Chapter 13 ( End )
Viewers 2k

ငါ သူ့ရဲ့ ဖက်ထားရာကနေ ရုန်းထွက်ပြီး ပြတင်းပေါက်ဆီကို ကိုယ့်ဘာသာ လျှောက်သွားတယ်။


အလင်းရောင် မဝင်အောင် မှောင်ပိတ်လိုက်တဲ့ ကုလားကာတွေကို တင်းတင်းဆွဲလိုက်တယ်။ 


ပြီးတော့ သူ့ဘေးကို ပြန်လာ၊ မီးပိတ်ပြီး အမှောင်ထဲမှာ ဖေကျစ်လင်ကို နှစ်သက်အောင် လုပ်ခဲ့တယ်။


ငါ့စိတ်ဝိညာဉ် တုန်ယင်နေချိန်အတွင်းမှာ ငါ့ရဲ့ အထောက်အထားကို ဖွင့်ပြောခဲ့တယ်။ 


အဲဒါက ဖေကျစ်လင်ကို ငါ့ကို တင်းတင်းဖက်စေခဲ့တယ်။


ငါ အခု ဘယ်နေ့၊ ဘယ်အချိန်မှန်းတောင် မသိတော့ဘူး။ ပြန်နိုးလာတော့ ငါ့ခြေချင်းဝတ်မှာ အနီရောင်အမှတ်အသားလေးပဲ ကျန်တော့ပြီး ဖေကျစ်လင်က ငါ့ဘေးမှာ မရှိတော့ဘူး။


အစားအစာနံ့နောက်ကို လိုက်ပြီး ဧည့်ခန်းကို ရောက်လာခဲ့တယ်။ ဖေကျစ်လင်က မနက်စာကို အပြင်ထုတ်လာနေတယ်။ ငါ သူ့ကို ချက်ချင်းပဲ ဖက်လိုက်တယ်။


ဒါပေမယ့် အရသာရှိတဲ့ အစားအစာက ငါ့ပါးစပ်ထဲ မရောက်သေးခင်မှာ ငါ့ရဲ့ မာန်မာနကြီးတဲ့အဖေဆီက ခြိမ်းခြောက်တဲ့ ဖုန်းကို လက်ခံရရှိခဲ့တယ်။


"လင်ယီ၊ မင်း အခု အရွယ်ရောက်ပြီလို့ ထင်နေတာလား၊ ငါသာ မရှိရင် မင်း ဘယ်ရောက်နေပြီလဲ မင်း သိလား၊ ငါ မင်းကို မွေးခဲ့တယ်၊ ပြုစုပျိုးထောင်ခဲ့တယ်၊ အခု မင်းက ငါ့ကို စိတ်ဆိုးအောင် လာလုပ်နေတာလား"


"အခုတော့ ငါ မင်းကတ်ကို ပိတ်ပြီ၊ ကိုယ့်ဘာသာ ကိုယ်ရပ်တည်၊ ဒါမှမဟုတ် ဖေမိသားစုကို ငါတို့ဆီ ဆယ်ဘီလီယံ ရင်းနှီးမြှုပ်နှံခိုင်း၊ မင်း သခင်လေးဖေကို နှစ်သက်အောင် လုပ်တာ အရမ်းတော်တာပဲ၊ ဘာလို့ ခုတင်ပေါ်မှာ သူ့ကို မတောင်းပန်တာလဲ၊ ငါပြောတာ ကြားလား" 


"မင်း မနာခံဘူးဆိုရင် မင်းအမေရဲ့ အရိုးပြာတွေကို ငါ ‌လွှင့်ပစ်လိုက်မယ်!" 


ငါ သိတယ်၊ သူက အမြဲတမ်း ကိုယ့်ဘာသာကိုယ် အကျိုးစီးပွားရှာတတ်သူပဲ၊ ဖေမိသားစုရဲ့ ဂုတ်သွေးကို စုပ်ယူချင်တာ မဟုတ်ရင် ဘယ်တော့မှ ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး။


ဒါပေမယ့် ခိုးပြေးဖို့ ဆုံးဖြတ်ခဲ့တာကတည်းက ငါ အပြည့်အဝ ပြင်ဆင်ထားတယ်ဆိုတာ သူ မသိဘူး။ 


အမေရဲ့ အရိုးပြာတွေကို လုံခြုံတဲ့နေရာကို အကြာကြီး ရွှေ့ထားပြီးပြီ။ သူ့ရဲ့ ငါ့စရိတ်ကို ရပ်တန့်ပစ်မယ်ဆိုတာက ငါ့အတွက် ဘာမှမဟုတ်ဘူး။


ဒါပေမယ့် ကျွန်တော် ပြန်ပြောမလို့ ရှိသေး၊ ဖေကျစ်လင်က အရင် ဒေါသထွက်နေပြီ။


"လင်ယီက ကျွန်တော့် ချစ်သူ၊ ပါးစပ်ကို သန့်ရှင်းအောင် ထားပါ၊ မဟုတ်ရင် ကျွန်တော် လင်မိသားစုဆီက ပရောဂျက်အများအပြားကို ပြန်ရုပ်သိမ်းတာအတွက် စဉ်းစားမိလိမ့်မယ်" 


ငါ ဖေကျစ်လင်ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်လိုက်တယ်။ ဖေကျစ်လင်က လင်မိသားစုကို ပရောဂျက်တွေ ဘယ်တုန်းက ပေးခဲ့တာလဲ။


သူ ကူကယ်ရာမဲ့တဲ့ပုံနဲ့ ငါ့ကို နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်တယ်။


"ခိုးပြေးတုန်းက" 


ဒါဆို လင်မိသားစုကို နှစ်သိမ့်ဖို့ပဲ။


ငါ သက်ပြင်းချပြီး ဖုန်းကို ယူလိုက်တယ်။


"ကျွန်တော့်ကတ်ကို ပိတ်ချင်ရင် ပိတ်လိုက်ပါ၊ ကျွန်တော် ခင်ဗျားကို မမှီခိုတော့ဘူး၊ ပြီးတော့ ကျွန်တော့်အမေရဲ့ အရိုးပြာတွေကိုလည်း ခင်ဗျား ရှာတွေ့မှာ မဟုတ်ဘူး၊ ခင်ဗျား ကျွန်တော့်အပေါ် သုံးခဲ့တဲ့ ပိုက်ဆံတွေ အားလုံးကို ကျွန်တော် ပြန်ပေးမယ်၊ အဲဒီနောက်ပိုင်း ကျွန်တော်တို့ ရှင်းပြီ"


မိန်းမ ကိုယ်ဝန်ရှိနေချိန်မှာ သစ္စာဖောက်ပြီး၊ ဖောက်ပြန်တဲ့မိန်းမကို တရားဝင်ကလေးကို အနိုင်ကျင့်ခိုင်းတဲ့ လူ့အမှိုက်၊ ငါ သူ့ကို မသိဘူး။ 


ဖုန်းထဲမှာ အော်ဟစ်နေတာကို ဂရုမစိုက်ဘဲ ငါဖုန်းချလိုက်ပြီး ဖေကျစ်လင်ကို ပြောလိုက်တယ်။ 


"ပရောဂျက်တွေကို ပြန်ယူလိုက်၊ လင်မိသားစုကို အကျိုးအမြတ် မဖြစ်စေနဲ့!" 


ဘယ်သူသိမလဲ၊ ဖေကျစ်လင်က ရုတ်တရက် မျက်နှာပျက်သွားတယ်


"ဒါပေမယ့် ငါ မိဘတွေကို ပြောထားတယ်၊ အဲဒါက မင်းရဲ့ အမွေပဲကို" 


ငါ သူ အရိုက်ခံရတဲ့နေ့ကို ရုတ်တရက် သတိရလိုက်တယ်။


"မင်းက ငါကို ခိုးပြေးဖို့ ကူညီပေးလို့ မဟုတ်ဘဲ အမွေကြောင့်လား"


ဘယ်လိုမေးမေး ထူးဆန်းနေတယ်။ ဘာတွေ ဖြစ်နေတာလဲ။ 


ဖေကျစ်လင်က ငါ နားမလည်တာ မြင်တော့ နောက်ဆုံးမှာ ကြင်နာစွာ ရှင်းပြလာတယ်။ နည်းနည်းတော့ မလုံမလဲပုံ ပေါ်နေတာပေါ့။


သူ ပြောလာတယ်။


"နှစ်ခုစလုံး မဟုတ်ဘူး၊ အရိုက်ခံရတာက သူတို့ပြောတာတော့ ငါ မင်းကို လက်ပါတယ်တဲ့၊ မင်း သိတဲ့အတိုင်းပဲ၊ အန်တီလုနဲ့ ငါ့အမေက အချစ်ဆုံးသူငယ်ချင်းတွေ၊ မင်းက သူတို့ ကြည့်ပေးရင ကြီးလာတဲ့ ဂေါ်ဖီထုပ်လေးလေ..." 


( TN : အန်တီလုက လင်ယီရဲ့ အမေဖြစ်မယ်ထင်တယ်ရယ် )


အာ... သူတို့ရဲ့ ဝက်က ဂေါ်ဖီထုပ်ကို တူးဆွသွားတာပေါ့။ 


နေပါဦး... ငါ နောက်ကျမှ သတိရလိုက်တယ်။ 


ဒါဆို ဖေကျစ်လင်က အဲဒီတုန်းက ငါ့ကို တကယ်လှည့်စားနေတာလား။ 


ငါ သွားကြိတ်ပြီး သူ့ကို ထိုးလိုက်တယ်။ 


"‌ဖေကျစ်လင်! မင်းက အရှက်မရှိဘူးပဲ!" 


ဒါပေမယ့် ငါ ဘာလုပ်နိုင်ဦးမှာလဲ။ ငါ ဆက်ပြီး လိုက်လျောညီထွေဖြစ်အောင် နေရဦးမှာပဲ။ ငါ့ဘဝရဲ့ နောက်ဆုံးအချိန်အထိ သူနဲ့အတူ ဆက်လျှောက်လှမ်းရဦးမှာပါပဲလေ။


~~~