Ch 26
Viewers 4k

🧶 Chapter 26

 

 

 

ရှန်ချူးချူးတစ်ယောက် အနားယူရန်နေရာတွင်ထိုင်ရင်း ထိုကြယ်ပွင့်အနုပညာရှင်အားစိုက်ကြည့်နေခဲ့သည်။

 

ထိုအမျိုးသမီးကြယ်ပွင့်၏အမည်မှာ ချန်းဟောက်ဖြစ်သည်။ ဖျော်ဖြေရေးနယ်ပယ်အတွင်းတွင် TV Drama များရိုက်ကူးရာတွင် သရုပ်ဆောင်ကောင်းလှသည်။ ထို့ပြင် ရုပ်ရှင်နယ်ပယ်၌လည်း ရံဖန်ရံခါ ဇာတ်ရုပ်အမျိုးမျိူနှင့်တွေ့ရလေ့ရှိသည်။ အကယ် ၍ TV စီးရီးတစ်ခုဆိုပါက သူမသည် ခေါင်းဆောင်မင်းသမီးအဖြစ် ကောင်းစွာထိုက်တန်သူဖြစ်သည်။ သို့သော် မာထို၏ရုပ်ရှင်၌မူ အကြိမ်အနည်းငယ်သာပါ၀င်ရမည့် No.3 သရုပ်ဆောင်တစ်ဦးဖြစ်နေလေသည်။

 

သူမသည် ယခုနှစ်တွင် အသက်သုံးဆယ်ထဲရောက်‌ နေပြီဖြစ်ပြီး သူမခင်ပွန်းနှင့်လက်ထပ်ခဲ့သည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်သည်။ သူမ ခင်ပွန်းမှာအဆိုတော်တစ်ဦးဖြစ်ပြီး နှစ်ဦးသားမှာလိုက်ဖက်ညီလှသည်။ ချန်းဟောက်သည် နေ့စဉ်လိုင်းပေါ်၌ သူမယောက်ျားနှင့်ချစ်စရာသားလေးတို့၏ပုံများ ဗီဒီယိုများအမြဲတင်လေ့ရှိသူဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် ဖျော်ဖြေရေးလောကတွင်ကျော်ကြားပြီးဖြစ်ရာ ချစ်စရာစံပြဇနီးမောင်နှံအဖြစ် လူသိများလှသည်။

 

ချန်းချူးချူးသည် သူမ၏သုံးဘက်အအမြင်သည်တနည်းနည်းဖြင့်ပြိုလဲသွားသည်ဟု ခံစားခဲ့ရသည်။သူမ အထက်တန်းကျောင်းသူဘ၀တွင် ထိုစုံတွဲအား အလွန်တရာမှနှစ်သက်ခဲ့လေသည်။ သူတို့နှစ်ဦးသည် ‌အတန်းဖော်ဟောင်းများဖြစ်ကြပြီး လေးနှစ်ကြာပြီးနောက်လက်ထပ်ခဲ့ကြသည်ဟု ပြောကြသည်။ ဘယ်လောက်တောင် အားကျစရာကောင်းလိုက်သလဲ ? ဟိုအရင်တုန်းကဆို သူမတက္ကသိုလ်ဘ၀အားနောင်တရမှာစိုးသဖြင့် ယခုလိုချစ်ကြိုက်ပြီးလက်ထပ်သည့်ကိစ္စမျိုးအား ပြောရန်မသင့်ဟုခံစားခဲ့ရဖူးသည်။

 

ချန်းဟောက်အား အချိန်ကြာကြာကြည့်နေရင်း သူမ ခေါင်းပေါ်မှ ပန်းရောင်အသဲပုံသည် အနီရောင်ကြီးအဖြစ် ပြောင်းမသွားကြောင်းတွေ့လိုက်သည်။ ရှန်းချူးချူးစိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချပြီးနောက် ချန်းယု၏အိမ်ထောင်ရေးစနစ်အားတစ်ချက်စစ်ကြည့်ရန်လိုအပ်ကြောင်း အဆုံးမှာလက်ခံလိုက်တော့သည်။

 

အခြေအနေ 2 : လက်မထပ်ရသေး

 

လက်ထပ်ရန်ရည်ရွယ်ထားသူ : ၀မ့်ကျစ်ချီ ( ဓာတ်ပုံ )

 

လက်ထပ်ရက်စွဲ : January 10, 2019

 

အိမ်ထောင်ရေး ရည်ညွှန်းချက် : ကြယ်လေးပွင့်

 

ကြိုးနီဖြစ်စဉ် : [ ဖွင့် ]

 

၀မ့်ကျစ်ချီ၏ ဓာတ်ပုံကိုကြည့်ပြီးနောက် ရှန်းချူးချူး သည်နာမည်ကိုမကြားဖူးသလို မြင်လည်းမမြင်ဖူးကြောင်းသေချာသွားသည်။ ဒါက ချန်းဟောက် ၏ဒုတိယခင်ပွန်းဖြစ်လိမ့်မည်။ ပုံစံကြည့်ရသည်မှာ အသက်ကြီးကြီး လူကြီးတစ်ယောက်ဖြစ်နေပြီး အပြင်လောကမှ လူတစ်ယောက်ဖြစ်ပုံပေါ်သည်။

 

အောင်ဖက်မှမီးခိုးရောင်ဖြစ်လာသော အခြေအနေ 1 ကိုကြည့်လိုက်သည်။ ချန်းဟောက်နှင့် သူမခင်ပွန်း ယန်ခိုင်တို့ကွာရှင်းပြီးသည်မှာ နှစ်၀က်ခန့်ပင်ရှိပြီကို ကြည့်ပြီး ရှန်းချူးချူးတစ်ယောက်အံ့အားသင့်သွားခဲ့သည်။ ကွာရှင်းပြီးတာ နှစ်၀က်ကျော်နေပြီကို Weibo မှာနေ့တိုင်းချစ်ကြောင်းတွေ ပြနေကြသေး တာက......

 

သည်ဟာရဲ့ရိုက်ခတ်မှုလှိုင်းက တကယ်လုံးဝစိတ် ၀င်စားစရာပါလား ?

 

ရှန်းချူးချူး စိတ်ရှုပ်ထွေးခြင်းကို သည်းညည်းခံလိုက်ပြီး ချန်းဝေ့၏ Weibo ကို ဖွင့်ကြည့်လိုက်သည်။ ချန်းထုံ၏ကွာရှင်းရက်မှာ December 23, 2017 ဖြစ်သည်။ ထိုရက်မှာပင် ချန်းဟောက်က Weibo မှာ ယခုလိုတင်ခဲ့သေးသည်။

 

ချန်းဟောက် V : ဒီနေ့ရာသီဥတု သိပ်ကောင်းတာပဲ ပေါင်ပေါင်နေရောင်ရအောင် အပြင်ထွက်လာခဲ့တယ်။ တစ်ယောက်ကတော့ ဒီမနက်အိပ်ယာထနောက်ကျနေလေရဲ့၊ အဲဒါကြောင့် ငါတို့ပေါင်ပေါင်ခဏတဖြုတ်အပြင်ထွက်ဖို့ ကိစ္စကိုထိခိုက်သွား‌ လေရဲ့... ( ဓာတ်ပုံ ) ( ဓာတ်ပုံ ) ( ဓာတ်ပုံ )

 

Weibo မှာ ဒါကိုဖတ်ပြီးနောက် ရှန်းချူးချူး ရုပ်ရှင်ရိုက်နေသော ချန်းဟောက်ကိုကြည့်ပြီးရင်းကြည့်မိတော့သည်။ သူ့ စိတ်ထဲမှာ စကားလုံးလေးလုံးသာကျန်ခဲ့သည် : သရုပ်ဆောင် သိပ်ကောင်းတယ်။

 

ချန်းဟောက်သရုပ်ဆောင်ပြီးသွားသောအခါ အခြားအနုပညာရှင်များရှိရာ အနားယူရန်လျှောက်လာခဲ့သည်။ ရှန်းချူးချူး ကြည့်လိုက်ရာ ချန်းဟောက် သူမရှိရာဖက်သို့လျှောက်လာသောကြောင့် မတ်တပ်ထ၍ နှုတ်ဆက်လိုက်သည်။

 

ရလဒ်ကတော့ ချန်းဟောက်သည် ရှန်းချူးချူးအား မြင်ပုံမရဟန်ဖြင့် နောက်ဖက်ရှိ ဟဲချန်းထောင် အားတိုက်ရိုက်ပြောလိုက်သည်။

 

 

"အိုး...ချန်းကောက ဒီနေ့ ၀တ်ထားတာလန်းလှပါလား ? ကောင်မလေး‌တွေအများကြီး ရှင့်နောက် လိုက်ပြီး လောင်ကုန်းလို့လိုက်ခေါ်နေကြတာ အံ့ဩစရာမရှိတော့ဘူးပဲ ! "

 

ဟဲချန်း ပြုံးရင်းပြောလိုက်သည်။

 

"ဒါက ကျဲရေ ဆိုတာထက်တော့ ပိုကောင်းတာပဲ မဟုတ်လား ?"

 

ထို့နောက် ဟဲချန်းသရုပ်ဆောင်ဖို့ရန် သွားဖို့လုပ်လိုက်သည်။

 

ရှန်းချူးချူးနံဘေးမှ ဖြတ်သွားစဉ်မှ ရှန်းချူးချူးနှုတ်ဆက်သည်ကိုနားထောင်ရင်း ပြုံးကာပြောလိုက်သည်။

 

"မင်းက ဒီနေ့မှ အဖွဲ့ဆီရောက်လာတဲ့ သရုပ်ဆောင်လား ?"

 

ဟဲချန်းကွမ့်၏အပြုံးကိုကြည့်ရင်း ရှန်းချူးချူး တလေးတစားဖြေလိုက်သည်။

 

"ဟုတ်ပါတယ် ချန်းကော"

 

" အိုး ? လူသစ်လေးလား ? ဘယ်ကုမ္ပဏီကလဲ ? "

 

" ထျန်းတိ Media "

 

ဟဲချန်းအံ့ဩစွာဖြင့် မျက်ခုံးပင့်ရင်းပြောလိုက်သည်။

 

" မဆိုးပါဘူး ကြည့်ရတာ မီဒီယာအသေးစားလေးထင်တယ် "

 

ထိုအချိန်မှာပင် ချန်းဟောက်ရောက်လာပြီး အပြုံး  လေးနှင့်ပြောလာသည်။

 

"မဆိုးပါဘူး ? သူတို့ လူသစ်စုဆောင်းနေကြတုန်းလား ? မင်းက ရုပ်ရှင်အကယ်ဒမီကျောင်းဆင်းလား ဒါမှမဟုတ် ပြဇာတ်အကယ်ဒမီကလား ? မင်းရဲ့သရုပ်ဆောင်စကေားက တော်တော်လေးကောင်းတာလား ? "

 

ချန်းယု၏စကားများက အလွန်ကျယ်လှသလို အကြင်နာမဲ့သောအကြည့်ကြောင့် ရှန်းချူးချူးအလိုလိုစိတ်မသက်မသာဖြစ်မိသလို ခံစားလိုက်ရသည်။

 

"မဟုတ်ပါဘူး ကျမ အဲ့ဒီက ဘွဲ့ရခဲ့တာမဟုတ်ပါဘူး "

 

သူမတက်ခဲ့‌သောတက္ကသိုလ်သည် နိုင်ငံ့အကောင်းဆုံးတက္ကသိုလ်ထဲမှ တစ်ခုဖြစ်သော်လည်း သူမတက်ခဲ့စဉ်က သိပ်ပြီးကျေနပ်စရာမကောင်းခဲ့ပေ။ ထို့ကြောင့် သူမတက်ခဲ့သောကျောင်း‌အကြောင်းကို တခြားသူများအား ပြောပြချင်စိတ်ရှိမနေပေ။

 

ဟဲချန်က ဒါကိုကြားပြီးနောက်ပြုံးလိုက်သည်။ ထို့ နောက်သူပြောလာသည်က..

 

"ဖြည်းဖြည်းပြောကြတာပေါ့ ငါရုပ်ရှင်ရိုက်ရဦးမယ် ငါအခုမှမသွားရင် ငါတော့ စိတ်အဆိုးခံရတော့မှာ "

 

ဟဲချန်းထွက်သွားပြီးနောက် ချန်းဟောက်သည် ရှန်းချူးချူးအကြောင်း ပိုစိတ်၀င်တစားဖြစ်လာသည်။ ရန်စတာ မတူမတန်လုပ်တာသည့် အစောကအမူ အရာများပြောင်းလဲသွားခဲ့သည်။ ခုနလေးတင်ပြောခဲ့သည့် အသံထက်ပင် နဲနဲတိုးသွားခဲ့သည်။

 

"ကျောင်းဆင်းမဟုတ်ပဲနဲ့ မီဒီယာကခေါ်တယ်ဆိုတော့ မင်းက တော်တော်လေးကောင်းလို့ဖြစ်မယ်"

 

ချန်းယန်းအပြုံးနှင့် ပြောလာသည်။

 

ထို့နောက် သူနှင့်ရင်းနှီးသော ညီမများကတစ်ယောက်ပြီးတစ်ယောက်ပြောလာကြသည်။

 

"ဟုတ်တယ် မင်းမိသားစုက ဘယ်ကလဲ ? တော်ဝင်မြို့တော်ကပဲလား ? မင်းမိသားစုကဘာအလုပ်လုပ်လဲ ? နင်ကအရမ်းကောင်းတာပဲ နင့်မိသားစုကလည်းအရမ်းကောင်းမယ်ထင်တယ် ဟုတ်တယ်မှတ်လား ? "

 

ရှန်းချူးချူး အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်လျက်: "ဟင့်အင်း ကျမမိသားစုက နမ်ချောင်းကပါ မြို့ငယ်လေးပါပဲ မိဘတွေကလည်း သာမန်လူတွေပါပဲ"

 

ချန်းဟောက်မျက်နှာသည် အဓိပ္ပာယ်ရှိသည့်အပြုံး ပြုံးရင်းပြောလာသည်။

 

 

"တော်ပါပြီ၊ ငါ သိပါတယ် ပြောရရင် ငါတို့ကို အဲ့လိုအကြောင်းတွေအကုန်လိုက်ပြောပြလို့ ဘယ်ဖြစ်ပါ့မလဲ၊ ဒါပေမယ့်လည်း မင်း မပြောပြန်ရင်လည်း တစ်ချို့လူတွေက မင်းကို အနိုင်ကျင့်ကြလိမ့်မယ်"

 

ရှန်းချူးချူးတစ်ယောင် ဒီနေ့ စကားဆက်ပြော၍မရနိုင်ကြောင် ခံစားမိလိုက်ပြီးပြောလိုက်သည်။

 

"ချန်းချန်း ငါ ခုနကအဖွဲ့ခေါင်းဆောင်ကိုမနှုတ် ဆက်ခဲ့လိုက်ရလို့ အဲ့ဒီကို အရင်သွားလိုက်ဦးမယ်"

 

ထို့နောက်မှာတော့ ချန်းယု၏ရွှတ်နောက်နောက်အပြုံးအောက်မှ ရှန်းချူးချူး ထွက်လာခဲ့လိုက်သည်။

 

သည်အသိုင်းအ၀န်းမှာ သည်လိုဆိုး၀ါးတဲ့သူတွေလဲ ရှိသေးတာပဲ!! ဟုတ်တယ်၊ ပျက်စီးနေတဲ့ အိုင်ဒေါတွေ ငါတော့ သူ ဘယ်လိုများကြယ်ပွင့်ဖြစ်လာလဲ နားကိုမလည်နိုင်ဘူး။

 

***

 

အဖွဲ့ထဲနှစ်ရက်ကြာပြီးနောက် ရှန်ချူးချူး သရုပ် ဆောင်ရမည့် ဇာတ်ကွက်သို့ရောက်လာခဲ့သည်။ မနက်စောစော ရှန်ချူးချူး မိတ်ကပ်လိမ်းခါနီးမိတ် ကပ်ပြင်သောအခန်းတွင် ချန်းဟောက်နှင့် ပက်ပင်းတိုးတော့သည်။ မူလက ချန်းဟောက်၏စိတ်အား တက်ကြွမှုသည် လျစ်လျူရှုသောပုံစံသို့ပြောင်းသွားလေသည်။ အကျိုး‌အကြောင်းမဆီလျော်လိုက်တာ...

 

ရှန်ချူးချူးတွေးမိသည်မှာ ဒါ သူ့မှာနောက်ခံမရှိလို့လား ဒါမှမဟုတ် သူ့ကို ဘာတန်ဖိုးမှမရှိဘူးလို့ သူ( မ )ကခံစားရလို့လားပေါ့ ?

 

မိတ်ကပ်ပညာရှင်နှင့် ရှန်ချူးချူးမိတ်က်လိမ်းနေကြချိန်မှာ လူအနည်းငယ်မြင်ပြီး တီးတိုးပြောလာကြသည်။

 

 

"ချူးချူး ဘာမှစိတ်မကောင်းမဖြစ်နဲ့ သူကအဲလိုပဲ နင်ကမှ တော်သေးတယ် ငါတို့လို ၀န်ထမ်းတွေအ ပေါ်ဆိုရင် သူ့အပြုအမူကပိုတောင်ဆိုးသေးတယ်"

 

သူ့ဘေးက မိတ်ကပ်ပညာရှင်လည်း ညည်းညူလာသည်။

 

"ဘယ်သူက မပြောဘဲနေလို့လဲ သူ့လိုအနုပညာရှင်မျိုး တစ်ခါမှမမြင်ဘူး‌ပေါင်။ ဟဲချမ့်ကောယင်းကမှ ငါတို့အပေါ် ကိုယ်ချင်းစာတတ်သေးတယ်။ အဖွဲ့ခေါင်းဆောင်ဆို အလုပ်ထဲ သူ့အပြုအမူကအရမ်း တင်းကြပ်ပေမယ့် လူရှေ့မှာတော့ လွန်လွန်ကျွံကျွံ လုပ်လေ့မရှိဘူး။ "

 

ရှန်းချူးချူး ထိုမိတ်ကပ်ဆရာများပြောသည်ကို နားထောင်ပြီး တစ်ခွန်းမှ၀င်မပြောရဲပေ။ သည်လူတွေပြောရင် ဘာပြဿနာမှ မရှိနိုင်လောက်ပေမယ့် သူမသာပြောမိရင် နောင်ဆက်တွဲကဘယ်လိုမြင် ကွင်းမျိုးတွေဖြစ်လာမလဲ မသိနိုင်ဘူးလေ။

 

ထို့ကြောင့် မိတ်ကပ်ကောင်းကောင်းအလိမ်းခံပြီး သည်နှင့် ထိုနေရာမှ ရှန်ချူးချူးအမြန်ထွက်လာခဲ့သည်။

 

ငြိမ်ငြိမ်လေးနေကာ သူမကို စကားမပြောခဲ့သည့် ၀မ်ချမ့်ကပြောလာခဲ့သည်။

 

"တကယ်လို့ နင် တစ်ခုခုပြောချင်ရင် အပြင်မှာ လုံး၀ထုတ်မပြောနဲ့။ ငါတော့ လုံး၀ကိုမထင်ထားဘူး။ အဲ့ဒီမိတ်ကပ်ဆရာတွေက ဒီလိုမျိုးကိစ္စကို တစ်သီးတစ်သန့်ပြောနေကြမယ်လို့လေ"

 

၀မ်ချမ့် နားထောင်နေမည်ဟု မမျှော်လင့်ထားခဲ့ပေမယ့် ပြုံးလိုက်မိသည်။

 

"တကယ်တော့ ဒါက ပုံမှန်ပဲ။ သူတို့အားလုံးက အဖွဲ့ထဲမှာရှိကြတာကိုး ကြယ်ပွင့်တွေကအများကြီးရှိတာ။ ငါ့ဘာသာ စကားနည်းနည်းလောက်ညည်းညူမိချင်မိမယ်။ ဒါပေမယ့် အပြင်မှာတော့ထုတ်မပြောတတ်ဘူး၊ ခုလို လိုက်ပြောနေတာမျိုးပေါ့ "

 

ရှန်ချူးချူးအား မယုံသောလူတစ်ချို့က : " တစ်ကယ်လား ? "

 

၀မ်ချမ့် ခေါင်းငြိမ့်ပြပြီးပြောလာသည်။

 

 

"ဗီဇဆိုတာ တကယ်မှန်တာပဲ။ ငါ အရင်က အများကြီးကြားဖူးတယ်။ ဘာလို့လဲဆိုတော့ ဒီအသိုင်း အဝိုင်းမှာ အလုပ်လုပ်တဲ့သူတွေက အပြင်မှာသာ သူတို့ပြောရင် သူတို့မှန်းရှာတွေ့မှာပဲလေ အဲ့တော့ သူ့ကိုဘယ်သူက သုံးရဲတော့မှာလဲ။ လူတိုင်းအဲ့လိုပြောကြတယ်"

 

ရှန်းချူးချူးနားထောင်ရင်း ခေါင်းငြိမ့်လိုက်သော် လည်း ၀မ်ချမ့်၏စကားအချို့အဓိပ္ပာယ်ကို နားမလည်ပေ။ မည်သို့ပင်ဆိုစေကာမူ မိတ်ကပ်ပညာရှင်၊ အလှဖန်တီးရှင်၊ ရိုက်ကွင်းတာ၀န်ခံအစရှိသဖြင့် အားလုံးသည် အနုပညာအသိုင်းအ၀န်းကပင်။ ထိုအသိုင်းအဝိုင်းကကြီးလေရာ ပုံမှန်အားဖြင့် လူတိုင်းလိုလိုတစ်ယောက်စ နှစ်ယောက်စတော့သိနေကြသည်။

 

ဘယ်စကားကတော့ပြောသင့်တယ် ဘယ်စကားကတော့မပြောသင့်မှန်း လူတိုင်းနားလည်သည်။

 

ထို့ကြောင့် အကြောင်းရှိ၍အကျိုးဖြစ်ခြင်းပင်။ တစ်ချို့အနုပညာရှင်များသာ ၎င်းတို့နာမည်နှင့် ကစားရဲသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းသည်သတင်း ထောက်မဟုတ်သော်ငြား အသိုင်းအ၀န်းထဲဆက်‌ နေချင်သေးပါက မည်သူမှထုတ်ပြောမည်မ‌ဟုတ်ဘူးချေ။

 

 

စတူရီယိုသို့လျှောက်လာပြီးနောက် ရိုက်ကွင်းတာ ၀န်ခံ၏‌ဟောက်သံကိုကြားပြီး ရှန်ချူးချူးတစ်ယောက် ထူးထူးခြားခြားပိုစိတ်လှုပ်ရှားလာသည်။ ရှေ့မှတစ်ခန်းရိုက်ပြီးနောက် သူမ ရိုက်ရမယ့်အ လှည့်ရောက်လာခဲ့သည်။

 

"အမျိုးသမီးက ဘယ်မှာလဲ ? မြန်မြန်လေး ! "

 

ရှန်ချူးချူးကြားလိုက်သည်နှင့် စိတ်လှုပ်ရှားသဖြင့် ထစ်ငေါ့စွာပြောလိုက်သည့်အသံထွက်လာသည်။

 

"ဟုတ်ကဲ့၊ ဒီမှာပါ"

 

 

ထိုအချိန်မှာပင် ရိုက်ကွင်းတာ၀န်ခံသည် ရှန်ချူးချူးအားကြည့်လိုက်သည်။ ရှန်းချူးချူးတွေးလိုက်မိတာက သူတော့နာမည်ပျက်တော့မှာပဲ။ သို့သော် လည်း ဒါရိုက်တာမာက ရှားရှားပါးပါးကြင်နာစွာပြောလာသည်။

 

 

"မိန်းကလေးရဲ့ပထမဆုံးရိုက်ကူးရေးမဟုတ်လား ? မကြောက်ပါနဲ့။ လက်ထောက်ဒါရိုက်တာက နောက် ကျပြောပြလိမ့်မယ်။ မင်း ကောင်းကောင်းနား ထောင်ရင် ရုပ်ရှင်ရိုက်ရတာမခက်ပါဘူး။ မင်းနှလုံးသားနဲ့ ခံစားပြီးလုပ်ဖို့ပဲလိုတယ်။"

 

ရှန်ချူးချူး ထိုစကားများနားထောင်ပြီးနောက် ကြက်သွေးထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမရဲ့စိတ်အခြေအနေသည်လည်း မိုးအုံ့နေရာမှ နေသာသွားတော့သည်။

 

"ရှင့်ရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ "

 

လက်ထောက်ဒါရိုက်တာမှ သင်ပြပေးပြီးနောက် လူတိုင်း သူတို့နေရာမှာရပ်လိုက်ကြသည်။ ရှန်ချူးချူးအ၀တ်တွေကိုကောက်ကိုင်ပြီး ဂရုတစိုက်နှင့် စတင်လျှော်ဖွတ်တော့သည်။.....ရလဒ်အနေကတော့ ရိုက် ကွင်းတာ၀န်ခံသည် ကဒ်ဟုအော်ကာ ရှေ့သို့ထွက်လာတော့သည်။

 

"မီးကိုကြည့်လေ၊ အ၀တ်တွေပဲ ငုံ့ကြည့်ပြီးလျှော်မနေနဲ့ မီးကိုကြည့်ဖို့ သတိရ ! "

 

ထိုစကားအားကြားလိုက်ရစဉ် သူမအကြောက်လွန်ပြီး အမှားလုပ်မိပြီမှန်းသိသွားတော့သည်။

 

"ပထမဆုံးအကြိမ်ရိုက်တာဆိုတော့ ကျမမှာ ကင်မရာအလင်းနဲ့ ပက်သက်တဲ့အသိမရှိခဲ့လို့ပါ။  မီးကို မရှာနိုင်ဘူးဖြစ်သွားတယ်။ Ok နောက်တစ်ကြိမ်‌ထပ်လုပ်ကြစို့ "

 

ဒုတိယအကြိမ်မြောက်မှာ ရှန်းချူးချူးတစ်ယောက် နောက်ဆုံး သိသိသာသာအမှားမျိုးမလုပ်ခဲ့ပေ။ ထို့ နောက် သူမ ခေါင်းဆောင်မင်းသားရောက်လာသည်ကိုတွေ့လိုက်ရသည်။

 

မမျှော်လင့်ပဲ ရိုက်ကွင်းတာ၀န်ခံ၏ ကဒ် ဆိုသော အသံကိုထပ်ကြားလိုက်ရသည်။ ဟဲချမ့်က မျက်နှာတွင် အပြုံးတစ်စတွဲခိုရင်း ရှန်းချူးချူးအားပြုံးနေ သည်ကိုတွေ့လိုက်ရသည်။ ဒါပေမယ့် သူ့လက်တွေကနားရွက်တွေကိုအုပ်ဖို့ လုပ်နေပုံရသည်။

 

ရှန်ချူးချူး သိပ်မရှင်းဘူးဖြစ်နေသည်။ သည်အ ချိန်မှာပဲ ရိုက်ကွင်းတာ၀န်ခံ၏အော်သံကြီးထွက်လာတော့သည်။

 

"ဟဲချန် မင်း ဘာလုပ်နေတာလဲ။ မင်း ကင်မရာကို မင်းကိုယ်နဲ့လာပိတ်နေတယ်။ မင်းက လူသစ်တစ်ယောက်မဟုတ်ဘူးလေ ! ငါတော့ မင်းကုမ္ပဏီပြန်ပြီး သင်တန်းထပ်တက်ရဖို့မြင်နေပြီ "

 

သုံးကြိမ်မြောက်အနေနှင့် နောက်ဆုံးမှာတော့ ချောချောမွေ့မွေ့ဖြတ်ကျော်နိုင်သွားသည်။ ရှန်းချူးချူးတစ်ယောက်လက်တွေအေးခဲပြီး ထုံကျင်နေလေပြီ။ အနားယူရာနေရာမှာထိုင်လိုက်တဲ့ခဏမှာပင် သူမမျက်စိရှေ့ ခွက်ပူပူလေးတစ်ခွက်ရောက်လာခဲ့သည်။

 

"ဟေး မင်းကိုပေးတာ ငါတစ်ယောက်ယောက်ဆီက ဒီခွက်လေးသွားရှာလာတာ လက်နွေးသွားအောင်လို့လေ။ ငါ့ကိုယ် ငါ အပြစ်တင်ရမယ်။ ငါ အမှားလုပ်မိလို့ မင်းကို ထိခိုက်စေမိပြီ။"

 

ရှန်ချူးချူး ‌ဟဲချမ့်၏မျက်နှာပေါ်မှတောင်းပန်သည့်အမူအရာကိုကြည့်ရင်း ခွက်ကိုလှမ်းယူလိုက်သည်။ ထို့နောက်ကျေးဇူးတင်စွာပြောလိုက်သည်။

 

"အစ်ကို့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် "

 

နေရာအနေအထားကြောင့် သည်တစ်ကြိမ်မှာအား လုံးက တစ်နေရာတည်းတွင်အနားယူနေကြသည်။ ချန်းဟောက် ဒီလူနှစ်ဦးကြားမှ တုံ့ပြန်မှုကိုမြင် သည်။ အပေါ်ယံမှာ အလွန်ရင်း‌နှီးနေကြပုံပေါ်သော် လည်း အသံကတော့ အပြန်အလှန်ဆွဲဆောင်နေသ လိုပင်။ ရင်းနှီးတဲ့လေသံနဲ့...

 

"ဟေး ငါတို့က မောင်နှမတွေပဲလေ၊ ချူးချူး နင်ပွဲဦးထွက်မှာ ချမ့်ကောနဲ့တွဲရိုက်ရတာ တကယ်ကံ ကောင်းတာ သိလား ?"

 

ဟဲချမ့် အနည်းငယ်အေးခဲသွားပြီးနောက် မြန်မြန်ပဲ ဆန့်တန်းကာပြောလာသည်။

 

"ဟေး ငါ့ကိုအပြစ်တင်မနေနဲ့ ဒါ အမှားလေးတစ်ခုပဲဟာ ပြီးတော့ ငါလဲ လူသစ်တွေကိုစိတ်ကုန်နေပြီ"

 

လူတစ်ချို့စကားပြောနေကြစဉ်မှာပင် အပြင်မှ သတင်းထောက်အချို့ရုတ်တရက်ရောက်လာပြီး  ချန်းဟောက်ကိုရှာနေကြသည်။

 

"ချန်းချန်း မင်းအမျိုးသားယန်းခိုင်က ဖုန်းဇီချင်းကြောင့်လမ်းတွေလွဲနေတာ မင်း သိလား ?"