ်ရှိသည်။
"လာခဲ့
ဖေဖေ သင်ပေးမယ်"
လင်းဂျင်ရွှမ်
ခြေဗလာဖြင့် ကုန်းပေါ်တက်ကာ ပတ်ပတ်လည်ကိုလှမ်းကြည့်လိုက်သည်။ အနီးအ နား
ဘယ်သူမှမရှိမှန်းသေချာပြီးနောက် ပေါင်မုန့်နှစ်လုံးအားအ၀တ်ချွတ်ပေးလိုက်သည်။
အဝတ်မပါလျှင်ပင် ညစ်စုတ်နေကြသဖြင့် မည်သူမှခိုးကြည့်ချင်ကြမည်မဟုတ်ချေ။
"အားး
အေးတယ်နော် ဖေဖေ ၊ အရမ်းသက်တောင့်သက်သာရှိလိုက်တာ"
ပေါင်မုန့်လုံးလေး
ရေထဲဆင်းသွားချိန် သူ့လက် လေးများဖြင့်
လင်းဂျင်ရွှမ်၏ပေါင်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်သည်။
သူ့မျက်နှာသေးသေးလေးပေါ် ကြည်လင်ပြီးအပြစ်ကင်းစင်သည့်
အပြုံးလေးကိုမူပိုပေါ်လွင်သွားစေသည်။
"ဖေဖေ
သားကို ရေကူးတတ်အောင်သင်ပေးပါ၊ သား ရေကူးသင်ချင်တယ်"
ရင့်ကျက်နေသည့်အကိုဖြစ်သူပင်
စိတ်လှုပ်ရှားမှုအပြည့်ဖြင့်
ဖခင်ဖြစ်သူ၏ခြေထောက်ကိုကိုင်ပြီးပြင်းပြင်းထန်ထန်လှုပ်ယမ်းလိုက်သည်။ လင်းဂျင်ရွှမ်
ဝမ်းသာအားရ ရယ်မောလိုက်ရင်း
"ကောင်းပြီ၊
အရင်ဆုံး ဖေဖေတို့ အလယ်နားရောက်အောင်သွားရအောင် ဒီနားရေကအရမ်းတိမ်တယ်၊ ဖေဖေ့
နောက်ကလိုက်ခဲ့"
ကောင်လေးနှစ်ယောက်၏
လက်ကိုဆုပ်ကိုင်လိုက်ပြီး လင်းဂျင်ရွှမ် သူတို့အား
ရေအလယ်တည့်တည့်သို့ပို့ဆောင်လိုက်သည်။
ကလေးနှစ်ယောက်စလုံး
ဂရုတစိုက်လမ်းလျှောက်လာကြပြီး ၎င်းတို့၏စိတ်လှုပ်ရှားမှုများကို
မဖုံးကွယ်နိုင်ခဲ့ကြပေ။ ၎င်းတို့၏မျက်နှာလေးထက်
ကြည်နူးမှုအပြည့်ဖြင့်နီမြန်းနေခဲ့ကြသည်။
"ရပြီ
ရပ်လိုက်တော့၊ ဒီနေရာရဲ့ရေအနက်က မင်းတို့ရဲ့ရင်ဘတ်ကို ရောက်နေပြီဆိုတော့ ဖေဖေ
အရင်လွှတ်လိုက်မယ် သားရေထဲမှာ မတ်တပ်ရပ်ပြီး ခြေထောက်တွေကို
ဖြည်းဖြည်းလေးကွေးလိုက်...."
ဟု
လင်းဂျင်ရွှမ်ကပြောလိုက်သည်။ လက်လွှတ်ရန်ကြိုးစားလိုက်စဉ် ညီအကိုနှစ်ယောက်
အလွန်ကြောက်ရွံ့သဖြင့် ဖခင်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ လက်မလွှတ်ချင်ကြပေ။
လင်းဂျင်ရွှမ်သည် ကူကယ်ရာမဲ့သလိုခံစားခဲ့ရပြီး ၎င်းတို့အားဖြည်းဖြည်းချင်း
လမ်းညွှန်ပြသပြီး စိတ်ရှည်ရှည်ဖြင့် သင်ကြားပြသပေးနိုင်ခဲ့သည်။
"Ohh!
ဖေဖေ၊ သားလုပ်တာကြည့် ! သား ရေကူးနိုင်ပြီ"
ကလေးများ၏သင်ယူနိုင်မှုစွမ်းသည်
အမြဲအံ့သြစရာကောင်းလှသည်။ တစ်နာရီ၏လေးပုံတစ်ပုံလောက်အတွင်းမှာပင်
ပေါင်မုန့်လုံးကြီးရေကူး တတ်သွားခဲ့သည်။
"ဖေဖေ၊
အခု သား အလှည့် .... သား အလှည့်"
ဒါကို
မြင်တော့ ပေါင်မုန့်လုံးလေး နှုတ်ခမ်းစူပြီး မကျေမနပ်နှင့်အော်လိုက်သည်။
လင်းဂျင်ရွှမ် သူ့ကိုခေါ်ပြီး
"ရေအရမ်းနက်တဲ့ဘက်ထိ ရေမကူးနဲ့ဦး၊
ရေနဲ့ မျက်နှာသစ်ဖို့လည်း မမေ့နဲ့ဦးနော်"
"အင်း၊
ဖေဖေ၊ ဖေဖေ ရှောင်ဝူ့ကို သင်ပေးလိုက် ပါ၊ သား ဘာလုပ်ရမလဲဆိုတာ သား သိပါတယ်"
တစ်ချိန်တည်းမှာပင်
လင်း၀မ်ထံအကိုကြီးတစ်ယောက်၏ အရိပ်အယောင်ရှိနေပြီဖြစ်သည်။ သူသည် သူ့ညီငယ်လိုမဟုတ်ဘဲ
ခံစားချက်များကိုစိတ်ထဲသိမ်းဆည်းထားခြင်းသည် လင်းဂျင်ရွှမ်အား
စိုးရိမ်မှုနှင့်နွေးထွေးမှုကိုဖြစ်စေခဲ့သည်။ ခေါင်းညိတ်ပြပြီး
ပေါင်မုန့်လုံးလေးအား ဆက်သင်ပေးဖို့ရာ အာရုံစိုက်လိုက်သည်။
ပေါင်မုန့်လုံးလေးခွေးကူး ကူးတတ်သွားချိန် လင်းဂျင်ရွှမ် သူတို့အား
အညစ်အကြေးအားလုံးတိုက်ချွတ်ဆေး ကြောပေးလိုက်သည်။ ဖုန်တွေအောက်ဝှက်ထားသည့်
မျက်နှာလေးတွေသည် မထင်မှတ်ဘဲလှပနေခဲ့သဖြင့် ဖခင်ဖြစ်သူကိုပျော်ရွှင်စေခဲ့သည်။
သူ့အားမကျေနပ်ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ
ပေါင်မုန့်နှစ်လုံးပိန်လွန်းနေခြင်းပင်။ ၎င်းတို့ဆူဖြိုးလာစေရန် သူ၏
စိတ်ပိုင်းဖြတ်မှုကိုပိုမိုခိုင်မာလာစေသည်။
လင်းဂျင်ရွှမ်သည်
ယခင်က ငွေကြေးအတွက်မစိုးရိမ်ခဲ့ရဖူးသော်လည်း ယခုအချိန်တွင် သူ့ဘ၀
၌ပထမဆုံးအကြိမ်အနေဖြင့် ပိုက်ဆံတွေအများကြီးရှာချင်နေမိသည်။