Ch 39
Viewers 10k

(39)

 

လင်းကျန်းအန်းမှာ တပ်မဟာခေါင်းဆောင်၏ အမေးအမြန်းစကားများကို ရှင်းလင်းဖြေပေးခဲ့ပြီးနောက် လင်းကွမ်းချင်းနှင့် လင်းကွမ်းရှန်ဆီသို့ မည်းမှောင်သောမျက်နှာဖြင့် လျှောက်သွားခဲ့ကာ ညီအစ်ကိုနှစ်ယောက်လုံးကို သစ်အယ်သီးတစ်လုံး*စီပေးလိုက်ပြီး  ကြိမ်းမောင်းခဲ့လေ၏။

 

(T/n_ ခေါင်းခေါက်လိုက်တာလို့ ထင်ပါတယ်)

 

  

မင်းတို့နှစ်ယောက်ရဲ့မျက်လုံးတွေက ဘာဖြစ်နေတာလဲ! မင်းတို့ ရဲ့ညီမက မင်းတို့ရဲ့ မျက်လုံးအောက်မှာ ရှိနေတာတောင် လူမှားပြီး ခေါ်နေသေးတယ်!

 

ညီအစ်ကိုနှစ်ယောက်မှာ ဦးလေးဖြစ်သူ၏စကားကို ကြားလျှင် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်မိကြသည်။

 

အစ်ကိုအကြီးဆုံးဖြစ်သည့် လင်းကွမ်းချင်းသည်ကာ သူ့၏ညီမဖြစ်သူကို မမှတ်မိနိုင်ခြင်းကြောင့် အပြစ်ရှိသကဲ့သို့ ခံစားနေခဲ့ရသည်။

 

သို့ သော် လင်းကွမ်းရှန်ထံတွင် ပြောစရာစကားများ ရှိနေဆဲပင်။

 

သူ ခေါင်းမထောင်ဘဲ  မနေနိုင်ခဲ့ဘဲ လင်းရန်ဆီကို အလျင်အမြန် လှမ်းကြည့်လိုက်ပြီးနောက် သူ့ရှေ့တွင်ရှိနေသည့် လင်းကျန်းအန်းဆီသို့ လှမ်းကြည့်ကာ တီးတိုးပြန်ပြောလိုက်ချေသည်။

 

ကျွန်တော်တို့ကို အပြစ်တင်လို့ မရဘူးလေ၊ ဒုတိယဦးလေး .. ဒုတိယဦးလေးနဲ့ ညီမရန်ရန်ရဲ့ ရုပ်ရည်က  အမ်.. ကွာဟချက်က အရမ်းကြီးလွန်းတယ်..

 

လင်းကျန်းအန်း: ?

 

  

အဲဒီကောင်စုတ်လေး လင်းကွမ်းရှန်က သူ့ကို ရုပ်ဆိုးတယ်ဆိုပြီး ပြောချင်နေတဲ့အကြောင်းကို သူ မသိနိုင်လောက်ဘူးလို့ တကယ်ကြီး ထင်နေတာလား?!

 

လင်းကျန်းအန်းတစ်ယောက် အလွန်ပင်  ဒေါသထွက်သွားခဲ့လေ၏။

 

သူ ငယ်ငယ်တုန်းက အခုထက်ပိုပြီး အလွန်အမင်း ပိုချောခဲ့တယ်ဆိုတာ သေချာတာပဲကို!

 

သို့သော်လည်း သူ တွေးတောလျှက်ပင် တူဖြစ်သူ၏ ထိုစကားမှာ  သူ့သမီးဖြစ်သူ လင်းရန်ကို ပို၍လှပကြောင်း ချီးမွမ်းနေခြင်းဖြစ်ကြောင်း တွေးတောလိုက်မိပြီး ပြန်လည် စိတ်ကျေနပ်သွားရပြန်သည်။

 

မင်းရဲ့ညီမက သူ့အမေနဲ့ ပိုတူတာလေ! သူက ကလေးမလေးပဲ၊ ဘယ်လိုလုပ်ပြီး ယောကျာ်းရင့်မာကြီးဖြစ်တဲ့ ငါ့နဲ့တူနေရမှာလဲ

 

သူ၏တူနှစ်ယောက်ကို သင်ခန်းစာတစ်ခု သင်ပေးပြီးနောက် လင်းကျန်းအန်းက သူ့သမီးဖြစ်ကိုလည်း တစ်ယောက်တည်း ချန်မထားခဲ့ပေ။

 

သူက လင်းရန်ဘက်သို့ လှည့်ကာ လင်းကွမ်းချင်းနှင့် လင်းကွမ်းရှန်တို့ နှစ်ယောက်နှင့် အလေးအနက် မိတ်ဆက်ပေးခဲ့သည်။

 

ရန်ရန်၊ ဒါက မင်းအကြီးဆုံးဦးလေးရဲ့သားကြီး လင်းကွမ်းချင်းတဲ့၊  မင်းအစ်ကိုကြီးက အခု စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာ၊

 

ဒါကတော့ မင်းအကြီးဆုံးဦးလေးရဲ့ ဒုတိယသား လင်းကွမ်းရှန်၊ မင်းရဲ့ဒုတိယအစ်ကိုကတော့ အိမ်မှာဘဲနေပြီး  အလုပ်မရှိသေးဘူး၊ အိမ်မှာလည်း ညီအကိုတွေ အများကြီးရှိနေတယ်၊ ပြန်ရောက်တော့မှ သူတို့ကို ခေါ်ပြီး မင်းနှင့် မိတ်ဆက်ပေးမယ်

 

လင်းရန်  နာခံမှုအပြည့်နှင့် ခေါင်းညိတ်လိုက်တယ်။

 

နားလည်ပါပြီ အဖေ

 

အဖေဖြစ်သူကို ပြောပြီးနောက်တွင် သူမက လင်းကွမ်းချင်းနှင့် လင်းကွမ်းရှန်ဆီသို့ လှည့်ကြည့်ကာ သူတို့နှစ်ယောက်မှ သူတို့၏ညီမဖြစ်သူကို လူမှားခေါ်ခဲ့မိသည့်အချက်အား  လုံးဝဂရုမစိုက်သကဲ့သို့ ချိုသာသည့် အသံဖြင့် လှမ်းခေါ်နှုတ်ဆက်ခဲ့သည်။

 

“အကြီးဆုံး အစ်ကို၊ ဒုတိယ အစ်ကို” 

 

  

  

  လင်းကွမ်းချင်းတို့  ညီအစ်ကိုနှစ်ယောက်မှာ ထိုအသံကိုကြားလိုက်ရသည်နှင့် အလွန်အမင်းစိတ်ကျေနပ်သွားသကဲ့သို့ ခံစားခဲ့ရသည်။

 

ဒီတော့ ဒါက ညီမလေးဆီကနေ အစ်ကိုလို့ ခေါ်ရတာကို နားထောင်ရတဲ့ ခံစားမျိုးပေါ့လေ။

 

ဒီနူးညံ့ချိုသာတဲ့အသံလေးက ထိုနံစော်တဲ့ ညီလေးတွေဆီက အခေါ်ခံရတာထက် အဆပေါင်းများစွာ သာလွန်တယ်။

 

လက်ရှိအချိန်မှာတော့ သူတို့ညီအစ်ကိုနှစ်ယောက်က သူတို့ မတိုင်ခင် အချိန်ကလုပ်ခဲ့သည့်အရာများကို ချက်ခြင်းမေ့သွားခဲ့ပြီး သူတို့၏စိတ်ထဲတွင် ညီမဖြစ်သူအား ပျော်ရွှင်စေရန် လုပ်ဖို့အတွက်သာ အာရုံရှိနေခဲ့ကြတော့သည်။

 

ညီအကို မောင်နှမ သုံးယောက်တို့က တရားဝင်မိတ်ဆက်ခဲ့ပြီး အတော်လေး  ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံနိုင်သည်ကို မြင်လျှင် လင်းကျန်းအန်းမှာ တိတ်တဆိတ် စိတ်သက်သာရာ ရသွားခဲ့သည်။

 

သူအနေဖြင့် တခြားဘာကိုမှ မကြောက်သော်လည်း လင်းမိသားစုထဲမှ  တခြားမိသားစုဝင်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏သမီး ဖြစ်သူ စိတ်မသက်မသာဖြစ်နေခဲ့ရမည်ကိုတော့ စိုးရွံ့လှပေ၏။

 

  

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ သူ့သမီးဖြစ်သူ၏  လိုက်လျောညီထွေရှိနိုင်မှုမှာ သူထင်သည်ထက် များစွာသာလွန်နေခဲ့သည်။

 

သူ၏သမီးဖြစ်သူကို စိတ်ပူပန်ပြီးနောက် လင်းကျန်းအန်းတစ်ယောက် တစ်စုံတစ်ခုကို ရုတ်တရက်သတိရလာခဲ့သည်။

 

သူ ဘေးကို လှည့်ကြည့်လိုက်ကာ သူ၏ရှေ့တွင်ရှိနေသည့် အကြီးဆုံးတူကို စိုက်ကြည့်လိုက်ပြီး ရှင်းမပြနိုင်သော အမူအရာဖြင့် ကြည့်လိုက်ကာ သံသယဖြစ်စွာ မေးလိုက်သည်။

 

မင်း ဒီအချိန် စစ်တပ်ထဲမှာ ရှိနေရမှာမဟုတ်ဘူးလား၊ ဘာလို့ ရုတ်တရက် ပြန်လာတာလဲ

 

ဟုတ်​သားပဲ! အစ်​ကိုကြီး၊ အစ်ကိုကြီး ဘာလို့ရုတ်​တရက်​ပြန်​လာတာလဲ၊ ကျွန်တော်တို့ဆီကို ကြိုပြီးစာလည်းမပို့ထားခဲ့ဘူး

 

ထိုအကြောင်းကို ပြောလျှင် လင်းကွမ်းချင်းမှာ စုန့်ရှီးယန်အကြောင်းကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပါချေ။

 

ခေါင်းဆောင်စုန့် သူ့ရဲ့အိမ်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်ရဲ့လားဆိုတာကို သူ မသိရသေးဘူး။

 

ထိုအကြောင်းကိုတွေးပြီးနောက် သူ အနည်းငယ်စိုးရိမ်သွားရသည်။

 

ဒီအကြောင်းကို လမ်းရောက်မှ  ပြောရအောင်၊ အရင်ဆုံး ပြန်ကြရအောင်

 

  

  

လင်းကွမ်းချင်းတစ်ယောက် အိမ်ကိုပြန်ဖို့ အလျင်စလို ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် လူအုပ်စုလည်း နောက်ဆုံးတွင် အိမ်သို့ အမြန်ပြန်ဖို့ စီစဥ်ကြတော့သည်။

 

ယခုအချိန်တွင် ဂျစ်ကားနှင့် နွားလှည်းနှစ်ခုလုံးရှိနေခဲ့ပြီ။

 

ထိုယာဉ်နှစ်စီးစလုံးကို တစ်စုံတစ်ဦးမှ မောင်းနှင်ရမည်ဖြစ်ပြီး ဂျစ်ကားသည်လည်း အများဆုံး လူငါးဦးသာ ဆံ့နိုင်သည်။

 

သို့နှင့် အဆုံးသတ်တွင် တပ်မဟာအဖွဲ့ခေါင်းဆောင်၊ လင်းကွမ်းချင်း၊ လင်းကျန်းအန်းအပြင် မိန်းကလေးနှစ်ယောက်တို့က  ဂျစ်ကားပေါ်ကိုတက်လိုက်ကြပြီး ...

 

လင်းကွမ်းရှန်နှင့် လင်တာ့ကျွမ်းတို့ကတော့ ဝမ်းနည်းစွာဖြင့် နွားလှည်းကို ဖြည်းညင်းစွာ ဆက်လက်မောင်းနှင်ကာ အိမ်ကို ပြန်လာရုံသာ တတ်နိုင်ခဲ့သည်။

 

ကားပေါ်သို့ တက်ပြီးနောက် လင်းကွမ်းချင်းက ယာဉ်မောင်းနှင်ရင်းဖြင့် တပ်မဟာအဖွဲ့ခေါင်းဆောင်နှင့် လင်းကျန်းအန်းတို့အား ယခုအကြိမ် သူ ပြန်လာရသည့်အကြောင်းရင်းကို ရှင်းပြခဲ့သည်။

 

သူ့ ၏ရှင်းပြချက်များအရ မကြာခင်မှာပင် လူတိုင်းက အခြေအနေအတိအကျကို သိသွားကြတော့သည်။

 

လွန်ခဲ့သည့်အချိန်အနည်းငယ်က လင်းကွမ်းချင်း၏တပ်ရင်းမှာ လျှို့ဝှက်တာဝန်ကိုထမ်းဆောင်ရန်အတွက် တာဝန်တစ်ခုကို လက်ခံရရှိခဲ့သည်။ ထို့နောက်တွင် ၎င်းတို့၏တပ်ရင်းခေါင်းဆောင် စုန့်ရှီးယန်မှ မစ်ရှင်ဆောင်ရွက်ရန်အတွက် ၎င်းတို့အား ဦးဆောင်ကာ ထွက်ခွာလာခဲ့ကြသည်။

 

မစ်ရှင်ဆောင်ရွက်သည့်နေရာမှာ လင်းကွမ်းချင်း၏ မွေးရပ်မြေနှင့် မနီးမဝေးသော တောင်တန်းများကြားတွင်ဖြစ်ခဲ့လေ၏။

 

မူလက သိပ်ပြီး အန္တရာယ်များခြင်းမရှိသည့် မစ်ရှင်ဟု ထင်ခဲ့သော်လည်း မစ်ရှင်အတွင်း၌  တစ်ဖက့ရန်သူများက လိမ္မာပါးနပ်လွန်းခဲ့ပြီး အနီးအနားက ရွာသားတစ်ယောက်အဖြစ် ဟန်ဆောင်ထားခဲ့သည်။

 

  

လင်းကွမ်းချင်းမှာ တစ်ဖက်လူ၏  ရွာသားတစ်ယောက်ဆိုသည့် အသွင်အပြင်ကြောင့် သူ၏သတိထားမှုကို ခေတ္တမျှ ဖြေလျှော့လိုက်မိကာ သေဆုံးလုနီးပါးဖြစ်ခဲ့သည်။

 

နောက်ဆုံးအချိန်တွင် စုန့်ရှီးယန်မှ သူ့ကို အမြန်ဆွဲဖယ်ခဲ့ကာ တစ်ဖက်မှ ရန်သူကို အလျှင်အမြန်အနိုင်ယူပြီး ထိုမစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

 

သို့သော်လည်း စုန့်ရှီးယန်မှ သူကို တွန်းဖယ်နေစဥ်အတွင်း ရန်သူမှ  တိုက်ခိုက်မှုက ရပ်တန့်မသွားသည့်အတွက် စုန့်ရှီးယန်၏ ခြေထောက်ကို  ဓားဖြင့် အထိုးခံခဲ့ရသောကြောင့် သူ့၏ခြေထောက်တွင် ဒဏ်ရာရသွားခဲ့ရတော့သည်။

 

စုန့်ရှီးယန်ကို ဆေးကုသမှုခံယူရန်အတွက် ဆေးရုံသို့ ပို့လိုက်သည့်အချိန်တွင် ခေါင်းဆောင်မှာ မည်သို့အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်လဲဆိုသည်ကိုတော့ သူမသိခဲ့ရချေ။ 

 

ရလဒ်အနေဖြင့် အထက်မှခေါင်းဆောင်ကြီးက စုန့်ရှီးယန်ကို သုံးလကြာသည့် အားလပ်ရက်ရှည်ယူရန် တိုက်ရိုက်တောင်းဆိုခံခဲ့ရပြီး မည်သည့်လေ့ကျင့်ခန်းများကိုမှ မလုပ်ဆောင်ရန်နှင့် မည်သည့် တာဝန်များတွင်မှ ပါဝင်ခွင့်မရှိကြောင်းကိုပါ ပူးတွဲ အမိန့်ချခဲ့သည်။

 

 

 

  

လင်းကွမ်းချင်းအတွက်ဆိုလျှင်ပင် ဤမျှရှည်လျားသော အားလပ်ရက်ယူရဖို့အတွက် စိတ်မသက်မသာ ခံစားရလိမ့်မည်။

 

တစ်ဖက်လူမှာ  ပြင်းထန်သော လေ့ကျင့်မှုများကို အချိန်တိုင်း လေ့ကျင့်နေတတ်ပြီး  ကြမ်းတမ်းလွန်းသည့် အလုပ်တာဝန်များကို ထမ်းဆောင်လေ့ရှိသော ကြမ်းတမ်းသည့်  ဝံပုလွေရိုင်း စုန့်ရှီးယန် ဖြစ်နေသည်ကိုတော့ ထည့်သွင်း ပြောစရာပင် မလိုတော့ချေ။

 

ဤသည်မှာ သူ့အတွက်တော့ ရိုးရိုးရှင်းရှင်းပင် နှိပ်စက်မှုတစ်ခုသာ ဖြစ်နေခဲ့သည်။

 

အဆုံးတွင် သူက သူ့ကိုယ်သူနှင့် သူ၏ အခြေအနေကို ကောင်းကောင်းသိပြီး သူ၏ခြေထောက်မှ ဒဏ်ရာမှာ တစ်လခွဲလောက်ကြာမှ သက်သာသွားလိမ့်မည်ဖြစ်ကြောင်း သေချာပေါက် သိရှိထားခဲ့သည်။

 

သို့သော် အပြင်းအထန် ငြင်းခုံပြီးသည့်တိုင် ခေါင်းဆောင်မှ အလျှော့မပေးခဲ့ဘဲ သုံးလကြာသည်အထိ ခွင့်ယူရန် အမိန့်ပေးခဲ့သည်ကတော့ စိတ်မကောင်းစရာပင်။

 

နောက်ဆုံးတွင်တော့ ထိုသူမှာ ဒေါသအလွန်ထွက်သွားခဲ့ပြီး ဆေးရုံတွင်ပင် ဆက်မနေတော့ဘဲ မည်းမှောင်နေသည့်မျက်နှာဖြင့် ထွက်သွားခဲ့တော့သည်။

 

  

  

သို့သော်လည်း သူ၏ခြေထောက်တွင်  ဒဏ်ရာရှိနေခဲ့သည်။ ထိုဒဏ်ရာမှာ မပြင်းထန်လှသော်လည်း၊ သူ့ကိုယ်သူ ဂရုမစိုက်ပါက နောက်ဆုံးတွင် ရောဂါအမြစ်စွဲသွားခြင်းကို ဖြစ်လာစေလိမ့်မည်။

 

ဤသို့ဖြင့် အဆုံးတွင် ခေါင်းဆောင်မှာ အလွန်ဒေါသထွက်နေခဲ့သော်လည်း စုန့်ရှီးယန်၏အခြေအနေအပေါ်တွင် စိတ်ပူနေဆဲသာဖြစ်လေ၏။

 

သူက လင်းကွမ်းချင်း၏ မွေးရပ်မြေမှာ ထိုနေရာနှင့် မဝေးလှသော ရွာလေးတစ်ရွာတွင် ရှိနေကြောင်းကို သိရှိခဲ့ရသောကြောင့် လင်းကွမ်းချင်းကိုသာ စုန့်ရှီးယန်အား ခဏတာမျှ အနားယူပြီး ကျေးလက်ဒေသတွင် စိတ်အပန်းဖြေ၍ နလံထူနိုင်ရန်အတွက် သူ့(လင်းကွမ်းချင်း)၏အိမ်သို့ ခေါ်သွားခိုင်းခဲ့တော့သည်။

 

စုန့်ရှီးယန်မှာ သူ၏အသက်ကိုပင် ကယ်တင်ထားခဲ့သောကြောင့် လင်းကွမ်းချင်းအနေဖြင် ထိုကမ်းလှမ်းချက်ကို သေချာပေါက် ငြင်းဆန်မည်မဟုတ်ပေ။

 

ထို့ကြောင့် သူ့အနေဖြင့် အခြားရဲဘော်တစ်ဦးနှင့် စုန်းရှီးယန်တို့ကို အတူခေါ်ကာ တုန့်ဖန်းတပ်မဟာသို့ တိုက်ရိုက်ခေါ်လာခဲ့တော့သည်။

 

တခြားရဲဘော်တစ်ယောက်ကတော့  သူတို့နှင့်အတူ အချိန် ကြာမြင့်စွာ နေထိုင်မည်မဟုတ်ပါချေ။ သူသည်ကား စုန့်ရှီးယန်တစ်ယောက် လင်းမိသားစုထဲတွင် ခေါင်းဆောင်ကြီးပြောသည့်အတိုင်း  နာခံမှုရှိစွာ နေထိုင်ခြင်းရှိမရှိကို ကြီးကြပ်စောင့်ကြည့်ရန်အတွက် ဤနေရာသို့ ရှိနေခြင်းဖြစ်သည်။

 

လင်းကွမ်းချင်းတစ်ယောက် ထိုခေါင်းဆောင်မှာ အလွန်သတိကြီးလွန်းသည်ဟု ခံစားမိသော်လည်း ခေါင်းဆောင်စုန့်မှာ ထိုခေါင်းဆောင်၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် သန်မာအားကောင်းလွန်းသော  ဗိုလ်ကြီးတစ်ဦးဖြစ်နေသောကြောင့် ဂရုစိုက်ပေးခြင်းဟု ထင်မြင်မိခဲ့၍ ၎င်းနှင့်ပတ်သက်၍ များစွာမစဉ်းစားခဲ့ပေ။

 

ဤသို့ဖြင့် လင်းကွမ်းချင်းက ရုတ်တရက် ပြန်လာခဲ့ပြီး ပထမအကြိမ်အဖြစ် သူ့၏ရဲဘော်များကို သူနှင့်အတူ ပြန်ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

 

လင်းကွမ်းချင်းစကားကိုကြားပြီးနောက်တွင် တပ်မဟာခေါင်းဆောင်နှင့် လင်းကျန်းအန်းတို့နှစ်ယောက်မှာ လက်ကွမ်းချင်းအတွက် စိတ်ပူသွားကြရသည်။

 

ဓား​တွေ  လှံတွေ​မှာ မျက်​စိ​မ​ရှိ​ဘူး!

 

လင်းကွမ်းချင်းက သူ၏ဘိုးဘေးများကို ဂုဏ်ယူသောကြောင့် စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း၊ အချိန်တိုင်း၊ နေရာတိုင်းတွင် အန္တရာယ်နှင့် ကြုံတွေ့ရမည်ဟု တွေးလိုက်သောအခါတွင် သူတို့မှာ စိတ်မပူဘဲ မနေနိုင်ကြပါချေ။

 

သို့သော်လည်း  လင်းကွမ်းချင်းမှ ဤလမ်းကြောင်းကို ရွေးချယ်လိုက်ပြီးကတည်းက ထိုကလေးမှာ ကြောက်ရွံ့မှု သို့မဟုတ် နောက်ပြန်လှည့်လိုမှုတို့မရှိကြောင်း သူတို့အားလုံး သိနေခဲ့ကြသည်။

 

သူက မင်းရဲ့ကယ်တင်ရှင်ဆိုမှတော့  ငါတို့မိသားစုတစ်ခုလုံးက သူ့ကို သေချာပေါက် ကောင်းကောင်း ဆက်ဆံရမှာပေါ့

 

လင်းကျန်းအန်း  ထိုကဲ့သို့ပြောလာခဲ့ရင်းနှင့် တခြားသူများအတွက် သူ့ကိုယ်သူ စတေးနိုင်ခဲ့သော တပ်ရင်းခေါင်းဆောင် စုန့်ရှီးယန်၏အကြောင်းကို ပို၍ပင် သိချင်နေခဲ့တော့သည်။

 

 

**