15:
လူသုံးယောက်တည်းပဲ
ဒီဘက်ခေတ်ကာလမှာ
သင်ကြားရေးအတွက် ခေတ်သစ်ကာလတွေမှာလိုမျိုး ပြဋ္ဌာန်းစာအုပ်တွေနဲ့
မသင်ကြားနိုင်သေးဘဲ အကိုးအကားတွေဖြင့်သာ သင်ကြားနိုင်သေးတယ်။ ကံကောင်းစွာနဲ့
သူမရဲ့မှော်ဆန်တဲ့ ကျောပိုးအိတ်ကြီးထဲမှာ စာအုပ်တစ်အုပ်ရှိနေခဲ့တယ်လေ။
သူမ ထိုစာအုပ်ကို
ထုတ်ယူလိုက်ပြီး အလွတ်ကျက်မှတ်ဖို့ပြင်ဆင်ကာ ပထမဆုံးသင်ခန်းစာအတွက် လွယ်ကူသော
စကားလုံးအချို့ကို သင်ပေးဖို့ ရွေးချယ်လိုက်တယ်။
လင်းချူအန်းက
ဒီနေ့မှာတော့ ဆုဆုကို ထပ်ပြီး ရှောင်ပုန်းမနေနိုင်ခဲ့တော့ဘူး။ သူ့အနေနဲ့ ဆုဆုကို
တပ်မဟာဆီသို့ လိုက်ပို့ပေးရလိမ့်မယ်။
ဒါက အမေလင်းက
သူ့ကိုပေးလာတဲ့တာဝန်ဖြစ်ပြီး သူ့အနေနဲ့ငြင်းဆန်ခြင်းမလုပ်ရဲဘူး။ သူသာ
လက်မခံခဲ့ဘူးဆိုရင် အမေတစ်ယောက်ရဲ့ဆုံးမစကားတွေက အတော်လေး
ကြောက်စရာကောင်းလွန်းတယ်လေ။
တစ်ခါတစ်ရံမှာ
လင်းချူအန်းက အမေလင်းဆီက မွေးထားတာ အမှန်တကယ်ရောဟုတ်ရဲ့လားဆိုပြီး ဆုဆု
သံသယဝင်မိတယ်။ တစ်ဖက်လူက မတုံ့မလှုပ်ဖြစ်နေပေမဲ့ အမေလင်းကတော့
ရိုက်တော့မယ်လို့ပြောရင် ရိုက်ကိုရိုက်လိမ့်မယ်။ ဒါပေါ့။ သူမက အမှန်တကယ်
ပြင်းထန်အောင်တော့ ရိုက်နှက်ခြင်းမရှိပါဘူး။
သူတို့နှစ်ယောက်
လမ်းလျှောက်လာရင်းနဲ့ ဆုဆုက ရုတ်တရက် ထမေးလိုက်တယ်။
“အစ်ကိုချူအန်း
ကျွန်မ တကယ်မေးချင်လို့ ရှင် ချင်ယွဲ့ယွဲ့ကို ကြိုက်လား”
တစ်ဖက်လူရဲ့
ခြေလှမ်းတွေက ရပ်တန့်သွားခဲ့ပြီး ရှေ့ကို ဆက်လျှောက်သွားခဲ့ပြန်တယ်။
“ရှင် ကြိုက်လား
မကြိုက်ဘူးလား?”
“ဒါကိုမေးတော့
ဘာတွေများအသုံးဝင်မှာလဲ မင်းရဲ့အတန်းကိုပဲ ကောင်းကောင်းသင်လိုက်ပါ”
“သေချာပေါက်
အသုံးဝင်တာပေါ့”
သူသာသူမကို
မကြိုက်ဘူးဆိုရင် သူမအတွက် အခွင့်အရေးရှိနိုင်တယ်လေ။
ဒါပေမယ့်
တစ်ဖက်လူက ပြန်မဖြေလာခဲ့ဘူး။ သူက သူမကို တပ်မဟာဆီသို့ ပို့ပြီးသွားတာနဲ့
အပြင်မှာရပ်ပြီး ဆေးလိပ်သောက်နေခဲ့တယ်။
ဆေးလိပ်သောက်ရတာက
အဲလောက်တောင်ကောင်းလို့လား?
ဆုဆု သူ့ကို
စိုက်ကြည့်ပြီးအထဲကိုဝင်သွားလိုက်တယ်။ အခန်းထဲမှာတော့ စားပွဲတွေနှင့် ထိုင်ခုံ
အနည်းငယ်မျှသာ ရှိနေသေးပြီး လူတွေကတော့ ဘယ်သူမှ မရှိသေးဘူး။
တပ်ဆင်ထားတဲ့
ကျောက်သင်ပုန်း အပိုင်းက အက်ကွဲနေပြီး မြေဖြူခဲ အပိုင်းအစကလည်း အနည်းငယ်သာ
ရှိနေတယ်။ ကြည့်ရတာ တကယ်ကို ခက်ခဲမဲ့ပုံပဲ။
သူမ ထိုင်ပြီး
စောင့်ဆိုင်းနေခဲ့ကာ ထမင်းစားပြီးတဲ့အချိန်ကျရင်တော့ လူတိုင်း ရောက်လာလောက်တယ်လို့
ထင်ခဲ့တယ်။ သို့ပေမဲ့ သူမ စောင့်ပြီးရင်း စောင့်နေခဲ့တာတောင် ဘယ်သူမှ
ရောက်မလာပဲနေလိမ့်မယ်လို့တော့ ဘယ်သူက သိနိုင်ခဲ့မှာလဲ။ သူမ
စားပွဲပေါ်မှာခေါင်းတင်ပြီး စိတ်ဓာတ်ကျနေမိတယ်။ သူမအနေနဲ့ လူတွေကို
တစ်ယောက်ပြီးတစ်ယောက် လိုက်ခေါ်ရင်ကောင်းမလား?
သို့ပေမဲ့
လင်းချူအန်းက ဒီကိစ္စအတွက် အရမ်းကို စိတ်မသက်မသာ ခံစားနေရတယ်။
ဒီကောင်မလေးက
တခြားသူတွေကို စာသင်ပေးဖို့ မိုင်ပေါင်းထောင်ချီအောင် ခရီးထွက်လာခဲ့ရပေမယ့်
ဘယ်သူကမှ မလာခဲ့ကြဘူး။ ဒါက ရွာသားတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်လိမ့်မယ်။
ဖြစ်နိုင်တာက
နောက်ဆုံးတစ်ကြိမ်တုန်းက သူမ ထိုဆိုးသွန်းတဲ့လူတွေရဲ့အလိုကို မလိုက်ခဲ့ပဲ
အပြစ်ပြုမိတဲ့အတွက် သူတို့က ပစ်မှတ်ထားခဲ့တာဖြစ်လိမ့်မယ်။
သူ ဆေးလိပ်ကို
ပစ်ချလိုက်ပြီး မည်းမှောင်နေတဲ့ မျက်နှာနဲ့ ရွာဘက်သို့ ပြန်သွားခဲ့တယ်။
လင်းတုံဟဲက
သူနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရတာကြောင့် ထူးဆန်းသွားရပြီး မေးလိုက်တယ်။
“အစ်ကို မင်း
ဘယ်ကိုသွားမလို့လဲ”
“တစ်ယောက်ယောက်ကို
သွားရှာမလို့”
“ဘယ်သူကို
ရှာနေတာလဲ”
လင်းတုံဟဲ
အဖြေပြန်မရတာကြောင့် ထပ်မမေးတော့ဘဲ တပ်မဟာထဲသို့၀င်သွားလိုက်တယ်။ ထို့နောက်မှာတော့
ခပ်ကွေးကွေးဆံပင်တို့ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်က
စားပွဲပေါ်မှာမှောက်လျက်သားဖြင့် သော့တွဲကို
လက်နဲ့ကစားနေတာကိုမြင်တွေ့လိုက်ရတယ်။
ထိုသော့က
သူပေးခဲ့တဲ့ တပ်မဟာတံခါးရဲ့သော့ပဲ။
တကယ်လို့
အနီးအနားမှာ ကြည့်နေမဲ့သူ ဘယ်သူမှမရှိဘူးဆိုရင် သူ မထိန်းထားပဲ
ရယ်မောလိုက်မိလိမ့်မယ်။
“ရဲဘော်ဆု.. ငါ
တကယ်တောင်းပန်ပါတယ်..ငါ အလုပ် ကောင်းကောင်းမလုပ်နိုင်ခဲ့လို့ဖြစ်ရတာပါ..
ခဏစောင့်ဦး သူတို့ကို အသံချဲ့စက်နဲ့ ဒီကိုလာဖို့လှမ်းခေါ်လိုက်မယ်”
ဆုဆု
ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်တယ်။ ဇာတ်လိုက်က တကယ်ပဲ
စည်းကမ်းသတ်မှတ်လို့ရတဲ့သူပဲ။ ဒါကြောင့် သူမ ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
“ကောင်းပြီ
တစ်ချက်လောက်ကူညီပေးပါဦး”
သူမရဲ့
အမူအကျင့်တို့က ကောင်းမွန်လွန်းတာကြောင့် သူကသာ အနိုင်ကျင့်တတ်တဲ့ သူတစ်ယောက်နဲ့
တူနေပြီ။
လင်းတုံဟဲ
ချောင်းအသာဆိုးလိုက်တယ်။ သူ့ရဲ့နှလုံးသားထဲမှာ ချစ်ရတဲ့သူရှိနေတယ်ဆိုပေမဲ့
အခုလိုချောမောလှပတဲ့ အမျိုးသမီးတွေကို တန်ဖိုးထားသဘောကျတာမျိုးကိုလည်း
မတားဆီးနိုင်ဘူး။ သူက အားနည်းပြီး ပျော့ညံ့လွန်းတဲ့ မိန်းကလေးတွေကို စိတ်မဝင်စားဘဲ
သူမရဲ့အိပ်မက်အတွက် တိုက်ပွဲဝင်တတ်တဲ့ မိန်းကလေးမျိုးကို သဘောကျလို့သာပေါ့။
သူ စပီကာနဲ့
အကြိမ်ရေအနည်းငယ် လှမ်းခေါ်လိုက်ပေမဲ့ ဘယ်သူကမှ ရောက်မလာကြသေးဘူး။
ရောက်လာတဲ့လူတွေကလည်း ရွာထဲမှာ မိန်းကလေးတွေကို နှောင့်ယှက်တတ်တဲ့
လူဆိုးလူမိုက်တွေနဲ့ လူပျိုကြီးတွေသာ ဖြစ်နေခဲ့တယ်။
“မဟုတ်ဘူးလေ
ငါ့ကို မိန်းမနဲ့ ယောကျာ်းကို ဘယ်လိုရေးရမလဲဆိုတာကို အရင် သင်ပေးပါလား”
“စုန့်လောင်စန်း
ခုံမှာဝင်ထိုင် နောက်ပြီး မလိုအပ်တဲ့စကားတွေကို မပြောနဲ့”
လင်းတုံဟဲက
သူ့ဘေးမှာရပ်ပြီး ပြောလိုက်တယ်။
တကယ်တမ်းမှာ
ထိုလူက အလွန်အသက်ကြီးခြင်းမရှိဘဲ အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်လောက်ပဲ
ရှိသေးတယ်။ ဒါပေမယ့် ပထမအကြည့်တစ်ချက်မှာတင် ထိုလူက မိန်းကလေးတွေကို
ညစ်ညမ်းစွာကြည့်နေပုံရပြီး လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ သိသာနေခဲ့တယ်။
စာအုပ်မှာတော့
ထိုလူက နောက်ပိုင်းကိုရောက်မှပေါ်လာခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးသင်တန်းတွေ
ဖွင့်လှစ်ပြီးတဲ့နောက်မှာသူက အကျင့်ဆိုးတွေကို ဖယ်ရှားခဲ့ပြီး
စီးပွားရေးလုပ်ရန်အတွက် ပင်လယ်ဘက်သို့ထွက်ခဲ့ကာ နောက်ဆုံးမှာ အချမ်းသာဆုံးသော
စီးပွားရေးသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တယ်။
သို့ပေမယ့်
ရွာမှာတုန်းက ဇာတ်လိုက်မက သူ့ကို ကြင်နာစွာ ဆက်ဆံပေးခဲ့တာကြောင့် အဆုံးသတ်မှာ သူက
ဇာတ်လိုက်မကို ကယ်တင်ဖို့အတွက် သေသွားခဲ့ပေရရရုံသာမကဘဲ
သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုလည်း ဇာတ်လိုက်မအတွက် ချန်ထားပေးခဲ့တယ်။
ဒီလိုလူမျိုးက
သူရူးနေတယ်လို့ပြောရမလား ဒါမှမဟုတ် စိတ်ဝင်စားစရာကောင်းတယ်လို့ ပြောရမလား
မသိနိုင်ဘူး။ သူက အချစ်ရူးရူးနေတာသေချာပေမဲ့ ရူးပေါသလို၊ ဆိုးသွန်းသလို
ဟန်ဆောင်နေသေးတယ်။
သူမ
အနောက်ကိုလှည့်ကာ ကျောက်သင်ပုန်းပေါ်မှာ ယောက်ျားနှင့် မိန်းမ ဆိုတဲ့
စကားလုံးတွေကို ချရေးလိုက်ပြီး အထက်မှစကားလုံးကို ညွှန်ပြလိုက်တယ်-
“ယောက်ျား”
ထို့နောက်
အောက်မှာရေးထားတဲ့ စကားလုံးနှစ်လုံးကို ညွှန်ပြလိုက်တယ်-
“မိန်းမ”
စုန့်လောင်စန်း
ပြုံးလိုက်ပြီး :
“ယောကျာ်းက
ဘာလို့အပေါ်မှာ ရောက်နေရတာလဲ”
ဒါက နည်းနည်းတော့
ဘောင်ကျော်သွားပြီ။
ဆုဆု
ပြန်လည်ချေပဖို့ တစ်ခုခုပြောချင်ခဲ့ပေမဲ့ စုန့်လောင်စန်းရဲ့နောက်မှာ
ရပ်နေတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ ထိုအမျိုးသားက ထိုနေရာမှာ ဘယ်အချိန်တုန်းက
ရောက်နေတာလဲဆိုတာကို သူမ သတိမပြုမိခဲ့ဘူး။
ထိုအချိန်မှာပဲ
မြေပြင်ပေါ်သို့ တစ်စုံတစ်ရာ ပြုတ်ကျသွားတဲ့အသံကို ကြားလိုက်ရတယ်။
“အား...မင်းက
လူတွေကို ရိုက်ဖို့ လုပ်ချင်နေတာလား”
“ထွက်သွားစမ်း”
လင်းချူအန်းရဲ့
အေးစက်တဲ့အသံကြောင့် လူတွေကို တုန်ယင်သွားစေခဲ့တယ်။ ဒီလူက ရက်စက်လွန်းပြီး တကယ်ကို
ကြောက်စရာကောင်းတယ်။
ထိုအချိန်မှာပဲ
အမေလင်းနဲ့ အဖေလင်းတို့တွေ ဝင်လာခဲ့တယ်။
အမေလင်းက
ပြုံးပြီးပြောလိုက်တယ်။
“ငါ
စကားလုံးနည်းနည်းလေးတောင် မသိသေးဘူး.. ဒီနေ့တော့ သင်ယူရမယ်”
အဖေလင်းက
ဘေးမှာထိုင်ပြီး ဆေးလိပ်အိတ်ကိုဘေးမှာ ချပြီးပြောလာတယ်။
“သမီးလေး
ဦးလေးတို့ကို သင်ပေးပါလား”
ဆုဆု
အချိန်အတော်ကြာအောင် စိတ်လှုပ်ရှားနေမိခဲ့တယ်။ လင်းမိသားစုက သူမကို ဒီလောက်ထိ
ထောက်ပံ့ပေးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။
သို့ပေမယ့်
သင်ကြားမှုစတင်တဲ့အချိန်မှာပဲ လင်းချူအန်းက သူ့အဖေရဲ့ ဆေးလိပ်အိတ်ကို
သိမ်းယူသွားပြီး အပြင်ဘက်ကို ထွက်သွားခဲ့တယ်။
သူ့ရဲ့အဖေဖြစ်သူရဲ့လက်က
အာခမ်းလိုမျိုး ဆန့်တန်းပြီး ကျန်နေရစ်ကာ ပါးစပ်ကိုဖွင့်လိုက်ပေမဲ့
နောက်ဆုံးမှာတော့ ဘာမှမပြောလာခဲ့ဘူး။ သူ့ရဲ့ခေါင်းကိုသာ လက်သီးနဲ့အသာထုပြီး
ခေါင်းကိုကုတ်လိုက်ကာ နောက်ဆုံးမှာတော့ မတ်မတ်ထိုင်လိုက်ပြီး စာသင်ခြင်းကိုပဲ
ဂရုတစိုက် နားထောင်လာခဲ့တယ်။
ဆုဆုကတော့
လင်းချူအန်းတစ်ယောက် ညဘက် အိမ်ကိုပြန်တဲ့အချိန်မှာ အရိုက်ခံရလောက်တယ်လို့
တိတ်တိတ်လေးတွေးလိုက်မိတယ်။
သူမ စိတ်ထဲမှာ
ကြိတ်ရယ်လိုက်ပြီး သူမရဲ့ ပထမဆုံးသော အတန်းကို စတင်ခဲ့တယ်။ အဆုံးမှာ သူမက
မာစတာတန်းမှ ဘွဲ့ရထားတဲ့သူဖြစ်ပြီး ဒီလိုအတန်းမျိုးက သိပ်ပြီး ခက်ခဲမှုမရှိသလို
သူမဆီမှာလည်း ဆရာမတစ်ယောက်ရဲ့အရှိန်အဝါမျိုး အနည်းငယ်ရှိနေခဲ့တယ်။
တစ်နာရီကျော်လောက်
စာသင်ပေးပြီးချိန်မှာတော့ အတန်းကို ရပ်တန့်လိုက်ပြီး သူတို့တွေ
အိမ်ကိုအတူတူပြန်လာခဲ့ကြတယ်။ သို့ပေမယ့် သူတို့ အပြင်ဘက်ကို ရောက်တဲ့အချိန်မှာပဲ
လူတွေက ဇာတ်လိုက်မအနားမှာ ဝိုင်းနေတာကိုမြင်လိုက်ရတယ်။ သူမက လက်ထဲမှာ
စာရွက်တစ်ရွက်ကိုကိုင်ပြီး ပြောလာခဲ့တယ်။
“ကျွန်မ
စာမေးပွဲအောင်တယ်.. ကျွန်မ ကောလိပ်ဝင်ခွင့်ကိုအောင်လို့ အခု
ကောလိပ်ကိုသွားရတော့မယ်”
သူမက
တကယ်ကိုပျော်နေပုံရတယ်။
ဒီအောင်မြင်မှုက
သူမကို နောက်ထပ် မြင့်မားတဲ့အဆင့်တစ်ခုဆီကို ပို့ပေးနိုင်လိမ့်မယ်။
သို့ပေမယ့်
တက္ကသိုလ်ဘွဲ့ရတစ်ဦး သို့မဟုတ် မာစတာဘွဲ့ရတစ်ဦးဖြစ်တဲ့ ဆုဆုကတော့
ဇာတ်လိုက်မကိုကြည့်ပြီး စိတ်လှုပ်ရှားတာမျိုး ရှိမနေခဲ့ဘူး။
ဒီလူအုပ်ထဲမှာ
သူမအတွက် အမှန်တကယ်ပျော်ရွှင်ပေးနေခဲ့ကြတဲ့လူတွေကတော့ အဖေလင်း၊ အမေလင်းနဲ့
လင်းတုံ့ဟဲတို့သာ ရှိနေခဲ့တယ်။ သူမ လင်းချူအန်းဘက်ကို လှည့်ကြည့်လိုက်တော့
ထိုအမျိုးသားက သူနဲ့ဘာမှမသက်ဆိုင်သလိုမျိုး နေရာမှာတင် ရပ်တေခဲ့တယ်။
လင်းတုံဟဲ: “ဘယ်ကျောင်းလဲ”
“အရှေ့ဘက် Xကောလိပ်ပါ.. ကျူရှင်ကြေးက
အခမဲ့ပဲ”
သူမ
စကားပြောတဲ့အချိန်မှာ သူမရဲ့မျက်လုံးတွေထဲတွင် ကြယ်တွေ တလက်လက်တောက်ပနေပြီး သူမက
လင်းချူအန်းဆီကို ပြေးသွားလိုက်တယ်။
“အစ်ကို
ချူအန်းဇီ.. ကျွန်မ စာမေးပွဲအောင်ပြီ”
တကယ်တမ်းမှာတော့
သူမက ကြွားလုံးထုတ်ပြနေတာပဲ။ လင်းချူအန်းက သူမကို အရင်တုန်းက စာမေးပွဲ
မအောင်နိုင်သလိုမျိုးပြောခဲ့တယ်လေ။
လင်းချူအန်းက
ပျော်လည်းမပျော် ဝမ်းလည်းမနည်းတဲ့အသံလေးနဲ့ပြောလာတယ်။
“ဂုဏ်ယူပါတယ်”
“X ကောလိပ်က
ကောင်းလား”
အမေလင်းက
ဆုဆုကိုလှမ်းမေးလိုက်တယ်။ အဆုံးမှာ သူမက ကောလိပ်တက်ဖူးတယ်လေ။
ဒီမှာရှိနေသမျှ
အရာအားလုံးနီးပါးက အဖြစ်မှန်ပေါ်အခြေခံပြီး ပြောင်းလဲထားတာဖြစ်တဲ့အတွက်
ဆုဆုပြန်ဖြေလိုက်တယ်။
“အဆင်ပြေပါတယ်
ကောင်းတဲ့အထဲမှာပါတယ်”
“မင်း အပြင်မှာ
ဘာအလုပ်ကို လုပ်နေတာလဲ”
“အလုပ်မရှိသေးဘူး”
ဆုဆုအနေနဲ့
ဒီခေတ်ကာလရဲ့ဖြန့်ဝေရေးစနစ်အကြောင်းကို သိပ်ပြီးမသိသေးဘူး။