Ch 20
Viewers 4k

🧶 Chapter 20

 

 

ရှန်းချူးချူး၏စကားများကြောင့် ထိုအချိန်ပရမ်း ပတာအခြေအနေဖြစ်ခဲ့သော်လည်း ဟန်ရှင်းယန်တစ်ယောက်အလွန်ရှက်နေမိဆဲပင်။ မည်သို့ပင်ဆိုစေကာမူ မိန်းကလေး၏ထိုအချိန်ကအပြုအမူများမှာဆေးခတ်ခံထားရခြင်းကြောင့်ဖြစ်သော်ငြား သူ့စိတ်အစဉ်မှာမူ ရှင်းလင်းနေခဲ့သည်မဟုတ်ပါလား ?

 

 

ထိုမေးခွန်းသည် သူ့အား မည်သို့ဖြေရမည်မသိဖြစ်စေသည်။

 

ရှန်းချူးချူးလည်း ဟန်ရှင်းယန် စကားပြန်မပြောနိုင်သည်ကိုတွေ့တော့ ဘယ်လိုဖြစ်ဖြစ် ရှင်းပြရခက်သလိုခံစားလိုက်ရသည်။

 

"ထားလိုက်ပါတော့... ကျမ ဒီတိုင်းမေးလိုက်တာ"

 

ရှန်းချူးချူး အားတင်းပြုံးလိုက်ကာ "မနေ့ညက ကျမကိုကယ်တင်ခဲ့အတွက် ကျေးဇူးတင်ပါတယ်"

 

ဟန်ရှင်းယန် ရှန်းချူးချူးကို တစ်ချက်လှမ်းကြည့်ကာပြောလိုက်သည်။။

 

"မလိုဘူး"

 

သူမ ဟန်ရှင်းယန်ပြောခဲ့သည့်စကားကို ပြန်စဉ်းစားပြီး သူ့ကိုအကူအညီတောင်းလို့ရနိုင်ကြောင်းတွေးမိလိုက်သည်။ သူမနီရဲသည့်မျက်နှာနဲ့ဘဲ နှုတ်ခမ်းကို စုကာ လက်သီးများတင်းအောင်ဆုပ်ရင်းခပ်တိုးတိုးမေးလိုက်သည်။

 

"ဒါပေမယ့် ရှင် ကျမကို တစ်ခုလောက်ကူညီပေးလို့ရမလား ?"

 

ဟန်ရှင်းယန်တစ်ယောက် သူ့၏နဂိုမူလခံစားချက်မဲ့သည့်မျက်နှာကိုထိန်းးရင်း နှုတ်ခမ်းပါးကိုဖိကာဖြည်းဖြည်းချင်းမေးလိုက်သည်။

 

 

"ပြောကြည့်လေ"

 

 

ရှန်းချူးချူး ဆိုဖာပေါ်မှထကာ ဟန်ရှင်းယန်ဘေးသို့ လျှောက်လာခဲ့သည်။ သူမမျက်နှာလေး မဆိုသလောက်နီမြန်းနေကာ

 

"ကျမ ရှင့်ကို ကျမနဲ့ ကုမ္ပဏီကြားက စာချုပ်ဖျက် သိမ်းဖို့ကူညီပေးစေချင်တယ်...ရှင် ကျမအတွက်စာ ချုပ်ဖျက်သိမ်းခပေးပေးစရာမလိုပါဘူး...ကျမကိုယ်စားဖြေရှင်းပေးစေချင်ရုံပါ....ကျမ ပိုက်ဆံယူလာခဲ့ပါ့မယ်"

 

ထိုအဖြစ်အပျက်ပြီးနောက် ရှန်းချူးချူးတစ်ယောက် ကုမ္ပဏီတွင်နည်းနည်းလေးပင်ဆက်မနေချင်တော့ချေ။ သူမ စိုးရိမ်နေတာတစ်ခုက ကုမ္ပဏီအပါအ၀င် မန်နေဂျာနှင့် လက်ရှိရေပန်းစားနေသည့် အနုပညာရှင်ဘက်မှ သူမ စာချုပ်ဖျက်သိမ်းမည့်ကိစ္စအား ခက်ခဲအောင်လုပ်ကာ ရင်ဆိုင်ရခက်စေမည်ကိုပင်။

 

သူမအနေနှင့် ယခင်ကတည်းက လျော်ကြေးငွေအားလုံလောက်အောင် စုဆောင်းထားပြီးဖြစ်သည်။ ပြီးခဲ့သည့်လအနည်းငယ်က အောင်သွယ်တော်လုပ်ငန်းကနေ ငွေနှစ်သိန်းခန့်ရခဲ့ပြီး Han Group ကြော်ငြာကရထားတာနှင့်ဆိုပါက ယွမ်တစ်သန်းကျော်လောက်ရှိလိမ့်မည်။

 

သို့သော် နောက်ခံမရှိသည့်သူမအတွက်မူ မည်သည့်ပြဿနာမှမရှိခဲ့လျှပင် စာချုပ်ဖျက်သိမ်းစဉ်ကာလအတွင်း ကုမ္ပဏီဘက်မှကိစ္စများကိုပိုခက်ခဲအောင် လုပ်မှာကိုသာစိုးရိမ်မိသည်။ ထပ်ပေါင်းပြောရလျှင်စာချုပ်ကျန်သည့်ကာလတွင် တခြားအလုပ်တစ်ခုရှာမရသေးသရွေ့ အိမ်မှာငှက်ကုလားအုတ်လိုနေရတော့မည်။ သို့သော် မနေ့ညကိစ္စဖြစ်ပြီးနောက် သူမဘယ်လိုမှဆက်မနေနိင်ပေ။ သူမ အခုချက်ချင်းလက်ငင်းသာ အဆုံးသတ်လိုက်ချင်တော့သည်။ ယခုလိုအနုပညာအသိုင်းအ၀ိုင်းမှာ ဆက်ပြီးရှိမနေချင်ဘူးဆိုပါက သူမအနေနှင့် ထိုစာချုပ်ကိုအဆုံး သတ်ရမည်။

 

 

ဟန်ရှင်းယန်တစ်ယောက် တောင်းဆိုမှုသည် ထိုမျှ ရိုးရှင်းလိမ့်မည်ဟုထင်မထားမိချေ။

 

"သေချာတာပေါ့" သူ ပြန်ဖြေလိုက်သည်။

 

ရှန်းချူးချူးတစ်ယောက် ဟန်ရှင်းယန်ကိုဦးညွတ်လိုက်ရင်း

 

"ကျေးဇူးတင်ပါတယ်  စီအီးအိုဟန်.... နောက်ပိုင်း ရှင် တစ်ခုခုလိုအပ်တာများရှိရင် ကျမကို အချိန်မရွေးဆက်သွယ်လို့ရပါတယ်"

 

သူမပြောပြီးသည်နှင့် ထွက်သွားဖို့ပြင်လိုက်သည်။ ဘယ်လိုပဲပြောပြော ယခုနေရာတွင် စိတ်မချမ်းမြေ့ဖွယ် မကောင်းမှုတွေဆက်တိုက်ဆိုသလိုကြုံခဲ့ရသဖြင့် ကိစ္စဝိစ္စတွေရှင်းလင်းဖို့ရာ သူမ အိမ်ကိုမြန်မြန်ပြန်ရောက်ချင်နေခဲ့သည်။

 

ဟန်ရှင်းယန် မတ်တပ်ထရပ်ကာ သူ့ရဲ့လိပ်စာကဒ်ကို ရှန်းချူးချူးဆီကမ်းပေးရင်းပြောလိုက်သည်။

 

 

"မင်း လိုအပ်တာတစ်ခုခုရှိရင် ကိုယ့်ကိုခေါ်လို့ရတယ်"

(သာ့ကော စေတနာတွေ ယိုဖိတ်လှချည်လားလို့)

 

ရှန်းချူးချူး ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် အပြုံးလေးနှင့်ကဒ်ကိုလှမ်းယူလိုက်သည်။

 

"အိုကေလေ"

 

ဟိုတယ်မှထွက်လာပြီးနောက် အပြင်မှာတိုက်ခတ်နေသည့် အေးစက်စက်လေကြောင့် သူမခေါင်းသည်အရင်ထက်ပိုကြည်လင်လာပြီး တိုက်ခန်းသို့ Taxi ဌားကာပြန်လာခဲ့သည်။ ထို့နောက် ရှန်းချူးချူးတစ်ယာက် ၀မ်ရှန်းရှန်းနှင့် လီယွိထောင်တို့၏ Marriage System ကိုဖွင့်ကြည့်လိုက်သည်။ ဟိုတယ်မှာရှိစဥ် သူမဖွင့်ကြည့်ဖို့အခွင့်အရေးမရခဲ့ပေ။ သို့ဖြစ်ရာ အခုမှသေသေချာချာစစ်ဆေးကြည့်ရတော့သည်။

 

အခြေအနေ : လက်ထပ်ပြီး

 

အိမ်ထောင်ဖက်: ဝမ်ရှန်းရှန်း ( ဓာတ်ပုံ )

 

လက်ထပ်ရက်စွဲ : 15 February 2018

 

အိမ်ထောင်ရေးအဆင့် သတ်မှတ်ချက်:  ကြယ်နှစ်ပွင့် (ငါးရံ့နှစ်ကောင်ဖမ်းကာ အသဲခွဲတတ်သူ)

 

ကံကြမ္မာကြိုးနီ : (ဖွင့်)

 

လုံလောက်သွားပြီ။ မနေ့ညက ညစာစားပွဲမှာ သူမမှားဖတ်ခဲ့တာမဟုတ်ဘူးဘဲ။ သူသည် လွန်ခဲ့သည့် တစ်လကတည်းကလက်ထပ်ခဲ့ပြီး သူ့အိမ်ထောင် ဖက်က သူ့ရဲ့ကိုယ်ပိုင်မန်နေဂျာတဲ့လား!!! သည်လူက February လမှာလက်ထပ်ပြီးတော့ အမျိုးသမီးသရုပ်ဆောင်နဲ့ ဆက်တွဲနေပြီး သူ့ကိုယ် သူ ချစ်သူကောင်းတစ်ယောက်ပုံစံဖမ်းပြနေသေးတာပေါ့လေ။

 

 

 

လီယွိထောင်အား သူမအားဆန့်ကျင်တာ ဘာမှမလုပ်ခဲ့တုန်းကပင် ထိုလူအားအမှိုက်ကောင်ဟုခံစားနေရသေးသည်။ သို့သော် ခုလိုဖြစ်ပြီးနောက် သူမ သူ့အား လွယ်လွယ်အလွတ်ပေးမည်မဟုတ်ပေ။။  'လီယွီထောင်နှင့် ထိုအမျိုးသမီးသရုပ်ဆောင်တို့နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် ဟန်ဆောင်တွဲခုတ်နေကြတာလား ဒါမှမဟုတ် သူက သူမကိုဟန်ဆောင်လှည့်ဖျားနေသလားဆိုတာကိုတော့ တကယ်ကိုဂရုမစိုက်တာ... တိုတိုပြောရရင် သူက များပြားလှတဲ့အင်တာနက်အသုံးပြုသူတွေနဲ့ CP fan တွေကိုလိမ်ညာနေခဲ့တာဘဲ၊ သူ ရုပ်ရှင်လောကထဲ အောင်အောင်မြင်မြင်၀င်ဖို့အရေး သူ့ကိုပါလာအသုံးချချင်နေသေးတယ်' ရှန်းချူးချူးတစ်ယောက် မနေ့ညကအဖြစ်အပျက်ကိုပြန်စဉ်းစားမိပြီး စိတ်ထဲအော်ဂလီ ဆန်မိသည်။

 

ရှန်းချူးချူးတစ်ယောက် လွီယွိထောင်နဲ့ ၀မ်ရှန်း   ရှန်းတို့၏ အိမ်ထောင်ရေး system ကိုသေချာစစ် ဆေးကြည့်ပြီးနောက်တော့ Weibo ပေါ်က Contact တစ်ခုကိုရှာပြီး message ပို့လိုက်သည်။

 

ငါက ယွဲ့လောင်: "ဟင်း!! ငါလတ်တလော အကြီးအ ကျယ်အာရုံစိုက်စရာတစ်ခုရဲ့အလယ်ဗဟိုမှာ နစ်မြှပ်နေမိတယ်....လောကကြီးက ဘယ်အချိန်ကစပြီး ဒီလောက်ထူးဆန်းသွားတာလဲ ?...တစ်ချို့လူတွေက လက်ထပ်ထားပြီးတာတောင်မှ တခြားမိန်းမတွေကိုအရောတ၀င်နေကြသေးတယ်..ဘယ်လိုသိက္ခာမဲ့တဲ့ လုပ်ရပ်လဲ! ...အားးး လောကကြီးက ဇောက်ထိုးမိုးမျှော်ဖြစ်နေတာပဲ!...အဲ့ဒီလိုလူတွေက ဘယ်လိုလုပ်ပြီး လူထုပုံရိပ်အတွက် စံပြဖြစ်နိုင်မှာတဲ့လဲ ?..." [😮‍💨]

 

တဖက်လူသည် သူ့လက်ထဲမှာ ဖုန်းအမြဲကိုင်ထားသလိုပင် ချက်ချင်းအကြောင်းပြန်လာသည်။

 

#ဖျော်ဖြေရေးသတင်းထောက် 1-Red Feather V: စိတ်မကောင်းမဖြစ်ပါနဲ့နတ်ဘုရားကြီးရယ်...မင်းငါ့ကို အဲဒီအကြောင်းပြောပြလို့ရပါတယ်...ငါ မင်းကို ကူပြီးဖြေရှင်းပေးမယ်လေ!! "

 

ထိုစကားလုံးများရိုက်ရင်း သူ့လက်များပင်တုန်ရီနေ သည်။ သူ့ရဲ့အတင်းအဖျင်းကို အာရုံခံနိုင်မှုက ဒါတကယ့်သတင်းကြီးတစ်ခုရဲ့ သဲလွန်စမှန်းတပ်အပ်ပြောနိုင်သည်။ လူထုပုံရိပ်တဲ့လား ? ဖောက်ပြန်တာများလား ? အဲ့လူကသာ ဖျော်ဖြေရေးနယ်ပယ်က Cele တစ်ယောက်သာဆိုရင်တော့ တကယ့်ကိုမှ ရိတ်သိမ်းမှုအကြီးကြီးမဟုတ်ပါလား !?

 

 

ထိုဘလော့ဂါက ဘယ်တော့မှမလိမ်ဖူးသလို ယခုလိုအိမ်ထောင်ရေးနှင့်ပက်သက်တာမျိုးက အမှားလုပ်လို့ရတာမျိုးမဟုတ်ပေ။ ၎င်းသာ နတ်ဘုရားမဟုတ်ပါက သည်လိုပညာရပ်၌ ကျွမ်းကျင်မှုမျိုးရှိတဲ့သူသာဖြစ်ရမည်။ ထို့နောက် ဘလောဂါအားနတ်ဘု ရားတစ်ပါးဟုသာ သူပိုယုံကြည်လာမိသည်။ ဖျော် ဖြေရေးလောကထဲ သတင်းအမှန်သည်တကယ်ရှားလှပေသည်။ ညတွင်းချင်းနာမည်ကြီးဖြစ်လာနိုင်သလို တစ်ညတည်းနှင့်လည်း ရိုက်ချခံလိုက်ရနိုင် သည်။

 

ဒါကြောင့်ပဲ လူတွေအတွက် တက္ကိဗေဒကို ယုံကြည်ဖို့အရမ်းခက်နေကြတာပေါ့...

 

သူ လတ်တလော ထိုဘလော့ဂါ၏ ကြော်ကြားမှုကို မှီခိုနေခဲ့ခြင်းပင်။ သူ သည်ပေါက်ကွဲသွားလောက်မည့် သတင်းအပိုင်းအစရလိုက်ကတည်းက တွေး တောနေခဲ့ခြင်းဖြစ်ကာ သူ ပြန်ပြီးနာမည်ကြီးလာတော့မှာလား? ဤသည်မှာ နာမည်ကြီးများ၏အိမ်ရှေ့မှာ သတင်းထိုင်စောင့်နေတာထက်ပင်ပိုလွယ် မှန်း သိသာနေသည်မဟုတ်ပါလား ? ထိုအတွေးဖြင့် သူ သွားရည်များပင်ကျလုနီးပါးဖြစ်နေခဲ့သည်။

 

ရှန်းချူးချူးတစ်ယောက် သတင်းထောက်မှ သူမ ၏ငါးစာကို လာဟပ်တာမြင်ပြီး သူမနှုတ်ခမ်းထောင့်ကအပြုံးတစ်ခု မြင့်တက်သွားရသည်။

 

ဒီသတင်းထောက်က အားကိုးရသားဘဲ။ မည်သူကမှ သူမအား တိုက်ရိုက်လက်တုန့်ပြန်လို့မရသလို သူမ အရင်ကဝေမျှခဲ့တာတွေကိုလည်း ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ချေ။ ထိုဘလော့ဂါသည် လက်ရှိမှာ သူမ ယုံကြည်လို့ရသည့် တစ်ဦးတည်းသော သူပင်။

 

ငါက ယွဲ့လောင် : ဒါပေမယ့်....ငါ မပြောသင့်ဘူးထင်တယ်.... မိုးကောင်းကင်ရဲ့လျှို့ဝှက်ချက်ဆိုတာ ထုတ်ဖော်ဖို့မသင့်ဘူးမဟုတ်လား.... နောက်ဆုံးကျရင် ငါ့ဖက်ပြန်လှည့်လာပြီး မိုးကောင်ကင်ရဲ့အမျက် ကိုဆွဲဆောင်မိသလိုဖြစ်နေမယ်... သည်လို ကြော်ကြားတဲ့လူတစ်ယောက်ကလေ....ဟင်း 😮‍💨 ...ငါ့နှလုံးသားလေးနာကျင်နေရပြီ! "[😞]

 

ရှန်းချူးချူးပြောလေလေ Red Feather ရဲ့သိချင်စိတ်ကပိုပြင်းပြလေလေပင်။ သူ တကယ်ကြီးကို အဲဒီကြော်ကြားတဲ့သူဆိုတာကြီးက ဘယ်သူလဲဆိုတာသိချင်နေတာပါ !!

 

#ဖျော်ဖြေရေး သတင်းထောက်- Red Feather V: ရှေးဟောင်းနတ်ဘုရားရေ... ဒီလိုတွေးကြည့်ပါလား...မင်းက ကောင်းမှုတစ်ခုလုပ်နေတယ်လို့လေ...အကယ်၍ အဲဒီလူက တခြားလူနဲ့ဆက်ပြီးဖောက်ပြန်နေဦးမယ်ဆိုရင် ကျန်တဲ့တစ်ဖက်ကို ဆက်ပြီးဒုက္ခပေးနေတာပဲလေ...ဒီလို လူစားမျိုးကို ထုတ်ဖော်ပြဖို့ထိုက်တန်တယ်...ဒါ လူ့အဖွဲ့အစည်းအတွက်ကောင်းတာပဲလေ...မင်း မမှတ်မိဘူးလား... ပြီးခဲ့တဲ့အခေါက်က ဒီလ်ိုကိစ္စမျိုးတွေထုတ်ဖော်ခံရချိန်မှာ လူဘယ်လောက်များများ တုန်လှုပ်ချောက် ချားသွားကြလဲဆိုတာ!!!

 

ငါက ယွဲ့လောင် : တကယ် ? ဒါကို ကောင်းမှုလုပ်တယ်လို့ သတ်မှတ်လို့ရတယ်ပေါ့ ? ဒါပေမယ့် လူတွေက အဲဒါ ငါလုပ်တာလို့ သိသွားကြရင်ရော ? ငါ့မျက်နှာဘယ်သွားထားရပါ့ ?

 

Red Feather တစ်ယောက် အနည်းငယ်ပိုပျော့ ပျောင်းလာသည်ကိုမြင်လိုက်ရသည်နှင့် ချက်ချင်းတုံ့ပြန်လိုက်သည်။

 

 

Red Feather V :ရှေးဟောင်းနတ်ဘုရားရေ... မင်းစိတ်မပူနဲ့... ငါလုံး၀ တခြားသူတွေကို မပြောပြဘူး... ငါက တခြားဟာတွေမှာသာ မတော်ရင်နေမယ် ငါ့ ပါးစပ်ကိုတင်းတင်းပိတ်ထားတဲ့နေရာမှာ တော့ တကယ်တော်တယ်!!

 

ငါက ယွဲ့လောင် : ကောင်းပြီလေ...ငါ မင်းကို ယုံပါတယ်...မင်း တခြားသူတွေကို အဲဒါပြောတာ ငါဆိုတာလုံး၀ဖွင့်ပြောလို့မရဘူးနော်... မဟုတ်လို့က တော့ ငါတို့နှစ်ယောက်လုံး ကောင်းကင်ကပြစ်ဒဏ်ခံနေရလိမ့်မယ်...

 

#ဖျော်ဖြေရေး သတင်းထောက်- Red Feather V: Okay!

 

ထို့နောက် ရှန်းချူးချူးတစ်ယောက်စာကြောင်းအ နည်းငယ်ရေးသားကာ ပေါက်ကွဲသွားစေမည့်သတင်းကြီးအား Red Feather ဆီပို့လိုက်တော့ သည်။

 

တစ်မိနစ်ခန့်အကြာမှာတော့ Red Feather ကအ ကြောင်းပြန်လာခဲ့သည်။

 

#ဖျော်ဖြေရေး သတင်းထောက်- Red Feather V: ရှေးဟောင်းနတ်ဘုရားရေ... အဲဒါ တကယ်ကြီးလား... မင်းတော့ ငါ့ကို သေအောင်လုပ်နေတာဘဲ... ငါတော့ မတော်တဆနဲ့ လျှို့ဝှက်ချက်ကြီးဖော်ထုတ်မိသွားပြီ...လီယွိထောင်က တကယ်ပဲ ၀မ်ရှန်းရှန်းနဲ့တဲ့လား ? မင်း အမှားလုပ်မိတာတော့ မဟုတ်ပါဘူးနော် ?

 

ရှန်းချူးချူး စိတ်ဆိုးချင်ယောင်ဆောင်ကာအ ကြောင်းပြန်လိုက်သည် : မင်းက ငါ့ကိုမေးခွန်းထုတ် နေတာလား ? ငါ့ လက်အောက်မှာဘဲ ကောင်လေးက February 15 ရက်နေ့မှာ ကံကြမ္မာကြိုးနီချည် နှောင်ခဲ့တာလေ...ငါ ဘယ်လိုလုပ် အမှတ်မှားနိုင်မှာတဲ့လဲ !!

 

ထိုတိကျ သေချာတဲ့သတင်းကိုလက်ခံရရှိပြီးနောက် Red Feather ခပ်သွက်သွက် အကြောင်းပြန်လိုက်သည်။

 

Red Feather V:ရှေးဟောင်းနတ်ဘုရားရေ...ငါမှားတာပါ... အားလုံး ငါ့အမှားပါ...ဟုတ်တာပေါ့...မင်းလုံး၀မမှားဘူး...ငါ လုံး၀ မင်းကိုယုံပါတယ်...

 

စာပြန်ပြီးနောက် Red Feather နောက်စာတစ်စောင်ထပ်ပို့လိုက်သည်။

 

Red Feather V: ရှေးဟောင်းနတ်ဘုရားရေ... မင်းမှာ ခုလိုပြဿနာတွေ ထပ်ကြုံလာခဲ့ရင် ငါ့ကိုသေချာပေါက်ပြောရမယ်နော်...ငါ့ပါးစပ်ကို သေချာတင်းတင်းပိတ်ပြီး အဲဒါမင်းဆိုတာ ဘယ်တော့မှ ဖော်ထုတ်မှာမဟုတ်ဘူး...

 

ရှန်းချူးချူးတစ်ယောက် ထိုစာကိုမြင်ပြီးနောက် ကျေနပ်သွားခဲ့သည်။ ပြီးတော့ စာပြန်လိုက်သည်။

 

 

ငါက ယွဲ့လောင် : ငါ့စိတ် အခြေအနေပေါ်မူတည်တယ်...

 

Weibo ကထွက်လာပြီးနောက်မှာ ရှန်းချူးချူးတစ်ယောက် အမှုဆောင်ချန်နှင့် ရှင်းမျန့်တို့ရဲ့ Marriage System ကိုတစ်ချက်စစ်ကြည့်လိုက်သည်။ ၀မ်းနည်းစရာကောင်းတာက အသုံး၀င်တာဘာမှသိပ်မတွေ့ခဲ့ရပေ။

 

'ဘာပဲဖြစ်ဖြစ် အစပြုခဲ့တဲ့သူက ၀မ်ရှန်းရှန်းနဲ့ လီယွိထောင်ဆို‌တော့ သူတို့ကိုအရင်ဖြေရှင်းရမယ်'

 

သူမဘာလုပ်လုပ် အမြဲအားစိုက်ထုတ်ပြီးလုပ်လေ့ရှိတာမို့ ရန်လာစသည့်ဘယ်သူမဆို အကျိုးဆက်ကိုပြင်ဆင်ထားဖို့လိုလိမ့်မည်။ ယခုကိစ္စသည် ၀မ်ရှန်းရှန်းနှင့်လီယွိထောင်တို့ သူမအား ထောင်ချောက်ဆင်ကာ ဟိုတယ်ရောက်လာရအောင်သွေးဆောင်ဖို့ အမှုဆောင်ချန်၊ ရှင်းမျန့်တို့နှင့် ဆက်သွယ်မှန်းရှင်း လင်းနေသည်။

 

အမှုဆောင်ချန်နှင့် ရှင်းမင်တို့အား လက်တုန့်မပြန်ချင်တာမဟုတ်ပေ။ ၎င်းတို့အား ထိဖို့မလွယ်ရုံတင်။ အမှုဆောင်ချန်နှင့် ရှင်းမျန့်တို့သည် ဘယ်တော့မှ လက်ထပ်မည့်သူမဟုတ်ဘူးပေ။ အဘယ့်ကြောင့်ဆို ၎င်းတို့သည် လိင်တူချစ်သူဖြစ်နေကြခြင်းပင်။ ထို ခံစစ်ကိုကျော်လွားဖို့ နည်းလမ်းရှာမရသဖြင့် သူလက်လျော့ဖို့သာဆုံးဖြတ်လိုက်သည်။ ရလဒ်အနေနှင့် သူမ လုပ်နိုင်တာဘာမှရှိမနေခဲ့ပေ။

 

****

 

မိန်ကျား Entertainment

 

ရှင်းမျန့်တစ်ယောက် အပျော်လုံးဆို့နေသည့် ၀မ်ရှန်းရှန်းအားကြည့်ပြီး သိချင်စိတ်နှင့်မေးလိုက်သည်။

 

"ကိစ္စက ပြီးသွားပြီလား ?"

 

၀မ်ရှန်းရှန်းပြုံးလျက် ရှင်းမျန့်ကိုဖျတ်ကနဲကြည့်လိုက်သည်။

 

"ဘာပြဿနာမှမရှိလောက်ပါဘူး...မျန့်ကော ကျမ ရှင့်ကိုတကယ်ကျေးဇူးတင်တယ်...ရှင်သာ မကူညီရင် ကျမ ဘယ်လိုလုပ်ရမလဲ သိမှာမဟုတ်ဘူး! "

 

ရှင်းမျန့် ပြန်တွေးကြည့်လိုက်သည့်အခါ ရှန်းချူးချူးတစ်ယောက် အမှုဆောင်ချန်အား အစကငြင်း ပယ်ခဲ့သော်လည်း နောက်ဆုံးအမှုဆောင်ချန်နှင့်သာအဆုံးသတ်သွားခဲ့ရပြီး ကိစ္စတစ်ခုလုံး အထင်နဲ့အ မြင်တခြားစီပင်။ ရလဒ်အနေနှင့် သူ ကြက်သီးထစရာအသံဖြင့် ငေါ့တော့တော့ပြောလိုက်သည်။

 

"ကျေးဇူးပြုပြီး အဲ့လို မပြောစမ်းပါနဲ့... ငါ ဘာများကူညီခဲ့ရလို့လဲ....နင်သာ ကတိပေးထားတာကိုမမေ့ရင်ကောင်းမယ်...Ok...?"

 

ပြောပြီးသည်နှင့် ရှင်းမျန့်တစ်ယောက်လှည့်ထွက်သွားတော့သည်။

 

၀မ်ရှန်းရှန်းသည် ရှင်းမျန့် အရိပ်ပျောက်ကွယ်သွားသည်နှင့် သူမ၏အပြုံးမှာပျောက်ကွယ်သွားခဲ့သည်။ 'လီယွိထောင်ပေါ်ပြူလာဖြစ်လာတာနဲ့ ဘယ်သူက သူ့ကိုဂရုစိုက်နေရမှာလဲ ?' ဟု သူမ ဘာသာတွေးနေမိသည်။ ဒီခဏတဖြုတ်အချိန်လေး မှာ သူ့ကိုထောင်လွှားခွင့်ပေးလိုက်တာပေါ့ !