(38)
ဂျစ်ကားထဲတွင်
ရှိနေကြသော လင်းကွမ်းချင်းနှင့် လင်းကွမ်းရှန်တို့ ညီအစ်ကိုနှစ်ယောက်မှာ
သူတို့၏ရှေ့မှ လင်းကျန်းအန်း၏ အလွန်အေးအေးသက်သာအမူအယာဖြင့် နွားလှည်းကို
မောင်းနှင်နေခဲ့ပြီး သက်သောင့်သက်သာအမူအရာမျိုးရှိနေသည်ကိုမြင်လျှင်
မျက်လုံးများပင် ပြူးကျယ်သွားခဲ့ကြရသည်။
ထို့နောက်တွင်
နှစ်ယောက်လုံး တိတ်ဆိတ်သွားကြတော့သည်။
မဟုတ်သေးချေ။
သူတို့သည်ကား လမ်းတစ်လျှောက်လုံးတွင် အလွန်အမင်း ကြောက်လန့်တုန်လှုတ်လာခဲ့ရသည်။
သူတို့မှာ
သူတို့သာ အနည်းငယ်ခန့် နောက်ကျသွားခဲ့ပါက သူတို့၏ ဒုတိယဦးလေးဖြစ်သူ
လင်းကျန်းအန်းကို မကယ်နိုင်တော့သည့်အဖြစ်ဆိုးမျိုးနှင့် ရင်ဆိုင်လိုက်ရမည်ကို
ကြောက်လန့်နေခဲ့ရပြီး လမ်းတလျှောက်တွင် စိတ်ရောလူပါ အမောတကောဖြစ်နေခဲ့ကြပြီး
တွေးတောကာ ကြောက်လန့်နေခဲ့ရသည်။
သို့သော်
ရလဒ်အနေဖြင့် သူတို့၏ ဒုတိယဦးလေးမှာ နွားလှည်းကို ဖြည်းညင်းစွာ
မောင်းနှင်နေဆဲဖြစ်ပြီး
ရှုခင်းများကို စိတ်အေးလက်အေးလိုက်လံကြည့်ရှုခဲ့နေသည်!
မတိုင်ခင်တုန်းက
သူတို့၏ စိုးရိမ်ပူပန်မှုများက မလိုအပ်ဘဲ အလွန်အကျွံလုပ်နေခဲ့သယောင်
ဖြစ်သွားခဲ့သလိုပင်...
ဦးလေးနှင့်တူ
လူသုံးယောက်မှာ လေထဲမှ တဆင့် အချင်းချင်းကြည့်နေခဲ့ကြပြီး မျက်လုံးကြီးနှင့်
မျက်လုံးသေးလေးများက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြကာ စက္ကန့်အတော်ကြာသည်အထိ
မည်သူကမျှ စကား မပြောခဲ့ကြတော့ပေ။
နေရာတစ်ခုလုံးက
အချိန်အတော်ကြာသည်အထိ အနေရခက်စွာ ရှိနေခဲ့သည်။
*
နောက်ဆုံးတွင်
ခေါင်းဆောင်၏ ဒေါသတကြီးအော်ဟစ်သံက သေစေနိုင်လောက်သည့်
တိတ်ဆိတ်မှုကို ချိုးဖျက်သွားခဲ့သည်။
“လင်းကျန်းအန်း!”
“မင်း
ကောင်စုတ်လေး၊ ငါတို့က မင်းကိုသေလောက်အောင် စိတ်ပူနေတာ! ဒါပေမဲ့ မင်းကတော့
ဖြည်းဖြည်းလေး မောင်းနေသေးတယ်! ငါ မင်းကို သေအောင်မရိုက်ဘဲ ချန်ထားမလားဆိုတာ
ကြည့်နေလိုက်!”
လင်းကျန်းအန်းတစ်ယောက်
ဘေးကင်းပြီး အသံထွက်နေသေးတာကို မြင်လိုက်ရချိန်တွင် ခေါင်းဆောင်၏
ညှဉ်းပန်းနှိပ်စက်ခံထားရသည့် နှလုံးငယ်လေးက သူ့၏ဗိုက်ထဲသို့
ပြန်ကျသွားရသည်ဟုဆိုပါက ချဲ့ကားပြောဆိုခြင်း မဟုတ်ပါချေ။
သို့သော်လည်း သူ
စိတ်ငြိမ်းချမ်းမှုကို ခံစားရပြီးသည်နှင့် လင်းကျန်းအန်း၏ပုံစံကိုကြည့်ကာ
ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။
ထို့ကြောင့် သူ
ထိုစကားကိုပြောပြီးသည်နှင့် ခြေသလုံးနှင့် ခြေဖဝါးအပေါ်တွင် သိပ်ပြီး
အားမစိုက်နိုင်တော့သည့် အဘိုးအိုမှာ အမှန်တကယ်ပင် လင်းကျန်းအန်းဆီသို့
ခြေလှမ်းမြန်ဆန်စွာဖြင့် ပြေးလာခဲ့ကာ ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ဖို့
လုပ်လာခဲ့သည်။
အကယ်၍
သာမာန်အချိန်များတွင် ရှိနေလိမ့်မည်ဆိုပါက သူ့၏မိသားစုဝင်များ ရှိနေလျှင်ပင်
သူ့၏ဒုတိယဦးလေးဖြစ်သည့် တပ်မဟာခေါင်းဆောင်မှ သင်ခန်းစာပေးလာခြင်းကို
လင်းကျန်းအန်းက ငြိမ်သက်စွာ ခံယူလိမ့်မည်။
သို့သော်လည်း !
ယခု
နွားလှည်းပေါ်မှာ ထိုင်နေသည့် သူမှာ နောက်ဆုံးမှ သူဆီသို့ ပြန်လာခဲ့သော
သူ့၏သမီးလေး ဖြစ်နေခဲ့သည်။
သမီးလေး၏ရှေ့တွင်
ကြံ့ခိုင်သန်မာသည့် ဖခင်တစ်ယောက်၏ ပုံရိပ်ကိုပင် တစ်ရက်ပြည့်အောင်
မဖော်ပြရသေးချေ။
ထိုအချိန်မျိုးတွင်
ဤကဲ့သို့ ရှက်ရွံ့စရာကောင်းသည့် မြင်ကွင်းမျိုးကို သမီးဖြစ်သူအား မည်သို့
မြင်ခွင့်ပြုနိုင်မည်နည်း။
ထိုသို့တွေးလျှက်
လင်းကျန်းအန်းတစ်ယောက် အလျှင်အမြန်တုံ့ပြန်လိုက်ပြီး
တပ်မဟာခေါင်းဆောင်၏လက်ကိုဆွဲ၍ အော်ဟစ်လိုက်သည်။
“ဦးလေး၊ ကျွန်တော်
ရှင်းပြတာကို နားထောင်ပါဦး!”
ခေါင်းဆောင်မှာ
အလွန်အမင်း ဒေါသတကြီး ဖြစ်နေခဲ့သော်လည်း လင်းကျန်းအန်းမှ ခုခံရန်
သတ္တိရှိနေသေးသည်ကို မြင်လိုက်ရသောကြောင့် သူက
ဆက်လက်ကြိမ်းမောင်းပြောဆိုဖို့ လုပ်ခဲ့မည်။
ရလဒ်အနေနဲ့ သူ
မပြောရသေးခင် လင်းကျန်းအန်းမှ နောက်တစက္ကန့်အတွင်း အလျှင်အမြန်ပြောလာခဲ့သည်။
“တကယ်တော့
ကျွန်တော် ဒီလောက်ထိ နောက်ကျပြီးမှပြန်လာရတဲ့ အကြောင်းပြချက်က
ကျွန်တော့်ရဲ့သမီးလေးကို ကြိုလာခဲ့လို့ပဲ!”
တပ်မဟာခေါင်းဆောင်၏
မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာရသည်။
ဘာလဲ!
လင်းကျန်းအန်းက
သူ့သမီးကို ကြိုလာခဲ့တာလား။
လင်းကျန်းအန်း၏စကားကြောင့်
တပ်မဟာခေါင်းဆောင်သာ ထိတ်လန့်သွားခြင်းမဟုတ်ဘဲ သူ့ဘေးနားတွင်ရှိနေသည့်
လင်းကွမ်းချင်းနှင့် လင်းကွမ်းရှန်တို့ ညီအစ်ကိုနှစ်ယောက်မှာ ပို၍ပင်
အံ့သြတကြီးဖြစ်သွားခဲ့ကြသည်။
မဟုတ်သေးဘူး။
ဒုတိယဦးလေးက အခု ဘာပြောလိုက်တာလဲ။
သူ့သမီး
ဟုတ်လား...
သူတို့ရဲ့ဝမ်းကွဲ
လင်းရန်က မြို့ကနေ ပြန်ရောက်လာပြီလား။
ညီအစ်ကိုနှစ်ယောက်မှာ
လင်းကျန်းအန်း၏နောက်ဘက်တွင်ရှိနေသည်း နွားလှည်းဆီကို ချက်ချင်းပင်
လှမ်းကြည့်လိုက်ကြပြီး လှည်းပေါ်တွင်ထိုင်နေသည့် မိန်းကလေးနှစ်ယောက်ကို
တွေ့လိုက်ရလေ၏။
သူတို့ထဲမှ
တစ်ယောက်မှာ ဝိုင်းစက်သည့်မျက်နှာရှိပြီး အတော်လေး တက်ကြွကာ
ချစ်စရာကောင်းပုံရသည်။
နောက်တစ်ယောက်ကတော့
နီရဲနေသည့်နှုတ်ခမ်းနှင့် ဖြူဖွေးသည့်သွားများရှိနေပြီး ပန်းချီကားထဲက
နတ်သမီးလေးလို လှပကာ ချစ်စရာကောင်းလွန်းသည်။
အကြီးဆုံးအစ်ကိုဖြစ်သည့်
လင်းကွမ်းချင်းမှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး သူ့စိတ်ထဲမှ
မှတ်ဥာဏ်များအတွင်း ငယ်ဘဝအမှတ်တရများကို ဂရုတစိုက် ရှာဖွေလိုက်သည်။
သူ့၏
ဝမ်းကွဲညီမလေးမှာ သူ၏ဒုတိယအန်တီနှင့် သူ့အသက်ကိုးနှစ်အရွယ်တွင်
ထွက်ခွာသွားခဲ့ကြောင်းကို သူ မှတ်မိသေးသည်။ ထိုအချိန်တွင် သူသည်လည်း
မှတ်မိနိုင်စွမ်းများရှိနေခဲ့ပြီဖြစ်ကာ သူ၏ဝမ်းကွဲညီမဖြစ်သူ၏ ရုပ်ရည်က သူ၏
မှတ်ဥာဏ်များတွင် ကျန်ရစ်နေဆဲပင်။
သို့သော်လည်း
ထိုအချိန်တွင် ကလေးမလေးမှာ အသက် လေးနှစ်အောက်အရွယ်တွင်သာ ရှိနေသေးသည်။ သူမသည်ကား
အလွန် ငယ်ရွယ်သေးလွန်းသည်ပင်။
သူ၏မှတ်ဥာဏ်အတွင်း၌
ဖြူဖွေးနူးညံ့သည့် မုန့်ညက်စိမ်းကဲ့သို့ မျက်နှာလေးနှင့် ရှည်လျားလှသော
မျက်တောင်ရှည်များအား တဖြတ်ဖြတ်ခတ်ကာ အလွန်ချစ်စရာကောင်းလှကြောင်းကိုသာ ရေဝေဝါးဝါး
မှတ်မိနိုင်တော့သည်။ ထိုမိန်းကလေးက အလွန်ချစ်စရာကောင်းသည်မှာ သေချာပေသည်။
သမီးမိန်းကလေးများထက်
သားယောက်ျားလေးများကိုသာ မျက်နှာသာပေးတတ်သော အသက်ကြီးရင့်နေသည့် တပ်မဟာအတွင်းမှ
လူအိုကြီးနှင့် အဖွားအိုကြီးများမျိုးဆက်မှပင်လျှင် သူ၏ဝမ်းကွဲညီမလေးမှာ
မည်မျှချစ်စရာကောင်းလှကြောင်းကို မချီးမွမ်းဘဲ မနေနိုင်ခဲ့ကြပါချေ။
ဤသို့ဆိုလျှင်
သူ၏ဝမ်းကွဲညီမလေးမှ ဘယ်ဘက်မှတစ်ယောက် ဖြစ်သင့်သည် မဟုတ်ပါလား။
မထင်မှတ်ဘဲ၊
နှစ်များစွာကြာပြီးနောက်တွင်ပင် သူ၏ဝမ်းကွဲညီမလေးမှာ ယခင်အတိုင်းပင်
ချစ်စရာကောင်းနေဆဲပင်။
လင်းကွမ်းချင်း
ဖြည်းညင်းစွာ ပြုံးပြလိုက်ပြီး နွားလှည်းပေါ်တွင်ရှိနေသည့် ကျောက်ရှီလဲ့ဆီသို့
တည့်တည့်မတ်မတ် လျှောက်သွားခဲ့သည်။
ထို့နောက်တွင်
သူက ကျောက်ရှီလဲ့အား နူးညံ့ညင်သာသည့်လေသံဖြင့် နှတ်ဆက်ခဲ့သည်။
“ရန်ရန်၊
မတွေ့တာကြာပြီ၊ ငါက မင်းရဲ့ အကြီးဆုံးအစ်ကိုလေ၊ မင်းငါ့ကို မှတ်မိသေးလား”
ထိုစကားကို
ကြားလိုက်ရသည်နှင့် တပြိုင်နက် နွားလှည်းပေါ်ရှိ မိန်းကလေးနှစ်ယောက်လုံးမှာ
အံ့အားသင့်ကြောင်အမ်းသွားကြတော့သည်။
အထူးသဖြင့်
လင်းရန်ပင်။
သူမအနေဖြင့်
လင်းကွမ်းချင်းတစ်ယောက် ညီမချင်း လွဲမှားကာနှုတ်ဆက်နေသည်ကို ကြည့်ပြီး
စိတ်ခံစားချက်များရှုပ်ထွေးနေရပြီး သူမ၏ နှလုံးသားထဲမှ ပြောနေခဲ့မိသည်:
‘အစ်ကိုကြီး ၊
အစ်ကိုကြီး မှတ်မိတာဖြစ်ဖြစ် ၊ မမှတ်မိတာဖြစ်ဖြစ်က အရေးမကြီးသေးဘူး!
အရေးကြီးတာက အကိုကြီး မမှတ်မိနိုင်ဘဲ လူမှားပြီး ခေါ်နေတယ်ဆိုတာကို အစ်ကိုကြီး
တကယ်ခေါ်ချင်တဲ့လူက အစအဆုံးမြင်လိုက်ရတာပဲ! အခုတော့ ခေါင်းတလားဘုတ်က ဆက်ပြီး
ထိန်းထားနိုင်တော့မှာမဟုတ်ဘူးနော်!’
အဝေးမှ
လာနေသည့်ဂျစ်ကားက ရပ်တန့်သွားပြီး ကားထဲမှ လူငယ်နှစ်ယောက်က လင်းကျန်းအန်းကို
ဦးလေးဟု ခေါ်လိုက်သည့်အသံကို ကြားလိုက်ရလျှင် လင်းရန်မှာ
လှည်းပေါ်တွင်ထိုင်နေလျှက် မည်မျှစိတ်လှုပ်ရှားနေခဲ့သည်ကို ဘုရားသာ သိလိမ့်မည်။
အဆုံးတွင်
လင်းကျန်းအန်းမှာ သူမ၏ ဖခင်အရင်းဖြစ်သောကြောင့် သူမ၏ အခြေအနေများကို
ခြွင်းချက်မရှိ လက်ခံနိုင်ပြီး သူမ၏
အရာရာတိုင်းကိုသည်းခံနိုင်ခြင်းဖြစ်သည်ပင်။
သို့သော်
ကားပေါ်မှ ဆင်းလာသည့် လူငယ်နှစ်ယောက်ကတော့ လင်းမိသားစုမှ သူမဖခင်ဖြစ်သူ၏
တူများဖြစ်သည့် သူမ၏ဝမ်းကွဲအစ်ကိုများ ဖြစ်နိုင်သည်။
နှစ်ဖက်ကြားတွင်
မည်သို့ပင် ဆွေမျိုးတော်စပ်ပါစေ သူတို့ကြားတွင် ကွာဟမှု အလွှာတစ်ခုရှိနေလိမ့်မည်။
ထို့ကြောင့်
သူမအပေါ် အဖေလင်းကဲ့သို့ ခြွင်းချက်မရှိ လက်ခံပြီး သည်းခံရန် မဖြစ်နိုင်ပါချေေ။
အကယ်၍
သူတို့နှစ်ယောက်သာ သူမကို မြင်မြင်ချင်း ထိုးနှက်သည့်စကားများပြောလာခဲ့ပါက
အလွန်ပင် ရှက်ရွံ့စရာဖြစ်နေလိမ့်မည်မဟုတ်ပါလား။
ထို့ကြောင့်
လင်းရန်တစ်ယောက် သူမ၏ ခရီးဆောင်အိတ်ဆီသို့ လက်လှမ်းကာ ယခုလေးတင် ရောက်ရှိလာကြသည့်
ဝမ်းကွဲအစ်ကိုနှစ်ယောက်အတွက် လက်ဆောင်များပေး၍ သူမအပေါ်
သဘောထားများပျော့ပျောင်းစေရန် ကြိုးစားဖို့ ပြင်ဆင်နေခဲ့သည်။
သို့သော်
ရလဒ်အနေဖြင့် သူမ လက်ဆောင်ကို ထုတ်ယူရန်ပင် အချိန်မရသေးခင် ထိုလူများမှာ သူမကိုပင်
မမှတ်မိနိုင်ခဲ့သည့်အပြင် လူမှား၍ နှုတ်ဆက်နေခဲ့ကြောင်းကို ရုတ်တရက်
သဘောပေါက်သွားခဲ့သည်။
လင်းရန်တစ်ယောက်
စိတ်ရှုပ်ထွေးလျှက်ရှိနေသေးချိန်တွင် လင်းကွမ်းရှန်သည်လည်း ဤနေရာသို့
အမြန်ပြေးလာခဲ့လေ၏။
သူ့အစ်ကိုနှင့်
ယှဥ်လျှင် သူနှင့် လင်းရန်တို့မှာ အသက်အရွယ် တူညီကြပြီး နှစ်လ၊ သုံးလသာ
ပို၍ကြီးပေသည်။ ထို့အပြင် သူသည်ကား ငယ်စဉ်ကပင် တုံးအပြီး မေ့လျော့တတ်လေ့ရှိသည်။
သူ
သုံးလေးနှစ်သားအရွယ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုတော့ မေ့ထားခဲ့သည်မှာ
ကြာပြီဖြစ်ကာ မည်သည့်အရာကိုမှ ကောင်းစွာ မမှတ်မိတော့ပေ။ ထို့အတူ သူ၏ညီမဖြစ်သူ
လင်းရန်မှာ မည်သို့ပုံစံလဲဟူသည်ကိုလည်း မသိတော့ပါချေ။
သို့သော်လည်း သူ
မမှတ်မိလျှင်ပင် အရေးကြီးကိစ္စရှိလာလိမ့်မည်မဟုတ်။ သူ့၏ အစ်ကိုကြီးသာ
မှတ်မိနေသရွေ့ အဆင်ပြေသွားလိမ့်မည်။
သို့နှင့်
သူ၏အစ်ကိုကြီးဖြစ်သည့် လင်းကွမ်းချင်းမှ မျက်နှာဝိုင်းစက်သည့် ကောင်မလေးဆီသို့
လျှောက်သွားကာ နှုတ်ဆက်သည်ကို တွေ့လိုက်ရလျှင် သူသည်လည်း နောက်မှ
အမြန်လိုက်သွားတော့သည်။
လင်းကွမ်းရှန်
ခေါင်းကုတ်လိုက်ပြီး ချစ်ခင်တွယ်တာမှုအပြည့်ပါသည့် အပြုံးတစ်ခုကို ဖော်လှစ်ကာ
ကျောက်ရှီလဲ့ကို ပြုံးပြလိုက်သည်။
“ညီမရန်ရန်၊ ငါက
မင်းရဲ့ ဒုတိယအစ်ကိုပါ၊ ငါတို့တွေ ငယ်ငယ်တုန်းက ရွှံ့ထဲမှာ အတူတူ
ဆော့ကစားခဲ့သေးတယ်လေ၊ မင်း မှတ်မိသေးလား”
လင်းရန်တစ်ယောက်
ထိုညီအစ်ကိုနှစ်ယောက်က သူတို့၏ညီမအစစ်ကို လျစ်လျူရှုကာ တခြားမိန်းကလေးငယ်ကို
၎င်းတို့၏ညီမအဖြစ် အသိအမှတ်ပြုလျှက် ခေါ်ဆိုနှုတ်ဆက်နေသည်ကိုတွေ့လိုက်ရသည်။
သူမ
အမှန်တကယ်ပင် ပြောစရာ စကားမဲ့နေခဲ့ကာ တစ်ချိန်တည်းတွင် အကြောင်းပြချက်မရှိဘဲ
အနည်းငယ်မောပန်းသွားသလို ခံစားလိုက်ရသည်။
လင်းတို့မိသားစုက
ဘာလို့ သိပ်ပြီး ဥာဏ်မကောင်းသလို ခံစားရတာလဲ?
ဒါက
မျိုးရိုးလိုက်တာလို့ ခေါ်တာများလား?
တစ်ဖက်တွင်ရှိနေသည့်
ကျောက်ရှီလဲ့မှာ သူ့ရှေ့မှ လူနှစ်ယောက်ကို ဗလာဖြစ်စွာကြည့်ကာ လင်းရန်ဆီသို့
အလွန်အမင်းရှက်ရွံ့စွာ လှည့်ကြည့်လာခဲ့သည်။
“အာ.. ကျွန်မက
လင်းရန် မဟုတ်ပါဘူး... ဒါကမှ လင်းရန်”
ထိုစကားကိုကြားပြီးလျှင်
လင်းကွမ်းချင်းနှင့်လင်းကွမ်းရှန်တို့ ညီအကိုနှစ်ယောက်၏ မျက်နှာပေါ်ရှိ
အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကာ တောင့်တင်းနေသည့်လည်ပင်းကို
တစ်ဖက်တွင် ထိုင်နေသည့် လင်းရန်ဆီသို့ ဖြည်းညှင်းသွာ လှည့်လာခဲ့ကြသည်။
လင်းရန် :
ဆက်ပြီး ပြုံးနေပါဦး .JPG
လင်းကွမ်းချင်း :
“...”
လင်းကွမ်းရှန် : “...”
*