Chapter 9
ရေထဲငုပ်ပြီးနောက်
လင်းဂျင်ရွှမ်သည် အသက်ရှုကြပ်ပြီး သိပ်မဝေးတော့သော ငါးကြင်းကြီးဆီသို့
ဖြည်းညှင်းစွာကူးခတ်သွားသည်။ သူနီးကပ်လာသည်နှင့်အမျှ ရုတ်တရက်ကန်ထုတ်ကာ
အရှိန်မြှင့်လိုက်သော်လည်း ၎င်း၏အမြီးလှုပ်ခါလိုက်သဖြင့် ငါးကြင်းကြီးသည်
သူ့လက်မှချော်ထွက်သွားပြီး ပိုနက်သောရေထဲသို့ထိုးဆင်းသွားသည်။
သားဖြစ်သူ၏စိတ်ပျက်နေသော မျက်လုံးများကို တွေးမိရင်း လင်းဂျင်ရွှမ်သည်
စိတ်ကိုတင်းလိုက် ကာ ငုပ်လျှိုးသွားခဲ့သည် ...
ဒါက....?
ရေ၏အောက်ခြေတွင်
လခြမ်းပုံသဏ္ဍာန်ဖြင့် မီတာဒါဇင်များစွာရှည်သော အပေါက်တစ်ခုရှိသည်။ ထိုနေရာတွင်
ငါးတွေအကုန်လုံးသိပ် သည်းစွာစုဝေးနေခဲ့သည်။ လင်းဂျင်ရွှမ် သူ့မျက်ခုံးမွှေးများကို
မထိပဲမနေနိုင်ခဲ့ချေ။ သူခန့်မှန်းတာ မှန်မည်ဆိုပါက
ရေမျက်နှာပြင်ပေါ်၌ထိုလခြမ်းပုံသဏ္ဍာန်အားမမြင်ခဲ့မိပေ။ ဒီဟာ ဘယ်ကနေပေါ်လာတာလဲ ?
ဒီငါးတွေက ဘာလို့ ဒီမှာ လာစုဝေးနေကြတာလဲ ? သူ ရောက်လာတာတောင် ငါးတွေကထွက်မပြေးကြဘူး...!?
"ဝူးဝူး...
ဖေဖေ၊ ဖေဖေ မသေရဘူး... သား ငါးမစားချင်ဘူး... ဖေဖေ..."
"ဖေဖေ..."
ကလေးတွေရဲ့အော်ဟစ်သံက
သူ့နားထဲရုတ်တ ရက်ရောက်ရှိလာပြီး သူသတိထားမိလာတာက
သူ့ရဲ့အာရုံခံစားမှုကိုဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် သူရေထဲအသက်ရှုနေနိုင်သည်ကို
တွေ့လိုက်သည်....လခြမ်းပုံသဏ္ဌာန် အဝိုင်းဖြစ်နေသော ကျောက်ဆောင်သည်
အမှန်မှာတခြားနေရာတစ်ခုက ဝိညာဉ်တွေအတွက်စမ်းချောင်းဒိုင်မေးရှင်းဖြစ်နေတာများလား
? ဒီဟာကြီး သူ့ရှေ့မှာပေါ် နေတာက သူက ပိုင်ရှင်လို့ဆိုလိုတာလား ? ဒါကို
အချိန် - ခရီးသွားခြင်းရဲ့ အကျိုးခံစားခွင့်လို့ခေါ်ရမှာလား ?
ပေါင်မုန့်နှစ်လုံး၏ငိုသံ
ပိုကျယ်လောင်လာသဖြင့် တွေးရန်အချိန်မရှိတော့ပေ။ ဟုတ်၊ မဟုတ် မတွေးနိုင်တော့ဘဲ
လင်းဂျင်ရွှမ်သည် ငါးကြင်းသုံးလေးကောင်ကိုဖမ်းကိုင်ကာ
လခြမ်းပုံသဏ္ဍာန်ချောင်းထဲမှကူးခတ်ရန် အသက်ရှူသွင်းလိုက်သည်။ ပြန်ကြည့်ပြီးနောက်
သူ၏စိတ်ထဲတီးတိုး ညည်းညူလိုက်သည်....
"လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်း..
"
နောက်တစ်စက္ကန့်တွင်
ရေသည် ရုတ်တရက် တုန်ခါလာပြီး လှိုင်းလုံးကြီးများ လှုပ်ခတ်သွားပြီး
သူသတိ၀င်လာသောအခါ၊ လခြမ်းပုံသဏ္ဍာန် ကျောက်ဆောင်သည် ပျောက်ကွယ်သွားခဲ့သည်။
လင်းဂျင်ရွှမ်သည် သူ့မျက်လုံးများကို မယုံနိုင်ဘဲ၊
"လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်း....မရှိတော့ဘူး.."
ဒီတစ်ခါတော့
တုန်လှုပ်စရာမရှိပါဘူး။ မျက်စိတစ်မှိတ်အတွင်းမှာ
လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်းပေါ်လာပြီးငါးများဝိုင်းအုံလာကြသည်။ စမ်းသပ်မှု
နှစ်ကြိမ်၌ လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်းသည် သူ့အား ဘုရားသခင်အပ်နှင်းထားသည့်
ရွှေလက်ချောင်းဖြစ်ကြောင်း သက်သေပြရန်လုံလောက်ခဲ့ပြီး သူ့အတွက်မူ -
ငါးများကိုဆွဲဆောင်နိုင်သော လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်းဖြစ်သည်။
ဟား..ဟား... ငါ ချမ်းသာပြီ !
"၀ရော
... ၀ရော... "
ကြီးမားသောကစားစရာကြောင့်
လင်းဂျင်ရွှမ်သည် သူ ရေထဲရှိနေသည်ကို မေ့သွားကာရေများ ပါးစပ်ထဲ
အနည်းငယ်၀င်ရောက်လာပြီး ကံကောင်းစွာပင် သူ့တုံ့ပြန်မှုမြန်ဆန်လွန်းလှသည်။
သူ့နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဆုပ် ကိုင်လိုက်ပြီးနောက်
လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်းအားဆွဲယူလိုက်ပြီး ရေထဲမှထွက်လာခဲ့သည်။
လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်းဒိုင်မေးရှင်းထံ အခြားလုပ် ဆောင်ချက်တွေရှိ၊
မရှိနဲ့ ပတ်သက်ပြီးတော့ သူ့မှာကြိုးစားကြည့်ဖို့ရာ အခွင့်အလမ်းတွေအများကြီးရှိသည်။
"
ဝူး...ဝူး....ဖေဖေ ... "
"
ဖေဖေ ... "
"တိုက်မိသံ
"
ချောင်းနားရှိ
ပေါင်မုန့်နှစ်လုံးမှာ မျက်ရည်များ စီးကျနေပြီး အော်ရသဖြင့်
အသံများပင်ပြာနေခဲ့သည်.... သူတို့အဖေကို ထာဝရဆုံးရှုံးရလိမ့်မယ် လို့
သူတို့ထင်ထားချိန်မှာ ရေမျက်နှာပြင်သည် ရုတ်တရက်တုန်ခါသွားပြီး ခဏတာပျောက်နေသည့်
လင်းဂျင်ရွှမ်သည် ငါးကြင်းကြီးတစ်ကောင်ကိုကိုင်ပြီး ရေထဲကနေလှမ်းအော်လိုက်သည်။
"ဟေး၊
ဒီမှာ ဘာလေးရလာလဲ ကြည့်လိုက်၊ မင်းတို့ဖေဖေ ငါးကြင်းကြီးတစ်ကောင်ဖမ်းလာခဲ့ပြီ၊
ဒီည ဖေဖေတို့ ငါးဟင်းစားလို့ရပြီ"
ကလေးနှစ်ယောက်
ကျောက်တုန်းပေါ်မှာထိုင်နေကာ သူ့ကိုစိုက်ကြည့်နေခဲ့သည်။ နောက်တစက္ကန့်မှာ အ၀တ်စားများ၀တ်ထားလျက်နှင့်
ပေါင်မုန့်နှစ်လုံးသည် ရေထဲခုန်ဆင်းသွားပြီး သူ့တို့ဖေဖေထံ ငိုယိုကာ
ကူးခတ်သွားခဲ့ကြသည်။
"
ဝူး.......ဝူးးးးး ဖေဖေ ဖေဖေ ... "
"အိုး...ဘာ
အတွက်လဲ ?? မငိုရဘူးလေ ဟုတ်ပြီလား မငိုနဲ့တော့... "
အခြေအနေကို
မြင်လိုက်ရသဖြင့် လင်းဂျင်ရွှမ်ရဲ့ နှလုံးသားက တင်းကြပ်သွားပြီး ကလေးနှစ်ယောက်အား
တစ်ယောက်ကိုလက်တစ်ဖက်စီဖြင့် အမြန်ထိန်းထားလိုက်ရသည်...ခါးကို
ကိုင်ထားတဲ့ပေါင်မုန့်လုံးလေးက
"ဖေဖေ
မရှိတော့ဘူးလို့ထင်ခဲ့တာ သား ဘယ် တော့မှ ငါးမစားတော့ဘူး၊ ဖေဖေ မသေရဘူးနော်၊ သား
မိဘမရှိတဲ့ကလေးမဖြစ်ချင်ဘူး၊ နော် ဖေဖေ..."
"
ဖေဖေ . . . "
ပေါင်မုန့်လုံးကြီးသည်
မျက်လုံးများနီရဲပြီး မျက် ရည်တွေကိုထိန်းဖို့ကြိုးစားရင်း ဒီတစ်ခါတော့ သူတို့
တကယ်ထိတ်လန့်သွားသည်။ သူတို့မှာ အမေလည်းမရှိသလို ရွာကလူတွေက သူ့အဖေက
သူတို့ကိုမွှေးပေးတဲ့ မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်လို့ပြောကြတယ်။
သူတို့အတွက်တော့ သူဟာ အဖေဆိုလည်းဟုတ်သလို အမေဆိုလည်းဟုတ်သည်။ သူသာ
တကယ်သေသွားခဲ့ရင် သူတို့သည် မိဘမရှိဘဲ ရိုင်းစိုင်းသည့်ကလေးများ ဖြစ်လာကြလိမ့်မည်။
"လိမ်မာတယ်၊
မငိုနဲ့ မငိုနဲ့တော့၊ ဖေဖေ အဆင် ပြေတယ် ၊ မငိုပါနဲ့ ဒီငါးဖမ်းဖို့
အချိန်အတော်ဖြုန်းသလိုဖြစ်သွားခဲ့တယ်၊ ဖေဖေ ကတိပေးတယ် နောက်ထပ် ဖေဖေ့ကို
သားတို့စိတ်ပူအောင် ဘယ်တော့မှမလုပ်တော့ဘူး"
ထို့နောက်
သူ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ လင်းဂျင်ရွှမ်က
လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်းအကြောင်းကို သူတို့အားမပြောတော့ပေ၊
ပထမဦးဆုံးအနေနှင့် မထင်မှတ်ထားရအောင်အံ့သြစရာဖြစ်နေခဲ့ပြီး ၊ ဒုတိယအနေနဲ့
သူခိုးများက သူ့တို့အခန်းထဲ ဖိနပ်တွေ ခိုးထည့်ခဲ့ပါကအပြစ်မရှိသော်လည်း သူသည်
သူခိုးဖြစ်သွားလိမ့်မည်။ လခြမ်းပုံစမ်းချောင်းဒိုင်မေးရှင်းသည်
ကောင်းမွန်သောအရာဖြစ်သည်မှာ သေချာ သည်၊ သို့သော်အနာဂတ်တွင် အချို့မထင်မှတ် ထားသည့်
အရာများဖြစ်လာခဲ့ပါက ထိုအ ကြောင်းအား လူသိနည်းလေလေ ကောင်းလေဖြစ်သည်။ အထူးသဖြင့်
ကလေးများသည်အ လွန်ငယ်သေးသည်၊ ၎င်းတို့အပေါ် မည်သည့် ပြဿာနာမှမသယ်လာချင်ပေ။
လူသတ်သမားသည်
အေးစက်သောနှလုံးသားရှိရမည်။ 21 ရာစုတွင် လင်းဂျင်ရွှမ်သည် အမှန်တကယ်ပင်
ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး သူ့ကို လေးလေးနက်နက်ချစ်သော Yass ကိုပင်လျှင်
ကြင်ကြင်နာနာမဆက်ဆံနိုင်သေးပေ။ သို့သော် ဤနေရာသို့ ကူးပြောင်းလာပြီးနောက်၊
ပေါင်မုန့်နှစ်လုံးသည် သူ၏အေးခဲနေသော နှလုံးသားအား အလွယ်တကူဖွင့်နိုင်ကာ သူ့ရင်ထဲ
အသည်းထဲမှနေ၍ သူ့သားများဟုမှတ်ယူသွားစေသည်။ သွေး သားတော်စပ်မှုအားဖြင့်ဆိုရသော်
၎င်းတို့သည် အမှန်တကယ် သူ၏မျိုးစေ့များသာ...
"ဖေဖေ
သားတို့ကို စွန့်ပစ်ခဲ့ပြီလို့ သားတို့ထင်နေခဲ့တာ..."
တစ်ယောက်သည်
ဘယ်ဘက်မှ သူ့ခါးကိုကိုင်ထားပြီး ညာဘက်မှာနောက်တစ်ယောက်၏ငိုနေသည့် အသံဗလံမှာ
လင်းဂျင်ရွှမ်၏အသည်းနှလုံးကိုကြေကွဲလုနီးပါး ဖြစ်သွားစေသည်။
ငါးကြင်းအားစည်ထဲသို့ချပြီးနောက် ကမ်းပေါ်သို့ကူးသွားခဲ့ပြီး။
ကိုယ်တုံးလုံးကြီးနဲ့ ကျောက်တုံးကြီးပေါ်မှာ မှီရင်း သူ့ရင်ခွင်ပေါ်ထားဖို့
ပေါင်မုန့်လုံးလေးများအား ဆွဲယူလိုက်ပြီး...
"
ဖေဖေ မင်းတို့ကို ဘယ်လိုလုပ်စွန့်ပစ်ရမှာလဲ ဖေဖေရဲ့ ရတနာတွေကို"
"
ဖေဖေ ! "
တုန်ရီနေသောကျောကို
အနည်းငယ် ပုတ်လိုက်ရင်း လင်းဂျင်ရွှမ်သည် နှစ်ယောက်လုံး ဝမ်းနည်းပူဆွေးကာ
သူ့လည်ပင်းကို ဆုပ်ကိုင်ထားသည့် ပေါင်မုန့်နှစ်လုံးသည် သူတို့၏
ခေါင်းလေးတွေကိုလည်ပင်းတွင်းထဲသို့ နှစ်မြှုပ်ထားလိုက်သည်၊ နောက်စက္ကန့်တွင်
သူတို့ ဖေဖေပျောက်သွားမည်အားစိုးရိမ်သောကြောင့်ပင်။
"အရင်တုန်းကတော့
ဖေဖေက တခြားသူတွေရဲ့ အမြင်တွေကို ဂရုမစိုက်ဘဲ မိုက်မဲလွန်းတယ်၊ အခုတော့ ဖေဖေ
အဲဒါကိုတွေးပြီးပြီ၊ သူတို့ခေါ်သလို ဖေဖေက မကောင်းဆိုးဝါးမဟုတ်ဘူး ဖေဖေ
ဘယ်သူလဲဆိုတာ ဖေဖေ ဂရုမစိုက်တော့ဘူး၊ သူများတွေရဲ့အတွေးတွေကို ဂရုမစိုက်ပဲ
ဖေဖေတို့ရဲ့ဘဝကို ဖြတ်သန်းကြစို့"
ပေါင်မုန့်နှစ်လုံးနှစ်လုံး
အဲတာတွေကိုမကြောက်မှန်းသူသိသည်။ မူလခန္ဓာကိုယ်ပိုင်ရှင် အရင်က
လုပ်ခဲ့တာတွေကိုတွေးရင်း လင်းဂျင်ရွှမ် သူ့အားလက်ခလယ်ပေးရုံမှအပမတတ်နိုင်ချေ။
ဤအိမ်သည် လုံလောက်စွာခါးသီးမှုနှင့် ဆင်းရဲမှုများရရှိခဲ့သည်။ ၎င်းသည်
သူ၏ကမ္ဘာတွင် နှစ်မြုပ်နေစဥ်အချိန်အတွင်း သူ၏ကလေးနှစ်ယောက်အား
သူ့ရဲ့ဝန်ထုပ်ဝန်ပိုးအားလုံးနှင့် ပတ် ၀န်းကျင်က အတင်းအဖျင်းများအပြောခံရစေပြီး
ပစ်ပယ်ထားခဲ့ခြင်းသည် ကလေးများအား အသက်ငယ်ငယ်နှင့် ကြီးမားသောဖိအားများ
အောက်သို့လွှတ်ထား သကဲ့သို့ဖြစ်ခဲ့သည်။ သူတို့သည် အပြင်ဘက်ပန်း၌သန်မာကြသော်လည်း ၊
အမှန်တွင်မူ သူတို့၏အတွင်းစိတ်သည် အတော်လေးနုနယ်ကြသည်။ သူကြိုးစားကာ
သူတို့လေးတွေကို စုတ်တံနှင့် လက်နက်တွေကိုင်ဆောင်နိုင်အောင်ကြိုးစားမယ်...
သူတို့ကို နှိမ့်ချထားဖူးတဲ့ သူတွေကို သေတဲ့ထိနောင်တရစေမယ်....
"
ဟမ်... "
ပေါင်မုန့်နှစ်လုံးသည်
တချိန်တည်းခေါင်းညိတ်လိုက်သည်။ နောက်ဆုံး သူ့ရတနာလေးများကို
အောက်မချနိုင်တော့ချေ။ သူတို့ခန္ဓာကိုယ်တွေတုန်ယင်နေကြသော်လည်း ဘာမှမဖြစ်သလိုနေနေကြသည်။
"ကောင်းပြီ၊
မင်းတို့ရဲ့အဝတ်အစားတွေကိုကြည့်၊ အကုန်ရေစိုနေပြီ၊ မြန်မြန်
အဲ့ဒီဆေးပင်တွေကိုယူခဲ့၊ လာ အိမ်ပြန်ကြမယ်"
လင်းဂျင်ရွှမ်သည်
၎င်းတို့၏ညစ်ပတ်နေသည့်အဝတ်များကို အသီးသီးပွတ်သပ်လိုက်ပြီး ညစ်
ပတ်နေတဲ့အဝတ်တွေကိုဆွဲယူလိုက်သည်။ ဘန်းကြီးသည် ခေါင်းညိတ်ကာထွက်ပြေးသွားသည်။
သေးငယ်သော ပေါင်မုန့်လုံးလေးသည် သစ်သားစည်ထဲရှိ ငါးကြင်းကြီးကိုကြည့်နေဆဲပင်။
မျက် လုံးများက ဘလင်းဘလင်းဖြစ်နေကာ နံဘေးရှိ ပေါင်မုန့်လုံးလေးထံမှ
တံတွေးမျိုချသံကိုပင် သူကြားလိုက်ရသည်။ လင်းဂျင်ရွှမ်က အတော်လေးရယ်စရာကောင်းနေတာကိုသတိပြုမိခဲ့သည်။
ဆိုတော့ ဒီကောင်လေးက အစားသရဲလေးပေါ့...