Ch 24
Viewers 4k

🧶 Chapter 24

 

 

 

ရှန်ချူးချူး သူ့အား ထိုမေးခွန်းမေးလာသည်မှာ နှစ်ကြိမ်မြောက်ရှိပြီဖြစ်သည်။ သူခေတ္တ‌ခန့်တွေဝေနေမိပြီး ပြန်ဖြေလိုက်သည်။

 

"ဟင့်အင်း "

 

ရှန်ချူးချူး ပိစိလေးစိတ်ပျက်သွားမိသည်။ သူမ အတွင်းရေးမှူး၀မ်ဖက် လှည့်ကာမေးလိုက်သည်။

 

"အတွင်းရေးမှူး၀မ်...ရှင်ကော...မသိချင်ဘူးလား ?"

 

အတွင်းရေးမှူး၀မ် ပြန်ဖြေတော့မည့်အချိန်တွင် သူ့ Boss ၏အကြည့်ကိုသတိထားမိသွားပြီး ချက်ချင်းပြုံးလိုက်ကာ အလျဉ်းသင့်စွာပြန်ဖြေလိုက်သည်။

 

" ဟင့်အင်း "

 

ရှန်ချူးချူး ယခုမူ ပိုလို့တောင်စိတ်ပျက်သွားမိ သည်။ လက်ရှိအချိန် သူမ ပြန်ပေးဆပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဟန်ရှင်းယန်၏အိမ် ထောင်ရေးစနစ်ကိုကြည့်ကာပြောပြခြင်းဖြစ်သည်။ သို့သော် တဖက်လူသည် လုံး၀စိတ်မ၀င်စားနေချေ။ အာ..ဒါဆိုလဲ ရှိစေတော့၊ သူမ အတင်းအကြပ်လုပ်လို့ရတဲ့ကိစ္စမှမဟုတ်တာ။

 

သူတို့ပြောဆိုပြီးနောက် ပြန်လျှောက်လာခဲ့ကြသည်။

 

ရှန်ချူးချူးအပြုံးလေးဖြင့် ချန်းချီလီဆီလက်ကမ်းလိုက်သည်။

 

"ဒါရိုက်တာချန်အသိအမှတ်ပြုပေးလို့ ကျေးဇူး တင်ပါတယ်၊ အနာဂတ်မှာ ရှင်နဲ့အတူလက်တွဲလုပ်ရမှာ တကယ့်၀မ်းသာမိပါတယ်"

 

ထိုအခြင်းအရာကို အမှုဆောင်ယွမ်တွေ့ပြီးနောက် အပြုံးဖြင့်ဖြည့်စွက်ပြောလိုက်သည်။

 

"ကြည့်ရတာတော့ CEO ဟန်က ကျွန်တော်တို့ကို  နာမည်ကြီးအနုပညာရှင်‌လောင်းတစ်‌ယောက်နဲ့ မိတ်ဆက်ပေးခဲ့ပုံပဲ။ á€†á€­á€Żá€á€ąá€Źá€ˇ အနာဂတ်မှာသာ မစ်ရှန်းတစ်ယောက် အကြီးစားကြယ်ပွင့်တစ်ပွင့်ဖြစ်အောင် လုပ်နိုင်ခဲ့ရင် CEO ဟန်ကို ချက်ချင်းကျေးဇူးတင်ရမယ့် အဓိပ္ပာယ်ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဒါရိုက်တာချန်းက သူမကိုအရင်တွေ့ခဲ့တာ ရှင်းနေတာပဲလေ။"

 

ချန်းချီလီကလည်း သဘောတူစွာဖြင့် ၀င်‌ပြောလိုက်သည်။

 

"ဒါတော့မှန်တယ်၊ CEOဟန် á€›á€žá€„်ဥမသုဆ္ဏင်ယွမ်ကို ကျေးဇူးကြွေးတင်ခွင့် မ‌ပေးသင့်ဘူးနော်"

 

သူတို့ အချိန်အနည်းငယ်ထပ်ပြီး စကားပြောဆိုကြရင်းနောက်သုံးရက်အကြာမှာ စာချုပ်လက်မှတ်ထိုးဖို့ဆုံးဖြတ်လိုက်ကြသည်။

 

အိမ်သို့ပြန်ရောက်ပြီးနောက် ရှန်ချူးချူးအိမ်ပြောင်းဖို့ထပ်ပြီးအလျင်လိုမနေတော့ပေ။ တျန်းတိ Media လိုကုမ္ပဏီကြီးများသည် á€•ုလမသန်ဥဏးဖဟငအ်  ၎င်းတို့၏အနုပညာရှင်များအား ငှားရမ်းပေးထားသည့် တိုက်ခန်းများတွင် နေရာထိုင်ခင်းစီစဉ်ပေးလိမ့် မည်။ ထိုနေရာတွင်ဆိုပါက စီမံခန့်ခွဲမှုကောင်းသလို အနှောင့်အယှက်လဲကင်းလိမ့်မည်ပင်။

 

နောက်နှစ်ရက်ကြာအထိ ရှန်းချူးချူးအနားမယူခဲ့ချေ။ သူမ အင်တာနက်ပေါ်မှ ဂန္တ၀င်ရုပ်ရှင်များကိုဆက်တိုက်ရှာဖွေနေခဲ့သည်။  လေ့လာသင်ယူဖို့အ တွက် သူမ တိတ်တိတ်လေးသုံးတဲ့ သူမ၏ကိုယ်ပိုင်နည်းလမ်းပင်။

 

ထို့နောက် သူမအချိန်တစ်ခုရအောင်ယူပြီး Han Group သို့သွားရောက်ကာ အတွင်းရေးမှူး၀မ်ကိုရှာ၍ဟန်ရှင်းယန်ဆီသို့ စာအိတ်တစ်လုံးပို့ခိုင်း လိုက်သည်။

 

မနက်ဖြန်တျန်းတိ Media နှင့် လက်မှန်ထိုးရမည်ဖြစ်ရာ ရှန်ချူးချူးစိတ်လှုပ်ရှားနေမိသည်။ ထို့ နောက်မအိပ်ခင် System ထဲ၀င်ကြည့်ခဲ့သည်။ ၀င်ကြည့်ပြီးနောက် သူမ ဝေခွဲမရဖြစ်သွားခဲ့သည်။ သူမ အာရုံတွေပဲ လှည့်စားမိနေတာလား ဒါမှမဟုတ် သူများ မှတ်ထားတာမှားနေသလားပေါ့။ သူမ ရှင်း ရှင်းလင်းလင်းမှတ်မိနေတာ မနေ့ကအထိ သူမ၏ သရုပ်ဆောင်စံနှုန်းရမှတ်သည် 31 သာရှိသေးသည်။ ဘယ်လိုဖြစ်ပြီး ဒီနေ့ 32 ကိုရောက်သွားရတာပါလိမ့်။

 

သည်ဟာက နည်းနည်းတော့သံသယ၀င်စရာကောင်းနေပြန်သည်။ သူမ၏အတွေ့အကြုံရမှတ်တွေကို သေသေချာချာစစ်ဆေးထားခဲ့ပြီး ဘာ‌အ ပြောင်းအလဲမှမရှိခဲ့ပေ။ သူ တကယ်ပဲအမြင်မှားနေတာလား ? ရှန်ချူးချူး ဒါကလွဲပြီး အခြားအဖြေမရှိပေ။ ပြီးခဲ့တဲ့ရက်တွေမှာ သူမအကြောင်းအရာမျိုးစုံတွေးတောနေခဲ့တာကြောင့် သူမ၏ဦးနှောက်က ကောင်းစွာအလုပ်မလုပ်တော့တာဖြစ်နိုင်သည်။

 

***

 

လက်တွေ့တွင် ရှန်ချူးချူးတွေးတောထားခဲ့သလိုပင် တျန်းတိMediaက သူတို့၏အနုပညာရှင်များအတွက် တိုက်ခန်းများငှားရမ်းထားသည်။ ပုံမှန်အတိုင်းသာဆို ရှန်ချူးချူးတစ်ယောက် မျက်နှာ သစ်ကလေးများနှင့် အတူတူမျှပြီးနေရပေမည်။သို့သော် ဟန်ရှင်းယန်၏အရှိန်အဝါဖြင့် မည်သူမှ သူမအား မလေးမစားမလုပ်ရဲဘဲ တစ်ယောက်ခန်းတစ်ခုကိုစီစဉ်ပေးခဲ့သည်။

 

သူမ လတိုင်းငှားရမ်းခအတွက် ငွေနှစ်ထောင်ခန့် ချွေတာနိုင်လိမ့်မည်။ ဒါပေါ့ ရှန်းချူးချူး အရမ်းကိုကျေနပ်နေမိသည်ပင်။

 

တျန်းတိ Media သို့၀င်ရောက်ပြီးမှသာ ဖျော်ဖြေရေးနယ်ပယ်ထဲ မျက်နှာသစ်တစ်ဦးပွဲဦးထွက်ဖို့ရာ အည်သို့မှန်မှန်ကန်ကန်ပြင်ဆင်ရမည်ဆိုတာကို ရှန်ချူးချူး နောက်ဆုံးတော့သိလာခဲ့သည်။ မိန်ကျာ့ Entertainment တွင်ရှိစဉ်က သူမကိုဆက်ဆံခံရပုံမှာမည်သည့်လေ့ကျင့်ရေးသင်တန်းမှ မရှိဘဲလွတ် လပ်လပ်လပ်ပျိုးထောင်ထားပုံနှင့်တူသည်။ သူတိုလုပ်‌ပေးတာဆိုလို့ ကံနှင့် စနစ်ပေါ်မူတည်သည့် နည်းလမ်းမျှသာ။

 

ယခု တျန်းတိ Media တွင် ချန်းချီလီသည် သူမအားသင်တန်းအချိန်ဇယား အရှည်ကြီးပေးထားခဲ့သည်။ ကိုယ်ကာယအလှသင်တန်း၊ ဒိုင်ယာလော့သင်တန်း၊ အကသင်တန်းစသည်ဖြင့် အစုံပင်။ ဒါကြောင့်ပြောရမည်ဆိုပါက နောက်သုံးလအတွင်း သူမ လုပ်ရမည့်အချိန်ဇယားမှာအပြည့်ပင်။ ရှန်ချူးချူးစိတ်ကူးထားသလို TVshow နှင့် ရုပ်ရှင်များထဲမပါ၀င်နိုင်သေးသလို ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်းမလုပ်ဆောင်နိုင်သေးပေ။

 

 

ရှန်ချူးချူးတစ်ယောက် ကုမ္ပဏီ၏အစီအစဉ်အတိုင်းသွားဖို့အတွက် အရမ်းကိုမှအဆင်သင့်ဖြစ်နေခဲ့သည်။

 

အမှန်တော့ ချန်းချီလီသည် ရှန်းချူးချူးအတွက် ဘယ်လိုစီစဉ်ပေးရမှန်းမသိဖြစ်နေခဲ့ခြင်းပင်။ ‌အရင် ရှန်ချူးချူးကို သူမမျက်စိကျမိကတည်းက  သူမကိုလူကြိုက်အများဆုံးသော အနုပညာရှင်တစ်ယောက်အဖြစ်ပြောင်းလဲပေးရန် ခေါင်းထဲနည်းလမ်းပေါင်းတစ်ရာလောက်စဉ်းစားမိပြီးသားဖြစ် သည်။ သို့ပေမယ့်လည်း ဟန်ရှင်းယန်နှင့် ဆက်နွယ်နေမှုကြောင့် ရှန်ချူးချူးအားဆက်ဆံရာမှာ  သူမအတွေးတွေကိုပြောင်းလဲပစ်ရတော့မည်။

 

အကယ်၍ ရှန်ချူးချူးထံ ဟန်ရှင်းယန်ရဲ့နောင်ခံသာမရှိပါက ပုံမှန်အတိုင်းအကျိုးအမြတ်ရဖို့အသုံး ချလိုက်ချင်သည်။ သူမကိုတနည်းနည်းနဲ့ အသုံးချပြီး ကုမ္ပဏီအတွက်ကော သူမအတွက်ပါ ပိုက်ဆံအများကြီးရှာလို့ရသည်။ အကယ်၍ လူကြိုက်အ များဆုံး အနုပညာရှင်ဖြစ်လာခြင်းက နည်းလမ်းတစ်ခုဆိုလျင် သူမရှန်ချူးချူးကိုထောက်ခံသူများသည့် အနုပညာရှင်ဖြစ်ခွင့်ပေးလိုက်ရုံသာ။

 

သို့သော် လောလောဆယ် ရှန်းချူးချူး သူ့ဘာသာ တိုးတက်လာအောင်လုပ်ဖို့သာစဉ်းစားပေးနိုင်သည်။ လူသိများသည့် အနုပညာပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ ရေရှည်အတွက်ဖြေရှင်းချက်တစ်ခုမဟုတ်ပေ။ သည်အနုပညာလောကမှာ အသက်မွေး၀မ်းကြောင်းအတွက်နေလိုသူများသာ အကန့်အသတ်မထားဘဲရုပ်ရှင်ရိုက်ကြမည်ပင်။ သို့သော်အမှန်တ ကယ်သရုပ်‌ဆောင်ဖြစ်ချင်သူများသည် ဖြတ်လမ်းလိုက်ပြီး ထိုသို့လုပ်ကြမည်မဟုတ်ပေ။ ထိုလမ်း ကြောင်းကိုမလျှောက်နိုင်ခြင်းမဟုတ်ဘဲ အဲ့သလိုလူမျိုးမဖြစ်ချင်ကြခြင်းသာ။ ‌၎င်းတို့သည် ၎င်းတို့ ၏ကိုယ်ပိုင်ကျော်ကြားမှုမြှင့်တင်ဖို့ရာ သရုပ်ဆောင်ခြင်းမဟုတ်ပဲနဲ့ ကိုယ့်အကြောင်းကိုယ်ပြောပြီးပေါ် ပင်လိုက်ကာ ပရိတ်သတ်ကိုအသုံးချရသည့် အကြံ အစည်မျိုးကိုလက်မခံကြချေ။

 

သရုပ်ဆောင်ဆိုတာ သူတို့ရဲ့အလုပ်ပေါ်ကိုမှီခိုနေရဦးမှာပဲ...

 

ထပ်ပေါင်းပြောရမည်ဆိုပါက ရှန်ချူးချူးနှင့်အချိန် တချို့ဆက်သွယ်ပြီးနောက်မှာ သူမ၏ ပင်ကိုစရိုက်ကို á€á€ťá€”á€şá€¸á€á€ťá€Žá€œá€Žá€›á€­á€•á€şá€™á€­á€”á€ąá€•á€źá€Žá€–á€źá€…á€şá€žá€Šá€şá‹ ဖြစ်နိုင်တာ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့လမ်း ကြောင်းဆိုတာ သူမနဲ့ အလုပ်ဖြစ်မည်မဟုတ်ပေ။

 

တိုတိုပြောရရင် ရှန်ချူးချူးအား သင်တန်းအချို့ အရင်တက်စေပြီးမှ သူမ၏ဖြစ်နိုင်ချေတွေကိုတူး ဆွကြည့်ချင်သည်။ သုံးလလောက်ကြာပြီးမှသာ  သူမ ကောက်ချက်ချနိုင်မှာပါ။ ရှန်ချူးချူး ဘယ်လမ်းကြောင်းကိုလျှောက်သင့်ကြောင်းကို ဆုံးဖြတ်ဖို့ကိုပေါ့။

 

သို့သော် ရှန်ချူးချူးတစ်ခွန်းမှမပြောပဲလက်ခံလိုက်မည်ဟု သူ မမျှော်လင့်မထားမိချေ။ အခုလိုနောက်ခံရှိသော မျက်နှာသစ်များဟာ ယခုလိုစီစဉ်မှုမျိုးကို လက်ခံမည်မဟုတ်သလို ယုယွီထင်းပင် လက်မခံခဲ့ချေ။

 

 

သည်လိုနဲ့ ချန်းချီလီ သူမအတွေးရေယာဉ်ကြောကြီးကို ရုတ်သိမ်းလိုက်ပြီးမေးလိုက်သည်။

 

"ငါဘာလို့ ဒီလိုလုပ်တာလဲဆိုတာ မမေးတော့ဘူးလား ? မင်းက Han Groupနဲ့ ကြော်ငြာတောင်ရိုက်ပြီးသွားဆိုတော့ မင်းမှာစမှတ်ရှိနေပြီလေ။  တကယ်လို့ မင်းသင်တန်းတွေထပ်ပြီးတက်နေရင် မင်းရဲ့ကျော်ကြားမှုကျသွားလိမ့်မယ်လို့ မတွေးမိဘူးလား ?"

 

ရှန်ချူးချူး ပြုံးရင်းဖြေလိုက်သည်။

 

"ရှင်အဲလိုထင်တာလား? ရိုးရိုးသားသားပြောရရင် ရှင့်ဖက်က ဒီလိုသင်တန်း‌တွေမစီစဉ်ထားရင်တောင် ကျမက သင်တန်းတစ်ချို့နဲ့ မိတ်ဆက်ပေးဖို့ မေးမလို့ပဲ။ ကျမရဲ့လက်ရှိအခြေအနေ အဆင့်အတန်းကို ကျမ ကောင်းကောင်းသိပါတယ်။ ကျမက သရုပ်‌ ဆောင်မျိုးရိုးကလာတဲ့သူတစ်ဦးမဟုတ်တာမို့ ကျမရဲ့သရုပ်ဆောင်နိုင်မှုကပြောဖို့ခက်တယ်။ သင်တန်းများများတက်တာက ကျမအတွက် ပိုပြီးအကျိုးရှိမှာပါ။။ ရှင် ကျမကိုတန်ဖိုးထားလို့သာ ကျမကို အခြေခံကောင်းအောင် သင်ယူစေချင်တာပဲလေ"

 

ချန်းချီလီတစ်ယောက် ရှန်ချူးချူးအဖြေကိုအလွန် ကျေနပ်သွားသည်။

 

"ဟုတ်တယ်၊ မင်းနားလည်တာ ကောင်းတယ် ငါလဲရှင်းပြဖို့အချိန်မကုန်တော့ဘူးပေါ့ "

 

သည်လိုနဲ့ပဲ ရှန်ချူးချူးတစ်ယောက် တျန်းတိ Media၏တရား၀င်စာချုပ်ချုပ်ထားသောအနုပညာ ရှင်တစ်ယောက်ဖြစ်လာခဲ့သည်။လော‌လောဆယ်မှာ သင်တန်းသူတစ်ယောင်အဖြစ်သာရှိသေးသော် လည်း သည်လူနေမှုဘ၀ကို သူမ တော်တော်လေး သဘောကျနေသည်။ သူမ လေ့လာသင်ကြားဖူးပေမယ့် တက္ကသိုလ်မှာ ခုလိုဖိအားမျိုးမရှိပေ။ သူမသည် အနုပညာရှင်တစ်ဦးဖြစ်ပြီး မိန်ကျာ့ Entertainment မှာတုန်းကလိုမျိုး စိုးရိမ်ရတာတွေမရှိတော့ပေ။

 

နေ့စဉ် သူမ ခန်းမ‌ရှေ့ကိုဖြတ်သွားတိုင်း ကျိုးရှောင်းယာက သူမကိုနှုတ်ဆက်ပါလိမ့်မည်။ ထိုနေ့ပြီးက တည်းက သူတို့ တစ်ဦးနှင့်တစ်ဦး ပို၍ရင်းနှီးလာကြသည်။ မကြခဏ ရှန်းချူးချူးက သူမကိုကုမ္ပဏီရဲ့ အတွင်းက ကိစ္စများကိုတီးခေါက်ဖြစ်သည်။

 

တရက်မှာတော့ ကျိုးရှောင်းယာတစ်ယောက် အရင်နဲ့မတူတာကို ရှန်ချူးချူး ရုတ်တရက်ခံစားမိသည်။ ဘာကကွဲပြားနေသလဲဆိုနာ မပြောနိုင်ပေမယ့် သူမမျက်နှာပေါ်ကအပြုံးဟာ လက်ရှိမှာပိုပြီးချိုမြိန်နေသလို့ခံစားရသည်။

 

ရှန်ချူးချူး နှလုံးတစ်ချက်ခုန်သွားပြီး ကျိုးရှောင်းယာ၏အိမ်ထောင်ရေးစနစ်ကိုဖွင့်ကြည့်လိုက်သည်။ ထင်တဲ့အတိုင်းပဲ၊ ကျိုးရှောင်းယာတစ်ယောက် သူမရဲ့အနာဂတ် ခင်ပွန်းနဲ့ တွေ့ဆုံခဲ့ပြီးကြောင်း သူမရဲ့ အိမ်ထောင်ရေးစနစ်ကပြသနေသည်။ သူမထိုအရာကိုမြင်ပြီးနောက် သူမမျက်နှာမှာလည်းပျော်ရွှင်တဲ့အပြုံးတစ်ခုပေါ်လာခဲ့သည်။ သိပ်ကောင်းတာပဲ၊ ကံကြမ္မာကြောင့် နောက်ထပ်အတွဲတစ်တွဲက အတူ ရှိသွားကြပြန်ပြီ။

 

 

သည်ကနေ့ဆို သူမ တျန်းတိ Media ကိုရောက်တာ လ၀က်ရှိသွားပြီဖြစ်သည်။ နေ့အချိန်တွေမှာ သူမသင်တန်းတွေတက်ပြီး ညအချိန်မှာတော့ကံကြမ္မာဟောသည်။ သူမ သရုပ်ဆောင်စွမ်းရည်‌တွေ ထူးထူးခြားခြားတိုးတက်လာသလို ကိစ္စတစ်ခုကိုလည်း ရင်ဆိုင်လာရသည်။

 

လက်ရှိ သူမ၏စနစ်မှာ :

 

လက်ရှိအဆင့် : 14 (24/150)

 

သရုပ်ဆောင်တန်ဖိုး : 35 (100)

 

ကံကြမ္မာတန်ဖိုး : 1 ( 10 )

 

သူမ ခဏလောက်လေ့လာဆန်းစစ်ပြီးနောက် တိုး တက်လာရသည့် အကြောင်းရင်းကိုနားလည်လာသလိုရှိလာသည်။

 

အမှန်တကယ်တော့ပြဿနာက အမြဲတမ်းသူမ အတွေးမှားနေခဲ့တာပင်။ သူမ၏မူလ 19 မှတ်သည် ပုံမှန်ဖြစ်ပြီး ကြော်ငြာနှစ်ခုရိုက်ခြင်းမှစုဆောင်းမိခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏လက်ရှိသရုပ် ဆောင်တန်ဖိုးသည် အောင်သွယ်ခြင်းတစ်ခုထဲမှသာ ရရှိခြင်းမဟုတ်ဘဲ သူမ၏ကိုယ်ပိုင်ကြိုးစားအား ထုတ်မှုကြောင့်လည်းပါသည်။

 

လ၀က်ခန့်သင်တန်းတွေတက်ရုံနဲ့ အမှတ်တွေတိုးလာတာကိုကြည့်ကာ á€Ąá€­á€™á€şá€á€˝á€„á€şá€”á€žá€…á€şá€œá€á€”á€ˇá€şá€Ąá€á€ťá€­á€”á€şá€–á€źá€Żá€”á€şá€¸á€á€˛á€ˇá€á€źá€„á€şá€¸á€•á€„á€ş အမှတ်တစ်မှတ်ရခဲ့သည်နှင့် နှိုင်းယှဉ်ကြည့်ရင်း သူမ တော်တော်လေးမိုက်မဲခဲ့တာပဲဟု ရုတ်တရက်ခံစားလိုက်ရသည်။

 

ဘာပဲဖြစ်ဖြစ် သူမ စနစ်ရဲ့လုပ်ဆောင်ပုံကိုရှင်းရှင်း လင်းလင်းသိလိုက်ရလို့ စိတ်အေးသွားသလို ခံစားရသည်။ မူလက အတွေ့အကြုံတစ်ခုချင်းစီအတွက် အမှတ်တစ်မှတ်တိုးမည်ဆိုပါက သရုပ်‌ဆောင်စွမ်းရည်အတွက်စိတ်တောင်ပူရမည့်ပုံပင်။ နေ့တိုင်း သူမ လုပ်နိုင်တဲ့အောင်သွယ်မှုသည် နှစ်ခုသုံးခုမျှသာရှိရာ 12 မှတ်လောက်သာတိုးနိုင်သည်။

 

သို့သော် အဆင့်တိုင်းသည် အတွေ့အကြုံရမှတ်များလိုအပ်ပြီး နှစ်အလိုက်တိုးလာမည်ဖြစ်သည်။ ရှန်းချူးချူးတွက်ချက်ကြည့်ပြီးနောက် သရုပ်တောင်စွမ်းရည် 60 ထိရောက်ဖို့ဆိုပါက အချိန်နှစ်နှစ်ခန့်လိုလိမ့်မည်။ အမှတ် 80 အတွက်ခြောက်နှစ်လိုအပ်ပြီး 100 ပြည့်ဖို့ဆို ထိုထက်မကအချိန်လိုမည်ပင်။

 

အကယ်၍ လက်ရှိအစီအစဉ်အတိုင်းသွားခဲ့ရင် သူမ အလှပန်းအိုးတစ်လုံးဖြစ်ဖို့ အချိန်နှစ်နှစ်လောက် တောင့်ခံဖို့လိုသည်။ ထပ်ပေါင်းပြောရရင် အချိန်တိုအတွင်း သူမ၏သရုပ်ဆောင်စွမ်းရည်အစစ်အမှန်နှင့် သရုပ်ဆောင်မှုကို ပေါင်းစပ်ဖို့သာလိုသည်။

 

အကယ်၍ သင်ယူရင်းနဲ့အမှတ်ရနိုင်တယ်ဆိုပါက သူမအတွက် ပိုလို့ပင်လွယ်ကူသေးသည်။ သည်ဟာကအလုပ်နှစ်ခုကို တစ်ပြိုင်တည်းပြီးနိုင်တာမျိုးမဟုတ်ပါလား ? သူမ အောင်သွယ်လုပ်နိုင်သလို သင်ယူလေ့လာရင်းနဲ့လည်း သရုပ်စွမ်းရည်တိုးအောင်လုပ်နိုင်ပြီဖြစ်သည်။

 

သည်လိုသက်ရောက်မှုမျိုးက အတော်လေးသိသာလှသည်။

 

တစ်လခန့်အကြာမှာတော့ ရှန်ချူးချူးအပေါ်သိပ်အမြင်ကောင်းမရှိတဲ့ သရုပ်ဆောင်သင်တန်းဆရာသည် ချန်းချီလီဆီ သူမရဲ့တိုးတက်မှုတွေပြောရင်း ချီးမွမ်းနေခဲ့သည်။

 

"ပထမဆုံးအကြိမ် ငါ သုံးသပ်ချက်အမှားလုပ်ခဲ့မိတယ်လို့ပဲပြောရမယ်။ ရှန်ချူးချူးက အခြေခံမရှိပေမယ့် သူ့ရဲ့တိုးတက်မှုက အရမ်းမြန်လွန်းတယ်"

 

ချန်းချီလီ သိချင်စိတ်ဖြင့်မေးလိုက်သည်။

 

"အိုး တကယ်လား ? အစက ရှင်ပြောတော့ သူ့ရဲ့အခြေခံကဆိုးလွန်းတယ် သရုပ်ဆောင်တာလည်း နှေးတယ် ဒါကြောင့် လူသိများတဲ့အလှပြပန်းအိုးဖြစ်ဖို့လမ်းကြောင်းပဲ လျှောက်နိုင်လိမ့်မယ်ဆို ?"

 

သရုပ်ဆောင်သင်တန်းဆရာက ပြန်ဖြေခဲ့သည်။

 

"ဟုတ်တယ် အရင်က ငါ အဲ့လို‌‌ပြောခဲ့တယ်။ ဒါပေမယ့် အလှပန်းအိုး‌တွေမှာလည်း နှစ်မျိုးရှိတယ်လေ။ ပထမတစ်မျိုးက အလှပြပန်းအိုးဖြစ်ချင်တာ နောက်တစ်မျိုးက သဘာ၀အတိုင်းအလှပန်းအိုးဖြစ်ပေမယ့် တန်ဖိုးရှိတဲ့ပန်းအိုးအဖြစ် သူတို့ကိုယ်သူတို့ ပြောင်းလဲချင်တာ။ ရှန်ချူးချူးက အဲ့နောက်ကအမျိုးအစားထဲမှာပါတာ ရှင်းနေတာပဲ"

 

ချန်းချီလီ စိတ်ကျေနပ်စွာဖြင့်ခေါင်းငြိမ့်လိုက်သည်။

 

" ဒါဆို သိပ်ကောင်းတယ် "

 

သရုပ်ဆောင်သင်တန်းဆရာ ခဏလောက်ချီတုံချ တုံဖြစ်ပြီးနောက်ပြောလာသည်။

 

"နောက်ဆုံးအနေနဲ့ ငါ သူ့အတွက် တခြားသင်တန်းတစ်ခု ထပ်တိုးပေး‌စေချင်တယ် "

 

ချန်းချီလီ မျက်ခုံးပင့်ရင်း မေးလိုက်သည်။

 

"ဘာကြောင့်လဲ ? မဟုတ်မှလွဲရော သူက အရမ်းပါရမီရှိတဲ့သူများလား ?"