Ch 17
Viewers 11k

17: ဖလစ်ခြင်း

 

သူ ဘာကို လိုချင်နေတာလဲ ?

 

လင်းချွမ်က အနည်းငယ်အတွေးလွန်နေခဲ့ပြီး ခေါင်းကို မော့ထားခဲ့တယ်။

 

ဆုဆုရဲ့ အမြင်ရှုထောင့်ဘက်ကနေဆိုရင်တော့ သူက အတော်လေး မသင့်တော်တဲ့အရာကို တွေးနေတာပဲဖြစ်ရမယ်။ သူ့ရဲ့လည်ပင်းက အနီရောင်မာဖလာပတ်ထားသလိုမျိုး နီရဲနေခဲ့ပြီလေ။

 

အခုတော့ လိမ်လိမ်မာမာလေးနေဦး.. နောက် ခဏလောက်စောင့်ပြီးရင် .. ရှင် လုပ်ချင်တာမှန်သမျှကို လုပ်လို့ရပြီ

 

သူ့မျက်နှာက ဘာအမူအရာမှမရှိပေမဲ့ သေးငယ်တဲ့တုံ့ပြန်မှုလေးတွေကို မြင်ရတာက စိတ်ဝင်စားစရာကောင်းတယ်။

 

လင်းချွမ် ဆုဆုကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်မိပေမဲ့ သူမရဲ့ မျက်နှာလေးက အလွန် အပြစ်ကင်းစင်နေပုံရပြီး အထွေအထူး အဓိပ္ပါယ်ဖော်ဆောင်ထားတာမျိုး မရှိဘူးလို့ ထင်စေရတယ်။ သူအတွေးလွန်နေတာပဲ။ သူကပဲ အတွေးလွန်နေတာဖြစ်ရမယ်။

 

ငါ...

 

နင်တို့ ဘာလုပ်နေကြတာလဲ? 

 

ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံတစ်ခုက သူတို့နှစ်ယောက်အပေါ် ရေအေးနဲ့လောင်းချလိုက်သလိုမျိုး စိတ်ကိုတုန်ယင်သွားစေပြီး မသိစိတ်အရ အချင်းချင်း ခွာလိုက်မိကြတယ်။

 

ဆုဆု အနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ဇာတ်လိုက်မကို မြင်လိုက်ရတာကြောင့် ချက်ချင်းပြုံးပြီး :

 

ချွမ်ကော ဒဏ်ရာရနေလို့လေ.. ငါ သူ့ရဲ့ ဒဏ်ရာကို ကူပြီးသုတ်ပေးနေတာ

 

တကယ်လား?

 

အရမ်းနီးကပ်လွန်းမနေဘူးလား?

 

ချင်ယွဲ့ယွဲ့က ဘယ်နဲ့ညာကိုကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်လို့ အမြဲတစေခံစားနေမိသော်လည်း မသေချာနိုင်ဘူးဖြစ်နေခဲ့တယ်။ တကယ်လို့ ဒီနှစ်ယောက်သာ တကယ်ကြီးချစ်ကြိုက်သွားမယ်ဆိုရင် သူမ အခွင့်ကောင်းယူလို့ ရနိုင်လောက်မလား။ သူမအနေနဲ့ ဒီလက်ထပ်ပွဲကို ဖျက်သိမ်းနိုင်လိုက်ရုံသာမကဘဲ လင်းမိသားစုကိုလည်း သူမဆီမှာ အကြွေးတင်သွားအောင် လုပ်လိုက်နိုင်လိမ့်မယ်။ 

 

သူမ ကျောင်းတက်တဲ့အချိန်မှာ ကိုယ့်ကိုယ့်အတွက်ကိုယ် အိမ်ထောင်သည်တစ်ယောက်အဖြစ် ဂရုစိုက်နေစရာမလိုရုံသာမက ပိုက်ဆံလည်း ရှာနေစရာမလိုပဲ ကျောင်းမှာ အေးအေးဆေးဆေးနိုင်လိမ့်မယ်။ ထိုပိုက်ဆံကိုလည်း ပြန်ဆပ်နေစရာမလိုတော့ဘူး။

 

မင်းတို့ သိသင့်တာက ဒီခတ်ကာလမှာ ယွမ် 100 နဲ့သာဆိုရင် ကျောင်းမှာ အချိန်အကြာကြီး သုံးစွဲဖို့အတွက် လုံလောက်တယ်။ သူမအနေနဲ့ ဒီလိုလုပ်တာက မမှန်တယ်ဆိုပေမဲ့လည်း သူမသာ အိမ်ကိုပြန်သွားမယ်ဆိုရင် သူမရဲ့ မိဘနှစ်ယောက်က သူမကိုဂရုမစိုက်ပဲ သူမရဲ့မောင်လေးကိုသာ အရေးပေးနေမှာလေ။ ဒီလိုကြားပြီးမှတော့ သူမမှာ နည်းလမ်းမရှိတော့ဘူး။ သူမရဲ့မိဘတွေက ကျောင်းစရိတ်အတွက် ပေးဆောင်မှာမဟုတ်တဲ့အတွက် စရိတ်တွေအတွက် ကိုယ်တိုင်ရှာမှသာ ရနိုင်လိမ့်မယ်။

 

အရေးကြီးဆုံးကတော့ သူမဘွဲ့ရပြီးရင်လည်း ထိုမိသားစုထံမှပိုက်ဆံကို ပြန်ဆပ်နေစရာမလိုတော့တဲ့အချက်ပဲ။ လင်းချွမ်တို့ လင်းမိသားစုမှာ အလုပ်လုပ်ပေးဖို့လူတွေအများကြီးရှိပြီး လင်းချွမ်ကလည်း စစ်သားတစ်ယောက်ဖြစ်နေတဲ့အတွက် သူမအတွက် ထောက်ပံ့ကြေးက မနည်းသင့်ဘူး။

 

ထိုအတွေးမျိုး စိတ်ထဲကိုဝင်လာတယ်ဆိုရင်ပဲ သူမ နောက်ပိုပြန်မဆုတ်နိုင်တော့ပဲ ပိုပြီး စိတ်ဝင်စားလာရတယ်။

 

သူမက အမေလင်း လာတဲ့အချိန်ထိ ထိုအကြောင်းကို ဂရုတစိုက်တွေးနေခဲ့ပြီး သူမရဲ့ နဂိုရည်ရွယ်ချက်ဖြစ်တဲ့ လက်ထပ်ပွဲကိုနောက်ဆုတ်ဖို့ကိစ္စကို မပြောတော့ပဲ စကားအနည်းငယ်သာပြောပြီး ပြန်ဖို့လုပ်ခဲ့တယ်။

 

အမေလင်းက လင်းချွမ်ကို ပြန်ပို့ဖို့ပြောပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက တုံ့ဆိုင်းနေခဲ့ပြီး ဆုဆုဘက်သို့ တိတ်တဆိတ်ကြည့်လိုက်မိတယ်။ ပြီးနောက် ဘေးကိုလှည့်ပြီးပြောလိုက်တယ်။

 

လင်းဟိုင် ရဲဘော်ချင်ကို ပြန်ပို့ပေးလိုက်ဦး

 

လင်းဟိုင်က အခုမှရောက်လာတာဖြစ်ပြီး  အကြောင်းပြချက်ကို နားမလည်တာကြောင့် ခေါင်းကုတ်ပြီး ပြောလာတယ်။

 

ဘာလို့ ကျွန်တော်လိုက်ပို့ရမှာလဲ 

 

ဒါက သူ့နဲ့ဆိုင်တဲ့ ချွေးမ မဟုတ်ဘူးလေ။

 

ထိုအချိန်မှာပဲ ချင်ယွဲ့ယွဲ့က ပြုံးပြီး ဝင်ပြောလာတယ်။

 

ချွမ်ဇီ ရှင်ပဲ ကျွန်မကို လိုက်ပို့ပေးပါ ကျွန်မ ရှင့်ကိုပြောစရာရှိတယ်

 

လင်းချွမ် ရွေးချယ်စရာမရှိတော့ပဲ အနည်းငယ် အနေရခက်စွာနဲ့အနောက်ကလိုက်သွားရတယ်။ သို့ပေမယ့် သူ့ကိုယ်သူလည်း ဘာအတွက်ကြောင့်လုပ်မိမှန်းကိုမသိပဲ မထွက်သွားခင်မှာ အနောက်ကိုလှည့်ပြီး ပြောလိုက်မိတယ်။

 

ချက်ချင်းပြန်လာခဲ့မယ် 

 

အမေလင်းက ဘေးမှာထိုင်နေတဲ့ ဆုဆုဘက်ကို လှည့်ကြည့်လိုက်မိပြီး မထိန်းနိုင်စွာ လှမ်းပြောလိုက်မိတယ်။

 

ဆုဆု နင်...

 

လင်းချွမ်က ကောလိပ်ကျောင်းသားလည်းမဟုတ်သလို ပညာတတ်လည်းမဟုတ်ဘူးလေ။ သူမက သူတို့မိသားစုမှ တုံးအတဲ့ဒီသားကို မြင်နိုင်မှာတဲ့လား? 

 

ဘာဖြစ်လို့လဲ အန်တီ 

 

ဆုဆုက လင်းချွမ် ထွက်သွားတုန်းက သူ့ရဲ့မျက်လုံးထဲမှ အကြည့်ရဲ့အဓိပ္ပါယ်အကြောင်းကို တွေးနေခဲ့တာ။ သူမျက်ဝန်းတွေထဲမှာ အပြစ်ရှိစိတ်တို့ နက်နက်ရှိုင်းရှိုင်းပါဝင်နေခဲ့ပြီး သူမကို ကြည့်သွားခဲ့တယ်လေ။  

 

သူက ဘာလို့ အပြစ်သလို၊ ကြောက်လန့်နေသလို ခံစားနေရတာလဲ။ သူက သူမကိုစိတ်မကောင်းဖြစ်စေမဲ့ တစ်ခုခု လုပ်ခဲ့လို့လား?

 

အာ။ သူတို့က ဘာမှ,မှ မဟုတ်သေးတာကို ဘာအတွက် သူမအပေါ်အားနာနေရတာလဲ?

 

ဒါပေမယ့်လည်း ဒီအမျိုးသားက ဇာတ်လိုက်မနဲ့ လက်ထပ်ရတော့မှာ ။ ဒီလက်ထပ်ပွဲက အတုအယောင်ပဲဆိုပေမဲ့ သူမ အနည်းငယ်လောက် ဆန္ဒမရှိသလိုခံစားနေရတုန်းပဲ။

 

လက်မထပ်ရသေးခင်မှာ သူ သူမကိုဘယ်လိုထင်လဲဆိုတဲ့အကြောင်းကို ရှင်းလင်းအောင်မေးရမယ်။

 

သူမဆုံးဖြတ်ချက်ချပြီးတာနဲ့ အမေလင်းနဲ့အတူ အလုပ်ဝိုင်းကူပေးလိုက်တယ်။ ထင်းအချို့က သွေးတွေစွန်းထင်းနေဆဲပဲ။ သူ ဘယ်လိုနတ်ဆိုးအလုပ်မျိုးလုပ်နေတာလဲဆိုတာကို သူမ တကယ်နားမလည်ဘူး။

 

တစ်ဖက်မှာတော့ လင်းချွမ်က ချင်ယွဲ့ယွဲ့ရဲ့နောက်မှ လိုက်သွားရင်းနဲ့ ရုတ်တရက်မေးလာတာကိုကြားလိုက်ရတယ်။

 

ချွမ်ဇီ ရှင် ကျွန်မကို ဘယ်လိုထင်လဲ 

 

ဟမ်? 

 

လင်းချွမ်က ဒေါသထွက်နေဆဲဖြစ်ပြီး သူ အလွန်မှားယွင်းတဲ့ အရာတစ်ခုခုလုပ်မိသွားတယ်လို့ ခံစားနေခဲ့ရတယ်။

 

ဒါဆို ရှင် ကျွန်မကိုကြိုက်လား

 

ချင်ယွဲ့ယွဲ့ ရဲတင်းလွန်းစွာ မေးလိုက်တယ်။

 

လင်းချွမ် ရပ်တန့်သွားတယ်။ သူ့အနေနဲ့ အရင်တုန်းက မသိခဲ့ဘူး။ လူတိုင်းက ဒီလိုမျိုးပဲ လက်ထပ်လိုက်ကြတာပဲလို့ တွေးထားခဲ့တယ်။ စစ်တပ်ထဲမှာလည်း လူတိုင်းက ဘလိုင်းဒိတ်သွားတွေ့ပြီး အလျှင်အမြန်စာရင်းသွင်းကာ လက်ထပ်လိုက်ကြတယ်။ ပြီးရင် ဘယ်သူတွေများ ဆက်ဆံရေးမကောင်းပဲနေလို့လဲ?

 

သို့ပေမယ့် တစ်စုံတစ်ခုကို ရှာတွေ့သွားပုံပေါ်ပြီးကတည်းက သူ့အတွေးတွေကလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့ရတယ်။ ကမ္ဘာကြီးတစ်ခုလုံးအပေါ် ကြည့်ရှုတဲ့အမြင်မတူသလိုမျိုးပဲ။ ထိုအရာက သူ့အပေါ်မှာ တကယ်ကို ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့တယ်။

 

သူ ဘယ်လောက်ပဲ ဖုံးကွယ်ထားချင်ပါစေ၊ ဘယ်လောက်ပဲ လျစ်လျူရှုချင်နေပါစေ သူ မလုပ်နိုင်တော့သလိုမျိုး။

 

ပင်လယ်ပြင်ရဲ့ လှိုင်းလုံးတွေလို သူ့ရဲ့ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ ရိုက်ခတ်နေခဲ့တယ်။

 

ဒါကြောင့် ချင်ယွဲ့ယွဲ့ရဲ့မေးခွန်းကိုကြားသောအခါတွင် သူက အရင်လိုမျိုး တည်ငြိမ်နေခြင်းမရှိတော့ဘဲ အသက်တစ်ချက် ရှူထုတ်ပြီး ပြန်ဖြေလိုက်တယ်။

 

ငါ့ဆီမှာ မင်းအတွက် ခံစားချက်မရှိဘူး 

 

ဒါဆို ရှင်ဘာလို့လက်ထပ်ဖို့အတွက် ဇွဲကောင်းတာလဲ။

 

“…” 

 

သူ အခု လက်ထပ်ပွဲဆက်လုပ်ဖို့ မတိုက်တွန်းချင်တော့ာ့ဘူး။

 

နောက်ပြီး သူ့မိဘတွေရဲ့ အတွေးနဲ့ ရွာသူရွာသားတွေရဲ့ အတွေးတွေကိုလည်း ဂရုမစိုက်ချင်တော့ဘူး။

 

မေ့လိုက်ပါတော့ ဘာပဲဖြစ်ဖြစ် မေးရင်တောင် အသုံးမှမဝင်တော့တာ

 

ချင်ယွဲ့ယွဲ့က စိတ်ထဲမှာ သူမဘာသာသူမ အဖြေထုတ်ပြီးနေပြီ။ သူက သူမကို မကြိုက်ဘူးဆိုမှတော့ ဆုဆုအကြောင်းကိုတွေးနေတာပဲဖြစ်ရမယ်။

 

သူမက ထက်မြက်ပြီး လှပတဲ့အပြင် ကောလိပ်ကျောင်းသူတစ်ဦးလည်း ဖြစ်သေးတယ်လေ။  

 

ကောင်းပြီလေ။ ဒါဆိုလည်း သူတို့ဘာသာ သူတို့ပဲ စိတ်ကျေနပ်အောင် နေကြပါစေ။ 

 

သူမ ထိုသို့တွေးရင်းနဲ့ တည်ငြိမ်စွာ ပြောလိုက်တယ်။

 

ပြန်သွားတော့လေ

 

ထို့နောက် သူမ လှည့်ထွက်လာခဲ့တယ်။

 

သို့သော်လည်း သူမက ပညာတတ်လူငယ်တွေရဲ့အိမ်ဆီသို့ ပြန်သွားမဲ့အစား ဒီရွာမှာ သူမအား ကောင်းမွန်စွာ ဆက်ဆံပေးပြီး သူမအပေါ် နားလည်ပေးတဲ့ တစ်ဦးတည်းသောလူ လင်းတုံဟဲဆီကို သွားလိုက်တယ်။ ဒီတကြိမ်မှာလည်း သူက သေချာပေါက် ကူညီမှာပေးလိမ့်မယ်။

 

လင်းချွမ်က သူမထွက်သွားတာကိုမြင်ခဲ့ပေမဲ့ သူ့ရဲ့နှလုံးသားထဲမှာ ဘာတစ်ခုမှ မခံစားရဘူး။ 

 

သူ ​​အခု ဘာလုပ်သင့်လဲ။

 

စစ်တပ်ကသာ အရေးပေါ်အဖြစ် ဆင့်ခေါ်လိုက်ရင် ပိုကောင်းမှာပဲ။ ဒါဆို သူလည်း ဒီလက်ထပ်ပွဲကို ရှောင်ရှားနိုင်လိမ့်မယ်။ ဒါပေမဲ့ ထိုအတွေးက လုံးဝမဖြစ်နိုင်ဘူးဆိုတာကို သူကိုယ်တိုင် သိနေခဲ့တယ်။

 

လက်ရှိကာလမှာ အဝတ်အထည်ပိတ်စတွေက ရှားပါးနေတဲ့အတွက် လင်းမိသားစုရဲ့အဖေနဲ့ အမေက ရိုးရှင်းတဲ့ ညစာစားပွဲကိုသာ စီစဉ်ခဲ့တယ်။

 

အရှေ့မြောက်ဘက်ပိုင်း ကျေးရွာတွေမှာ များသောအားဖြင့် ဧည့်သည်တွေထဲမှ အမျိုးသမီးတွေက စားပွဲဝိုင်းတွေမှာ ဝင်မထိုင်နိုင်ကြဘူး။ ဒါကြောင့် အမေလင်းကလည်း စားပွဲမှာ ဝင်မထိုင်နိုင်သလို လင်းမိသားစုရဲ့အကြီးဆုံး အဒေါ်ကတောင် ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်ပြီး ကူညီပေးနေရတယ်။ သို့ပေမယ့် အမျိုးသားတွေကတော့ ညသန်းခေါင်အထိ အရက်သောက်နေကြမှာဖြစ်တဲ့အတွက် အမေလင်းက ဆုဆုကို ပြောလိုက်တယ်။

 

“ဆုဆု ဒီအိမ်က အခုချိန်မှာ ဆူညံပွတ်လောရိုက်နေကြဦးမှာ .. မင်းအဒေါ်နဲ့ ငါက မင်းရဲ့အခန်းထဲမှာ ခဏလောက် ဆက်ပြီး နေဦးမှာဆိုတော့ မင်း အနောက်ဘက်ကအိမ်ခန်းမှာ ပြန်သွားပြီး အနားယူလိုက်ပါလား.. အိမ်နောက်ဖက်မှာ မီးမွှေးထားပြီဆိုတော့ ခန်က နွေးနေလောက်မှာပါ

 

ကောင်းပါပြီ 

 

ဆုဆု ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ သူမလည်း မနက်ဖြန် အတန်းတက်ရမှာဖြစ်လို့ စာကျက်ထားရဦးမယ်လေ။

 

အိမ်သစ်က လင်းမိသားစုအိမ်သို့ အပြန်လမ်းကို လင်းဟိုင်က လိုက်ပို့ပေးခဲ့တယ်။အခန်းထဲကိုရောက်တော့ ဆီမီးထွန်းလိုက်ပြီး ခန်ပေါ်မှာထိုင်ကာ စာသင်ပေးဖို့အတွက် မှတ်စုတွေကို ဖတ်လိုက်ပြီး  ရေးမှတ်ရန်အတွက် စိတ်ဝင်စားဖွယ်စကားလုံးအချို့ကို ရွေးချယ်ခဲ့တယ်။

 

တစ်ဖက်မှာတော့ လင်းချွမ်က စိတ်အခြေအနေဆိုးရွားနေတဲ့အတွက်ကြောင့် ပုံမှန်ထက်အနည်းငယ်ပိုပြီးသောက်နေခဲ့တယ်။ သူက သောက်နိုင်တဲ့အထဲမှာပါပေမဲ့ ဒီညမှာတော့ ခွက်ရေအတော်များများသောက်သုံးပြီးနေတာကြောင့် ထပ်ပြီး မထိန်းနိုင်တော့ဘူး။ သူ့ရဲ့မျက်လုံးတွေကလည်း နီရဲနေပြီဖြစ်ပြီး ထိုနေရာတွင် ငိုက်စိုက်ကျကာထိုင်နေခဲ့တယ်။

 

လင်းဆုံဟဲ: ချွမ်ဇီက မူးနေပြီထင်တယ်.. သူ့ကို အနားယူဖို့ ပြန်ပို့ပေးလိုက်ရတော့မလား

 

ကောင်းပြီ 

 

ကျေးလက်နေပြည်သူတွေက စည်းကမ်းများစွာ မရှိတဲ့အတွက်ကြောင့် အဖေလင်းက သူ့လက်ကို ဂရုမစိုက်စွာ ဝှေ့ယမ်းလိုက်တယ် ။ တကယ်တော့ လင်းချွမ် ဘာကြောင့် အရက်မူးအောင်သောက်နေတာလဲဆိုတာကိုတောင် သူတို့တွေ မသိခဲ့ကြဘူး။ ပြောရရင် မင်္ဂလာဦးညမှာ အမျိုးသာ့က အလွန်အကျွံသောက်တယ်ဆိုတာ ပုံမှန်ပဲလေ။

 

လင်းတုံဟဲက လင်းချွမ်ကို ဆွဲထုတ်လာပြီး အပြင်သို့ ထွက်လာပြီးနောက်မှာ အေးစက်တဲ့ လေကို ရှူသွင်းပြီးပြောလိုက်တယ်။

 

ဂုဏ်ယူပါတယ် အစ်ကို 

 

“... “ 

 

လင်းချွမ်က သူ့အိတ်ကပ်ထဲမှ စီးကရက်ကို ထုတ်လိုက်သော်လည်း နိုင်ငံခြားမီးခြစ်က လေကို အံမတုနိုင်တဲ့အတွက်အဆုံးမှာတော့ မသောက်သုံးနိုင်ခဲ့ဘူး။