Ch 7
Viewers 11k

7: ကြိုက်လား

 

ချင်ယွဲ့ယွဲ့ ခဏလောက် အေးခဲသွားပြီး ခေါင်းငုံ့သွားခဲ့တယ်။ သို့သော်လည်း သူမ ခေါင်းမငုံ့ခင်မှာ အမျိုးသားဇာတ်လိုက်ကို အားပျော့စွာ တစ်ချက်လှမ်းကြည့်ခဲ့ပြီး ဇာတ်လိုက်ကတော့ လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းကို ဘေးတစ်ဖက်သို့ လှည့်လိုက်လေတယ်။

 

ဘာတစ်ခုမှ သိမထားဘူးဆိုရင်တော့ နှစ်ယောက်လုံးဆီမှာ ပြဿနာမရှိဘူးလို့ ထင်ရလိမ့်မယ်။

 

ဆုဆုက ဘေးဘက်မှာထိုင်ရင်း အလွန်ကောင်းမွန်စွာမြင်နိုင်နေခဲ့တယ်။ သို့ပေမဲ့ သူမ မီးဖိုချောင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်တော့ အမျိုးသားအရံဇာတ်ကောင်က သူ့ကိုယ်သူ လောင်ကျွမ်းသွားစေတော့မလားထင်ရလောက်အောင် မီးဖိုဘက်မှာပဲ အာရုံစိုက်နေပြီး ခုချိန်ထိ တစ်ခါလောက်တောင်မှ ထွက်မလာခဲ့သေးဘူး။

 

ညီအစ်ကိုတွေထဲမှ လင်းဟိုင်က သူ့အစ်ကို,ကို သွားပြီးစနောက်လိုသော်လည်း မီးစာထည့်ရင်း အလုပ်ရှုပ်နေတဲ့ အမျိုးသားက ရုတ်တရက်အော်ထုတ်လိုက်တယ်။ 

 

အိမ်ထဲကိုသွားပြီး အိမ်စာတွေသွားလုပ်.. စာမဖတ်ပဲ မင်းဘာလုပ်နေတာလဲ 

 

သူ့ရဲ့အသံက တော်တော်လေးကြမ်းတမ်းနေခဲ့တယ်။ ဒါကြောင့် တံခါးနားမှာရောက်နေတဲ့ ကောင်လေးသုံးယောက်က စိတ်ဆိုးပြီး အလျှင်အမြန်ထွက်သွားကြပေမဲ့ သူတို့အစ်ကိုပြောတဲ့စကားကိုတော့ နားထောင်တဲ့ပုံပုံရတယ်။

 

အန်တီ.. ဒီကိစ္စက အန်တီတို့မိသားစုဘက်က ဆုံးဖြတ်လို့ရတဲ့အရာပါ.. နောက်ဆုံးတော့ ကျွန်မရဲ့မိဘတွေက ဒီမှာ မရှိဘူးလေ.. ဒါပေမယ့် ဒီနှစ်က ကျွန်မ ကောလိပ်ဝင်ခွင့် ရှိနေသေးတာဖြစ်လို့ နောက်နှစ်ကျမှ လက်ထပ်ဖို့ စောင့်ပေးလို့ရမလား

 

ချင်ယွဲ့ယွဲ့က စကားပြောပြီးသွားတော့ အခုလေးတင် အခန်းထဲကို ဝင်လာတဲ့ လင်းချွမ်ကို မော့ကြည့်တယ်လိုက်တယ်။

 

ချွမ်ဇီ ရှင်က အသိပညာရဲ့ အရေးကြီးဆုံးဆိုတာကို နားအလည်ဆုံးလူပါ..ဒါကြောင့် ကျွန်မ ကောလိပ်ပြီးသွားတဲ့အချိန်ကျမှ လက်ထပ်ဖို့ စီစဥ်ထား.....

 

ဒါက ဘယ်လို စကားမျိုးလဲ.. ငါတို့ကို ဘာမှမသိဘူးလို့ ထင်နေတာလား.. ကောလိပ်က သုံးနှစ်လောက်ကြာမယ်.. နောက်ထပ်သုံးဆယ်ဆိုရင် 

 

ငါတို့ချွမ်ဇီက သုံးဆယ်နားကို ရောက်သွားပြီ.. ငါတို့က မြေးချီဖို့စောင့်နေတာလေ

 

အမေလင်းက မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်တယ်။

 

လင်းချွမ်သည်လည်း မျက်မှောင်ကြုတ်သွားတယ်။ သူ့အနေနဲ့ ခွင့်ယူဖို့ဆိုတာက မလွယ်ကူဘူး။ နောက်ပြီး သူမကလည်း အရင်တုန်းက ကောလိပ်ကို သွားဖို့အတွက် ထည့်မပြောခဲ့ဖူးဘူး။ 

 

ဒီလိုသာမဟုတ်ရင် သူက အခုလိုပြန်လာနေမှာမဟုတ်ဘူးလေ။

 

ဒါပေမယ့်...

 

မင်းလက်ထပ်ပြီးရင်လည်း ကောလိပ်တက်ကို သွားလို့ ရနေတုန်းပဲ..ပြီးတော့ ငါ မင်းအတွက် ကလေးကို ကူထိန်းပေးထားလို့ရတယ်လေ.. ဘာလို့ မဖြစ်ရမှာလဲ.. ချွမ်ဇီ ဒီတစ်ခါတော့ သူမရဲ့စကားကို နားမထောင်နဲ့တော့ ငါပြောသလိုပဲလုပ် ဟုတ်ပြီလား

 

အမေလင်းက အလွန်သန်မာတဲ့သူတစ်ယောက်ဖြစ်ပြီး သူမပြောသွားတဲ့စကားတွေမှာလည်း အမှားတစ်စုံတစ်ရာမှရှိမနေခဲ့ဘူး။

 

သို့ပေမဲ့ ချင်ယွဲ့ယွဲ့က လင်းချွမ်ကို စိုက်ကြည့်ပြီး ပြောလာပြန်တယ်။

 

ချွမ်ဇီ ရှင်လည်း ကောလိပ်ကိုသွားဖို့က အရေးကြီးတယ်ဆိုတာကို သိတယ်လေ ဒီတော့...

 

ဒုတိယအန်တီ ..ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း ထွက်လာတဲ့အချိန်ထိ စောင့်ကြည့်မယ်ဆိုရင်ရော ဘယ်လိုလဲ

 

အမေလင်းက အလွန်တိုင်းထွာတတ်ပြီး စိတ်အားထက်သန်မှုလည်းကြီးမားတယ်။ ဒီရွာရှိနေတဲ့ လယ်သမားဟောင်းတွေက သူမလိုမျိုး နားမလည်နိုင်ကြဘူး။

 

အထူးသဖြင့် ဒုတိယအန်တီက အရမ်းကို အင်အားကြီးလို့ နောင်အနာဂတ်မှာ သူတို့မိသားစုနဲ့ လက်ထပ်မယ်ရင် နာကျင်ခံစားနေရမှာ အသေအချာပဲ။

 

ရဲဘော်ဆုဆု နင်လည်း ကောလိပ်မှာ ပညာသင်ဖူးတဲ့သူတစ်ယောက်ပဲဆိုတော့ ကောလိပ်တက်နေတုန်းမှာ အိမ်ထောင်ပြုထားမယ်ဆိုရင် စိတ်ရှုပ်စရာတွေများလား

 

ချင်ယွဲ့ယွဲ့က ပရိတ်သတ်တစ်ဦးအဖြစ်ရှိနေတဲ့ ဆုဆုဆီကို စစ်ပွဲရဲ့မီးတောက်ကို မသိမသာနဲ့ တွန်းပို့ပေးလာတယ်။

 

ဆုရွှယ်ပါ့:...

 

(T/n _ ရွှယ်ပါ့: စာတော်ကျောင်းသား)

 

ဆုဆုက အနည်းငယ်ပြုံးလိုက်ပြီး:

 

မဟုတ်ဘူး.. ကောလိပ်တက်ရတာက အရမ်းလွယ်တယ် 

 

သူမအနေနဲ့ ထိုအတွဲကို ခွဲပစ်ချင်နေတယ်ဆိုပေမဲ့ အမေလင်းနောက်ကိုပဲ အရင်လိုက်ရလိမ့်မယ်။ သူမအတွက်တော့ အခုချိန်မှာ ဘယ်သူမှ လာမရှုပ်ရဲတဲ့ ပေါင်တစ်လုံးကိုဖက်ထားရမှာပဲ။

 

ချင်ယွဲ့ယွဲ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။ ကောလိပ်က လွယ်ကူလွန်းတယ်ဆိုတဲ့စကားမျိုးက ဘယ်ကနေလာတာလဲဆိုတာကို သူမနားမလည်နိုင်ဘူး။

 

ကြည့်လေ ရှောင်ဆုကလည်း အဲလိုပြောနေပြီပဲ.. ကိစ္စတွေကို ဒီအတိုင်းပဲဆက်လုပ်ကြစို့.. အနောက်ဘက်မှာရှိတဲ့ အိမ်တစ်လုံးကို ငါဝယ်လိုက်မယ်..မင်းတို့ အဆင်သင့်ဖြစ်တာနဲ့ လက်ထပ်နိုင်ပြီ

 

အဖေလင်းက ဆေးလိပ်ကို ပြာအိုးထဲသို့ ထိုးထည့်ပြီး ကိစ္စတွေကို နောက်ဆုံးပိတ်အနေနဲ့ ပြောလိုက်တယ်။

 

အတွင်းပိုင်းမှ အခန်းနံရံကိုကပ်ပြီးနားထောင်နေကြတဲ့ ကောင်လေးတွေကလည်း ထိုအသံကိုကြားတော့ ဝမ်းသာအားရနဲ့ အော်ဟစ်လာကြတယ်။

 

အကိုကြီး အိမ်ထောင်ပြုတော့မယ်.. သတို့သမီးနဲ့ လက်ထပ်တော့မှာ 

 

ပါးစပ်ပိတ်ထားစမ်း 

 

လင်းချွမ် ရေသောက်ပြီး မီးဖိုဆီကိုနောက်တစ်ခါ ထွက်သွားပြန်တယ်။

 

တကယ်တမ်းမှာ အသက်နှစ်ဆယ်ကျော်လာတဲ့သူတွေအနေနဲ့ သူတို့ရဲ့ဇနီးကို လက်ထပ်ချင်ကြတာ ပုံမှန်ပဲ။ 

 

သို့ပေမဲ့ သူနဲ့စေ့စပ်ထားတဲ့သူက သူနဲ့အမှန်တကယ်နေချင်စိတ်မရှိတာကိုတော့ သူရဲ့မိသားစုဝင်တွေမသိကြဘူး။

 

ဆုဆုကတော့ သူမ ဖတ်ထားတဲ့ဇာတ်လမ်းရဲ့အစက သူတို့ရဲ့ လက်ထပ်ပွဲမလုပ်ခင် တစ်ညအလိုတုန်းက ဆိုတာကို မှတ်မိနေတုန်းပဲ။

 

ငယ်ရွယ်တဲ့ ချွေးမလောင်းလေးက သူမ လက်မထပ်ချင်တဲ့ တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့အတွက် ဖိအားပေးခံခဲ့ရတာကြောင့် တောစပ်နားမှာ ထိုင်ပြီး ငိုနေခဲ့တယ်။ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က သူမဆီကိုလက်ကိုင်ပုဝါလေး ကမ်းပေးလာတယ်။

 

ထို့နောက်မှာတော့ အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ရဲ့ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောပြလာတော့တယ်။ 

 

အဲဒီနောက်မှာ အမျိုးသားဇာတ်လိုက်က အကြောင်းအမျိုးမျိုးကြောင့် သူမနဲ့ ခွဲခွာဖို့ကို သဘောမတူနိုင်ခဲ့ဘူး။ သို့ပေမဲ့ နောက်ဆုံးမှာတော့ သူမ တခြားတစ်ယောက်နဲ့ လက်ထပ်သွားတာကို စိတ်ဆင်းရဲစွာ ကြည့်နေခဲ့တယ်။

 

ဆုဆု စာအုပ်ကိုဖတ်နေတုန်းက သူမသာ ဇာတ်လိုက်နဲ့ဆိုရင် ပိုကောင်းမှာပဲလို့ ပြောခဲ့မိတယ်။ သူမက ထိုဇာတ်ဝင်ခန်းကိုဖတ်ရင်းနဲ့ အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်ကို လက်ထပ်ပွဲကို မလုပ်စေခဲ့ဘဲ သူမကို ခါးသီးလွန်းတဲ့ပင်လယ်ထဲမှ ကယ်တင်လိမ့်မယ်လို့တောင် တွေးခဲ့သေးတယ်။

 

အဲဒီလိုမျိုး။

 

ဆုဆု သူတို့တွေ အိမ်ထောင်ရေးအကြောင်းဆွေးနွေးနေကြတာကို ခဏလောက် နားထောင်နေခဲ့ပေမယ့် ဗိုက်က အဆင်မပြေဖြစ်လာတာကြောင့် အပြင်ဘက်မှာရှိနေတဲ့ အိမ်သာဆီကို ထွက်လာခဲ့တယ်။ သူမ ပြန်လာချိန်မှာတော့ သစ်ပင်အောက်မှာ ဆေးလိပ်သောက်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ အရံဇာတ်ကောင်လင်းချွမ်ပဲ။

 

အိမ်ထဲမှာ သူ့ရဲ့အိမ်ထောင်ရေးအကြောင်းကို ဆွေးနွေးနေကြပေမဲ့ ဒီအမျိုးသားကတော့ ဒီနေရာမှာ စီးကရက်လာသောက်နေတယ်။ သူမ အနားသို သွားပြီးကြည့်လိုက်ပေမဲ့ သူပျော်နေတာလား စိတ်ပျက်နေတာလားဆိုတာကို မသိမိုင်ခဲ့ဘူး။

 

ရဲဘော် လင်းချွမ် ရှင်လက်ထပ်ရတော့မှာကို မပျော်ဘူးလား

 

ကလေးမလေးတို့မိသားစုက ဒီအကြောင်းကို ဂရုစိုက်နေစရာမလိုပါဘူး ..အိမ်ထဲကိုပြန်သွားလိုက်ပါ

 

“...” 

 

ဘယ်သူက ကလေးမလေးလဲ။ သူမက တက္ကသိုလ်ကနေ ဘွဲ့ရထားပြီးနေပါပြီနော်။

 

သို့ပေမဲ့ ထိုအမျိုးသားရဲ့ ဘာတစ်ခုမှထုတ်မပြောပဲမြိုသိပ်ထားတဲ့ အမူအယာနှင့် အိမ်ထောင်ရေးအကြောင်း ပြောတဲ့အချိန်မှာ သတ္တိကြောင်နေသလိုပုံစံကိုမြင်တော့ ဒီလူက တခြားလူတွေရဲ့ အနိုင်ကျင့်ခံရဖို့ ထိုက်တန်တာပဲလို့ ဆုဆု တွေးလိုက်မိတယ်။ ဒါကြောင့် သူမ ဂရုမစိုက်တော့ပဲ နှာမှုတ်ကာ အိမ်ထဲကိုပြန်ဝင်သွားလိုက်တယ်။

 

လင်းချွမ်ကတော့ ဆေးလိပ်ဆက်သောက်ရင်းကျန်ခဲ့တုန်းပဲ။ သူနဲ့စေ့စပ်ထားတဲ့သူက သူ့ကို မကြိုက်ကြောင်းကို သူသိထားပြီး သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲကို အသုံးချကာ သူမရဲ့ဘဝကို ပြောင်းလဲပစ်ချင်နေကြောင်းကိုလည်း သူသိနေခဲ့တယ်။ သို့သော်လည်း သူခေါင်းငြိမ့်ပြီး လက်ထပ်ဖို့ကို သဘောတူခဲ့တာက သူရဲ့ကတိကို စောင့်ထိန်းဖို့အတွက်ပဲ။

 

မြေပြင်ပေါ်မှ ဆေးလိပ်ကို မီးငြိမ်းသွားအောင် တက်နင်းပြီးမှ သူ အခန်းထဲကို ပြန်ဝင်သွားပြီး လက်ထပ်ပွဲအကြောင်းဆွေးနွေးတာကို ဆက်ပြီးနားထောင်ခဲ့တယ်။

 

အချိန်ကနောက်ကျနေပြီဖြစ်ပြီး သူ့အနေနဲ့ ချင်ယွဲ့ယွဲ့ကို ပြန်လည်ပို့ဆောင်ဖို့ တာဝန်ရှိနေပေမဲ့ တစ်ဖက်လူရဲ့မျက်နှာပေါ်မှ မပျော်ရွှင်တဲ့ဟန်ပန်ကြောင့် မနည်းငယ် ရှက်ရွံ့နေခဲ့ရတယ်။

 

ထိုအချိန်မှာ ဆုဆုက ခုန်ထလာခဲ့ကာ:

 

ကျွမ်မလည်း လိုက်မယ်.. ဒီရွာက ဘယ်လိုမျိုးလဲဆိုတာ ကျွန်မ ဒီနေ့ လှည့်ပတ်ကြည့်ဖို့ အချိန်မရလိုက်ဘူး

 

ကောင်းပြီ

 

ဒီတစ်ကြိမ်မှာတော့ လင်းချွမ် မကန့်ကွက်တာကြောင့် ဆုဆု ဇာတ်လိုက်မရဲ့နောက်ကလိုက်ပြီး သူမနဲ့အတူ လျှောက်လာခဲ့တယ်။

 

သူမက လမ်းလျှောက်ရင်းနဲ့ စကားစလိုက်တယ်။

 

ဒီရွာက အတော်လေးကြီးတာပဲ.. ချင်ယွဲ့ယွဲ့ နင် ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ

 

နှစ်ဆယ့်နှစ်

 

ချင်ယွဲ့ယွဲ့က ဖြေလာတယ်။

 

ဒါဆို နင်လက်ထပ်သင့်နေပြီပဲ.. ငါ့ကိုပြောပြပါဦး.. နင်နဲ့ ရဲဘော် လင်းချွမ်က ဘယ်လိုစသိကြတာလဲ.. နောက်ပြီး နင်တို့ရဲ့ ဆက်ဆံရေးကို နင်ဘယ်လိုဆုံးဖြတ်ခဲ့တာလဲ 

 

မိန်းကလေးတွေက အတင်းအဖျင်းပြောရတာကို ကြိုက်တယ်လေ။ ဒီတော့ သူမ မေးတာတွေက အဆင်ပြေမှာပါ ဟုတ်တယ်မလား?

 

ဒါပေါ့။ သူမက ထိုစကားနှစ်ခွန်းကို အရံဇာတ်ကောင်ဆီကိုလည်း ပြောချင်နေတာပဲ။ ဇာတ်လိုက်မက သူနဲ့ လုံးဝလက်ထပ်ချင်နေတာ မဟုတ်ဘူးလေ။ ဒီတော့ သူက အနှေးနဲ့အမြန် ဆက်ဆံရေးကိုဖြတ်ချမှာပဲ။ သူက ဦးထုပ်စိမ်းအဆောင်းရတဲ့အချိန်ကိုလည်း မသိခဲ့သလို အဖေနဲ့ တူတယ်* ဆိုတာကိုလည်း လက်ခံရရှိခဲ့ဦးမှာ။

 

(T/n _ သိလောက်မယ်ထင်တာပဲ သူများနဲ့ရထားတဲ့ကလေးကို မွေးထားပြီး ကလေးက အဖေနဲ့တူတာပဲဆိုပြီး အယုံသွင်းတတ်တာမျိုးလေ)

 

ငါတို့က ငယ်ငယ်လေးကတည်းက ဆွေမျိုးမိဘတွေ စေ့စပ်ပေးထားတာ.. ဒါကြောင့် ငါတို့မှာ အချစ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံ မရှိဘူး

 

ချင်ယွဲ့ယွဲ့ရဲ့လေသံက အနည်းငယ် စိတ်ဆိုးနေသလိုမျိုးပဲ။

 

ကြည့်ရတာ ထိုစေ့စပ်ပေးခဲ့တဲ့ ဆွေမျိုးတွေကို အလွန်အမင်း မကျေနပ်ဖြစ်နေပုံရတယ်။သူမရဲ့ပုံစံက တော်တော်လေး နစ်နာချက်တွေများနေသလိုမျိုး။

 

ဘာလဲ? အခုက ဘယ်ခေတ်မှာ ရောက်နေပြီလဲ.. အဲလိုမျိုး လက်ထပ်ပေးတာမျိုးက ရှိသေးလား?!

 

ဆုဆုအံ့ဩသွားသလို အော်လိုက်ပြီး သူမရဲ့နောက်မှ လင်းချွမ်ကိုလှည့် လှည့်ကြည့်လိုက်တယ်။ 

 

ထိုလူကတော့ သူ့ရဲ့လက်တွေကို အိတ်ကပ်ထဲမှာထည့်ထားပြီး ဘေးဘက်ကို လှည့်မကြည့်သလို မျက်ခုံးတောင်မှ လှုပ်ခတ်မသွားဘူး။

 

တည်ငြိမ်အေးဆေးနေဆဲပဲ။

 

အင်း 

 

ချင်ယွဲ့ယွဲ့က ဘာမှပြောမလာပေမဲ့ သူမက လက်ထပ်ပွဲကို မလိုလားတဲ့အကြောင်းကို လူတိုင်းက မြင်တွေ့နိုင်သေးတယ်။

 

ဒါဆို နင် ရဲဘော် လင်ချွမ်ကို တကယ်ကြိုက်တာလား 

 

ဆုဆု ဒီလိုမျိုး ရဲတင်းတဲ့ စကားကို မေးနိုင်တာက ဒီဘက်ခေတ်ကလူမဟုတ်တာကြောင့် ဖြစ်နိုင်တယ်။ သူမက အနာဂတ်မှာရှိလာမဲ့ ယဥ်ကျေးမှုတွေနဲ့ နေသားကျနေခဲ့တ်လေ။

 

ဒါပေမယ့် ထိုစကားက ချင်ယွဲ့ယွဲ့ကို ထိတ်လန့်သွားစေခဲ့ပြီး သူမက ဆုဆုကို ပါးစပ်ကိုအဟောင်းသားနဲ့ မော့ကြည့်လာတယ်။ နောက်ဆုံးမှာတော့ သူမရဲ့မျက်နှာကို လက်နဲ့အုပ်ပြီး ထွက်ပြေးသွားခဲ့လေတယ်...

 

ဆုဆု ခေါင်းကုတ်လိုက်မိတယ်။ သူမ ဒေါသထွက်သွားအောင် ပြောလိုက်မိတာလား?