Chapter 13
Viewers 1k

ငါရင်ထဲမှာ လှပ်ကနဲ ဖြစ်သွားပါတယ်။ သူ့စကားတွေကို သေချာနားလည်အောင် ငါ့မှာ သုံးစက္ကန့်ကြာအောင် အချိန်ယူလိုက်ရတယ်။

သူက ငါက မိသားစုပါတဲ့။


ငါ မပြုံးဘဲ မနေနိုင်တော့ဘူး။

ဒါပေမဲ့ ဒီကိစ္စကို လူတိုင်းက သဘောမကျကြပါဘူး။


ကျန်းစစ်ယန်ရဲ့အမေက လှောင်ပြုံးပြုံးလိုက်တယ်။


“မင်းက တခြားသူတစ်ယောက်ကို မိသားစုအဖြစ် သတ်မှတ်ထားတာ သိခဲ့ရင် ငါက ငါ့မွေးနေ့အတွက် မင်းကို အချိန်ကုန်ခံပြီး လာတွေ့ခိုင်းမှာ မဟုတ်ဘူး၊ ငါတို့က ခံစားချက်ပိုနေတာ ဖြစ်မယ်လို့ ထင်တယ်”


“ကော…” 


ကျန်းချီယွမ်က တစ်ခုခုပြောဖို့ ကြိုးစားပေမဲ့ သူ့အမေက ဆွဲထူလိုက်တယ်။


“ဘာလို့ သူ့ကို ကောလို့ ခေါ်နေသေးတာလဲ၊ သူက မင်းကို သူ့ရဲ့ညီလေးအဖြစ် သတ်မှတ်မယ်ထင်‌နေတာလား၊ သူက တခြားတစ်ယောက်ကို မိသားစုအဖြစ် သတ်မှတ်နေပြီ၊ ဘာလို့ဒီမှာ ခံစားချက်တွေထားနေသေးတာလဲ”


သူ(မ)ရဲ့စကားတွေက ဘယ်သူ့ကို ရည်ရွယ်မှန်း ငါ မသေချာပါဘူး။

သူ(မ)က လှည့်ထွက်သွားပြီး ကျန်းချီယွမ်နဲ့အတူ ထွက်ခွာသွားခဲ့တယ်။ ကျန်းစစ်ယန်ကို တစ်ချက်တောင် မကြည့်ခဲ့ပါဘူး။


တံခါးက ဆောင့်ပိတ်သွားတော့ ငါတို့နှစ်ယောက်ပဲ စားသောက်ဆိုင်ထဲမှာ ကျန်ခဲ့တယ်။


ဒီမွေးနေ့ညစာက ဆယ်မိနစ်ပဲ ကြာခဲ့တယ်။


ငါ ကျန်းစစ်ယန်ဘက်ကို လှည့်လိုက်တော့ သူလည်း ငါ့ကို မော့ကြည့်လာတယ်။ သူ့မျက်ခုံးကြွက်သားတွေက နည်းနည်းလေး တွန့်နေခဲ့တယ်။


“ငါ ရက်စက်တယ်လို့ မင်းလည်း ထင်တာလား” 


သူက မေးလာတယ်။


ဘယ်သူကမှ ဘာကိစ္စနဲ့မှ သူ့စိတ်ခံစားချက်ကို မထိခိုက်စေရတဲ့ ကျန်းစစ်ယန်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။

ငါသိတဲ့ ကျန်းစစ်ယန်က အရမ်းကို စိတ်ထိခိုက်လွယ်သူပါ။


သူက ဝန်ထမ်းတွေရဲ့ သူ့အပေါ်အကဲဖြတ်မှုတွေကို မကြာခဏ သတိရတတ်ပြီး တစ်နေ့လုံးအောင့်အီးထားပြီးနောက် အိမ်ပြန်လာတဲ့အခါ ငါ့ကို မေးလေ့ရှိတယ်။


“သူတို့ပြောသလို ငါ တကယ်အေးစက်နေတာလား” 


ငါ လက်လှမ်းပြီး သူ့ခေါင်းကို ပုတ်လိုက်တယ်။ 


“လုံးဝမဟုတ်ဘူး”


ငါ နှစ်သိမ့်ပေးတဲ့အလုပ်အတွက် အရမ်းကို အဆင်ပြေပါတယ်။ ကျန်းစစ်ယန်ရဲ့ အမေးတိုင်း ငါက အချိန်အကြာကြီး ရုန်းကန်ပြီး သင့်တော်တဲ့စကားလုံးကို ရှာပေမဲ့ ရိုးရှင်းပြီး တိုက်ရိုက်ဆန်တဲ့စကားပဲ ပြန်ဖြေပေးနိုင်ခဲ့တယ်။

ဒါပေမဲ့ သူက အမြဲတမ်း ငါ့ကိုပဲ မေးခဲ့တာ။


“ဒီနေရာမှာ ခင်ဗျားအဆင်မပြေဘူးဆိုရင် ကျွန်တော် ခင်ဗျားကို အိမ်လိုက်ပို့ပေးမယ်”


ကျန်းစစ်ယန်က မရွေ့ခဲ့ပါဘူး။ သူက အဲဒီမှာပဲ ထိုင်နေပြီး မမြင်ရတဲ့အရာတစ်ခုက သူ့ကို ဖုံးအုပ်ထားသလိုပါပဲ။


ငါ သူ့ဘေးမှာ ထိုင်လိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့ဘေးမှာ အဖော်လုပ်ပေးနေခဲ့တယ်။

သူ ဒီနေ့ လှလှပပဝတ်ဆင်လာခဲ့တယ်။ သူ့ဆံပင်တွေကို နောက်ကို သပ်ရပ်အောင် ဖီးထားတာကြောင့် သူ့ရဲ့မျက်နှာသွင်ပြင်တွေက ပိုပြီးပေါ်လွင်နေတယ်။


“ချန်လွီ့ကျီ”


"ဟုတ်"


"အရင်တုန်းက အမှတ်တရတွေက နည်းနည်းမှုန်ဝါးလာတယ်လို့ မင်း တွေးဖူးလား"


ငါ စဉ်းစားဟန်နဲ့ ခေါင်းညိတ်လိုက်တယ်။ 


“တစ်ခါတလေတော့ ဟုတ်တယ်၊ အရမ်းကြာနေပြီဖြစ်တဲ့ အမှတ်တရတွေက ပြန်အမှတ်ရဖို့ ခက်ခဲလာနိုင်တယ်”


သူက ခပ်ဖွဖွလေး ပြုံးလိုက်တယ်။


"၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ ငါ သေလုနီးပါး ဖြစ်နေခဲ့တဲ့အချိန်မှာ ငါ တစ်ယောက်ယောက်ကို တွေ့ခဲ့တယ်”


ငါတို့ပတ်ဝန်းကျင်က တိတ်ဆိတ်မှုက သူဖော်ပြနေတဲ့ မြင်ကွင်းကို ပိုပြီးကြာအောင် ဆွဲဆန့်နေသလိုပါပဲ။


"အဲ့ဒီအမှတ်တရက ငါအမြဲတမ်း တွန်းလှန်ဖို့ ကြိုးစားခဲ့တဲ့ အရာတစ်ခုပဲ၊ ဒီနေ့အထိတောင် ငါကုတင်အောက်မှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတာ ဘယ်လိုသတိထားမိလဲ ဒါမှမဟုတ် ငါ သူ့ကို ဘယ်လိုရုန်းကန်လဲဆိုတဲ့ အသေးစိတ်တွေကို မမှတ်မိတော့ဘူး၊ ငါ့လည်ပင်းမှာ ကြိုးက တင်းကျပ်နေခဲ့တာကိုလည်း ခံစားမိနေတုန်းပဲ၊ ဒါပေမဲ့ အဲဒီအချိန်ကို ပြန်အမှတ်ရတဲ့အခါတိုင်း ငါ့မှတ်ဉာဏ်ထဲမှာ မင်းပဲ ရှိနေခဲ့တယ်၊ မင်းရဲ့ အိပ်ဝတ်စုံနဲ့ ဆံပင်တွေ ရှုပ်ပွနေပြီး ရူးသွပ်နေတဲ့ လူတစ်ယောက်လို ပုံစံနဲ့ပေါ့”


ဒီအကြောင်းကို ပြောနေတုန်း သူက မရယ်ဘဲ မနေနိုင်တော့ပါဘူး။


"ဒါပေမဲ့ ချန်လွီ့ကျီ၊ အဲဒီတုန်းကဖြစ်စေ၊ အဲဒီအချိန်ကတည်းကဖြစ်စေ မင်းက ငါ့အတွက် အမြဲတမ်း အရမ်းအရေးကြီးခဲ့တယ်”


ငါ့လုံးသားက အသည်းအသန်ခုန်နေပြီး နားထဲမှာ ကျယ်ကျယ်လောင်လောင် အသံမြည်နေတယ်။


"ချန်လွီ့ကျီ၊ ငါက တခြားဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်း… မင်း ငါနဲ့ထာဝရနေပေးနိုင်မလား"


~~~