အတွင်းအား ဆုံးရှုံးခြင်းက မလုံလောက်ရာ အတိတ်မေ့သွားရန်မှာ ပိုမိုကောင်းမွန်သည်။
ယခင်က “ကလေးများ” တစ်စုကို ကောင်းမွန်စွာ ပျိုးထောင်နိုင်ရန်အတွက် သူသည် နေ့စဥ်နေ့တိုင်း အလုပ်ကြိုးစားရပြီး အလွန်ပင်ပန်းနေခဲ့သည်။ မှတ်ဉာဏ်ဆုံးရှုံးပြီးရင် သူ နည်းနည်းလောက် အနားယူနိုင်ပြီ၊ ဒါ မကောင်းဘူးလား?
သူသည် အိပ်ရာပေါ်တက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာကိုလည်း လုပ်ဆောင်နိုင်သည်။
ယန်ကျင်းဇီသည် ဉာဏ်သိပ်မကောင်းသော အစေခံမိန်းမပျိုနှစ်ဦးကို သူ့အနားတွင် ရှိရန် အထူးတလည် စီမံထားခဲ့ပြီး ယခု သူ၏ “ငါ ဘယ်သူလဲ” ဟု မေးမြန်းမှုကို နားထောင်ပြီးနောက် ဤအစေခံမိန်းမပျိုနှစ်ဦးက သူ့ကို သူ၏ အထောက်အထားနှင့် ပတ်သက်သော အရာအားလုံးကို ပြောပြခဲ့သည် : “ သခင်ကျင်း၊ မင်းက သခင်ယန်ရဲ့အနားက လူပါ။ သခင်ယန်က မင်းကို အရမ်းချစ်တယ်။ “
ယန်ကျင်းဇီသည် သူတို့ကို အလွန်စိတ်တိုင်းကျသည်။ ဤမိန်းမပျိုအစေခံနှစ်ဦးမှာ အလွန်အသုံးဝင်သည်။ သူတို့က သူ လိုချင်သည့်အတိုင်း တိကျစွာ ပြုမူသည်။
သို့သော် သူတို့ စကားပြောနေစဉ် ယန်ရှိူ့ ပြန်ရောက်လာသည် : “ ကျင်းဇီ၊ ငါ မင်းလိုချင်တဲ့ ဘဲငန်းကင်နဲ့ ဆန်အရက် ဝယ်လာခဲ့ပြီ... “
“ သခင်လေး! ” အစေခံနှစ်ဦးသည် ယန်ရှိူ့ကိုအံ့အားသင့်စွာ ကြည့်သည်။
“ မင်းက ယန်သခင်လေးလား? ” ယန်ကျင်းဇီသည် ယန်ရှိူ့ထံသို့ အမြန်ပြေးသွားသည် : “ သခင်လေး၊ မင်း နောက်ဆုံးတော့ ပြန်လာပြီ! ငါ အရမ်းကြောက်နေတာ! ”
ယန်ရှိူ့ အံ့အားသင့်သွားသည် : “ ဘာဖြစ်လို့လဲ? ” သူသည် ဤနေရာတွင် မရှိသော်ငြား တည်းခိုခန်းတစ်ခုလုံးကို ငှားရမ်းထားသည်။ ၎င်းတွင် အရိပ်သက်တော်စောင့်များနှင့် ကုန်သည်များ ပြည့်နှက်နေသည်။ ဒါကြောင့် သူ့သခင်က အန္တရာယ်မရှိသင့်ဘူး!
“ ယန်သခင်လေး၊ ကျင်းသခင်လေးက အရင်တုန်းကဟာတွေ အကုန်မေ့သွားပြီ! ” အစေခံမိန်းမပျိုတစ်ဦးက ပြောသည်။
ယန်ကျင်းဇီသည် ယန်ရှိူ့ကို ကြည့်ပြီး ပြောလိုက်သည် : “ သခင်လေး၊ ငါ မှတ်ဉာဏ်ဆုံးရှုံးသွားတယ်။ ငါ ဘာမှမမှတ်မိတော့ဘူး။ ပြီးတော့ ငါ နည်းနည်း အဆင်မပြေဖြစ်နေတယ်… ”
သခင်က အတိတ်မေ့သွားတာလား? ယန်ရှိူ့သည် ဘာဖြစ်နေမှန်း နားမလည်နိုင်ခင် ယန်ကျင်းဇီက အဆင်မပြေဖြစ်နေသည်ဟု ပြောသည်ကို သူ ကြားလိုက်ရသည်။ သူသည် ချက်ချင်း စစ်ဆေးလိုက်ပြီး ယန်ကျင်းဇီ၏ ခန္ဓာကိုယ်ထဲတွင် မထိန်းချုပ်နိုင်စွာ သောင်းကျန်းနေသော အတွင်းအားတစ်ခု ရှိနေသည်ကို တွေ့ရှိသွားသည်။
ယန်ရှိူ့က အစေခံမိန်းမပျိုနှစ်ဦးကို ချက်ချင်း ကြည့်ကာ အေးစက်သော မျက်နှာထားနှင့် မေးသည် : “ ခုနက ဘာဖြစ်ခဲ့တာလဲ? သေချာရှင်းပြစမ်း! ”
အစေခံမိန်းမပျိုနှစ်ဦးသည် လျင်မြန်စွာ စကားပြောဆိုခဲ့ကြပြီး အစောက ယန်ကျင်းဇီဟာ တရားထိုင်နေခဲ့ကာ ရုတ်တရက် မေ့မြောသွားပြီးနောက် သူ နိုးလာသောအခါ သူက မည်သူမှန်း မေ့လျော့သွားသည်ဟု ပြောခဲ့ကြသည်။
သခင်က သူ၏ အတွင်းအားကို ပြန်လည်ရယူချင်သည်။ သူက ကြိုးကြိုးစားစား လေ့ကျင့်ခဲ့သည်။ ဒါပေမယ့် အမှားလုပ်မိပြီး မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားတာလား? ယန်ရှိူ့ ဤသို့ခန့်မှန်းမိသည်။
“ သခင်လေး၊ ငါ ဘာဖြစ်သွားတာလဲ? ငါ ဘာမှမမှတ်မိတော့ဘူး။ “ ယခုအခါ ယန်ကျင်းဇီသည် ယန်ရှိူ့က သူ့အထောက်အထားနှင့် အချက်အလက်တို့ကို ပြောပြလာမည်အား စိုးရိမ်နေသည်… သို့သော် ထိုသို့ဖြစ်လျှင်လည်း အဆင်ပြေပြီး သူသည် သူ့မှတ်ဉာဏ်ကို ထပ်မံဆုံးရှုံးနိုင်သေးသည်။
ဒါက သရုပ်ဆောင်ရုံပဲမလား? အားသိပ်မထုတ်ရပါဘူး။
“ မင်းတို့ အပြင်ထွက်ကြတော့ ” ယန်ရှိူ့က အစေခံမိန်းမပျိုနှစ်ဦးကို ကြည့်သည်။
အစေခံနှစ်ဦးသည် ချက်ချင်း ထွက်သွားကြသည်။ ယန်ရှိူ့သည် ယန်ကျင်းဇီကို ထပ်ကြည့်လိုက်သည် : “ ငါ မင်းခန္ဓာကိုယ်ထဲက အတွင်းအားကို ကူညီဖြေရှင်းပေးမယ်။ ”
“ အတွင်းအားလား? အဲဒါ ဘာလဲ? ”
ယန်ရှိူ့သည် စကားသိပ်မပြောဘဲ ယန်ကျင်းဇီကို ခုတင်သို့ ခေါ်သွားသည်။ သူ့အတွင်းအားကို အသုံးပြု၍ ယန်ကျင်းဇီ၏ ခန္ဓာကိုယ်ထဲရှိ အတွင်းအားကို ကူညီဖိနှိပ်ပေးခဲ့သည်။
ယန်ကျင်းဇီ၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်စွာ လျှောက်လည်ပတ်နေသော အတွင်းအားမှာ နောက်ဆုံးတွင်တော့ သူ၏ ဖိနှိပ်မှုအောက်တွင် ချောမွေ့သွားတော့သည်။
“ ငါ အများကြီး သက်တောင့်သက်သာရှိသွားတယ်လို့ ခံစားရတယ်။ ကျေးဇူးတင်ပါတယ် သခင်လေး။ “ ယန်ကျင်းဇီက ပြုံးကာ ယန်ရှိူ့ကို ကြည့်သည်။
“ မင်း တကယ် မမှတ်မိတာလား? ” ယန်ရှိူ့က မေးမြန်းသည်။
“ ဟုတ်တယ်၊ ဒါပေမယ့် ငါ သခင်လေးကို မြင်မြင်ချင်းကတည်းက သခင်လေးနဲ့ ရင်းနှီးတယ်လို့ ခံစားရတယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။
ယန်ရှိူ့၏ နှလုံးသားမှာ “ဒုတ် ဒုတ် ဒုတ်“ ဟု ခုန်သွားသည်။
“ သခင်လေး၊ မင်းက တကယ်ကို ထူးခြားတာပဲ။ ငါ မင်းကို အရမ်းသဘောကျတယ်။ “ ယန်ကျင်းဇီက ထပ်ပြောပြန်သည်။
“ မင်း… ” ယန်ရှိူ့သည် ယန်ကျင်းဇီကို ကြည့် ပြီး တစ်စုံတစ်ခုပြောမည်အပြု၊ သူသည် အရိပ်သက်တော်စောင့်၏ လျှို့ဝှက်အချက်ပေးသံကို ကြားလိုက်ရသည်။
အခြားသော အရိပ်သက်တော်စောင့်များသည် အစေခံမိန်းမပျိုနှစ်ဦးထံမှ အခြေအနေကို သိရှိပြီးဖြစ်ရာ သတင်းနားထောင်ရန် ရောက်လာကြသည်။
“ ငါ အပြင်ခဏသွားလိုက်ဦးမယ်။ ” ယန်ရှိူ့ ပြောလိုက်သည်။
“ သခင်လေး၊ မင်း မြန်မြန်ပြန်လာခဲ့ပါ။ ငါ ဘာမှမမှတ်မိဘူး။ ငါ နည်းနည်းကြောက်တယ်။ ” ယန်ကျင်းဇီ ပြောလိုက်၏။
သူသည် သခင်ကျင်းအဖြစ် ဟန်ဆောင်ခဲ့ကာ လူအများရှေ့တွင် ကလေးတစ်ဦးကဲ့သို့ မကြာခဏ သရုပ်ဆောင်ခဲ့သည်။ ယခု ဤစကားများကို ပြောသောအခါ ၎င်းမှာ ယုံကြည်ဖွယ်ကောင်းပြီး သူ့ကို ကြည့်ရသည်မှာ သနားစရာကောင်းနေသည်။
ယန်ရှိူ့ စိတ်ဆင်းရဲသွားသည်။
သခင်က သူ့အတွင်းအားကို ဆုံးရှုံးခဲ့ရသည့် အချိန်၌ပင် ကြောက်သည်ဟု တစ်ခါမှ မပြောခဲ့ချေ။ ယခု သူက ဤသို့ပြောသောအခါ...
သခင် မကြောက်တော့အောင် သူ ဘာလုပ်ပေးနိုင်မလဲ?
သူ ဘာလုပ်သင့်လဲ?
ယန်ရှိူ့သည် ခဏတာ စိတ်ရှုပ်ထွေးသွားပြီး ဘာလုပ်ရမည်မှန်း မသိတော့ပေ။
သူသည် ယခင်က ခေါင်းဆောင်အဖြစ် ဟန်ဆောင်ခဲ့ရလျှင်တောင်မှ သခင်က သူ့အနားတွင် အမြဲရှိခဲ့ရာ သူသည် သိပ်မကြောက်ခဲ့ပေ။ သို့သော် ယခု သူ့သခင်က အတိတ်မေ့သွားခဲ့သည်...
ယန်ရှိူ့သည် အပြင်ထွက်လာသောအခါ သူ့ဘေးနားတွင် အခြားအရိပ်သက်တော်စောင့်များကို မြင်လိုက်ရသည်။
“ သခင် ဘာဖြစ်တာလဲ? “ အရိပ်သက်တော်စောင့်များက မေးမြန်းသည်။
“ သခင်က လေ့ကျင့်နေတုန်း အမှားလုပ်မိပြီး မှတ်ဉာဏ်ဆုံးရှုံးသွားတယ်။ ” ယန်ရှိူ့က ပြောသည်။
“ ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ? ” အရိပ်သက်တော်စောင့်များ အားလုံး ဆွံ့အသွားကြသည်။
ယန်ကျင်းဇီသည် တစ်ချိန်က သူတို့ကို ပုံပြင်များ ပြောပြခဲ့သည်။ ပုံပြင်စာအုပ်ကို ဖတ်ပြသောအခါ သူက အတိတ်မေ့ရောဂါအကြောင်းကို ပြောပြဖူးသဖြင့် သူတို့သည် အတိတ်မေ့ရောဂါကို မရင်းနှီးသည်တော့ မဟုတ်ချေ။ သို့ရာတွင် သူတို့သည် သူတို့သခင်က အတိတ်မေ့ရောဂါ ဖြစ်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ကြပေ။
ယန်ရှိူ့သည်လည်း ဘာလုပ်ရမည်မှန်း မသိဖြစ်နေသည်။ သို့သော် သူသည် ဤအခိုက်အတန့်တွင် စိတ်တည်ငြိမ်သွားပြီး အတွေးများမိဆဲဖြစ်၏။ သခင်က မှတ်ဉာဏ်ဆုံးရှုံးသွားရင် သူ သခင်နှင့် အတူရှိဖို့ ဖြစ်နိုင်မလား?
ဤဖြစ်နိုင်ချေကို တွေးမိသော် ယန်ရှိူ့၏ နှလုံးသားမှာ လျင်မြန်စွာ ခုန်လာသည်။
“ ငါတို့ သခင့်ကို အကုန်ပြောပြပြီး သခင့်ကို ဆုံးဖြတ်ခိုင်းရင်ရော ဘယ်လိုလဲ? ” အရိပ်ဆယ့်နှစ်က အကြံပြုသည်။
“ မဖြစ်ဘူး ” ယန်ရှိူ့ တုံ့ဆိုင်းမှုမရှိဘဲ ငြင်းဆန်လိုက်သည်။
အရိပ်သက်တော်စောင့်များသည် ယန်ရှိူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
ယန်ရှိူ့သည် အရိပ်တစ် ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်တွင် သူတို့သည် ယန်ရှိူ့၏စကားကို နားထောင်ခဲ့ကြရသည်။ ဤနှစ်တွင် သခင်က သူတို့အား ယန်ရှိူ့၏စကားကို အမြဲနားထောင်ခိုင်းခဲ့ပြီး သူတို့သည် ယန်ရှိူ့ကို သူတို့အရိပ်သက်တော်စောင့်များ၏ ခေါင်းဆောင်အဖြစ်ပင် သတ်မှတ်ထားကြသည်။
“ သခင်က မှတ်ဉာဏ်ဆုံးရှုံးပြီး အခု အရမ်းကြောက်နေတယ်။ မင်းတို့ သူ့ကို အကုန်ပြောပြမယ်ဆိုရင် သူ့ကို ပိုပြီးထိတ်လန့်သွားစေလိမ့်မယ်။ “ ယန်ရှိူ့ ပြောလိုက်သည်။
သိုင်းပညာရှင်တစ်ဦးတွင် ရှင်းလင်းပြတ်သားသော နားများနှင့် မျက်လုံးများ ရှိသော်ငြား သူက ဂရုတစိုက် နားထောင်ရန်အတွက် သူ၏ အတွင်းအားကို အသုံးမပြုထားလျှင် သူ၏ နားအကြားစွမ်းရည်မှာ သာမန်လူထက် အနည်းငယ်သာ ပိုမိုကောင်းမွန်သည်။
ထို့ကြောင့် ယန်ကျင်းဇီ၏ “သူ့မှတ်ဉာဏ်များကို ဆုံးရှုံးခါစ” အချိန်တွင် အစေခံမိန်းမပျိုနှစ်ဦး သူ့ကို ပြောခဲ့သည်များကို သူတို့ မကြားခဲ့ကြပေ။
သို့သော် သူတို့သည် အစေခံမိန်းမပျိုနှစ်ဦး၏ပါးစပ်မှ အတိတ်မေ့ရောဂါအကြောင်းကို သိရှိခဲ့သည်။ အစောက သူတို့သည် တံခါးအပြင်ဘက်တွင် တမင်တကာ နားထောင်ခဲ့ပြီး သူတို့သည် ယန်ကျင်းဇီနှင့် ယန်ရှိူ့တို့ကြားမှ စကားပြောဆိုမှုကို ကြားခဲ့ကာ “ကြောက်ရွံ့သည်” ဟူသော စကားလုံးကိုလည်း ကြားခဲ့ကြသည်။
နတ်ဆိုးဂိုဏ်းမှာ ဖျက်ဆီးခံရပြီးဖြစ်သည်။ အမှန်တကယ်ပင် သူတို့သည် သူတို့၏ အသက်အတွက် ထွက်ပြေးနေဆဲဖြစ်သည်။ သခင်သာ ဤအကြောင်းကို သိလျှင် သေချာပေါက်ပင် ပိုမိုကြောက်ရွံ့သွားမည်ဖြစ်ရာ သခင့်ကို ဤအကြောင်း မပြောပြသည်မှာ အကောင်းဆုံး ဖြစ်လိမ့်မည်။
“ ဒါဆို ငါတို့ လျန်ကျိုးစီရင်စုဆီ ရောက်တဲ့အချိန်အထိ စောင့်ပြီးမှ သခင့်ကို ဒီအကြောင်း ပြောပြကြမလား? ” အရိပ်နှစ်က မေးသည်။
“ ဟုတ်တယ် ”ယန်ရှိူ့ ခေါင်းညိတ်သည်။
“ ငါတို့ သခင့်ကို တွေ့ချင်တယ်။ ” အရိပ်သက်တော်စောင့်များက ပြောသည်။
ယန်ရှိူ့သည် မငြင်းဆိုနိုင်ဘဲ ဤလူများကို အခန်းထဲသို့ ခေါ်လာခဲ့သည်။
ယန်ကျင်းဇီသည် သူတို့ကို တွေ့သောအခါ ယန်ရှိူ့ဆီသို့ ချက်ချင်း ပြေးသွားခဲ့ပြီး ယန်ရှိူ့ကို ပွေ့ဖက်လိုက်သည် : “ သခင်လေး၊ နောက်ဆုံးတော့ မင်း ပြန်လာပြီ... သူတို့က ဘယ်သူတွေလဲ? ”
“ သူတို့က ငါတို့ကို ကာကွယ်တဲ့လူတွေ။ ” ယန်ရှိူ့က ပြောသည်။
အရိပ်သက်တော်စောင့်များသည် တစ်ဦးပြီးတစ်ဦး ရှေ့ထွက်လာကြသည် : “ သခင်ကျင်း၊ ကျွန်တော်က အရိပ်နှစ်… ”
“ ကျွန်တော်က အရိပ်ဆယ့်နှစ်! ”
“ ကျွန်တော်က… ”
အရိပ်သက်တော်စောင့်များမှာ အလွန်များပြားပြီး သူတို့၏ တစ်ဦးချင်း မိတ်ဆက်နေခြင်းမှာ မည်မျှကြာမည်မသိချေ... ယန်ကျင်းဇီသည် ယန်ရှိူ့၏ဘေးတွင် ကပ်ကာ သမ်းဝေလိုက်သည် : “ သခင်လေး၊ ငါ အိပ်ချင်တယ်။ ”
သူတို့ကိုယ်သူတို့ မိတ်ဆက်ချင်နေကြသော အရိပ်သက်တော်စောင့်များသည် ဤသည်ကို တွေ့သောအခါ ထွက်သွားရုံသာ တတ်နိုင်သည် : “ သခင်ကျင်း၊ အိပ်ရာစောစောဝင်ပါ။ ”
“ ကောင်းကောင်းအနားယူပါ။ ”
“ မကြောက်ပါနဲ့၊ ကျွန်တော်တို့ မင်းကို ကာကွယ်ပေးပါ့မယ်! ”
...
ယန်ကျင်းဇီ : “ … ” ဤအရိပ်သက်တော်စောင့်များကို လှည့်စားရန် လွယ်ကူလွန်းသည်။ သူ အတိတ်မေ့သွားပြီလို့ သူက အရမ်းကို ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်တာကို သူတို့က ယုံတယ်လား?
သူသည် ယန်ရှိူ့က အလွန်ထက်မြက်သည်ဟု ခံစားရသည်။ ဒါပေမယ့် ရလဒ်ကတော့ ယန်ရှိူ့ကလည်း ယုံတယ်လား?
အရိပ်သက်တော်စောင့်များက မကြာမီ ထွက်သွားကြကာ ယန်ရှိူ့သည် ဤအချိန်တွင် အလျင်စလို အိပ်ရာပြင်လိုက်သည် : “ ကျင်းဇီ၊ မင်း အိပ်ရာဝင်ပါ။ “
တစ်နှစ်ကြာအောင် ယန်ကျင်းဇီသည် ယန်ရှိူ့နှင့် အတူနေထိုင်ခဲ့သည်။ အစပိုင်းတွင် သူက အိပ်ရာသိမ်းပြီး စောင်ခေါက်ခဲ့သော်ငြား နောက်ပိုင်းတွင် ၎င်းကို ယန်ရှိူ့က လုသွားခဲ့သည်။
ဤအချိန်တွင် ယန်ရှိူ့က အလွန်လျင်မြန်စွာ အိပ်ရာပြင်ဆင်ကာ ယခင်ကကဲ့သို့ပင် စောင်နှစ်ထည်ကို ထုတ်ယူခဲ့သည်။
ယန်ကျင်းဇီ : “ ... ”
“ ကျင်းဇီ၊ မင်း အထဲမှာအိပ်ပါ။ ” ယန်ရှိူ့ ယန်ကျင်းဇီကို ကြည့်လိုက်သည်။
ယန်ကျင်းဇီသည် အတွင်းပိုင်းရှိ စောင်ထဲတွင် အိပ်စက်သည်။ ယန်ရှိူ့သည် ၎င်းကို ကြည့်ပြီး အပြင်ဘက်ရှိ စောင်ထဲတွင် လှဲလိုက်သည်။ ထို့နောက် ဖယောင်းတိုင်များကို ငြှိမ်းလိုက်၏ — သူတို့ ဤတည်းခိုခန်းတွင် အထုတ်ချသောအခါ မှောင်တော့မည်ဖြစ်ပြီး ယခုအခါ အပြင်ဘက်တွင် လုံးဝ မှောင်မိုက်နေပြီဖြစ်သည်။
ဘေးပတ်ဝန်းကျင်တွင် အားလုံး မှောင်မိုက်နေပြီး ယန်ရှိူ့သည် အိပ်ရာထဲတွင် လှဲနေပြီး သူ့စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းလျက်ရှိသည်။
အစောက အရိပ်ဆယ့်နှစ်သည် သခင်နှင့် ပတ်သက်သော အရာရာကို သခင့်အား ပြောပြရန် အကြံပြုခဲ့သော်ငြား သူက ငြင်းဆန်ခဲ့သည်။ ဤသည်မှာ သူ၏ တစ်ကိုယ်ကောင်းဆန်မှု ဖြစ်သည်။
သခင့်တွင် အတိတ်မေ့ရောဂါ ရှိသည်။ သူ အလွန်စိုးရိမ်မိသည်။ သို့သော် စိုးရိမ်သည့်အပြင် သူ့တွင် အခြားအတွေးတချို့လည်း ရှိသည် — သူ အတိတ်မေ့နေတဲ့ သခင့်ကို သူ့ကို သဘောကျလာအောင် လုပ်နိုင်မလား?
ယန်ရှိူ့သည် ဤသို့တွေးမိသောအခါ သူ့ဘေးရှိလူက လှုပ်ပြီး သူ့စောင်ထဲသို့ ဝင်လာသည်ကို ခံစားမိလိုက်သည် : “ သခင်လေး၊ ငါ နည်းနည်းကြောက်တယ်။ ”
ယန်ရှိူ့သည် သူ့စိတ်ထဲတွင် ရုတ်တရက် တစ်ခုခုပေါက်ကွဲသွားသည်ကိုသာ ခံစားလိုက်ရပြီး သူသည် လုံးဝဥဿုံ ပျာယာခတ်သွားရသည်။
ယန်ကျင်းဇီသည် သူ့အချစ်ဆုံးလူနှင့် အသားချင်းထိကာ ပူးကပ်နေချင်ခဲ့သည်။ သို့ရာတွင် သူသည် ဤအတိုင်းလည်း စိတ်ကျေနပ်သည်။
ယခင် သူ့တွင် “အတိတ်မေ့ရောဂါ” မရှိခင်က သူသည် သူ့ကိုယ်သူ များစွာချုပ်တည်းခဲ့ရပြီး ယန်ရှိူ့၏ စောင်ထဲသို့ လှိမ့်ဝင်ခြင်းကဲ့သို့သော ကိစ္စများအား မလုပ်နိုင်ခဲ့ပေ။ အကယ်၍ သူသာ ထိုသို့သော ကိစ္စများကို အမှန်တကယ် လုပ်ခဲ့လျှင် ယန်ရှိူ့က သူ လုပ်ချင်သည်ဟု ထင်ပြီး ချက်ချင်း သူ့ကိုယ်သူ ကမ်းလှမ်းလာမည်ကိုလည်း သူ စိုးရိမ်နေခဲ့သည်။
ယခုမူ ကွဲပြားသွားပြီဖြစ်သည်။ သူ့တွင် အတိတ်မေ့ရောဂါ ရှိသည်။ သူသည် ကြောက်ရွံ့မှုကြောင့် စောင်ထဲသို့ ဝင်သွားသည်။ ယန်ရှိူ့က သူ့ကို သေချာပေါက် အထင်လွဲမည်မဟုတ်ချေ။
ဒါပေမယ့်... ဒီလိုဆို သူက နည်းနည်းအထင်သေးစရာ မကောင်းသွားဘူးလား? ယန်ရှိူ့က သူ့ကို ကြိုက်၊မကြိုက် မသေချာဘဲ သူက ယန်ရှိူ့အပေါ် လှုပ်ရှားခဲ့သည်...
ယန်ကျင်းဇီသည် ဤသို့တွေးနေပြီး သူ့ဘေးရှိ ယန်ရှိူ့က သူ့ကို ဖက်လာသည်အား ရုတ်တရက် ခံစားလိုက်ရသည် : “ မင်း လုပ်ချင်လား? ”
ယန်ကျင်းဇီ : “ !!! ” ယန်ရှိူ့က ရုတ်တရက် ဒီလိုမေးတယ်၊ ဒါက ဘာကိုဆိုလိုတာလဲ? ဖြစ်နိုင်တာက ယန်ရှိူ့က ပထမဆုံးအကြိမ်တုန်းက သူ့ကို ဖိအားပေးခဲ့လို့ သူ့ကို အငြှိုးထားပြီး လက်စားချေချင်တာများလား?
ယန်ကျင်းဇီ ဤသို့တွေးနေချိန်တွင် ယန်ရှိူ့သည် လက်လျှော့ပြီးဖြစ်သည်။
သူသည် သူ့သခင်က သူ့ကို ရွံရှာမည်အား စိုးရိမ်လေ့ရှိခဲ့ပြီး ဘာကိုမှ မလုပ်ရဲခဲ့သော်ငြား ယခုမူ...
သခင်က သူ့မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့သည်။ သူသာ သခင့်ကို ကောင်းကောင်းမွန်မွန် ခစားရင် သခင်က သူ့ကို သဘောကျလာဖို့ ဖြစ်နိုင်မလား?
အမှန်တကယ်တော့ သူသည် သခင့်ကို စိတ်ကျေနပ်အောင် မည်သို့လုပ်ပေးရမည်အား မသိပေ။ သို့သော် သူ မှတ်မိသည်မှာ သခင့်တွင်လည်း ဤအကြံဉာဏ် ရှိခဲ့သော်ငြား သခင်က သူ့ကို အသုံးပြုမည့်အစား သူ့လက်များကိုသာ အသုံးပြုခဲ့သည်...
“ သခင်လေး… ” ယန်ကျင်းဇီသည် ခေါ်လိုက်ပြီးနောက် ယန်ရှိူ့က အဘယ့်ကြောင့် ဤသို့ပြောသည်ကို စတင်တွေးလိုက်သည်။
အတိတ်တွင် ယန်ရှိူ့က ဤသို့လုံးဝမဟုတ်ချေ။ သူ မှတ်ဉာဏ်ဆုံးရှုံးသွားသည်နှင့်တပြိုင်နက် ယန်ရှိူ့က လက်ဦးမှုရယူခဲ့သည်...
“ မင်း ငါ့ကို လိုချင်လား? ” ယန်ရှိူ့က ထပ်မေးကာ ယန်ကျင်းဇီပေါ်သို့ တက်လိုက်သည်။
သေချာတာပေါ့၊ ယန်ကျင်းဇီ သူ့ကို လိုချင်သည်။ သူ စိတ်လှုပ်ရှားသွား၏။
ယန်ရှိူ့သည် ယန်ကျင်းဇီ၏ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစားမိပြီး ပြတ်သားစွာဖြင့် ယန်ကျင်းဇီ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
သူ ဤသို့ပြုလုပ်ချင်သည်မှာ ဟိုးယခင်ကတည်းက ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူသည် ယခင်က မလုပ်ရဲခဲ့ပေ။ ယခုမူ… ယနေ့ပြီးနောက် သူ အခွင့်အရေးကို ဆုံးရှုံးသွားရလောက်သည်။
ပျော်ရွှင်မှုက အလွန်ရုတ်တရက်ဆန်စွာ ရောက်ရှိလာပြီး ယန်ကျင်းဇီသ
ည် အံ့အားသင့်သွားတော့သည်။
ထို့နောက် သူသည် ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော ကိစ္စများကို တွေ့ကြုံလိုက်ရသည်။
ယန်ရှိူ့က လက်တုံ့မပြန်ချင်ဘဲ သူ့အိပ်ရာထဲတွင် သူ့ကို ပြုစုရန် လက်ဦးမှုရယူခဲ့သည်…
_____