အပိုင်း ၁
Viewers 10k

Chapter 1

 သစ်အယ်သီး


လေယာဥ်ကွင်း၏ ​ကြော်ငြာ LED မျက်နှာပြင်၌ အမျိုးသမီး ​ရေချိုးဆပ်ပြာဂျယ် ​ကြော်ငြာကို ပြသ​နေပြီး မျက်နှာပြင်တွင် ​ပေါ်​နေသော လူ​ချောလေးက ဖြတ်သွားသည့် အမျိုးသမီး များစွာအား သူတို့၏ လမ်း​လျှောက်​နေသည့် အရှိန်ကို မသိလိုက်မသိ​ဘာသာ ​နှေးသွား​စေခဲ့သည်။


ရှန်းယွမ်ဇယ်က ​ကြော်ငြာမျက်နှာပြင်ကို ကြည့်ရန်အတွက် ​ခေါင်းကို ​မော့လိုက်သည်နှင့် ၎င်းက သိသိသာသာပင် အမျိုးသမီး ​ရေချိုးဆပ်ပြာဂျယ် ​ကြော်ငြာ ဖြစ်​​​နေပြီး ၎င်းကို ​ကြော်ငြာ​နေသည့် သူမှာလည်းအမျိုးသားတစ်​ယောက် ဖြစ်​နေ​ကြောင်း ​တွေ့လိုက်ရသည်။ ​ကြော်ငြာရဲ့ ပရိုဂျူဆာ​တွေ ဘာ​တွေ ​တွေး​နေကြတာများလဲ... သို့​သော်လည်း မိန်းက​လေးအချို့က screenကို လက်ညှိုးထိုးပြီး ​အော်ဟစ်​နေကြသည်ကို ​တွေ့လိုက်ရ​သောအခါ အကျိုးရလဒ်က ​တော်​တော်လေး ​ကောင်းမွန်သည့်ပုံပင်။


 ရှန်းယွမ်ဇယ်က အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အပြင်ထွက်ရန်အတွက် လူအုပ်ကြီး​၏ အ​နောက်ကိုသာ လိုက်ခဲ့သည်။ သူ အပြင်ကို ရောက်သည်နှင့် ချက်ချင်း ​တွေ့လိုက်ရသည်မှာ လမ်း​ဘေးတွင် ရပ်ထား​သော ​ရွှေညို​ရောင် လန်ရိုဗာ ကားတစ်စီး ဖြစ်​လေသည်။ သူ့နှုတ်ခမ်း​လေးများ ခပ်​ကွေး​ကွေး ဖြစ်သွားပြီး ရှန်းယွမ်ဇယ်က ညာလက်ဖြင့် ခရီး​ဆောင်အိတ်ကို ကိုင်၍ ခရမ်းနု​ရောင်အိတ်​လေးကို ဆွဲကာ လန်ရိုဗာဆီသို့ ​လျှောက်သွားလိုက်သည်။


ကား​ရှေ့နားသို့ ​ရောက်သည်နှင့် သူ​ရောက်လာသည်ကို အာရုံခံမိ​သော ကားတံခါးက ခပ်ဟဟ ပွင့်ဟလာသည်။ ကားကိုယ်ထည်ကို ဖွင့်ကာ သူ့အိတ်ကို ပစ်ထည့်လိုက်သည်နှင့် ခပ်​ကွေး​ကွေး ဖြစ်​နေ​သော သူ့နှုတ်ခမ်းက ပို၍ ပီပြင်လာပြီး ကားအတွင်းသို့ ဝင်ထိုင်လိုက်​လေသည်။


ကား​နောက်ခုံတွင် ထိုင်​နေ​သောသူမှာ လူငယ်​လေး တစ်​ယောက် ဖြစ်ပြီး ရှန်းယွမ်ဇယ် ဝင်လိုက်သည်နှင့် သူ့​​ခေါင်းကို လှည့်ကာ ကြည့်လာခဲ့သည်။ ကားက ​ချော​ချော​မွေ့​မွေ့ဖြင့် ခပ်ဖြည်းဖြည်း ​မောင်းကာ လမ်းမဆီသို့ ဦးတည်လာခဲ့ပြီး ရှန်းယွမ်ဇယ်က စကားတစ်ခွန်းမှ ​ပြောမလာ​သော သူ့​ဘေးနားမှ လူကို ကြည့်လိုက်သည်။


ထိုလူက အမြဲတမ်းလိုလိုပင် အလွန်တရာမော​နေခဲ့ပြီး ထိုအချက်မှာ ရှန်းယွမ်ဇယ် မူလတန်းတက်ကတည်းက သိခဲ့ရခြင်းပင်။ သူတို့ တစ်​ယောက်နှင့်တစ်​ယောက် မ​တွေ့ဖြစ်သည်မှာ နှစ်အနည်းငယ်သာ ရှိ​သေး​သော်လည်း ထိုသူ အရင်က ရှိခဲ့​သော သိမ်​မွေ့လှသည့် ​ချော​မောမှုများမှာ ဓါးတစ်​ချောင်းသဖွယ် ချွန်မြလာသလိုပင်။


ထိုလူက မျက်နှာ​ပေါ်မှ ​နေကာမျက်မှန် ခပ်ကြီးကြီးကို ဆွဲချွတ်လိုက်ပြီး နှဖူး​ပေါ်မှ အနက်​ရောင် ဆံစများကို သာမန်ကာလျှံကာ တို့ထိလိုက်သည်။


 "ဒေါက်တာရှန်းက ​နောက်ဆုံး​တော့ US က​နေ ပြန်လာဖို့ ဆန္ဒရှိသွားပြီ​ပေါ့"


ရှန်းယွမ်ဇယ်က ထိုလူကို အားတက်သ​ရော ပြုံးပြလိုက်သည်။


 " အဲ့ဒါ ဘာလို့လဲဆို​တော့ အ​မေရိကမှာ ​နေရတာထက် မင်းနဲ့ အတူရှိဖို့က ပိုအရေးကြီးမှန်း သ​ဘော​​ပေါက်သွားလို့​လေ"


ထိုသူက သူ့ကို မယုံသည့်အလား ​လှောင်ရယ်လိုက်ပြီး လက်တစ်ဖက်ဖြင့် သူ့​ခေါင်းကို ကိုင်ကာ ကားအပြင်သို့ လှမ်းကြည့်လိုက်သည်။ 


"ဒီကိစ္စလေးတစ်ခု အတွက်နဲ့ ​ဒေါက်တာရှန်း အထူးတလှယ် ပြန်လာတဲ့အ​ကြောင်း ကို ကြားရတာ ​တော်​တော်​လေး စက်ဆုပ်ဖို့ ​ကောင်းတာပဲ... တန်​ကြေးက မြင့်လိုက်တာ" 


ရှန်းယွမ်ဇယ်က နှစ်ကြိမ်မျှ တခစ်ခစ် ရယ်​မောလိုက်ပြီး​နောက် သူ့မျက်လုံးများက လမ်းတစ်ဖက်မှ ​ကြော်ငြာဆိုင်းဘုတ်များဆီသို့ အမှတ်တမဲ့ ​​ရောက်ရှိသွား​လေသည်။ထိုဆိုင်းဘုတ်များ​​ပေါ်တွင် ရှိ​နေ​သော ပုံရိပ်များသည်ကား သူအခု​လေးတင် ​တွေ့ခဲ့​သော ​လေဆိပ် ​ကြော်ငြာမျက်နှာပြင်​ပေါ်မှ လူဖြစ်ပြီး အခု​လော​လောဆယ် သူ့​ဘေးတွင် ထိုင်​နေသည့်လူလည်း ဖြစ်​ပေသည်။


"ဧကရာဇ်​မော့က ငါ့ကို ​လေဆိပ်မှာ ကိုယ်တိုင်ကိုယ်ကျ လာကြို​​တော့ ငါ့မှာ ​​ပျောက်ကွယ် သွားသမျှ အရာအားလုံးကို ပြန်ရလိုက်သလိုပဲ" ရှန်းယွမ်ဇယ်က မ​ရေမရာ စကားစသတ်ကာ ​မော့ကျန်း၏ ပုခုံး​ပေါ်သို့ တမင်သက်သက် မှီချလိုက်ပြီး ​​​လေသံ​ပျော့လေးဖြင့် ထပ်​ပြောလိုက်​လေသည်။ 


"ပြောကြည့် တကယ်လို့ ငါတို့သာ ဓါတ်ပုံရိုက်ခံလိုက်ရရင် မနက်ဖြန် သတင်း​ခေါင်းစီးက "​ရေပန်းစားလှတဲ့ ဧကရာဇ်​မော့ရဲ့ လိင်တူချစ်သူ​လေး ထုတ်​ဖော်ခံလိုက်ရပြီ... ​မော့ကျန်းက ​လေဆိပ်ကို ကိုယ်တိုင် ​သွားကြိုပြီး သူ့အချစ်​တွေကို ပြခဲ့တာလား" ဆိုပြီး​ ဖြစ်သွားမလားပဲ“


​မော့ကျန်းက သူ့စကားများ​ကြောင့် မနှစ်မြို့ဖွယ် ခံစားလိုက်ရသည်။ 


"ငါ့အ​ဖေ မင်းကို သတ်မှာ မ​ကြောက်ဘူးဆိုရင် ငါမင်းနဲ့အတူ ဗီရိုထဲက ထွက်လာရမယ်ဆိုလည်း ကိစ္စ မရှိဘူး​နော်"


(T/N ဗီရိုထဲက ထွက်လာတယ် ဆိုတာ ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ​​ဖော်ထုတ်လိုက်တယ် ဆိုတဲ့စကားပါ အတို​ကောက် come outလုပ်တယ်ဆိုရင် သိကြမှာပါ )


ကားက ရုတ်တရက် လှုပ်ခါသွားသဖြင့် ​မော့ကျန်းနှင့် ရှန်းယွမ်ဇယ်တို့ ဒါရိုက်ဘာထိုင်ခုံဘက်သို့ တညီတညွှတ်တည်း လှမ်းကြည့်မိသွားကြသည်။


ကား​မောင်း​နေသည့် ထန်ချန်းသည်ကား သူ့​နောက်ဘက်မှ အကြည့်စူးစူးများကို ခံစားလိုက်ရသဖြင့် အကြိမ်အနည်းငယ်မျှ အရှက်​ပြေရယ်​မောလိုက်ပြီး အပြစ်ရှိစိတ်ဖြင့် ပြုံးကာ ​ပြောလိုက်သည်။


 "ခုနက လမ်းပေါ်မှာ ​ကျောက်ခဲ​တွေ ရှိ​နေလို့" 


ရှန်းယွမ်ဇယ်က မျက်ခုံးပင့်ကာ အပြုံး​ဖျော့​ဖျော့တစ်ခု ​ပေါ်လာခဲ့သည်။ 


"ငါမှတ်မိတာ ဒီကားက လန်ရိုဗာလားလို့​လေ"


ထန်ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ​ခေါင်းညိမ့်ပြလိုက်သည်။ "ဒီတစ်ခါ ​ကျောက်ခဲက ​တော်​တော်​လေး ကြီးလို့"


ရှန်းယွမ်ဇယ်က ခပ်တိုးတိုး ရယ်​မောလိုက်ပြီး​နောက် သူ့​ခေါင်းကို ​မော့ကျန်း၏ အ​ဝေးသို့ ပို့လိုက်ပြီး ​မော့ကျန်းကို ပျင်းပျင်းရိရိ ကြည့်လိုက်သည်။


 "ဒါ​ပေမယ့် ခုနက​ပြောသလိုဆို ငါ ထန်ချန်းနဲ့ပဲ ဗီရိုထဲက ထွက်လိုက်ချင်တယ်... မင်းနဲ့ မလုပ်ချင်ဘူး"


ကားက ထပ်ပြီး လှုပ်ခါသွားကာ ​မော့ကျန်း၏ ​အေးတိ​အေးစက် မျက်လုံးများက ဒါရိုင်ဘာခုံသို့ ​ရောက်သွားသည်။ ထန်ချန်း၏ နာနာကျင်ကျင် အမူအယာက ​နောက်ကြည့်မှန်မှ ​မော့ကျန်းကို ကြည့်လိုက်သည်။


 "သခင်​လေးရှန်း ဘယ်လိုပဲဖြစ်ဖြစ် ဗီရိုထဲက ထွက်ချင်တယ် ဆိုရင် ချူယွီကို စဥ်းစားလို့ရတယ်... ​ကျေးဇူးပြုပြီး​ ကျွန်​တော့်ကို​တော့ ဆွဲမထည့်ပါနဲ့ဗျာ"


​မော့ကျန်းက ထန်ချန်းကို ကြည့်လိုက်ပြီး အ​လေးမထားဟန်ဖြင့် ​ပြောင်​ပြောင်တင်းတင်း ​ပြောလိုက်သည်။ 


"မင်းရဲ့ နာမည်ကိုက ​နေ့တိုင်း ဟားတိုက်ခံရဖို့ ကံကြမ္မာပါပြီးသားပဲ" (ထန်ချန်းရဲ့ pinyinနဲ့ ဟားတိုက်တယ်ဆိုတဲ့ စကားလုံးရဲ့ pyinyinက အတူတူပါပဲ)


ထန်ချန်း: “… …”


ရှန်းယွမ်ဇယ်က ရယ်သံကို မထိန်းထားနိုင်​တော့​​ပေ။ "ထန်ချန်း ခင်ဗျား ဘယ်လိုများ သည်းခံပြီး သူ့​​နောက် နှစ်အကြာကြီး လိုက်​နေနိုင်ရတာလဲ" သူက ​ပြောလိုက်သည်။ 


"သူ့​အေးဂျင့် ဖြစ်ရတာ တကယ် မလွယ်တဲ့ အလုပ်ပဲ"


ထန်ချန်းက အ​တွေးနက်နက်ဖြင့် ​ခေါင်းငြိမ့်ပြလိုက်သည်။ သူ့လက်​​အောက်တွင် ရှိ​သော အခြားနာမည်​ကျော်များမှာ သူ တစ်ခုခု ​ပြောလိုက်သည်နှင့် သူ့စကားကို မတွန်းလှန်ရဲကြ။ သို့​သော်လည်း ​​မော့ကျန်းအတွက်မူကား ဆန့်ကျင်ဘက်ပင်။ ​မော့ကျန်းတစ်ခုခု ​ပြောသည်နှင့် သူ မဆန့်ကျင်ရဲ​ပါပေ။


​မော့ကျန်း ပွဲဦးထွက်သည့်နှစ်က ထန်ချန်းမှာ အလုပ်ဝင်ကာစသာ ရှိ​သေးသည်။ ထိုအချိန်က ဆယ့်​ခြောက်နှစ်အရွယ် ​မော့ကျန်း၏ မျက်နှာက က​လေးဆန်​သော ငယ်ရွယ်မှုများ ရှိ​နေ​သေး​သော်လည်း ​ကောင်းကင်ဘုံမှ ​ကောင်းချီး​ပေးထား​သော ​ချော​မောခန့်ညားမှုက သူ့​ဘေးမှ လူအများကို ထိုသူက အမှန်ပင် ကြည့်​ကောင်းလှသည်ဟု ​တွေးမိသွား​စေရသည်။ ထို့​ကြောင့်ပင် ထိုအချိန်တုန်းက ခိုက်ဟွမ်း၏ စင်္ကြံ တ​လျှောက် ပတ်သွားရင်း သန့်စင်ခန်း ရှာ​နေခဲ့သည့်အချိန်၌ ခိုက်ဟွမ်း၏ ဥက္ကဌ ကိုယ်တိုင်က သူ့ကို ​တွေ့သွားခဲ့သူဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျပင် သူ့ကို စတား တစ်​ယောက်အဖြစ် စာချုပ်ချုပ်​ပေးခဲ့သည်။


အလွန်အမင်း ကြည့်ကောင်းခြင်းက နှစ်ဖက်ချွန်ဓါးလိုပင်။ ​ကောင်းကျိုး ရှိသကဲ့သို့ ဆိုးကျိုးလည်း ရှိ​ပေသည်။ အ​ကြောင်းမှာ လူထုထံမှ ထိုးချခံရရန်လည်း လွယ်ကူ​သော​ကြောင့် ဖြစ်​ပေသည်။ 


ထို့​​ကြောင့် ၎င်းအချိန်၌က ​မော့ကျန်းကို ကုမ္ပဏီက ​ပေးခဲ့​သော ​နေရာမှာ အမှန်တကယ်တွင် အိုင်​ဒေါလ် တစ်​ယောက်သာ ဖြစ်ပြီး နှစ်ဆယ့်​လေးနှစ်အရွယ် လူသစ်​လေး ထန်ချန်းထံသို့ ​ရောက်လာခဲ့​တော့သည်။ 


သို့​သော်လည်း ​မော့ကျန်းက မျက်နှာကို ဦးစား​ပေး​သော ကမ္ဘာကြီးတွင် ကိုယ်ပိုင်အင်အားကို အသုံးပြုကာ အထက်သို့ တက်လာခဲ့သည်။


​​မော့ကျန်း၏ ပထမဆုံး ရုပ်ရှင် "​သွေး​လွှမ်း​သော စီးနင်းမှု" ရုပ်ရှင်သည်ကား ကုန်ကျစရိတ် နည်းနည်းဖြင့် ရိုက်ကူးထား​သော ရုပ်ရှင်ဖြစ်ပြီး ရုပ်ရှင် ကြည့်သူအများစုမှာ ဇာတ်​ကြောင်းအ​ပေါ် အမြင်​ကောင်းများ မရှိကြ​သော်လည်း သူတို့ အားလုံးကအထက်စီးဆန်​သော ဂြိုလ်သား​ကောင်​လေးကို စွဲစွဲမြဲမြဲ သတိရ​နေကြမည် ဖြစ်သည်။ အစမှအဆုံးထိတိုင် ​မော့ကျန်း​ပေါ်လာချိန်က ဆယ်မိနစ်ပင် မပို​သော်လည်း ၎င်းကပင် ရုပ်ရှင်၏ ​တစ်ခုတည်း​သော ပြောင်​မြောက်​လှသည့် ဇာတ်ကွက် ဖြစ်လာခဲ့သည်။ 


​ပြောစရာ မလို​အောင်ပင် သူ့မှာ ​ထူးခြားလှ​သော ပုံရိပ် ရှိ​နေသည်။ ငယ်ရွယ်​ပြီး အစိုးမရသည့် ဂြိုလ်သား မျက်လုံး​လေးများမှာ ချွန်မြ​​သောဓါးသဖွယ်ပင် ကြည့်ရှုသူတို့၏ နှလုံးသားထဲသို့ စုတ်ချက်ထင်သွားရသည်။ 

 

"​သွေးလွှမ်း​သော စီးနင်းမှု"က box office ​ကောင်း​ကောင်း မရခဲ့​သော်လည်း ​မော့ကျန်းဆီသို့ အာရုံစိုက်မှု ​မြောက်များစွာ​ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ ကုမ္ပဏီက ရုတ်တရက်ပင် ​မော့ကျန်းကို များစွာ အ​လေး​ပေးလာခဲ့​လေသည်။ ဒီလူက ​လုံးဝကို ချောင်ထိုးထားရမဲ့ အိုင်​ဒေါလ်တစ်​ယောက် မဟုတ်ဘူး... မဟုတ်​သေးဘူး... ဒီလူက ပို​ကောင်းတဲ့အဆင့်ထိ ​ရောက်မဲ့သူပဲ...


​မော့ကျန်း၏ ​အေးဂျင့် ထန်ချန်းသည်လည်း ခိုက်ဟွမ်းရှိ ​အေးဂျင့်များ၏ ဘုရင် လျိုထျန်​ချောင်းနှင့် အစားထိုးခံလိုက်ရသည်။ သို့​သော်လည်း ငါးရက် မကုန်ခင်မှာပင် ​မော့ကျန်းက ထန်ချန်း လက်ထဲသို့ ပြန်​ရောက်လာခဲ့သည်။ ထိုအဖြစ်အပျက်က အမြဲတမ်းပင် ထန်ချန်း၏ ဘဝမှ ပ​ဟေဠိများထဲက တစ်ခုဖြစ်ခဲ့သည်။ ထိပ်တန်း လျှို့ဝှက်ဆန်းကြယ် အဖြစ်အပျက်များမှ တစ်ခုလည်း ဖြစ်​ပေသည်။ ထန်ချန်းက ​မော့ကျန်းအား ထိုငါးရက်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ​မေးခဲ့​သော်လည်း ​မော့ကျန်းက ပြန်မ​ဖြေလာခဲ့။ ထို့​ကြောင့်ပင် ထန်ချန်းကလည်း ထပ်ပြီး အစမ​ဖော်​တော့​ပေ။


​အေးဂျင့်အသစ်​လေး အ​နေဖြင့် ထန်ချန်းက လက်ထဲတွင် အ​ကောင်းဆုံး​ဟု ဆိုရမည့် အရင်းအမြစ်များမှာ အမြဲလိုလို ရှိမ​နေခဲ့ဘဲ လျိုထျန်​ချောင်းထက်လည်း အ​တွေ့အကြုံနု​သေးသည်။ သူရှာနိူင်သမျှ အ​ကောင်းဆုံး အရင်းအမြစ်များကို ​မော့ကျန်းအား ​ပေးခဲ့​သော်လည်း သူ့ကို အမြဲတမ်း အားနာစိတ်ဝင်ခဲ့ရသည်။ အ​ကြောင်းမှာ သူ ​မော့ကျန်း အနားတွင် အချိန်အကြာကြီး ရှိ​နေပြီးနောက် ထိုလူထံတွင် အံ့အားသင့်ဖွယ် ပါရမီ ရှိ​​​နေကြောင်းကို ရှင်းရှင်းလင်းလင်း သိ​နေခဲ့​သော​​ကြောင့်ပင်။


ကံ​ကောင်းစွာဖြင့် ​မော့ကျန်းက အမြဲတမ်း အရည်အချင်း ပြည့်​နေသည်။ သူ ဇာတ်ပို့​နေရာတွင် သရုပ်​ဆောင်လျှင်​​တောင် သူက ဇာတ်​ဆောင်များထက် ထင်းထွက် ​နေလိမ့်မည်ဖြစ်သည်။ 


ရုပ်ရှင်များတွင် သရုပ်​ဆောင်ခြင်း၊ သီချင်းအသစ်များ အသံသွင်းခြင်း၊ ​ကြော်ငြာများ ရိုက်ကူးခြင်းဖြင့် ​မော့ကျန်း၏ ပါရမီကို လူထုက ပို၍ ပို၍ သတိပြုမိလာကြသည်။ လူထု​ရှေ့ ထွက်​ပေါ်လာမှုကလည်း ပိုပို များလာခဲ့သည်။ ထန်ချန်းတွင် အရင်းအမြစ်​ကောင်းများ မရှိလျှင်​တောင် အခွင့်အ​ရေးများက သူ့အလိုလို ​ရောက်ရှိလာကြသည်ချည်းသာ။ ​မော့ကျန်းသည်လည်း ရုပ်ရှင်​လောကတွင် အောင်မြင်​နေသည့် အငယ်ဆုံး သရုပ်​ဆောင် ဖြစ်လာခဲ့သည်။ ​မော့ကျန်းက သရုပ်​ဆောင်ငယ်​လေး ဘဝမှ အ​ကောင်းဆုံး သရုပ်​ဆောင်များထဲမှ တစ်​ယောက် ဖြစ်လာခဲ့ရန် အချိန်​လေးနှစ် အသုံးပြုခဲ့ရသည်။ 


ယခုလက်ရှိ နှစ်ဆယ့်​ခြောက်နှစ်အရွယ် ​မော့ကျန်းက အမြင့်ဆုံး သရုပ်​ဆောင် ဆုကြီး သုံးဆု ရထားကာ အခြားဆုများမှာလည်း ​​ပြောပြရန်ပင် များပြားလွန်းပြီး လူ​ထောင်​ပေါင်းများစွာက ရုပ်ရှင်ဧကရာဇ်အဖြစ် လေးစားကြသည်။ ​အေးဂျင့်အသစ်​လေး ထန်ချန်းသည်ပင် ခိုက်ဟွမ်း၌ လျိုထျန်​ချောင်းနှင့် အဆင့်တူ ဖြစ်​လာ​ပေသည်။


အတိတ်ကို နောက်​ကြောင်းပြန်ပြီး​နောက် ရှန်းယွမ်ဇယ်၏ စကားများကို ကြားလိုက်ရသည့် ​မော့ကျန်းမှာ သူ့ကို ကြည့်လိုက်ပြီး နှုတ်ခမ်း​ထောင့်များ ​ကွေး​လာခဲ့သည်။ "ဒေါက်တာရှန်း ​နောက်ဆုံး​တော့ မင်းရဲ့ ​ကောင်မ​လေးနဲ့ လက်ထပ်ဖို့ ပြန်လာတာလား"


ထိုစကားလုံးများကို ကြားပြီး​နောက် ရှန်းယွမ်ဇယ်၏ လွတ်လွတ်လပ်လပ် အမူအယာမှာ အ​လေးအနက် ဖြစ်သွားပုံ တစ်စွန်းတစ မြင်​တွေ့ရသည်။ "ငါလည်း လက်ထပ်ချင်ပါတယ်... ဒါ​ပေမယ့် အဲ့ဒါကို မလုပ်ခင် အဲ့အ​ကြောင်း သူ့ကို အရင် ​ပြောပြဖို့ လိုမယ်ထင်တယ်"


​​မော့ကျန်းက ခပ်​​သော​သော ရယ်လိုက်ကာ ထပ်မ​ပြော​တော့​ပေ။ သို့​သော်လည်း ထန်ချန်းက ရှန်းယွမ်ဇယ်ကို ကြည့်လိုက်ပြီး​နောက် သူ့မျက်လုံးများထဲမှ မြင်ရခဲ​သော ​လေးနက်မှုများကို ​တွေ့​သောအခါ မ​နေနိုင်ဘဲ ​မေးမိသွားပြန်သည်။ "သခင်​လေးရှန်း... ခင်ဗျားရဲ့ ကောင်မ​လေးကို ​တော်​တော်​လေး ချစ်တဲ့ပုံပဲ​နော်"​


​မော့ကျန်း​ဟောင်က သ​ဘောတကျဖြင့် ရယ်​မောလိုက်ပြီး သူ့အသံက ခနဲ့မှုများ ပြည့်​နေသည်။


 "​ဒေါက်တာရှန်းက ငါတို့ကို ဓါတ်ပုံ​လေး​ပြဖို့​တောင် တွန့်တို​နေ​တော့ ​တော်​တော်​လေး ချစ်​နေတာပဲ ​နေမှာပါ"


ရှန်းယွမ်ဇယ်က ​မော့ကျန်းကို တစ်ချက် စို က် ကြည့်လိုက်ပြီး သူ့မျက်လုံးများက ထိုနှစ် မူလတန်းတက်စဥ်က အနီးအနားရှိ အထက်တန်း​ကျောင်းဆီ ​ခေါ်သွားခဲ့သည့်အချိန်ကနှင့် တစ်ထပ်တည်းပင်။ 


"​မော့ကျန်း ငါအရင်ကလည်း ​ပြောဖူးပြီးပြီ​လေ... မင်းသာ သူ့ကို ​တွေ့သွားရင် ​သေချာ​ပေါက် သူ့ကို ​ကြွေသွားမှာ" 


​မော့ကျန်းက သူ့​ခေါင်းကို လှည့်လာကာ ရှန်းယွမ်ဇယ်ကို အချိန်အ​တော်ကြာ စိုက်ကြည့်လိုက်ပြီး​နောက် သူ့နှုတ်ခမ်း​ထောင့်များကို မြင့်ကာ အပြုံးတစ်ခု ​ပေါ်လာခဲ့သည်။ 


"ဒါ​ကြောင့်မို့ ငါက မင်းရဲ့ ဟာသဥာဏ်​တွေကို သ​ဘောကျတာ​လေ" ​ 


Xxxx