6: လက်ထပ်ဖို့
တစ်ဖက်မှာရှိနေတဲ့
ဆုဆုကတော့ စကားလမ်းကြောင်းတွေက လင်းချူအန်းနဲ့ ဇာတ်လိုက်မတို့ရဲ့
လက်ထပ်ပွဲဆီကိုရောက်သွားလိမ့်မယ်လို့ မထင်မှတ်ထားထဲ့ဘူး။ ဒီအမျိုးသား အရံဇာတ်ကောင်
အခုတစ်ခေါက် ပြန်လာတာက ဇာတ်လိုက်မနဲ့ လက်ထပ်ဖို့အတွက်ဖြစ်နိုင်လောက်လား။
တကယ်ကို
ဖြစ်နိုင်တာပဲ။
ဒီလက်ထပ်ပွဲဖြစ်မြောက်သွားတာနဲ့
အရံဇာတ်ကောင်ရဲ့ နေ့ရက်တွေက ပိုပိုပြီး ခက်ခဲလာတော့မှာ။ ပထမအချက်က သူ နဲ့
ဇာတ်လိုက်မတို့က တည်ခင်းဧည့်ခံပွဲသာလုပ်ခဲ့ပြီး လက်ထပ်စာချုပ်မရှိခဲ့ဘူး။
ဒီနေ့ခေတ်မှာ
လူတိုင်းက ထိုသို့အလေ့အထမျိုးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အထူးသဖြင့်
ကျေးလက်ဒေသတွေဘက်မှာ အရက်တွေနဲ့ ဧည့်ခံသရွေ့ ထိုလက်ထပ်ပွဲကိုဖြစ်မြောက်တယ်လို့
သတ်မှတ်ခဲ့ကြပြီး စာချုပ်စာတမ်းနဲ့ ပတ်သက်လို့ လုပ်ဆောင်နေစရာမလိုအပ်ဘူး။
ဒါကြောင့်
ဇာတ်လိုက်မက နောင်တစ်ချိန်မှာ သူမအနေနဲ့ ဘယ်တုန်းကမှ လက်မထပ်ခဲ့ဖူးဘူး
ဆိုတဲ့စကားကို ပြောနိုင်ခဲ့ပြီး အရံဇာတ်ကောင်ကတော့ ရွာထဲမှာ
အိမ်ထောင်ကွဲတစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရလိမ့်မယ်။
ဒါတွေကြောင့်ပဲ
နောက်ပိုင်းမှာ ငယ်ရွယ်သေးတဲ့ မုဆိုးမတစ်ယေောက်နဲ့ လက်ထပ်ရဖို့ဖြစ်လာခဲ့တာပဲ။
ဒီအချက်အလက်တွေက
အရေးမကြီးသေးဘူး။ အဓိကကျတဲ့ ဇာတ်ကွက်ကတော့ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့က
လင်းချူအန်းရဲ့နောက်ကွယ်မှာ ကလေးရလာခဲ့တာပဲ။
တစ်လကျော်လောက်ကြာပြီးနောက်မှာ
ဇာတ်လိုက်မက တစ်စုံတစ်ခုမှားယွင်းနေတာကို ရိပ်မိလာပြီး အမေလင်းရဲ့နေမကောင်းမှုကို
အခွင့်ကောင်းယူကာ လင်းချူအန်းကို အရက်မူးသွားအောင်တိုက်ခဲ့ပြီး
သူမရဲ့အဝတ်အစားတွေကို ချွတ်ကာ လင်းချူအန်းနဲ့ တစ်ညအိပ်ခဲ့သလို ဟန်ဆောင်ခဲ့တယ်။
ထိုညပြီး
နောက်တစ်နေ့မနက်မှာတော့ လင်းချူအန်းက ခွင့်ရက်ကုန်သွားတာကြောင့် စစ်တပ်ဆီသို့
ပြန်သွားခဲ့ရတယ်။
နောက်တော့ သူမက
လင်းချူအန်းဆီသို့ သူမက ကောလိပ်တက်ချင်သေးတဲ့အတွက် ထိုကလေးကို
မလိုချင်ကြောင်းကိုစာရေးခဲ့တယ်။ ဒါ့အပြင် စစ်တပ်ကိုပါလိုက်သွားပြီး လင်းချူအန်းနဲ့
ဆွေးနွေးခဲ့တယ်။
ရလဒ်အနေနဲ့
လင်းချူအန်းက တခြားလူတွေရဲ့အပြစ်တင်ခြင်းတွေကို ခေါင်းခံခဲ့ရတဲ့လူဖြစ်လာရုံတင်မကဘဲ
သူတို့ရဲ့ကလေးကို “သတ်ဖြတ်ခြင်း” အတွက်ပါ
နာကျင်ခံစားခဲ့ရတယ်။ သို့ပေမဲ့ ဇာတ်လိုက်မရဲ့ အနာဂတ်ကို မနှောင့်နှေးစေရန်အတွက်
ကလေးဖျက်ချခြင်းကို တုံ့ဆိုင်းစွာ သဘောတူခဲ့ရုံသာ တတ်နိုင်ခဲ့တယ်လေ။
ဒါပေမယ့်
တခြားတစ်ဖက်က ဇာတ်လိုက်ကတော့ ထိုလုပ်ရပ်အတွက် လင်းချူအန်းကို
အလွန်အမင်းအပြစ်တင်ခဲ့တယ်။ ထိုသူ(လင်းချူအန်း)က သူ့(ဇာတ်လိုက်)ရဲ့သွေးသားကလေးကို
တမင်သတ်ပစ်လိုက်တာပဲ ဆိုတဲ့အတွေးနဲ့ပေါ့။ သူက အမေလင်းနဲ့ အဖေလင်းတို့ကိုပါ
ထိုအကြောင်းကို တိတ်တဆိတ်ပြောပြခဲ့ပြီး အပြစ်တင်ပြောဆိုခဲ့ကာ လူကြီးစုံတွဲကို
ငိုရလွန်းလို့ မသေရုံတမယ်လုပ်ခဲ့တယ်။
သူမ စာအုပ်ကို
ဖတ်ခဲ့စဥ်တုန်းကတော့ ဇာတ်လိုက်မ ကိုယ့်ဘာသာကိုယ်ရပ်တည်ဖို့ကြိုးစားတာ
ကောင်းတယ်လို့တွေးခဲ့ပေမဲ့ အခုချိန်မှာတော့ အရံဇာတ်ကောင်ဖြစ်တဲ့
လင်းချူအန်းအတွက်ပဲ အလွန်အမင်းစိတ်မချမ်းမသာ ဖြစ်နေရတယ်။
ကိုယ့်ကိုယ်ကိုယ်
ဘာမှမမှားခဲ့သလိုမျိုး တခြားလူတွေဆီကို အပြစ်ပုံချခဲ့တာက ဘယ်မှာများ တရားနေလို့လဲ။
မဟုတ်ဘူး။ သူမ
ဒီလက်ထပ်ပွဲကို သဘောမတူနိုင်ဘူး။ သူမ ဝင်ပြီး ရှုပ်ထွေးအောင်လုပ်ရမယ်။
ဒါပေမဲ့ သူမရဲ့
လက်ရှိအအနေအထားက ထိုကိစ္စမျိုးမှာ ပါဝင်ပတ်သက်လို့ မရနိုင်တဲ့အတွက် အတော်လေး
ခေါင်းကိုက်စေတာပဲ။
သူမ
ဇာတ်လိုက်ဘက်ကို လှည့်ကြည့်ပြီးး လှည့်ကြည့်လိုက်တယ်။ သူက အခုချိန်မှာ
ဇာတ်လိုက်မနဲ့ပတ်သက်ပြီး အတော်လေး ဒွိဟဖြစ်နေပြီး ဒီလက်ထပ်ပွဲကို
ဆန့်ကျင်နေသင့်တာမဟုတ်ဘူးလား။
“ဒါက
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အခုချိန် အိမ်မှာ ဖိအားတွေ အရမ်းများနေတာမလား..
နောက်ပြီး အလျင်စလိုလက်ထပ်တာက သူတို့နှစ်ယောက်လုံးအတွက် မကောင်းဘူးလေ”
လင်းတုံဟဲ
သူ့ရဲ့စိတ်ထဲမှ ပုံရိပ်လေးတစ်ခုကိုတွေးတောပြီး မတတ်နိုင်စွာနဲ့ လက်သီးကို
တင်းကြပ်စွာ ဆုတ်လိုက်မိတယ်။
သူမ ဘာလို့
စောစောစီးစီး စေ့စပ်ထားရတာလဲ? တကယ်လို့ သူ့ရဲ့ဒုတိယဦးလေး မိသားစုနဲ့သာ
မဟုတ်ဘူးဆိုရင် သူအတွက် ပိုပြီးလုပ်ဆောင်လို့ရမှာ။ ဒါပေမဲ့ အခုလည်း လက်ထပ်ပွဲကို
အချိန်ရွှေ့ဆိုင်းနိုင်ရင် ကောင်းပါသေးတယ်။
အမေလင်းက
မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့လည်း ဒါကိုသိတယ်။ ဒါပေမယ့် သူတို့သားရဲ့
အားလပ်ရက်က အလွန်တိုတောင်းလွန်းတာကြောင့် သူဒီတစ်ခေါက်ပြန်လာချိန်မှာ
လက်မထပ်ဘူးဆိုရင် နောက်နှစ်ကုန်မှာ ဒါမှမဟုတ် နောက်ထပ် နှစ်နှစ်ကုန်လောက်အထိ
ကြာသွားမှာကို စိတ်ပူမိတယ်။
အဆုံးမှာ သူက
အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်အရွယ်ကိုရောက်နေပြီဖြစ်ပြီး ဒီရွက်ထဲမှာ
သူ့အရွယ်ဆိုရင် ဒုတိယကလေးကိုတောင် ရနေပြီ။
“ဒါလည်း
မဖြစ်နိုင်ဘူး”
သူမ
ခန်ကိုသုတ်နေရင်း ပြောလာပေမဲ့ သူမ မပျော်ရွှင်တော့ဘူးဆိုတာကတော့ အသေအချာပဲ။
ဆုဆုက
အရိပ်အကဲကိုကြည့်တဲ့နေရာမှာတော့ တော်တာကြောင့် သူမက အမေလင်းရဲ့အလုပ်တွေကို
ဝင်ရောက်ကူညီပေးဖို့ ထလိုက်တယ်။ အနည်းဆုံး သူမအတွက် နေစရာနေရာ
ရနိုင်မယ်ဆိုရင်ကောင်းတာပဲလေ။
“အန်တီတို့
ရဲဘော်ချင်ရဲ့သဘောထားကိုရောမေးပြီးပြီလား”
လင်းတုံဟဲက
ဆက်ပြီးပြောလာတယ်။
အမေလင်းက
ခဏတာလောက် အေးခဲသွားတယ်။ ထိုမိန်းကလေးက အထင်ကြီးလောက်စရာပုံစံမျိုး
အမြဲတမ်းရှိနေတတ်ပေမဲ့ ငယ်ရွယ်သေးတဲ့အချိန်မှာတောင် စကားတွေလည်း
အများကြီးပြောနိုင်တယ်။ သို့ပေမဲ့ အရေးအကြီးဆုံးက အိမ်ထောင်ရေးနဲ့ပတ်သက်ရင်တော့
သူမက စကားတွေပြောမလာတော့ဘူး။ အမေလင်းအနေနဲ့ အနာဂတ်မှာ သူမရဲ့သားက ထိုမိန်းကလေးကို
ဆုံးရှုံးသွားမှာကို စိတ်ပူမိတယ်။
“ကျွန်တော်
အန်တီတို့အတွက် မေးပေးရမလား?”
လင်းတုံဟဲကပဲ
ဆက်ပြောလာတယ်။
“ဟေး ကပ္ပတိန်က
အမြဲတမ်းဒီလိုမျိုး ဂရုစိုက်ပေးတတ်တာလား? ဒါက လင်းချူအန်းရဲ့ သတို့သမီးဆိုမှတော့
လင်းချူအန်းကပဲ မေးသင့်တာမလား”
ဆုဆုဝင်ပြီး
ဟာသလုပ်လိုက်တယ်။
လင်းတုံဟဲက
ဘာမှပြောမဘာခဲ့ဘူး။ ဒါကြောင်း လင်းချူအန်းကလည်း ချောင်းတစ်ချက်ဆိုးကာ
မီးသွားဖိုဖို့လုပ်နေခဲ့တယ်။ သူက သွားမယ်မသွားဘူးဆိုတာ ဘာမှမပြောခဲ့ဘူး။
ဒါက
ဘာကိုဆိုလိုတာလဲ?
စာအုပ်ထဲမှာတုန်းက
သူ ဇာတ်လိုက်မအတွက် အများကြီး ပေးဆပ်ခဲ့ရတယ်လို့ ရေးသားထားပေမဲ့ သူ
ဇာတ်လိုက်မအပေါ် ဘယ်လောက်ထိ ချစ်ခဲ့တာလဲဆိုတာကိုတော့ မရေးထားဘူး။ သူမ(ဆုဆု)က
စာအုပ်ဖတ်ချိန်မှာ သူက ဇာတ်လိုက်မကို သူချစ်တဲ့သူနဲ့ ပေါင်းဖက်ရစေဖို့ သူက
လက်မထပ်ပေးပဲ လွှတ်ပေးလိုက်လိမ့်မယ်လို့ ထင်ထားခဲ့တယ်။
ရလဒ်ကတော့
လက်လွှတ်ပေးခဲ့တာမဟုတ်ဘဲ တစ်ဖက်လူက ထွက်ပြေးသွားတာပဲ။
သူမ
တွေးတောနေစဥ်မှာပဲ တစ်စုံတစ်ယောက်က တံခါးလာခေါက်လေတယ်။
“အန်တီ ကျွန်မ
ချင်ယွဲ့ယွဲ့ပါ”
အို့! ဇာတ်လိုက်မ
ရောက်လာပြီပဲ။
ဆုဆု
အလွန်စိတ်လှုပ်ရှားနေခဲ့တယ်။ သူမ အိမ်တွင်းပိုင်းမှ အပြင်ဘက်ကို တိတ်တဆိတ်နဲ့
စောင့်မျှော်ကြည့်နေခဲ့တယ်။ မရေမတွက်နိုင်တဲ့ အမျိုးသားအရံဇာတ်ကောင်တွေကို
ဆွဲဆောင်ခဲ့တဲ့ ဇာတ်လိုက်မက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေတာလဲဆိုတာ သူမ
အတော်လေးသိချင်နေခဲ့တယ်လေ။
သူမ
အထဲသို့ဝင်လာတာကို စောင့်ဆိုင်းပြီးနောက် တစ်ဖက်လူကိုမြင်တွေ့လိုက်ရချိန်မှာတော့
တကယ့်ကိုလှပတာပဲ ဆိုတဲ့ အတွေးနဲ့ သူမရဲ့ မျက်ဝန်းတွေ တောက်ပသွားရတယ်။ ဒါပေမယ့်
နောက်တစ်ကြိမ် ထပ်ကြည့်ချိန်မှာတော့ သူမ ဘာမှမခံစားရတော့ဘူး။ အရေးအကြီးဆုံးကတော့
သူမရဲ့မျက်နှာအသွင်အပြင်က တကယ်ကို သိမ်မွေ့ပေမယ့် အရေပြားအမှတ်တွေ
ဆုံးရှုံးသွားတာ(ရုပ်ရင့်)က အရမ်းကိုပြင်းထန်လွန်းတယ်။
ပထမတစ်ချက်စိုက်ကြည့်လိုက်ကတည်းက
ဇာတ်လိုက်မက သူမ မြင်တွေ့ဖူးတယ်ဆိုတဲ့ အလှဆုံးမိန်းကလေးလောက် လှပမှုမရှိဘူး။
အမျိုးသမီးဇာတ်လိုက်က
အမျိုးသမီးအရံဇာတ်ကောင်တွေထက် အများကြီးပိုလှနေတာဖြစ်လို့လား? ဒါမှမဟုတ်
ဇာတ်လိုက်က လှပတဲ့မိန်းမထက် မှန်ကန်တယ်လို့ထင်ရတဲ့သူကိုပဲ ပိုပြီး
သဘောကျတာဖြစာနေလို့လား။
ဘယ်လိုပဲဖြစ်ဖြစ်
ဇာတ်လိုက်မရဲ့ ရုပ်ရည်က ထူးထူးခြားခြားထင်ပိုလှပနေတာမျိုးမရှိဘူး။ ဒါပေမဲ့
သူမရဲ့မျက်လုံးတွေကတော့ အံ့ဩစရာကောင်းလောက်အောင် တလက်လက်တောက်ပနေခဲ့တယ်။
သူမက
အရင်ဝင်လိုက်ပြီးမှ သူမကို အထင်ကြီးသွားစေလောက်မဲ့အပြုံးမျိုးပြုံးပြလာကာ
ချိုမြိန်တဲ့အသံနဲ့ လှမ်းပြောလာတယ်။
“သူကလည်း
မြို့ကနေရောက်လာတဲ့ ရဲဘော်ဆုဆုထင်တယ်.. ဟုတ်တယ်မလား.. သူမက တကယ်ကို ချောမောလှပတဲ့
မိန်းကလေးပဲ”
တကယ်လို့ မင်းသာ
ဇာတ်လိုက်မရဲ့အကြောင်းကို သေသေချာချာမသိထားဘူးဆိုရင် သူမရဲ့ ချီးကျူးစကားတွေမှာ
ဘာမှ အပြစ်ဆိုစရာမပါဘူးလို့ ထင်လိမ့်မယ်။
ဒါပေမယ့်
သေသေချာချာခွဲခြမ်းကြည့်မယ်ဆိုရင်တော့ သူမသည်လည်း မြိုးပေါ်ကလာခဲ့တာပဲဆိုတဲ့
စကားကိုဖော်ညွှန်းနေပြီး ထိုအကြောင်းကို ဦးတည်ထောက်ပြနေတာကို သိနိုင်လိမ့်မယ်။
ကွာခြင်းချက်မရှိဘူးလို့ ပြောချင်နေတာလား?
ဆုဆု
သူမရဲ့အဝတ်အစားထောင့်ကို ကိုင်ရင်း ပြုံးရင်းပြောလိုက်တယ်။
“ရှင့်ရဲ့
ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်.. အစ်မကလည်း အရမ်းလှတာပဲ”
ဇာတ်လိုက်မက
တကယ်တမ်းမှာ သူမထက် ငယ်သေးပေမဲ့ ဆုဆု မနက်ပိုင်းမှာတုန်းက သူမရဲ့မျက်နှာကို
ဓာတ်ပုံရိုက်ကြည့်လိုက်တော့ သူမရဲ့ရှိရင်စွဲအသက်ထက် အများကြီးငယ်ရွယ်နုပျိုနေတာကို
တွေ့ခဲ့ရတယ်။ ဒါက အချိန်ခရီးသွားခြင်းရဲ့ အကျိုးသက်ရောက်မှုကြောင့်များလား။
ဒီနူးညံ့သိမ်မွေ့တဲ့
မိန်းကလေးက ဂုဏ်မောက်တာတွေ၊ အထင်အမြင်သေးတတ်တာမျိုးတွေမရှိဘဲ
အမြဲတမ်းသဘောကျစဖွယ်ဖြစ်နေခဲ့တယ်။ ဒါကြောင့် အမေလင်းက ပြုံးလိုက်ပြီး:
“ဒီမိန်းကလေးက
ပထမဆုံးအကြိမ်မှာတင် လူတွေကို ခင်မင်ရင်းနှီးစေတယ်.. မြို့က အဲဒီလူတွေနဲ့ မတူဘူး”
“ဟုတ်တယ် ဟုတ်တယ်”
ဇာတ်လိုက်မက
အနည်းငယ် ရှက်ရွံ့သွားပုံရတယ်။ ဆုဆုကတော့ သူမ ဝင်လာကတည်းက လင်းချူအန်းဆီကို
တစ်ချက်လေးတောင် အာရုံစိုက်မနေတာကို သတိပြုမိတယ်။ ထို တုံးအတဲ့အမျိုးသားကတော့
သူနဲ့ စေ့စပ်ထားသူ ဝင်လာတာတောင် မီးဖိုခန်းထဲမှ ထွက်မလာခဲ့ဘူး။ သူက သူ့ဘာသာသူ
မီးဖိုထဲကို ထင်းတွေထည့်ရင်း အလုပ်ဆက်လုပ်နေခဲ့တယ်။
အမေလင်းက
သူမဝင်လာကတည်းက နေရာမှထကာ သူမတို့အနားကိုရောက်လာတယ် ။ အဆုံးမှာ သူမ(ဇာတ်လိုက်မ)က
သူ့သားရဲ့ ဇနီးဖြစ်လာမဲ့သူပဲလေ။
“ ကျွန်မ ဒီနေ့
ရဲဘော်ဆု ပညာတတ်လူငယ်နေရာဆီကို ရွှေ့တော့မှာလားလာမေးတာ.. လိုအပ်တာတွေရှိနေသေးလား”
ဇာတ်လိုက်မက
ပြောလာတယ်။
ဆုဆုက
ချစ်စရာကောင်းတဲ့ အပြုံးတစ်ခုနဲ့ အမေလင်းရဲ့လက်မောင်းကို ချက်ချင်းဆွဲကိုင်ကာ
လှုပ်ခါလိုက်တယ်။
“အန်တီ သမီး
ပညာတတ်လူငယ်နေရာကို မသွားချင်ဘူး.. အန်တီတို့အိမ်မှာပဲ နေချင်တယ်”
“ဟမ်.. ဒါက
မသင့်တော်ဘူးမလား?” ချင်ယွီယွီက
ကြောင်အမ်းစွာနဲ့ မေးလာတယ်။
ဒါ့အပြင်
လင်းမိသားစုက သူမနဲ့ လက်ထပ်ဖို့ ဆွေးနွေးမှာ မဟုတ်ဘူးလား။ ဒီနေရာလေးမှာ သူမက
ဘယ်လိုလက်ထပ်ရမှာလဲ။
မေမေလင်းက
တွေးတောပြီး ဆုဆုရဲ့လက်လေးကိုပုတ်လိုက်တယ်။
“ဒီမိန်းကလေး
ငါတို့အိမ်မှာနေတာက သင့်တော်တာ မသင့်တော်တာရှိလို့လား”
ပြီးနောက် သူမက
ချင်ယွဲ့ယွဲ့ ဘက်သို့လှည့်လိုက်ပြီး :
“မင်းဒီကိုရောက်ကတည်းက
တစ်ချို့အကြောင်းတွေကို ပြောပြနေစရာတောင် မလိုတော့ဘူးမလား.. အဲဒီတုန်းက မင်းအဖေက
မြို့ကိုသွားဖို့အတွက် အာမခံလိုတဲ့အတွက် မင်းကို ငါတို့မိသားစုနဲ့ စေ့စပ်ခဲ့တယ်..
အခု အားလုံးက ကြီးပြင်းလာကြပြီး ငါ့တို့မိသားစုက ချူအန်းကလည်း စစ်တပ်ထဲမှာပံအမြဲရှိနေပြီး
ပြန်လာရတဲ့ရက်က ရှားပါးလို့ ဒီဆောင်းရာသီအားလပ်ရက်ကို အခွင့်ကောင်းယူပြီး
လက်ထပ်ပွဲလုပ်ကြရအောင်”