Chapter
10
နေဝင်လာသည်နှင့်အမျှ
သားအဖသုံးယောက် တဲဆီသို့ ခပ်သုတ်သုတ်ပြန်လိုက်ကြသည်။ ပေါင်မုန့်လုံးလေးများ
အဝတ်အစားလဲနေချိန် လင်းဂျင် ရွှမ်သည် မီးဖိုချောင်ထဲသို့ကြည့်လိုက်ရာ
မီးဖိုအ သေးတစ်ခု သံဒယ်အိုးကြီးတစ်လုံး၊ အိုးကွဲအ နည်းငယ်နှင့် ထင်းအချို့အပြင်
အခြားဘာမှမရှိချေ။ လင်းဂျင်ရွှမ် သက်ပြင်းတစ်ချက်ချရင်း မီးဖိုချောင်အလယ်
အိုးကိုချထားလိုက်ပြီး နောက် ဖေးဘက်သို့လှည့်ကာ ငါးကိုစတင်ကိုင်တွယ်လိုက်တော့သည်။
"ဖေဖေ၊
သား အကြီးဆုံးအပိုင်းကိုစားမယ်နော် "
ပေါင်မုန့်လုံးလေးသည်
ပျော်ရွှင်စွာပြေးလာပြီး သူ့ရှေ့တွင် ငုတ်တုပ်ထိုင်ကာ
ရွှန်းလဲ့နေသည့်မျက်လုံး၀ိုင်းကြီးများနဲ့ ငါးကြင်းအကြေးခွံဖယ် ရှားနေခြင်းအား
ထိုင်ကြည့်နေခဲ့သည်။
"ဒီလောက်ကြီးရင်
သားအတွက် လုံလောက်ပြီမဟုတ်ဘူးလား ? သားအစ်ကိုကြီးကော ဘယ်မှာလဲ ?"
"အိမ်နောက်ဖေးသွားပြီး
အဝတ်တွေအခြောက်ခံဖို့ထင်းသွားယူနေတယ်၊ ဖေဖေ ဒါတွေကို ဒီတစ်ညတည်းနဲ့
အကုန်စားပစ်မလို့လား ?"
"အင်းလေ
မစားရင် ? ဒီရာသီဥတုနဲ့ သိမ်းထားလို့မှမရတာ၊ ပြီးတော့
ငါးဆိုတာလတ်ဆတ်နေမှစားလို့ကောင်းတာ အကြာကြီးထားထားရင် အနံ့အ
သက်တွေထွက်လာလိမ့်မယ်"
"
ဒါပေမယ့်..."
သူ့နှာခေါင်းသေးသေးနဲ့
မျက်ခုံးလေးတွေလှုပ် ရှားသွားသည်။ လင်းဂျင်ရွှမ်က ဘာလို့ထင်းတွေနဲ့ ဝင်လာတာလဲလို့
မမေးခင်မှာပင်
"ဖေဖေ
ဒီလောက်ကောင်းတဲ့စားစရာကို တခါတည်းနဲ့ ဘယ်လိုလုပ်စားရမှာလဲ ? ဒီလို ငါးကြီးကြီးဆို
သားတို့ချဉ်အောင်လုပ်လိုက်လို့ရတယ် လေ၊ အဲ့လိုဆို သားတို့
ရက်အတော်ကြာထိအောင်စားလို့ရနိုင်တယ်.."
"ဟင်..
?"
လင်းဂျင်ရွှမ်သည်
အံသြသွားသည်၊ ငါးကို ကြေးခွံချွတ်နေရင်းပင် ခေတ္တရပ်တန့်သွားသည်။ အဲ့လောက်ထိ
ချွေတာရမှာလား...??
"ဖေဖေ၊
သား ဖေဖေ့ကို အပြစ်တင်နေတာ မဟုတ်ဘူး၊ ဖေဖေက ဘ၀ကိုဘယ်လိုရှင်သန်ရမယ်ဆိုတာ ခုထိ
မသိသေးဘူး"
သူ့မျက်နှာမည်းမှောင်လာသည်ကို
သတိမထားမိပဲပေါင်မုန့်လုံးကြီးသည် တတွတ်တွတ်ဆက်ပြောနေခဲ့ပြီး
ဘေးတွင်ငုတ်တုတ်ထိုင်ကာစပ်စုနေသောပေါင်မုန့်လုံးလေးသည်အကိုကြီး၏သဘော ထားကို
သဘောတူသည့်ပုံစံဖြင့် ခေါင်းညိတ်ပြနေရာလင်းဂျင်ရွှမ်
ရှက်ရွံမှုကိုပင်ခံစားလိုက်ရသည်။
လောကကြီးက
ဘာတွေဖြစ်နေတာလဲ ??
ဘယ်သူက
အဖေလဲ ? ဘယ်သူက သားလဲ ? ဘာလို့ သူ့သားဆီကနေ အဲ့လိုတွေအပြောဆိုခံနေရတာလဲ ?
ငါးတစ်ကောင်ပဲ မဟုတ်ဖူးလား ?? သူတို့ကြိုက်ရင် လခြမ်းပုံဏ္ဍာန်ဒိုင်မေးရှင်းထဲ
သူ့တို့အတွက် ငါးတွေအများကြီးဖမ်းပေးလို့ရတာပဲလေ အခုလောက်ကြီးထိ
ချွေတာနေဖို့လိုအပ်လို့လား ?
လင်းဂျင်ရွှမ်
ထမင်းချက်ဖို့ မပြင်မချင်းပေါင်မုန့်လုံးကြီး
ဘယ်လောက်ထိတွန့်တိုတတ်မှန်းတဖြည်းဖြည်းသိလာခဲ့သည်။
"ဖေဖေ၊
သားတို့မှာ ဆီက ဒီတစ်ဇွန်းပဲရှိတာ ဖေဖေ အကုန်သုံးပစ်မလို့လား ?"
"ဖေဖေ၊
အကုန်မချက်ပစ်ဖို့ သားပြောပြီးပြီနော်"
"ဖေဖေ
၊ ဆားသုံးတာ အရမ်းများသွားပြီ အဲ့ဒါအရမ်းဈေးကြီးတယ်"
"ဖေဖေ"
လင်းဂျင်ရွှမ်သည်
ဖေဖေဆိုသော စကားကိုအ ချိန်အတော်ကြာကြားပြီးနောက် ဖေဖေလို့အခေါ်ခံလိုက်ရသည်နှင့်
အယောင်ယောင်မှားမှားဖြစ် လာခဲ့သည်။ အရသာရှိသည့် ငါးဟင်းတစ်ခွက်ချက်ရသည်မှာ
တကယ်မလွယ်ခဲ့ပေ။ မီးအပူပေးထားသည့် ဇလုံထဲပြောင်းဖူးစေ့တွေထည့်ခါနီးမှာ
ပေါင်မုန့်လုံးကြီးသည် မီးဖိုရှေ့ကို၀င်လာကာ လက်နှစ်ဖက်နဲ့ကာပြီးတားလိုက်သည်။
သူ့ကိုလျစ်လျူရှုပြီးပြောင်းဖူးစေ့ထည့်ထားသော ဇလုံကြီးကိုကိုင်ကာ
"ဖေဖေ၊
ငါးက အများကြီးပဲလေ၊ တခြားစား စရာတွေမလိုတော့ဘူး။ ဒါတွေက ဖေဖေ နေမကောင်းတုန်းက
အဖွား သားတို့ဆီလာပို့ပေးသွားတာ။ သားတို့ မဖြုန်းတီးသင့်ဘူး ဒီည
ငါးပဲစားလိုက်ကြရအောင်"
ပေါင်မုန့်လုံးကြီး၏စကားလုံးတိုင်းသည်
သူ့နှလုံး သားထဲထိတိုင် နာကျင်မှုအားခံစားလိုက်ရသည်။
လင်းဂျင်ရွှမ်သည်းမခံနိုင်တော့ပဲ
ပေါင်မုန့်လုံးကြီးရဲ့မျက်နှာကိုကြည့်ပြီးပြောလိုက်သည်။
"သား
ငါးဆိုတာဟင်းတစ်ပွဲပဲရှိသေးတာ အရံအစားအစာလဲ စားဖို့လိုသေးတယ်လေ
ဟုတ်တယ်မဟုတ်ဖူးလား ?" ဟု မေးလိုက်ရသည်။
*
ဘာကိစ္စ ဒီလောက်ထိ ချွေတာနေရမှာလဲ ? *
"အစားအစာက
အစားအစာပဲ ဖေဖေ၊ ဗိုက်ပြည့်ဖို့အတွက်ပဲစားပြီး ကျန်တာကိုနောက်ရက်အတွက် ချန်ထားရမယ်
ဖေဖေ"
မျက်လုံးများနီရဲနေကာ
လက်နှစ်ဘက်ဖြင့်အိုးကိုတင်းတင်းဆုပ်ကိုင်ထားပြီး၊ သူ့ထံမှ ပြန်လုနေခဲ့သည်။
"ဖေဖေ၊
အကိုကြီးပြောတာ နားထောင်လိုက်ပါ၊ သားတို့မှာ စားစရာတွေအများကြီးမကျန်တော့ဘူး။
နောက်လကျရင် စပါးနှံသွားကောက်ရမယ်၊ ဖေဖေ စားလို့ရအောင်
ဆန်လုံးညိုလေးတွေယူခဲ့ပေးမယ် ဟုတ်ပြီလား ?"
ပေါင်မုန့်လုံးလေး
ခေါင်းမော့လာပြီး အပြစ်ကင်းစင်စွာ၀င်ပြောလိုက်သည်။ လင်းဂျင်ရွှမ်သည်
သူ့နှလုံးသားထဲ စူးနင့်အောင်နာကျင်မှုအားခံစားလိုက်ရသည်။ နောက်ဆုံး
သူလက်လျော့လိုက်ပြီး အိုးကိုချကာ ထိုင်လိုက်ရသည်။
"မလိုဘူး၊
ဖေဖေ ပိုက်ဆံရှာပြီး အကုန်လုံးထမင်း စားလို့ရအောင်လုပ်ပေးမယ်။ ဒီနေ့တော့
ငါးပဲစားကြတာပေါ့"
"ဟူးးး"
ပေါင်မုန့်လုံးလေးသည်
နောင်ဆုံးတွင် သူပြောင်းဖူးမစားတော့ကြောင်းကြားသောအခါ ခေါင်း ညိတ်လိုက်ပြီး၊
ပေါင်မုန့်လုံးကြီးသည် ရှည်လျားစွာ သက်ပြင်းတစ်ချင်ရှုထုတ်လိုက်သည်။
ထိပ်တန်းလူသတ်သမားတဖြစ်လဲ
ဆရာဝန်ဖြစ်ခဲ့သော သူသည် ငွေအတွက်ဘယ်တုန်းကမှ စိတ်မပူခဲ့ရသော်လည်း ယခုအခါ
ပြောင်းဖူးလေးစားနိုင်ဖို့အရေး
အကြိတ်အနယ်ဖြစ်လိုက်ရသည့်ခံစားချက်မှာဆိုးရွားနေခဲ့သည်။
ငါးများသည်
ညှီနံ့မရှိသော်လည်း ဟင်းခတ်ဟင်းခပ်အမွှေးအကြိုင်များစွာမရှိသောကြောင့်
လင်းဂျင်ရွှမ်သည် Houttuynia Cordata အရွက်မှာမွှေးရနံ့ရှိသောကြောင့်
ဟင်းခတ်အမွှေးအကြိုင်အဖြစ်ထည့်သုံးလိုက်သည်။ အခန်းအလယ်တွင် သုံးယောက်သား
ဟင်းပွဲကိုအတူတူ၀ိုင်းထိုင်ကာကောင်းကောင်းမွန်မွန်စားသောက်ခဲ့ကြသည်။ ဘဝအချိုးအကွေ့
အပြောင်းအလဲများစွာကြုံခဲ့ဖူးသော ပေါင်မုန့်လုံးကြီးသည်
ဟင်းချိုကိုလုံးဝမကျန်တော့သည်အထိ ကုန်စင်အောင်စားသောက်ခဲ့သည်။