Ch 18
Viewers 11k

18: အကြီးစားဒရမ်မာ

 

သူက အနည်းငယ် စိတ်ပျက်လက်ပျက်နိုင်စွာနဲ့ လက်ကို အောက်သို့ပြန်ချလိုက်တယ်။

 

လင်းတုံဟဲကတော့ သူ့ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေတယ်။

 

မင်း ရဲဘော်ချင်နဲ့ လက်ထပ်ပွဲကို သဘောမတူဘူးလား.. သဘောမတူဘူးဆိုရင်လည်း ပြောလိုက်ပါလား

 

လင်းချွမ်က ဘာမှပြန်မပြောလာပေမဲ့ သူ့ရဲ့မျက်လုံးတွေကတော့ အနည်းငယ် ဗလာဖြစ်နေခဲ့တယ်။

 

အခုအချိန်က မိဘတွေကိုလည်း ဂါရဝပြုရသေးတာမှမဟုတ်တာ ..ဒီတော့ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဘယ်လိုလဲ

 

လက်ထပ်ပွဲကို  ဖျက်သိမ်းဖို့လား?

 

လင်းချွမ်က လင်းတုံဟဲကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလာတယ်။

 

ကောင်းသားပဲ

 

အခုချိန်မှာ သူက အတော်လေးမူးနေပြီဖြစ်တဲ့အတွက် သူ့ရဲ့အတွေးတွေထဲမှ အရှုတ်အထွေးတွေကလည်း အတော်လေး တဲ့တိုးဆန်ကာ တိုက်ရိုက်သို့ရောက်သွားခဲ့တယ်။ သူ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ ဦးလေးတွေပြန်သွားရင် သူ့ရဲ့မိသားစုဝင်တွေကို ထိုအကြောင်းကိုပြောဖို့ စိတ်ကူးတစ်ခုရသွားခဲ့တယ်။

 

ချင်ယွဲ့ယွဲ့နဲ့ လက်ထပ်ပွဲကို ဖျက်ဖို့က အတော်လေးခက်ခဲတယ်ဆိုပေမဲ့ သူ  သူမကို ညီမအဖြစ် အသိအမှတ်ပြုပေးလို့ ရနိုင်တာပဲ။ နောင်ပိုင်းမှာ သူက သူမရဲ့ကောလိပ်ပညာရေးအတွက် အခကြေးငွေကိုပေးဆပ်ရလိမ့်မယ်။ သူက သူမအပေါ် အပြစ်ပြုမိခဲ့တာပဲလေ။

 

မူလက သူ တုံ့ဆိုင်းနေခဲ့တယ်ဆိုတာက  ယောက်ျားနှင့်မိန်းမ လက်ထပ်တယ်ဆိုတာက ဒီအတိုင်း အတူအသက်ဆက်ရှင်သွားရုံလောက်ပဲလို့ သူတွေးထားခဲ့မိလို့ပဲ။ သို့သော်လည်း သူ့ရဲ့နှလုံးသားထဲမှ တစ်စုံတစ်ခုက ထိုးထွက်လာချိန်မှာ  ယောက်ျားနှင့်မိန်းမကြား ပေါင်းသင်းဆက်ဆံဖို့က ထိုမျှလောက်မရိုးရှင်းကြောင်းကို ရုတ်တရက် နားလည်သွားစေခဲ့တယ်။

 

အိမ်ထောင်ကွဲပြီးနောက်မှာ သူမက သူနှင့် အတူရှိသွားဖို့ကို သဘောတူလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။  သူတို့ရဲ့ကြားက အဆင့်အတန်းချင်းက ကွာခြားလွန်းတယ်။ ပညာအရည်အချင်းမြင့်မားတဲ့ ကောလိပ်ကျောင်းသူတစ်ဦးက အနာဂတ်မှာ အလွန်ကောင်းမွန်တဲ့ အလုပ်တစ်ခုရရှိမယ်ဆိုတာ အသေအချာပဲ။

 

သူ့လိုမျိုး နံစော်နေတဲ့ စစ်သားတစ်ယောက်က စစ်တန်းလျားမှာပဲ နေရပြီး အိမ်ကိုလည်းပြန်မလာနိုင်ဘူး။ စစ်တပ်ထဲဝင်ဖို့ လျှောက်ထားနိုင်တယ်ရင်တောင် တစ်ဖက်လူက သူနဲ့အတူလိုက်နေချင်တဲ့ ဆန္ဒရှိနေဖို့လိုသေးတယ်။

 

သိတဲ့အတိုင်း ချင်ယွဲ့ယွဲ့လို စိတ်နေစိတ်ထားရှိတဲ့သူကတောင် သူ့ကို ကြိုက်တာမဟုတ်ဘူးလေ။ သူမလိုမျိုး နူးညံ့ပျော့ပြောင်းတဲ့ မိန့်ကလေးက သူ့ကိုကြိုက်ဖို့ဖိုတာ သေချာပေါက်မဖြစ်နိုင်တဲ့အရာပဲ။

 

သူမက တကယ်ကို ကောင်းမွန်လွန်းတယ်။ ကောင်းမွန်လွန်းအားကြီးလို့ သူ့အနေနဲ့ သူမကို ဒုက္ခနည်းနည်းလောက်တောင် မခံစားစေချင်လောက်အောင်ပဲ။

 

သူ့ရဲ့ခေါင်းထဲမှာ ကိစ္စတွေအများကြီးကို တပြိုင်တည်းတွေးလိုက်တာကြောင့်  သူ့ရဲ့ခေါင်းက နာကျင်လာရတယ်။ လင်းချွမ် သူ့ရဲ့ခေါင်းကို လက်နဲ့ လှမ်းဖိလိုက်ချိန်မှာ လင်းတုံဟဲက ပြောလာတယ်။

 

မင်းတကယ်ပဲ လက်ထပ်ပွဲကို ဖျက်သိမ်းဖို့ တွေးနေတာလား.. သူမက ဒီလောက်ကောင်းတာကို မင်းကိုဘယ်လိုများ သည်းခံနိုင်မှာလဲ

 

လင်းချွမ် မျက်မှောင်ကြုတ်လိုက်မိတယ်။ သူ ဘာပြောလိုက်တာလဲ? သူဘာလို့ ထပ်မပြောတာလဲ?

 

လင်းတုံဟဲက စိတ်ဆိုးနေခဲ့တဲ့အတွက် သူ့ရဲ့အတွေးအစစ်တွေကို ထုတ်ပြလုနီးပါးဖြစ်သွားတဲ့အတွက်  ကမန်းကတန်းပြန်ပြောလိုက်တယ် ။

 

သွားရအောင်.. မင်း အိပ်ဖို့ အနောက်ဘက်ကအခန်းကို ခေါ်သွားလိုက်မယ်.. မင်းရဲ့ညီတွေက ဟိုဘက်မှာ စာကျက်နေကြတုန်းပဲ .. မင်းရဲ့အမေတို့က ​​ရဲဘော်ဆုရဲ့အိမ်ကို  သုံနေကြတာဆိုတော့ နောက်ဘက်ခန်းကိုသွားလိုက်

 

လင်းချွမ်က အသံတိုးတိုးပြုလာတယ်။  သူတကယ်ကို လှဲချပြီးအိပ်ချင်နေပြီ။

 

တကယ်ကို အိပ်ပစ်လိုက်ချင်ပြီ။

 

လင်းတုံဟဲက သူ့ရဲ့နှလုံးသားထဲမှာ တစ်ဖက်လူကို မနာလိုမုန်းတီးမှုတွေနဲ့ ပြည့်နေပြီး အနောက်ဘက်အိမ်ဆီ ခေါ်သွားလိုက်တယ်။ ပြီးနောက် တံခါးကို အပြင်ဘက်မှဖွင့်တွန်းလိုက်တယ်။

 

မီးဖွင့်မထားဘူးဆိုတော့ အထဲမှာ ဘယ်သူမှ မရှိလောက်ဘူး မင်းဝင်သွားလိုက်တော့

 

သူက ပြောပြီးသည်နှင့် အထဲသို့ဝင်သွားတာကို စောင့်ကြည့်ပြီး ကျောခိုင်းကာ လှည့်ထွက်သွားခဲ့တယ်။

 

လင်းချွမ်က အမေလင်း ဆုဆုကို အနောက်ဖက်ခန်းဆီမှာသွားနေဖို့ တောင်းဆိုတာကို မကြားခဲ့ရတဲ့အပြင် အခုချိန်မှာ သူ့ရဲ့စိတ်တွေရှုပ်ထွေးနေတဲ့အတွက် ထိုအရာတွေကိုလည်း တွေးနေနိုင်မှာ မဟုတ်လောက်ဘူး။

 

အခန်းထဲကိုရောက်နေတဲ့ ဆုဆုကတော့ စာဖတ်နေရင်းနဲ့ နည်းနည်းလောက် အိပ်ငိုက်လာက ဆီမီးအိမ်ရဲ့မီးကြောင့် မျက်လုံးတွေ ကြိမ်းစပ်လာတဲ့အတွက် မီးပိတ်ပြီး စောင်ခြုံကာ အိပ်စက်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် တခြားလူတွေက အတော်ကြာအောင် သောက်နေကြဦးမှာဆိုတော့ သူမ ဒီအခန်းထဲမှာပဲ အိပ်နေဖို့ ဆုံးဖြတ်ခဲ့တယ်။

 

ခန်ရဲ့အပူရှိန်က အတော်လေးနွေးထွေးစေတဲ့အတွက် အချိန်ခဏလောက်အကြာမှာပဲ သူမအိပ်ပျော်သွားခဲ့တယ်။ ထိုအချိန်မှာအရက်အလွန်အကျွံသောက်ထားပြီး ဘာကိုမှမသိတော့တဲ့ လင်းချွမ်က အိမ်ထဲသို့ဝင်လာပြီး သူ့ရဲ့အင်္ကျီနဲ့ ဖိနပ်ကို အမြန်ချွတ်လိုက်တယ်။

 

သူက  အကျင့်အရ စောင်ကို လိုက်စမ်းလိုက်ပြီး နောက်ဆုံတော့ စောင်ကိုထိမိသွားတာကြောင့် ဆွဲခြုံကာ ခေါင်းအုံးပေါ် မှာလှဲပြီး အိပ်ပျော်သွားခဲ့တော့တယ်။ သို့ပေမယ့် သူ့ရဲ့အနီးမှာတစ်စုံတစ်ခုရှိနေခဲ့ပြီး ထိုအရာက သူ့ကိုသက်သောင့်သက်သာဖြစ်စေတယ်လို့ ခံစားမိတဲ့အတွက် သူ့ရဲ့ လက်မောင်းထဲသိုဆွဲသွင်းလိုက်ပြီး နောက်တစ်ဖန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြန်တယ်။

 

 

 

တစ်ဖက်မှ ဆုဆုကတော့ အလွန်အအိပ်မက်တဲ့ မိန်းကလေးပဲ။ သူမရဲ့ အိပ်စက်ခြင်းအရည်အသွေးက အလွန်ကောင်းမွန်တာကြောင့် သူမရဲ့အိပ်ယာတစ်ဝက်ကို အလုယက်ခံလိုက်ရတာကိုတောင် မသိလိုက်ပဲ ချိုမြိန်စွာအိပ်စက်နေတုန်း။

 

လင်းတုံဟဲက အပြင်မှာအသင့်စောင့်ဆိုင်းနေတဲ့ ချင်ယွဲ့ယွဲ့ကို သတင်းအရင်ပေးလိုက်ပြီးမှ ဒုတိယဦးလေးရဲ့အိမ်ကို ပြန်သွားခဲ့ပြီး သူတို့ပြောတာကို ဝင်ပြောတာတွေ ၊ နားထောင်တာတွေရှိမနေပဲ ဝင်ထိုင်နေခဲ့တယ်။

 

အဖေလင်းကလည်း အနည်းငယ်မူးနေပြီဖြစ်တာကြောင့် လင်းတုံဟဲကိုမေးလိုက်တယ်။

 

ချွမ်ဇီ ဘယ်မှာလဲ

 

သူက အပြင်မှာ ခဏလောက်အေးအေးဆေးဆေးနေဦးမယ်လို့ပြောလို့ ကျွန်တော်အရင်ပြန်လာခဲ့တယ်

 

သြော်.. ဒီကလေးက သူ့စိတ်ထဲမှာ တွေးစရာတွေများနေတာဖြစ်မယ်.. ​​သူဘာတွေများ  စဥ်းစားနေတာလဲမသိဘူး. အိမ်ထောင်ပြုပြီးရင် ငါ့ရဲ့ချွေးမက သူ့ကို ပြုစုစောင့်ရှောက်နိုင်မယ်လို့ ငါမျှော်လင့်တယ်.. ဝံပုလွေတစ်ကောင်လိုမျိုး လူတွေကို တစ်နေကုန် မစိုက်ကြည့်နေရင် ကောင်းလိမ့်မယ်

 

တခါတရံ အဖေဖြစ်တဲ့သူတောင်မှ သူ့ရဲ့အကြည့်တွေကြောင့် ကြောက်လန့်သွားရတယ် ။

 

ဟုတ်တယ်.. ဒီလင်းမိသားစုမှာ သမီးတစ်ယောက်မှ မရှိဘူး.. ငါတို့ရဲ့မိသားစုထဲမှာ လည်း သမီးတစ်ယောက်မှ မရခဲ့ဘူး.. နောက်ဆုံး တတိယမိသားစုဆီမှာ တစ်ယောက်ရှိခဲ့ပေမဲ့လည်းမျှော်လင့်ထားသလိုမဖြစ်လာခဲ့ဘူး

 

အဖေလင်းက သူ့ရဲ့ဝိုင်ကို တစ်ငုံသောက်လိုက်တယ်။

 

သူက အဝေးမှာအိမ်ထောင်ကျသွားတဲ့ မွေးစားသမီးလေးဖြစ်သူအကြောင်းကို တွေးမိတော့ ကျန်ရှိနေတဲ့ဝိုင်တစ်ခွက်လုံးကို မော့သောက်လိုက်တယ်။

 

ထိုအချိန်မှာပဲ အိမ်တံခါးပွင့်လာပြီး ချင်ယွဲ့ယွဲ့က အထဲသို့ ဝင်လာပြီးနောက် သူတို့အားလုံး အရက်သောက်နေတာကို တွေ့လိုက်တော့ နှုတ်ဆက်လာတယ်။

 

ဦးလေးလည်း ဒီမှာပဲလား..  အစ်ကိုကြီးတုံဟဲ .. ဦးလေး

 

သမီးလေး ဘာကိစ္စရှိလို့လဲ

 

အဖေလင်းက မေးလိုက်တယ်။

 

ကျွန်မ ချွမ်ဇီကို တစ်ခုခုပြောစရာရှိလို့

 

ချင်ယွဲ့ယွဲ့က တစ်အိမ်လုံးကို လှည့်ပတ်ကြည့်လိုက်တယ်။

 

အမေလင်းနဲ့ အန်တီလင်းတို့ကလည်း  အပြင်ကိုထွက်လာခဲ့ကြတယ်။ သူတို့က အိမ်နောက်ခန်းမှာ ထမင်းစားပြီး စကားပြောနေကြတာဖြစ်ပြီး လင်းချွမ်ကို မတွေ့မိကြဘူး။

 

လင်းတုံဟဲ:  ခုနက သူက မူးနေလို့ဆိုပြီး အပြင်ကို ထွက်သွားခဲ့တာ အပြင်မှာ မတွေ့ခဲ့ဘူးလား

 

မတွေ့ခဲ့ဘူး

 

ချင်ယွဲ့ယွဲ့ ခေါင်းခါလိုက်တယ်။

 

လင်းတုံဟဲ :မင်းအနောက်ခန်းကို သွားကြည့်ပြီးသွားပြီလား

 

ဘာ.. ဆုဆုက အခု အနောက်ခန်းမှာ ရှိနေတာ.. မဟုတ်ဘူး ငါသွားကြည့်ရမယ်

 

အမေလင်းက သူမရဲ့ သန်မာထွားကျိုးပြီး မူးနေတဲ့သားဖြစ်သူက မြို့ပေါ်က မိန်းကလေးကို ခြောက်လှန့်မိသွားမှာကို ကြောက်နေမိတယ်။ တခြားကိစ္စတွေကိုတော့ တွေးတောင်မတွေးနဲ့။

 

ဒါပေမယ့် ချင်ယွဲ့ယွဲ့က ချက်ချင်းပဲထရပ်လိုက်တယ်။

 

ကျွန်မသွားကြည့်လိုက်မယ်

 

အမေလင်းက အပြင်ကို လှမ်းကြည့်လိုက်တော့ မှောင်နေပြီဖြစ်တဲ့အတွက် အဖေလင်းကို ဓာတ်မီးရှာခိုင်းလိုက်တယ်။ နောက်ဆုံး ဓာတ်မီးကို ရှာတွေ့ပြီးနောက်မှာ အားလုံးက စားပွဲပေါ်ကနေထလာကာ   အနောက်ခန်းဆီကို အတူတူ ပြေးလာခဲ့ကြတယ်။

 

အ​နောက်​ခန်းက မီးမှောင်နေတာကိုမြင်တော့ ​အမေလင်းက ဆိုးရွားတဲ့ခံစားချက်တွေဖြစ်လာရတယ်။ သူမ တံခါးနားကို အလျှင်အမြန်သွားလိုက်ပြီး တံခါးမဖွင့်ခင်မှာ ဆုဆုကို အော်ခေါ်လိုက်တယ်။ ထို့နောက် မည်သူမျှ မထူးသေးတာကြောင့် တံခါးကို ဆွဲဖွင့်လိုက်ချိန်မှာ သူမ မထိန်းနိုင်တော့ဘဲ ညည်းတွားလိုက်မိတော့တယ်။

 

သူမက ဘယ်သူမှမမြင်ရအောင် တံခါးကိုပြန်ပိတ်လိုက်ချင်ခဲ့ပေမယ့် ချင်ယွဲ့ယွဲ့က   အလျှင်အမြန်တိုးဝင်ကြည့်လာပြီး  ကျယ်လောင်စွာအော်ဟစ်လိုက်လေတယ်။

 

သူမရဲ့ ရုတ်​တရက်​​အော်​လိုက်​​တဲ့အသံကြောင့်  လူတိုင်းက အခန်းထဲကို ဝင်ကြည့်လိုက်ကြပြီး ချက်ချင်းပဲ အံ့ဩသင့်သွားခဲ့ကြတယ်။

 

အဖေလင်းရဲ့ မျက်နှာကဒေါသကြောင့် နီမြန်းသွားပြီး အော်ဟစ်ကြိမ်းမောင်းလာတော့တယ်။

 

လင်းချွမ်.. မင်း လူယုတ်မာ! ငါမင်းကို မသတ်ဘဲနေမလား ကြည့်လိုက်!

 

သူက ပြောပြီးပြီးချင်းပဲအိမ်ပြင်ကိုပြန်ထွက်ပြီး ဂေါ်ပြားကိုကို လှမ်းဆွဲလိုက်ကာ အထဲကို အပြေးဝင်လာပြီး ရိုက်ဖို့လုပ်တော့တယ်။

 

အခန်းထဲမှာ ပွေ့ဖက်ပြီး အိပ်ပျော်နေကြတဲ့ လူနှစ်ယောက်က နောက်ဆုံးမှာတော့ ဆူညံသံတွေကြောင့် နိုးလာခဲ့ပြီ။ ဆုဆု သတိဝင်လာတဲ့အချိန်မှာတော့ ခုနတုန်းက သူမကိုသူမ ထိုက်တောင်ကြီးရဲ့အဖိခံထားရတယ်လို့ ခံစားခဲ့ရတာက တကယ်တမ်းမှာ အမျိုးသားတစ်ယောက်ရဲ့လက်နဲ့ သူမရဲ့ခါးကို ပွေ့ဖက်ထားလို့ဖြစ်ကြောင်းကို သိလိုက်ရတယ်။

 

သူမ ချက်ချင်းပဲ ထထိုင်ပြီးနောက် တစ်ဖက်လူရဲ့လက်မောင်းက သူမရဲ့ဗိုက်ပေါ်သို့ လျှောကျလာကာ အနေအထားက အနည်းငယ် ရှုပ်ထွေးသွားခဲ့ရတယ်။

 

သူ မအော်လိုက်နိုင်သေးခင်မှာပဲ သူမရဲ့နံဘေးမှာ လဲလျောင်းနေတဲ့ လူက နိုးထလာခဲ့တယ်။ ဒါက လင်းချွမ်ပဲ။ တချို့သောအကြောင်းပြချက်တွေကြောင့်  သူမ မအော်ခဲ့တော့ဘူး။ တကယ်လို့ သူသာဖြစ်မယ်ဆိုရင် အဆင်ပြေသင့်တယ်လို့ တွေးမိခဲ့တယ်။ အထူးသဖြင့် အရက်နံ့တွေ ထွက်နေခဲ့တဲ့အတွက် တစ်ဖက်လူက အလွန်အကျွံမူးနေခဲ့တာဖြစ်လိမ့်မယ်။

 

ထိုအချိန်မှာ လင်းချွမ်သည်လည်း နိုးလာပြီးနောက် သူ့မျက်လုံးထဲသို့ ပထမဆုံးရောက်လာတာက ဓာတ်မီးရဲ့အလင်းရောင်တွေနဲ့ လင်းထိန်နေတဲ့အောက်မှာ အနည်းငယ် ထိတ်လန့်နေသော မျက်နှာလေးတစ်ခုကိုပဲ။ သူမရဲ့ ဆံပင်တွေက လျော့ရဲနေပြီး ခွေလိပ်ထားတဲ့ ခပ်ကွေးကွေးဆံပင်တို့က သူမရဲ့ ရင်ဘတ်ပေါ်သို့လျှောကျနေခဲ့ပြီး သူမရဲ့မျက်နှာလေးကို ပိုပြီး သေးငယ်သွားသယောင်ထင်စေရပြီး အထူးလှပနေစေကာ အလွန်အမင်းလည်း ချစ်စရာကောင်းနေခဲ့တယ်။

 

မဟုတ်သေးဘူး ငါ့ရဲ့လက်တွေက...

 

နောက်ဆုံးမှာတော့ သူ့ရဲ့ပြစ်မှုကျူးလွန်ထားတဲ့တရားခံ လက်တွေက မိန်းကလေးရဲ့ဗိုက်ပေါ်မှာရောက်နေတာကိုမြင်တွေ့လိုက်ရတယ်။ သူမရဲ့ ခါးက သေးငယ်လွန်းကာ ဗိုက်သားက ပျော့ပျာ့အိအိလေးရှိနေခဲ့တယ်။

 

လင်းချွမ်ရဲ့မျက်နှာက လုံးလုံးလျားလျားနီမြန်းသွားခဲ့ပြီး သူ့ရဲ့လက်ကို အလျှင်အမြန်ပြန်ရုတ်လိုက်တယ်။

 

ဒါပေမယ့် ရုတ်တရက်ပဲ တစ်ခုခုမှားယွင်းနေတာကို ခံစားလိုက်ရပြီး တံခါးကို လှမ်းကြည့်လိုက်ကာ သူ့ရဲ့ ခန္ဓာကိုယ်မှချွေးအေးတွေ ချက်ချင်း ထွက်လာတယ်။

 

သူက ရဲဘော်ဆုနဲ့အတူ အိပ်ယာတစ်ခုတည်းမှာအတူအိပ်ပြီး စောင်တစ်ထည်တည်းကိုအတူခြုံကာ အချင်းချင်း ပွေ့ဖက်နေခဲ့ကြတယ်။ အရေးကြီးဆုံးက ဒီမြင်ကွင်းကို သူ့ရဲ့ မိသားစုဆီမှာ အမြင်ခံလိုက်ရတာပဲ။