Ch 13
Viewers 128

Chapter 13

 

 

ယခုအချိန်သည် လယ်ယာစိုက်ပျိုးရေးရာသီဖြစ်သောကြောင့် မိသားစုအားလုံး နွေစပါးရိတ်သိမ်းချိန်၌အလုပ်များနေခဲ့သည်။  ပုံမှန်အားဖြင့် ရွယ်ဟွာမြစ်အထက်ပိုင်းတွင် လူအနည်းငယ်သာရှိသော်လည်း ယခုအခါ လူတစ်ဦးကိုမျှ မမြင်နိုင်ပေ။ လင်းဂျင်ရွှမ်သည် စမ်းချောင်းထဲဆင်း၍ လခြမ်းဏ္ဍာန်စမ်းချောင်းကို ထုတ်လိုက်ရာအချို့အပိုင်းသည် စမ်းချောင်းချင်းထပ်နေခဲ့သည်။  မကြာမှီ သေးငယ်သောငါးကြီးများသည် ကျင်းထဲသို့ အစုလိုက်အပြုံလိုက် ကူးခတ်လာကြပြီး အချို့မှာ ဂျင် ဒါဇင်‌ကျော်ခန့်လေးသဖြင့် ၎င်းတို့ သည် လင်းဂျင်ရွှမ်အားအလွန်ပျော်ရွှင်စေသည်။ သူငုံ့ ပြီး သူ့သစ်သားစည်ထဲ ငါးကြီးကြီးတွေကို ကောက်ထည့်ရာ မကြာခင်ပြည့်သွားခဲ့သည်။
( ၁ ဂျင် - 0.6 Kg - 1.3 Lb နဲ့ညီပါတယ် ဒါဇင်ကျော်ဆိုတော့ 15 lb နဲ့ 20 lb ကြားရှိပါလိမ့်မယ် )

 

ကံမကောင်းစွာဖြင့်၊ လခြမ်းဏ္ဍာန်ဒိုင်မေးရှင်းသည် ငါးများကို ဆွဲဆောင်နိုင်သော်လည်း ၎င်းတို့ကို မထိန်းသိမ်းနိုင်ပါ။ လခြမ်းဏ္ဍာန်ဒိုင်မေးရှင်းကို သိမ်း လိုက်သောအခါ ထိုငါးများအားလုံး ကမ်းပေါ်တွင် သောင်တင်နေခဲ့သည်။  ငါးအား လုံးကို ကြည့်လိုက်ပြီး လင်းဂျင်ရွှမ်သည် သူ့ထံ စည်ပေါင်းဒါဇင်နဲ့ချီပြီး ရှိစေချင်ပြီး အားလုံးကို ပြန်ယူသွားချင်ခဲ့တယ်။  ဤနေရာတွင် ပြောင်း ရွှေ့နေထိုင်ခြင်းသာဖြစ်သည်။ အားလုံး ဤနေရာသို့ တစ်ရက်မျှ ပြောင်းရွှေ့နေထိုင်ပြီးမှသာ ငွေကို ကိုးကွယ်သူဖြစ်လာလုနီးပါးဖြစ်လာသည်။ ထိုသည်မှာ ဆင်းရဲခြင်း၏အပြစ်ပင်။

"ကောင်းပြီ၊ မင်းတို့က ငါတို့မိသားစုရဲ့ အဓိကငွေ အရင်းမြစ်ဖြစ်လာတော့ ငါ မင်းတို့ကို ပြန်ပို့ပေးမယ်"

လင်းဂျင်ရွှမ်က တခြားရွေးချယ်စရာမရှိဘဲ လခြမ်းဏ္ဍာန်ဒိုင်မေးရှင်းကို တစ်ဖန်ထုတ်လိုက်သည်။ယခုတစ်ခါမှာ မြောင်းနှင့်တိုက်ရိုက်ထပ်နေသ ဖြင့် ကမ်းစပ်‌၌ တစ်စိတ်တစ်ပိုင်းသာကျန်တော့ သည်။ သောင်တင်နေသည့် ငါးတွေအကုန်လုံးချောင်းထဲပြန်ကူးသွားမှသာ လခြမ်းဏ္ဍာန်ဒိုင်မေးရှင်းအားသိမ်းလိုက်သည်။ ထို့နောက် ငါးတွေပြည့်နေတဲ့ပုံးကိုထမ်းကာအိမ်ပြန်ခဲ့သည်။ 

ဒုန်းး ~ " တံခါးဖွင့်လိုက်စမ်း လင်းဂျင်ရွှမ် ၊ မင်းအမှိုက်ကောင် ၊ အခုချက်ချင်း တံခါးဖွင့် ... "

 

အရင်ကဘယ်သူမှ မရောက်လာကြတဲ့ လျစ်လျူ ရှုခံထားရတဲ့ စုတ်ပြတ်နေတဲ့အိမ်လေးက ဒီနေ့မှာတော့ ပိုပြီးအသက်ဝင်နေပါတယ်.... လင်းဂျင်ရွှမ် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ရွာထဲက ဝက်မျက်နှာနဲ့အ‌ပေါက်ခပ်ဆိုးဆိုးအမျိုးသမီးက သူ့လူနဲ့ ကလေးပါပါလာတယ်၊ သုံးယောက်သား ခနော်ခနဲ့ဖြစ်‌နေတဲ့ သစ်သားတံခါးကို လာခေါက်ကြတယ်... ပေါင်မုန့်‌လေးနှစ်လုံးကို မျက်နှာတွေ ဖြူဖပ်ဖြူရော်ဖြစ်စေတဲ့အထိအင်မတန်ကြောက် လန့်သွား‌စေခဲ့တယ်။  လင်းဂျင်ရွှမ်၏ ညွှန်ကြားလချက်ကိုလိုက်နာရင်း တုန်တုန်ယင်ယင်နဲ့နှစ်ယောက်သား တံခါးကိုမဖွင့်ရဲပေမယ့်......

 

"ဟဲ့..... နင် ဘာလုပ်နေတာလဲ.... ငါ့ကလေးတွေကို အနိုင်ကျင့်နေတာလား"

 

အမျိုးသမီးကြီးရဲ့ အသံက ရုတ်တရက်ထွက်ပေါ် လာပြီးနောက် တံခါးခေါက်သံတွေ ရပ်တန့်သွားပြီး ပေါင်မုန့်လေးနှစ်လုံးသည် တစ်ယောက်ကို တစ်ယောက်ကြည့်မိလိုက်ကြသည်။ လင်း၀မ်သည် သူ့ညီငယ်လေးရဲ့လက်ကိုပွတ်သပ်ပြီး တံခါးနားကို ဂရုတစိုက်ဆွဲလိုက်သည်။ 

 

"အိုး..... ကျမတို့က သူ့ကိုဘယ်လိုလုပ်အနိုင်ကျင့် ရဲမှာလဲ အမျိုးသမီးဝမ်၊ ရှင့်အိမ်က မကောင်းဆိုးဝါးက အခုတကယ် လုပ်ရဲကိုင်ကဲဖြစ်နေပြီ ကျွန်မရဲ့ မျက်နှာကိုပဲကြည့်လေ ဒါ မနေ့က သူလုပ်ထားတာစုတ် ပြတ်နေတဲ့ မျက်နှာကိုကြည့်လိုက် ဒီနေ့ ကျွန်မယောင်္ကျားကိုခေါ်လာရတာက ကျွန်မအတွက်တရားမျှတမှုရအောင် လုပ်ပေးစေချင်လို့ပဲ မနေ့က အရှက်ကင်းမရှိတဲ့ ခွေးမသား လင်းဂျင်ရွှမ်က ငါ့ကို အနိုင်ကျင့်ထားတာ...ဒီကိစ္စ မပြီးသေးဘူး ! "  

 

၀က်ခေါင်းနဲ့မျက်နှာဖြစ်‌နေသည့်မိန်းမက ခါးထောက်ကာ အသံပြဲကြီးနဲ့အော်ပြောနေခဲ့သည်။သူ့အနောက်မှာ စက်ဆုပ်ဖို့ကောင်းတဲ့မျက်နှာနဲ့လူကရပ်နေခဲ့သည်။ သူ့မိန်းမ ဘယ်လိုလူစားလဲဆိုတာ သူများထက် သူပိုသိသည်၊ သူက ဘယ်လိုလုပ်ပြီး တခြားသူရဲ့ ရိုက်နှက်တာကိုခံဘူးလို့လဲ ? လင်းဂျင်ရွှမ်ဆီကတော့ ထူးထူးခြားခြားပဲ......

 

"ဘယ်လို‌အဓိပ္ပာယ်မရှိတဲ့စကားလဲ ?? နင် လင်းဂျင်ရွှမ်ကို အရူးဆိုပြီး နှစ်ပေါင်းများစွာညှဉ်းပန်း နှိပ်စက်ခဲ့တာကို လင်းရွာကဘယ်သူမှမသိကြဘူး နင်သူ့ကို အနိုင်ကျင့်တာလုံလောက်နေပြီ မဟုတ်ဘူးလား ? နင့်ကိုအနိုင်ကျင့်ဖို့ သူ့အလှည့်က ဘယ်အချိန်မှရောက်မှာလဲ ? ဒါ၀မ်ရဲ့အမေ ရှင်က စဉ်းစားတတ်တဲ့သူတစ်ယောက်ပါ၊ ကျွန်မတို့ ဂျင်ရွှမ်ဆီက ရှင် အရိုက်ခံရတယ်ဆိုတာကို ကျွန်မတို့က ယုံ‌ရမှာလား ? ရှင့်ဟာ ရှင် တော ကြောင်တွေ၊ ခွေးတွေအကိုက်ခံရတာနဲ့ ဂျင်ရွှမ့် အ‌ပေါ် လွှဲချနေတာလားဆိုတာ ဘယ်သူသိမှာလဲ ? "

 

သူမရဲ့တင်ပါးထက်ခါးထောက်ထားသည့် ထိုဝက်ခေါင်းမိန်းမထက် သခင်မ၀မ်က ပိုဖြူစင်သည်ဟု ပြောလို့ရသည်။ မိခင်တစ်ယောက်အနေနှင့် သူမသန်မာလာလိမ့်မည်။ တကယ်တော့ သခင်မ၀မ်သည် ချောမောလှပသည့်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူထံ ထိုသို့အပြုအမူမျိုးမရှိချေ၊ ရှိပါက လင်းချန်လုံလည်း လက်ထပ်ခဲ့မည်မဟုတ်သလို လင်းဂျင်ရွှမ်ကြောင့် သူမသည် နှစ်တွေကြာလာတာနဲ့အမျှ ဒီအတိုင်းရိုးရိုးလေးသာ အသက်ကြီးလာခဲ့သည်ဆိုလျှင်ပင် လင်းဂျင်ရွှမ်တို့သားအဖကို တတ်နိုင်သမျှအကာကွယ်ပေးဖို့ မလုပ်‌ပေးနိုင်ခဲ့လျှင်၊ သူတို့သေတဲ့အထိ အနိုင် ကျင့်ခံနေရလိမ့်မည်။ နောက်မှလာဖို့ စီစဉ်နေပေမယ့် သူ့မြေးနှစ်ယောက်နဲ့အတူ မကြာခဏအပြင်ထွက်တတ်တဲ့တိုင်၀မ်က လယ်ကွင်းထဲရောက် လာပြီး ကလေးတွေကို ဒုက္ခရောက်အောင်လုပ်နေတယ်လို့ တစ်ယောက်ယောက်က သူ့ကိုလာပြောသဖြင့် ချက်ချင်းကောက်ခါငင်ခါ အမြန်ထွက်လာခဲ့ရခြင်းပင်။

 

" ရှင့်ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေ လုံလောက်ပြီ ! ရှင် ဘယ်လိုတောင် ကျွန်မ အပြစ်ကင်းတာကိုစော်ကားနေတာလဲ ? ကျွန်မ ရှင့်ကိုသတ်မယ်"

ဒါ၀မ်အမေဟည် အရမ်းဒေါသထွက်ပြီး အင်္ကျီလက်တွေကိုလိပ်တင်ကာ ရန်ဖြစ်မည်ဟု ခြိမ်း ခြောက်ခဲ့သည်။ သခင်မ၀မ်ကလည်း သူ့ အား နည်းချက်ကို မပြခဲ့ချေ။

 

"ရှင့်ကို ကြောက်တယ်လို့ထင်လား ?ကျွန်မက ရှင့် အပြစ်ကင်းတာကို စော်ကားလိုက်မိတာလား ? အိုး ရှင့်မှာ အဲလိုဟာတွေရှိလို့လား....?"

သူသည် ယောက်ျားဖြစ်သူကိုလက်ထပ်ရဖို့အ တွက် အဲဒီလူကို သူ့ရဲ့အပျိုစင်ဘဝရအောင်အ ကွက်ချ စီစဉ်ခဲ့သည်ကို ဘယ်သူမှမသိခဲ့ကြပေ။ သူ့မှာ ပြောနိုင်တဲ့မျက်နှာရှိရင်တောင် ဘယ်သူမှာမှကြားနိုင်သည့် မျက်နှာမရှိ‌ချေ။

 

" ခွေးမ... ရှင့် ပါးစပ်ကိုဆွဲဖြဲပစ်ရလိမ့်မယ် "

 

"သားတို့ အဖွားကို အနိုင်ကျင့်မနေနဲ့"

 

ဒါ၀မ်ရဲ့အမေမှ ဒေါသဖြင့်ခုန်အုပ်ခဲ့‌ရာ သူ့ ယောက်ျားမှ မဆွဲချထားလိုက်နိုင်ပေ။ ပိတ်ထားသော သစ်သားတံခါးနောက်မှ ရုတ်တရက်ဆွဲဖွင့်လိုက်ပြီး ပေါင်မုန့်နှစ်လုံးသည် တစ်လုံးပြီး တစ် လုံးပြေးထွက်လာကာ သခင်မ၀မ်ရှေ့ရပ်လိုက်ပြီးလက်နှစ်ဖက်ဖြင့်ကာထားလိုက်သည်။  ဒါဝမ်ရဲ့အမေက တွေးပင်မတွေးဘဲ ပါးရိုက်ပစ်လိုက်သည်။

 

"ခင်ဗျား..ဘာလိုချင်တာလဲ"

 

လင်း၀မ်သည် သူ့ညီလေးအား ဆုပ်ကိုင်လိုက်ပြီး မျက်လုံးတွေကိုမှိတ်ပြီးကာ ပါးရိုက်သံကိုစောင့် ဆိုင်းရင်း....အမျိုးသမီးဝမ်ကျယ်လောင်စွာအော်နေသလို သူတို့ အရိပ်တစ်ခုကို ဖြတ်ခနဲမြင်လိုက်ပြီး နောက်တစ်စက္ကန့်မှာပဲ ဒါ၀မ်အ‌မေ၏ လက်သည် လင်း၀မ်မျက်နှာနှင့် တစ်စင်တီမီတာအောက် အကွာအဝေးမှာပင် ရပ်တန့်သွားခဲ့သည်။

 

"ကျွန်တော် ခင်ဗျားကိုပြောဖူးတယ် ကျွန်တော့်ရှေ့မှာ ဘယ်တော့မှ ထပ်မလာပေါ်လာနဲ့ မဟုတ်ရင် ခင်ဗျားကို တွေ့တိုင်းရိုက်ပစ်မယ်ဆိုတာ...."

ဖြန်း ~ ဖြန်း ~ ဖြန်း ~~ "အားး... အားး ... "

 

လင်းဂျင်ရွှမ်သည် မည်သည့်နေရာမှ ရောက်ရှိလာပြီး သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒကိုသယ်ဆောင်ထားခဲ့ကာထိုစကားပြောပြီးနောက် တစ်ဖက်သားအား တုံ့ပြန်ရန် အခွင့်အရေးပင်မပေးဘဲ ပါးနှစ်ဖက်အားရိုက်ချပြီး ဝမ်းဗိုက်ကို ကန်ကျောက် ပစ် လိုက်ရာ ဆူဖြိုးသောခန္ဓာကိုယ်သည်ရုတ်တရက် လဲကျသွားသည်။ ပေါင်မုန့်နှစ်လုံးနှင့် အတုန်တုန်အယင်ယင်ဖြစ်‌‌ဖြစ်နေသော ဒါ၀မ်မှလွဲ၍ အား လုံးက ထိုနေရာတွင် ကျောက်ရုပ်ကဲ့သို့ဖြစ်‌နေပြီး ဘာဖြစ်သွားမှန်းမသိဖြစ်နေကြသည်။  သူကတကယ်ပဲ ရူးပြီးစိတ်မနှံ့တဲ့လင်းဂျင်ရွှမ်လား ??