Chapter 3
Viewers 790

“နင့်ကို group chat ထဲ ဆွဲထည့်လိုက်တာလား”


ငါ ကော်ဖီသောက်ဖို့ အောက်ထပ်ကို ဆွဲခေါ်သွားခဲ့တဲ့ စုန့်ရန်ဟယ်က ရုတ်တရက် သောက်နေတဲ့ ကော်ဖီကို ထွေးထုတ်လိုက်ပြီး သူ(မ)ရဲ့ မျက်နှာက နီရဲလာတယ်။ သူ(မ) ဖုန်းကို ကောက်ယူပြီး အဖွဲ့ထဲက နောက်ဆုံးဝင်လာတဲ့လူကို စစ်ဆေးကြည့်လိုက်တယ်။


သူ(မ)က စကားမပြောနိုင်တဲ့ သိုးရုပ်လေးပါတဲ့ ပုံကို နှိပ်လိုက်တယ်။ 

သူ(မ)က ခေတ္တရပ်သွားပြီး မစဉ်းစားဘဲ ပြောလိုက်တယ်။ 


“ဒါဆို ဒီသိုးရုပ်လေးနဲ့ လူမိုက်က နင်ပဲပေါ့၊ ရင်းနှီးနေတယ်လို့ ထင်သားပဲ"


“...”


တစ်စုံတစ်ယောက်ကို ဆဲတဲ့အခါ နည်းနည်းလေးတော့ ကွယ်ဝှက်ပြီး ပြောလို့မရဘူးလား။


သူ(မ)က သူ့အတွေးတွေကို အပြင်ထုတ်ပြောမိမှန်း သိသွားတဲ့အခါ စုန့်ရန်ဟယ်က ငါ့ကို ခွင့်လွှတ်ပါ ဆိုတဲ့ဟန်နဲ့ ကြည့်လိုက်ပြီး ငါ့ရှေ့က ကော်ဖီကို ပိုပြီးနီးအောင် တိုးပေးလိုက်တယ်။


“စိတ်ကို အေးအောင် ကော်ဖီသောက်လိုက်ပါဦး၊ နင့်ကို အဖွဲ့ထဲ ဆွဲထည့်လိုက်တဲ့အခါ ငါ သေချာမစစ်ဆေးမိလို့ ငါ့အမှားပါ၊ စိတ်မပူပါနဲ့၊ ဒါမျိုး ထပ်ဖြစ်မှာ မဟုတ်တော့ပါဘူး၊ နင့်ကို ငါ အဖွဲ့ကနေ ထုတ်ပြီးသွားပြီ စိတ်မဆိုးပါနဲ့၊ စိတ်မဆိုးပါနဲ့နော်”


?


“ငါ့ကို အဖွဲ့ထဲ ဆွဲထည့်လိုက်တာက အဓိကပြဿနာလား”


ဒေါသကြောင့် ငါ ရယ်တော့မလို ဖြစ်သွားတယ်။


“မင်းတို့က CEO နဲ့ ငါ့အကြောင်းကို ငါတို့ရဲ့ ခွင့်ပြုချက်မရပဲ လျှို့ဝှက်ဝတ္ထုတွေ ရေးကြတယ်၊ ပြီးတော့ အဲဒါတွေကို…”


ငါ့မျက်နှာက နီရဲသွားခဲ့တယ်။


“မင်းတို့က ငါတို့ဆီက သဘောတူညီမှု ရခဲ့လို့လား၊ ပြီးတော့ ဘာလို့ ငါက အောက်ကလူ ဖြစ်နေရတာလဲ၊ ငါက ဒီလောက်သန်မာတယ်၊ ငါ့မှာ 8 packs တောင် ရှိတယ်၊ ပြီးတော့ မင်းတို့က ငါ့ကို နူးညံ့သိမ်မွေ့တဲ့သူအဖြစ် ရေးထားတယ်၊ ဒါက အဓိပ္ပာယ်ရှိရဲ့လား”


“တကယ်တောင်းပန်ပါတယ်၊ အဖွဲ့ထဲက လူအများစုက CEO ကို အပေါ်ကလူအဖြစ်နဲ့ မင်းကို အောက်ကလူအဖြစ် ပိုကြိုက်ကြလို့ပါ၊ ဒါပေမဲ့ မင်းက အပေါ်ကလူ ဖြစ်တဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်၊ မနေ့က ငါတစ်ပုဒ် ရေးခဲ့တယ်…”


“ဘယ်မှာလဲ၊ ငါ ကြည့်ပါရစေဦး"


ဒါကိုကြားလိုက်တော့ ငါ အမြန် သူ(မ)ဘေးမှာ ထိုင်လိုက်ပြီး သူ(မ)ရဲ့ ဖုန်းကို ကြည့်လိုက်တယ်။


“ဒါက ငါ တစ်ညလုံးမအိပ်ဘဲ ရေးထားတဲ့ ဇာတ်လမ်းပဲ၊ မင်းကြည့်ရင်၊ မင်းက အရမ်းသန်မာပြီး အေးဆေးတည်ငြိမ်တယ်ဆိုတာကို မြင်ရပါလိမ့်မယ်”


ပြီးတော့...


စုန့်ရန်ဟယ် နဲ့ ငါ အောက်ထပ်မှာ သူ(မ)ရဲ့ မနေ့ညက ဇာတ်လမ်းအသစ်ကို တစ်နာရီကြာအောင် ဖတ်ခဲ့ကြတယ်။


CEO က ငါ ဘယ်မှာလဲလို့ စာပို့လိုက်တဲ့အချိန်ကျမှ ငါ့မျက်နှာတွေ နီရဲနေတာကို သတိထားမိပြီး ဖုန်းကို သူ(မ)ဆီ ပြန်ပေးလိုက်တယ်။


“ကဲ၊ ဘယ်လိုလဲ၊ ငါ့ရဲ့အရေးအသား ဘယ်လိုလဲ”


ငါ ခပ်ဖွဖွချောင်းဟန့်လိုက်ပြီး နားရွက်တွေ ပူလောင်နေတာကို ပွတ်လိုက်တယ်။ 


“အဆင်ပြေပါတယ်"


စုန့်ရန်ဟယ်က ပိုပြီးနီးကပ်စွာ ကိုယ်ကိုကိုင်းပြီး 


“အဆင်ပြေရုံပဲဆိုရင် နင် ဘာလို့ မျက်နှာတွေ နီရဲနေရတာလဲ”


“ဘယ်သူက မျက်နှာနီရဲနေလို့လဲ"


ငါ အော်ပြောလိုက်တယ်။


“မင်းရဲ့အရေးအသားက အရမ်းပဲ ပွင့်လင်းလွန်းလို့ပါ၊ ချစ်ကြိုက်တာက တစ်မျိုး၊ ဒါပေမဲ့ ဘာလို့ နမ်းတာတွေ ဒီလောက်များရတာလဲ၊ ပြီးတော့ နမ်းတဲ့အကြောင်း ရေးမယ်ဆိုရင် ဘာလို့ CEO ရဲ့ နှုတ်ခမ်းတွေက ဘယ်လောက်နူးညံ့တယ်ဆိုတာကိုပဲ အမြဲဖော်ပြနေရတာလဲ၊ CEO ရဲ့ နှုတ်ခမ်းတွေ နူးညံ့တယ်ဆိုတာကို မင်း ဘယ်လိုသိတာလဲ”


စုန့်ရန်ဟယ် : “မာနေရမှာလား”


“ဒီလောက်ထိလည်း မမာပါဘူး”


“...”


စုန့်ရန်ဟယ်က ခေါင်းစောင်းပြီး ငါ့ကို မျက်စောင်းထိုး ကြည့်လိုက်တယ်။


“ငါ၊ ငါ၊ ငါ… အထင်မလွဲပါနဲ့၊ ငါ သူ့ကို မနမ်းခဲ့ပါဘူး၊ သူ့အတွက် ပါးစပ်နာပျောက်ဆေး တစ်ကြိမ် လိမ်းပေးတုန်းက မတော်တဆ ထိမိသွားတာ"


စုန့်ရန်ဟယ်က သိပြီဆိုတဲ့ အမူအရာနဲ့ ခေါင်းငြိမ့်လိုက်ပြီး လျှာနဲ့ ‘အင်း’ ဟူသော အသံကို ပြုလိုက်တယ်။ 


“ဪ၊ ဒါကြောင့်ကိုး~”


“...”


ငါ ရှင်းပြမနေသင့်ပါဘူး။ ဒီမိန်းမက တခြားတစ်ခုခုကို စဥ်းစားနေတာ သေချာတယ်။


“ဒါပေမဲ့ နင်က CEO နဲ့ ဒီလောက်နှစ်တွေအများကြီး အတူရှိနေခဲ့ပြီး မသင့်တော်တဲ့ အတွေးမျိုး တစ်ခါမှ မတွေးဖူးဘူးလား”


ငါ ဘယ်လိုခံစားချက်မှ မရှိဘဲ ဘယ်လိုနေနိုင်မလဲ။


CEO က ဒီလောက်ထူးချွန်တယ်။ ဒီလောက်ရုပ်ရည်ကောင်းတယ်။ စရိုက်လည်း ဒီလောက်ကောင်းတယ်။ ငါ ဘယ်လိုခံစားချက်မှ မရှိဘဲ ဘယ်လိုနေနိုင်မလဲ။


ဒါပေမဲ့ ငါခံစားချက်တွေက လေးစားမှုတစ်ခုတည်းသာပါ။

ငါက သူ့ကို အဲဒီလိုပုံစံမျိုးနဲ့ တွေးဖို့ ဘယ်လိုများ ရဲရမှာလဲ။


"မရှိပါဘူး"


ငါ ချက်ချင်းငြင်းလိုက်တယ်။


စုန့်ရန်ဟယ်က စိတ်ပျက်အားငယ်ပြီး သက်ပြင်းချလိုက်တယ်။


“ကောင်းပြီ၊ အတွဲတွေအဖြစ် တွဲပေးတာက ငါတို့ရဲ့အလုပ်ပါ၊ နင်က ငါတို့ရဲ့ဆန္ဒတွေအတိုင်း လုပ်ဆောင်ပေးမယ်လို့တော့ မျှော်လင့်ထားလို့ မရဘူးပေါ့”


ငါ စိတ်ရှုပ်ထွေးသွားတယ်။


“CEO နဲ့ ငါက လုံးဝအပြစ်ကင်းပါတယ်၊ မင်းတို့က ဘယ်လို‌ကြောင့် ငါတို့ကို စပြီးတွဲပေးရတာလဲ”


ဒါကိုကြားတော့ သူ(မ)က ငါ့မေးစေ့ကို ဆွဲကိုင်လိုက်ပြီး 


"ငါ့ကို ကြည့်ပါဦး"


ငါ သူ(မ)ဦးဆောင်မှုအတိုင်း သူ(မ)ကို တိုက်ရိုက်ကြည့်လိုက်တယ်။

သူ(မ)က ငါ့ကို ငါးစက္ကန့်ကြာအောင် စိုက်ကြည့်ပြီးမှ လွှတ်ပေးလိုက်တယ်။


“ဖြစ်နိုင်တာကတော့ ငါတို့က fujoshi တွေမို့လို့ပဲ၊ ငါတို့က ဘယ်နေရာမှာမဆို အချစ်ဇာတ်လမ်းကို မြင်နေရတယ်၊ ဒါပေမဲ့ ငါက နင် CEO ကို ဆက်ဆံတဲ့ပုံစံက တခြားလူတွေကို ဆက်ဆံပုံနဲ့ မတူဘူးလို့ အမြဲခံစားခဲ့ရတယ်၊ အခုလိုပဲ၊ နင်က ငါ့ကို ဒါမှမဟုတ် တခြားဘယ်သူ့ကိုမှ နင် သူ့ကိုကြည့်သလို ပုံစံမျိုးနဲ့ ဘယ်တော့မှ မကြည့်ဘူး”


"ငါ သူ့ကိုကြည့်တဲ့ ပုံစံလား"


“ဟုတ်တယ်၊ နင် CEO ကို ကြည့်တဲ့ပုံစံ… ဘယ်လိုပြောရမလဲ၊ အဲဒါက ထိန်းချုပ်ထားတဲ့ ခံစားချက်လိုပဲ၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နင် ပိုပြီးနီးကပ်လာအောင် မလုပ်ဘဲ မနေနိုင်ဘူး.. ပြီးတော့ နင် လုပ်လိုက်တဲ့အခါ သန့်ရှင်းတဲ့အရာတစ်ခုကို မစင်ကြယ်အောင် လုပ်လိုက်မိပြီဆိုတဲ့ စိုးရိမ်စိတ်လည်း ရှိနေတယ်”


“...”


“ငါ့စိတ်ထဲက အတွေးတွေက မင်းထင်မြင်ယူဆနေသလို ရှုပ်ထွေးနေတာမျိုး မဟုတ်ပါဘူး၊ ဒါက လုံးဝအဓိပ္ပာယ်မရှိတာပဲ”


"အဓိပ္ပာယ်မရှိဘူးလား"


စုန့်ရန်ဟယ်က ငါ့မျက်လုံးတွေထဲက အရာတစ်ခုကို အနက်ရှိုင်းဆုံးအထိ မြင်နိုင်အောင် ကြိုးစားသလို ငါ့ကို စိုက်ကြည့်နေခဲ့တယ်။

ငါ ရုတ်တရက် ရှင်းမပြနိုင်တဲ့ စိတ်ဆိုးဒေါသတစ်ခုကို ခံစားလိုက်ရပြီး စားပွဲကို ဆောင့်ရိုက်လိုက်တယ်။


"အဲဒါက လေးစားမှုပါ!"


ငါ သူ(မ)ကို စိုက်ကြည့်လိုက်ပြီး သူ(မ)ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စိုက်ကြည့်မှုအောက်မှာ ကော်ဖီဆိုင်ကနေ ထွက်ပြေးလာခဲ့ပါတယ်။


~~~