Chapter
12
နောက်နေ့မနက်စောစောနေမထွက်ခင်
ငှက်အော်သံကြောင့် လင်းဂျင်ရွှမ် အေးအေးလူလူနိုးထလာပြီး
မှုန်ဝါးနေတဲ့မျက်လုံးတွေနဲ့ ကျိုးနေတဲ့အမိုးကိုမြင်လိုက်ရအချိန်မှာ လင်းဂျင်ရွှမ်
ရှေးခေတ်ကိုဝိဉာဉ်ကူးပြောင်းလာခဲ့တာကို အမှတ်ရသွားပြီး
နှုတ်ခမ်းထောင့်ကအလိုလိုယဲ့ယဲ့လေး ထောင်တတ်သွားသည်။ ပေါင်မုန့်နှစ်လုံးကို
လှည့်ကြည့်ပြီး ငြိမ်သက်စွာသက်ပြင်းချလျက် မငြင်း ဆန်နိုင်တော့ဘဲ တက်နိုင်သမျှ
သူ့ ကံကြမ္မာကို လက်ခံလိုက်တော့သည်။
"
ဖေဖေ ? "
သူဝတ်ရန်အဆင်သင့်ဖြစ်နေသော
အ၀တ်အစားများကိုကောက်ကိုင်လိုက်သောအခါတွင် ပေါင် မုန့်လုံးလေးသည်
မျက်လုံးများကိုပွတ်သပ်ကာ ထထိုင်လိုက်သည်။ လင်းဂျင်ရွှမ် သူ့ခေါင်းကို
လှမ်းကိုင်လိုက်ပြီး "စောနေသေးတယ်၊ နည်းနည်း ပိုအိပ်လိုက်ဦး"
"အိုး..."
ပေါင်မုန့်လုံးလေးသည်
နာခံမှုဖြင့် ခေါင်းညိတ်ကာ လှဲ၍အိပ်လိုက်ပြန်သည်။ လင်းဂျင်ရွှမ်သည်
မပြုံးဘဲမနေနိုင်ဖြစ်လျက် ငုံ့ကာ သူ့မျက်နှာလေးကိုညင်သာစွာနမ်းလိုက်ပြီး
အဝတ်အစားလဲကာ အပြင်သို့ထွက်လာခဲ့သည်။ လင်းရွာသည် အိမ် ခြေနှစ်ရာခန့်ရှိ၍
လူဦးရေသုံးထောင်နီးပါးရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်အိမ်လျှင်
လူဦးရေတစ်ဆယ်နီးပါးရှိသည်။ 21 ရာစုမှာဆိုရင် သားဆက်ခြားရုံးတော့အလုပ်ရှုပ်
လောက်မှာသေချာသလောက်ပဲ။ ဘာအတွက် အလုပ်ရှုပ်နေရသလဲလို့မေးရင်။ သေချာတာပေါ့
ပင်နယ်တီဂိုးတွေအတွက်လေ.....
သို့သော်
ရှေးခေတ်၌ ဤအရာသည် သာမန်ဟုထင်ရပြီး မိသားစုကြီးများတွင်
လူရာဂဏန်းထိရှိတတ်သည်။ အဲဒါ တော်တော်လေးကြောက်စရာကောင်းတယ်..
မီးဖိုချောင်ထဲ
တောရိုင်းဟင်းသီးဟင်းရွက်နှင့် ပြောင်းဖူးကိုရောကာချက်ပြုတ်ပြီးနောက်
လင်းဂျင်ရွှမ် တစ်ခုခုကိုစဉ်းစားမိပြီး သူ့အင်္ကျီကိုချွတ်လိုက်သည်။
သူနှင့်ကြီးနေသောအင်္ကျီ ချောင်ပွနေသော ဘောင်းဘီတို့ကိုစည်းနှောင်ရန်
ကောက်ရိုးနှစ်ချောင်းကိုရှာတွေ့ ပြီးနောက် အိမ်နားတဝိုက်ပြေးလွှားခဲ့သည်။ ယခု
ခန္ဓာကိုယ်၏ ကာယစွမ်းရည်သည် ဆိုးရွားလွန်းသည့်အတွက် အရင်ဘဝအဆင့်ထိရောက်ရန်
မမျှော်လင့်ထားပေ ၊ အနည်းဆုံး အလုပ်နည်းနည်းလုပ်လိုက်ရုံ လောက်နဲ့တော့
မမောပန်းနေသင့်ဘူးလေ.....
မူလပိုင်ရှင်သည်
အသက်ဆယ့်သုံးနှစ်တွင် တုန်ရှန်း (ရှေးခေတ်တရုတ်ပညာတော်သင်အဆင့်) ကို
အောင်မြင်ခဲ့ပြီးဖြစ်သောကြောင့် သူသည် လိမ္မာ ပါးနပ်သူဖြစ်သင့်သည်။
မကြာသေးမီနှစ်များအတွင်း ရှုပ်ထွေးသောဘဝဖြင့်နေထိုင်လာခဲ့သော် လည်း
မူလပိုင်ရှင်၏မှတ်ဉာဏ်အရ ဆယ့်ငါးနှစ်မပြည့်မီတွင်ပင် ဤလောက၏ယေဘူယျအခြေအနေကို
ရှင်းရှင်းလင်းလင်းသိနိုင်ခဲ့သည်။ ဤနေရာတွင် ချင်မင်းဆက်၊ Aisin Gioro
လက်ထက်တွင် မင်းဆက်မဟုတ်သော်လည်း ရန်ကလန်လက်အောက်တွင်ရှိနေသည်။
လက်ရှိဧကရာဇ်မှာ ရန်ရှန်းကျီဖြစ်သည်။ ၎င်းသည် နာမည်ဆိုးဖြင့် ကျော်ကြားခြင်းမဟုတ်ပေ၊
သို့ သော်လည်း ဒီနိုင်ငံအားအနည်းဆုံးကောင်း
ကောင်းမွန်မွန်ဖြစ်အောင်အုပ်ချုပ်နိုင်သည်။
ချင်မင်းဆက်အရှေ့ပိုင်း၌
အတော်လေးအေး ချမ်းခဲ့ပြီး မကြာသေးမီနှစ်များအတွင်းရုတ်တ ရက်
စစ်ပွဲများထပ်ခါထပ်ခါဖြစ်ပွားခဲ့သော် လည်း ဤအပိုင်းကို လင်းဂျင်ရွှမ်က
လုံးဝစိတ်မဝင်စားခဲ့ဘဲ၊ ဧကရာဇ်ဖြစ်စေ၊ စစ်ပွဲဖြစ်စေ
သူ့နှင့်အလှမ်းဝေးလွန်းသောကြောင့် လုံးဝစိတ်မ၀င်စားခဲ့ချေ။ အခု သူ
ပထမဆုံးလုပ်ရမည့်အရာမှာ ပိုက်ဆံရှာပြီး ပေါင်မုန့်လုံးနှစ်လုံးကို စူပါပေါင် မုန့်လုံးလေးတွေဖြစ်အောင်ပြောင်းလဲပစ်ရမည်။
လွန်ခဲ့သောငါးနှစ်ခန့်
ယခုကိစ္စကြောင့် မူလပိုင် ရှင်ကို ရွယ်ဟွာတောင်ခြေရင်းဆီ မောင်းထုတ်ခံရသည်ကိုပင်
ကျေးဇူးတင်ရမည်။
လင်းမျိုးနွယ်စုအတွက်ကတော့
မကြာခင်သေကြဖို့မျှော်လင့်တယ်......၊ ရွယ်ဟွာတောင်ဒဏ္ဍာရီသည် အမြဲအ
လွန်လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များလွန်းတဲ့အတွက် သူတို့စိတ်ပျက်ရလိမ့်မည်။
ယခင်လင်းဂျင်ရွှမ်သည် နှင်ထုတ်ခံရခြင်းကြောင့် ဦးနှောက်မရှိခဲ့သော်လည်း
လက်ရှိလင်းဂျင်ရွှမ်အတွက်မူ ရွာနှင့်ဝေးရာနေထိုင်ရခြင်းမှာ မဆိုးလှပေ၊ အနည်းဆုံး
ဘယ်သူမှ သူတို့ကိုနှောင့်ယှက်မှာမဟုတ်ဘူး၊ အနာဂတ်မှာ သူ ဘာလုပ်နေတယ်ဆိုတာကို
အခြားလူသိသွားမှာလည်း ကြောက်စရာမလိုတော့ဘူး။
"ဖေဖေ
ဘာလုပ်နေတာလဲ ?"
မိုးလင်းချိန်
လက်နှစ်ဖက်တွဲထားသည့် ပေါင်မုန့်လုံးနှစ်လုံးသည် တံခါးဝ၌ပေါ်လာပြီး
မျက်လုံးလေးလုံးသည် ချွေးတွေနဲ့ရွှဲနှစ်နေတဲ့ လင်းဂျင် ရွှမ်ကိုသာ
စိုက်ကြည့်နေခဲ့ကြသည်။
"ဟား...
ဟား ... ဘာမှ မဖြစ်ပါဘူး ၊ လေ့ကျင့် ခန်း တစ်ခုခုလုပ်ရုံပါ .... ရှောင်၀မ် ၊
ရှောင်ဝူ သားတို့ ဖေဖေနဲ့ အတူတူလုပ်ကြမလား.....ဒါ ခန္ဓာ ကိုယ်ကျန်းမာကြံခိုင်ဖို့
အထောက်အကူပြုတယ်"
စောစောစီးစီး
လင်းဂျင်ရွှမ်ကို မြင်လိုက်ရချိန်မှာ လင်းဂျင်ရွှမ်သည် ပြေးခြင်းကိုမရပ်ဘဲ
လှမ်းပြောနေခဲ့သဖြင့်၊ သူ့ အသက်ရှုသံတွေ ရှုပ်ထွေးနေပြီးနောက်ဆက်ပြေးရင်း
သူတို့ကို ကြည့်လိုက်သည်။
"ဖေဖေ
သားတို့ကို ခုခံကာကွယ်ဖို့ကိုယ်ခံပညာသင်ပေးမယ်လို့ ဖေဖေပြောခဲ့တယ်မဟုတ်လား"
ပေါင်မုန့်လုံးလေးက
ခေါင်းကိုစောင်းထားရင်း ပေါင်မုန့်လုံးကြီးရဲ့မျက်လုံးတွေကလည်း မျှော်
လင့်ချက်တွေနဲ့တောက်ပနေခဲ့သည်။ နှစ်အနည်း ငယ်အတွင်း ၎င်းတို့သည်
အနိုင်ကျင့်ခံခဲ့ရသဖြင့်ကိုယ်ခံညာရပ်များကို တပြိုင်နက် သင်ယူလိုကြသည်။
တတ်မြောက်ခဲ့ပါက ဘယ်သောအခါမှ အနိုင်ကျင့်ခံရတော့မည်မဟုတ်ပေ။
"
မျက်နှာသစ်ရမယ်၊ သွားကို ဆားနဲ့သေချာသန့် ရှင်းဖို့လည်းမမေ့နဲ့ ပြေးလည်းပြေးရမယ်၊
နေ့တိုင်း စက်ဝိုင်းပုံစံ အပတ်ရေအနည်းငယ်ပြေးရမယ် ၊ မနက်စာမစားခင်မှာ
ကိုယ်ခံပညာသင်ပေးမယ်"
ဒီစကားကို
စိတ်ထဲရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ လင်းဂျင်ရွှမ်က
ပြုံးပြီးသွား သန့်ရှင်းရန် ဆားကိုသုံးရမည်ကိုညွှန်ကြားသော အခါတွင်
ပေါင်မုန့်လုံးကြီး၏အလွန်နာကျင်နေသည့် အမူအရာကိုလုံး၀လျစ်လျူရှုခဲ့သည်။
"ကောင်းပြီ၊
ငါတို့ မျက်နှာသစ်ပြီး သွားသန့်ရှင်းကြစို့"
ပေါင်မုန့်လုံးလေးကရွှင်မြူးပြီး
ပေါင်မုန့်လုံးကြီးရဲ့လက်ကိုဆွဲကာ ပြေးထွက်လာတော့ လင်းဂျင် ရွှမ်က
နောက်ကလိုက်နှင့် စက်ဝိုင်းတစ်ခုလိုပြေးနေကြပြီး၊ သားအဖတွေအတူ
စက်ဝိုင်းပုံပြေးခဲ့သည်။ နေထွက်လာသည်နှင့်အမျှ ၎င်းတို့ သား အဖသည်
၎င်းတို့၏ယိုင်နဲ့နေသော တဲလေးထဲသို့ ဖြည်းညှင်းစွာပြေးလာကြသည်။
လေ့ကျင့်ခန်းလုပ်ပြီးရင် အစားအသောက်ကအရသာရှိတယ်လို့ခံစားရလိမ့်မယ်။ သားအဖသုံးယောက်
တစ်ယောက်ကို ပန်းကန်နှစ်လုံးခန့်စီစားခဲ့ကြသည်။ ပန်းကန်တွေမဆေးရသေးခင်
ပေါင်မုန့်လုံးလေးတွေက သူတို့ကိုကိုယ်ခံပညာတွေသင်ပေးဖို့ သူ့ကိုနှောင့်ယှက်နေသဖြင့်
လင်းဂျင်ရွှမ်သည် ကူကယ်ရာမဲ့ဖြစ်နေပြီး သူလုပ်နေတာတွေကိုရပ်ကာ ရိုးရိုးရှင်းရှင်း
တိုင်ချီချွမ်ကိုသင်ပေးလိုက်သည်။
"
နေထွက်နေပြီ ၊ ကိုယ်ခံပညာသင်တာက ည တွင်းချင်း ဘာမှမတတ်ဘူး.... အကြာကြီးမလေ့
ကျင့်ဘူးဆိုရင်လည်း ရမှာမဟုတ်ဘူး ....မြစ်ဘက်ကို သွားကြည့်လိုက်ဦးမယ်...ဖေဖေ
သွားတဲ့နောက် မင်းတို့ အဘိုးနဲ့အဖွားလာလည်ရင်
ဖေဖေ့ကိုစောင့်ခိုင်းဖို့မမေ့ကြနဲ့ဦး "
အိမ်သန့်ရှင်းရေးလုပ်ပြီးနောက်
လင်းဂျင်ရွှမ်သည် စည်ထဲသို့ လခြမ်းပုံဏ္ဍာန်စမ်းချောင်းအား
ဖြည့်ရန်အမြန်ထုတ်ခဲ့ပြီး အိမ်နောက်ဖေး၌ကွဲနေသော
အမှိုက်ကော်တဲ့အိုးအပဲ့အားရှာတွေ့လာခဲ့ရာ လခြမ်းပုံဏ္ဍာန်စမ်းချောင်းသည်ထွက်လာရန်
အဆင်သင့်ဖြစ်နေခဲ့သည်။(ဒိုင်မေးရှင်းက သူ့ အတွေးတစ်ချက်နဲ့ ထွက်လာနိုင်သလို
ပျောက်သွားနိုင်တယ်)
ချွေးတွေနဲ့ရွှဲနေတဲ့
ပေါင်မုန့်လုံးလေးက လင်းဂျင်ရွှမ် လက်တစ်ဖက်စီမှာ အမှိုက်ကော်တဲ့အိုးအပဲ့
နဲ့သစ်သားစည်ကို ကိုင်ထားတာတွေ့တော့ သူ့ကိုလှမ်းကြည့်ကာ ရပ်လိုက်ပြီး......
"ဖေဖေ
ငါးသွားဖမ်းတော့မလို့လား"
လင်းဂျင်ရွှမ်က
ခေါင်းညိတ်ပြလိုက်သည်။
"
အင်း ၊ ဖေဖေ စမ်းပြီး ဖမ်းကြည့်မလို့ စောစောငါးဖမ်းနိုင်တော့
ဖေဖေတို့လည်းတတ်နိုင်သ လောက် ခပ်စောစောလေး ကောင်းကောင်းနေနိုင်တာပေါ့ မဟုတ်ဖူးလား
”
လခြမ်းပုံဏ္ဍာန်စမ်းချောင်း
ဒိုင်မေးရှင်းအ ကြောင်း သူတို့ကိုမပြောဖို့ ဆုံးဖြတ်ထားတုန်းပင် ၊ နောက်ပိုင်း
သူနှင့်အတူရှိကြမှာဖြစ်တဲ့အတွက် သူတို့အတွက်အရေးမကြီးဘူး။ မနေ့က မြစ်အောက်ခြေမှာ
လခြမ်းပုံဏ္ဍာန်စမ်းချောင်းကို ထုတ်ပြီး ငါးဖမ်းဖို့ရေထဲငုပ်ခဲ့သလိုမျိူးဖြစ်တာကြောင့်
အနည်းအကျဥ်းသာ ဒုက္ခရောက်နိုင်ဖွယ်ရှိသည်။
"အွန်း
...ဖေဖေ... မြန်မြန်သွား ... သားတို့ အိမ်ကို ကြည့်ထားပေးမယ် "
ငါးဆိုတာကို
ကြားလိုက်တာနဲ့ ပေါင်မုန့်လုံးလေးက ခေါင်းငြိမ့်လာသည်။ ဘာပဲဖြစ်ဖြစ် သူတို့
အဲ့ဒီကနေပိုက်ဆံရှာလို့ရမယ် အနဲဆုံးတော့ ငါးစားလို့ရမယ်...
"ဖေဖေ
သတိထား ရေနက်နဲတဲ့နေရာကိုမသွားနဲ့ ဖမ်းလို့မရရင်လည်း ဘာမှမဖြစ်ဘူး၊ စားကောင်းတဲ့
အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေရှာဖို့ ဒါမှမဟုတ်
တောင်ပေါ်မှာတောရိုင်းအသီးအနှံတွေကို သား သွားခူးလိုက်မယ်၊ ဘယ်လိုမှ ငတ်မှာ
မဟုတ်ဘူး။"
ပေါင်မုန့်လုံးကြီးသည်
စူးရှသည့်မျက်လုံးဝိုင်းကြီးနဲ့ လေးလေးနက်နက်စိုက်ကြည့်လာပြီး
သူ့မျက်နှာမှာချိတ်ဆွဲထားတဲ့ မျက်နှာပေးက ဖေဖေ့ရဲ့ဘ၀လောက်
ဘယ်ဟာမှအရေးမကြီးဘူးဟုပြောနေသယောင်ယောင်...
"
ဟီးဟီး စိတ်မပူပါနဲ့ ဖေဖေသိပါတယ် အဘိုးနဲ့ အဖွားကလွဲရင် တံခါးပိတ်ထားဖို့
မမေ့နဲ့နော် တံခါးမဖွင့်ရဘူး သိလား "
မနေ့က
ကြွက်စုတ်တွေနဲ့ဆက်ဆံပြီးတဲ့နောက်မှာ အဲ့မိန်းမ ဒီနေ့အကူအညီခေါ်ပြီး
ထပ်လာဦးမလားဆိုတာမသေချာဘူး။ အိမ်မှာ သူ မရှိတဲ့အချိန်ကလေးတွေကို
ဒုက္ခရောက်အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ ?
"အမ်း"
ပေါင်မုန့်လုံးနှစ်လုံး
ဂရုတစိုက်ခေါင်းညိတ်ပြပြီး သူ့ကို တံခါးဆီလိုက်ပို့ခဲ့ကြသည်။ လင်းဂျင်ရွှမ်သည်
၎င်းတို့တံခါးမပိတ်မချင်း မထွက်သွားခဲ့ဘဲသစ်သားစည်နှင့်
အမှိုက်ကော်တဲ့အိုးအပဲ့ကိုကိုင်ထားခဲ့သည်။ သူထွက်သွားပြီး
သိပ်မကြာခင်မှာပေါက်ဆိုးသည့်အမျိုးသမီးသည် သူမ၏ ယောက်ျားနှင့် သားကိုခေါ်ပြီး
အမှန်တကယ်ရောက်ချလာခဲ့သည်။