Ch 27
Viewers 4k

🧶 Chapter 27

 

 

ချန်းဟောက်၏မျက်နှာထက် အမှန်တကယ်အံ့ဩနေပုံပြထားသော်လည်း ထိုအံ့ဩမှုက သူ့နှလုံးသားထဲကလာတာလား အဝတ်အစားကြောင့်လား မသိနိုင်ဘူးလေ။

 

 

အံ့ဩလို့မှမဆုံးသေးဘူး၊ ချန်းဟောက်မျက်နှာသည် ကျမကိုစခဲ့တဲ့လူနှစ်‌ယောက်၏မျက်နှာကဲ့သို့ပြောင်းသွားပြီးပြောလာသည်။

 

"ရှင်တို့ နောက်နေတာပဲဖြစ်ရမယ်၊ ကျမတို့ ခုလေး တင်မှဖုန်းပြောပြီးတာလေ"

 

ပြောရမည်ဆိုလျှင် ရှန်းချူးချူးတစ်ယောက် ချန်ဟောက် ကစားနေတာလား အပိုတွေလုပ်နေတာလားမသေချာပေမယ့် အခုချိန်မှာတော့ ချန်ဟောက် တစ်ခုခုကိုအကွက်ချစီစဉ်နေကြောင်း သူမ သေချာသွားသည်။

 

သူတို့လင်ခန်းမယားခန်းပြတ်တာဖြင့် နှစ်၀က်လောက်ရှိနေပြီကို ချန်းယု စကားရိပ်သန်းသလိုမျိုး ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ ?

 

အချို့သတင်းထောက်များသည် တုံ့ဆိုင်းခြင်းမရှိ မေးလာခဲ့ကြသည်။

 

"မင်းတို့ ခုလေးတင်မှ ဖုန်းပြောပြီးကြတာလား ? ဒါပေမယ့် ယန်ခိုင်နဲ့ ဖုန်းကျီချင်းတို့ အတူရှိနေတဲ့ပုံကို တစ်ချို့ကဓာတ်ပုံတောင်ရိုက်မိထားကြသေးတယ်။ ဒါနဲ့ပက်သက်ပြီး မင်း ဘယ်လိုထင်လဲ ? "

 

ချန်ဟောင်မျက်နှာထက်မှ အပြုံးသည်အနည်းငယ်ပြောင်းလဲသွားသော်လည်း ဟန်မပျက်‌ပြောလာခဲ့သည်။

 

"ကျမတို့ လောင်ယန်က အဲ့လိုမျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့ ကျမ ယုံတယ်။ ရှင့်မှာ သက်သေအထောက်အထားမရှိရင်လည်း ထင်ရာမြင်ရာတွေကိုလိုက်မပြောပါနဲ့၊ သတိထားနော် ကျမတို့လင် မယား ရှင့်ကိုတရားစွဲရလိမ့်မယ် ! "

 

သတင်းထောက်သည် ထိုစကားကြားပြီးနောက် စိတ်မရှိဘဲ တစ်ခုခုကိုထပ်မေးလာခဲ့သည်။

 

"ကြည့်ရတာ မင်းလည်း ဒီကိစ္စကိုမသိသေးဘူးဆိုတဲ့ သဘောများလား ?"

 

ချန်ဟောင်သည် သေချာနေသည့်အသံဖြင့် ပြန်ဖြေ လာသည်။

 

"ဟုတ်တယ် ကျမ မသိဘူး"

 

ပြီးနောက် ချန်ဟောက် စတူဒီယိုမှထွက်ခွာသွားခဲ့သည်။

 

ဟဲချမ့်သည် ရှန်းချူးချူး မျက်နှာအမူအရာကို ကြည့်ရင်းပြောလိုက်သည်။

 

"ဒီ‌လောကထဲမှာက အတုတွေကာ အစစ်တွေကော အများကြီးပဲ။ ကောင်မလေး ထက်ထက်မြက်မြက်နေတာက အမှန်ကန်ဆုံးလုပ်ရပ်ပဲ"

 

ရှန်းချူးချူး ထိုစကားကြားသောအခါ ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်မိသည်။

 

ထိုကိစ္စရဲ့အဖြစ်မှန်ကို သူမ သိနေသော်လည်း အိမ် ထောင်ရေးလျှို့ဝှက်ချက်သည် ဥပဒေမဲ့လုပ်ရပ်မဟုတ်သလို ကိုယ်ကျင့်တရားဖောက်ပြားနေခြင်းမဟုတ်ဘူးပေ။ သူမ စွပ်စွဲချက်တွေအတွက်လန့်ဖြန့်နေမည်မဟုတ်ချေ။ သူမ၏ရိုက်ကွင်းရိုက်ကွက် သိပ်မများသောကြောင့် နေ့လည်ခင်းပိုင်းမှာ သူမပြန်လို့ရပြီဖြစ်သည်။

 

သို့သော် အဆိုပါဖြစ်ရပ်သည် နေ့လည်ပိုင်းတွင်ပိုအရှိန်မြှင့်လာခဲ့သည်။

 

မနက်ပိုင်းတွင် ဓာတ်ပုံများ အင်တာနက်ပေါ်ဖော် ထုတ်ခံလိုက်ရသည်။ နေ့လည်မှာတော့ အတင်းအ ဖျင်းဘလော့ဂါတစ်ယောက်၏လက်ချက်ဖြင့် ဗီဒီယိုတစ်ပုဒ် ရုတ်တရက်အတင်ခံလိုက်ရသည်။ ဗီဒီယိုထဲ ရှင်းရှင်းလင်းမြင်နေရသည်မှာ ယန်ခိုင်နှင့် ဖုန်းကျီချင်းတို့ ရင်းနှီးစွာလက်ချင်းချိတ်လျက် ယန်ခိုင်၏‌ခေါင်းသည် ဖုန်းကျီချင်း ဘက်ငုံ့ကြည့်လို့နေ သည်။

 

သည်တစ်ကြိမ်မှာတော့ အင်တာနက်ပေါ်ရှိလူများအားလုံး ပြင်းပြင်းထန်ထန်ဝေဖန်ကုန်ကြသည်။ ဇာတ်လမ်း၏အဓိကဇာတ်ကောင်သုံးဦးလုံး မီဒီယာများထံမှ၀န်းရံပိတ်ဆို့မှု ခံလိုက်ရတော့သည်။ ယန်ခိုင်နှင့် ဖုန်းကျီချင်းတို့ ဘာတွေဆက်ဖြစ်ကြလဲ ရှန်းချူးချူးမသိသော်လည်း ဤတွင်တော့ ချန်ဟောက်တစ်ယောက် သူမ၏ Nanny ကားပေါ်မှဆင်းဆင်းချင်း သတင်းထောက်များအဝိုင်းခံလိုက်ရသည်။

 

သတင်းထောက်များသည် စတူဒီယိုအတွင်းသို့ မ၀င်နိုင်သော်လည်း အပြင်၌စောင့်၍ရသေးသည်။ဒါ့အပြင် Nanny ကားသည် စတူဒီယိုထဲရပ်လို့မရသဖြင့် အပြင်ဘက်၌သာရပ်ရမည်ပင်။

 

ရှန်းချူးချူးတစ်ယောက် ၀မ်ချမ့်ကျန်းအားခေါ်ကာ ထွက်လာသည့်အချိန်မှာ အဆိုပါရုတ်ရုတ်သဲသဲမြင် ကွင်းကြောင့်ထိတ်လန့်သွားရသည်။

 

"ချန်ချန် မင်းအမျိုးသားယန်ခိုင် မူမမှန်တာကို သက်သေပြဖို့ အင်တာနက်ပေါ်မှာသက်သေတွေအခိုင်အမာရှိနေပြီ။ ဒါနဲ့ပက်သက်ပြီး ဘယ်လိုထင်လဲ ? ဒီအကြောင်းကို အရင်ကတည်းကသိထားပြီးသားလား ?"

 

မနက်ခင်းပိုင်းက အင်တာဗျူးခံထားရပြီးကတည်း က ချန်းဟောင်တစ်ယောက် အင်တာနက်ပေါ်မှ သတင်းများကို မျက်ခြေမပျက်စောင့်ကြည့်နေခဲ့သည်။ အခုချိန်မှာတော့ online ပေါ်မှာ ဘာတွေ ကောမန့်ပေးနေကြသလဲဆိုတာကို သူမ သဘာ၀ကျကျသိထားပြီးသားပင်။ သူမ နေကာမျက်မှန်တပ်ထားသည့်အတွက် သူမ အခြေအနေဘယ်လိုဆိုတာ မြင်ရမည်မဟုတ်ပေ။

 

သို့ပေမယ့် သူမ ဆံပင်တွေ အနည်းငယ်ရှုပ်ပွနေသည့်အတွက် သူမ စိတ်အခြေအနေသိပ်မကောင်းမှန်းမြင်နိုင်သည်။

 

စကားမပြောပဲနေသည့် ချန်းဟောင်၏အသွင်အ ပြင်ကြောင့် အင်တာဗျူးသူများပိုစိတ်၀င်စားလာကြသည်။

 

ထိုအချိန်မှာ လက်ထောက်ဖြစ်သူသည် ကင်မရာများနှင့် မိုက်ခရိုဖုန်းများကိုကာဆီးကာပြောလာခဲ့သည်။

 

"မမေးကြပါနဲ့၊ ဒီကိစ္စဖြစ်ပြီးတော့ ငါတို့အမလည်း အရမ်း၀မ်းနည်းနေတာ၊ သူ သိပ်နေမကောင်းတာမို့ကျေးဇူးပြုပြီး ဘာမေးခွန်းမှမမေးကြပါနဲ့"

 

ချန်းဟောင်နားထောင်နေရင်း အချိန်ကိုက်ဆိုသလို သူ့မျက်နှာထက် ပူဆွေးပုံဖမ်းပြထားသည်။ နှာ ခေါင်းအောက်မှာ လက်ကိုထားထားရင်း မျက်ရည်တွေလည်းကျဆင်းလာလေသည်။

 

သတင်းထောက်များသည် ချန်းဟောက်၀မ်းနည်းနေသဖြင့် ဆက်မမေးချင်ကြသော်လည်း လက်ရှိပြဿနာနှင့်ပက်သက်၍ သိချင်ကြသေးသည်။

 

"မင်းနောက်ထပ် ဘာဆက်လုပ်မယ်စိတ်ကူးထားလဲ ကွာရှင်းကြမှာလား ?"

 

" ကလေးတွေကကော ဘယ်လိုလုပ်မှာလဲ ? မင်းခေါ်ထားမှာလား ဒါမှမဟုတ် ယန်ခိုင်ခေါ်သွားမှာလား ? "

 

"ဖန်းကျီချင်းနဲ့ပက်သက်ပြီးကော ဘယ်လိုထင်လဲ ? သူ ယန်ခိုင်နဲ့ ဘယ်အချိန်ကစပြီးဆက်သွယ်မိကြတာလဲ ? "

 

လက်ထောက်ခမျာ သူမရှေ့မှ သတင်းထောက်များကိုကြည့်ပြီး မတားဆီးနိုင်သည့်အတွက်စိတ်အခြေ အနေပိုမိုဆိုးရွားလာခဲ့သည်။ ဒီရှုတင်ရဲ့လုံခြုံရေးတွေက ဘယ်အချိန်မှများရောက်လာကြမှာပါလိမ့် ?

 

"ကျေးဇူးပြုပြီး ကျမတို့အနုပညာရှင်ရဲ့စိတ်အခြေ အနေကိုလည်း နားလည်ပေးကြပါဦး၊ သူ ခဏနေရင် ရုပ်ရှင်ရိုက်ရတော့မယ်။ ကျမတို့ရဲ့ ပုံမှန်အလုပ်လေးနောက်မကျရအောင် ကျေးဇူးပြုပြီးပူးပေါင်းပေးကြပါ"

 

လက်ထောက်ဘက်မှ ထိုစကားတွေပြောပြီးသည် အထိ သတင်းထောက်များ၏စပ်စုချင်စိတ် သိချင်စိတ်ကိုမတွန်းလှန်နိုင်သလို စိတ်မကောင်းလည်းဖြစ်မနေကြပေ။

 

ချန်းဟောင်သည်များပြားလှသော သတင်းထောက်များကိုကြည့်ရင်း စိတ်အခြေအနေအတော်ဆိုးလာသည်။ အဝေးမှ အဖွဲ့သားများ သတင်းထောက်များကိုတားရန်လာနေသည်ကိုမြင်လိုက်မှသာ အသက်ရှူနိုင်တော့သည်။ မျက်လုံးထောင့်မှ ထွက်သွားရန်ပြင်နေသည့် ရှန်ချူးချူးအရိပ်ကိုလှမ်းမြင်လိုက်သည်။

 

အဆင်သင့်လိုက်လေခြင်း~

 

ရှန်ချူးချူး ဘက်သို့လှမ်းကြည့်ရင်း

 

"တောင်းပန်ပါတယ်။ ကျမတို့က နယ်ပယ်အတူတူကဆိုပေမယ့် ဖုန်းကျီချင်းကိုတော့မသိပါဘူး။ ဒါပေမယ့် အဖွဲ့ထဲက တစ်ခြားသရုပ်ဆောင်တစ်ယောက်ကတော့  ဖုန်းကျီချင်းနဲ့ကုမ္ပဏီအတူတူဆို တော့ ရှင်တို့သိချင်တာတွေအတွက် သူ့မှာအဖြေရှိကောင်းရှိမှာပါ။"

 

ထိုစဉ် ကစဉ့်ကလျားဖြစ်နေကြသည့်သတင်း ထောက်အချို့သည် ပိတ်ဆို့မနေတော့ဘဲ ရှန်းချူးချူးဖက်အာရုံရောက်သွားကြသည်။ ရှန်ချူးချူးဘေးမှ သတင်းထောက်အချို့သည် ချန်းဟောင်၏ အင်တာဗျူးကိုကြည့်ကာ ရှန်းချူးချူးအားစတင်အင်တာဗျူးကြတော့သည်။

 

"မင်းနဲ့ဖုန်းကျီချင်းက ကုမ္ပဏီတူတူပဲလား ? သူ ဘယ်အချိန်တုန်းကစပြီး ယန်ခိုင်နဲ့တွဲနေတာလဲ ? "

 

"ဖုန်းကျီချင်းအကျင့်ပျက်နေတာကို မင်းတို့ကုမ္ပဏီကကောသိထားကြလား ? "

 

သူမနှာခေါင်းကို ထိလုမတတ်ဖြစ်နေသည့် မိုက်ခရိုဖုန်းကိုကြည့်ပြီး ရှန်းချူးချူးလန့်ကာခြေတစ်လှမ်းဆုတ်မိသည်။ ၀မ်ချမ့်သည်လည်း အလျင်အမြန် တုံ့ပြန်လာပြီး သတင်းထောက်များ၏‌အမေးကို ပိတ်ဆို့ရန် ရှန်ချူးချူးရှေ့မှပိတ်ရပ်လိုက်သည်။

 

ရှန်းချူးချူး လှည့်ကာ သတင်းထောက်များဝိုင်းခံထားရသည်မှ ကိုယ်လွတ်ရုန်းသွားသောချန်းဟောင်အားကြည့်ပြီး သူမနှလုံးသားထဲနာကြည်းမှုတစ်ခုဖြတ်ပြေးသွားရသည်။ သူက ဒီအတိုင်းဖြတ်သွားဖြတ်လာ ဖရဲသီးစားသူတစ်ယောက်ပဲလေ။   ချန်းဟောင်က သူမကို တကယ်ကြီးအသုံးချသွားတာပဲ။ ချန်းဟောင် သူမကို ဒီလောက်ထိအာရုံစိုက်နေမှန်းမသိလိုက်ဘူး။

 

သူမ လျှို့ဝှက်ချက်အားလုံးကို သိထားသော်ငြား လည်း ယခုအချိန်တွင် ထုတ်ပြောရန်မသင့်မှန်းနား လည်သည်။

 

"စိတ်မကောင်းပါဘူး ကျမ လွန်ခဲ့တဲ့သုံးလကမှ ဒီကုမ္ပဏီကိုစရောက်တာပါ။ မီဒီယာလောကမှာ လူသစ်ဖြစ်တဲ့အတွက် အဲ့ဒီပုဂ္ဂိုလ်နဲ့လည်းရင်းနှီးကျွမ်း ၀င်မှုမရှိပါဘူး"

 

သတင်းထောက်များသည် ထုံးစံအတိုင်း ရှန်းချူးချူးရဲ့အဖြေကို ကျေနပ်မှုမရှိကြပေ။ ထို့အတွက် ဆက်လက်မေးမြန်းနေခဲ့ကြသည်။

 

"မင်းနဲ့ မရင်းနှီးဘူးဆိုရင်တောင် ဆုံတော့ဆုံဖူးမှာပဲလေ၊ မင်းတို့ကုမ္ပဏီမှာ ယန်ခိုင်ကိုရောတွေ့မိသေးလား ?"

 

"ဖုန်းကျီချင်းကို ဘယ်လိုလူလို့ မင်း ထင်လဲ ? မင်းရော ကုမ္ပဏီကအမျိုးသားအနုပညာရှင်နဲ့ တွဲဖို့ စိတ်ကူးရှိလား ? "

 

****

 

မျက်စိရှေ့မှ သတင်းထောက်များကိုကြည့်ကာ ဒီပြဿနာတွေကိုနားထောင်ပြီးနောက်မှာတော့ ရှန်းချူးချူးကြက်သေသေသွားသည်။ ချန်းဟောင်နဲ့ အင်တာဗျူးကြတဲ့အချိန်တုန်းကတော့ အားလုံးက ယဉ်ယဉ်ကျေးကျေး‌မေးနေကြပြီး သူမ ဆီရောက်တော့ မိုက်ခရိုဖုန်းတောင်ပါးစပ်ထဲ၀င်လုမတတ်ပင်။ ၀မ်ချမ့်၏အကူအညီပေးမှုရှိနေသည်တောင်မှ ၎င်းတို့၏ရန်စောင်မှုကို အတိုင်းသားမြင်နေရသည်။

 

"ဘာ !"

 

ရုန်တရက် ၀မ်ချမ့်၏ခေါင်းသည် သူမရှေ့ရှိမိုက်ခရိုဖုန်းဖြင့်ရိုက်မိသွားသည်။

 

ရှန်းချူးချူး စိတ်ရှုပ်ထွေးစွာကြည့်လိုက်စဉ်မှာပင် ၀မ်ချမ့်ခေါင်းက ချက်ချင်းဖူးယောင်လာသည်။

 

"နင် နာနေလား ? ခေါင်းကောမူးလား ? "

 

၀မ်ချမ့် ခေါင်းကိုစမ်းလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။

 

"ဘာမှ မဖြစ်ပါဘူး "

 

"တဆိတ်လောက်....."

 

၀မ့်ချမ့် အားထိမိသည့်သတင်းထောက်ကို ရှန်းချူးချူးတစ်ချက်ကြည့်လိုက်သည်။ သူမ မျက်နှာထက် အပြုံးမပျက်သော်ငြား အမူအရာကမူပြတ်သားလှသည်။

 

"ကျမလက်ထောက်ကို အရင်ဆုံးတောင်းပန်စေချင်ပါတယ် ! "

 

"ငါက ဒီတိုင်း...."

 

"ရှင် တစ်ခုခုအမှားလုပ်မိရင် တောင်းပန်ရမယ်လေ ဟုတ်တယ်မဟုတ်လား ? "

 

ရှန်းချူးချူး တစ်ချက်ရီလိုက်ပြီး ဆက်ပြောလိုက်သည်။

 

မူလကပရမ်းပတာနှင့် ဆူညံနေသောမြင်ကွင်းသည် ရှန်းချူးချူး၏စကားကိုကြားပြီးနောက် ရုတ်တ ရက်ကြီးတိတ်ဆိတ်သွားသည်။

 

၀မ်ချမ့် ချန်းချူးချူးကိုကြည့်ကာ အကျီလက်စကိုလှမ်းဆွဲလိုက်သော်လည်း သူ ၀မ်ချမ့်ကိုမကြည့်ဘဲ ထိုသတင်းထောက်ကိုသာစိုက်ကြည့်နေလိုက်သည်။

 

 

ရှန်ချူးချူးသည် အကယ်၍သတင်းထောက်မှ တောင်းပန်ရန်ငြင်းဆန်ခဲ့ပါက ထိုသူသည် ပိုက်ဆံအတွက် မိန်းမတစ်ယောက်အားလက်ထပ်ခဲ့သည်ဆိုသောအချက်ဖြင့် ခါထုတ်ပစ်ဖို့စဉ်းစားထား သည်။

 

မမျှော်လင့်ပဲ ထိုသတင်းထောက်မှာ စိတ်မပါသော်ငြား သူ့ထံအ‌ခြေခံကျင့်၀တ်အချို့ရှိပုံရသည်။

 

"တောင်းပန်ပါတယ် မရည်ရွယ်ဘဲ ဖြစ်သွားတာပါ"

 

ရှန်းချူးချူး ထိုစကားကြားမှအနည်းငယ်နေသာထိုင်သာရှိသွားတော့သည်။

 

ဒီအချိန်မှာ ချန်ဟောင်အား စတူရီယိုသို့ခေါ်သွားသော ၀န်ထမ်းမှာ သူမ ပြဿနာအားဖြေရှင်းပေးရန် ရောက်လာချိန်ရသွားတော့သည်။ ရှန်းချူးချူး သည်တစ်ကြိမ်မှာတော့စိတ်ပြောင်းသွားပြီဖြစ် သည်။

 

ထိုသူက သူ့ကိုယ်ပိုင်ပြဿနာကို ဖြေရှင်းရန် သူမကို ဆွဲထည့်ခဲ့သည်။ ဒီတစ်ခါမှာတော့ á€á€ťá€”á€şá€¸á€Ÿá€ąá€Źá€„á€şá€€á€­á€Ż အမှတ်ရသွားစေမယ့် အမှတ်တရတစ်ခုပေးကိုပေးရလိမ့်မည်။

 

ထိုကိစ္စကို စဉ်းစားမိပြီး ရှန်ချူးချူးတစ်ယောက် ဘေးပတ်လည်မှသတင်းထောက်များကို အပြုံးလေးဖြင့်ပြောလိုက်သည်။

 

"လူတိုင်းက ကျမကို ချင်းကျဲက အကျင့်ပျက်လားတဲ့ ? ကျမ အားလုံးကို တစ်ခုမေးပါရစေ။ ရှင်တို့ ဘာကြောင့် ကျီချင်းကဖောက်ပြန်ပါတယ်လို့ပြောကြတာလဲ ? ကျမ သိရသလောက်ဆိုရင်တော့ ဖောက်ပြန်မှုဆိုတာ အဲ့ဒီလူမှာ အိမ်ထောင်ရှိမှသာအဲ့လိုပြောလို့ရတာမဟုတ်လား ?"

 

သတင်းထောက်အားလုံး တစ်စက္ကန့်ခန့်ငြိမ်ကျသွားသည်။ ထို့နောက်တွင်တော့ အရူးအမူးတတွတ် တွတ်နှင့် အလျင်စလိုမေးလာကြတော့သည်။

 

"မင်းပြောချင်တာက ချန်းဟောင်နဲ့ ယန်ခိုင်ကကွာ ရှင်းပြီးသားပေါ့ ? သေချာရဲ့လား ?"

 

ရှန်းချူးချူး ပါးစပ်ထဲလက်ထည့်ကာ ဟွန်းကနဲ နှာမှုတ်လိုက်သည်။

 

"ကျမ အဲ့လိုပြောမိလို့လား ? ရှင်တို့ မေ့သွားကြပြီလား ? ဟိုတလောက á€€á€ťá€™ Weibo ပေါ်ကနိုင်ငံခြားသတင်းတစ်ခုမှာ အမျိုးသမီးသရုပ်ဆောင်ကို ဖောက်ပြန်နေတယ်လို့ ဖော်ပြထားပေမယ့်လည်း  နောက်ပိုင်း တစ်ယောက်ယောက်ရှာတွေ့သွားတယ်လေ။ သူက ကွာရှင်းပြီးသားလေ၊ ကွာရှင်းပြီးမှ လက်ထပ်ဖို့လုပ်တာက ပုံမှန်ပဲ၊ အဲ့ဒါ ဖောက်ပြန်တာမှမဟုတ်ပဲ။ ရှင်တို့လည်း တွေ့ခဲ့ကြတယ်ဟုတ် ? အား ! ရှင်တို့ တကယ့်အဖြစ်မှန်ကိုသေချာစစ်ဆေးဖော်ထုတ်ပြီးမှ ပြောသင့်တယ်မထင်ဘူးလား! တခြားသူတွေက ရှင်တို့ကိုပြောလာလိ့မ်မယ်။ ကျမတို့ရဲ့မီဒီယာတွေက သက်သေမရှိဘဲပြောကြတယ်ဆိုပြီးပြောလာမှာကို စိုးရိမ်မိသား"

 

အရင်က သည်အဖြစ်မျိုးရှိဘူးတာအမှန်ပင်။ ထိုအ ချိန်ကကောလဟာလလွှင့်ခဲ့သော သတင်းထောက်မှာထိုအမျိုးသမီးကြယ်ပွင့်နှင့် သူ၏ခင်ပွန်းဟောင်းထံမှ တရားရုံးသို့ဆင့်ခေါ်ခြင်းခံလိုက်ရလေသည်။ သည်တစ်ကြိမ်မှာတော့ ရှန်ချူးချူးရှေ့မှသတင်း ထောက်အားလုံး အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ကြရသည်။

 

တစ်ချို့သည် ရှန်းချူးချူး စကား၏သက်ရောက်ခြင်းမခံရဘဲ ပြောလာကြသည်။

 

"ဒါက မဖြစ်နိုင်တာပဲ။ မနေ့ကပဲ Weibo မှာ ယန်ခိုင်နဲ့ ချန်ဟောင်တို့အတူတွဲပြီး post တင်ထားသေးတယ်လေ "

 

ဒါက မျက်နှာဖြတ်ရိုက်မိသလိုပဲမဟုတ်လား ? ကျန်သတင်းထောက်များက ထိုသူကို စိတ်ပျက်စွာကြည့်လိုက်ကြသည်။ သည်လို post မျိုးတွေဆိုတာ အေးဂျင့်ကုမ္ပဏီတွေက စီစဉ်ပြီးအမြဲတင်ကြတာလေ။ မနေ့က သူတို့အချစ်တွေကိုပြနေသေးတယ်ဆိုရင်တောင် ဒါကဖြေရှင်းချက်မှမဟုတ်တာ ဟုတ်တယ်မလား ?

 

ရှန်းချူးချူးသည် ၀န်ထမ်းမှအားလုံးအစီအစဉ်တကျဖြစ်အောင်စတင်စီမံနေသည်ကို မြင်ပြီးနောက် ပြုံးကာနောက်ဆုံးအနေဖြင့် ပြောလိုက်သည်။

 

"ကျမ တကယ်အားနာပါတယ်၊ လေယာဉ်အမှီသွားရမှာမို့လို့ပါ၊ အားလုံးနဲ့ စကားအတူမပြောပေးနိုင်တော့ပါဘူး။ အားလုံးပဲ " ကမ္ဘာလောက " ဆိုတဲ့ ရုပ်ရှင်လေးကို ဂရုစိုက်ပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒါရိုက်တာတွေ မင်းသားမင်းသမီးတွေနဲ့ ရုပ်ရှင်ကိုဖန်တီးထားတဲ့အဖွဲ့ဝင်တိုင်း အရမ်းကြိုး စားထားကြတာမို့ ရလဒ်ကောင်းတွေရလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ "

 

ထို့နောက် ရှန်းချူးချူးသည် ဝိုင်းထားသည့် သတင်းထောက်တိုင်းကိုလျစ်လျူရှုကာ ၀မ်ချမ့်နှင့်အတူရိုက်ကွင်းမှထွက်ခွာသွားတော့သည်။