Ch 15
Viewers 10k

(15)

  

မနက်စောစောမှာ စုန့်ဝေ့တစ်ယောက် မနက်စာစားနေစဥ်အချိန်တွင် တစ်စုံတစ်ယောက်က သူတို့၏ အိမ်တံခါးကိုလာခေါက်လေ၏။

 

ဘယ်သူက ဒီလောက်အစောကြီးရောက်လာတာလဲ

 

လီရှို့လီက သိချင်စိတ်ဖြင့် ညည်းညူရင်း တံခါးဆီသို့ လျှောက်လာသွားခဲ့သည်။

 

လာပါပြီ!

 

သူမ တံခါးကိုဖွင့်လိုက်သည်နဲ့ တောက်ပသည့် အပြုံးမျက်နှာတစ်ခုကို မြင်လိုက်ချေသည်။

 

အစ်မဝမ်၊ ရှင်ဘာလို့ ဒီဘက်ကိုရောက်လာတာလဲ

 

တစ်ဖက်မှဧည့်သည်မှာ ခရိုင်ရုံးမှ အန်တီဝမ်ဖြစ်ချေသည်။ လီရှို့လီက သူမထက် နှစ်အနည်းငယ်ငယ်သောကြောင့် သူမကို အစ်မဝမ်ဟုခေါ်ဆိုတတ်သည်။

 

အိုး..  မင်းပြောတာကိုကြည့်ပါဦး၊ ဘာကိစ္စမှသာ မရှိရင် ငါ မင်းရဲ့အိမ်တံခါးကို လာလို့မရဘူးလား

 

အန်တီဝမ်က ဒေါသထွက်ဟန်ဆောင်လျှက် သူမဆီသို့ ခေါင်းအမြန်ခါရမ်းနေခဲ့သော လီရှို့လီအား စိုက်ကြည့်လိုက်သည်။

 

  

 

ဘယ်ဟုတ်ပါ့မလား! ကျွန်မက  မေးကြည့်ရုံပါ၊ မေးကြည့်ရုံပါ!

 

အန်တီဝမ်မှ သူမကို ပထမဆုံးအကြိမ် စနောက်ဟာသလုပ်လာခဲ့သည်ကို မြင်လိုက်ရချိန်တွင် လီရှို့လီတစ်ယောက် သူမ၏ စကားပြောနိုင်စွမ်းရည်ကိုတောင် ပျောက်ဆုံးလုနီးပါးဖြစ်သွားရသည်။

 

သိသင့်သည်မှာ အန်တီဝမ်က လူတိုင်းအပေါ် စိတ်အားထက်သန်သော်လည်း အကြောင်းပြချက်တစ်ခုခုကြောင့် သူမနဲ့ လီရှို့လီက အတူပြောဆိုဆက်ဆံခြင်းမရှိသောကြောင့် သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက မျက်နှာခြင်းဆိုင်တွေ့လျှင်တောင် ခေါင်းညိတ် နှုတ်ဆက်ခြင်းထက် မပိုခဲ့ပေ။

 

သူတို့နှစ်ယောက်က သေချာပေါက် ရင်းနှီးခြင်းမရှိပေ။  တယောက်နဲ့ တယောက် ရယ်မောစနောက်ခြင်းဆိုသည်ကတော့ ဝေးကွာလွန်းလှသည်သာ။

 

ယနေ့တွင် အန်တီဝမ်က အထူးစိတ်ထားကောင်းနေပုံရသည်ကို သိမြင်နိုင်သည်။

 

ဟား ဟား၊ ငါက နောက်နေတာပါ၊  ဒီနေ့ မင်းရဲ့အိမ်ကို တကယ်လုပ်စရာတစ်ခုခုရှိလို့ ရောက်လာခဲ့တာ

 

အန်တီဝမ်က ဟက်ဟက်ပက်ပက် ရယ်မာ၍ ပြောလာချေသည်။ လီရှို့လီ၏ မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးမှုများက ပိုမိုနက်နဲလာသည်ကို မြင်လိုက်ရသည်နှင့် သူမက ထပ်မံ မစနောက်တော့ဘဲ ပြောလိုက်လေ၏။

 

စကားမစပ် မင်းတို့ရဲ့ ရန်ရန် အခု အိမ်မှာရှိနေတုန်းပဲလား၊ အပြင်ကိုမထွက်သွားသေးဘူးမလား

 

မထွက်ပါဘူး၊ သူမ  မသွားသေးဘူး

 

သူမက ဘာကြောင့် လင်းရန်အကြောင်းကို ပြောလာရတာလဲ။

 

လီရှို့လီ၏ နဖူးပေါ်ရှိ မေးခွန်းအမှတ်အသားက ပို၍ ကြီးမားလာရသည်။

 

အိမ်မှာပဲရှိနေတုန်းပဲလား၊ ဒါဆို သူ့ကိုခေါ်ပေးပါဦး ဟုတ်ပြီလား ၊ ငါ့မှာ သူမအတွက် ကောင်းတာတစ်ခုခုပါလာတယ်!

 

  

အန်တီဝမ်က သူမကို တမင်တကာခေါ်ထုတ်ဖို့ ကြိုးစားနေသည်ကို မြင်လိုက်ရတော့ လီရှို့လီတစ်ယောက် ခေါင်းညိတ်ပြ၍သာ အဆင်ပြေကြောင်း ပြောလိုက်ရသည်။

 

သူမက အန်တီဝမ်ကို ဧည့်ခန်းထဲသို့ ခေါ်သွားပြီး ခဏစောင့်ဆိုင်းခိုင်းခဲ့ကာ လင်းရန်ကို ခေါ်ဖို့အတွက် အပေါ်ထပ်ကို အမြန်တက်သွားခဲ့ချေသည်။

 

လင်းရန်က  အထက်တန်းကျောင်းပြီးကတည်းက အတန်းမရှိတော့၍ လုပ်စရာမရှိဖြစ်နေခဲ့သည်။ သို့နှင့် အစောကြီးထရန်မလိုအပ်တော့သည်ကြောင့် သဘာဝကျစွာနှင့် နေ့တိုင်း ကိုးနာရီကျော်သည်အထိ အိပ်တတ်လေ့ရှိသည်ပင်။

 

သူမ အခုချိန်ထိ အိပ်ယာထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလောက်ပေဦးမည်။

 

လီရှို့လီက သူမ၏ တံခါးဝဆီကို ရောက်ရှိလာခဲ့ပြီး တံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သော်လည်း ဖွင့်၍မရနိုင်ဖြစ်နေလိမ့်မည်ဟု  မမျှော်လင့်ထားခဲ့ပေ။

 

ဒီကောင်မလေးက  အိပ်နေတုန်းမှာ အခန်းတံခါးကို သော့ခတ်ထားတာလား

 

လီရှို့လီ တီးတိုးရေရွက်လိုက်သည်။

 

ဒီမိန်းကလေးက ကိုယ်ပိုင်အိမ်မှာတောင် တံခါးကို သော့ခတ်ထားတယ်၊ သူက ဘယ်သူ့ဆီကနေ ကာကွယ်ချင်နေတာလဲ!   တကယ်ပါပဲ!

 

လင်းရန် နိုးပြီလား၊ မြန်မြန်ထတော့၊ ခရိုင်ရုံးက အန်တီဝမ်က မင်းကိုရှာဖို့ အိမ်ကိုရောက်နေတယ်၊ ပေးစရာတစ်ခုခုရှိတယ်လို့ ပြောတယ်၊  မြန်မြန်ထွက်လာခဲ့

 

လင်းရန်မှ မတုံ့ပြန်သေးခင်အချိန်တွင် ဘေးဘက်အခန်းဆီမှ အိပ်ယာမှ ထပြီး ကောင်းစွာ ဝတ်စားထားပြီဖြစ်သည့် စုန့်စစ်ယွီက တံခါးကို အရင်ဆုံးဖွင့်လာတယ်။

 

စင်္ကြံလမ်းမှ  လီရှို့လီ၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသောကြောင့် တိလက်လွတ် မျက်မှောင်ကြုတ်မိကာ သူမ၏ တံခါးကိုဖွင့်ပြီး လှမ်းပြောခဲ့ချေသည်။

 

  ရှင့် အသံကို နည်းနည်းလောက့ လျှော့ပေးလို့ရမလား

 

လီရှို့လီက ထိုသို့အပြောခံရသော်လည်း  စိတ်ဆိုးခြင်းမရှိဘဲ အမြန်တောင်းပန်ခဲ့လေ၏။

 

အိုး၊ ဒါ အန်တီရဲ့ အပြစ်ပါ ၊ အန်တီ နောက်တစ်ခါကျရင် အသံလျှော့ဖို့အတွက် သတိထားလိုက်ပါ့မယ်၊ ဒါပေမယ့် ဒါက  ဒီကောင်မလေးရဲ့ အပြစ်ပဲ၊ သူမက ဝက်တစ်ကောင်လိုမျိုး အသေ အိပ်ပျော်နေတယ်လေ၊ အန်တီသာ အသံကိုလျှော့ပြီးအော်နေရင် သူမက နိုးလာမှမဟုတ်တဲ့အပြင် ဆက်အိပ်နေလိမ့်မယ်

 

ထိုစကားကိုပြောပြီးနောက် လီရှို့လီက လင်းရန်၏ တံခါးကို ဆက်လက်ခေါက်နေခဲ့ပြီး ထိုကျယ်လောင်သည့်အသံကို အမြန်ဆုံးပြီးဆုံးနိုင်စေဖို့ လင်းရန်ကိုလည်း လျှင်မြန်စွာ နှိုးနေခဲ့သည်။

 

လင်းရန်၊ မြန်မြန်ထစမ်း၊ အန်တီဝမ်က မင်းကို အောက်မှာစောင့်နေတယ်!

 

ဤကဲ့သို့ အော်ခေါ်သံမျိုးက  အိပ်ပျော်နေလျက် သေသွားသည့်သူကိုပင် ပြန်နှိုးလာနိုင်သည်။

 

လင်းရန်တစ်ယောက်နောက်ဆုံးတော့ နိုးလာခဲ့ရပြီး သူမ၏  မျက်လုံးများကို ပွတ်သပ်လျှက် မျက်လုံးဖွင့်ကြည့်လိုက်မိသည်။

 

သူမ၏ ဦးနှောက်များ မရှင်းလင်းသေးခင် စက္ကန့်အတော်ကြာအောင် အချိန်ယူလိုက်ရသေးသည်။

 

ခဏလေး..

 

လီရှို့လီ အခု ဘာပြောလိုက်တာလဲ။ အန်တီဝမ်က သူမကို အောက်ထပ်မှာ စောင့်နေတာလား?!

 

  

  

လင်းရန်၏ ပထမဆုံးတုံ့ပြန်ချက်မှာ - သူမရဲ့ ကျေးလက်သို့သွားဖို့အတွက် လျှောက်လွှာတင်တဲ့နေရာမှာ တစ်စုံတစ်ခု မှားယွင်းသွားခဲ့တာများလား?!

 

ထိုအကြောင်းကိုတွေးတောပြီးနောက် သူမ ထိတ်လန့်သွားရပြီး အဝတ်အစားလဲဖို့တောင် မတွေးနိုင်တော့ဘဲ  အောက်ထပ်ကို ပြေးဆင်းသွားတော့သည်။

 

အန်တီဝမ်! အန်တီ ကျွန်မဆီက ဘာများ လိုအပ်လို့လဲ!

 

လင်းရန်၏ မျက်နှာပေါ်မှ စိုးရိမ်သောကအကြည့်ကို မြင်လိုက်ရသောကြောင့် အန်တီဝမ်က သူမကို ဂရုစိုက်ရန် အလျှင်အမြန်  ပြောလာလေသည်။

 

ဟေး ဖြည်းဖြည်းဆင်းခဲ့၊ ဖြည်းဖြည်းဆင်းခဲ့၊ စိတ်မပူပါနဲ့၊ ချော်လဲနေဦးမယ်!

 

လင်းရန်တစ်ယောက် အောက်ထပ်ကို ဆင်းသွားပြီးနောက်တွင်   အပေါ်ထပ်ရှိ စုန့်စစ်ယွီနှင့် လီရှို့လီတို့ကလည်း သိချင်စိတ်ပြင်းပြလာခဲ့ကာ သူမ၏နောက်သို့ လိုက်မသွားဘဲ မနေနိုင်ကြတော့ပေ။

 

ထမင်းစားဝိုင်းတွင်ထိုင်နေသည့် စုန့်ဝေ့အပါအဝင် သုံးယောက်လုံးက စိတ်ရှုပ်ထွေးမှုတွေ၊ သိချင်မှုတွေရှိနေခဲ့ပြီး အန်တီဝမ်ဆီကို စိတ်လှုပ်ရှားစွာနှင့်  ကြည့်နေခဲ့ကြသည်။

 

လီရှို့လီ၏  အတွေးကတော့ :  လင်းရန်တစ်ယောက် အပြင်ဘက်မှာ ပြဿနာရှာခဲ့သောကြောင့် ရုံးအဖွဲ့ထံတွင် တိုင်တမ်းထားခြင်းကို ခံထားရတာလား?

 

စုန့်စစ်ယွီကတော့ ရိုးရှင်းစွာ စပ်စုခြင်းသာဖြစ်ပြီး : အန်တီဝမ်က ဘာတွေများ လုပ်စရာရှိလို့ လင်းရန်ကို လာတွေ့တာလဲ?

 

လင်းရန်အတွက်တော့ သူမ ကျေးလက်သို့သွားဖို့ လျှောက်လွှာတွင် တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရိမ်နေခဲ့သည်။

 

  

သို့သော်လည်း အန်တီဝမ်က ထိုကွဲပြားသောအမူအရာများရှိနေသော မျက်နှာသုံးခု၏ရှေ့တွင် ရုတ်တရက် ရယ်မောလိုက်ချေသည်။

 

အရမ်းကြီးလေးနက်မနေပါနဲ့၊ ငါ ရန်ရန်ကို တွေ့ဖို့လာခဲ့တယ်ဆိုတာက သူ့အတွက်ကောင်းတဲ့အရာတစ်ခု ယူလာပေးတာလေ၊ ဒါက  အရမ်းကိုကောင်းတဲ့အရာပဲ!

 

ဘယ်လို ကောင်းတဲ့အရာမျိုးလဲ  အန်တီဝမ်၊ သိပ်ပြီး လျှို့ဝှက်မနေပါနဲ့၊ ကျွန်မကို တိုက်ရိုက်ပြောပေးပါဦး!

 

သူမ လွတ်မြောက်ပြီး ကောင်းကင်ဘုံကို တက်နိုင်တော့မှာလား။

 

လင်းရန် မတတ်နိုင်စွာနှင့်မေးမြန်းခဲ့မိသည်။

 

လင်းရန်၏ စိုးရိမ်သောကရောနှောနေသောအကြည့်ကို မြင်တွေ့နေရသောကြောင့် အန်တီဝမ်လည်း  သူမအား စနောက်ကျီစယ်နေခြင်းကို ရပ်တန့်လိုက်ကာ နောက်တစက္ကန့်အတွင်းမှာ သူမ၏ နောက်ဘက်မှ အနီရောင်လက်မှတ်ကို ထုတ်ယူလိုက်လေသည်။

 

ငါ မင်းကို ဂုဏ်ပြုလက်မှတ်ပေးဖို့ ဒီကိုရောက်လာတာ!

 

အန်တီဝမ်၏ အသံထွက်လာသည်နဲ့ အခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

 

အန်တီဝမ်၏ စကားကြောင့် လူတိုင်းနီးပါး အံ့ဩသွားကြရသည်ပင်။

 

လင်းရန်က အလျင်မြန်ဆုံး တုံ့ပြန်ခဲ့သည်။ သူမ၏ အန်တီဝမ်၏ ရှေ့တွင် ရပ်နေခဲ့သောကြောင့် ထိုဂုဏ်ပြုလက်မှတ်ပေါ်တွင် ရေးထားသော စာလုံးကြီးကြီးတစ်ကြောင်းကို တွေ့လိုက်ရသည်:

 

ကျေးလက်ဒေသသို့ သွားရန် တက်ကြွလှုပ်ရှားသူ

 

သူမ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရစွာသက်ပြင်းချမိသည်။

 

ဤကဲ့သို့ ဂုဏ်ပြုလက်မှတ်က သူမ၏ခေါင်းပေါ်သို့ ကျရောက်လာပြီဖြစ်သဖြင့် သူမ၏  ကျေးလက်သို့သွားရန် အစီအစဉ်က ဖြစ်မြောက်သွားသည်မှာ သေချာသွားချေပြီပင်။

 

သို့သော်လည်း လင်းရန်က စိတ်သက်သာရာ ရသွားသည့်အချိန်တွင် သူမ၏ဘေးနားတွင်ရှိနေသည့် လှရှို့လီနှင့် စုန့်စစ်ယွီတို့ကတော့ စိတ်ရှုပ်ထွေးနေပုံရသည်။

 

ဂုဏ်ပြုလက်မှတ်? ဘာဂုဏ်ပြုလက်မှတ်လဲ?

 

ဘယ်လိုလုပ်ပြီး လင်းရန်ဆိုတဲ့ သူမက ဘယ်လိုဂုဏ်ပြုလက်မှတ်မျိုးရသွားတာလဲ။

 

လီရှို့လီမှာ လင်းရန်၏ မိခင်အရင်းဖြစ်သော်ငြား သူမကလင်းရန်၏  မိခင်အရင်းဖြစ်နေသောကြောင့်ပင် သူမ၏  ဤသမီးမှာ အသိဥာဏ်မရှိ၊ အရည်အချင်းမပြည့်မီကြောင်းကို တခြားသူများထက် ပို၍    အတိအကျနားလည်နေခဲ့ပေသည်။

 

သူမက  မူလတန်းကျောင်းတက်နေသည့် အချိန်တုန်းကပင် ဆုလက်မှတ်တစ်ခုလေးလောက် မရရှိခဲ့ဖူးပေ။ ဤကဲ့သို့ အထက်တန်းကျောင်းမှ ဘွဲ့ရရှိခဲ့ပြီး မည်သည့်အလုပ်မှ မလုပ်ဘဲ အိမ်တွင်ထိုင်ချိန်၌ ဆုလက်မှတ်များရလာနိုင်သည်က လုံးဝကို အဓိပ္ပါယ်မရှိပါချေ။

 

ဝမ်.. အစ်မဝမ်၊ အခု ဘာဖြစ်နေတာလဲ၊ ဒါက ဘယ်လို လက်မှတ်မျိုးလဲ၊ အစ်မ အမှားလုပ်မိသွားတာမဟုတ်တာ သေချာရဲ့လား?!

 

တကယ်သာ အမှားတစ်ခုဖြစ်နေရင် ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်မလဲ။

 

လီရှို့လီမှာ ချက်ချင်းပင် စိုးရိမ်လာခဲ့သည်။

 

အန်တီဝမ်မှာ လွန်ခဲ့သည့်တစ်စက္ကန့်ကပင် ပြုံးနေသေးသော်လည်း လီရှို့လီ၏ ပြောစကားကို ကြားလိုက်ရသည့်အချိန်တွင် သူမ၏မျက်နှာက  ချက်ချင်းပင် မည်းမှောင်သွားရတော့သည်။

  

လီရှို့လီ၊ မင်း ဘာပြောလိုက်တာလဲဆိုတာကိုကြည့်လိုက်ဦး!  ရန်ရန်က မင်းရဲ့သမီးအရင်းနော်၊ မင်းလို အမေမျိုးလဲရှိသေးတာလား၊ မင်းက ကိုယ့်ရဲ့သမီး ကောင်းတဲ့အကြောင်းကို မတွေးတောချင်ဘဲ နေ့တိုင်း သူမ ဘယ်လောက်ဆိုးရွားတယ်ဆိုတဲ့ အကြောင်းကိုပဲတွေးနေတာလား!

 

အန်တီဝမ် ကိုယ်တိုင်လည်း ယခင်တုန်းက လင်းရန်အပေါ် သိပ်ပြီး ကောင်းမွန်လှသည့် အမြင်မရှိသော်လည်း  လင်းရန်က ကျေးလက်ကို သွားမည့်အကြောင်းနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့် စကားများကို သူမရှေ့တွင် ပြောလာပြီးသည့်နောက်တွင် အန်တီဝမ်က လင်းရန်ကို သူတို့ရဲ့ မျိုးဆက်တွေထဲမှ အသိဥာဏ်အရှိဆုံး ကလေးတစ်ယောက်အဖြစ် မှတ်ယူထားခဲ့ပေပြီ။

 

ကျွန်မက သိပ်မငယ်တော့ဘူးဆိုပေမယ့် မျက်စိကန်းလောက်တဲ့အထိတော့ မအိုသေးဘူး၊  ဒီလက်မှတ်က လင်းရန်အတွက်ပဲ၊ ဒီအပေါ်မှာ လင်းရန်ရဲ့ နာမည် ရေးထားတယ်!

 

အန်တီဝမ်က မျက်လုံးကို လှိမ့်လိုက်ပြီး လီရှို့လီဘက်ကို ဆက်မကြည့်တော့ဘဲ တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး ဆုလက်မှတ်ကို လင်းရန်ဆီသို့ ပေးကာ ရယ်မော၍  ပြောလိုက်ပြန်သည်။

 

ရန်ရန်၊ မင်းအမေပြောတာကိုနားမထောင်နဲ့၊ မင်းက တွေးတောစဥ်းစာတတ်လွန်းတဲ့ကလေးပဲ၊ မင်းက ဒီလက်မှတ်နဲ့ ထိုက်တန်တယ်၊ မနေ့က ညနေတုန်းက ကျေးလက်ကိုသွားဖို့အတွက် လျှောက်လွှာတင်တဲ့အချိန်မှာ ဌာနခေါင်းဆောင်ကို ငါ မင်းအကြောင်းတွေကို ပြောပြခဲ့တယ်လေ၊

 

သေချာတာပေါ့၊ မင်းရဲ့အတွေးအခေါ်နှင့် အယူအဆတွေမြင့်မားတဲ့အတွက် သူက မင်းကို ချီးကျူးခဲ့တယ်၊ ဒါကြောင့် ကျေးလက်ကိုသွားတဲ့ တက်ကြွလှုပ်ရှားသူအဖြစ် ဒီဆုကို မင်းအတွက် ပေးခဲ့တာ၊ ဒီဆုနဲ့ဆိုရင် မင်းအနေနဲ့ ပိုပြီး စိတ်ချလက်ချနေလို့ရပြီ!

 

ကျေးလက်ကိုသွားတာလား? ဘယ်သူက ကျေးလက်ကိုသွားချင်တာလဲ

 

လင်းရန် မင်း ကျေးလက်ကို သွားမလို့လား

 

*