အပိုင်း ၂၀၉ ( Demon Sect Leader 11 )
Viewers 43k

ယန်ကျင်းဇီသည် သူဟာ မိမိကိုယ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့် လူတစ်ဦးဟု အမြဲခံစားရသည်။ သူသာ အကောင်းဆုံး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းကို မပိုင်ဆိုင်ဘူးဆိုရင် သူ ဘယ်လိုလုပ် တစ်နှစ်တောင် ချုပ်တည်းနိုင်မှာလဲ? 


သို့သော် သူ၏ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက မည်မျှပင် ကောင်းမွန်နေပါစေ၊ သူ့ချစ်ရသူက လက်ဦးယူမှု ယူလာလျှင် သူသည် ၎င်းကို မချုပ်တည်းနိုင်တော့ဘဲ ငြင်းလည်း မငြင်းဆန်နိုင်ပေ။ 


ထို့ကြောင့် သူက မငြင်းဆန်ခဲ့ရာ ယန်ရှိူ့ကို အပျော်လွန်သွားစေခဲ့သည်။ 


သူ့သခင်က ရုတ်တရက် “သူ့မှတ်ဉာဏ်များကို ဆုံးရှုံးသွားခဲ့သည်“၊ ယန်ရှိူ့သည်လည်း အမှန်ဟုတ်၊ မဟုတ်ကို သံသယဝင်သည်။ 


သို့သော် သခင့်၌ ဤအချိန်တွင် အတိတ်မေ့ဟန်ဆောင်ရန် အကြောင်းပြချက်မရှိချေ။ 


သူတို့သည် အန္တရာယ်ကို မဖယ်ရှားရသေးပေ။ သခင်က သူတို့ကို စမ်းသပ်ချင်‌လျှင်တောင်မှ ၎င်းမှာ ဤအချိန်တွင် မဖြစ်သင့်ပေ။


ထို့အပြင် အတွင်းအားကို ဆုံးရှုံးပြီးဖြစ်သော သခင့်၏ ခန္တာကိုယ်ထဲတွင် သောင်းကျန်းပြီး ထိန်းချုပ်မရသည့် အတွင်းအားတချို့ ပေါ်လာခဲ့သည်… 


သူ့သခင်က သူ့မှတ်ဉာဏ်ကို အမှန်တကယ် ဆုံးရှုံးခဲ့ခြင်း ဖြစ်လောက်သည်။ သခင်က သူ့စောင်ထဲသို့ ဝင်လာချိန်တွင် ဤသည်ကို အတည်ပြုခဲ့ပေသည်။ 


သို့သော် သခင်က သူ့မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့သော်လည်း ၎င်းမှာ မှားယွင်းသော လေ့ကျင့်မှုကြောင့် ဖြစ်ပျက်ခဲ့သည်။ မနက်ဖြန်တွင် သခင်က မှတ်ဉာဏ်ကို ပြန်လည်ရရှိရန်မှာ အလွန်ဖြစ်နိုင်ချေများသည်။ 


ယခု သခင်က သူ့ကို မငြင်းဆန်ရာ သူသည် အခွင့်အရေးကို ဆုပ်ကိုင်ထားရမည်။ မဟုတ်လျှင်… အနာဂတ်တွင် အခွင့်အရေး မရှိတော့မည်ကို သူ ကြောက်ရွံ့မိသည်။


ယခင်က ယန်ရှိူ့သည် ဤကိစ္စမျိုးကို တစ်ခါမှ မလုပ်ရဲခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် သူ့သခင်က သူ့ကို စွန့်ပစ်ပြီး အရိပ်သက်တော်စောင့်တစ်ဦးကို ခေါင်းဆောင်အဖြစ် ဟန်ဆောင်ရန် ပြောင်းလိုက်မည်ကို ကြောက်သောကြောင့်ပင်… သခင်က အခြားသူများကို ပွေ့ဖက်နမ်းမည်အား သူ မလိုချင်ပေ။ 


ယခုမူ ကွဲပြားသွားပြီပင်။


သူတို့ လျန်ကျိုးစီရင်စုသို့ ရောက်သောအခါ သခင်က သူ၏ အထောက်အထား အစစ်အမှန်ကို သေချာပေါက် ပြန်လည်ရယူမည်ဖြစ်သည်။ သူ့တွင် သခင်နှင့် ချစ်ခင်ကြင်နာရသော ဂုဏ်သရေ မရှိနိုင်တော့ပေ။ ယခုမူ သဘာဝကျစွာပင် သူသည် အားလုံးကို စွန့်လွှတ်နိုင်သည့်အထိ ဆန္ဒရှိသည်။ 


သူက သခင့်ကို ဤကဲ့သို့ တစ်စုံတစ်ခု လုပ်ခဲ့သည့်အတွက်ကြောင့် သခင်က သူ့ကို အပြစ်ပေးချင်လျှင် သခင် သူ့ကို မောင်းမထုတ်သရွေ့ သူ အဆင်သင့်ဖြစ်နေပြီပင်။


သခင်က သူ့ကို မောင်းထုတ်ချင်လျှင်… သူသည် နေရရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်သည်။


ယန်ရှိူ့သည် ယန်ကျင်းဇီ၏ ခန္တာကိုယ်ပေါ်တွင် ထိုင်ရန် လက်ဦးမှုရယူခဲ့သော်ငြား မကြာခင်မှာပဲ ယန်ကျင်းဇီက ထကာ သူ့ကို အောက်သို့ ဖိနှိပ်ချလိုက်သည်။


အရိပ်သက်တော်စောင့်များက ဘေးအခန်းတွင် နေထိုင်ကြသည်။ ယန်ကျင်းဇီသည် သူတို့ ကြားသွားမည်ကို စိုးရိမ်သောကြောင့် သူသည် အလွန်အကျွံ မလှုပ်ရှားရဲဘဲ ဤအကြောင်းကြောင့် အပြုအမူများမှာ ပိုပိုပြီး သိမ်မွေ့လာသည်။ 


သို့သော် အပြုအမူများမှာ သိမ်မွေ့သော်လည်း ယန်ကျင်းဇီ တစ်နှစ်တာကြာ စဥ်းစားနေခဲ့သော လူမှာ နောက်ဆုံးတွင်တော့ သူ့အိပ်ရာထဲသို့ ရောက်ရှိလာခဲ့သည်… ယန်ကျင်းဇီသည် ခဏတာ မရပ်တန့်နိုင်ခဲ့ပေ။ 


အဆုံးတွင်မူ သူသည် သူ အနည်းငယ် လွန်သွားပြီဟု ခံစားရပြီး လူကို အလွန်ကြာကြာ လူးလှိမ့်နေသည်မှာ အမှန်တကယ်ကို မကောင်းမွန်ချေ။


သို့ရာတွင် ညအမှောင်ထဲ၌ ယန်ရှိူ့က သူ့ကို တောက်ပသော မျက်လုံးများနှင့် ကြည့်နေကာ လုံးဝ ငြင်းဆန်မှုမရှိပေ။ သူသည် မထိန်းချုပ်နိုင်ဘဲ သူ လုပ်ချင်တိုင်း လုပ်မိသည်။ 


ယန်ကျင်းဇီသည် အစပိုင်းတွင် ယန်ရှိူ့ကို ဤသို့တွေ့ရသောအခါ စိတ်လှုပ်ရှားသွားခဲ့သည်။ အားလုံး ပြီးဆုံးသွားသောအခါမှသာ သူသည် ရုတ်တရက် တစ်ခုခုကို တွေးမိသည်။ 


သူသည် သူ့မှတ်ဉာဏ်ကို ဆုံးရှုံးပြီးနောက် ယန်ရှိူ့က လက်ဦးမှုရယူသည်ကို အမြဲအံ့အားသင့်နေခဲ့သည်။ စစချင်းတွင် သူသည် ယန်ရှိူ့က လက်စားချေချင်သည်ဟု ထင်ခဲ့၏။ သို့ရာတွင် မကြာမီပင် ထိုသို့မဟုတ်ကြောင်း သူ သိလိုက်ရပြီး… ယန်ရှိူ့က သူ့ကို စိတ်သက်သာရာရစေချင်သည်မှာလည်း ဖြစ်နိုင်သည်ဟု သူ တွေးမိသည်။


သို့သော် ယခုမူ ယန်ရှိူ့က ဤကဲ့သို့ ဖြစ်နေရာ သေချာပေါက် ထိုသို့မဟုတ်တော့ချေ။ 


ယန်ကျင်းဇီသည် ယန်ရှိူ့က... သူ့ကို ကြိုက်လောက်သည်ဟု ရုတ်တရက် တွေးမိလိုက်သည်။


ယန်ကျင်းဇီသည် ယန်ရှိူ့အပေါ်တွင် လဲကာ ရုတ်တရက် မေးလိုက်၏ : “ သခင်လေး၊ ငါ မင်းကို အရမ်းသဘောကျတယ်။ မင်း ငါ့ကို သဘောကျလား? ”


ယန်ရှိူ့သည် ကြက်သေသေသွားပြီး နောက်မှသာ သူ ပြောလိုက်သည် : “ ငါ မင်းကို သဘောကျတယ်။ ”


“ မင်း ငါ့ကို ဘယ်အချိန်တုန်းက စပြီး သဘောကျခဲ့တာလဲ? ” ယန်ကျင်းဇီက ထပ်မေးပြန်သည်။


ယန်ရှိူ့သည် တိတ်ဆိတ်သွားပြီး သူ ပြောသင့်၊မပြောသင့် တွေးနေသည်။ သူ ပြောလိုက်ရင် သူ့သခင်က မှတ်ဉာဏ်ပြန်ရတဲ့အခါ ဒါကို သတိရပြီး ရွံစရာကောင်းတယ်လို့ ထင်လိမ့်မလား?


သို့သော် သခင်က သူ့ကို မေးရာ သူက ဖြေဆဲဖြစ်သည် : “ ဟိုးအရင်အချိန်အကြာကြီးကတည်းက ငါ မင်းကို သဘောကျခဲ့တယ်။ “ 


“ ဟိုးအရင်ကဆိုတာ ဘယ်အချိန်လဲ? လွန်ခဲ့တဲ့ တစ်နှစ်ကလား? လွန်ခဲ့တဲ့ နှစ်နှစ်ကလား? ” ယန်ကျင်းဇီက ပြုံးကာ သူ့ကို နမ်းလိုက်သည်။ 


ယန်ရှိူ့ : “ အဲ့ထက် ပိုကြာသေးတယ်။ ” 


ယန်ကျင်းဇီသည် ယန်ရှိူ့၏ ခန္တာကိုယ်ပေါ်တွင် လှဲပြီး သူ့ခေါင်းကို ယန်ရှိူ့၏ခေါင်းနှင့် မှီထားကာ သူ့မေးစေ့ကို ယန်ရှိူ့၏ ပုခုံးပေါ်တွင် တင်ထားသည်။ သူသည် သူ့ကိုယ်သူ စိတ်ဖြေလျှော့ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်ငြား သူ့နှလုံးသားထဲတွင် မသက်မသာခံစားရသည်။ 


ယန်ရှိူ့က ဟိုးအရင်ကြာကြာကတည်းက မူလပိုင်ရှင်ကို ချစ်နေခဲ့တာလား? 


သူသည် ထိုအချိန်တွင် ယန်ရှိူ့၌ ခံစားချက်များ မရှိဟု တွေးခဲ့သည်။ သို့ရာတွင် ထိုသို့မဟုတ်ခဲ့ချေ။ 


ထို့အပြင် မည်မျှပင် ဦးနှောက်ဆေးခံထားရပါစေ၊ ယန်ရှိူ့ဟာလည်း လူသားတစ်ဦး ဖြစ်ပြီး လူသားတစ်ဦးတွင် ခံစားချက်များ ရှိလိမ့်မည်ပင်။ 


မူလဇာတ်ကြောင်းထဲတွင် သူသည် မူလပိုင်ရှင်၏ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး မူလပိုင်ရှင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကာ သူ့ခန္တာကိုယ်ပေါ်တွင် ကောင်းမွန်သော အသား မရှိခဲ့ချေ။ သို့သော် သူဟာ မူလပိုင်ရှင်ကို အဖော်ပြုနေဆဲဖြစ်သည်။ 


ထိုအချိန်တွင် မူလပိုင်ရှင်သည် အရိပ်သက်တော်စောင့်များနှင့်အတူ နတ်ဆိုးဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီး အရိပ်သက်တော်စောင့်များကို ကိစ္စတချို့လည်း လုပ်ဆောင်ခိုင်းခဲ့သည်။ ထိုအရိပ်သက်တော်စောင့်များသည် လူများနှင့် ဆက်သွယ်ပြီး သူ၏ လက်ရှိအရိပ်သက်တော်စောင့်များကဲ့သို့ တဖြည်းဖြည်းချင်း “ဉာဏ်အလင်းပွင့်လာခဲ့သည်” ။ သူတို့ထဲတွင် မိမိကိုယ်ကို သတ်သေသော အရိပ်သက်တော်စောင့်များ ရှိသော်လည်း ယန်ရှိူ့က သူ့ကို ဘယ်တော့မှ မစွန့်ပစ်သွားခဲ့ချေ။ ဘာလို့ဆို သူက မူလပိုင်ရှင်ကို ချစ်လို့ပဲ ဟုတ်တယ်မလား?


စိတ်မကောင်းစရာမှာ မူလပိုင်ရှင်က ယန်ရှိူ့ကို အစမှအဆုံးအထိ တစ်ခါမှ မကြည့်ခဲ့ခြင်းပင်။ 


သူ ကူးပြောင်းလာပြီး အကြောင်းအရာများ သင်ယူရန် အရိပ်သက်တော်စောင့်များကို သူ သင်ကြားပေးချိန်တွင် သူတို့အများစုမှာ ဖြည်းညှင်းစွာ သင်ယူကြသော်လည်း ယန်ရှိူ့က လျင်မြန်စွာ သင်ယူခဲ့သည်။ 


သူသည် ယန်ရှိူ့က ခံစားချက်များကို နားမလည်ဘဲ သူ့ကို မကြိုက်ဟု အမြဲထင်ခဲ့သော်ငြား သူ့အတွေးမှာ တကယ်တော့ မှားယွင်းနေခဲ့သည်။ 


ယန်ရှိူ့က သူ့ကို အမြဲကြိုက်ခဲ့ပြီး ၎င်းကို မပြသရသော အကြောင်းအရင်းကမူ… ယန်ကျင်းဇီသည် ယန်ရှိူ့၏ နေရာတွင် ဝင်စဥ်းစားကြည့်ပြီး ယန်ရှိူ့၏ အမြင်မှဆိုလျှင် သူဟာ အမှန်တကယ်ပင် ဝန်မခံရဲလောက်ကြောင်း တွေ့ရှိလိုက်ရသည်။ 


သူသည် ဂိုဏ်းခေါင်းဆောင် ဖြစ်ပြီး ယန်ရှိူ့ အမြဲတစေ အသိအမှတ်ပြုခဲ့သော သခင် ဖြစ်သည်။ သူ့ရဲ့လက်ဦးယူမှု မရှိဘဲ ယန်ရှိူ့က ဘယ်လိုလုပ် ဝန်ခံရဲမှာလဲ?


သူတို့နှစ်ဦး၏ အဆင့်အတန်းမှာ မညီမျှလွန်းပြီး သူ့တွင် အတွင်းအား မရှိလျှင်တောင်မှ သူတို့မှာ ခြားနားဆဲဖြစ်သည်။ 


ထို့ကြောင့် ယခု သူက အတိတ်မေ့နေပြီး အတိတ်မှ မှတ်ဉာဏ်များ မရှိတော့ရာ ယန်ရှိူ့က ယုံကြည်မှုရှိစွာဖြင့် သူ့ခံစားချက်များကို ဖော်ပြရဲခဲ့သည်။ 


ယန်ကျင်းဇီသည် မူလက သူ အတိတ်မမေ့နေကြောင်း ယန်ရှိူ့ကို တစ်ခါတည်း ပြောပြချင်ခဲ့၏။ စဥ်းစားပြီးနောက် သူ ဘာမှမပြောတော့ပေ။ 


အတိတ်မေ့နေသော သူနှင့် ယန်ရှိူ့တို့က အတူရှိနေပြီး ယန်ရှိူ့က ပို၍ သက်တောင့်သက်သာ ရှိလိမ့်မည်ဖြစ်ကာ သူတို့သည် သူတို့၏ ခံစားချက်များကိုလည်း ပျိုးထောင်နိုင်ကြသည်။


“ သခင်လေး ဒဏ်ရာရသွားလား၊ မင်း ဆေးလိမ်းချင်လား? ” ယန်ကျင်းဇီသည် ရယ်မောကာ ယန်ရှိူ့ကို ထပ်နမ်းလိုက်သည်။ သူသည် ဤတစ်ကြိမ်တွင် အလွန်သတိထားခဲ့သည်။ ယန်ရှိူ့က ထိခိုက်ဒဏ်ရာ မရထားလောက်သော်လည်း ယန်ရှိူ့ အဆင်မပြေဖြစ်မည်ကို သူ ကြောက်သည်။ 


ယန်ရှိူ့က ဆိုသည် : “ မလိုပါဘူး... မင်း ငါ့ကို အားရှိူ့လို့ ခေါ်ပါ။ ”


“ အားရှိူ့ ” ယန်ကျင်းဇီ ရယ်မောလိုက်သည် : “ အားရှိူ့၊ ငါ မင်းကို ချစ်တယ်။ “ 


ယန်ရှိူ့ အံ့အားသင့်သွားသည်။ 


သခင်က သူ့ကို ချစ်တယ်လို့ ပြောလိုက်တာလား? 


သူ့နှလုံးသားမှာ ရိုးရှင်းစွာပင် ပျော်ရွှင်မှုကြောင့် ခုန်ပေါက်သွားပြီး သူသည် သူ့သခင်ကို ချက်ချင်း ဖက်မိလိုက်သော်ငြား တစ်ခုခုမှားနေမှန်း မကြာမီ သူ နားလည်သွားရသည်။


သခင့်တွင် အတိတ်မေ့ရောဂါ ရှိသည်။ ၎င်းမှာ ယနေ့မှ သူ့ကို တွေ့ဖူးသည်နှင့် ညီမျှသည်။ ဘယ်လိုလုပ် သူက သူ့ကို ချစ်နိုင်မှာလဲ။


ယခင်က သူသည် သခင်နှင့် ဆက်ဆံရေးရှိရန် လက်ဦးမှုရယူခဲ့ပြီး သခင်က မငြင်းဆန်ခဲ့ဘဲ ယခုလည်း ဤသို့ပြောလာသည်… ဒါက သခင်က “သခင်လေး” ဖြစ်တဲ့ သူ့ကို စိတ်ကျေနပ်စေချင်လို့လား?


ယန်ရှိူ့၏ စိတ်အခြေအနေမှာ အထူးရှုပ်ထွေးသွားပြီး အနည်းငယ် စက်ဆုပ်ဖွယ်ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ 


သို့သော် သူဟာ အရာရာကို နောက်တစ်ကြိမ် ပြန်လည်စတင်ရမည်ဆိုလျှင်တောင်မှ ၎င်းကို လုပ်ဆောင်နေဦးမည်ပင်။


ယန်ရှိူ့သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ကိုယ်ပေါ်ရှိ ယန်ကျင်းဇီကို သူ့ဘေးရွှေ့လိုက်ကာ ယန်ကျင်းဇီကို သူ့လက်မောင်းပေါ်တွင် အနားယူစေသည် : “ မင်း ပင်ပန်းနေတာ မလား? အိပ်ရာစောစောဝင်တော့။ ” သခင်က သူ ပင်ပန်းသည်ဟု ယခင်က ပြောခဲ့ပြီး သူက သခင့်ကို မြှူဆွယ်လိုက်သေးသည်။ ယန်ရှိူ့သည် သူ့ကိုယ်သူ ပို၍ပင် မုန်းတီးမိသည်။  


ယန်ကျင်းဇီ : “ … ”


ယန်ကျင်းဇီသည် သူ့လည်ပင်းအောက်ရှိ လက်မောင်းကို ထုတ်ယူပြီး ယန်ရှိူ့ကို သူ့ရင်ခွင်ထဲတွင် ထည့်လိုက်သည်။  


သူသည် အဖက်ခံရသည်ထက် တစ်ဖက်လူကို ဖက်ရသည်အား ပိုမိုနှစ်သက်ဆဲဖြစ်သည်။ 


လူကို ဖက်ပြီးနောက် ယန်ကျင်းဇီသည် သူ့ကို နမ်းလိုက်သည် : “ အိပ်တော့ ” 


ယန်ရှိူ့သည် ယန်ကျင်းဇီ ပွေ့ဖက်ခြင်းကို ခံရကာ သူ အိမ်မက်မက်နေသည်ဟု နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ 


သူသည် အလွန်စိတ်လှုပ်ရှားသောကြောင့် လုံးဝ အိပ်မပျော်နိုင်ခဲ့ပေ။ 


သူ့အနားရှိ လူက အိပ်မပျော်ရာ ယန်ကျင်းဇီလည်း လုံးဝ အိပ်မပျော်နိုင်ဖြစ်ခဲ့သည်။ အဆုံးတွင်မူ သူတို့နှစ်ဦးသည် မိုးလင်းသည်အထိ အတူလှဲနေခဲ့ကြသည်။


ယန်ရှိူ့သည် သူ လှုပ်လျှင် ယန်ကျင်းဇီ သူ့ကို လွှတ်လိုက်မည်ကို ကြောက်ရွံ့သောကြောင့် လှုပ်ရှားမှုကင်းမဲ့စွာ နေနေခဲ့သည်။ ယန်ကျင်းဇီတွင်လည်း တူညီသော အတွေး ရှိသည်။ ထို့ကြောင့်… သူတို့နှစ်ဦးသည် တစ်ညလုံး မလှုပ်ရှားခဲ့ကြပေ။ 


နောက်တစ်နေ့မနက်တွင် ယန်ကျင်းဇီ၏ လက်မောင်းမှာ အနည်းငယ် ထုံနေသည်။


မူလအတိုင်းဆိုလျှင် သူသည် သူ၏ အတွင်းအားကို လှည့်ပတ်လိုက်သရွေ့ သူ့လက်မောင်းပေါ်ရှိ အနည်းငယ် နာကျင်မှုကို ဖြေ‌လျှော့နိုင်သော်ငြား မနေ့ညတွင် ယန်ရှိူ့က သူ့ဘေး၌ ရှိနေသောကြောင့် သူသည် သူ့အတွင်းအားကို အသုံးမပြုရဲခဲ့ပေ...


မနက်စောစောတွင် အစေခံမိန်းမပျိုနှစ်ဦးက တံခါးလာခေါက်သည်။ 


မျက်လုံးမှိတ်ထားသော ယန်ကျင်းဇီသည် ယန်ရှိူ့နှင့်အတူ မျက်လုံးဖွင့်ကာ ယန်ရှိူ့က အစေခံမိန်းမပျိုနှစ်ဦးကို ပြောလိုက်သည် : ” စောင့်နေ။ ” 


ယန်ရှိူ့သည် စကားပြောပြီးနောက် အိပ်ရာမှ အမြန်ထကာ သူ့အဝတ်အစားများကို အရင်ဝတ်လိုက်၏။ ထို့နောက် သူသည် ယန်ကျင်းဇီအတွက် အဝတ်အစားများကို ယူပေးပြီး အိပ်ရာကို သန့်ရှင်းရေးသွားလုပ်သည်…


ယန်ကျင်းဇီ : “ … ” ယန်ရှိူ့က အားအင်လည်း ပြည့်ဝလွန်းနေသည်။ သူက လုံလုံလောက်လောက် အလုပ်မကြိုးစားခဲ့ဟု သူ့ကို အမြဲခံစားစေရသည်။ 


သို့သော် သူ၏ လက်ရှိဇာတ်ကောင်အခြေအနေမှာ အတွင်းအားမရှိသော အတိတ်မေ့နေသည့် လူတစ်ဦး ဖြစ်သည်... ယန်ကျင်းဇီသည် သူ့အဝတ်အစားများကို ဖြည်းညှင်းစွာ ဝတ်ဆင်လိုက်သည်။ 


သူ အဝတ်အစားဝတ်ဆင်ပြီးသောအခါ ယန်ရှိူ့က အခင်းများကို ဖယ်ရှားပြီးဖြစ်ကာ ထိုအခါမှသာ အစေခံမိန်းမပျိုနှစ်ဦးက ဝင်လာခဲ့သည်။ 


အစေခံမိန်းမပျိုနှစ်ဦးသည် ဝင်ဝင်လာချင်းပင် အခန်းထဲရှိ မှားယွင်းနေသော တစ်စုံတစ်ရာကို အနံ့ရလိုက်ကြသည်။ 


သူတို့သည် မိသားစုကြီးတစ်ခုမှ လူများကို အလုပ်အကျွေးပြုခဲ့ဖူးသည်။ ထိုလူများကို စော်ကားမိသော လူများမှာ ရောင်းချခံရသည်။ သဘာဝကျစွာပင် သူတို့သည် ဤအနံ့က ဘာမှန်း သိကြသည်။ ထို့နောက် သူတို့သည် ဖယ်ရှားခံထားရသော အိပ်ရာပေါ် ရှိ အခင်းများကို ကြည့်လိုက်သည်… သူတို့ရဲ့ သခင်လေးက မနေ့ညက သခင်ကျင်းကို လူးလှိမ့်ခဲ့တာလား?


သခင်ကျင်းက မနေ့ကမှ သူ့မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ရတယ်။ သခင်လေးက သူ့ကို အနားမယူခိုင်းဘူးလား? ဒါက မလွန်လွန်းဘူးလား? 


အစေခံမိန်းမပျိုနှစ်ဦး၏ ယန်ရှိူ့ကို ကြည့်သော အကြည့်မှာ ပြောင်းလဲသွားသည်။ 


ယန်ရှိူ့သည် ဤသည်ကို လုံးဝ သတိမထားမိပေ။ ဤခရီးတွင် ယန်ကျင်းဇီက တည်းခိုခန်းတစ်ခု၌ အိပ်စက်လျှင်တောင်မှ သူ အသုံးပြုသော အခင်းများနှင့် စောင်များ အားလုံးကို သူက ယူဆောင်လာကာ သေတ္တာတစ်လုံးထဲတွင် ၎င်းတို့အားလုံးကို ထည့်ထားသည်။ 


ယန်ရှိူ့က သခင်ကျင်းအပေါ် အလွန်ဆိုးရွားလွန်းသည်ဟု ခံစားရသော အစေခံမိန်းမပျိုနှစ်ဦးသည် ထပ်မံအံ့သြသွားကြပြန်သည်...


သူတို့၏ သခင်လေးက တခြားသူအတွက် စာနာမတွေးတောပေးတတ်သော်ငြား သူက သခင်ကျင်းကို အလွန်ကြင်နာသည်။ အခြားတစ်ယောက်ယောက်ရဲ့ မိသားစုသာဆိုရင် ဘယ်သခင်လေးက ဒီကိစ္စတွေကို လိုက်လုပ်ပေးမှာလဲ?


ယန်ရှိူ့သည် သူတို့၏ အတွေးများကို မသိသေးဘဲ ပစ္စည်းများကို နေရာချပြီး ယန်ကျင်းဇီကို ထပ်ကြည့်လိုက်သည် : “ ကျင်းဇီ၊ မင်း ပင်ပန်းနေလား? မင်း တစ်ရက်အနားယူချင်လား? ” 


“ ရတယ်၊ ဆက်သွားရအောင်။ “ ယန်ကျင်းဇီ ပြောလိုက်၏။ သူ၏ လက်ရှိအတွင်းအားနှင့်ဆိုလျှင် သူ ရက်အနည်းငယ် မအိပ်လျှင်တောင်မှ သူက ပင်ပန်းသည်ဟု ခံစားရမည်မဟုတ်ပေ။


သူက ပင်ပန်းသည်ဟု ခံစားရချင်လျှင်တောင် ပင်ပန်းသည်မှာ သူ မဖြစ်သင့်ပေ... အသိသာကြီး၊ ပင်ပန်းတာက ယန်ရှိူ့ ဖြစ်ရမှာ!


“ ကောင်းပြီ။ ” ယန်ရှိူ့ ပြောလိုက်သည်။ ယန်ကျင်းဇီကို ကြည့်နေသော ယန်ရှိူ့၏ အကြည့်မှာ လိုက်မယှဥ်နိုင်အောင်ပင် နူးညံ့နေသည်။ 


ယန်ကျင်းဇီသည် သူ၏ ချစ်ရသူက သူ့ကို ကြည့်သည်အား နှစ်သက်သည်။ တိုက်ဆိုင်စွာပင် သူက သူ့ဆံပင်ကို သပ်တင်ထားလေရာ မေးလိုက်သည် : “ အားရှိူ့၊ ငါ ကြည့်ကောင်းလား? “


“ ကြည့်ကောင်းတယ်။ ” ယန်ရှိူ့ မတုံ့ဆိုင်းပေ — သူ့သခင်က ကမ္ဘာပေါ်မှာ ကြည့်အကောင်းဆုံးလူ ဆိုတာ သေချာတယ်!


“ သခင်ကျင်း၊ မင်းက ကြည့်အကောင်းဆုံးပဲ! ” 


“ ဟုတ်တယ်၊ ကြည့်အကောင်းဆုံး! ” 


“ သိုင်းလောကထဲမှာ ကြည့်အကောင်းဆုံး! ” 




အဆင့်မြင့်ပြီး သန်မာသော အရိပ်သက်တော်စောင့်များစွာသည် ရုတ်တရက် ဝင်ရောက်လာကြကာ တစ်ဦးပြီးတစ်ဦး သူ့ကို ချီးကျူးကြသည်။ အမှန်တကယ်ပင် စာပေပညာ အရည်အချင်း မရှိသောကြောင့် သူတို့က “ကြည့်ကောင်းသည်” ကိုသာ ထပ်တလဲလဲ ပြောကြလိမ့်မည်ပင်။


ယန်ကျင်းဇီ : “ ... ” သူက ယန်ရှိူ့ကို စချင်သေးတယ်၊ ဒါပေမယ့် ဒီလူတွေက ယန်ရှိူ့ကို ကွယ်ထားတယ်!


“ သခင်ကျင်း၊ အတိတ်ကို မှတ်မိပြီလား? ” ဤအရိပ်သက်တော်စောင့်များက မေးမြန်းပြန်သည်။ 


“ မမှတ်မိဘူး ” ယန်ကျင်းဇီက ပြောသည်။ 


“ အဆင်ပြေပါတယ်။ တွေးလို့မရရင် မတွေးပါနဲ့။ ”


“ သခင်ကျင်း၊ မင်း ကြိုက်တဲ့ ပေါက်စီနဲ့ ကြာဇံပြုတ်ကို မနက်စာအတွက် ပြင်ဆင်ထားတယ်။ “ 


“ သခင်ကျင်း၊ ကျွန်တော် မင်းရဲ့လှည်းရထားကို မင်းအတွက် သန့်ရှင်းပေးထားမယ်။ ”


...



ဤအရိပ်သက်တော်စောင့်များသည် ယန်ကျင်းဇီအနားတွင် ဆက်လက်ဝိုင်းနေကာ သူတို့၏ ယုံကြည်ကိုးကွယ်မှုကို ပြသနေကြသည်။ 


သူတို့သည် အမိန့်အတိုင်း ပြုမူရမည်ကိုသာ သိခဲ့ကြသည်။ ယန်ကျင်းဇီ၏ သင်ကြားမှုကို ခံရကာ ကိစ္စများစွာကို နားလည်ပြီးနောက် သူတို့သည် ယန်ကျင်းဇီရှေ့တွင် “မျက်နှာသာရရန် တိုက်ခိုက်ဖို့” သင်ယူခဲ့ကြ၏။


ကံမကောင်းစွာဖြင့် သူတို့သည် ယခင်က မည်မျှတိုက်ခိုက်ပါစေ၊ ယန်ရှိူ့နှင့် မယှဥ်ပြိုင်နိုင်ခဲ့ပေ။ ဒါပေမယ့် အခု သူတို့သခင်က မှတ်ဉာဏ်ဆုံးရှုံးထားတယ်!


အကယ်၍ သူတို့သာ ပိုမိုအားစိုက်ထုတ်မယ်ဆိုရင် သူတို့ရဲ့သခင်က ယန်ရှိူ့လိုမျိုး သူတို့အပေါ် ကောင်းနိုင်မလား?


အရိပ်သက်တော်စောင့်များ၏ မျက်လုံးများမှာ တောက်ပနေပြီး သူတို့သည် မနက်စာ စားရန် ယန်ကျင်းဇီနှင့်အတူ အောက်ထပ်သို့ ဆင်းလာကြသည်။


အောက်ထပ်သို့ ရောက်သောအခါ ယန်ကျင်းဇီသည် ထိုင်ရန် နေရာတစ်နေရာ ရွေးလိုက်သော်ငြား ယန်ရှိူ့က ယန်ကျင်းဇီအတွက် ပေါက်စီများနှင့် ခူးခပ်ပြီးသား ကြာဇံပြုတ်ကို သွားယူသည်။ 


ယခင်က နတ်ဆိုးဂိုဏ်းတွင် သခင်က သူ့ကို ခေါင်းဆောင်အဖြစ် အမြဲသရုပ်ဆောင်ခိုင်းခဲ့သည်။ သူ အသားကျလာရန်အတွက် သူစိမ်းမရှိသည့်အခါတွင်ပင် သူသည် အမိန့်ပေးရသည်။ ယခု သူက နတ်ဆိုးဂိုဏ်းမှ ထွက်လာပြီးဖြစ်ရာ… နောက်ဆုံးတွင်တော့ သူသည် အခြားအရိပ်သက်တော်စောင့်များကဲ့သို့ သခင့်ကို ဂရုစိုက်နိုင်ပြီဖြစ်သည်။


ယန်ရှိူ့ အနည်းငယ် ပျော်ရွှင်နေသည်။


သို့သော် သူ သူ့မနက်စာနှင့် ထွက်လာလာချင်းပင် ယန်ကျင်းဇီ၌ စားစရာများ ပြည့်နှက်နေပြီဖြစ်ကာ အများစုမှာ တည်းခိုခန်းတွင် မရရှိသည်ကို သူ တွေ့လိုက်ရသည်။ 


ယန်ရှိူ့သည် အရိပ်သက်တော်စောင့်များကို အေးစက်စွာ ကြည့်လိုက်သည်။ 

 

အရိပ်သက်တော်စောင့်များသည် အရိပ်သက်တော်စောင့်များ၏ ခေါင်းဆောင် ဖြစ်သော ယန်ရှိူ့ကို ပိုမိုလေးစားဆဲဖြစ်ပြီး တညီတညာတည်း နှုတ်ဆက်ကြသည် : “ သခင်လေး၊ လာစားပါ။ ” 


သို့ရာတွင် “သခင်လေး” ဟု နှုတ်ဆက်ပြီးနောက် သူတို့သည် ယန်ကျင်းဇီကို သွားထပ်ကြည့်ကြပြန်သည် : “ ကျင်းသခင်လေး၊ မင်း ဒါတွေကို အရသာမြည်းကြည့်ပြီး ကြိုက်တာ အကုန်စားလို့ရတယ်။ “ 


“ ကျွန်တော် ဒီပေါက်စီကို အခုမှ ဝယ်လာတာ။ နွေးနေသေးတယ်။ “


“ မင်း အခြားတစ်ခုခု စားချင်ရင် ကျွန်တော် အခု သွားဝယ်ပေးမယ်! ”


...



ယခုလက်ရှိ အရိပ်သက်တော်စောင့်များအပြင် တည်းခိုခန်း၏ ရက်မတန်းများပေါ်၌ သို့မဟုတ် ထောင့်များ၌ ပုန်းကွယ်နေသော အရိပ်သက်တော်စောင့်များလည်း ရှိသည်။ သူတို့ကလည်း ယန်ကျင်းဇီကို မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။ 


ယန်ကျင်းဇီ : “ ... ” တကယ်တော့ သူ ယန်ရှိူ့ သူ့ကို ပေးတာ စားချင်တယ်။


ယခင်က ယန်ကျင်းဇီသည် အရိပ်သက်တော်စောင့်များ သူ့နောက်လိုက်နေသည်နှင့် ပတ်သက်ပြီး တစ်ခုခုမှားနေသည်ဟု မထင်ခဲ့ပေ။ သို့သော် ယခုမူ တစ်ခုခုမှားနေမှန်း သူ သဘောပေါက်သွားရသည်။ 


အထူးတလည် ပုန်းခိုနိုင်သော ဤလူများက သူ့နောက်သို့

အမြဲလိုက်ကာ သူ့ကို “ဖခင်”ကဲ့သို့ ဆက်ဆံကြသည်။ သူ့ရဲ့အချစ်ရေးဘဝကို တကယ် နှောင့်ယှက်နေကြတယ်! 


သူနှင့် ယန်ရှိူ့က အချိန်အကြာကြီး ဆက်ဆံရေးကို မထိုးဖောက်နိုင်ခဲ့ကြသည်မှာ ဤလူများ ဘေးနားတွင် အမြဲရှိနေသောကြောင့်ဟုပင် သူ သံသယဝင်မိသည်။


____