Ch 21
Viewers 4k

🧶 Chapter 21

 

 

အခြားအခန်းတစ်ခုကနေ ထွက်လာတဲ့ လီယွိထောင်တစ်ယောက် ၀မ်ရှန်းရှန်း၏မျက်နှာအမူအရာကိုမြင်ပြီးမေးလိုက်သည်။

 

"ဘာဖြစ်တာလဲ? "

 

၀မ်ရှန်းရှန်း မျက်နှာအမူအရာပြင်ကာ ပြုံးပြလိုက်သည်။

 

"ဘာမှမဖြစ်ပါဘူး"

 

လီယွိထောင် ညကဖြစ်ရပ်ကို ပြန်သတိရသွားပြီး ခေါင်းငြိမ့်လိုက်သည်။ သူ ဘေးပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် လေသံတိုးတိုးဖြင့်မေးလာသည်။

 

"ရှန်းချူးချူးက မနေ့ညကကိစ္စ ကိုယ်တို့လုပ်တယ်ဆိုတာသိသွားမယ်လို့ မင်း ထင်လား... သူ သိသွားလောက်လား....?"

 

၀မ်ရှန်းရှန်းက လီယွီထောင်ကိုတားလိုက်ပြီး  ရီရင်းဗလောင်းဗလဲပြောလိုက်သည်။

 

"ဘာကို သိမှာလဲ ? မဖြစ်နိုင်တာကို.....ငါ သူတို့လို လူသစ်လေးတွေ အများကြီးတွေ့ဖူးတယ်...ဒီအ တိုင်းမောက်မာချင်နေကြတာလေ...အကျိုးအမြတ် ရဲ့အရသာကိုမြည်းစမ်းပြီးသွားရင် ငါ့ကိုတောင်လာပြီးကျေးဇူးတင်နေဦးမယ်...ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ငါတို့နဲ့ဘာမှမဆိုင်ဘူး...သူ့ကို‌ ခေါ်လိုက်တာက သူ့မန်နေဂျာ၊ အတင်းခေါ်ထုတ်သွားတာက အမှုဆောင်ချန်လေ....ငါတို့နဲ့ဘာမှမဆိုင်ဘူး အဲ့တော့ နင်စိတ်ပူနေစရာမလိုဘူး....

 

၀မ်ရှန်းရှန်း၏စကားကိုကြားပြီးနောက် အပြစ်ရှိသ လိုခံစားနေရသည့် လီယွိထောင်ရဲ့စိတ်ထဲအနည်း ငယ်ပေါ့ပါးသွားသည်။ ရှန်းချူးချူးအပေါ်နောင်တ ရစိတ်ခံစားနေရသေးသော်လည်း သူ အခုရိုက်ရတော့မည့် ရုပ်ရှင်နဲ့ နှိူင်းယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ချေ။

 

"အမှုဆောင်ချန်ရဲ့ဇာတ်ကောင်နေရာ ငါ့ကိုပေးမယ်ဆိုတဲ့ သူ့ကတိကို တည်ပါစေလို့ပဲ ဆုတောင်းရမှာဘဲ..."

 

၀မ်ရှန်းရှန်း ခေါင်းငြိမ့်ရင်းဖြေလိုက်သည်။

 

"ဟုတ်တယ်...ငါ့အထင်တော့ အမှုဆောင်ချန် ငါတို့ကိုပေးမှာပါ...ဘာပဲဖြစ်ဖြစ် နင့်မှာ ဒီနေရာအတွက် ယှဉ်ပြိုင်နိုင်တဲ့အရည်အချင်းရှိပြီးသားပါ. နည်းနည်းလေးမသေချာတာပဲရှိတယ်... အမှုဆောင်ချန်ကသာ ငါတို့အတွက် တစ်ခါလောက်ပြောပေးလိုက်တာနဲ့ နင် အဲဒီနေရာကိုရပြီးသားဘဲ..."

 

"ကောင်းတယ်..."

 

လီယွိထောင်တစ်ယောက် သက်ပြင်းရှည်ချရင်း စိတ်သက်သာရာရသွားသည်။

 

သူတို့ ကိုယ်ပိုင်ရုံးခန်းကိုပြန်ရောက်သည်နှင့် ၀မ်ရှန်းရှန်းတစ်ယောက် လီယွိထောင်၏ကိုယ်ပေါ် ချိတ်တွယ်ရင်းပြောလိုက်သည်။

 

"ရှန်းချူးချူးအကြောင်း ထပ်မပြောကြရအောင်... ငါတို့အကြောင်းပြောကြမယ်...အာ~ ငါတို့ပက်သက်မှုကိုဘယ်အချိန်ကျမှ ထုတ်ပြောနိုင်မှာလဲလို့ ငါ သိချင်မိတယ်..."

 

လီယွိထောင် မျက်နှာကိုတည့်တည့်ကြည့်ကာပြုံးပြလိုက်သည်။

 

"မကြာခင်ပေါ့... အဲဒါ ဖြစ်လာမှာပါ..."

 

"အင်း ..ငါသိပါတယ်...ငါက ဒီအတိုင်း နင်နဲ့ နင့်ရဲ့ "ရည်းစား" ဆိုတဲ့ လူစိတ်၀င်စားအောင်ဆွဲဆောင်ရတာကိုစိတ်မပျော်ရုံပါ...ပြီးတော့ နင်က ရှန်းချူးချူးကိုတောင် ဆွဲထည့်လိုက်သေးတယ်...."

 

ဟု ၀မ်ရှန်းရှန်းပြန်ပြောလိုက်သည်။

 

လီယွိထောင် ၀မ်ရှန်းရှန်းကိုနှစ်သိမ့်ရင်း "ဟုတ်ပါပြီ...ဟုတ်ပါပြီ....ကိုယ့် အမှားပါ...သူတို့အကြောင်းထပ်မပြောတော့ဘူး ဟုတ်ပြီလား ?"

 

"Mhm~"

 

၎င်းတို့နှစ်ယောက်စလုံး လှပသည့်အနာဂတ်အ တွက် စိတ်ကူးယဉ်နေကြချိန် သူတို့မသိလိုက်တာ သူတို့ရဲ့လျှို့ဝှက်ချက်တွေက အမှိုက်တွေလိုပေါ် လာတော့မယ်ဆိုတာကိုပေါ့...

 

သုံးရက်ကြာပြီးသည်အထိ ၀မ်ရှန်းရှန်းတစ်ယောက် မည်သည့်အတည်ပြုချက်မှ လက်ခံရရှိခြင်းမရှိသည့်အတွက် ၀မ်ကောထံ အမြန်ဖုန်းခေါ်လိုက်ရသည်။

 

"၀မ်ကော...ထောင်ထောင့်နေရာ ဇာတ်ကောင်ကဆုံးဖြတ်ပြီးသွားပြီလား.... အဲဒါက ကျမတို့ထောင်ထောင်ပဲမှတ်လား...?"

 

၀မ်ကောက သံသယနှင့်ပြန်ဖြေလိုက်သည်။

 

"နင် မသိသေးဘူးလား ?...အဲဒါ ပြီးခဲ့တဲ့ရက်ပိုင်းကမှဆုံးဖြတ်ပြီးသွားတာ... အဲဒါ ကျန်းရွှိုက်ပဲ လီယွိထောင်မဟုတ်ဘူး..."

 

ထိုစကားများကိုကြားပြီးနောက် ၀မ်ရှန်းရှန်းမယုံနိုင်အောင်ဖြစ်သွားရသည်။

 

"ရှင် ဘာပြောလိုက်တယ်ဆုံးဖြတ်ပြီးသွားပြီတဲ့လား ? ဘယ်လိုဖြစ်နိုင်မှာလဲ ? ဘာကြောင့် ကျန်းရွှိုက်လဲ? အမှုဆောင်ချန်က ရှင်တို့ကို ထောင်ထောင့်ကိုရွေးချင်တယ်လို့ မပြောခဲ့ဘူးလား ?"

 

ထိုသည်ကိုကြားပြီးနောက် ၀မ်းကောမပျော်မရွှင်ဖြစ်သွားရသည်။

 

"အမှုဆောင်ချန်လား ? နင် သူ့အကြောင်းပြောရဲသေးတယ်ပေါ့သူ့ဖက်မှာ အရှုပ်တွေဖြစ်သွားပြီ သိပ်မကြာခင်ကပဲ ရုပ်ရှင်ကအရင်းအနှီး‌တွေပြန်ရုတ်သိမ်းသွားတယ်...Han Group သာ အစား၀င်မလာခဲ့ရင် သည်ရုပ်ရှင်ကိုဖျက်သိမ်းလိုက်ရတော့မှာ! ဒါကြောင့် သဘာ၀အလျောက် ကျန်းရွှိုက်ကိုရွေးလိုက်ရတာ ..ဘာကြောင့်လဲဆိုတော့ Han Group က သူ့ကိုပိုသ‌ဘောကျပုံရတယ်"

 

သူပြောပြီးသည်နှင့် ၀မ်ကောတစ်ယောက် ၀မ်ရှန်း ရှန်းနဲ့ စကားဆက်ပြောချင်စိတ်မရှိတော့ပေ။ အ လုပ်အဆင်မပြေသဖြင့် သူ့စိတ်အခြေအနေဘယ်လိုမှကောင်းမနေချေ။ ပြီးတော့ သူဘယ်လိုမှစဉ်းစားလို့မရတာက Han Group က သူ့အားဘာမကျေနပ်မှန်းမသိနေတာပင်။ သူ ဘာအမှားလုပ်မိမှန်းလုံး၀ နားမလည်နိုင်ပေ။

 

၀မ်ကောတစ်ယောက် အမှားကြီးကြီးလုပ်မိသွားခဲ့သည်။ ထိုနေ့က သူရှိနေပါလျက်နှင့် တစ်ခုခုမူမမှန်ဘူးဆိုတာကိုလုံး၀သတိမထားမိခဲ့ခြင်းပင်။ ထိုသို့သောအဖြစ်မျိုးသည် ဖျော်ဖြေရေးလောကထဲမကြာခဏဖြစ်လေ့ရှိပြီး အမျိုးသမီးသရုပ်ဆောင်တစ်ယောက်အား လူချမ်းသာတစ်ယောက်နှင့်အတူတွဲလျက်တွေ့ရသည်မှာ ပုံမှန်ပင်မဟုတ်ပါလား ?   ရှန်းချူးချူးတစ်ယောက် သူ့ရှေ့မှာတင်ဆေးခတ်ခံလိုက်ရခြင်းဖြစ်ပြီး အတင်းအဓမ္မခေါ်ဆောင်သွားခံရသည်ကို သတိမထားမိလောက်အောင် သူ ကန်းနေခဲ့ခြင်းပင်။

 

 

သူသိခဲ့မည်ဆိုပါက သူ အည်သို့ Han Group အား ငြင်းဆန်နိုင်မည်နည်း။

 

သို့သော် သူမသိလိုက်သည်မှာ Han Group က သူ့အားဘာမှသိပ်မလုပ်ခဲ့ခြင်းပင်။ အလွန်ဆုံးမှစိတ်ဒုက္ခပေးရုံလောက်သာလုပ်ခဲ့သည်။

 

၀မ်ရှန်းရှန်းဖုန်းချပြီးသည်နှင့် အရမ်းမျက်နှာပျက်သွားသည်။ အမှုဆောင်ချန်က တကယ်ကြီးနောက် ဆုတ်သွားတယ်ပေါ့ !! သူမ ခုလိုတိတ်တိတ်လေးလက်သီးပုန်းထိုးတဲ့ကိစ္စတွေကို တွေဝေမှုမရှိဘဲလုပ်ခဲ့တာတောင်မှ ရလဒ်က ဘာဆိုဘာမှပြန်ရတာမရှိဘူးတဲ့လား!!

 

လီယွိထောင်ခပ်မြန်မြန်ပင် အင်တာနက်ပေါ်အမှု ဆောင်ချန်၏ကုမ္ပဏီအကြောင်း ရှာကြည့်လိုက်သည်။ အမှန်ပင် ၎င်းတို့၏ ဘဏ္ဍာရေးနှင့်ပက်သက်ပြီး မကောင်းသတင်းတွေအကြောင်းတင်ထားသည် ကိုတွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် ဘဏ္ဍာရေးနှင့်ပက်သက်သည့် သတင်းမျိုးကိုသိပ်အလေးထားမှုမရှိသလိုကျော်သွားတတ်သည်။

 

လီယွိထောင်နှင့် ၀မ်ရှန်းရှန်းတို့သည် ရလဒ်နှင့်ပက်သက်ပြီး ကျေနပ်မှုမရှိကြပေ။ လွန်ခဲ့တဲ့ရက်ကဟ်ိုဟိုသည်သည်အကုန်လုပ်ခဲ့သော်လည်း ပြန်ရတာ ဘာမှမရှိခဲ့ချေ။ သို့ဖြစ်ရာ တကယ့်ကို မချင့်မရဲဖြစ်စေသည်။

 

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အနေဖြင့် သနားစရာ ရှန်းချူးချူးနှင့် ဆက်နွယ်နေလိမ့်မည်ဟု မစဉ်းစားမိခဲ့ကြပေ။ သည်ရုပ်ရှင်နဲ့ပက်သက်ပြီး ဘာမျှော် လင့်မှမရှိတော့သည့်နောက် နောက်တစ်ဆင့်အနေနှင့် တခြားဒါရိုက်တာတစ်ယောက်ရှာကာ ထပ်မံကြိုးစားကြည့်ကြဖို့သာ သူတို့ဆုံးဖြတ်လိုက်ကြသည်။

 

သူတို့နှစ်ယောက် သိပ်ဂရုမထားခဲ့သော်လည်ူ ရှန်းချူးချူးကတော့ အလေးအနက်ထားကာကြည့်ရှုခဲ့သည်။ သူမသည် သာမန်ကျောင်းသူတစ်ယောက်မျှသာဖြစ်သော်ငြား ဘဏ္ဍာရေးပိုင်းလေ့လာခဲ့သူတစ်ယောက်အနေဖြင့် ထိုကဏ္ဍနှင့်ပက်သက်သည့်သတင်းများကိုအမြဲစောင့်ကြည့်လေ့ရှိသည်။ အမှု ဆောင်ချန်တစ်ယောက် ကုမ္မဏီကနေအဝေးရောက်သွားရသည့်သတင်းကြောင့် ရှန်းချူးချူးစိတ်ထဲကျိတ်၀မ်းသာနေမိသည်။

 

တကယ် အားရမိတယ်!!

 

ကုမ္ပဏီက တခြားကုမ္ပဏီတွေရဲ့ပစ်မှတ်ထားခြင်းခံရတာလား Han Group ကပဲ ကူဖြေရှင်းပေးလိုက်တာလားဆိုတာ သေချာမသိသေးပေမယ့် အနည်း ဆုံးတော့ သူ အဲလိုခံရဖို့ထိုက်တန်တယ်!!

 

လောလောဆယ် ၀မ်ရှန်းရှန်းနှင့်လီယွိထောင်တို့အ ကြောင်းထုတ်ဖော်ခံရတော့မည်ကို ရှန်းချူးချူးစောင့်မျှော်နေခဲ့သည်။

 

***

 

Red Feather တစ်ယောက် ရှန်းချူးချူးဆီက သတင်းအချက်အလက်ရရချင်း online ပေါ်က လူတစ်ချို့ကိုဆက်သွယ်လိုက်သည်။ သည်သတင်းတွေနဲ့သာဆို သူ့ followers တစ်သောင်းလောက် ထပ်တိုးလာလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ်နေမိသည်။

 

ရှန်းချူးချူးအပေါ်  Red Feather ၏ယုံကြည်မှုကြောင့် သူရထားသည့် သတင်းအပေါ်ဘာသံသယမှရှိမနေခဲ့ပေ။ သူတတ်နိုင်သမျှ လမ်းကြောင်းတွေကိုအသုံးချကာ သက်သေတွေစုဆောင်းနေခဲ့သည်။ သေချာတာပေါ့! နှစ်ရက်ကြာကြိုးစားပြီးနောက်မှာတော့ သူလိုက်နေတဲ့သတင်းတွေအားလုံးစုဆောင်းမိသွားပြီဖြစ်သည်။

 

Red Feather ချက်ချင်း ရှန်းချူးချူးဆီစာပို့လိုက်သည်။

 

#1 ဖျော်ဖြေရေးသတင်းထောက်- Red Feather V- နတ်ဘုရား၊ လူတွေကို ဘေးအန္တရာယ်ကနေ ကယ်တင်တော့မယ်၊ မကြာခင်မှာ အဲဒီဒုက္ခတွေအ တွက်စိတ်ပူစရာမလိုတော့ပါဘူး။ တစ်ချိန်တည်းမှာ ချစ်သူနှစ်ဦးရှိသူတွေအတွက် ကောင်းမွန်တဲ့အဆုံး သတ်ဆိုတာမရှိဘူး။

 

ငါက ယွဲ့လောင် : မင်းရဲ့အံ့သြစရာကောင်းတဲ့ စွမ်းဆောင်ရည်ကိုစောင့်မျှော်နေတယ်။ [😊]

 

စကားဝိုင်းပြီးသည်နှင့် Red Feather သည် Weibo မှာပိုစ်တင်ခဲ့သည်။

 

 

#1 ဖျော်ဖြေရေးသတင်း‌ထောက် - Red Feather V : တုန်လှုပ်စရာပဲဟေ့! ဖျော်ဖြေရေးအသ်ုင်းအ ဝိုင်းမှာ အတုအယောင်စုံတွဲတစ်တွဲတော့ပေါ်ထွက်လာပြီ! အားလုံး ခန့်မှန်းကြည့်ကြပါလား ? တကယ် လို့တစ်ယောက်ယောက်က ခန့်မှန်းတာ မှန်သွားခဲ့ရင် ဒီညသန်းခေါင်ယံမှာ ချပြ‌ပေးမှာနော်! သက်သေသက်ကာ အပြည့်အစုံ Detail ချပြပေးမှာ!! [ 😎 ]

 

Red Feather ရဲ့ Follower မှာသိန်းကျော်နေပြီဖြစ်ရာ Post တင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုတုန့်ပြန်လာကြသည်။ ဒါတောင် Red Feather အနေနှင့် ယခင်က ကမ္ဘာတုန်လှုပ်စေမည့် သတင်းမျိုးမထုတ်လွှင့်ဖူးသေးပေ။ သို့သော်အမြဲလိုလို သူပြောတာတွေမှန်တတ်သဖြင့် သူ့စကားကနည်းနည်းဖြစ်ဖြစ် ပိုယုံကြည်ဖွယ်ကောင်းသည်မှာအမှန်ပင်။

 

Red Feather တစ်ယောက် comment တွေကို အထက်အောက်ဆွဲကြည့်ရင်း တစ်စုံတစ်ယောက် မှန်ကန်အောင် ခန့်မှန်းနိုင်သွားပြီဆိုတာကိုတွေ့လိုက်ရသည်။ သူချက်ချင်းဆိုသလို Post တစ်ခုထပ်တင်လိုက်သည်။

 

 

Red Feather V: ခုလေးတင် တစ်ယောက်ယောက်ကတော့ မှန်အောင်ခန့်မှန်းနိုင်သွားပါပြီ..သန်းခေါင်ရောက်တဲ့အထိ ကျေးဇူးပြုပြီးစောင့်ပေးကြပါဦး!!

 

စာတင်ပြီးသွားတာနဲ့ တပြိုင်နက် Followers များ သည် ရှေ့ကကောမန့်များကို အသည်းအသန်ရှာရင်းဘယ်သူဖြစ်နိုင်မလဲဆိုတာကို ခန့်မှန်းနေကြတော့သည်။

 

Red Feather ၏စာကို ရှန်းချူးချူးမြင်ပြီးနောက် သည်လူဟာ သူ့ Follower တွေ သူ့နဲ့ပက်သက်ပြီး ပြောကြတာမှန်ကန်ကြောင်း ခံစားမိလိုက်သည်။ သည်လူက လူတွေကို ဘယ်လိုကောင်းကောင်း ကစားရမလဲဆိုတာ တကယ်သိတာပဲ။ ဘာပဲဖြစ် ဖြစ် ဒီညတော့ သူမ စိတ်ကအးလက်အေးအိပ်စက်နိုင်ပြီဖြစ်သည်။ သူမ ကြိုတင်သိထားပြီးသားဖြစ်ရာ ထိုစိတ်လှုပ်ရှားစရာအချိန်ကိုစောင့်ကြည့်ရန်မလိုချေ။

 

 

***

 

 

လီယွိထောင်နဲ့၀မ်ရှန်းရှန်းတို့နှစ်ယောက်လုံး Weibo ပေါ်ကစာကိုတွေ့ပြီးနောက် လုံး၀ကြက်သေသေသွားတော့သည်။ သူတို့အချင်းချင်းကြည့်လိုက်ကြပြီးနောက် သူတို့မျက်လုံးထဲမှာပေါ်နေတာက

"သွားပြီ" ဆိုတာပဲ။

 

 

သူတို့ Weibo ကို စိတ်မချမ်းမြေ့စွာဖြင့် အထက် အောက်ဆွဲကြည့်ပြီးနောက်မှာတော့ "သွားပြီဆိုတာထက် "သူတို့တော့ လုံး၀ကိုပြီးသွားပြီ" လို့သာတွေးလိုက်ကြတော့သည်။

 

 

# ဖျော်ဖြေရေးသတင်းထောက်- Red Feather V:  မနေ့က ဒီအယ်ဒီတာက ငါတို့ရဲ့ပူပူနွေးနွေးအသစ်ကလေး လီယွိထောင်ရဲ့သတင်းကြားပြီး လုံး၀ထိတ် လန့်သွားခဲ့တာ..ဒီနှစ် February မှာပဲ သူလက်ထပ်ပြီးငွားပြီ ဒါ့ထက် သူ့ရဲ့မန်နေဂျာက သူ့လက်‌တွဲဖော် ဖြစ်နေခဲ့တာပဲ..သူ အခုလတ်တလောမှာတင် ကောင်းရှင်းရွမ်နဲ့ လူသိရှင်ကြားတွဲနေခဲ့သေးတယ်! ဒီလို Relationship မျိုးက တော်တော့်ကိုရှုပ်ထွေးတာပါလား...လတ်တလော ပူပူနွေးနွေးလက်ထပ်ထားပြီး သရုပ်ဆောင်မင်းသမီးနဲ့လည်း Date နေတယ်ဆိုတော့လေ... ဒါက လီယွိထောင်အနေနဲ့ တစ်ဖက်သားကိုလှည့်စားနေတာလား ? မဟုတ်ရင် နှစ်ဦးနှစ်ဖက်အကျိုးရှိဖို့ လုပ်စားနေတာလား ? သက်ဆိုင်သူတွေဆီက အဖြေကိုစောင့်မျှော်နေပါတယ်... @LiYutao @ManagerWan @ZhaoXinran (ဓာတ်ပုံ)

 

 

လီယွိထောင်အတွက် ကျောင်းရှင်းရွမ်ဘယ်လိုတုန့်ပြန်မလဲဆိုတာအရေးမကြီးပေ။ ပိုအရေးကြီးတာက သူရဲ့အိမ်ထောင်ရေး ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ ပရိသတ်တွေဆုံးရှုံးသွားရတော့မည်ပင်။ ထပ်ပေါင်းပြောရရင် သူသည် သူ့ပရိသတ်များအား လှည့်စားပြီးအသုံးချခဲ့ခြင်းဖြစ်ရာ အိုင်ဒေါဖြစ်ချင်သည့် သူ့ အိမ်မက်မှာ တစ်စစီပြိုကွဲသွားရတော့ သည်။

 

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... ဘယ်သူ ဒီဟာကိုထုတ် ဖော်လိုက်တာလဲ!"

 

 

၀မ်ရှန်းရှန်းတစ်ယောက် ထိတ်လန့်နေသလို ဒေါသလည်းထွက်နေမိသည်။

 

လီယွိထောင် ထိုစကားတွေလည်းကြားရော သူ့စိတ် အခြေအနေပိုဆိုးရွားလာပြီး ညည်းညူလိုက်တော့ သည်။

 

"မင်းသာ လက်ထပ်ဖို့ မတောင်းဆိုခဲ့ရင် ဒီလိုတွေဖြစ်လာမှာတဲ့လား ?"

 

၀မ်ရှန်းရှန်းလည်း အနည်းငယ်နောင်တရသလိုခံစား နေရ‌ပေမယ့်

 

 

"နင်က တစ်ခြားတစ်ယောက်နဲ့ အတူရှိချင်နေတာလေ...အသာစီးရဖို့အတွက်ပဲ လက်ထပ်ဖို့တောင်းဆိုခဲ့တာမဟုတ်ဘူးလား ? ဒီတစ်လျှောက်လုံး နင့်ကိုကူညီပေးခဲ့တဲ့တစ်ဦးတည်းသောသူက ငါဆိုတာ မမေ့လိုက်နဲ့ဦး...နင် ကျော်ကြားလာတာနဲ့ ငါ့ကိုထားခဲ့မယ်ဆိုရင်တော့ စိတ်ကူးသာယဉ်နေလိုက်တော့"

 

 

ဟုပြန်ပြောလိုက်သည်။ လီယွိထောင်တစ်ယောက် တနေ့တခြားပိုပြီး အထိန်းအကွပ်မဲ့လာသည်ဟုသံသယမရှိခဲ့ပါက လက်ထပ်ဖို့အရေးတွေးပင်တွေးမိမည်မဟုတ်ပေ။

 

လီယွိထောင်လည်း စိတ်ဆိုးဆိုးဖြင့် ပြန်ပြောလာသည်။

 

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ...မင်း ငါ့ကို ကူညီခဲ့တာ.. အခုကော ဘယ်လိုလဲအခုလိုတွေပြောနေတော့ရော ဘာအဓိပ္ပာယ်ရှိလဲ ? ငါက ဘာမှမဟုတ်တဲ့ကောင်ဖြစ်လာတော့မှာလေ... ကျေနပ်ပြီလား ?"

 

၀မ်ရှန်းရှန်းလည်း ဒေါသထွက်လာခဲ့သည်။

 

"နင် ဘာကိုပြောချင်တာလဲ ? ငါကကော နင့်ကိုဒီလို ဖြစ်လာစေချင်တယ်လို့များ နင်တွေးနေတာလား ?"

 

သူတို့အချိန်အတော်ကြာ စကားများကြပြီးနောက် ၀မ်ရှန်းရှန်းတစ်ယောက်ဖျော်ဖြေရေးအသိုင်းအဝိုင်းက သူမ သိသမျှသူတွေဆီ ဖုန်းဆက်ရန်လုပ်လိုက် သည်။ သို့သော် သူမ ဖုန်းအား ဧည့်ခန်း၌အားကုန်လျက်သားတွေ့လိုက်ရသည်။

 

ဖုန်းအားသွင်းပြီးနောက် ဖုန်းတစ်ကောလ်၀င်လာသည်။

 

ဖုန်းကောလ် အနည်းငယ်လက်ခံရရှိပြီးနောက်မှာတော့ ၀မ်ရှန်းရှန်းတစ်ယောက် အချက်တစ်ချက်ကို သတိပြုမိသွားခဲ့သည်။ လီယွိထောင်ရော သူမကော အဆုံးသတ်သွားခဲ့ပြီဆိုတာပင်။