Ch 13
Viewers 10k

(13)

 

ရှုကျစ်ဝမ်က စုန့်ဝေ့ထက်ပိုမိုလွယ်ကူစွာပေးချေခဲ့သောကြောင့် လင်းရန်ကလည်း အနည်းငယ်မျှတောင် ထိန်းချုပ်မထားခဲ့တော့ချေ။ သူမ ဝယ်ယူနေခဲ့သည့် အစားအစာများမှာလည်း တွေးထားသည်ထက်ပင် ပို၍ကျော်လွန်လာကာ လအတော်ကြာသည်အထိ စား၍မကုန်နိုင်လောက်အောင် များပြားလာခဲ့သည်။

 

လင်းရန်က သူမ အရာအားလုံးကို ဝယ်ပြီးသွားပြီဖြစ်ကြောင်းပြောလာခဲ့ချိန်တွင် သူမ၏ နောက်မှလိုက်လာခဲ့သည့် လူသားဈေးဝယ်အိတ်အစုအဝေးကြီးဖြစ်သော ရှုကျစ်ဝမ်မှာ အမှန်တကယ်ပင် မထိန်းနိုင်ခဲ့တော့ဘဲ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမောကြီးတစ်ချက်ကို ချလိုက်မိတော့သည်။

 

လင်းရန်သာ ဤကဲ့သို့ ဆက်လက်၍  လှုပ်ရှားနေဦးမည်ဆိုပါက သူ့ကိုယ်သူ ပြိုလဲလုနီးပါးဖြစ်တော့မည်ဟု ခံစားနေမိပြီ။

 

  

ဤအခိုက်အတန့်တွင် သူ့အနေဖြင့် လင်းရန်နှင့် နှစ်ယောက်တည်း အတူရှိနေခဲ့ရသည့်အတွက် အကြီးမားဆုံးခံစားချက်မှာ မည်မျှချိုမြိန်ပြီး မည်မျှ လိုက်ဖက်သဟဇာတဖြစ်သည်ဟူ၍မဟုတ်ခဲ့ဘဲ ဈေးဝယ်ထွက်ရသည်မှာ အလွန်အမင်း ပင်ပန်းလွန်းလှသည်ဟုသာ ဖြစ်နေတော့သည်။

 

ရှုကျစ်ဝမ်တစ်ယောက် တခြားမည်သည်ကိုမျှ မစဉ်းစားနိုင်တော့ပါချေ။ သူ့အနေဖြင့် အိမ်ကိုပြန်ပြီး အိပ်ယာပေါ်တွင် လှဲချ၍သာ အားပါးတရ အနားယူချင်တော့သည်။

 

လင်းရန်နဲ့ ခံစားချက်တွေအကြောင်းကို ပြောဆိုရန်အတွက်ကတော့၊ ယခုအချိန်တွင်  ဤအတွေးမျိုးကို တွေးတောင် မတွေးမိတော့ပါချေ။

 

_နောက်ထပ် ရက်အနည်းငယ်လောက်မှာမှ ဒီအကြောင်းကို ထပ်ပြောကြတာပေါ့!

 

ရှုကျစ်ဝမ်၏စိတ်ထဲ၌ စုန့်ဝေ့နှင့်  သူ့၏မိသားစုတို့ အမြန်ဆုံးပြန်လာစေဖို့ အရူးအမူး ဆုတောင်းနေချိန်တွင် ထွက်သွားခဲ့သည့် မိသားစုသုံးယောက်ကလည်း ပြန်လည် ပေါ်လာခဲ့ကြချေသည်။

 

သူတို့က ကုန်တိုက်မှ ထွက်လာပြီးသည့်နောက်တွင် ကောက်နှံစတိုးသို့ မသွားခဲ့ကြချေ။ ယင်းအစား သူတို့က လင်းရန်နှင့် ရှုကျစ်ဝမ်တို့ သီးသန့်နေရာတစ်ခုရစေရန် ကုန်တိုက်နှင့် ခပ်လှမ်းလှမ်းအကွာတွင်ရှိသည့်  လမ်းလွှဲမှ စတိုးဆိုင်သို့သွားခဲ့ကြသည်။

 

တစ်နာရီကျော်လောက် ဈေးဝယ်ပြီးချိန်တွင်တော့ အချိန်သင့်လောက်ပြီဟုတွေးတောခဲ့ကြပြီး ကုန်တိုက်သို့ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြသည်။

 

သူတို့သုံးယောက် လမ်းလျှောက်ပြန်လာသည့်အချိန်တွင် စုန်ဝေ့နှင့် တခြားသူများမှာ ဤမျှကြာမြင့်သွားပြီးနောက် သူတို့နှစ်ယောက်၏  ဆက်ဆံရေးမှာ အလွန်နွေးထွေးနေလောက်တော့မည်ဖြစ်ကြောင်း တွေးတောခဲ့ကြလေ၏။

 

မည်မျှပင် ဆိုးရွားနေပါစေ။ ဤမျှအချိန်လောက်ဆိုပါက ရှုကျစ်ဝမ်မှ လင်းရန်အား စတိုးဆိုင်တစ်ဝိုက်ကို ခေါ်သွားဖို့အတွက်လုံလောက်ပေပြီ။

   

အတိုချုပ်ပြောရပါက သူတို့ သုံးဦးတွင် တူညီသောအတွေးတစ်ခု ရှိနေခဲ့သည်:  ဒီလက်ထပ်ပွဲက သေချာပေါက် အဆင်ပြေလောက်ပြီ။

 

သို့သော်လည်း သူတို့ဆိုင်ကို ပြန်ရောက်သည့်အချိန်တွင်တော့ လင်းရန်က နံရံတွင် ပျင်းရိငြီးငွေ့စွာ မှီနေသည်ကို တွေ့လိုက်ရပြီး သူမ၏  ဘေးတွင်တော့ မောပန်းနွမ်းနယ်သည့် ပုံမျိုးနှင့် ချွေးများဖြင့် စိုစွတ်နေသည့် ရှုကျစ်ဝမ်ကို တွေ့လိုက်ရတော့သည်။ ထို့အပြင်...

 

အကြောင်းပြချက်မရှိဘဲ ကြမ်းပြင်ပေါ်တွင် အသစ်အဆန်းပစ္စည်းများစွာရှိနေခဲ့ပြီး ထိုမြင်ကွင်းက လူတိုင်းကို အံသြသင့်စေခဲ့သည်။

 

အခုဖြစ်ပျက်နေတာတွေကို သူတို့ကို ဘယ်သူကများ ရှင်းပြပေးနိုင်မလဲ ! !

 

*

 

ထိုပိုလျှံလာသည့်ပစ္စည်းများက မည်သည့်အရာများလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းမမြင်ရသေးသော်လည်း စုန့်ဝေ့ထံတွင် အလွန်ပြင်းထန်သည့် ကြိုတင်သတိပေးချက်တစ်ခုကို ခံစားမိနေခဲ့ပြီ။

 

စုန့်ဝေ့တစ်ယောက် သူ၏ပါးစပ်ကိုဖွင့်ဟပြီး သူပြောချင်သည့် စကားလုံးများကို မပြောခင် အကြိမ်ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုများကို ပြုလုပ်ခဲ့ရသည်။

 

သူ ထုတ်ဖော်ပြောလိုက်သည့်အခိုက်တွင်လည်း နှလုံးသားထဲတွင်တိတ်တဆိတ် ဆုတောင်းမိနေသေးခဲ့သေးသည်.

 

_ ဒါတွေက သူထင်ထားသလို မဖြစ်ပါစေနဲ့!

 

ရှောင်ရှု၊ ရန်ရန် မင်းတို့ ဘာလုပ်နေကြတာလဲ၊ အနီးအနားတွေကို လမ်းလေးဘာလေးလျှောက်ပတ်မကြည့်ကြဘူးလား?  နောက်ပြီး ဒီပစ္စည်းတွေက ဘာတွေလဲ

 

စုန့်ဝေ့၏အသံကို နားထောင်ရင်းဖြင့် လင်းရန်တစ်ယောက် တစ်ဖက်လူက ငိုချခါနီးဆဲဆဲဖြစ်နေကြောင်းကို ခံစားမိခဲ့သည်။

 

သေချာတာပေါ့။ စုန့်ဝေ့သာငိုမယ်ဆိုရင် သူမ ပိုပြီးပျော်လိမ့်မယ်!

 

အန်ကယ်စုန့်၊ ကျွန်မတို့ ဟိုဟိုဒီဒီလျှောက်မသွားဖြစ်ခဲ့ဘူး၊  ကျွန်မ ရုတ်တရက်ကြီး စားသောက်စရာတွေ တစ်ခုကိုမှမဝယ်ရသေးဘူးဆိုတာ သတိရလာလို့လေ ၊ ဒါကြောင့် အစ်ကိုရှုကို ကျွန်မနှင့်အတူ အစားအစာနည်းနည်းပါးပါး ဝယ်ဖို့ခေါ်သွားလိုက်တယ်၊ အန်ကယ်ရှု ကျွန်မကို အပြစ်မတင်ဘူးမလား

 

လင်းရန်က မျက်တောင်ခတ်လိုက်ပြီး စုန့်ဝေ့ဆီကို စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့်  ကြည့်လိုက်ရသည်။

 

စားစရာနည်းနည်းလောက် ဝယ်ထားတာလား?

 

သူတို့တစ်မိသားစုလုံး စားမယ်ဆိုရင်တောင် ဒီပစ္စည်းတွေကို  အချိန်အကြာကြီး စားနေရလောက်မှာကို ကြောက်မိတယ်။

 

သို့သော်လည်း စုန့်ဝေ့အတွက်တော့ ရှုကျစ်ဝမ်၏ရှေ့တွင် ဤကဲ့သို့စကားလုံးများကို ပြောဖို့ မဖြစ်နိုင်ပါချေ။

 

သူက အပြုံးတစ်ခုဖြင့် လင်းရန်ကို နှစ်သိမ့်ရန်ပင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ရပေသည်။

 

ငတုံးမလေး၊ မင်း ဘာတွေပြောနေတာလဲ၊ ငါ မင်းကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ

ကြမ်းပြင်ပေါ်မှ ပစ္စည်းများကို ကြည့်လိုက်မိလျှင်  သူတွေးတောနိုင်သည့် တစ်ခုတည်းသော ကိုယ့်ကိုယ်ကိုနှစ်သိမ့်မှုကတော့ သူ ထိုပစ္စည်းများအတွက် ပေးချေနေစရာ မလိုအပ်ခဲ့သည့်အချက်ကိုပင် ဖြစ်ချေသည်။

 

လင်းရန်က ထိုပစ္စည်းများကို ဝယ်လိုက်ကတည်းက သူမ၏ကိုယ်ပိုင်ငွေနဲ့သာ ဖြစ်နိုင်သည်။

 

လင်းရန်ဆီမှ ပိုက်ဆံသည်လည်း သူ့ဆီမှပေးထားခဲ့ခြင်းဆိုသော်လည်း အနည်းဆုံးတော့ သူ ယနေ့တွင် ပေးခဲ့ခြင်း မဟုတ်ပေ။

 

သူ ယနေ့ ယွမ်တစ်ရာကျော် သုံးပြီးနေပြီ။ သူ့ကိုသာ ထပ်မံပြီး ပေးဆောင်ခိုင်းပါက စုန့်ဝေ့တစ်ယောက် သူ တိုက်ရိုက် မူးလဲသွားနိုင်သည်ဟုတောင် ခံစားနေရပြီ။

 

အင်း!​ အန်​ကယ်​စုန့်က ကျွန်မကို အပြစ်​မတင်​ဘူးဆိုတာ ကျွန်မသိတယ်​!”

 

လင်းရန်က ဆောင်းဝေကို ပြုံးပြလာခဲ့ပြီး သူမ၏အမူအရာက ရုတ်တရက် ရှက်ရွံ့မှုများ ရောနှောလာခဲ့သည်။

 

သူမ၏ ထိုရုတ်တရတ်ပြောင်းလဲသွားသည့် အမူအရာကိုမြင်လိုက်ရချိန်တွင် စိန့်ဝေ့မှာ အကြောင်းပြချက်မရှိဘဲ တစ်ခုခုမှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

 

ကံမကောင်းစွာနှင့် အလွန်အမင်းနောက်ကျသွားခဲ့ပေပြီ။

 

အဲဒါ.. ဒီနေ့ အပြင်လာတုန်းက ကျွန်မ ပိုက်ဆံမယူခဲ့မိဘူးလေ၊ အခုဝယ်ထားတဲ့ပစ္စည်းတွေက အစ်ကိုရှုဆီက ချေးထားတာ၊ အန်ကယ်စုန့် ကျေးဇူးပြုပြီး အစ်ကိုရှုဆီကို အရင်ပြန်ပေးလိုက်ပါလား၊ မဟုတ်ရင်  အန်ကယ် အရှက်ရနေလိမ့်မယ်

 

စုန့်ဝေ့ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရသည်။ လင်းရန်၏  စကားများကို သူကြားလိုက်ရသည်နှင့်တပြိုင်နက် တစ်ကမ္ဘာလုံးက ချာချာလည်သွားသကဲ့သို့  ခံစားလိုက်ရချေသည်။

 

  

ပိုက်ဆံ! ပိုက်ဆံ!

 

ဒီပစ္စည်းတွေအားလုံးကို သူ့ ပိုက်ဆံနှင့် ရှင်းထားခဲ့တာ!

 

အန်ကယ်စုန့်၊ အန်ကယ်စုန့်?

 

စုန့်ဝေ့မှာ ငွေအမြောက်အမြားသုံးစွဲလိုက်ရသည့် ဝမ်းနည်းပူဆွေးမှုတွင် နစ်မြုပ်နေချိန်၌ လင်းရန်၏ “နတ်ဆိုးသံ” က သူ့အား အဖြစ်မှန်ကို ရင်ဆိုင်ရန် တွန်းအားပေးလာခဲ့သည်။

 

သူ၏ အာရုံများပြန်လည်ရောက်ရှိပြီး သူ့၏ပါးစပ်ကို အပြုံးတစ်ခုအဖြစ် ကွေးညွတ်လိုက်နိုင်စေဖို့ အကြိမ်ရေများစွာ လှုပ်ခတ်လိုက်ရသည်။

 

ကောင်းပြီ၊ ကောင်းပြီ၊  ငါ ရှောင်ရှုကို ပိုက်ဆံပေးလိုက်မယ်၊ စုစုပေါင်း ဘယ်လောက်လဲ

 

လင်းရန်ထံမှ ပြတ်သားသောအသံက နံဘေးနားမှ ထွက်ပေါ်လာပြီး နံပါတ်တစ်ခုကို ပြောလာခဲ့လေ၏။

 

စုစုပေါင်း ခြောက်ဆယ့်ရှစ်ယွမ် ကုန်သွားတယ်၊ တောင်းပန်ပါတယ် အန်ကယ်စုန့်၊ ကျွန်မ မတော်တဆ ဝယ်တာအရမ်းများသွားတယ်

 

ဖူး--!

 

စုန့်ဝေ့မှာ သွေးတစ်လုတ်စာအန်ထုတ်လုမတတ်ဖြစ်နေခဲ့ပြီ။

 

ခြောက်ဆယ့်ရှစ်ယွမ်! သူ့ရဲ့  တစ်လစာလောက်နီးပါးပဲ!

 

အရင်တုန်းက သူသုံးစွဲခဲ့တဲ့  ယွမ်တစ်ရာကျော်ကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် ဒီနေ့ ဒီလည်ပတ်မှုအတွက် သူမက ယွမ်နှစ်ရာတောင် သုံးစွဲခဲ့ပြီ!

 

ယွမ်နှစ်ရာက သူတို့မိသားစုအတွက် အချိန်မည်မျှကြာကြာသုံးစွဲနိုင်မည်လဲဆိုသည်ကို ဘုရားရှင်သာ သိလိမ့်မည်။

 

ဤအချိန်တွင် စုန့်ဝေ့မှာ လင်းရန်၏ လည်ပင်းကို သေသည်အထိ ညှစ်သတ်ချင်နေပြီး အဘယ်ကြောင့် ပိုက်ဆံခြွေတာရမှန်းကို မသိရတာလဲဟု  အော်ဟစ်မေးမြန်းချင်နေခဲ့ပြီ။

 

သူမက သူ့အနေနဲ့ ငွေရှာရတာ အလွန်အမင်း လွယ်ကူတယ်လို့ တကယ်ပြီး ထင်နေတာလား?

 

သို့သော်လည်း လက်ရှိတွင် လင်းရန်နှင့် ရှုကျစ်ဝမ်တို့၏  အိမ်ထောင်ရေးမှာ လုံးလုံးလျားလျား ပြေလည်သွားခြင်း မရှိသေးသောကြောင့်၊ နောင်တွင် သူတို့တွေက မိသားစုတစ်ခုတည်းဖြစ်လာလိမ့်မည်ဟု မည်မျှပင် ကျင့်ဝတ်အရ ရှိနေပါစေ၊ သူ့၏ပိုက်ဆံအိတ်ကို ထုတ်ကာ ရှုကျစ်ဝမာထံသို့ခြောက်ဆယ့်ရှစ်ယွမ် ပြန်ပေးရပေဦးမည်ဖြစ်သည်။

 

ရှုကျစ်ဝမ်ကလည်း ငြင်းဆန်ချင်ခဲ့သော်လည်း ကံမကောင်းစွာနှင့် သူသည်က ယခုအချိန်တွင် အလွတ်အမင်းပင်ပန်းနေခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ဖို့အတွက် ခွန်အားမရှိခဲ့တော့ပါချေ။

 

အဆုံးတွင်၊ ရှုကျစ်ဝမ်က စုန့်ဝေ့ထံမှ ပေးလာသည့်ပိုက်ဆံကို   လက်ခံရုံသာ တတ်နိုင်ခဲ့ပြီး နောက်ဆုံးသော လက်ကျန်ဂုဏ်သိက္ခာဖြင့် စုန့်ဝေနှင့် တခြားသူများကို ပြောခဲ့ချေသည်။

 

အန်ကယ်စုန့်၊ ကျွန်တော့်မှာ လုပ်စရာတစ်ခုရှိနေသေးတာကို ရုတ်တရတ် သတိရသွားလို့  ဒီနေ့တော့ အရင်ပြန်နှင့်လိုက်ပါ့မယ်၊  နောက်တစ်ကြိမ် အခွင့်အရေးရရင် စကား ဆက်ပြောကြတာပေါ့

 

ထိုစကားကိုပြောပြီးနောက် ရှုကျစ်ဝမ်က အလျင်အမြန်လှည့်ထွက်သွားကာ ကုန်တိုက်ထဲမှတိုက်ရိုက်ပင်ထွက်သွားတော့သည်။

 

သူထွက်ခွာသွားသည့်ပုံက သူ့နောက်ဘက်မှ တစ်စုံတစ်ခုက လိုက်နေသကဲ့သို့ အလွန် မြန်ဆန်လှပေ၏။

 

ဤသည်ကို မြင်ရချိန်တွင် စုန့်ဝေ့မှာ နှလုံးတုန်သွားရသည်။

 

သူ မတိုင်ခင်က တုံ့ဆိုင်းစွာ လွှဲပေးလိုက်သော ငွေကြေးနှင့် နှိုင်းယှဉ်ပါက ယခု ရှုမိသားစုနှင့် လင်းရန်၏ အိမ်ထောင်ရေးစီစဥ်မှု ပြိုကွဲသွားမည်ကို သူ ပို၍စိုးရိမ်ပေသည်။

 

ထို့ကြောင့် လင်းရန်ကို လည်ပင်းညှစ်သတ်မည့် အတွေးကို ပြန်လည် လျစ်လျူရှုလိုက်ပြီး လင်းရန်ဘက်ကို အမြန်လှည့်မေးလိုက်သည်။

 

မင်းနဲ့ ရှောင်ရှုတို့ ခုနတုန်းက ဘာတွေလုပ်နေခဲ့ကြတာလဲ? ရှောင်ရှုက ဘာလို့ အရေးပေါ်ပုံစံမျိုးနှင့် ထွက်သွားရတာလဲ

 

လင်းရန်က ထိုမေးခွန်းကိုကြားချိန်တွင် အပြစ်ကင်းစင်စွာ ပြန်ဖြေလာခဲ့သည်။

 

ကျွန်မတို့တွေ ဘာမှအများကြီးမလုပ်ခဲ့ပါဘူး၊ ကျွန်မတို့ ခုနတုန်း ကုန်တိုက်မှာ လမ်းပတ်လျှောက်ပြီး အန်ကယ်တို့ ပြန်လာမှာကိုစောင့်နေတာ၊ အစ်ကိုရှုက ဘာလို့ရုတ်တရက် ထွက်သွားတာလဲဆိုတာ ကျွန်မလည်း မသိဘူး၊ သူ အလျင်လိုနေတဲ့အခြေအနေဖြစ်လာတာလည်း ဖြစ်နိုင်တယ်

 

ဘယ်လိုလုပ်အရေးပေါ်အခြေအနေဖြစ်နေမှာလဲ!

 

ရှုကျစ်ဝမ်က ဒီနေ့အတွက် အထူးတလည် အလုပ်ကနေခွင့်ယူခဲ့တာလေ!

 

စုန့်ဝေ့ လင်းရန်ကို တိုက်ရိုက်အော်ပြောချင်နေခဲ့ပြီ။

 

သို့သော် မဖော်ထုတ်နိုင်သေးသည်ကတော့ စိတ်မကောင်းစရာပင်။

 

အဆုံးတွင် လင်းရန်မှာ ယနေ့တွေ့ဆုံမှု၏အကြောင်းပြချက်ကို နားမလည်နိုင်ခဲ့သောကြောင့် ယနေ့ သူတို့နှစ်ဦး၏ တိုးတက်မှုမှာ သုညနီးပါးဖြစ်နေခဲ့သဖြင့် သုန့်ဝေ့သည်လည်း သူ့အတွေးများကို အချိန်တစ်ခုလောက်အထိ ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။

 

  

မည်သို့ပင်ဖြစ်စေ ရှုကျစ်ဝမ် ယခုပြောခဲ့သည်က လုံးဝမဖြစ်နိုင်တော့ ဟူသော စကားလုံးမဟုတ်ဘဲ  နောက်တစ်ကြိမ်မှ တွေ့ဆုံမည်ဟု ဆိုခဲ့သောကြောင့်ထိုသူကလင်းရန်ကို လက်မလွှဒ်သေးကြောင်း ပြသနေခဲ့သည်လေ။

 

ထို့ကြောင့်  သူတို့ကိုနောက်တစ်ကြိမ် ဆုံတွေ့ရန် နောက်ထပ်အခွင့်အရေးတစ်ခု ဖန်တီးပေး၍  ရနိုင်သေးသည်။

 

မည်သို့ပင်ဖြစ်စေ သူသည်ကား အရှက်ရမှုနှင့် ဝန်ထုပ်ဝန်ပိုးများကို နှစ်ပေါင်းများစွာ သည်းခံနိုင်ခဲ့သူဖြစ်ပြီး တစ်ရက်၊ နှစ်ရက်လောက်မျှအချိန်ကို သေချာပေါက် စောင့်ဆိုင်းနိုင်ပေသည်။

 

နောက်ဆုံးတွင်တော့ လင်းရန်  ဝယ်ယူလာခဲ့သော ပစ္စည်းများကို အိမ်သို့ပြန်ရွှေ့ရန်အတွက် မိသားစုတစ်ခုလုံး အတူတကွသယ်ဆောင်ခဲ့ကြရတော့သည်။

 

*