Ch 33
Viewers 10k

(33)

 

လင်းကျန်းအန်းက လင်းရန်နှင့် ကျောက်ရှီလဲ့တို့ အသားဘန်းမုန့်များ စားနေစဥ်တွင် ဘေးနားတွင်ရပ်ကာ အသားဘန်းမုန့်၏ရနံ့ကြောင့် သွားရည်ယိုနေခဲ့သည့် လင်းတာ့ကျွမ်းအား လင်းရန်နှင့် ကျောက်ရှီလဲ့တို့၏ ခရီးဆောင်အိတ်များကို သယ်သွားခိုင်းခဲ့သည်။

 

လင်းတာ့ကျွမ်းမှာ စိတ်နှင့်လူနှင့်  အနည်းငယ်ဝေးကွာနေခဲ့သောကြောင့်  လင်းကျန်းအန်း သူ့ကို မုန်းတီးစွာ စိုက်ကြည့်လျှက် တီးတိုး မဆူငေါက်ဘဲ မနေနိုင်တော့ချေ။

 

  ဘာလို့  ဒီလောက်တောင် အစားငမ်းနေရတာလဲ! ယောကျာ်းကြီးတစ်ယောက်ဖြစ်ပြီး  ဒါကိုတောင် တောင့်မခံနိုင်ဘူးလား

 

လင်းတာ့ကျွမ်းမှာ လင်းကျန်းအန်းဆီသို့ နစ်နာသည့်အကြည့်ဖြင့် ကြည့်လာခဲ့သော်လည်း အဆုံးသတ်တွင် မည်သည့်စကားကိုမျှ မဆိုရဲခဲ့ပေ။

 

 

  

ငါတို့သွားနေတဲ့အချိန် ရန်ရန်က ငါတို့ကို စားပြီးပြီလားဆိုပြီး ပြန်မေးနေရအောင် မလုပ်စမ်းနဲ့!

 

လင်းတာ့ကျွမ်းမှာ ခေါင်းညိတ်လာခဲ့သော်လည်း စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ခံစားနေရဆဲပင်။

 

သူ့၏နာမည်မှာ လင်းတာ့ကျွမ်းဖြစ်နေပြီး ခန္ဓာကိုယ်က သန်မာသလိုထင်ရသော်လည်း သူ့၏ခန္ဓာကိုယ်က လျင်မြန်စွာ နွမ်းနယ်လွယ်ပေသည်။

 

  

  

သူ့အနေဖြင့် နာကျင်သည်ဖြစ်စေ ပင်ပန်းသည်ဖြစ်စေ သည်းခံနိုင်သော်လည်း ဆာလောင်ခြင်းကိုမူ သည်းမခံနိုင်ပါချေ။

 

သူ ဗိုက်ဆာသည့်အချိန်တွင် အလွန်မသက်မသာခံစားရပြီး ခန္ဓာကိုယ်တစ်ခုလုံး နွမ်းနယ်လာကာ အားအင်များမရှိတော့သကဲ့သို့ ခံစားနေရတတ်သည်။

 

ထို့အပြင် မတိုင်ခင်က သူနှင့် ဦးလေးကျန်းအန်းတို့ထံတွင် ဘန်းမုန့်ပေါင်းလေးခုဝယ်ရန် ပိုက်ဆံရှိနေသည်မှာ သေချာပေသည်။ သူတို့ ဗိုက်မပြည့်လျှင်တောင် အဆာပြေဗိုက်ပြည့်ဖို့အတွက်တော့ လုံလောက်နေလိမ့်မည်။

 

သို့သော် ဦးလေးကျန်းအန်းမှာ နိုင်ငံပိုင်စားသောက်ဆိုင်သို့ ဝင်လိုက်သည်နှင့် ချက်ချင်းပင် အသားဘန်းမုန့်နှစ်လုံးကို ချက်ခြင်း မှာကြားခဲ့လေသည်။

 

ထို့နောက် သူ အံ့အားသင့်နေချိန်တွင် ထိုသူက ကျိုးကြောင်း ခိုင်လုံစွာ ပြောလာခဲ့သည်။

 

“ကလေးမလေးက အရမ်းပိန်နေတာ၊ ဘယ်လိုလုပ်ပြီး အသားနည်းနည်းလောက်တောင် မစားဘဲ ခံနိုင်မှာလဲ

 

ဒါဆို သူ့အတွက်ကရော?

 

  

  

သူ့ကဲ့သို့ အရွယ်ရောက်နေသည့် အမျိုးသားတစ်ယောက်က ဗိုက်ဆာနေသည့်အကြောင်းကို မည်သို့ညည်းတွားနိုင်နေမည်နည်း။

 

လင်းတာ့ကျွမ်းမှာ အလွန်ဝမ်းနည်းသွားပြီး ငိုလုမတတ်ဖြစ်နေခဲ့ရသော်လည်းထုတ်ဖော်မပြောနိုင်ခဲ့ပါချေ။

 

သူလည်း မပိန်ပေမဲ့  အသားစားချင်တယ်လေ!

 

သေချာတာပေါ့။ သွေးသားတော်စပ်ရင် မျက်နှာလိုက်ခံရတာပဲ!

 

သို့သော် သူ့စိတ်ထဲတွင် နှစ်ကြိမ်သာ ညည်းညူခဲ့သည်ပင်။ လင်းကျန်းအန်းမှာ သူငယ်စဥ်ကပင် စောင့်ကြည့်ပေးခဲ့သူဖြစ်ပြီး ကြီးပြင်းလာသည်အထိ စောင့်ရှောက်ခဲ့သူဖြစ်သည်။

 

သူ့အနေနဲ့  ကလေးဘဝမှ အရွယ်ရောက်ပြီးသည်အထိ လင်းကျန်းအန်း၏ ဂရုစိုက်မှုများစွာကို ခံယူခဲ့သည်။ ထို့ကြောင့် သူဗိုက်ဆာနေသည့်အချိန်တွင် လင်းကျန်းအန်းမှ သမီးဖြစ်သူအတွက် အသားဘန်းမုန့်ဝယ်ကျွေးခြင်းအား စိတ်ထဲတွင် မရှိပါချေ။

 

သို့သော် သူ့၏နှလုံးသားကို ထိန်းချုပ်နိုင်သော်လည်း ဗိုက်ကိုတော့ မထိန်းနိုင်ခဲ့ပေ။

 

လင်းရန်နှင့် ကျောက်ရှီလဲ့တို့က မုန့်များစားပြီးသည်နှင့် ၎င်းတို့၏ ခရီးဆောင်အိတ်များနှင့်အတူ နွားလှည်း၏ အနောက်ဘက်တွင် ဝင်ထိုင်လိုက်ကြသည်။ ထို့နောက် ခဏအကြာတွင် အရှေ့မှ လှည်းမောင်းလာသော လူနှစ်ယောက်ထံမှ တိုးတိုးတိတ်တိတ် မြည်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရတော့သည်။

 

ဂူ--!

 

လှည်းပေါ်မှလင်းရန်နှင့် ကျောက်ရှီလဲ့: ?

 

လင်းတာ့ကျွမ်း၏ ဘေးတွင်ထိုင်နေသော လင်းကျန်းအန်း : !

 

အသံထွက်လာခဲ့သည့် လင်းတာ့ကျွမ်း:   /(o)/~~”

 

တကယ်လို့ ခုနတုန်းက အသံက သူ့ရဲ့ဗိုက်ထဲက ထွက်လာတဲ့အသံမဟုတ်ဘဲ သူ  လေလည်လိုက်တာလို့ ပြောခဲ့မယ်ဆိုရင်  ဦးလေးကျန်းအန်းက ယုံကြည့်နိုင်လောက်လား....

 

သို့သော် လင်းကျန်းအန်းမှ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ လင်းရန်နှင့် ကျောက်ရှီလဲ့တို့သည်ကား သူ့၏ ဝမ်းဗိုက်ထဲမှ အသံကို ရှင်းရှင်းလင်းလင်းပင် ကြားလိုက်ရချေသည်။

 

လင်ရန် မျက်မှောင်ကြုတ်လိုက်မိကာ မတိုင်ခင်က လင်းကျန်းအန်းမှ သူမနှင့် ကျောက်ရှီလဲ့တို့အား အသားဘန်းမုန့်နှစ်ခုပေးခဲ့သည့်အကြောင်းကို တွေးတောလိုကာမိသည်။

 

ဖြစ်နိုင်တာက သူတို့ကိုယ်တိုင်ကတော့  မစားရသေးဘဲ သူတို့ကိုကျွေးခဲ့တာများလား။

 

လင်းကျန်းအန်းက သူတို့ဆီကို ဘန်းမုန့်များပေးပြီးသည်နှင့် လင်းတာ့ကျွမ်းအား အထုတ်များ သယ်ခိုင်းခဲ့သည်။ ထို့အပြင် သူတို့မှာ အလွန်အစောကြီး ထပြီး အပြင်သို့ ထွက်သွားခဲ့ကြကာ သူမတို့ အောက်သို့ ဆင်းလာချိန်တွင် ပြန်ရောက်လာခဲ့ပြီပင်။

 

ဤသို့ အချက်များကြောင့် လင်းရန်မှာ သူတို့ စားပြီးခဲ့ပြီဟု ထင်မိနေခဲ့ခြင်းပင် ဖြစ်ချေသည်။

 

သို့သော်ငြား အခုအခြေအနေအရ သူတို့မှာ လုံးဝမစားခဲ့ဘဲ လင်းရန်နှင့် ကျောက်ရှီလဲ့တို့အား အသားဘန်းမုန့်များ ကျွေးခဲ့ခြင်း ဖြစ်နိုင်သည်။

 

ထိုအကြောင်းကို တွေးတောမိလျှင် လင်းရန်မှာ သူမ မတိုင်ခင်က စားလိုက်သော ဘန်းမုန့်မှာ အတော်လေး မျိုချရခက်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

 

သူမသည်ကား ယခင်ဘဝတွင် မိဘမဲ့တစ်ဦးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် သူမ၌ သူငယ်ချင်းများ ရှိလာခဲ့လျှင်ပင် သူမနှင့် ထိုသူငယ်ချင်းများကြားက ကွာဟမှုအလွှာတစ်ခု အမြဲရှိနေခဲ့သည်။  စစ်မှန်ပြီး အချုပ်အတည်းမရှိသော သူငယ်ချင်းကောင်းများဟူသည့် ဆက်ဆံရေးကို တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးပေ။

 

လီရှို့လီနှင့် စုန့်ဝေ့အတွက်ကလား?

 

ထိုသူများမှာ သူမအား လှဲလှယ်စရာကုန်ပစ္စည်းနှင့် ခြေနင်းတုံးတစ်ခုအဖြစ် ဆက်ဆံရန်သာ စိတ်အားထက်သန်နေခဲ့ပြီး သူမအပေါ် ဖော်ပြနေခဲ့သည့် ကြင်နာမှုများတွင်လည်း အတွေးများစွာကို သိုဝှက်ထားခဲ့ကြသည်။

 

သို့သော်လည်း ယခုအခိုက်အတန့်တွင် လင်းကျန်းအန်းမှာ သူမနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသော်လည်း သူ၏ ကြင်နာမှုများတွင်  တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ သို့မဟုတ် သိုဝှက်ထားသည့် ရည်မှန်းချက်များမရှိကြောင်းကို သူမ ခံစားနိုင်သည်။

 

သူမအတွက် အသားဘန်းမုန့်ဝယ်လာခဲ့ကာ သူကိုယ်တိုင်တော့ အစာငတ်ခံနေခဲ့သည်။

 

ဤခံစားချက်က သူမကို စိတ်လှုပ်ရှား တုန်လှုပ်သွားစေခဲ့သည်။

 

သို့သော်လည်း.......

 

ဤအဖေမှာ သူမအပေါ် အလွန်ကောင်းလွန်းသည်။ သို့သော်လည်း  ယမန်နေ့ညက ပြောခဲ့သလို အနည်းနဲ့အများ တူညီနေဆဲပင်။

 

 သူက သိပ်ပြီး ဉာဏ်မကောင်းလှဘူးလို့ ခံစားရတယ်...

 

 

ကျေးလက်ကို သွားရန်အတွက် ခရီးက  ဝေးကွာလွန်းနေသေးသည်။ သူတို့က စားသောက်ပြီးသော်လည်း အဖေဖြစ်သူကိုတော့ အငတ်ခံခိုင်းထားရမည်ဆိုသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

 

လင်းရန် တွေးတောလိုက်ပြီး သူမ၏ရှေ့မှ အိတ်ကိုဖွင့်ကာ အသားစည်သွပ်ဘူးနှစ်ဗူးကို ထုတ်ယူလိုက်သည်။

 

လင်းကျန်းအန်းမှ မစားဘဲ ငြင်းဆန်လာမည်ကို တွေးမိသောကြောင့် လင်းရန် စည်သွပ်ဗူးများကို တိုက်ရိုက်ဖွင့်လိုက်ပြီး အရှေ့တွင် လှည်းမောင်းနေခဲ့သည့် လင်းကျန်းအန်းနှင့် လင်းတာ့ကျွမ်းတို့ဆီကို လှမ်းပေးလိုက်သည်။

 

 

အဖေ၊ အစ်ကိုတာ့ကျွမ်း ၊ အဖေတို့နှစ်ယောက် ဒါကို မြန်မြန်စားလိုက်ကြဦး

 

လင်းကျန်းအန်းမှာ သူ့ဆီသို့ ပေးလာသည့် စည်သွတ်ဘူးကို ကြည့်ကာ သူ့မျက်လုံးများပင် ပေါက်ထွက်လုမတတ် ပြူးကျယ်သွားခဲ့ရသည်။

 

သူ့အနေဖြင့် ဤအရာကို ယခင်တုန်းက တစ်ခါမှ မမြင်ဖူးသော်လည်း အနံ့ခံလိုက်ရုံဖြင့် အထဲတွင်ရှိနေသည်မှာ အသားဖြစ်နေမှန်းကို သိနေသေးပြီး မွှေးရနံ့ကြောင့် အလွန်အရသာရှိမည်ဖြစ်ကြောင်းကိုလည်း သိနိုင်ပေသည်။

 

လင်းတာ့ကျွမ်းမှာ သူ့၏ လက်ကို  ရွေ့လျားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း လင်းကျန်းအန်းဆီသို့ မသိစိတ်ဖြင့် လှမ်းကြည့်နေခဲ့သေးသည်။

  

  

ဤသည်ကိုမြင်လျှင် လင်းကျန်းအန်း တစ်ယောက် လင်းတာ့ကျွမ်းထံသို့  စူးစိုက်ပြီး ကြည့်လိုက်ရပြန်သည်။

 

လင်းတာ့ကျွမ်း ရှက်ရွံ့စွာဖြင့် နှာခေါင်းကို ကုတ်ခြစ်လိုက်မိသည်။ သူအနေဖြင့် ဗိုက်ထဲမှ ဆာလောင်မှုကို တောင့်မခံနိုင်တော့သယောင် ခံစားမိနေခဲ့ပြီ။

 

လင်းတာ့ကျွမ်းအား စိုက်ကြည့်ပြီးနောက် လင်းကျန်းအန်းက လင်းရန်ဘက်သို့ လှည့်ကြည့်ကာ သူမ မျှော်လင့်ထားသည့်အတိုင်း ငြင်းဆန်လာခဲ့သည်။

 

ရန်ရန် အဖေ ဗိုက်မဆာသေးဘူး၊ ဒီပစ္စည်းတွေကို မင်းဘာသာမင်း စားဖို့အတွက် သိမ်းထားလို့ရတယ်

 

လင်းရန်တစ်ယောက် အဓိပ္ပါယ်မရှိသော စကားများကို လေးလေးနက်နက်အမူအရာဖြင့်ပြောရန်မှတပါး ရွေးချယ်စရာမရှိတော့ချေ။

 

အဖေ၊ သမီး ခုနက ဘန်းမုန့်ပေါင်းစားလိုက်တာ ဗိုက်အရမ်းပြည့်နေပြီ၊  နောက်ပြီး ဗူးကိုလည်းဖွင့်ထားပြီးပြီလေ၊ ဒီဗူးတွေက အချိန်မီ မစားရင် အလဟသ ဖြစ်သွားလိမ့်မယ်၊ ကြာကြာထားလို့ ကောင်းတဲ့အရာမျိုးမဟုတ်ဘူး

 

 

 

တကယ်လို့ အဖေလည်း မစားချင်ဘူးဆိုရင်တော့ ဘေးကို ဖယ်ထားလိုက်ပြီး သိုးသွားတဲ့အထိ စောင့်နေလို့ရတယ်

 

သူမ၏ ဘေးတွင်ရှိနေသည့် ကျောက်ရှီလဲ့မှာ ထိုစကားကိုကြားပြီးနောက်တွင် ခေါင်းကို အမြန်ငုံ့ထားလိုက်မိသည်။ သို့မဟုတ်ပါက သူမ၏ပါးစပ်ကို မထိန်းနိုင်ဘဲ အမှန်အတိုင်းပြောလိုက်မည်ကို ကြောက်နေမိသည်ပင်။

 

သူမအနေဖြင့် စည်သွတ်ဘူးလို အစားအသောက်မျိုးကို အများကြီးမစားဖူးသော်လည်း ဤကဲ့သို့ စားစရာများမှာ တာရှည်အခံဆုံးဖြစ်ကြောင်း သိနေသေးသည်။ ဗူးကို ဖွင့်ထားလျှင်ပင် ရက်ပေါင်းများစွာ ပျက်စီးခြင်းမညှိဘဲ သိမ်းဆည်းထားနိုင်သည်။

 

သို့သော် သူမသည်ကား တုံ့ပြန်မှုများမျာ့နှေးကွေးသည့်သူဖြစ်သော်ငြား လင်းရန်မှာ လင်းကျန်းအန်းတို့ နှစ်ယောက် စားသောက်စေရန်အတွက် တမင်သက်သက် မုသားပြောနေခြင်းဖြစ်ကြောင်းကို သူမ မြင်နိုင်သေးသည် ။

 

လင်းတာ့ကျွမ်း၏ ဗိုက်ထဲမှ မြည်သံကို ကြားလိုက်ရပြီးချိန်တွင် သူမသည်လည်း အခြေအနေကို တွေးတောလိုက်မိပေ၏။

 

ထို့ကြောင့် မတိုင်ခင်က သူမ စားလိုက်သော အသားဘန်းမုန့်အတွက် အပြစ်ရှိသလို မခံစားဘဲ မနေနိုင်တော့ဘဲ လင်းရန်၏  အဓိပ္ပါယ်မဲ့သည့် စကားနောက်ကိုသာ အနောက်မှ လိုက်ပြောခဲ့တော့သည်။

 

ဟုတ်တယ် အန်ကယ်လင်း ဒီဗူးကို အခု မစားဘူးဆိုရင် အလဟသ ဖြစ်သွားလိမ့်မယ်

 

မူလတုန်းက လင်းကျန်းအန်းမှာ လင်းရန်က သူ မစားဘဲမနေရန်အတွက်  စည်သွတ်ဘူးများအကြောင်းကို တမင်တကာ လိမ်ညာပြောဆိုနေသည်ဟု သံသယရှိနေဆဲဖြစ်သည်။

 

သို့သော် ယခုမူ အလွန်ရိုးသားပုံရသော ကျောက်ရှီလဲ့မှပါ ဤသို့  ပြောလာသောကြောင့် မည်မျှပင် သံသယရှိစေကာမူ ယုံနိုင်လောက်သည်ဟူ၍ ဆုံးဖြတ်လိုက်တော့သည်။

 

ကောင်းပြီ ကောင်းပြီ ၊အဖေ စားလိုက်မယ်

 

သူက ပြောပြီးနောက် စည်သွပ်ဘူးထဲမှ တစ်ဘူးကို ကောက်ယူလိုက်တယ်။

 

သူ့ဘေးနားတွင်ရှိနေသည့် လင်းတာ့ကျွမ်းသည်လည်း  လင်းကျန်းအန်း သဘောတူသည်ကို မြင်လိုက်ရသည်နှင့် မျက်လုံးများ တောက်ပလာခဲ့ပြီး တခြားတစ်ဘူးကို အမြန်ယူကာ စားလိုက်တော့သည်။

 

**