Chapter 8
Viewers 2k

ရွှီကျင့်က ငါ့ကို ဘားအထိ ကားမောင်းပို့ပြီး လူအနည်းငယ်ပါတဲ့ အဖွဲ့လေးတစ်ခုက ပေးထားတဲ့ အခန်းနံပါတ်ဆီကို ဒေါသတကြီး သွားခဲ့တယ်။ 


တံခါးက ဘာအကြောင်းကြောင့်မှန်းမသိ တစ်ဝက်တစ်ပျက် ပွင့်နေတယ်။ ရွှီကျင့်နဲ့ ငါက အထဲက အရာအားလုံးကို မြင်နိုင်တဲ့ ထောင့်တစ်နေရာမှာ ရပ်နေခဲ့ကြတယ်။


ငါ အသက်ပြင်းပြင်း ရှူလိုက်ပြီး အထဲကို မကြည့်ခင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်တယ်။ 


အတွင်းက မြင်ကွင်းက ငါ့ကို မယုံနိုင်အောင် ဖြစ်စေခဲ့တယ်။


ဖေကျစ်လင်က ဆိုဖာအလယ်မှာ မာနကြီးစွာ ထိုင်နေတယ်။ သူ့ကော်လာက နည်းနည်းပွင့်နေတယ်။


သူ့ရှေ့မှာတော့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ သက်တော်စောင့်တစ်ယောက်က ဝမ်ကျားကျားရဲ့ ခေါင်းကို စားပွဲပေါ် မြဲမြဲဖိထားတာကြောင့် လုံးဝလှုပ်လို့မရဘူး။ 


ဒီမြင်ကွင်းက သူဌေးတစ်ယောက်က သစ္စာဖောက်တစ်ယောက်ကို ကိုင်တွယ်နေသလိုပဲ။ 


ပြီးတော့ ဖေကျစ်လင်ရဲ့ မြင်‌လေ့မရှိတဲ့ Aura က ငါ့ကို သံသယဝင်စေတယ်။ ငါ့ရဲ့ကျစ်လင်ကောက အမြဲတမ်း နားလည်မှုရှိပြီး နူးညံ့ခဲ့တာကို။


ရွှီကျင့် မြိုချလိုက်တာကို ငါ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။ 


"အချစ်လေး၊ ငါထင်တာ....ဖြစ်နိုင်တာက... ဒီနေ့ ငါတို့ နေရာမှား ရောက်လာတာထင်တယ်" 


သူပြောပြီး ငါ့ကို ဆွဲခေါ်သွားဖို့ ကြိုးစားပေမယ့် ဖေကျစ်လင်က ရုတ်တရက် ခေါင်းမော့ကြည့်ပြီး ငါတို့ကို တည့်တည့်စိုက်ကြည့်လိုက်တယ်။ 


နည်းနည်းတော့ အပြစ်ရှိစိတ်ကို ခံစားလိုက်ရတယ်။


ဒါပေမယ့် ငါက ဘာမှားနေလို့လဲ ဟွန့်! 


ငါ အတွေးတွေကို စုစည်းပြီး ဖေကျစ်လင်ကို ပြန်ကြည့်လိုက်တယ်။ 


ဖေကျစ်လင်က ရယ်ပြီး သူ့ကော်လာကို သပ်သပ်ရပ်ရပ် လုပ်ကာ ထရပ်လိုက်တယ်။ ပြီးတော့ သက်တော်စောင့်ရဲ့ လက်ကို ထပ်ပြီး ဖိချလိုက်တယ်။


"ဝမ်ကျားကျား၊ မင်း လင်ယီကို ထပ်ပြီး ဒုက္ခပေးရင် မစ္စဝမ်ကို သူ့ရဲ့အိမ် သန့်ရှင်းပေးဖို့ ကူညီပေးတာ ငါ စိတ်ထဲမထားပါဘူး" 


ဝမ်ကျားကျားက ဝမ်ရဲ့ တရားမဝင်သမီးပဲ။ သူ့အစ်မကတော့ တရားဝင်ဇနီးက မွေးတဲ့ သမီးကြီးပဲ။ 


ဖေကျစ်လင် နိုင်ငံခြားသွားပြီးနောက်ပိုင်း သူ ငါ့ကို တစ်နှစ်လုံး အနိုင်ကျင့်ခဲ့သေးတယ်။ ဒါပေမယ့် လင်မိသားစုအတွက် ငါ့အဖေက ငါ့ကို သူ့ကို လက်ထပ်ပြီး နတ်ဘုရားမတစ်ပါးလို ကိုးကွယ်စေချင်ခဲ့တယ်။


ဝမ်ကျားကျားက ဘာမှတုံ့ပြန်ခြင်း မရှိဘူး။


ဖေကျစ်လင်က သူ့ကို ဂရုမစိုက်ဘဲ ငါ့ဆီကို အမြန်လျှောက်လာပြီး ငါ့ရှေ့မှာ ရပ်လိုက်တယ်။ 


ပြီးတော့ ရွှီကျင့်နဲ့ ငါ့လက်တွေ တွဲထားနေတာကို ခွဲလိုက်ပြီး သူ ကိုယ်တိုင် အစားဝင် ကိုင်လိုက်တယ်။ 


သူ့နှုတ်ခမ်းတွေ ကွေးညွှတ်နေပြီး သူ့လေသံက နူးညံ့နေတယ်။ 


"ဘာလို့ ဒီရောက်နေတာလဲ" 


ဘာကြောင့်မှန်း ငါ ကိုယ်တိုင်တောင် မသိဘဲ ရွှီကျင့်ရဲ့ ဦးနှောက်ဆေးကြောမှုကြောင့် ကျွန်တော် ပြောလိုက်မိတယ်။


"ဖောက်ပြန်တဲ့လူကို လာဖမ်းတာ..."


သတိပြန်ဝင်လာတော့ ကျွန်တော့်ကိုယ်လုံး တပူပူဖြစ်လာတယ်။ ဖေကျစ်လင်ရဲ့ အပြုံးက မပြောင်းလဲဘူး။ ကျွန်တော့်မျက်လုံးတွေကိုသာ စိုက်ကြည့်နေပြီး ချိတ်တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ။


"ဒါပေမယ့် မင်း ဖမ်းစရာ ဖောက်ပြန်တာမျိုး ငါ့ဆီမှာ မရှိဘူး၊ ငါက မင်းအပေါ် အရမ်း သစ္စာရှိတယ်၊ မင်း ငါ့ကို အထင်လွဲတာလား၊ မင်း ဘယ်လို ပြန်လျော်မှာလဲ" 


ဟင်? စကားနည်းနည်းပြောပြီး ငါက ဘယ်လိုလုပ် သူ့ကို အကြွေးတင်သွားတာလဲ!


လက်ချောင်းတွေ လိမ်ယှက်ထားရင်း ငါ ဖေကျစ်လင်ကို ပြင်းပြင်းထန်ထန် ဆိတ်လိုက်တယ်။ 


"မင်းက အရင်ဆုံး ငါ့ကို အထင်လွဲအောင် လုပ်တာ! မင်း ငါ့ကို ပြန်လျော်ရမယ်!"


ဒီလိုပြောပြီးတော့ ငါ ကျေနပ်နေတယ်။ ငါ သူ့နည်းနဲ့ သူ့ကို ပြန်လုပ်တာပဲ။ 


ဖေကျစ်လင်က တစ်ခုခု ပြောချင်ပေမယ့် ရွှီကျင့်က ကြားဖြတ်လိုက်တယ်။


"အင်း၊ ငါ ဒီမှာ တတိယလူ ဖြစ်နေတာလား" 


သူ ရယ်ပြီး သူ့ရဲ့ Aura က ကျဆင်းသွားတယ်။ 


"ပြီးပြီ၊ အိမ်ပြန်ကြစို့... ပြီးတော့ မစ္စဝမ်ကိုလည်း အိမ်ပြန်ပို့လိုက်" 


ငါ့ရင်ထဲက သံသယတွေကို ဖိနှိပ်ထားရင်း သူ့နောက်ကနေ လိုက်ထွက်လာခဲ့တယ်။ ဒါပေမယ့် ငါ့နောက်က ဝမ်ကျားကျားရဲ့ ရင်ကွဲနာကျတဲ့ အော်သံကို ကြားလိုက်ရတယ်။


"လင်ယီ၊ နင် ဖေကျစ်လင် နင့်နောက်ကွယ်မှာ လုပ်ခဲ့တာတွေကို သိလား" 


"နင် ဘာမှမသိဘူး၊ အရူးကောင်!"


"နင် ငါ့ဖိနပ်တွေကို ဒူးထောက်ပြီး လျှာနဲ့လျက်တာကတောင် နင်အတွက် အရမ်းစျေးပေါလွန်းတယ်" 


ငါ့သွေးတွေ အေးခဲသွားသလိုပဲ၊ မျက်နှာက ဖြူဖျော့သွားပြီး ဖေကျစ်လင်ကို မကြည့်ရဲတော့ဘူး။


ဖေကျစ်လင်က လှည့်ကြည့်လိုက်တယ်။ 


"သူ့ပါးစပ်ပိတ်လိုက်၊ မစ္စဝမ်ဆီ ပို့လိုက်" 


ဒါက ဝမ်ကျားကျားကို ကြောက်လန့်သွားစေတယ်။ ဒါပေမယ့် ငါ ဂရုမစိုက်ဘူး။


ဆင်ခြင်တုံတရားနဲ့ စိတ်ခံစားမှု နှစ်ခုလုံးက ငါ့ကို ပြေးဖို့ အော်ဟစ်နေတယ်။ 


နောက်တစ်စက္ကန့်မှာ ဖေကျစ်လင်က ငါ့ကို ပွေ့ချီလိုက်တယ်။


"အိမ်ပြန်ကြစို့"


~~~