Ch 23
Viewers 4k

🧶 Chapter 23

 

 

" CEO ဟန်၊ ရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်"

 

ရှန်ချူးချူးတစ်ယောက် သူမ၏လေးစားမှုကိုပြဖို့ ရာ Ni (နင်) ဆိုသောအသုံးအနှုန်းအစား ယဉ်ကျေးသည့်အသုံးအနှုန်းဖြင့် ပြောင်းလဲရေးထားခဲ့သည်။(တရုတ်စကားမှာ formalနဲ့ informal အသုံးနှစ်မျိုးရှိလို့ပါ)။ ဟန်ရှင်းယန်ဆီမှ စာပြန်မလာသော် လည်း ရှန်းချူးချူးစိတ်ထဲမထားပေ။ ထုံးစံအတိုင်း ဟန်ရှင်းယန်လို ကုမ္ပဏီကြီးတစ်ခုအား ဦးစီးနေသူထံ သူမ၏စာတိုအားပြန်ဖို့ရာ မည်သို့အချိန်ရှိနိုင်မည်နည်း ?

 

၀မ်ချမ့်ရောက်လာချိန်မှာတော့ သူတို့နှစ်ဦးပစ္စည်းများအားလုံးသိမ်းဆည်းလိုက်ကြသည်။ တိုက်ခန်းအားကုမ္ပဏီမှ ငှားရမ်းပေးထားခြင်းဖြစ်သဖြင့် စာချုပ်ဖျက်သိမ်းပြီးနောက်သူမ တတ်နိုင်သမျှမြန်မြန်ထွက်သွားချင်မိသည်။ ဘယ်ကိုပြောင်းရွှေ့ရမလဲဆိုတာကိုတော့ ရှန်းချူးချူးမဆုံးဖြတ်ရသေးပေ။

 

သူမ ပစ္စည်းများအားလုံးကို အရင်ဆုံးထုပ်ပိုးထားလိုက်သည်။ ဒါမှ မနက်ဖြန်ဆင်းပေးလို့ရမည် ဖြစ်ပြီးကျန်တာကိုနောက်မှသာ ဆုံးဖြတ်တော့မည်။

 

အားလုံးနီးပါးသိမ်းဆည်းပြီးချိန်မှာတော့ ရှန်ချူးချူး ၀မ်ချန့်အား အိမ်ပြန်ရန်ပြောလိုက်သည်။

 

နောက်တစ်နေ့မနက်စောစောမှာ ရှန်းချူးချူးအချိန် ယူပြီးမိတ်ကပ်ပြင်လိုက်သည်။ ၀မ်ချမ့်ရောက်လာသည်ကိုစောင့်ပြီးနောက် နှစ်ဦးသားကုမ္ပဏီသို့ ထွက်ခဲ့ကြသည်။

 

တျန်းတိ မီဒီယာအဆောက်အဦး၏ပထမထပ်သို့ရောက်‌သော ရှန်းချူးချူးအသက်ပြင်းပြင်းအချို့ရှူလိုက်ပြီး ဧည့်ကြိုကောင်တာသို့ ဦးတည်လျှောက်သွားခဲ့သည်။

 

 

"ဒီမှာ ဒါရိုက်တာ ချန်းချီလီများရှိပါသလားရှင့်"

 

ရှန်းချူးချူ၏အမေးကိုကြားပြီးနောက် ၀မ်ချမ့်တစ်ယောက် မျက်နှာအရောင်ပြောင်းသွာသည်ကိုတွေ့လိုက်ရသည်။

 

ဧည့်ကိုငကာင်တာမှကျိုးရှောင်းယာသည် စူးစမ်းချင်စိတ်ပြင်းပြစွာဖြင့် ရှန်းချူးချူးအားအထက် အောက်စုံချည်ဆန်ချည်ကြည့်လာသည်။

 

ရှန်းချူးချူး နေကာမျက်မှန်တပ်ထားသော်လည်း  သူမကအလှလေးဆိုသည်ကိုသတိထားမိသည်။ သို့သော် ယခုလိုအလှလေးသည် သူမတွေ့မြင်နေ ကျသူများထဲမှမဟုတ်ပေ။ သူမ အရင်တွေ့ဖူးတဲ့ Cele တွေထဲကမဟုတ်ဘူးပဲဟု တွေးလိုက်မိသည်။

 

အမှန်မှာ Reception သို့ နေ့စဉ်နှင့်အမျှ လူတွေအများကြီးလာနေကြပြီး လူတော်တော်များများမှာ နာမည်ကြီးအနုပညာရှင်များဖြစ်သည့်အတွက် ဘယ်သူများလဲဆိုပြီးကြည့်ရာမှ အလေ့အထတစ်ခုလိုဖြစ်လို့နေခြင်းပင်။

 

ထိုပုဂ္ဂိုလ်သည် နာမည်ကြီးသရုပ်ဆောင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လေးစားမှုရှိဖို့ အရေး ကြီးဆုံးမှန်းသိတဲ့ ရှောင်းယာက အပြုံးလေးနှင့်မေးလိုက်သည်။

 

" ကြိုတင်ချိန်းဆိုထားတာများ ရှိပါသလားရှင့်"

 

ရှန်းချူးချူး သူမနှုတ်ခမ်းလေးကိုကိုက်ကာတုံ့ဆိုင်းစွာဖြင့်ပြန်ဖြေသည်။

 

"မရှိပါဘူး၊ ဒါပေမယ့် တလောကမှ ဒါရိုက်တာချန်းနဲ့အပြင်မှာတစ်ခါဆုံခဲ့တာပါ...သူ ကျမကိုမေးထားတာတစ်ခုရှိလို့ ဒီနေ့လာပြီး ကျမအဖြေလာပြန်ပေးတာ..."

 

ကျိုးရှောင်းယာ စကားကိုသေချာနားထောင်ပြီးနောက်ပြောလိုက်သည်။

 

"ကောင်းပါပြီ Miss... ကျေးဇူးပြုပြီးစောင့်ပေးပါဦးနော်..ကျမဖုန်းခေါ်ပြီးမေးကြည့်လိုက်ပါ့မယ်..."

 

ဖုန်းခေါ်ဆိုပြီးနောက် ကျိုးရှောင်းယာကပြောလာသည်။

 

"ဒါရိုက်တာချန်းက လောလောဆယ်အစည်းအဝေးထိုင်နေပါတယ်...ရှင် ဆက်ပြီးစောင့်ချင်လား ဒါမှမဟုတ် မနက်ဖြန်မှပြန်လာမလား ?"

 

ရှန်းချူးချူးတစ်ယောက် ယနေ့လာဖို့အတော်လေးရုန်းကန်ပြီးမှ စိတ်ဆုံးဖြတ်ခဲ့ရခြင်းပင်။ တကယ်လို့ အခုထွက်သွားခဲ့ရင် မနက်ဖြန်ပြန်လာဖို့ ဒီနေ့လို သတ္တိရှိပါ့မလား မသေချာဘူး။ ဒီနေ့လာခဲ့တယ်ဆိုတာကလည်း သူမ၏ကံကောင်းမှုကိုလာစမ်းကြည့်ခြင်းပင်။ အရင်တုန်းက ချန်းချီလီနဲ့ပြောခဲ့တဲ့ စကားဝိုင်းကို ပြန်တွေးကြည့်ပြီးတော့ သူ့ကိုမေးချင်ခဲ့တာခြင်းဖြစ်ပြီး ကုမ္ပဏီနှင့်စာချုပ်မရှိတော့တဲ့အတွက် သူမကိုအခုချိန်မှာ စဉ်စားပေးနိုင်သေးလားဆိုတာကိုပေါ့...

 

ရှန်းချူးချူး ခေတ္တမျှစဉ်စားပြီးနောက်အဖြေပြန်ပေးလိုက်သည်။

 

" ဒါဆိုလည်း ကျမ စောင့်နေလိုက်ပါ့မယ်..."

 

ကျိုးရှောင်းယာပြုံးပြလိုက်ပြီး ရှန်းချူးချူးအား စောင့်ဆိုင်းသည့်နေရာသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ထို့နောက် ရှန်ချူးချူးနှင့် ၀မ်ချန့်တို့နှစ်ဦးအတွက် လက်ဖက်ရည်ငှဲ့ပေးခဲ့သည်။ ရှန်းချူးချူးကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံပေါ်သဖြင့် သူမ ပြုံးကာပြောလိုက်သည်။

 

"ရှင် သိပ်ပြီးစိတ်မပူပါနဲ့...ဒါရိုက်တာချန်းကကြည့်ရင်သာတင်းမာပုံပေါ်ပေမယ့် တကယ်တော့ပေါင်းရသင်းရလွယ်ပါတယ်..."

 

ကျိုးရှောင်းယာ၏စကားများကြားပြီးနောက် ရှန်းချူးချူးစိတ်မှာ အနည်းငယ်တည်ငြိမ်သွားသည်။ သူမကို ခေတ္တမျှစိုက်ကြည့်ကာပြုံးပြလိုက်သည်။

 

"ကျေးဇူးပါ..."

 

" ရပါတယ်..ကိစွမရှိပါဘူး..."

 

ရှန်ချူးချူးတစ်ယောက် ကျိုးရှောင်းယာသွားတော့မှာကိုမြင်ပြီးထပ်ပြောလိုက်သည်။

 

"ရှင့်ကိုကြည့်ရတာ မျက်နှာက ပန်းရောင်သန်းနေတယ်... တစ်လအတွင်း ရှင့်ရဲ့ ဖူးစာဖက်နဲ့တွေ့လိမ့်မယ်လို့ ကျမထင်တယ်..."

 

ထိုစကားလည်းကြားရော ကျိုးရှောင်းယာ ရှန်ချူးချူးအားလှမ်းကြည်းပြီး အံ့ဩသွားခဲ့သည်။

 

"တကယ်လား ? ရှင်က ‌ရုပ်လက္ခဏာဖတ်တတ်တယ်ပေါ...?

 

 

ရှန်းချူးချူး သူမ၏ခေါင်းကိုလေးနက်စွာငြိမ့်ပြရင်းပုံမှန်အတိုင်းပြောလိုက်သည်။

 

"ဟုတ်တယ်...ကျမ မိသားစုအကြီးအကဲတွေထဲမှာ ဒီပညာကိုတော်တော်လေး ကျွမ်းကျင်တဲ့သူရှိတယ်လေ၊ ကျမကတော့ လူတွေရဲ့အချစ်ရေးနဲ့ပက်သက်တဲ့ တချို့သာမန်ဗဟုသုတတွေလောက်ပဲ လေ့လာထားတာပါ...ဒါပေမယ့်သေချာတာပေါ့ ရှင့်လိုလူ မျိုးကိုကျတော့တစ်ချက်ကြည့်ရုံနဲ့တင် အလိုလိုသိနိုင်တယ်လေ..."

 

ကျိုးရှောင်းယာတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။

 

" ဒါဆို ကျမရဲ့ အနာဂတ်ခင်ပွန်းသည်က ဘာလုပ်တဲ့သူလဲဆိုတာ ရှင်သိလား..."

 

ရှန်ချူးချူး ခဏလောက်ကြည့်ချင်ယောင်ဆောင်ပြီး နောက်ပြန်ဖြေလိုက်သည်။

 

 

"ဟင်~ သူ ဘယ်သူလဲ ? သူဘာလုပ်လဲ‌တော့ ကျမ မသိဘူး...ဒါပေမယ့် ရှင်တို့အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာစွာနေရလိမ့်မယ်လို့ ကျမမြင်တယ်...ပြီးတော့ ရှင်တို့က အရမ်းကောင်းလိုက်ဖက်တဲ့လက်တွဲဖော်တွေပဲ..."

 

ကျိုးရှောင်းယာ သည်နှစ်ထဲနှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်ပြီး á€á€ąá€Źá€şá€á€„်မဟိုအတ္ဏ်ကဟဎးမသဏတစ်ယ္ဏက် တည်း ရုန်းကန်နေရသည်မှာ အလွန်ခက်ခဲလှသည်။ လူတော်တော်များများ သူမ ရထားသည့်အလုပ်ကို အားကျနေကြသည်။ နေ့တိုင်းနာမည်ကြီးအနုပညာရှင်တွေကို တွေ့နိုင်တယ်လေ။ သို့သော် ဒီကြားထဲ သူ ဘယ်လာက်ရုန်းကန်ရတယ်ဆိုတာ သူ ပဲသိသည်။ နာမည်ကြီးအနုပညာရှင် အများအပြားတွေ့ပြီးတဲ့နောက်မှာ ၎င်းတို့လည်းသာမန်လူများနှင့် ဘာမှသိပ်မကွာဘူးဆိုတာသိလာရသည်။ သူမ တကယ် တစ်စုံတစ်ယောက်ကိုရှာတွေ့ပြီး သူနှင့်အတူ သည်တော်ဝင်မြို့တော်ကြီးမှာ အတူတူအလုပ်လုပ်ရင်း သူမတို့ရဲ့ကိုယ်ပိုင်မိသားစုလေးကို ထောက်ပံ့ချင်မိ သည်။

 

ဒါကြောင့် ရှန်ချူးချူးဘက်က သူမ အချစ်ရေးမှာ ကံကောင်းလိမ့်မည်ဟုပြောသည့်စကားသည် သူမအား အလွန်ပျော်ရွှင်စေသည်။

 

"ကျေးဇူးတင်ပါတယ်.!! "

 

"ကိစ္စမရှိပါဘူး "

 

ရှန်းချူးချူး နောက်ထပ်တစ်နာရီလောက်စောင့်နေသည့်တိုင် ချန်းချီလီပေါ်မလာသေးပေ။ မူလက သူမ၏ ကံကိုစမ်းသပ်ကြည့်ချင်ရုံသာဖြစ်သည်။ သို့သော် အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက်မှာတော့ ကြည့်ရတာကံက ဒီလောက်ကြီးကောင်းမနေဘူးထင်ပါရဲ့။ ထိုအခိုက်အတန့် သူမနှလုံးသားအ နည်းငယ်အေးစက်လာပြီး ဒီနေ့အဖို့ သူမ လုပ်ချင်တဲ့ကိစ္စ မအောင်မြင်နိုင်တော့ဘူးဟု ခံစားလိုက်ရသည်။

 

၀မ်ချမ့်သည်လည်း အတော်ကြာစိတ်လွတ်နေသလိုဖြစ်ကာ ရှန်းချူးချူးကိုပြောလာသည်။

 

"Boss အဲဒါလေ...ရှင်ဒီကို လာချင်ခဲ့မှန်း ကျမ မသိခဲ့ဘူး... မတိုင်ခင်က ငါ...."

 

၀မ်ချမ့်ပြောနေသည်ကိုနားထောင်ရင်း ရှန်ချူးချူးတစ်ယောက် ၀မ်ခဲ့ဟာ တျန်းတိ Mediaရဲ့ ၀န်ထမ်းဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးသည်ကို သတိရ‌မိသွားသည်။ သူမက ၀မ်ချမ့်ဟာ ယုယီထင်နဲ့တွေ့ရမှာကြောက်နေသည်ဟုထင်ကာ နှစ်သိမ့်လိုက်သည်။

 

 

"နင်စိတ်ပူဖို့မလိုပါဘူး...ဒီလောကထဲမှာ အပြောင်း အလဲရှိတာပုံမှန်ပါပဲ...နင်ဆန္ဒရှိနေသ၍ ငါ့ဘေးမှာပဲ ဆက်နေလို့ရတယ်..."

 

၀မ်ချမ့်တစ်ယောက် ကြောင်သွားပြီးနောက် ခဏလောက်စဉ်းစားလိုက်သည်။ အနီးအနားမှာ ဘယ်သူမှမရှိဘူးဆိုတာတွေ့မှ လေသံတိုးတိုးဖြင့်ပြောပြလိုက်သည်။

 

"ကျမ သိပ်မသေချာဘူး..ယုယီထင် ကျမကိုအ လုပ်ဖြုတ်လိုက်တယ်ဆိုတာ...ဘာကြောင့်လဲဆို တော့ ကျအ သူနဲ့ အမှုဆောင်ချန်းကို တွေ့ခဲ့..."

 

၀မ်ချမ့်၏ စိတ်ပျက်နေသည့် အမူအရာကိုကြည့်ပြီး နောက်ဆုံး ရှန်ချူးချူးသဘောပေါက်သွားကာ သူမကို ဆက်မပြောဖို့တားလိုက်သည်။ တျန်းတိ Media မှာ သည်‌အကြောင်းပြောရတာ သိပ်မသင့် တော်ဘူးမဟုတ်ပါလား ? ထို့အပြင် သူတို့နှစ်ဦးကလဲ လမ်းခွဲပြီးသားပင်။

 

"အင်း ငါဒီအကြောင်း သိထားပြီးသား...ဒါကြောင့် နင်အရင်က ဘာလို့အလုပ်ဖြုတ်ခဲ့ရလဲဆိုတာ နင်  ငါ့ကိုဘယ်တုန်းကမှမပြောခဲ့ဘူးလို့ဘဲ သဘောထားလိုက်မယ်...ဟုတ်ပြီလား ?"

 

၀မ်ခဲ့တစ်ယောက် သူမ ဆိုလိုသည်ကို ရှန်ချူးချူး နားလည်မှန်းသိသည့်အတွက် စိတ်ပါလက်ပါခေါင်းငြိမ့်ပြလိုက်သည်။ သူမ ဂရုမစိုက်ဘူးဆိုတော့လည်းကောင်းတာပါပဲ။

 

နောက်ထပ်အချိန်အကြာကြီးစောင့်ပြီးလို့ သူမတို့ အိပ်ပျော်ခါနီးအချိန်မှာပင် သူမ ဖက်ကို လူတစ်စု လျှောက်လာခဲ့သည်။

 

"မစ်ရှန်း"

 

ဟန်ရှင်းယန်ကိုတွေ့လိုက်ရတဲ့ အချိန်ခနမှာ ရှန်ချူးချူးအနည်းငယ်လန့်သွားခဲ့သည်။ သူတို့ ဒီမှာလာဆုံကြလိမ့်မယ်လို့ မထင်ထားမိဘူးလေ။

 

ဟန်ရှင်းယန်လည်း သူမကိုတွေ့ချိန်တစ်မူထူးစွာခံ စားလိုက်ရသည်။ မူလက သူ ဒီနေ့လာရတဲ့အ ကြောင်းရင်းက စာချုပ်တစ်ခုနဲ့ပက်သက်လို့ဆွေး နွေးဖို့ဖြစ်‌‌ပေမယ့် ဆွေးနွေးပြီးနောက်မှာ မနေ့က အကြောင်းစဉ်းစားပြီးနောက် ရှန်ချူးချူး၏အခြေ အနေကို သာမန်ကာလျံကာပြောပြခဲ့သည်။

 

သူလုံး၀မထင်ထားးခဲ့တာက ဆွေးနွေးပြီးနောက် သူမနဲ့လာဆုံနေမယ်လို့ပေါ့။ ဒါကြီးက တိုက်ဆိုင်လွန်းအားကြီး‌နေတာ မဟုတ်ဘူးလား ??

 

ဟန်ရှင်းယန်နှင့် ရှန်ချူးချူးတို့ ဒီနေ့ မတော်တဆဆုံတွေ့မှုသည် တကယ့်ကိုတိုက်ဆိုင်မှုကြီးတစ်ခုပင်။ သို့သော် နံ‌ဘေးရှိလူများကတော့သည်လိုမခံစားမိကြချေ။ တိတိကျကျပြောရရင် ရှန်ချူးချူးအားကုမ္ပဏီသို့ ဟန်ရှင်းယန်ခေါ်‌ဖို့လုပ်တာကိုတွေ့ခဲ့ရတဲ့ အထက်လူကြီးနှစ်ယောက်ပေါ့

 

အမှုဆောင်ယွမ်တစ်ယောက် ရှန်ချူးချူး၏မျိုးရိုးနာမည်ကိုကြားပြီးနောက် ခုလေးတင် ဘာဖြစ်သွားခဲ့တယ်ဆိုတာသိလိုက်ပြီး ချက်ချင်းတွေးမိလိုက်သည်။

 

 

"ဒါ CEO ဟန် ခုလေးတင်ပြောနေတဲ့ မစ်ရှန်းပဲဖြစ်ရမယ် ဟုတ်တယ်မလား ?"

 

ဟန်ရှင်းယန်က ရှန်းချူးချူးကိုလှမ်းကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

 

"ဟုတ်ပါတယ် ဒါက မစ်ရှန်းပါ"

 

အမှုဆောင်ယွမ်က ပြုံးလိုက်ရင်း

 

"မစ်ရှန်းက CEOဟန် ညွှန်းထားတဲ့အတိုင်း တကယ်ကြည့်ကောင်းတာပဲ...ဒါ လုံး၀ပြဿနာရှိမှာမဟုတ်ဘူး... ခုကစပြီး မင်းက ချီလီလက်အောက်မှာနေရမယ်...ချီလီ!! "

 

ချန်ချီလီ ချက်ချင်းပဲရှေ့ထွက်လာပြီး ရှန်ချူးချူးကိုမြင်သည့်ခနမှာ မျက်ခုံးပင့်မိသွားသည်။

 

"မစ်ရှန်း..ဘယ်လောက်တိုက်ဆိုင်လိုက်လဲ...ရှင်နဲ့ထပ်တွေ့ရပြန်ပြီ..."

 

 

၀မ်ချမ့်သည် လူတိုင်းရောက်လာချိန်မှာ ရှန်းချူးချူးနောက်မှာ ရပ်နေတာဖြစ်ပေမယ့် ချီလီက သူမအားချက်ချင်းသတိမထားမိပေ။ တကယ်တော့ သည်လက်ထောက်ငယ်လေးကို သူမမေ့နေခဲ့ကြာလှပေါ့...

 

အမှုဆောင်ယွမ် ထိုစကားကို‌ကြားတော့ သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။

 

"အိုး...မင်းတို့ အရင်က တွေ့ဖူးတယ် ? ကြည့်ရတာ မစ်ရှန်းရဲ့ ဂုဏ်သတင်းက CEOဟန်ပြောခဲ့သလို မဟုတ်လောက်ဘူးထင်တယ်...ကြည့်ပါလားကျွန်တော်တို့ရဲ့ ဒါရိုက်တာတောင် သူမကိုသိနေတာ...CEO ဟန် ခင်ဗျားက အရမ်းနှိမ့်ချတတ်တာပဲဗျာ..."

 

ချန်ချီလီတစ်ယောက် နှစ်ပေါင်းများစွာ ထိုလောကထဲကျင်လည်လာသူဖြစ်သည့် အားလျော်စွာဘာပြောရမည်ကိုသိသူဖြစ်သည်။ သူမ ပြုံးပြီးပြန်ဖြေလိုက်သည်။

 

"ကျွန်မ မစ်ရှန်းကြော်ငြာရိုက်နေတုန်းက တွေ့ပြီး သိတာ...အဲ့တည်းက မစ်ရှန်းမှာပုံရိပ်ကောင်းရှိတယ်ဆိုတာ ကျမခံစားမိခဲ့တာ... နောက်ကျမ မစ်ရှန်းနဲ့ ဗဟိုကုန်တိုက်မှာထပ်ဆုံတော့ သူများ တျန်းတိ Media ကိုလာချင်မလားလို့သွားမေးခဲ့သေးတယ်။ မမျှော်လင့်ဘဲ အဲဒီတုန်းက မစ်ရှန်းစာချုပ်ချုပ်ထားပြီးသားဖြစ်နေခဲ့လို့ မခေါ်နိုင်ခဲ့တာ၊ ကျမမှာ မစ်ရှန်းစာချုပ်ဖျက်သိမ်းပြီးမယ့်နေ့ကို စောင့်နေခဲ့ရတာ၊ မစ်ရှန်း ဒီတစ်ခေါက်တော့ ရှင် ကျမကိုမငြင်းရဘူးနော်"

 

ထိုအချိန်မှာ အားလုံး၏နှူတ်ဖျားထက်မေးချင်နေခဲ့သည်မှာ မစ်ရှန်းက တကယ်ပဲဘယ်သူများပါလိမ့်?

 

မရင်းနှီတဲ့ လူတစ်စုနှင့် မျက်နှာချင်းဆိုင်နေရသည့် အတွက် ရှန်ချူးချူးတစ်ယောက် သူမ သိတဲ့အ တွင်းရေးမှူး၀မ်အား အကူအညီရလိုရငြားလှမ်းကြည့်လိုက်သည်။ အတွင်းရေးမှူး၀မ်မှ သူမကို စိတ်‌ အေးအေးထားဖို့ မျက်လုံးနဲ့အရိပ်ပြရင်းခေါင်းငြိမ့်ပြလာတာမြင်မှပဲ သူမ စိတ်သက်သာရာရသွားတော့ သည်။ ဘယ်လိုအကြောင်းကြောင့် ခုလိုရလဒ်မျိုးဖြစ်လာရငည်ကို သူမ စိတ်ထဲမရှင်းသေးသော် လည်း တျန်းတိ Media က သူမနှင့် စာချုပ်ချုပ်ဆို လိုကြောင်းနားလည်လိုက်သည်။

 

တျန်းတိ Media သည် မိန်ကျာ့ Entertainment နှင့်ကွဲပြားမှုရှိသည်။ အဘယ်ကောင့်ဆိုသော် ဖျော် ဖြေရေးနယ်ပယ်တွင် မိန်ကျာ့ Entertainment သည် အလယ်အလတ်တန်းစားကုမ္ပဏီတစ်ခုသာ ဖြစ်သော်လည်း တျန်းတိ Media မှာထိပ်တန်းထဲတစ်ခုဖြစ်သည်။ အကြောင်းတိုက်ဆိုင်၍သာ မိန်ကျာ့ Entertainment သို့ရောက်ခဲ့သော်လည်း   တျန်းတိ Media သို့ ၀င်နိုင်ခြင်းမှာမူ သူမ အလွန်ကံကောင်းသောကြောင့်သာဖြစ်သည်။

 

ဟန်ရှင်းယောင်တစ်ယောက် ရှန်ချူးချူး၏အမူအ ရာကိုမြင်ခဲ့ပြီး တိတ်ဆိတ်မိသွားသည်။ ရှန်ချူးချူး၏အကြည့်က ရုတ်တရက်ဆိုသလို ဟန်ရှင်းယန်ဆီရောက်လာသောကြောင့်ပင်။ အမှန်ပြောရရင် သည်အချိန်မှာ ရှန်ချူးချူး ဘာတွေးနေလဲဆိုတာ ဟန်ရှင်းယန်တကယ်မသိတာပေ။ မူလက သူ ရှန်ချူးချူးကိုပြောပြပြီး အဖြေသိရမှ တျန်းတိ Media ကိုအကြောင်းပြန်ချင်ခဲ့သည်။ အကယ်၍   ရှန်းချူးချူးက ပူးပေါင်းချင်တယ်ဆိုပါက အဆင် ပြေသွားမည်ဖြစ်ပြီး သူမ သာစိတ်မ၀င်စားရင် ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေလိုက်မည်ပင်။

 

ဒါပေမယ့် ဘာကြောင့် ဒီနေ့မှ ရှန်ချူးချူးသည်ကိုရောက်နေရသလဲဆိုတာ သူတွေးကြည့်လို့မရသလို သူမအားကြိုပြောပြဖို့လည်း အခွင့်အရေးမရခဲ့ပေ။

 

အားလုံးရဲ့ရှေ့မှာပင် ဟန်ရှင်းယန် အမှုဆောင်ယွမ်ဖက်မျက်နှာမူရင်းပြောလိုက်သည်။

 

"ကျေးဇူးပြုပြီး တစ်ဆိတ်လောက်စိတ်မရှိပါနဲ့ကျွန်တော်  မစ်ရှန်းနဲ့ ခနလောက်စကားပြောချင်လို့ပါ..."

 

"ကိစ္စမရှိပါဘူး CEO ဟန်.."

 

ဟောခန်းမကြီး၏ထောင့်တစ်နေရာတွင် ဟန်ရှင်းယန်တစ်ယောက်ရှင်းပြလိုက်သည်။

 

"မစ်ရှန်း ဒီနေ့ ကိုယ် တျန်းတိ Media ကိုစာချုပ်ကိစ္စတစ်ခုရှိလို့လာတာ မမျှော်လင့်ဘဲ မနေ့က မင်းစာချုပ်ဖျက်သိမ်းထားတာကို သတိရသွားလို့ အမှု ဆောင်ယွမ်ဆီ မင်းကိုညွှန်းပေးလိုက်တာ၊ မင်းနဲ့ ဒီမှာလာဆုံလိမ့်မယ်လို့ ကိုယ် မမျှော်လင့်ထားဘူး၊မင်းကို ကြိုပြီးခွင့်မတောင်းမိလို့ ကိုယ့်ကို ခွင့်လွှတ်ပါ...."

 

ရှန်ချူးချူးတစ်ယောက် ဟန်ရှင်းယန်၏ သူ့အပေါ် ယံပုံစံအောက်မှာနွေးထွေးသည့် နှလုံးသားတစ်စုံရှိကြောင်း နောက်တဖန်ထပ်ဆုံပြီးနောက် ထိုအရာနှင့် ရင်းနှီးမှုရှိသည်ကိုလည်းထပ်မံခံစားလိုက်မိသည်။

 

"CEO ဟန်...ရှင်က အရမ်းကြင်နာတတ်တာပဲ။   တျန်းတိ Media က  ကျမ ပူးပေါင်းချင်တယ်ဆိုတိုင်းရတဲ့ကုမ္ပဏီမျိုးမဟုတ်ဘူးလေ...ကျေးဇူးပြုပြီး မရီလိုက်ပါနဲ့...ကျမ ဒီနေ့ ဒီကိုလာပြီး ကံစမ်းရုံသပ်သပ်ပဲ...ပြီးခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာချန်းနဲ့တွေ့ခဲ့တာသေးတယ် သူနဲ့ထပ်တွေ့ပြီး သူ ကျမကို လိုချင်သေးလား လာမေးချင်ရုံတင်ရယ်၊ ရလဒ်က တော့ ရှင် မြင်တဲ့အတိုင်းပဲလေ.. တစ်နာရီကျော် ကျော်စောင့်ပြီးတာတောင် ကံမကောင်းခဲ့ဘူး..."

 

 

ရှန်ချူးချူးပြောရင်းနဲ့ သူမကိုယ် သူမ လှောင်ရယ်လိုက်သည်။

 

"ဒီ့အတွက် ရှင့်ကို တကယ်ကျေးဇူးတင်ဖို့လိုတယ်ရှင်သာ ရှိမနေဘူးဆိုရင် ကျမ တျန်းတိ Media နဲ့ လက်တွဲဖို့ဆိုတာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး..."

 

ထိုစကားကြားပြီးမှပဲ ဟန်ရှင်းယန်တစ်ယောက် စိတ်သက်သာရာရသွားတော့သည်။

 

"တော်သေးတာပေါ့ ကိုယ် မင်းကိုစိတ်အနှောင့်အ ယှက်ဖြစ်အောင် မလုပ်မိလို့..."

 

"ဘယ်လိုလုပ်ဖြစ်မှာလဲ...ဒါ ကျမ ကံကောင်းတာပဲဟာ..."

 

ဟန်ရှင်းယန် စကားအပြန်အလှန်‌ ပြောဆိုကြပြီးနောက်မှာ ရှန်ချူးချူးကိုကြည့်၍ခေါင်းငြိမ့်ပြခဲ့သည်။

 

ဟန်ရှင်းယန်၏အကြည့်ကြောင့် ရှန်ချူးချူး၏ မျက်နှာလေး ‌မဆိုသလောက်ရဲလာခဲ့သည်။ သူမ သူ့ခေါင်းပေါ်က ပန်းရောင်အသဲပုံလေးကိုကြည်းရင်း အာရုံကအဲဒီဖက်ရောက်သွားခဲ့သည်။

 

"CEO ဟန်...ရှင်တစ်ကယ်ပဲ ရှင့်ရဲ့ အနာဂတ်လက် တွဲဖော်က ဘယ်သူလဲဆိုတာ မသိချင်ဘူးလားဟင် ?”