14:
အသံဖမ်းဘောပင်
ဆန့်ကျင်ဘက်မှာရှိနေတဲ့လူက
အလွန်လေးနက်ပြီး စိတ်အားထက်သန်ပုံလည်းပေါ်နေကာ သူ့ရဲ့မျက်လုံးတွေကလည်း ပုံမှန်ထက်
အနည်းငယ်ကွာခြားပုံရပြီးမျက်လုံးတွေရဲ့ထောင့်စွန်းမှာ အနည်းငယ်နီရဲနေခဲ့တယ်။
ဘာတွေ
ဖြစ်နေတာလဲ။ ဒီဘက်ခေတ်ကိုရောက်မှ သူမဆီမှာ ဒီလိုမျိုး
အိုင်ဒေါဒရာမာထဲကဇာတ်ဝင်ခန်းလိုမျိုး လာဖြစ်နေရတာလဲ။ အရေးကြီးဆုံးက
သူမရဲ့နှလုံးခုန်သံတွေက ပုံမှန်ထက် နည်းနည်းလောက်ပိုမြန်နေတယ်လို့
ဘာကြောင့်ခံစားမိနေရတာလဲ?
ကံကောင်းထောက်မစွာနဲ့ပဲ
သူမရဲ့ နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ်
သံသယဝင်လာတဲ့အချိန်မှာပဲ လင်းချူအန်းက ရုတ်တရက် သူမကို တွန်းထုတ်လာကာ
အနောက်ကိုပြန်မကြည့်ပဲ လှည့်ထွက်သွားလေတော့တယ်။
သို့ပေမဲ့လည်း
ဆုဆုကတော့ သူမ နားမလည်နိုင်လောက်အောင် ချိုမြိန်ပုံရတဲ့ အချစ်ရဲ့ အမြီးပိုင်းကို
တို့ထိမိလိုက်မိသလိုမျိုး ခံစားလိုက်တယ်။
အဟွတ်။
ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်မက သူ့ကို မကြိုက်သလို သူ့ကို လိုလည်း မလိုချင်ဘူးလေ။
ဘာလို့ သူ့ကိုလိုက်ဖို့ မကြိုးစားနိုင်ရမှာလဲ။
မဟုတ်သေးဘူး။ သူတို့ဆီမှာ
လက်ထပ်ဖို့ ကတိတစ်ခုရှိနေသေးပြီး သူ့ကို ပွင့်ပွင့်လင်းလင်းနဲ့
ပေါ်ပေါ်ထင်ထင်လိုက်ဖို့ဆိုတာက ပြသနာ အနည်းငယ် ရှိနေလိမ့်မယ်။
ဒါမှမဟုတ်
တိတ်တိတ်လေး လိုက်ရင်ရော?
ဒါပေမယ့်
ပထမဆုံးအနေနဲ့ ထိုအမျိုးသားက ဇာတ်လိုက်မကို ကြိုက်နေတာလား
ဆိုတာကိုသိအောင်လုပ်ရဦးမယ်။ တကယ်လို့ သူက ဇာတ်လိုက်မကို အချစ်စစ်နဲ့
ချစ်နေတာဆိုရင်တော့ ဒါကို မေ့လိုက်ကြတာပေါ့။
သူမသည်
ထိုနေရာမှာ ရပ်ကာ အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ရပြီး နောက်ဆုံးမှာတော့
ထိုအမျိုးသားရဲ့စိတ်ကို အရင်သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူမ
ခြေလှမ်းအနည်းငယ်သွားပြီးချိန်မှာပဲ ရင်းနှီးတဲ့ လူနှစ်ယောက်ကို မြင်လိုက်ရတယ်။
သူတို့ကိုကြည့်ရတာ တောင်တွေရှိတဲ့နေရာဆီကို ဦးတည်နေတဲ့ပုံပဲ။ ထိုဘက်မှာ လူတွေ
အတော်လေးနည်းပါးပေမဲ့ စိတ်ကူးယဥ်စရာကောင်းတဲ့ နေရာတော့မဟုတ်ဘူး။
သူမ
သူတို့ရဲ့နောက်မှ တိတ်တဆိတ် လိုက်သွားပြီးနောက် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့တွေ
ဒီနေရာအထိပြေးလာပြီး ဘာတွေပြောချင်နေတာလဲဆိုတာကို နားထောင်ဖို့ရန်အတွက်
ထောင့်အကွယ်တစ်ခုမှာ ထိုင်ချလိုက်တယ်။
မထင်မှတ်ထားစွာနဲ့
ဇာတ်လိုက်မက ဇာတ်လိုက်ဆီမှာ မကျေမနပ်နဲ့ တိုင်တန်းနေတဲ့ စကားတွေကိုကြားလိုက်ရတယ်။
သူမက လင်းမိသားစုကို... အလွန်အမင်း တွက်ချက်တတ်ကြောင်းကို ပြောနေခဲ့တယ်လေ။
“ကျွန်မ
ပြောပြမယ်.. သူတို့မိသားစုက မြို့မှာ ပစ္စည်းလာဝယ်တဲ့အချိန်မှာတောင်
ကျွန်မကိုမခေါ်ခဲ့ကြဘူးလေ.. သူတို့တွေက မင်္ဂလာဦးလက်ဖွဲ့အတွက်လည်း
စောင်အသစ်တစ်ထည်ပဲလုပ်ပေးမယ်တဲ့ အဲဒီတစ်ထည်ထဲမှာ လူနှစ်ယောက်က
ဘယ်လိုများခြုံလို့ရမှာလဲ”
ဇာတ်လိုက်မ
ချင်ယွဲ့ယွဲ့က ငိုယိုပြီး ပြောနေခဲ့တယ်။
ထိုတစ်ထည်တည်းသော
စောင်က နှစ်ယောက်ခြုံစောင်ကြီးဖြစ်ပြီး လူနှစ်ယောက် အတူခြုံဖို့အတွက် ကောင်းစွာ
လုံလောက်တယ်။ ရွာတွေမှာ အများအားဖြင့် တစ်ယောက်ခြုံစောင်တွေနဲ့သာအသုံးများကြပေမဲ့
မြို့ပေါ်မှာဆိုရင်တော့ နှစ်ယောက်ခြုံစောင်တွေကိုသာ အသုံးများကြတယ်။
ဒါကြောင့်ကြောင့် အမေလင်းက ချင်ယွဲ့ယွဲ့က မြို့ပေါ်မှာ နေခဲ့ဖူးတဲ့အပေါ်မှာ
တွေးတောပေခဲ့ကာ တစ်ယောက်တည်းစောင်နဲ့နေသားမကျမှာကိုစိတ်ပူပြီး
နှစ်ယောက်ခြုံစောင်ကြီးကို ဝယ်ပေးဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့စေတနာက
အငြင်းခံလိုက်ရတာလား?
“မငိုပါနဲ့..
ကိုယ် ဒုတိယဦးလေး နဲ့ ဒုတိယအဒေါ်ကို စကားသွားပြောလိုက်မယ်”
လင်းတုံဟဲက
ဇာတ်လိုက်မကို ချော့မော့နေရင်း အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
“ရှင်
ဘာတွေပြောနေတာလဲ .. သူတို့ကို သွားပြောနေစရာ မလိုပါဘူး.. ဒါပေမဲ့ ကျွန်မသာ
ဝင်ခွင့်စာမေးပွဲရဲ့ ရလဒ်ကို ကြည့်ဖို့ မလာခဲ့ဘူးဆိုရင် ဒါတွေကို သိနိုင်မှာ
မဟုတ်ဘူး.. ဒါပေမယ့် အခုမြင်လိုက်ရတော့ တကယ်ကို စိတ်မချမ်းသာမိဘူး”
ဆုဆုတစ်ယောက်
ဘေးနားမှာ ငုတ်တုတ်ထိုင်နေပြီး သူမတစ်ယောက်တည်း အဲဒါကို ကြားရတာ အသုံးမဝင်ဘူးလို့
ခံစားရတယ်။ သူမအနေနဲ့ ပြန်ပြောချင်ရင်တောင် သက်သေတွေမရှိဘူးလေ။ ဒါကြောင့် သူမရဲ့
အင်္ကျီဂျာကတ်အောက်မှာ ထည့်ထားတဲ့ အသံသွင်းဘောပင်ကို ထုတ်လိုက်တယ်။ သူမက
ထိုစကားတွေကို အမှတ်တမဲ့ အသံဖမ်းထားလိုက်မိပေမဲ့ တစ်ချိန်မှာ
အသုံးဝင်လာဖို့ကိုတော့ မျှော်လင့်မထားမိခဲ့ဘူး။
“ဝမ်းမနည်းပါနဲ့”
“ကျွန်မ ဝမ်းမနည်းပါဘူး..
ဒီလက်ထပ်ပွဲက အစကတည်းက ကျွန်မရဲ့မိဘတွေ စီစဥ်ခဲ့မှုကြောင့်သာ ဖြစ်လာရတာလေ..
ရှင်လည်း ရှင့်ဝမ်းကွဲရဲ့ စိတ်နေသဘောထားကို သိထားမှာပါ.. သူက လူတွေကို
အကြိမ်တိုင်းစိုက်ကြည့်ပြီး ကြောက်လန့်အောင်လုပ်နေခဲ့တာ.. နောက်ပြီး
နွားတစ်ကောင်ကိုတောင် လက်သီးတစ်ချက်ထိုးပြီး သတ်ဖြတ်နိုင်တဲ့လူပဲ.. ကျွန်မ
သူ့ကိုကြောက်လွန်းလို့ ကြည့်တောင် မကြည့်ရဲဘူး.. တကယ်လို့ သူနဲ့
လက်ထပ်ပြီးသွားတဲ့အချိန်မှာ သူသာ ကျွန်မကို တစ်ခုခုလုပ်လာခဲ့မယ်ဆိုရင် ကျွန်မ
ဘယ်လိုလုပ်ရတော့မှာလဲ “
“မဟုတ်တာ သူက
ဒီလိုလူမျိုးမဟုတ်ပါဘူး”
“တကယ်လို့ ကျွန်မနဲ့
စေ့စပ်ထားတဲ့သူက ရှင်သာဖြစ်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ”
ဇာတ်လိုက်မက
ရုတ်တရက် ပြောလိုက်ပြီနောက် နှစ်ယောက်လုံး ငြိမ်သက်သွားခဲ့တယ်။
“ကံမကောင်းစွာနဲ့ အဲလိုမဖြစ်ခဲ့ဘူးလေ”
ဇာတ်လိုက်ကလည်း
ပြန်ပြောလာတယ်။ သူတို့ရဲ့စကားတွေထဲမှာ လင်းချူအန်းကသာ မက်ဒရင်းဘဲတွေကို
ရိုက်ခွဲနေတဲ့ လူလိုပဲ။
မင်းပြောချင်တဲ့စကားက
ဘာအဓိပ္ပါယ်လဲ? မင်းရဲ့လက်ထပ်ပွဲကိုဖျက်သိမ်းပြီး မင်းရဲ့အရှေ့ကလူနဲ့သာ
လက်ထပ်ချင်တယ်လို့ပြောချင်တာလား?
သို့ပေမယ့်
ဇာတ်လိုက်က သူ့ရဲ့နောက်ခံနဲ့ပတ်သက်ပြီး ရုန်းကန်နေရတုန်းပဲ။
“ငါ့ဝမ်းကွဲက
တပ်ကြပ်အဆင့်ဖြစ်ပြီး ငါက ဘာမှမဟုတ်တဲ့လူပါ.. ငါက မင်းနဲ့ မထိုက်တန်ပါဘူး”
သူ့ရဲ့လေသံက
တကယ်ကို နာကျင်နေတဲ့ပုံပဲ။
“ဟမ်း ကျွန်မသာ
ကောလိပ်ကို သွားရမယ်ဆိုရင် ဒီနေရာကနေ ထွက်သွားလို့ရနိုင်ပြီး ဒီလိုအရာတွေနဲ့
ချည်နှောင်ထားစရာ မလိုတော့ဘူး”
ဖာ့ခ်!!
အရှက်မဲ့လိုက်တာ!
ကောင်းပြီ။
ကိုယ့်အတွက်ပဲကိုယ်တွေးတဲ့လူတွေအတွက်တော့ ဒါက မမှားပါဘူး။ လူတွေက
တစ်ကိုယ်ကောင်းဆန်တတ်ကြတာပဲလေ။
ရာသီဥတုကအေးစက်လွန်းတာကြောင့် သူမ
ခဏလောက် အသံသွင်းပြီးနောက်မှာ သူမရဲ့ ခြေထောက်တွေ ထုံကျင်လာရပြီး
သူတို့ရဲ့စကားတွေကို ဆက်ပြီးနားထောင်နေရင် စိတ်ဆိုးရလွန်းလို့
ရူးသွပ်မှာကိုတောင် စိုးရိမ်လာရတဲ့အတွက် ဆက်ပြီး နားမထောင်တော့ဘူး။ သူမ
ထရပ်ပြီး တိတ်တဆိတ် ပြန်ထွက်ခွာလာခဲ့ကာ မီတာအနည်းငယ်လောက်အဝေးမှာ
သူမကိုလိုက်ရှာနေဟန်ရှိတဲ့ လင်းချူအန်းဆီကို ပြေးသွားလိုက်တယ်။
သို့ပေမယ့်
တစ်ဖက်လူက စကားမပြောဘဲ မေးကိုဆတ်ပြီး ညွှန်ပြလာကာ တစ်ဖက်ကို လှည့်ထွက်သွားတယ်။
ထို့နောက်
အပြန်လမ်းတစ်လျှောက်မှာ ထိုအမျိုးသားက သူမကို ရှောင်တိမ်းနေတယ်လို့ ခံစားနေရတယ်။
အတော်ဝေးဝေးကိုရှောင်တိမ်းနေတာဖြစ်ပြီး ရွာကိုပြန်တဲ့တစ်တစ်လျှောက်မှာလည်း
ပြေးသွားခဲ့ပြန်တယ်။
“... “
ဒါက
ပွေ့ဖက်လိုက်မိရုံပဲ မဟုတ်ဘူးလား။ သူက ဖြူစင်ရိုးသားလွန်းသလို
လုပ်ပြချင်နေတာလား?
မူလတုန်းက သူမက
မိန်းကလေးတစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားနေခဲ့ပေမဲ့ လင်ချူအန်းရဲ့ အလွန်အမင်း
ရှက်ရွံ့နေတဲ့ အမူအယာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ ဖြူစင်ရိုးသားတဲ့
ကောင်ငယ်လေးတွေကို စနောက်ကျီစယ်လိုတဲ့ နှာဘူးအန်တီကြီးတွေရဲ့ စိတ်မျိုး
ချက်ချင်းပဲ ဝင်လာခဲ့ကာ သူ့ကိုစနောက်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရတယ်။
ညဘက်ကိုရောက်တော့ အမေလင်းက
အိမ်ထဲမှာ စောင်အတွက် ချုပ်နေခဲ့တယ်။ ဆုဆု လင်းချူအန်းကို မီးဖိုဘေးမှာ
မီးထည့်နေတာကို တွေ့လိုက်ရတော့ သူ့အနားမှာ ရုတ်တရက်ဝင်ထိုင်လိုက်တယ်။
“အစ်ကိုချူအန်း
ကျွန်မရှင့်ကို တစ်ခုမေးချင်လို့....”
လင်းချူအန်း
ချက်ချင်းပဲ ထထွက်သွားခဲ့တယ်။
ပြေးတာကတော့
တကယ်ကိုမြန်တာပဲ။
ထွက်ပါတော့ ။
ခေါင်းပဲလျှော်လိုက်တော့မယ်။
သူမ ရေကို
ကိုယ်တိုင်ကြိုလိုက်ပြီး မီးဖိုခန်းထဲမှာပဲ ရေကို ရောစပ်ကာ
ခေါင်းလျှော်လိုက်တယ်။
အခန်းထဲမှာ
သူမတစ်ယောက်ပဲရှိနေတာကြောင့် ဆုဆုတစ်ယောက် သူမဝတ်ဆင်ထားတဲ့ တစ်ထည်တည်းသော
ရှည်အင်္ကျီရဲ့ကော်လန်ကို ဆွဲချထားလိုက်တယ်။
လင်းမိသားစုထဲမှာ
အမျိုးသားတွေ အများကြီးရှိနေပေမဲ့ အဖေလင်းနဲ့
နောက်ထပ်သားတွေက အနောက်ဘက်ခြံမှာပဲ ရှိနေကြသေးကာ လက်ရှိမှာ အိမ်ထဲမှာ
သူတို့သုံးယောက်သာရှိနေခဲ့တယ်။
ဒီလိုနဲ့
လင်းချူအန်း ထင်းစည်းတွေနဲ့ပြန်လာတဲ့အချိန်မှာ သူမရဲ့
နှင်းလိုဖြူဖွေးတဲ့လည်တိုင်ကို တွေ့မြင်လိုက်ရတယ်။ သူမရဲ့လည်တိုင်မှာ
ငွေရောင်ကြိုးမျှင်လေးကိုလည်း ဆွဲထားခဲ့တယ်။ သို့ပေမယ့် သူမရဲ့လည်တိုင်က
ထိုဆွဲပြိုးထက်ပိုပြီး ဖြူဖွေးနေပုံရပြီး ထိုလည်တိုင်က အလွန်ပဲ
သွယ်လျနေခဲ့တယ်။
သူ့ရဲ့ခြေလှမ်းတွေကို
ရုတ်တရက် ရပ်တန့်လိုက်မိပြီး ထင်းကို ပစ်ချကာ ချက်ချင်းပဲ
နောက်ပြန်လှည့်လိုက်မိတယ်။
“အစ်ကိုချူအန်း
ကျွန်မကို မျက်နှာသုတ်ပုဝါလေး တဆိတ်လောက်လှမ်းယူပေးပါဦး”
ဘန်း!
ဆုဆု
သူမရဲ့ခေါင်းကို မော့ကြည့်လိုက်ချိန်မှာ လင်းချူအန်းက အပြင်ပြန်ထွက်သွားချင်ပေမဲ့
သူ့ရဲ့ခြေလှမ်းတွေက အလွန်လျှင်မြန်လွန်းတာကြောင့် တံခါးဘောင်ကို
ဝင်တိုက်မိသွားတာဖြစ်ကြောင်း မြင်လိုက်ရတယ်။
သူမ
အသံကြားရုံနဲ့တင် သူ့ရဲ့ နာကျင်မှုကို ခံစားလိုက်မိပေမဲ့
မျက်စိတစ်မှိတ်အတွင်းမှာပဲ ခြေသံတွေကိုကြားလိုက်ရတယ်။ လင်းမိသားစုရဲ့
ကောင်လေးသုံးယောက် ပြန်ရောက်လာတာ ဖြစ်နိုင်လောက်လား။
သူမ
မျက်နှာသုတ်ပုဝါ ကိုယ်တိုင်ထယူလိုက်ရပြီးနောက် လင်းချူအန်းရဲ့အသံကို
ကြားလိုက်ရတယ်။
“ရပ်လိုက်ကြ
အိမ်ထဲကို မ၀င်နဲ့ဦး”
“ဘာလို့လဲ
အပြင်မှာ အရမ်းအေးနေတာလေ”
“ဝင်ရဲရင်
မင်းရဲ့ခြေထောက်တွေကို ချိုးပစ်မယ် အခု အိမ်ကိုပတ်ပြေးလိုက်”
“ဘာလဲ”
“ပြေး”
“အကိုကြီး”
“မပြေးရင်
မင်းတို့ရဲ့ခြေထောက်တွေ ရိုက်ချိုးပစ်မယ်”
သူတို့ရဲ့
တိုးတိုးကြိတ်ကြိတ်အသံတွေ ရပ်တန့်သွားခဲ့ပြီး လင်းမိသားစုရဲ့
ကောင်လေးသုံးယောက်အဖွဲ့က အမှန်တကယ်ပတ်ပြေးနေကြပုံရတယ်။
“အစ်ကိုကြီး
မင်းကရော ဘာလို့ ပြေးနေရတာလဲ”
“လေ့ကျင့်ခန်းအတွက်”
ဖူး!
ဆုဆု
အော်ရယ်လိုက်မိတယ်။ ဒီလင်းချူအန်းက ဘာလို့ ဒီလောက်တောင် ရယ်စရာကောင်းရတာလဲ။
သူ့ဆီမှာ ဒီလို ဘက်ခြမ်းလည်း ရှိနေတာပဲလား။
သူမ
ပစ္စည်းတွေကို ပြန်သိမ်းလိုက်ပြီး အဝတ်အစားကို ပြန်လည်ပြင်ဆင်လိုက်တယ်။
ဒီဘက်ခေတ်မှာ အမျိုးသားနဲ့ အမျိုးသမီးကြား ဆက်ဆံရေးက သူမထင်ထားတာထက်ပိုပြီး
ရှေးရိုးဆန်တဲ့ပုံပဲ။ လင်းချူအန်းကို ကြည့်ရင် သိနိုင်လိမ့်မယ်။
မဟုတ်သေးဘူး။
ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ကြားထဲက အချစ်စကားတွေပြောနေတဲ့အချိန်မှာတော့ သိပ်ပြီး
ရှေးရိုးမဆန်ဘူးပဲ။ သူတို့နှစ်ယောက်ကပဲ သီးသန့်ကွဲထွက်နေတာလား။
သို့ပေမဲ့
ဆုဆုကတော့ ဒီအရံဇာတ်ကောင်နဲ့ ဆက်သွယ်ဖို့က
အတော်လေးခက်ခဲနေတယ်လို့ ခံစားလာရတယ်။ သူမ သူ့အနားကိုရောက်လာတာနဲ့
အကြောင်းပြချက်မရှိဘဲ ယုန်တစ်ကောင်လို ထွက်ပြေးသွားတတ်တယ်လေ။ ထိုအပြုအမူတွေက သူ
ဇာတ်လိုက်မကိုကြိုက်နေတာများလားလို့ ဆုဆုကို တွေးမိစေပြီး သူမနေးချင်တဲ့မေးခွန်းကလည်း စာတတ်မြောက်ရေး
အတန်းမစခင်အထိ နှောင့်နှေးစေခဲ့တယ်။
14:
အသံဖမ်းဘောပင်
ဆန့်ကျင်ဘက်မှာရှိနေတဲ့လူက
အလွန်လေးနက်ပြီး စိတ်အားထက်သန်ပုံလည်းပေါ်နေကာ သူ့ရဲ့မျက်လုံးတွေကလည်း ပုံမှန်ထက်
အနည်းငယ်ကွာခြားပုံရပြီးမျက်လုံးတွေရဲ့ထောင့်စွန်းမှာ အနည်းငယ်နီရဲနေခဲ့တယ်။
ဘာတွေ
ဖြစ်နေတာလဲ။ ဒီဘက်ခေတ်ကိုရောက်မှ သူမဆီမှာ ဒီလိုမျိုး
အိုင်ဒေါဒရာမာထဲကဇာတ်ဝင်ခန်းလိုမျိုး လာဖြစ်နေရတာလဲ။ အရေးကြီးဆုံးက
သူမရဲ့နှလုံးခုန်သံတွေက ပုံမှန်ထက် နည်းနည်းလောက်ပိုမြန်နေတယ်လို့
ဘာကြောင့်ခံစားမိနေရတာလဲ?
ကံကောင်းထောက်မစွာနဲ့ပဲ
သူမရဲ့ နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ်
သံသယဝင်လာတဲ့အချိန်မှာပဲ လင်းချူအန်းက ရုတ်တရက် သူမကို တွန်းထုတ်လာကာ
အနောက်ကိုပြန်မကြည့်ပဲ လှည့်ထွက်သွားလေတော့တယ်။
သို့ပေမဲ့လည်း
ဆုဆုကတော့ သူမ နားမလည်နိုင်လောက်အောင် ချိုမြိန်ပုံရတဲ့ အချစ်ရဲ့ အမြီးပိုင်းကို
တို့ထိမိလိုက်မိသလိုမျိုး ခံစားလိုက်တယ်။
အဟွတ်။
ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်မက သူ့ကို မကြိုက်သလို သူ့ကို လိုလည်း မလိုချင်ဘူးလေ။
ဘာလို့ သူ့ကိုလိုက်ဖို့ မကြိုးစားနိုင်ရမှာလဲ။
မဟုတ်သေးဘူး။ သူတို့ဆီမှာ
လက်ထပ်ဖို့ ကတိတစ်ခုရှိနေသေးပြီး သူ့ကို ပွင့်ပွင့်လင်းလင်းနဲ့
ပေါ်ပေါ်ထင်ထင်လိုက်ဖို့ဆိုတာက ပြသနာ အနည်းငယ် ရှိနေလိမ့်မယ်။
ဒါမှမဟုတ်
တိတ်တိတ်လေး လိုက်ရင်ရော?
ဒါပေမယ့်
ပထမဆုံးအနေနဲ့ ထိုအမျိုးသားက ဇာတ်လိုက်မကို ကြိုက်နေတာလား
ဆိုတာကိုသိအောင်လုပ်ရဦးမယ်။ တကယ်လို့ သူက ဇာတ်လိုက်မကို အချစ်စစ်နဲ့
ချစ်နေတာဆိုရင်တော့ ဒါကို မေ့လိုက်ကြတာပေါ့။
သူမသည်
ထိုနေရာမှာ ရပ်ကာ အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ရပြီး နောက်ဆုံးမှာတော့
ထိုအမျိုးသားရဲ့စိတ်ကို အရင်သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူမ
ခြေလှမ်းအနည်းငယ်သွားပြီးချိန်မှာပဲ ရင်းနှီးတဲ့ လူနှစ်ယောက်ကို မြင်လိုက်ရတယ်။
သူတို့ကိုကြည့်ရတာ တောင်တွေရှိတဲ့နေရာဆီကို ဦးတည်နေတဲ့ပုံပဲ။ ထိုဘက်မှာ လူတွေ
အတော်လေးနည်းပါးပေမဲ့ စိတ်ကူးယဉ်စရာကောင်းတဲ့ နေရာတော့မဟုတ်ဘူး။
သူမ
သူတို့ရဲ့နောက်မှ တိတ်တဆိတ် လိုက်သွားပြီးနောက် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့တွေ
ဒီနေရာအထိပြေးလာပြီး ဘာတွေပြောချင်နေတာလဲဆိုတာကို နားထောင်ဖို့ရန်အတွက်
ထောင့်အကွယ်တစ်ခုမှာ ထိုင်ချလိုက်တယ်။
မထင်မှတ်ထားစွာနဲ့
ဇာတ်လိုက်မက ဇာတ်လိုက်ဆီမှာ မကျေမနပ်နဲ့ တိုင်တန်းနေတဲ့ စကားတွေကိုကြားလိုက်ရတယ်။
သူမက လင်းမိသားစုကို... အလွန်အမင်း တွက်ချက်တတ်ကြောင်းကို ပြောနေခဲ့တယ်လေ။
“ကျွန်မ
ပြောပြမယ်.. သူတို့မိသားစုက မြို့မှာ ပစ္စည်းလာဝယ်တဲ့အချိန်မှာတောင်
ကျွန်မကိုမခေါ်ခဲ့ကြဘူးလေ.. သူတို့တွေက မင်္ဂလာဦးလက်ဖွဲ့အတွက်လည်း
စောင်အသစ်တစ်ထည်ပဲလုပ်ပေးမယ်တဲ့ အဲဒီတစ်ထည်ထဲမှာ လူနှစ်ယောက်က
ဘယ်လိုများခြုံလို့ရမှာလဲ”
ဇာတ်လိုက်မ
ချင်ယွဲ့ယွဲ့က ငိုယိုပြီး ပြောနေခဲ့တယ်။
ထိုတစ်ထည်တည်းသော
စောင်က နှစ်ယောက်ခြုံစောင်ကြီးဖြစ်ပြီး လူနှစ်ယောက် အတူခြုံဖို့အတွက် ကောင်းစွာ
လုံလောက်တယ်။ ရွာတွေမှာ အများအားဖြင့် တစ်ယောက်ခြုံစောင်တွေနဲ့သာအသုံးများကြပေမဲ့
မြို့ပေါ်မှာဆိုရင်တော့ နှစ်ယောက်ခြုံစောင်တွေကိုသာ အသုံးများကြတယ်။
ဒါကြောင့်ကြောင့် အမေလင်းက ချင်ယွဲ့ယွဲ့က မြို့ပေါ်မှာ နေခဲ့ဖူးတဲ့အပေါ်မှာ
တွေးတောပေခဲ့ကာ တစ်ယောက်တည်းစောင်နဲ့နေသားမကျမှာကိုစိတ်ပူပြီး
နှစ်ယောက်ခြုံစောင်ကြီးကို ဝယ်ပေးဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့စေတနာက
အငြင်းခံလိုက်ရတာလား?
“မငိုပါနဲ့..
ကိုယ် ဒုတိယဦးလေး နဲ့ ဒုတိယအဒေါ်ကို စကားသွားပြောလိုက်မယ်”
လင်းတုံဟဲက
ဇာတ်လိုက်မကို ချော့မော့နေရင်း အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
“ရှင်
ဘာတွေပြောနေတာလဲ .. သူတို့ကို သွားပြောနေစရာ မလိုပါဘူး.. ဒါပေမဲ့ ကျွန်မသာ
ဝင်ခွင့်စာမေးပွဲရဲ့ ရလဒ်ကို ကြည့်ဖို့ မလာခဲ့ဘူးဆိုရင် ဒါတွေကို သိနိုင်မှာ
မဟုတ်ဘူး.. ဒါပေမယ့် အခုမြင်လိုက်ရတော့ တကယ်ကို စိတ်မချမ်းသာမိဘူး”
ဆုဆုတစ်ယောက်
ဘေးနားမှာ ငုတ်တုတ်ထိုင်နေပြီး သူမတစ်ယောက်တည်း အဲဒါကို ကြားရတာ အသုံးမဝင်ဘူးလို့
ခံစားရတယ်။ သူမအနေနဲ့ ပြန်ပြောချင်ရင်တောင် သက်သေတွေမရှိဘူးလေ။ ဒါကြောင့် သူမရဲ့
အင်္ကျီဂျာကတ်အောက်မှာ ထည့်ထားတဲ့ အသံသွင်းဘောပင်ကို ထုတ်လိုက်တယ်။ သူမက
ထိုစကားတွေကို အမှတ်တမဲ့ အသံဖမ်းထားလိုက်မိပေမဲ့ တစ်ချိန်မှာ
အသုံးဝင်လာဖို့ကိုတော့ မျှော်လင့်မထားမိခဲ့ဘူး။
“ဝမ်းမနည်းပါနဲ့”
“ကျွန်မ ဝမ်းမနည်းပါဘူး..
ဒီလက်ထပ်ပွဲက အစကတည်းက ကျွန်မရဲ့မိဘတွေ စီစဉ်ခဲ့မှုကြောင့်သာ ဖြစ်လာရတာလေ..
ရှင်လည်း ရှင့်ဝမ်းကွဲရဲ့ စိတ်နေသဘောထားကို သိထားမှာပါ.. သူက လူတွေကို
အကြိမ်တိုင်းစိုက်ကြည့်ပြီး ကြောက်လန့်အောင်လုပ်နေခဲ့တာ.. နောက်ပြီး
နွားတစ်ကောင်ကိုတောင် လက်သီးတစ်ချက်ထိုးပြီး သတ်ဖြတ်နိုင်တဲ့လူပဲ.. ကျွန်မ
သူ့ကိုကြောက်လွန်းလို့ ကြည့်တောင် မကြည့်ရဲဘူး.. တကယ်လို့ သူနဲ့
လက်ထပ်ပြီးသွားတဲ့အချိန်မှာ သူသာ ကျွန်မကို တစ်ခုခုလုပ်လာခဲ့မယ်ဆိုရင် ကျွန်မ
ဘယ်လိုလုပ်ရတော့မှာလဲ “
“မဟုတ်တာ သူက
ဒီလိုလူမျိုးမဟုတ်ပါဘူး”
“တကယ်လို့ ကျွန်မနဲ့
စေ့စပ်ထားတဲ့သူက ရှင်သာဖြစ်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ”
ဇာတ်လိုက်မက
ရုတ်တရက် ပြောလိုက်ပြီနောက် နှစ်ယောက်လုံး ငြိမ်သက်သွားခဲ့တယ်။
“ကံမကောင်းစွာနဲ့ အဲလိုမဖြစ်ခဲ့ဘူးလေ”
ဇာတ်လိုက်ကလည်း
ပြန်ပြောလာတယ်။ သူတို့ရဲ့စကားတွေထဲမှာ လင်းချူအန်းကသာ မက်ဒရင်းဘဲတွေကို
ရိုက်ခွဲနေတဲ့ လူလိုပဲ။
မင်းပြောချင်တဲ့စကားက
ဘာအဓိပ္ပါယ်လဲ? မင်းရဲ့လက်ထပ်ပွဲကိုဖျက်သိမ်းပြီး မင်းရဲ့အရှေ့ကလူနဲ့သာ
လက်ထပ်ချင်တယ်လို့ပြောချင်တာလား?
သို့ပေမယ့်
ဇာတ်လိုက်က သူ့ရဲ့နောက်ခံနဲ့ပတ်သက်ပြီး ရုန်းကန်နေရတုန်းပဲ။
“ငါ့ဝမ်းကွဲက
တပ်ကြပ်အဆင့်ဖြစ်ပြီး ငါက ဘာမှမဟုတ်တဲ့လူပါ.. ငါက မင်းနဲ့ မထိုက်တန်ပါဘူး”
သူ့ရဲ့လေသံက
တကယ်ကို နာကျင်နေတဲ့ပုံပဲ။
“ဟမ်း ကျွန်မသာ
ကောလိပ်ကို သွားရမယ်ဆိုရင် ဒီနေရာကနေ ထွက်သွားလို့ရနိုင်ပြီး ဒီလိုအရာတွေနဲ့
ချည်နှောင်ထားစရာ မလိုတော့ဘူး”
ဖာ့ခ်!!
အရှက်မဲ့လိုက်တာ!
ကောင်းပြီ။
ကိုယ့်အတွက်ပဲကိုယ်တွေးတဲ့လူတွေအတွက်တော့ ဒါက မမှားပါဘူး။ လူတွေက
တစ်ကိုယ်ကောင်းဆန်တတ်ကြတာပဲလေ။
ရာသီဥတုကအေးစက်လွန်းတာကြောင့် သူမ
ခဏလောက် အသံသွင်းပြီးနောက်မှာ သူမရဲ့ ခြေထောက်တွေ ထုံကျင်လာရပြီး
သူတို့ရဲ့စကားတွေကို ဆက်ပြီးနားထောင်နေရင် စိတ်ဆိုးရလွန်းလို့
ရူးသွပ်မှာကိုတောင် စိုးရိမ်လာရတဲ့အတွက် ဆက်ပြီး နားမထောင်တော့ဘူး။ သူမ
ထရပ်ပြီး တိတ်တဆိတ် ပြန်ထွက်ခွာလာခဲ့ကာ မီတာအနည်းငယ်လောက်အဝေးမှာ
သူမကိုလိုက်ရှာနေဟန်ရှိတဲ့ လင်းချူအန်းဆီကို ပြေးသွားလိုက်တယ်။
သို့ပေမယ့်
တစ်ဖက်လူက စကားမပြောဘဲ မေးကိုဆတ်ပြီး ညွှန်ပြလာကာ တစ်ဖက်ကို လှည့်ထွက်သွားတယ်။
ထို့နောက်
အပြန်လမ်းတစ်လျှောက်မှာ ထိုအမျိုးသားက သူမကို ရှောင်တိမ်းနေတယ်လို့ ခံစားနေရတယ်။
အတော်ဝေးဝေးကိုရှောင်တိမ်းနေတာဖြစ်ပြီး ရွာကိုပြန်တဲ့တစ်တစ်လျှောက်မှာလည်း
ပြေးသွားခဲ့ပြန်တယ်။
“... “
ဒါက
ပွေ့ဖက်လိုက်မိရုံပဲ မဟုတ်ဘူးလား။ သူက ဖြူစင်ရိုးသားလွန်းသလို
လုပ်ပြချင်နေတာလား?
မူလတုန်းက သူမက
မိန်းကလေးတစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားနေခဲ့ပေမဲ့ လင်ချူအန်းရဲ့ အလွန်အမင်း
ရှက်ရွံ့နေတဲ့ အမူအယာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ ဖြူစင်ရိုးသားတဲ့
ကောင်ငယ်လေးတွေကို စနောက်ကျီစယ်လိုတဲ့ နှာဘူးအန်တီကြီးတွေရဲ့ စိတ်မျိုး
ချက်ချင်းပဲ ဝင်လာခဲ့ကာ သူ့ကိုစနောက်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရတယ်။
ညဘက်ကိုရောက်တော့ အမေလင်းက
အိမ်ထဲမှာ စောင်အတွက် ချုပ်နေခဲ့တယ်။ ဆုဆု လင်းချူအန်းကို မီးဖိုဘေးမှာ
မီးထည့်နေတာကို တွေ့လိုက်ရတော့ သူ့အနားမှာ ရုတ်တရက်ဝင်ထိုင်လိုက်တယ်။
“အစ်ကိုချူအန်း
ကျွန်မရှင့်ကို တစ်ခုမေးချင်လို့....”
လင်းချူအန်း
ချက်ချင်းပဲ ထထွက်သွားခဲ့တယ်။
ပြေးတာကတော့
တကယ်ကိုမြန်တာပဲ။
ထွက်ပါတော့ ။
ခေါင်းပဲလျှော်လိုက်တော့မယ်။
သူမ ရေကို
ကိုယ်တိုင်ကြိုလိုက်ပြီး မီးဖိုခန်းထဲမှာပဲ ရေကို ရောစပ်ကာ
ခေါင်းလျှော်လိုက်တယ်။
အခန်းထဲမှာ
သူမတစ်ယောက်ပဲရှိနေတာကြောင့် ဆုဆုတစ်ယောက် သူမဝတ်ဆင်ထားတဲ့ တစ်ထည်တည်းသော
ရှည်အင်္ကျီရဲ့ကော်လန်ကို ဆွဲချထားလိုက်တယ်။
လင်းမိသားစုထဲမှာ
အမျိုးသားတွေ အများကြီးရှိနေပေမဲ့ အဖေလင်းနဲ့
နောက်ထပ်သားတွေက အနောက်ဘက်ခြံမှာပဲ ရှိနေကြသေးကာ လက်ရှိမှာ အိမ်ထဲမှာ
သူတို့သုံးယောက်သာရှိနေခဲ့တယ်။
ဒီလိုနဲ့
လင်းချူအန်း ထင်းစည်းတွေနဲ့ပြန်လာတဲ့အချိန်မှာ သူမရဲ့
နှင်းလိုဖြူဖွေးတဲ့လည်တိုင်ကို တွေ့မြင်လိုက်ရတယ်။ သူမရဲ့လည်တိုင်မှာ
ငွေရောင်ကြိုးမျှင်လေးကိုလည်း ဆွဲထားခဲ့တယ်။ သို့ပေမယ့် သူမရဲ့လည်တိုင်က
ထိုဆွဲပြိုးထက်ပိုပြီး ဖြူဖွေးနေပုံရပြီး ထိုလည်တိုင်က အလွန်ပဲ
သွယ်လျနေခဲ့တယ်။
သူ့ရဲ့ခြေလှမ်းတွေကို
ရုတ်တရက် ရပ်တန့်လိုက်မိပြီး ထင်းကို ပစ်ချကာ ချက်ချင်းပဲ
နောက်ပြန်လှည့်လိုက်မိတယ်။
“အစ်ကိုချူအန်း
ကျွန်မကို မျက်နှာသုတ်ပုဝါလေး တဆိတ်လောက်လှမ်းယူပေးပါဦး”
ဘန်း!
ဆုဆု
သူမရဲ့ခေါင်းကို မော့ကြည့်လိုက်ချိန်မှာ လင်းချူအန်းက အပြင်ပြန်ထွက်သွားချင်ပေမဲ့
သူ့ရဲ့ခြေလှမ်းတွေက အလွန်လျှင်မြန်လွန်းတာကြောင့် တံခါးဘောင်ကို
ဝင်တိုက်မိသွားတာဖြစ်ကြောင်း မြင်လိုက်ရတယ်။
သူမ
အသံကြားရုံနဲ့တင် သူ့ရဲ့ နာကျင်မှုကို ခံစားလိုက်မိပေမဲ့
မျက်စိတစ်မှိတ်အတွင်းမှာပဲ ခြေသံတွေကိုကြားလိုက်ရတယ်။ လင်းမိသားစုရဲ့
ကောင်လေးသုံးယောက် ပြန်ရောက်လာတာ ဖြစ်နိုင်လောက်လား။
သူမ
မျက်နှာသုတ်ပုဝါ ကိုယ်တိုင်ထယူလိုက်ရပြီးနောက် လင်းချူအန်းရဲ့အသံကို
ကြားလိုက်ရတယ်။
“ရပ်လိုက်ကြ
အိမ်ထဲကို မဝင်နဲ့ဦး”