Ch 14
Viewers 10k

(14)

 

ယနေ့အတွက် ခရီးစဥ်သည်ကား  နှစ်ပေါင်းများစွာအတွင်း  စုန့်ဝေ့သုံးနှုန်းပြောဆိုခဲ့သည့် ရန်ရန်ကို ကုန်တိုက်တစ်ခုဆီ လိုက်ပို့ပေးတာ  ဟူသော တာဝန်ကို ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် ပြီးမြောက်စေခဲ့သော ခရီးဟု ဆိုနိုင်သည်။

 

သို့သော်လည်း အိမ်ပြန်ရောက်ချိန်တွင်တော့ စုန့်ဝေ့တစ်ယောက် ပစ္စည်းများကို ကြည့်ပြီး စိတ်သက်သာရာ ရသွားခဲ့ရသည်။

 

မည်သို့ပင်ဖြစ်စေ ဤပစ္စည်းများက အသုံးဝင်သည့်အစားအသောက်များဖြစ်ပြီး အများစုကို မိသားစုတစ်စုလုံး စားသုံးနိုင်လိမ့်မည်။

 

သူ၏မိသားစုအတွက် ပစ္စည်းများ ကြိုဝယ်ထားသည်နှင့် တူညီသည်ပင်။

 

မတိုင်ခင်တုန်းက သူ့၏ဒေါသမှာ  ပြေလျော့သွားခဲ့ပေပြီ။

 

  

သို့သော်လည်း သူတို့အားလုံး ပစ္စည်းများကိုသယ်ဆောင်ရန်လှုပ်ရှားခဲ့ရသည့်အတွက် ပင်ပန်းနွမ်းနယ်စွာ ထိုင်ချလိုက်ချိန်တွင် လင်းရန်က ရုတ်တရက် စေတနာ့ဝန်ထမ်းလုပ်လာပြီး ကျန်သည့်ပစ္စည်းများကို သူ့ဘာသာသူ လုပ်နိုင်ကြောင်း အကြံပြုလာခဲ့ချေသည်။

 

သူမက ဘာလို့ တစ်ယောက်တည်းသယ်သွားချင်နေတာလဲ?

 

စုန့်ဝေ့ လင်းရန်၏စကားများကို နားမလည်နိုင်ဖြစ်နေချိန်တွင်  လင်းရန်က သူမ၏ အင်္ကျီလက်များကို လိပ်တင်ကာ ကြမ်းပြင်တွင်  ချထားသောပစ္စည်းများကို အပေါ်ထပ်ရှိ အခန်းဆီသို့ တိုက်ရိုက်ရွှေ့သွားခဲ့သည်ကို တွေ့လိုက်ရချေသည်။

 

စုန့်ဝေ: ???

 

လင်းရန်? နင်က ဘာကိုဆိုလိုချင်တာလဲ၊ ဒီပစ္စည်းတွေကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်တာလား

 

သူ့အနားတွင် ရှိနေသည့် စုန့်စစ်ယွီတစ်ယောက် နောက်ဆုံးတွင်  သည်းမခံနိုင်တော့ဘဲ လင်းရန်ကို အေးစက်သောမျက်နှာဖြင့် ကြိမ်းမောင်းလိုက်တော့သည်။

 

နင်က တစ်ကိုယ်ကောင်းဆန်နေတာလား၊ ဒီပစ္စည်းတွေကို နင်တစ်ယောက်တည်းပဲ စားဖို့ တွေးနေတယ်ပေါ့!  ငါတို့ကို မိသားစုလို့ရောသတ်မှတ်သေးရဲ့လား?!

 

လင်းရန်က သူမ၏စကားကိုကြားတော့ အေးအေးဆေးဆေးပဲ ပြန်ဖြေခဲ့သည်။

 

ကျွန်မကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ဘယ်လိုပြောနိုင်တာလဲ?   ဒီပစ္စည်းတွေက အန်ကယ်စုန့်က ကျွန်မအတွက် ဝယ်ပေးခဲ့တာ  သိသာနေတာပဲလေ၊ ဒီတော့ ကျွန်မရဲ့ပစ္စည်းကို ကျွန်မရဲ့အခန်းကို ပြန်သယ်တာ ဘာဖြစ်လို့လဲ?

 

ဒါ့အပြင် အစ်မကို သုံးဖို့ ဒါမှမဟုတ် စားဖို့ မပေးဘူးလို့ ကျွန်မပြောခဲ့မိလို့လား၊ အစ်မ ဒါတွေကို လိုချင်ရင် ကျွန်မဆီကို တိုက်ရိုက်လာခဲ့သင့်တယ်၊ အစ်မ ဒီလိုမျိုးပြသနာရှာနေစရာလိုလို့လား? အစ်မစစ်ယွီ၊ အစ်မက တကယ့်ကို စိတ်သဘောထားသေးသိမ်တာပဲ

 

ထိုစကားကိုပြောပြီးနောက်  လင်းရန်တစ်ယောက် သူမကို ဂရုမစိုက်တော့ဘဲ ပစ္စည်းများကို သူမ၏အခန်းထဲသို့ ရွှေ့လိုက်တော့သည်။

 

မည်သို့ပင်ဖြစ်စေ၊ သူမသည်ကား ဤပစ္စည်းများကို နှစ်ရက်အတွင်း ယူဆောင်သွားတော့မည်ဖြစ်ပြီး ထိုသူတို့လိုချင်လျှင်ပင်  အသုံးမဝင်တော့ပါချေ။

 

စုန့်စစ်ယွီကတော့ လင်းရန်အား ပစ္စည်းများကို တစ်ယောက်တည်း သိမ်းဆည်းထားရန် ခွင့်မပြုကြောင်း မပြောနိုင်ခဲ့ရုံသာမကဘဲ စိတ်သဘောထား သေးသိမ်သူအဖြစ်လည်း အပြောခံခဲ့ရပြီး အလွန်အမင်းဒေါသထွက်သွားခဲ့တော့သည်။

 

အဆုံးတွင် စုန့်ဝေ့ကသာ စိတ်ပင်ပန်းစွာဖြင့် သူ့လက်ကို  ဝှေ့ရမ်းလာခဲ့သည်။

 

ကောင်းပြီ၊ မင်းညီမက သူ့အခန်းထဲမှာ ထည့်ထားရတာကို သဘောကျတယ်ဆိုမှတော့  သူမကို ပြောင်းရွှေ့ခွင့်ပြုထားလိုက်ပါ၊ ငါတို့အားလုံးက မိသားစုတွေပဲလေ၊  ငါတို့လိုချင်ရင် သူမက မပေးဘဲနေမှာမဟုတ်ပါဘူး

 

သူ ထိုသို့ ပြောခဲ့သော်လည်း စုန့်ဝေ့ အမှန်တကယ်ပြောချင်ခဲ့သည့် စကားမှာ လင်းရန်က သူတို့၏အိမ်တွင် ရက်အနည်းငယ်သာ နေနိုင်တော့မှာဖြစ်ပြီး ရှု မိသားစုနဲ့ လက်ထပ်ပြီးသွားပါက  အရာအားလုံး ပြီးစီးသွားလိမ့်မည်။

 

...

 

တစ်မနက်စာအချိန်က ဤကဲ့သို့ ကုန်ဆုံးသွားခဲ့သည်။ ရှုကျစ်ဝမ်က ယနေ့တွင် နောက်ထပ် လည်ပတ်ရန် မျှော်လင့်ချက်မရှိတော့ကြောင်းကို သိရှိခဲ့သောကြောင့် စုန့်ဝေ့ကလည်း နေ့ခင်းဘက်တွင် အလုပ်ပြန်ဆင်းခဲ့သည်။

 

လီရှို့လီကတော့ ခါတိုင်းကဲ့သို့သာရှိနေခဲ့ပြီး နေ့လယ်စာစားပြီးနောက်တွင် အနီးအနားရှိ သူမနှင့် သက်တူရွယ်တူအမျိုးသမီးများနှင့် အတင်းအဖျင်းပြောဆိုရန်အတွက် ထွက်သွားခဲ့သည်။

 

  

စုန့်စစ်ယွီအတွက်ကတော့ သူမက လင်းရန်အား အလွန်အမင်းစိတ်ဆိုးနေခဲ့ပြီး နေ့လည်စာစားပြီးသည်နှင့် သူမ၏ အခန်းထဲကို ပြန်သွားခဲ့ကာ အခန်းအပြင်ဘက်ကို ထွက်မလာခဲ့တော့ပါချေ။

 

ဤနည်းအားဖြင့် လင်းရန်က အပြင်သို့ထွက်ဖို့ရန်အတွက် ပိုမိုလွယ်ကူသွားခဲ့ရတော့သည်။  နောက်ဆုံးတွင်တော့ သူမ မည်သည့်နေရာတွင် ရောက်နေကြောင်းကို မေးလာမည့်သူမရှိတော့သည့်အတွက် ပို၍အဆင်ပြေသွားသည်မဟုတ်ပါလား။

 

သူမအနေနှင့် နေ့ခင်းဘက်တွင်ကိစ္စကြီးတစ်ခု လုပ်စရာရှိနေသေးပြီး ကျေးလက်ကိုသွားရန်အတွက် နောက်ဆုံးအဆင့်လျှောက်လွှာကို တင်သွင်းရန် လိုအပ်သေးသည်ပင်။

 

ယနေ့သည်က လျှောက်လွှာတင်သွင်းရန်အတွက် နောက်ဆုံးနေ့ဖြစ်ပြီး၊ သူမ၏ လျှောက်လွှာပုံစံကို မပျက်မကွက် တင်သွင်းကြောင်းကို သေချာအောင် စစ်ဆေးရလိမ့်မည်။

 

နောက်ဆုံးသောအခိုက်အတန့်တွင် မတော်တဆမှုများဖြစ်လာခြင်းကို ရှောင်ရှားဖို့အတွက် လင်းရန်က အပြင်ကိုထွက်ပြီးနောက် လမ်းတစ်ဖက်ရှိ ပညာတတ်လူငယ်ရုံးခန်းကို မသွားခဲ့ပါချေ။ ထို့အစား၊ သူတို့ အလုပ်မဆင်းခင် မိနစ်အနည်းငယ်လောက်အထိ စောင့်ဆိုင်းပြီးမှသာ အမြန်ပြေးသွားခဲ့သည်။

တစ်ဖက်မှာတော့ အန်တီဝမ်မှာ လင်းရန်၏ပုံသဏ္ဍာန်ကို မြင်တွေ့ရဖို့အတွက် အချိန်ကြာမြင့်စွာ စောင့်မျှော်နေခဲ့ရသည်။

 

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ လင်းရန်က ရောက်မလာသေးသည်ကို မြင်တွေ့ရပြီး သူမ၏ နှလုံးသားက နစ်မြုပ်လာခဲ့ရသည်။

 

တဖြည်းဖြည်းနှင့် ယမန်နေ့က လင်းရန် သူမကို ပြောခဲ့သည့်စကားများက အလိမ်အညာများလားဟုပင် ထင်မှတ်လာခဲ့သည်။

 

သူမက နောက်ဆုံးမှာ နောင်တရသွားခဲ့ပြီး ကျေးလက်ကို သွားဖို့ အစီအစဉ်မရှိတော့သည်လားဟု တွေးမိလာခဲ့သည်။

 

ကံကောင်းစွာနှင့် အလုပ်မဆင်းခင် နောက်ဆုံးမိနစ်ပိုင်းလောက်တွင် အန်တီဝမ်တစ်ယောက် လင်းရန်ကို မြင်တွေ့လိုက်ရချေသည်။

 

ရိုးသားစွာပြောရပါက သူမ  အမှန်တကယ်ပင် ငိုကြွေးလုနီးပါး ဖြစ်နေခဲ့ရသည်။

 

ရန်ရန် နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပဲ!၊ ငါက မင်းနောင်တရနေပြီထင်ခဲ့တာ!

 

အန်တီဝမ် စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး လင်းရန်ဆီသို့ လျှောက်လာခဲ့သည်။

 

လင်းရန်တစ်ယောက် သူမ တခြားသောမတော်တဆမှုများဖြစ်လာမည်ကို ကြောက်သောကြောင့် အနီးအနားတွင် အချိန်ကြာကြီး လှည့်ပတ်နေခဲ့ပြီး တမင်သက်သက် ဤအချိန်မှရောက်လာခဲ့ကြောင်း ပြန်ပြောပြရမည်ကို  ရှက်ရွံ့နေခဲ့သည်။

 

အန်တီဝမ်က သူမကိုမြင်သည်မှင့် ဤမျှစိတ်လှုပ်ရှားနေသောကြောင့် မပြောနိုင်ခဲ့တော့ပေ။

 

သူမ နှာခေါင်းကို အသာတို့ထိလိုက်ကာ ရှက်ရွံ့စွာပြုံးပြီး ပြောလိုက်သည်။

 

အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကောင်းမွန်တဲ့ တည်ဆောက်ရေးမှာပါဝင်ဖို့အတွက် ကျွန်မ ကျေးလက်ကိုသွားမယ်လို့သဘောတူထားတယ်လေ၊ ဒီနေ့မှာ ကိစ္စတစ်ခုခုရှိနေတဲ့အတွက် နှောင့်နှေးသွားခဲ့တာပါ၊ ကြည့်လေ ကျွန်မအခု ဒီကိုရောက်လာပြီမလား

 

ထိုစကားကိုပြောရင်း လင်းရန်က နောက်ဆုံးအဆင့် လျှောက်လွှာပုံစံကို အန်တီဝမ်ထံသို့ ပေးအပ်ခဲ့သည်။

 

အန်တီဝမ်၊ ကျေးဇူးပြုပြီး ဒီလျှောက်လွှာပုံစံတွေကို မြန်မြန်တင်ပေးပါဦး၊ အခုချိန်လောက်ဆို  ဒီကို ဘယ်သူမှ လာတော့မယ်မထင်ဘူး၊ ဒီအချိန်မှာ တင်သွင်းမယ်ဆိုရင် မြန်မြန်ပြီးမြောက်နိုင်မယ်ထင်တယ်

 

“​ကောင်းပြီ၊  ငါချက်​ချင်း​လုပ်ပေးလိုက်​မယ်​!”

 

အန်တီဝမ်က အချိန်ကိုကြည့်လိုက်တော့ လင်းရန်ပြောသည့်အတိုင်း ဤအချိန်တွင် မည်သူမျှ ထပ်မလာလောက်တော့သည်ကို တွေ့လိုက်ရသည်။

 

သို့နှင့် သူမက ရုံးခန်းတံခါးကို အလျင်အမြန်သော့ခတ်ကာ စက်ဘီးပေါ်တက်ပြီး ကျေးလက်သို့သွားသည့် ပညာတတ်လူငယ်များနှင့် ပတ်သက်သည့် ကိစ္စများကို ဆောင်ရွက်ပေးသည့် ဌာနသို့ လျှောက်လွှာပုံစံများကို သွားပို့ပေးတော့သည်။

 

အန်တီဝမ်၏ စက်ဘီးမှာ စက်ရုံအတွင်းမှ ထွက်ခွာသွားသည်ကိုမြင်လိုက်ရမှသာ လင်းရန်တစ်ယောက် အကြောင်းကြောင့်ဖြင့် စိတ်အေးသက်သာရာရခဲ့တော့သည်။

 

  

လျှောက်လွှာအား ပြန်လည်သုံးသပ်စစ်ဆေးပြီး စည်းတံဆိပ်ကို အတည်ပြုလိုက်သရွေ့ စုန့်ဝေ့နှင့်လီရှို့လီတို့ သူမကျေးလက်သို့သွားခြင်းကို မည်မျှသဘောမတူသည်ဖြစ်စေ ထိုကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် နေရာမရှိတော့ပေ။

 

ကောင်းပြီ! နောက်ဆုံးတော့ သူမ ဒီငရဲပြည်မှ ထွက်သွားနိုင်တော့မယ်!

 

ဤသို့တွေးတောရင်းဖြင့် လင်းရန်တစ်ယောက် ပိုပိုပြီး စိတ်ချမ်းသာလာခဲ့ရသည်။

 

ညနေပိုင်း အိမ်ကိုပြန်ရောက်ချိန်တွင် လင်းရန်မှာ အလွန် စိတ်ကောင်းဝင်နေခဲ့ပြီး ထမင်းစားနေသည့်အချိန်မှာတောင် ပြုံးနေခဲ့သည်ကို မိသားစုကပါ သတိထားမိခဲ့ကြသည်။

 

သို့သော် မနက်ခင်းတုန်းက လင်းရန် ပစ္စည်းအများကြီး ဝယ်ယူထားခဲ့သောကြောင့် သူမ ပျော်ရွှင်နေခဲ့သည်က ကျိုးကြောင်းဆီလျော်နေခဲ့သည်ပင်။ ဤသို့ဖြင့် လင်းရန်၏ စိတ်သဘောထားအကြောင်းကို မည်သူမျှ သံသယမဝင်ခဲ့ကြပေ။

 

လင်းရန်၏ အပြုံးကို ကြည့်ကာ စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့ နှစ်ယောက်လုံးက တစ်ချိန်တည်းတွင် တွေးတောမိလိုက်ကြသည်။

 

_ သူမကို နောက်ထပ် နှစ်ရက်လောက် ပြုံးခိုင်းလိုက်ဦးမယ်။  ဘာပဲဖြစ်ဖြစ် နည်းနည်းလောက် ကြာပြီးတာနှင့်  သူမက သူတို့ရဲ့ စုန့်မိသားစုထဲမှာ ပြုံးနိုင်ခွင့်ရှိတော့မှာ မဟုတ်ဘူး။

 

နေ့ခင်းဘက်မှာတုန်းက စုန့်ဝေ့က ရှုကျစ်ဝမ်တစ်ယောက် ရုတ်တရက်ပြန်သွားသည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်နေဆဲဖြစ်နေသောကြောင့် ဒါရိုက်တာရှုထံသို့ သွားရှာပြီး တစ်ဖက်လူ၏သားပြန်လာပြီးနောက်တွင် မည်သို့တုံ့ပြန်ကြောင်းကို သွားရောက်မေးမြန်းခဲ့သည်။

 

ထိုအချိန်က ဒါရိုက်တာရှု၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသော်လည်း နောက်ဆုံးတွင်တော့ သူ့၏သားမှ လင်းရန်ကို စိတ်ကျေနပ်ကြောင်း ပြောလာခဲ့သည်။

 

ယနေ့တွင်တော့ သားဖြစ်သူက အနည်းငယ်လောက် ပင်ပန်းနေသည့်အတွက် အိမ်သို့ စောစောပြန်လာခဲ့ခြင်းဖြစ်ကာ နောက်ထပ် နှစ်ရက်လောက်အတွင်း လင်းရန်နှင့်တွေ့ဆုံရန် အခွင့်အရေးရှာမည်ဖြစ်ကြောင်း ဆိုလာခဲ့သည်။

 

  

ဒါရိုက်တာရှု၏စကားကြောင့် စုန့်ဝေ့မှ် လုံးလုံးလျားလျား စိတ်သက်သာရာရသွားခဲ့တော့သည်။

 

သို့နှင့် သူနှင့် လီရှို့လီတို့ ညဘက် အိပ်ရာထဲတွင် လဲလျောင်းနေချိန်၌ လီရှို့လီအား သတ်မှတ်ရက်စွဲကို စတင်ရွေးချယ်နိုင်ပြီဖြစ်ကြောင်း အရိပ်အမြွက်ပြောလာခဲ့သည်။

 

တခြားမည်သည့်အရာကိုမျှ စိတ်ပူပန်စရာမလိုစေရန်အတွက် ၊  အနည်းဆုံးတော့ အရာအားလုံးကို လုံခြုံစိတ်ချရစေဖို့အတွက် အရင်ဆုံး စေ့စပ်ထားလိုက်ရမည်။

လီရှို့လီကတော့ စုန့်ဝေ့၏ကြားလိုက်ရချိန်တွင်  သူမအနေဖြင့် မနက်ဖြန်တွင် ရက်ကောင်းရက်မြတ်များကို သေချာပေါက်ရှာဖွေမည်ဖြစ်ကြောင်း ပြောလာပြီး အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

 

 

 

သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားသောအရာမှာ ထို နေ့ကောင်းနေ့မြတ်အား မဖြေရှင်းမီတွင် တခြားသာ အံ့အားသင့်စရာကိစ္စရပ် တစ်ခုက ပထမဆုံး ရောက်လာခြင်းကိုပင်။

 

*