Ch 8
Viewers 127

Chapter 8

 

 

ပေါင်မုန့်လုံးနှစ်လုံးအား ရေကူးတတ်အောင် သင် ပေးပြီး‌နောက် ၎င်းတို့ခန္ဓာကိုယ်တစ်ကိုယ်တစ်ခုလုံးနှံ့စပ်အောင်ဆေးကြောပေးပြီး ကိုယ်တိုင်သေချာရေချိုး‌ပေးခဲ့သည်။ ကံကောင်းစွာပင် ၎င်းတို့သည် ချောင်းထဲ၌ရေချိုးနေကြခြင်းပင်။ အိမ်မှာသာဆိုပါက ချိုးပြီးသားရေများသည် ရွှံ့ရေအဖြစ်သို့ပြောင်းလဲသွားပြီး ၎င်းတို့ခန္ဓာကိုယ်မှသန့်စင်သွားသည့်အညစ်အကြေးများသည် အလွှာတစ်ခုဖြစ်လာကာ ရေနုတ်မြောင်းများကိုပင်ပိတ်ဆို့သွားစေနိုင်သည်။ သူ့ခန္ဓာကိုယ်၏မူလပိုင်ရှင်လင်းဂျင်ရွှမ်သည် နှစ်အတော်ကြာနေမကောင်းဖြစ်နေသောကြောင့် ရေပင်မချိုးနိုင်ခဲ့ချေ။

 

"ဖေဖေ၊ သားတို့ ဒီည ငါးစားကြမှာလား ??"

 

အကြာကြီးရေချိုးပြီးနောက် တစ်ကိုယ်လုံးနီရဲတတ်လာခဲ့သည်။ လင်းဂျင်ရွှမ်သည် ခါးနားနီးနီးရှည်‌သောဆံပင်များကိုထုံးလိုက်ပြီး အနီးနားတွင် သွားတိုက်ဆေးပင်များ  (သို့) houttuynia cordata (ငါး mint ၊ ငါးရွက်၊ သက်တံပင် ၊ ပုတ်သင်ညိုအပင်၊ နှလုံးရွက်၊ ငါးမုန်ညှင်း သို့မဟုတ် တရုတ်အိမ်မြှောင်အမြီးဟုလည်း လူသိများပါတယ်) (သို့) Houttuynia ကဲ့သို့သော ကုသဆေးနှင့် အကိုက်အခဲပျောက်ဆေးများရှိမရှိရှာဖွေရန်

စီစဉ်ခဲ့သည်။ ပေါင်မုန့်လုံးလေးသည် သူ့ရှေ့သို့ ကူးခတ်သွားပြီး သူ့မျက်လုံးဝိုင်းကြီးများနှင့် သူ့အာရွှန်းလဲ့တောက်ပသောအကြည့်များဖြင့် ရွှန်းရွှန်းစားစားကြည့်နေခဲ့သည်။ လင်းဂျင်ရွှမ်သည် သူ၏နှုတ်ခမ်းသေးသေးဘေးတွင် တွဲလဲခိုနေသော သားရေများရှိနေသည်ကိုတွေ့ရှိခဲ့ သည်။ ပြီးနောက် သူပြုံးလိုက်သည်။ 'ဒီကောင်​​လေးက​တော့လေ ​ရေထဲက ငါး​တွေကိုမြင်​​နေရတော့ ​ဗိုက်​ဆာ​သွားတာပဲဖြစ်ရမယ်​။'

 

"ဖေဖေတို့ ဖမ်းမယ်ဆိုရင် ငါးနဲနဲတော့ရနိုင်တယ်ဒါပေမယ့် ရေနက်တဲ့ဘက်ကိုမသွားရဘူး၊ ရေ တိမ်တဲ့ဘက်တွေမှာပဲ ငါးဖမ်းရမယ်နော်"

 

လင်းဂျင်ရွှမ်သည် နဖူးများကိုပွတ်သပ်နေတတ်သည့် မိဘများလိုပင် သူ့လက်ချောင်းများကိုနဖူးကို ထိဖို့ရာဆန့်ထုတ်လိုက်သည်။

 

"ဟုတ် ! ဖေဖေ ၊ ဖေဖေကအရမ်းတော်တာပဲ ၊ ကော၊ ကော ဖေဖေက သားတို့ငါးဖမ်းလို့ရတယ်တဲ့ ကော "

 

ဟု ရင်ခုန်စွာပျော်ရွှင်နေသည့် ပေါင်မုန့်လုံးလေးသည် ဖခင်ဖြစ်သူကိုချီးကျူးရန်လည်းမမေ့ခဲ့ပေ။ ထို့ကြောင့် လင်းဂျင်ရွှမ်သည် သူ့ခေါင်းကို ကူကယ်ရာမဲ့စွာခါယမ်းလိုက်သည်။ 'သူတို့နဲ့တွေ့ပြီးကတည်းက သူ့အပြုံးတွေ ခုထိမရပ်တန့်နိုင်တော့ပေ။ 'ပေါင်မုန့်နှစ်လုံးလေးနှစ်လုံးသည် ခဏလောက်စကားစမြည်ပြောပြီး စမ်းချောင်းအနားမှာ ငါးစဖမ်းတော့သည်။ လင်းဂျင်ရွှမ်သည် သူ၏ရှည်လျားသောဆံပင်ကို သေချာဆံထုံးဖြစ်အောင်ရစ်ခွေထုံးလိုက်ရာ သူ၏သေး သွယ်သောမျက်နှာသည် ဖြူဖျော့နေပြီး အရွယ်မရောက်သေးသော ဖီးနစ်မျက်လုံးများသည် အပေါ်သို့အနည်းငယ်တက်နေသည်မှာ ချစ်စရာကောင်းနေခဲ့သည်။ သေးငယ်ပြီး နူးညံ့သိမ်မွေ့သောနှာတံသည် မြင့်မားစွာ‌ဖြောင့်စင်းနေပြီး နှုတ်ခမ်းများသည်အနည်းငယ်ခြောက်သွေ့သော် လည်း ပါးလွှာပြီးနီရဲနေသည်မှာ လတ်ဆတ်ပြီးအရသာရှိမည့်ပုံပင်။ သူသည် ၀တ်ကောင်းစားလှဝတ်ပြီးချိန်တွင် သေချာပေါက်ချောမောလှပသည့် သူဖြစ်လာပေလိမ့်မည်။

 

နွေရာသီ၌နေ့ရက်များသည် ရှည်လျားထွေဖျား သည်။ ၎င်းတို့သည် နေ့ခင်းလယ်မှာရောက်လာခဲ့ ကြသော်လည်း ယခုအချိန်တွင်နေမင်းကြီးသည် အနောက်ဘက်သို့နစ်မြုပ်လုနီးပါးဖြစ်နေခဲ့သည်။လင်းဂျင်ရွှမ်သည် ကမ်းစပ်သို့ရေကူးရင်း သတိ ပြုမိလိုက်သည်။ ထို့နောက် စိမ်းစိုနေသောမြက် ပင်များကြားတွင် houttuynia cordata (ငါး mint ၊ ငါးရွက်၊ သက်တံပင် ၊ ပုတ်သင်ညိုအပင်၊ နှလုံးရွက်၊ ငါးမုန်ညှင်း သို့မဟုတ် တရုတ်အိမ်မြှောင်အမြီးဟုလည်း လူသိများပါတယ်) အပင်ကို အမှန်တကယ် တွေ့ရှိလိုက်သောကြောင့် ၎င်းတို့ကိုဂရုတစိုက်တူးပြီးကာ အထုပ်ငယ်များကဲ့သို့ ကမ်းစပ်တွင်ပစ်ချထားလိုက်သည်။ ဘယ်လို ရိတ်သိမ်းမှုကြီးပါလိမ့် ! 

 

"ဖေဖေ၊ ဖေဖေ ဘာလို့ပေါင်းပင်တွေ အများကြီးတူးနေရတာလဲ ?"

 

ပေါင်မုန့်လုံးကြီးသည် သတိမပြုမိဘဲ ကူးခတ်ရင်း နုငယ်သောအစိမ်းရောင်ပေါင်းပင်များကိုကြည့်ကာ သူ့မျက်ခုံးလေးများကို တင်းတင်းကြပ်ကြပ်ကြုံ့ထားခဲ့သည်။ ကောင်လေးက သူ့စိတ်ထဲမှာ မဆိုင်တဲ့အလုပ်တစ်ခုကိုလုပ်နေတဲ့အတွက် သူ့အဖေကိုကြိမ်းမောင်းလိုက်ချင်သည်။

 

"အမ် ၊ ဒါက ပေါင်းပင်တွေမဟုတ်ဘူး၊ ဒါတွေအားလုံးကအပင်ရိုင်းတွေဆိုပေမယ့် ရောင်ရမ်းတာနဲ့ နာကျင်မှုကိုသက်သာစေတဲ့ အာနိသင်ရှိတယ်။ ဒါက ဆေးဖက်ဝင်အပင်တစ်မျိုးပဲ"

 

ဟုပြောလိုက်ပြီး လင်းဂျင်ရွှမ်သည် ဆေးပင်များတူးဖော်ခြင်းကိုမရပ်တန့်လိုက်ပေ။ အားလုံးကုန် သွားသည်အထိ၊ ထိုအပင်ရိုင်းများမြင့်မားစွာစုပုံနေသည်ကိုကြည့်ရင်း၊ လင်းဂျင်ရွှမ်သည် ပိုမိုတောက်ပစွာပြုံးလိုက်ပြီး ရှေးခေတ်သဘာဝပတ် ဝန်းကျင်သည် စံနမူနာကောင်းဖြစ်သည်ဟုထင်မိသည်။ 'အလေ့ကျဟင်းသီးဟင်းရွက်တွေကလည်း လတ်ဆတ်ပြီးအကြီးကြီးပဲ၊ ကြွပ်ပြီးအရ သာရှိမယ့်ပုံပဲ။'

သူအကြံတစ်ခုရသွားပြီးနောက် သေချာဆေး ကြောထားသည့် Houttuynia cordata ၏ အဖြူရောင်ခပ်တုတ်တုတ်အမြစ်များကို ပါးစပ်ထဲထည့်လိုက်သည်။ သူ့နှုတ်ခမ်းနှင့်သွားများကြားတွင် ပြန့်ကျဲနေသောရနံ့သည် မွှေးရနံ့သင်း ပျံ့ကာ အမွှေးအကြိုင်များဖြင့်ရောစပ်ထားသော သူ့လယ်၌စိုက်ပျိုးထားသည့် အပင်များထက်များစွာပိုအရသာရှိ‌နေခဲ့သည်။

 

"ဘာဖြစ်လို့လဲ ? သား မျက်နှာကနာနေလို့လား ?"

 

သူ လှည့်ကြည့်လိုက်ရာ ပေါင်မုန့်လုံးကြီး၏မျက် လုံးများထဲမှ မျက်ရည်စများကိုမြင်လိုက်ရသဖြင့် အလျင်အမြန်ပင် ထိုနီရဲနေသည့်ပါးပြင်ကိုအလို လိုထိလိုက်မိသည်။

“ဖေဖေ၊ သားပျော်တယ် နောက်ဆုံးတော့ ဖေဖေ မရူးတော့ဘူး။ ဖေဖေက တောရိုင်းအသီးအရွက်တွေကိုတောင်ခွဲခြားနိုင်တယ်ဆိုတော့ နောက်ဆိုဝင်ငွေရအောင်များများတူးပြီး သားတို့ဈေးမှာသွားရောင်းကြမယ်။ သားကြီးလာရင် ခြံထဲကမြေကွက်လပ်တွေမှာ အပင်တွေစိုက်ဖို့ကူ‌ပေးနိုင်တယ်။ ဖေဖေနဲ့ ရှောင်ဝူတို့အတွက် အဘိုးတို့လိုမျိုးအုတ်အိမ်ကြီးနှစ်လုံးဆောက်ပေးမယ်။”

 

ပေါင်မုန့်လုံးကြီး ငိုပြီးပြောလာခဲ့သည်။ သူ၏ ပိုက်ဆံရှာမယ့် အနာဂတ်အစီအစဥ်ထဲမှာ သူ့အဖေကိုလည်းမေ့မထားခဲ့ပေ။ လင်းဂျင်ရွှမ် အတော်လေး ဂရုဏာသက်သွားရသည်။ ရှေးခေတ်ကလေးအများစုသည် အချိန်မတန်သေးဘဲရင်ကျက်နေခဲ့ကြသည်။ လင်း၀မ်သည် ငါးနှစ်အောက်သာရှိသေးသည်။ တွေးခေါ်မြော်မြင်တတ်သည့် ထိုကလေးက သူ့အဖေအတွက်အုတ် ကြွပ်အိမ်ကြီးတစ်လုံး

ဆောက်မည်ဟုပြောလာသဖြင့် လင်းဂျင်ရွှမ်၏နှလုံးကိုထိ‌မှန်ကာမျက် ရည်ကျစေပြီး တစ်ချိန်တည်းမှာပင် ဝမ်းနည်းမိသလိုတုန်လှုပ်သွားမိသည်။

 

"ကောင်းပြီ၊ ဒီနေ့ကစပြီး မင်း ငါတို့မိသားစုရဲ့ ပိုက်ဆံကို မင်း ထိန်းသိမ်းရမယ်။ လိမ်မာတယ်  မငိုနဲ့‌တော့ ဖေဖေလည်း နေပြန်ကောင်းသွားပြီလေ၊ ဖေဖေတို့ဘဝတွေလည်း ခုထက်ပိုကောင်းလာလိမ့်မယ်"

 

ဟုပြောကာ လင်းဂျင်ရွှမ်သည် ငွေကြေးစီမံခန့်ခွဲသည့်အာဏာကို ပြတ်ပြတ်သားသားလွှဲပြောင်းပေးလိုက်သည်။ ပေါင်မုန့်လုံးကြီးသည် စိတ် ဓာတ်ပြတ်သားသူ ဖြစ်မည်ဟု သူ မထင်ခဲ့ပေ။  သူ့အား တစ်ပြားတစ်ချပ်ကုန်ကျစေခြင်းသည် သူ့ဆီက ဘဝတစ်ခုတောင်းသလိုပင်။ သို့သော် လင်းဂျင်ရွှမ်သည် ထိုအချိန်က သူ့စကားများကိုပြန်ပြင်ပြောရန် အခွင့်မရှိခဲ့ချေ။ 

 

(သာ့ကော နောင်တရမယ်နော် ကျမတောင် ရေးရင်းနောင်တရတယ်၊ အတူတူအဆူခံထိနေလို့ နောက်တစ်ကြိမ် ထပ်ရေးပြန်မိတော့ နောက်တစ် ခါထပ်အဆူခံရတော့မှာပါလား )

"အွန်း.."

 

သူ့မျက်​ရည်​​များကို သုတ်​လိုက်​ရင်း ​ပေါင်​မုန့်လုံး ကြီးသည် သူ့လက်​​ထဲမှရှက်​ရွံ့စွာဆုတ်​သွားသည်​။ သူ့မျက်နှာ အနည်းငယ်နီလာခဲ့တာကြောင့် လင်းဂျင်ရွှမ်ပြုံးကာ သူရှက်သည်ကို မမြင်ဟန် ဆောင်လိုက်သည်။ ရေထဲတွင် လွင့်ဝဲနေသော ပေါင်မုန့်လုံးလေးဆီသို့ ကူးခတ်ရန် သူ့ကိုဆွဲခေါ်သွားပြီး

 

"သား ငါး ဖမ်းတာမိပြီလား ?"

 

ဗူးအလွတ်ကိုကြည့်လိုက်ရာ အထဲတွင် ဘာမှမရှိဘူးဆိုတာကိုသိလိုက်ရသဖြင့် လင်းဂျင်ရွှမ် ရယ်မောလိုက်သည်။ 

“ဟင့်အင်း...ဒီက ငါးတွေက အရမ်းဉာဏ်များလွန်းတယ်၊ ဖမ်းလို့ကိုမရဘူး”

 

သူ့အဖေကိုမြင်သဖြင့် ပေါင်မုန့်လုံးလေးသည်      မကျေနပ်ချက်အပြည့်ဖြင့် သူ့နှုတ်ခမ်းများကို ဆူလိုက်သည်။ လင်းဂျင်ရွှမ်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းယမ်းကာ ကောင်လေးကိုကမ်းပေါ်အရင်တက်ဖို့အချက်ပြသည့်အနေနှင့် ဖင်ကိုပုတ်လိုက်သည်။ 

 

"မှောင်လာပြီ၊ မင်း အဝတ်အစားတွေအရင်ဝတ်လိုက်၊ အေးအေးမမိစေနဲ့ ဖေဖေ ဖမ်းလို့ရ၊ မရ တစ်ချက်ကြည့်လိုက်ဦးမယ် "

 

"ဟုတ်"

 

ပေါင်မုန့်လုံးလေးသည် သူ့အဖေ ငါးအကြီးကြီးရလာမလားဆိုပြီး သားရေကျမတတ်ရွှန်းရွှန်းစား စားမျက်၀န်းများဖြင့်ကြည့်နေခဲ့ပြီး ပေါင်မုန့်လုံးကြီးသည် အတွေးတွေထဲနစ်မြောလုမတတ်ဖြစ်နေသော်လည်း သူ့မျက်နှာ‌လေးသည်စိတ်လှုပ် ရှားနေခဲ့သည်။  သူတို့နှစ်ဦးသည် ကမ်းပေါ်တက်ပြီးနောက်သန့်ရှင်းသောအဝတ်အစားများကို၀တ်ပြီးသည်နှင့် ၎င်းတို့အကြည့်များသည် လင်းဂျင်ရွှမ်ထံမှ တစ်ဖဝါးမှမရွေ့တော့ချေ။ ၎င်းတို့ဖခင် ငါးဖမ်းမိသည့် မြင်ကွင်းအားလွတ်သွားမည်စိုးသောကြောင့်ပင်။

ထိုကဲ့သို့ သားများထံမှယုံကြည်အားကိုးခြင်းကိုခံရသော လင်းဂျင်ရွှမ်သည် အလွန်ပီတိဖြစ်မှုကိုခံစားလိုက်ရသည်။ သို့သော် ... Pu ~

 

"Fuck ၊ သူတို့က ဘာလဲ ? Fish demon လား ?"

 

အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်မှုကြောင့် သူ့မျက်နှာပေါ်ရှိအပြုံးများပျောက်ကွယ် လာသည်။ တောရိုင်းငါးများသည် မွေးမြူထားသော ငါးများထက်ပိုသွက်လက်သည်။ သူ မခုန်ငြုပ်လိုက်ခင်မှာပင် ငါးများသည် သတိနှင့်မြန်မြန်ဆန်ဆန်ကူးခတ်နေခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ပင်ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သည်။ အကယ်၍ သူသည် သူ၏ယခင်ခန္ဓာကိုယ်နှင့် ငါး ဖမ်းနေခဲ့ခြင်းဖြစ်ပါက၊ တစ်ကောင် နှစ်‌ကောင်ဖမ်းမိရန်မှာ သေချာပေါက်ပြဿနာမဟုတ်ပေ။ သို့သော် ယခုမူ ထိုသေးသွယ်‌သောခန္ဓာကိုယ်ဖြင့် ...

 

"ဖေဖေ ... "

 

ကလေးနှစ်ယောက်၏ မျက်နှာပေါ်မှစိတ်လှုပ် ရှားမှုများသည် စိတ်ပျက်စရာအဖြစ်ပြောင်းလဲသွားပြီး အပေါ် နှုတ်ခမ်းများသည် လည်းကွေးရာမှတည်လာကြသည်။ လင်းဂျင်ရွှမ်သည် ၎င်းတို့ကိုတစ်ချက်ပြန်ကြည့်ပြီး ရှက်ရွံ့စွာဝမ်းနည်းသွားမိသည်။ နောက်တစ်ကြိမ် ထပ်စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ချိန် ငါးကြင်းကြီးတစ်ကောင်ကူးခတ်လာသဖြင့် မဆိုင်းမတွရေထဲကိုခုန်ဆင်းသွားရာ ကလေးများအတော်လေး တုန်လှုပ်ခြောက်ခြားသွားပြီး ရေမျက်နှာပြင်ကိုစိုက်ကြည့်‌နေရင်း အသက်ရှုပင်ကြပ်သွားကြရသည်။ 

 

"ဖေဖေ ဖေဖေ... ဝူးး ~ သား ငါး မလိုချင်တော့ဘူး ဖေဖေ မသေပါနဲ့ ဖေဖေ..."

 

အတန်ကြာအောင်ငြိမ်သက်နေသော ရေမျက်နှာ ပြင်ကိုမြင်လိုက်ရသဖြင့် ပေါင်မုန့်လုံးလေးသည် မငိုပဲမနေနိုင်‌တော့ချေ။ သူ့အစ်ကိုကြီးထံ သူ့လက်များကိုဆန့်တန်းကာ ပွေ့ဖက်လိုက်ရင်း မျက်လုံးများထဲ မျက်ရည်များ‌ဝေ့ဝဲတတ်လာပြီး ခိုကိုးရာမဲ့ဖြစ်ကာ နှလုံးသားထဲထိထိတ်လန့်တကြားဖြစ်သွားခဲ့သည်။ သူတို့အဖေ အရူးဖြစ်နေတုန်းကတောင် သူတို့ဖေဖေအား မစွန့်လွှတ်ခဲ့ကြချေ။ ယခုမူ အဖေရှိသရွေ့ဘာမှကြောက်စရာမလိုတော့သလို သူတို့ထံ ပုံမှန်ဖေဖေရှိနေပြီဖြစ်သလို သူတို့လည်း သူတို့ဖေဖေကိုအရမ်းသဘော ကျသည့်အတွက် သူတို့‌ဖေဖေကိုသာ နောက်တစ်ကြိမ်ဆုံးရှုံးသွားခဲ့ရင်....

 

"ဖေဖေ ! သားတို့ ငါးတွေ မလိုချင်တော့ဘူး၊ ဖေဖေ ဘယ်မှာလဲ ? ဖေဖေ ထွက်ခဲ့...ဖေဖေ... "

 

"ဝူးးး  ~ ဖေဖေ ... "

 

အဲ့ဒီနောက်မှာ ပေါင်မုန့်လုံးကြီးပင် မငိုပဲမ‌နေနိုင်တော့ချေ။ နောက်ဆုံး ဖေဖေပုံမှန်ပြန်ဖြစ်ဖို့ အခက်အခဲတွေအများတွေ့ကြုံခဲ့ရသည်။ ယခု ၎င်းတို့၏ဖေဖေ ထွက်ခွာသွားမည်ကိုကြောက်ရွံ့နေသဖြင့် အချိန်အတော်ကြာအောင်အော်ဟစ်ငိုယိုနေခဲ့ရာ ရေစီးသံကိုပင် အော်ဟစ်ငိုယိုသံများဖြင့်ဖုံးလွှမ်းသွားခဲ့သည်။