Chapter 9
Viewers 2k

ရွှီကျင့်နဲ့ လမ်းခွဲလိုက်ကြပြီးနောက် ဖေကျစ်လင်က ငါ့ကို သူ့ရဲ့ ပုံမှန်တိုက်ခန်းဆီ ပြန်ခေါ်သွားတယ်။


ငါ ဆိုဖာထောင့်မှာ ကွေးနေမိတယ်။ အချိန်အတော်ကြာအောင် နေရာယူပြီး အနေရမခက်အောင် ကြိုးစားရင်း ဖေကျစ်လင်ကို မေးလိုက်တယ်။


"မင်း မနေ့က ရတဲ့ဖုန်းက ဝမ်ကျားကျားဆီကလား" 


ဖေကျစ်လင်က ငါ့ကို ရေတစ်ခွက်ပေးပြီး ခေါင်းညိတ်လိုက်တယ်။ သူ အရာအားလုံးကို သိနေပြီး ငါ့ကို အဆုံးစွန်ထိ မုန်းတီးစေတဲ့ အဲဒီပုံတွေကို မြင်ခဲ့ပုံရတယ်။ 


ငါ သူ့ကို သံယောင်လိုက်ပြီး မေးလိုက်တယ် 


"မင်း သူတို့ကို မြင်ခဲ့လား" 


ဖေကျစ်လင်က ဘာမှမပြောဘဲ ငါ့ဘေးမှာ ထိုင်လိုက်တယ်။ ငါ့ခန္ဓာကိုယ်ကို အတင်းဖြောင့်လိုက်ပြီး သူ့လက်ရှည်တွေက ငါ့ခါးကို ပတ်ထားတယ်။ 


ငါ သူ့ပခုံးမှာ ခေါင်းမှီပြီး တိတ်တိတ်လေး ငိုနေမိတယ်။ ဖေကျစ်လင်ရဲ့ လက်က ငါ့လည်ပင်းကနေ ခါးအောက်ပိုင်းကို ရွှေ့သွားတယ်။


"ထပ်ဖြစ်မှာ မဟုတ်ဘူး၊ မကြောက်ပါနဲ့၊ ပေါင်ပေ့" 


"ကိုယ် မင်းကို နောက်ထပ် မထားခဲ့တော့ဘူး" 


ဝမ်းနည်းမှုအစား ရင်ခုန်နှုန်း မြန်လာပြီး ပျော်ရွှင်မှုက နေရာယူလာတယ်။ ငါ့မျက်လုံးတွေ မက်မွန်သီးလို ယောင်ယမ်းလာတဲ့အခါ ငိုတာ ရပ်သွားတယ်။ 


ဖေကျစ်လင်က ငါ့ဆံပင်တွေကို ဖွလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားပြီး ငါ့အတွက် ရေနွေး လုပ်ပေးဖို့ ပြင်ဆင်တယ်။ 


ငါ ဖုန်းကို ဆွဲယူပြီး ကိုယ့်ကိုယ်ကိုယ် အာရုံပြောင်းဖို့ ကြိုးစားပေမယ့် ဝမ်ကျားကျားဆီက မက်ဆေ့ခ်ျများစွာကို တွေ့လိုက်ရတယ်။


[ ဖေကျစ်လင်က သူရေးခဲ့တဲ့ ရည်းစားစာကို မင်းကြားဖြတ်ယူခဲ့မှန်း သိရင် ဘာဖြစ်မယ်ထင်လဲ ]


[ ငါ သူ့ကို ပြောပြီးပြီ ]


အဲဒီစာကို‌ ဖေကျစ်လင် နိုင်ငံခြားမသွားခင်က ရေးခဲ့တာ။ သူ့နှလုံးသားထဲက တစ်ဦးတည်းသောသူအတွက်လို့ ငါ့ကို ပြောခဲ့တာ။


ဇာတ်လိုက်ယောက်ျားလေးက ဇာတ်လိုက်မလေးကို ချစ်တယ်၊ ဇာတ်လိုက်ယောက်ျားလေးရဲ့ ညီအစ်ကိုတစ်ယောက်အနေနဲ့ ငါက အဲဒီစာကို ဝမ်ကျားကျားဆီ ပေးပို့သင့်တယ်။ 


ဒါပေမယ့် မိုးကြီးတာက အဲဒီစာကို လုံးဝ ပျက်စီးသွားစေခဲ့တယ်။ ဒါကြောင့် ဝမ်ကျားကျားက ငါ့ကို အနိုင်ကျင့်ခဲ့တာ။ 


အခု ဖေကျစ်လင်လည်း သိသွားပြီ။


သူ ငါ့ကို ဘယ်လို ဆက်ဆံမလဲ။ ငါမတွေးရဲဘူး။


ငါက ပူနေတဲ့ ဒယ်အိုးပေါ်က ပုရွက်ဆိတ်တစ်ကောင်လိုပဲ။ အခုချိန်မှာ လုံးဝ စိတ်မတည်မငြိမ်ဖြစ်နေတယ်။ 


ဒါပေမယ့် ငါ ဖိနပ်စီးလိုက်ရုံရှိသေး ဖေကျစ်လင်ရဲ့ ဒေါသအပြည့်နဲ့ အသံက အနောက်ကနေ ထွက်ပေါ်လာတယ်။


"မင်း ဘယ်သွားမလို့လဲ"


~~~