Chapter 14
Viewers 1k

“နင် ကျန်းစစ်ယန်အိမ်ကို ပြောင်းသွားတာလား!!!”


စုန့်ရန်ဟယ်ရဲ့အသံက ကော်ဖီဆိုင်ထဲမှာ ပဲ့တင်ထပ်သွားတယ်။


ငါ စားပွဲအောက်မှာ ပုန်းနေချင်လုနီးနီးပါပဲ။


“အသံတိုးလို့မရဘူးလား”


စုန့်ရန်ဟယ်က သူ့ပါးစပ်ကို ဖုံးလိုက်ပေမဲ့ သူ့မျက်လုံးတွေကတော့ ပြူးကျယ်နေခဲ့တယ်။


“နင်က သူ့အမေရဲ့မွေးနေ့အတွက် အဖော်လုပ်ပေးရုံပဲလေ၊ ဘယ်လိုလုပ် အမြန်ဆုံး ပြောင်းဖြစ်သွားတာလဲ”


ငါ သက်ပြင်းချပြီး ခေါင်းခါလိုက်တယ်။ 


“မင်းထင်သလို မဟုတ်ဘူး”


“ဘာကိုဆိုလိုတာလဲ”


ငါ မျက်မှောင်ကြုတ်လိုက်တယ်။


“မနေ့က သူက ငါက သူ့အတွက် အရမ်းအရေးကြီးတဲ့သူပါတဲ့၊ ပြီးတော့ ငါ့ကို သူနဲ့ထာဝရနေပေးနိုင်မလားလို့ မေးခဲ့တယ်၊ ငါ့လုံးသားက ရင်ဘတ်ထဲကနေ ထွက်ကျတော့မလိုပါပဲ၊ သူ့ရဲ့နောက်ဆုံးစကားတွေက ချစ်ခွင့်ပန်တာ ဖြစ်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ငါ သဘောတူပြီးတဲ့နောက်မှာ သူက တခြားဘာမှမပြောတော့ဘဲ အိမ်ကို ပြန်သွားတာ၊ ငါ တစ်ညလုံး သူ ဘာကိုဆိုလိုတာလဲဆိုတာကို နားလည်အောင် ကြိုးစားခဲ့ရတယ်၊ ပြီးတော့ ဒီမနက် သူက ဖုန်းခေါ်ပြီး ဒီနေ့ကစပြီး သူ့အိမ်ကို ပြောင်းလာဖို့ ပြောလာတယ်”


စုန့်ရန်ဟယ်က ပခုံးတွန့်လိုက်တယ်။


“အဲဒါက ချစ်ခွင့်ပန်တာ မဟုတ်ဘူးလား”


ငါ စားပွဲပေါ်ကို ပစ်လဲကျသွားပြီး ငါ့ခေါင်းက ပေါက်ကွဲတော့မလို ခံစားရတယ်။


“ဒါက တကယ် ချစ်ခွင့်ပန်တာလို့ ပြောလို့ရလား၊ ငါတို့က အရင်အတိုင်းပဲ ပြုမူနေတုန်းပဲ၊ ငါ သူ့အိမ်မှာ မကြာခဏ အိပ်လေ့ရှိတယ်၊ ဘာမှမပြောင်းလဲဘူး၊ သူက ငါ့ကို ကြိုက်တယ်လို့ မပြောသေးဘူး၊ ငါက အများကြီးစဉ်းစားပြီး သူက ငါ့ကို သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ပဲ မြင်နေတာဆိုရင်ကော”


“ဒါဆို သူ့ကို မေးလိုက်၊ ဘာလို့ ကျန်းစစ်ယန်က အသေးစိတ်ပြောပြတာကို စောင့်နေရတာလဲ၊ မင်းမှာ နားတွေရှိသလို ပါးစပ်လည်း ရှိတယ်၊ မင်း သူ့ကို ကြိုက်ရင် သူ့ကို ပြောပြလိုက်”


စုန့်ရန်ဟယ်က စိတ်မရှည်တဲ့ဟန်နဲ့ ပြောနေပါတယ်။


“သူက ငါ့ကို ပြန်မကြိုက်ရင်ကော”


“မကြိုက်ရင် ဘာဖြစ်လဲ၊ ဘာတွေဆုံးရှုံးမှာလဲ၊ နင်ဖွင့်ပြောပြော မပြောပြော နင်က သူ့ရဲ့သက်တော်စောင့်ပဲ၊ ဒါပေမဲ့ နင်သာ ဖွင့်‌ပြောရင် သက်တော်စောင့်ထက် ပိုဖြစ်လာနိုင်တယ်”


သူ(မ)က ခပ်တည်တည်နဲ့ ကိုယ်ကိုကိုင်းလိုက်တယ်။


“ငါ့ရဲ့ fujoshi ရေဒါကို ယုံပါ၊ နင်က နက်နဲတဲ့ ဗီရိုမျိုးဆိုတာ ငါပြောနိုင်တယ်၊ ငါ CEO ကိုလည်း လုံးဝအထင်မလွဲဘူး၊ သူလည်း နင့်ကို ကြိုက်တယ်လို့ ငါယုံကြည်တယ်”


( တရုတ်တွေမှာ ဗီရိုထဲက ထွက်တာကို ဂေးအဖြစ် ကြေညာတယ်ဆိုပြီး ‌သုံးကြတာပါ၊ ဆိုတော့ ချန်လွီ့ကျီက မဖွင့်ရသေးတဲ့ ဗီရိုတစ်လုံးပေါ့၊ မချပြရသေးတဲ့ ဂေးတစ်ယောက်လို ပြောချင်တာပါ )


အဲဒီအချိန်မှာ ကျန်းစစ်ယန်က ငါ့ကို WeChat မှာ အသံမက်ဆေ့ခ်ျတစ်ခု ပို့လိုက်တယ်။

ငါ တုံ့ဆိုင်းနေပြီးတော့မှ စုန့်ရန်ဟယ်ရှေ့မှာ ဖွင့်လိုက်တယ်။ သူ(မ)က စိတ်ဝင်စားတဲ့ ခွေးလေးတစ်ကောင်လို ကိုယ်ကိုကိုင်းလိုက်တယ်။


“မင်းကို အိမ်ပြန်ပြီး ပစ္စည်းတွေထုပ်ခိုင်းလိုက်တာ၊ မင်းက စုန့်ရန်ဟယ်နဲ့ date လုပ်ဖို့ အောက်ထပ်ကို ဆင်းသွားတာလား”


ငါ : ?


စုန့်ရန်ဟယ် : ???


ငါက သရဲမြင်လိုက်ရသလို တံခါးဘက်ကို လှည့်ပတ်ကြည့်နေမိတယ်။ စုန့်ရန်ဟယ်က ပါဝင်လိုက်တယ်။ 


“သူ သဝန်တိုနေတယ်လို့ ငါထင်တယ်”


“ငါတော့ မထင်ဘူး၊ သူ ဒေါသထွက်နေတယ်လို့ ထင်တယ်”


စုန့်ရန်ဟယ်တုန်ယင်သွားတယ်။ 


“သူ ဒေါသထွက်နေတဲ့ပုံစံက ဒီလိုလား”


ရှားပါးတယ်မလား။


ငါကတော့ နေ့တိုင်း မြင်နေရပါတယ်။


“တစ်ခုခုပြောပါဦး”


ငါ စုန့်ရန်ဟယ်နဲ့ စကားပြောတဲ့အခါတိုင်း အချိန်သိပ်မကုန်ဘူးလို့ ခံစားခဲ့ရတယ်။

ဒါပေမဲ့ ခုနကပဲ အချိန်ကို ကြည့်လိုက်တော့ ငါတို့ ကော်ဖီဆိုင်မှာ တစ်နာရီကြာနေမှန်း သတိမထားမိခဲ့ဘူး။


ကျန်းစစ်ယန်ရဲ့အိမ်က ဆယ်မိနစ်ပဲ ဝေးပါတယ်။ ငါ လေးဘက်တွားသွားရင်တောင် အခုချိန်ဆို ပြန်ရောက်နေသင့်ပြီ။ သူ ဘာလို့ ငါ့ကို ဖမ်းမိလဲဆိုတာ အံ့ဩစရာ မလိုပါဘူး။ ကျန်းစစ်ယန် ငါ့ကို အေးစက်တဲ့လေသံနဲ့ စိုက်ကြည့်နေတယ်။


မသင့်တော်ပေမယ့်လည်း ငါတို့ တကယ်အချင်းချင်း ကြိုက်တယ်ဆိုရင် ငါက မိန်းမကြောက်တဲ့ ယောင်္ကျားတွေထဲက တစ်ယောက်ဖြစ်လာမလားလို့ စဉ်းစားမိလိုက်တယ်။


ကျန်းစစ်ယန်က စိတ်ပျက်အားငယ်တဲ့ပုံနဲ့ ပြောလိုက်တယ်။ 


“အခု မင်း ဘာတွေစိတ်ကူးယဉ်နေတာလဲ” 


ငါက ငါတို့ရဲ့ မင်္ဂလာပွဲကို စိတ်ကူးယဉ်နေတာမို့ မဖြေခဲ့ပါဘူး။


ဘယ်သူက အပေါ်ကလဲ၊ ဘယ်သူက အောက်ကလဲ။


စုန့ရန်ဟယ်က ငါ့ကို ထိုးလိုက်တယ်။ 


“မင်းရဲ့ညစ်ညမ်းတဲ့အပြုံးကို သုတ်လိုက်”


ငါ ပါးစပ်ကို သုတ်လိုက်တယ်။

ကျန်းစစ်ယန်ရဲ့မျက်နှာက တင်းမာနေခဲ့တယ်။ သူ ထပ်မမေးချင်တော့ပါဘူး။


“အိမ်ပြန်ရအောင်”


“ဟမ်”


“ငါက နှစ်ခါ မပြောချင်ဘူး”


“ဪ”


စိတ်က ဒီလောက်မတိုပါနဲ့။


ငါ သူ့နောက်ကျောဘက်ကနေ ပြုံးလိုက်တယ်။


စုန့်ရန်ဟယ်ငါ့ကို ထပ်ပြီး ထိုးလိုက်ပြီး သူ(မ) အရင်ပြောခဲ့တဲ့အရာတွေကို မမေ့ဖို့ သတိပေးတဲ့ အမူအရာမျိုး ပြလိုက်တယ်။


~~~