13: ပွေ့ဖက်ခြင်း
လင်းချွမ်က
သူမကို ဘယ်တုန်းက နှင်လွှတ်နေလို့လဲ? သူမကပဲ ပညာတတ်လူငယ်တွေ စောင့်နေလို့
အလျင်လိုနေတဲ့အကြောင်းပြောခဲ့တာလေ။ ဒီဇာတ်လိုက်မက မျက်လုံးဖွင့်ပြီး
အဓိပ္ပါယ်မရှိတဲ့စကားတွေကို မှန်ကန်သလိုမျိုးပြောနေတာပဲ။
လင်းချွမ်ကလည်း
ဘာမှ မရှင်းပြခဲ့ပါပဲ ဧည့်သည်ကို လိုက်ပို့နေသလိုမျိုး တည့်မတ်စွာသာ ရပ်နေခဲ့တယ်။
သို့သော်လည်း
အမေလင်းက ဘာကိုမှ မသိထားတာကြောင့် လင်းချွမ်ကိုစိုက်ကြည့်ပြီးပြောလိုက်တယ်:
“ဒါဆိုလည်း
အရင်ပြန်လိုက်လေ.. မင်းမှာ ပြောစရာတစ်ခုခုရှိနေခဲ့ရင် ချွမ်ဇီကို ပြောလိုက်”
ဒီလိုနဲ့
လင်းချွမ်က ဇာတ်လိုက်မကို လိုက်ပို့ပြီး ပြန်လာတဲ့အချိန်မှာ ခြံထဲကိုဝင်လိုက်တာနဲ့
အမေလင်းထံမှာ လက်ညိုးထိုးပြီး ဆူပူကြိမ်းမောင်းတာကို ခံရတော့တယ်။
“မင်းရဲ့အကြောင်းပြချက်ကို
ပြောပါဦး.. ယွဲ့ယွဲ့က နောက်ဆုံးတော့ အိမ်မှာ လိုအပ်တဲ့နေရာတွေကို ပြင်ချင်တာတွေကို
ပြောဖို့ ရောက်လာတာကို မင်းက သူ့ကို ရောက်ရောက်ချင်းပဲ ပြန်လွှတ်လိုက်တယ်..
အချိန်ကျလာရင် သူမက ဒီအိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့ရမှာ .. သူမ ဒီမှာနေရတာ အဆင်မပြေတာတွေ
ရှိနေရင် ဘယ်လိုလုပ်မလဲ.. မင်းဆိုတဲ့ ကလေးကတော့ မင်းအိမ်မှာမရှိတဲ့အချိန်
ချွေးမတစ်ယောက်တည်း ကျန်နေခဲ့ရမှာကို လွယ်တယ်လို့ထင်နေတာလား? မင်းက သူမအတွက်
မတွေးပေးဘူးလား?”
“အန်တီ
ချွမ်ကောကို အပြစ်မတင်ပါနဲ့.. ချင်ယွဲ့ယွဲ့က သူမဆီမှာအစည်းအဝေးတစ်ခုရှိနေလို့
စောစောပြန်ရမယ်လို့ပြောခဲ့တာ.. ဒါကြောင့်ပဲ ချွမ်ကောက သူမကို လိုက်ပို့ပေးခဲ့တာပါ”
ဆုဆု
လင်းချွမ်တစ်ယောက် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ဆူပူကြိမ်းမောင်းခြင်းကို
လက်ခံနေမှာကို စိတ်ပူတာကြောင့် အမြန်ဝင်ပြောလိုက်တယ်။
“အဲလိုလား
ဒါဆိုရင်လည်း ထားလိုက်တော့ မနက်ဖြန်ကျမှ သူမကိုပြန်ခေါ်ကြတာပေါ့”
အမေလင်းက
သားဖြစ်သူကို စိုက်ကြည့်လိုက်ပြီး:
“မင်း ဒီမှာ
ဘာလုပ်နေတာလဲ ခြံထဲကို တံမြက်စည်းနဲ့ လိုက်လှည်းဦးလေ”
လင်းချွမ်ကလည်း
လုံးဝမဆန့်ကျင်ဘဲ ခြံထဲကို စတင်လှည်းကျင်းခဲ့တယ်။
ဆုဆုအနေနဲ့
ဒီလောက်ထိ ရိုးအတဲ့လူမျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး။ သူက ဘယ်လုပ်ပြီး
ဘယ်လိုရှင်းလင်းချက်မှမလုပ်ပဲ အဆူခံနေရတာလဲ။ သူမနဲ့အတူ အခန်းကို
သန့်ရှင်းရေးလုပ်နေတဲ့ အမေလင်းကလည်း အလွန်စိတ်တိုနေဟန်ဖြင့် ပြောလာတယ်:
“သူကလည်း
သူ့ရဲ့အဖေလိုပဲ .. ထုံထိုင်းပြီး မြည်းလိုအ,နေတာ”
ဆုဆု
ရယ်မောလိုက်ပြီး မိခင်လင်းအတွက် အဝတ်စုတ်ကို ကူလျှော်ပေးရင်းပြန်ပြောလိုက်တယ်။
“အန်တီ ..
ချင်ယွဲ့ယွဲ့က တစ်စုံတစ်ခုကို နားလည်မှုလွဲသွားတယ်လို့ ကျွန်မထင်တယ်နော်”
“ဘာကို
နားလည်မှုလွဲတာလဲ?”
“ခုနတုန်းက
ချင်ယွဲ့ယွဲ့က ကျွန်မကို သူဘာအလုပ်မှ မလုပ်နိုင်ဘူးလို့ ပြောခဲ့တယ်..နောက်ပြီး
သူမက ဒီကို ဘာလုပ်ဖို့လာခဲ့ရတာလဲဆိုတာကိုလဲ မသိဘူးတဲ့.. ကျွန်မထင်တာတော့ သူမက
သူမကို အိမ်ကိုလာကြည့်ခိုင်းတာကို အိမ်အလုပ် ကူလုပ်ဖို့ ခေါ်ထင်လို့
အထင်လွဲသွားပုံပဲ.. သူမက သူမနေရမဲ့အိမ်ကို လာကြည့်တဲ့အချိန်မှာ အဲလိုမျိုး
မေးခဲ့တာလေ”
အဆုံးမှာတော့
ဒီလက်ထပ်ပွဲက အမျိုးမျိုးရွှေ့ဆိုင်းပြီးမှ ဖြစ်လာခဲ့တာလေ။ နောက်ပြီး ဇာတ်လိုက်မ
တက္ကသိုလ်တက်တဲ့အချိန်မှာ လင်းတုံဟဲနဲ့ ချစ်ကြိုက်သွားခဲ့ကာ သူတို့က သူအတွက်
လက်ထပ်ဖို့ နောက်ထပ်အမျိုးသမီးကို ရှာဖွေရလိမ့်မယ်။
“ဘာကို အလုပ်
မလုပ်နိုင်ရမှာလဲ.. သူမက ဒီအလုပ်ကို မလုပ်နိုင်ရင် တခြားဘာအလုပ်ကို လုပ်မှာလဲ..
သူတို့မိသားစုက မြို့ထဲမှာ နေခဲ့တယ်ဆိုရင်တောင် သူမငယ်ငယ်လေးကတည်းက အရာအားလုံးကို
လုပ်ခဲ့ရတာလေ.. ပြေရမယ်ဆိုရင် သူမမှာ သူမ စောင့်ရှောက်ပေးရတဲ့ မောင်နှစ်ယောက်တောင်
ရှိနေတာလေ.. အင်း.. ကြည့်ရသလောက်တော့ သူမက ဒီလက်ထပ်ပွဲကို
မလုပ်ချင်ရုံသက်သက်ပဲ ဖြစ်လိမ့်မယ်”
အမေလင်းက
ဉာဏ်ရည်ထက်မြက်သူတစ်ဦးဖြစ်ပြီး တကယ်တမ်းမှာ အရာအားလုံးကို စိတ်ထဲမှာ သိနေခဲ့တယ်။
“လက်မထပ်ချင်ဘူးဆိုရင်
ဘာလို့ လက်ထပ်ပြီးအတူနေနေဦးမှာလဲ?”
“နင်တို့
မိန်းလေးတွေကတော့ နားမလည်ဘူးပဲ ..ယောက်ျားနဲ့ မိန်းမဆိုတာ လက်ထပ်ပြီးသွားရင်
တစ်သက်လုံး အတူနေသွားပြီး ခွဲခြားလို့မရနိုင်တော့ဘူး”
အမေလင်းက
အပြုံးတစ်ခုနဲ့ပြောလာခဲ့တယ်။ ဒါပေမဲ့ ဇာတ်လိုက်မက အရံဇာတ်ကောင်လင်းချွမ်ကို
ထိခွင့်မပေးခဲ့ဘူးဆိုတာကိုတော့ သူမ မသိခဲ့ဘူးလေ။
ဒါပေမယ့်
သူမအနေနဲ့လည်း ဒီလိုစကားလုံးတွေကို မပြောသင့်တာကြောင့် သန့်ရှင်းရေးကိုသာ
ကူလုပ်ပေးခဲ့ပြီး ထမင်းစားဖို့အတွက် လင်းအိမ်ကို ပြန်သွားရုံသာ တတ်နိုင်ခဲ့တယ်။
စားသောက်ပြီးနောက်
အမေလင်းက လင်းချွမ်ကို မြို့ထဲသို့သွားပြီး စောင်နဲ့ တခြားလိုအပ်တဲ့အရာတွေကို
သွားဝယ်ဖို့ ပြောခဲ့တယ်။ ဆုဆုက ဒီခေတ်ကာလရဲ့ စျေးကို မြင်ဖူးချင်တာကြောင့် သူမလည်း
လင်းချွမ်နဲ့ အမေလင်းတို့နဲ့ အတူ မြည်းလှည်းဖြင့် မြို့ကိုလိုက်သွားခဲ့တယ်။
ပြီးနောက်မှာတော့
လမ်းတစ်လျှောက်မှာ အေးစက်လွန်းတဲ့အတွက် သူမရဲ့ခြေထောက်တွေတောင်မှ
ထုံထိုင်းနေခဲ့တယ်။ ဒီတောင်ပေါ်မှာ ဘာလို့ ဒီလောက်တောင် အေးနေရတာလဲ။
သူမရဲ့ခြေထောက်တွေကို
ပွတ်သပ်ပြီးလှုပ်ရှားနေစဥ်မှာ လင်းချွမ်က ရုတ်တရက် မြေပြင်ပေါ်သို့
ခုန်ဆင်းသွားခဲ့ကာ သူရဲ့ စစ်ကုတ်အင်္ကျီကို အမေလင်းနှင့်ဆုဆုတို့ရဲ့
ခြေထောက်တွေပေါ်မှာ ဖုံးအုပ်ပေးလာပြီး သူကိုယ်တိုင်ကတော့ လမ်းမပေါ်သို့
ပြေးတက်သွားခဲ့တယ်။
“ဘာတွေ
အရူးထနေတာလဲ ပြန်လာခဲ့”
အမေလင်းက
လှမ်းပြောလိုက်တယ်။
“မြည်းလှည်းက
အရမ်းနှေးလွန်းတယ်.. ကျွန်တော်ပြေးသွားလိုက်တော့မယ်”
လင်းချွမ်
ပြောပြီးသွားတာနှင့် မြည်းလှည်းကို နောက်မှာချန်ထားခဲ့ပြီး ပြေးထွက်သွားတော့တယ်..။
သို့သော်လည်း
ဆုဆုကတော့ ထိုနွေးထွေးတဲ့ စစ်အင်္ကျီကို ထိရင်း သူမရဲ့ နှလုံးသားကလည်း
နွေးထွေးလာခဲ့ရတယ် ။ ဒီလူက တကယ်ချစ်ဖို့ကောင်းတာပဲ။ သူက တခြားသူတွေကို
ဂရုစိုက်ပေမယ့် စကားနဲ့တော့တစ်ခွန်းမှ မပြောပေမယ့် သူ့ရဲ့လုပ်ရပ်တွေက တကယ်ကို
နွေးထွေးစေတယ်။
တကယ်လို့ သူမသာ
ပြန်မသွားနိုင်တော့ဘူးဆိုရင် ဒီလိုမျိုးချစ်စရာကောင်းတဲ့အမျိုးသားတစ်ယောက်နဲ့
လက်ထပ်လိုက်တာလည်း မဆိုးဘူးပဲ။
နယ်မြို့လေးဆီသို့
ရောက်တဲ့အချိန်မှာ အမေလင်းက အဝတ်အထည်လက်မှတ်ကိို ကိုင်ဆောင်ပြီး
အဝတ်အထည်တန်းမှာတန်းစီကာ အထည်ဝယ်ဖို့ စောင့်နေလိုက်တယ်။ အမှန်ပဲ။ မင်းအနေနဲ့
အခုခေတ်မှာ တစ်ခုခုဝယ်ချင်တယ်ဆိုရင် တန်းစီရလိမ့်မယ်။
ပြီးတော့မင်းရဲ့အလှည့်ကိုရောက်တဲ့အချိန်မှာ ပစ္စည်းမရှိတော့ဘူးဆိုရင်လည်း
ဝယ်လို့မရနိုင်ဘူး။
လင်းချွမ်က
ကုန်ပစ္စည်းတွေကို တင်နိုင်ဖို့အတွက် တပ်မဟာထံမှမြည်းလှည်းကို ငှားရမ်းထားခဲ့တယ်။
ဆုဆုအနေနဲ့ စောင့်နေရတာကို ပျင်းရိလာတဲ့အတွက် မြို့လေးထဲမှာ
လျှောက်ပတ်ကြည့်နေခဲ့တယ်။
လက်ရှိရောက်နေတဲ့မြို့ကို
ဘုံမြို့လေးလို့သတ်မှတ်ထားကြပြီး တကယ်တမ်းမှာတော့ ရွာကြီးတစ်ရွာလောက်သာ ရှိတယ်။
ထပ်ပေါင်းအနေနဲ့
သမဝါယမ အရောင်းဆိုင်တွေ အပြင်နောက်ထပ် ပန်းပဲဆိုင်တစ်ဆိုင်သာရှိပြီး နောက်ထပ်
စီးပွားရေးလုပ်ငန်းတွေ ရှိမနေဘူး။
ဒီဘုံမြို့ကို
တောင်ရဲ့အစွန်းမှာ တည်ဆောက်ထားပြီး တောင်ပေါ်မှ နှင်းတွေက ကျဆင်းနေပုံက
ပန်းချီကားတစ်ချပ်လိုလှပတဲ့ရှုခင်းကို ဖြစ်နေစေခဲ့တယ်။ သူမမှာဖုန်းပါလာခဲ့ရင်
ဓာတ်ပုံရိုက်လိုက်မိမှာပဲ။
သူမ
လှပတဲ့ရှုခင်းတွေကို စွဲလမ်းစွာ စိုက်ကြည့်နေစဥ်မှာ သူမရဲ့နောက်မှ တစ်စုံတစ်ယောက်က
ရုတ်တရက် လှမ်းပြောလာတယ်။
“သတိထားဦး”
သူမ
လှည့်ကြည့်လိုက်ခါနီးမှာပဲ တစ်စုံတစ်ယောက်ဆီမှာ အဆွဲခံလိုက်ရလေတယ်။
ထို့နောက်မှာတော့ သူမက အလွန်အမင်းပူပြင်းတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရင်ဘတ်ကို
မျက်နှာနဲ့ဖိထားမိထားကြောင်း နားလည်သွားရကာ ထိုသူ့ရဲ့ခန္ဓာကိုယ်အပူချိန်နှင့်
နှလုံးခုန်သံတို့ပါ ခံစားမိလာရတယ်။
တကယ်တမ်းမှာ
သူမအနေနဲ့ အသံကိုကြားရုံနဲ့ မော့ကြည့်စရာမလိုပဲ ဘယ်သူလဲဆိုတာကို
သိနေခဲ့ပြီးသားပေမဲ့ အဆုံးသတ်မှာတော့ သူ့ကို မော့ကြည့်လိုက်မိတုန်းပဲ။
တစ်ဖက်လူကလည်း
သူမကို ငုံ့ကြည့်နေခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေက
ဆုံဆည်းသွားခဲ့ရတယ်။
သူမ
လေထဲကိုလှည့်ပတ်ကြည့်လိုက်ကာ ဘာဖြစ်သွားလဲဆိုတာကို မသိသေးတဲ့အတွက်
ပြန်မေးလိုက်တယ်။
“ဘာဖြစ်သွားလို့လဲ”
ထိုအမျိုးသားရဲ့
နှလုံးခုန်သံတွေက ပုံမှန်အဖြစ်ရှိမနေတော့ဘဲ သူက အလျှင်အမြန် အနောက်ကိုပြန်ဆုတ်ကာ
တည့်မတ်စွာရပ်ပြီးပြောလာတယ်။
“ရေခဲတန်း”
သူမ ပြန်လည်
လွတ်မြောက်သွားချိန်မှာ ဆုဆုပြန်ကြည့်လိုက်တော့ နဂိုတုန်းက သူမရပ်နေခဲ့တဲ့နေရာမှာ
သစ်ကိုင်းပေါ်မှ အေးခဲနေတဲ့ ရေခဲတန်းတစ်ခုက ကျိုးပြီး ပြုတ်ကျနေခဲ့တာကို
မြင်လိုက်ရတယ်။ တကယ်လို့ ထိုရေခဲတန်းက သူမရဲ့ ခေါင်းပေါ်ကို
ပြုတ်ကျလာခဲ့မယ်ဆိုရင်တောင် သွေးထွက်လောက်မှာမဟုတ်ဘူး။
သူမ
တွေးတောနေတုန်းမှာပဲ ထိုအမျိုးသားရဲ့ နားရွက်နားမှ အနီရောင်စီးကြောင်းတစ်ခု
စီးဆင်းလာတာကို မြင်တွေ့လိုက်ရတယ်။
ဆုဆု
သူမရဲ့ခေါင်းမှ ဘန်းခနဲပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသလိုပဲ။
“သွေး သွေးတွေ!”
သို့ပေမယ့်
တစ်ဖက်လူက ဂရုမစိုက်စွာ သုတ်ပြီးပြောလာတယ်။
“အဆင်ပြေပါတယ် ..
လည်ပင်းကို အချွန်နဲ့ခြစ်မိသွားရုံပါပဲ”
သူက
နောက်တစ်ကြိမ် သွေးတွေကိုသုတ်လိုက်ပြီး သူ့ရဲ့လက်ကို နှင်းတွေထဲသို့ ထည့်လိုက်ကာ
ထိုလက်တွေနဲ့ ဒဏ်ရာနေရာသို့ ဖိကပ်လိုက်တယ်။
ဆုဆု
ခေါင်းညိတ်ပြီးပြောလိုက်တယ်။
“ရှင်
ဒီလိုမလုပ်သင့်ဘူးနော်.. တကယ်လို့ ရောဂါပိုးဝင်သွားရင် ဘာလိုလုပ်မလဲ.. ဒဏ်ရာက
နက်လားဆိုတာ ကျွန်မကို ပြကြည့်”
“ဘာမှမဖြစ်ပါဘူး”
“ရှင်ခါးကိုင်းလိုက်..
ရှင်က ဒီလောက်အရပ်ရှည်တာကို အခုလိုရပ်နေရင် ကျွန်မ မမြင်နိုင်ဘူး”
“မလို…”
လင်းချွမ်
ငြင်းချင်သေးပေမဲ့ ဆုဆုက ခြေဖျားတွေကိုထောက်ပြီး သူ့ရဲ့လည်ပင်းကို ဖိချလာတယ်။
လင်းချွမ်
ရွေးချယ်စရာမရှိတော့ပဲ ခါးကိုင်းပြီးထိုင်ချလိုက်ကာ ခေါင်းကိုငုံ့ပေးလိုက်ရတယ်။
ထို့နောက်မှာတော့ မယုံနိုင်လောက်အောင် နူးညံ့ပျော့ပြောင်းတဲ့ လက်လေးတစ်စုံက
သူ့ရဲ့လည်တိုင်နားမှာ သွားလာလှုပ်ရှားနေတာကို သိရှိခံစားလိုက်ရတယ်။
သူ့ရဲ့အသက်ရှုသံတွေက
လေးလံလာခဲ့ပြီး နေရာမှ ချက်ချင်းထွက်ပြေးချင်ပေမယ့် တုံ့ဆိုင်းနေမိပြန်တယ်။
“ဒဏ်ရာကအရမ်းနက်တယ်..
ဒီမြို့ထဲမှာ ဆေးရုံရှိလား.. ကျွန်မ ရှင့်ကို ခေါ်သွားပေးပေးမယ်”
“မလိုပါဘူး
ထလိုက်တော့ .. ငါအဆင်ပြေပါတယ်”
“မဟုတ်ဘူး..
ရှင်ဆရာဝန်နဲ့ပြဖို့လိုတယ်”
ဆုဆု
ထိုအမျိုးသား ထရပ်ပြီး ထွက်ပြေးတာကနေ ကာကွယ်ဖို့အတွက် သူ့ကို တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားကာ ဆေးရုံဆေးခန်းရဲ့အရိပ်အယောင်တွေ ရှိမရှိကို လိုက်ရှာကြည့်နေခဲ့တယ်။
သို့ပေမဲ့ အမျိုးသားအရံဇာတ်ကောင်ရဲ့ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်ကို သူမရဲ့
သေးငယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ ထိန်းထားနိုင်ပါ့မလား?
တစ်ဖက်က
ငြင်းဆန်ပြီး ထရပ်လာတာကြောင့် ဆုဆုတစ်ယောက် ချက်ချင်းပဲအနောက်ကို လန်ကျသွားရတယ်။
လင်းချွမ်လည်း
သူ့ရဲ့လုပ်ရပ်နောင်တရသွားခဲ့ရကာ သူမကို ဖမ်းဖို့ အမြန်လှမ်းဆွဲလိုက်တယ်။ သူ့ရဲ့
လုပ်ရပ်က အလျင်စလိုနိုင်သွားပြီး မထင်မှတ်ထားစွာဖြင့် သူမရဲ့ခါးကို
ပွေ့ဖက်လိုက်ရင် အရှိန်မထိန်းနိုင်စွာ တစ်ပတ်လှည့်ပတ်လိုက်သလို ဖြစ်သွားခဲ့တယ်။
အလွန်သွယ်လျှပြီး
နူးညံ့လွန်းတယ်။ ပြီးတော့ အနံ့က အရမ်းမွှေးလွန်းတယ်။
သူ...
မဟုတ်သေးဘူး။ သူ ဘာတွေ တွေးနေမိတာလဲ?
စုစုလည်း
အနည်းငယ် ကြောင်အမ်းသွားခဲ့ရတယ်။ အမျိုးသားတစ်ယောက်က သူမကို ဒီလိုပုံစံမျိုးနဲ့
ပွေ့ဖက်တာက ဒါပထမဆုံးအကြိမ်ပဲ။ ဒါပေမယ့် သူဘာလို့ အကြာကြီးဖက်ထားရတာလဲ?