19:
လက်ထပ်ပွဲဖျက်သိမ်းခြင်း
သူ့ရဲ့ခေါင်းထဲကိုဝင်လာတဲ့
ပထမဆုံးသောအတွေးက သူ အခု ဘာလုပ်သင့်လဲ။
ဒီအချိန်မှာပဲ
သူ့ရဲ့အဖေက ဂေါ်ပြားကိုကိုင်ပြီးရောက်လာခဲ့ပြီ။ လင်းချွမ် သူ့အဖေရဲ့ရိုက်ချက်က
သူ့ဘေးမှာရှိနေတဲ့ ဆုဆုကို ထိခိုက်မိမှာကို ကြောက်လန့်သွားပြီး အနောက်ကိုလှည့်ကာ
ဆုဆုရဲ့တစ်ကိုယ်လုံးကို သူ့ရဲ့ကိုယ်နဲ့ကာကွယ်ပြီး လက်နှစ်ဖက်ကိုတော့
နံရံမှာဖိကပ်ထားလိုက်တယ်။
ဘန်း!
ပြင်းပြင်းထန်ထန်ရိုက်ခတ်မိတဲ့အသံထွက်ပေါ်လာခဲ့တယ်။
ဆုဆု
ထိတ်လန့်သွားခဲ့ပြီး:
“အဆင်ပြေရဲ့လား”
လင်းချွမ်ရဲ့နာကျင်နေရတဲ့မျက်နှာကိုမြင်တော့
ဆုဆုရဲ့တစ်ကိုယ်လုံး ချွေးအေးတွေစိုစွတ်လာရပြီး မထိန်းနိုင်ပဲ ငိုမိသွားတော့တယ်။
“မရိုက်ပါနဲ့..
ဒါက သူ့ရဲ့အမှားမဟုတ်ပါဘူး .. သူက အရက်အမူးလွန်နေရုံပါပဲ.. ကျွန်မကိုလည်း
ဘာမှမလုပ်ပါဘူး”
သူမ
အိပ်ပျော်နေတုန်းက လူဝင်လာတာကို မသိလိုက်တာလေ။
အဖေလင်းက
ဒေါသအရမ်းထွက်ပြီး ထပ်ရိုက်ချင်ပေမယ့် အမေလင်းက သူ့ကိုလှမ်းထိန်းပြီး
ပြောလိုက်တယ်။
“ကောင်းပြီ
ကောင်းပြီ.. ရှင်က ရှင့်ရဲ့သားကို သေတဲ့အထိ ရိုက်သတ်ချင်နေတာလား”
လင်းတုံဟဲက
အေးစက်စွာဝင်ပြောလာတယ်။
“လင်းချွမ်
မင်းဒီလိုအရာမျိုးကို ဘယ်လိုများလုပ်နိုင်ရတာလဲ.. မင်း ချင်ယွဲ့ယွဲ့ကို
ဘယ်လိုလုပ်မှာလဲ.. ရဲဘော်ဆုကိုရော ဘယ်လို လုပ်တော့မှာလဲ”
တကယ်လို့
မင်းဘာတစ်ခုမှ မစဥ်းစားနိုင်တော့ဘူးဆိုရင် မြစ်ထဲကိုသာ တိုက်ရိုက်ခုန်ချလိုက်တော့။
လင်းချွမ်က
ခေါင်းတွေထိုးကိုက်နေပြီး စကားမပြောနိုင်တော့ဘူး။ အခုချိန်မှာ သူ ဆုဆုကို
အားနာတဲ့စိတ်တစ်ခုပဲရှိတော့တယ်။
သူ
ပါးစပ်ကိုဖွင့်ဟလိုက်ပေမဲ့ ဘယ်စကားကိုပြောရမလဲဆိုတာကိုလည်း မသိတော့တဲ့အတွက်
ခန်ပေါ်မှဆင်းပြီး ဖိနပ်ကိုစီးကာ ပြတင်းပေါက်ဘေးနားမှာ သွားရပ်နေလိုက်တယ်။ သူ
ဆုဆုဘက်ကိုလှည့်မကြည့်ရဲဘူး။ သူမ ငိုနေတာကို သူမြင်တွေ့ရမှာကို
ကြောက်လန့်နေခဲ့တယ်။
မိခင်လင်းက
ခန်ခုံပေါ်မှာဝင် ဆုဆုကို နှစ်သိမ့်လိုက်တယ်။
“မကြောက်ပါနဲ့
မကြောက်နဲ့နော် သမီးလေး”
ဆုဆုက လုံးဝ
မကြောက်လန့်ဘူး။ သူမက ဒါကို ကိစ္စကြီးတစ်ခုလို့လည်း မထင်မိဘူး။ သူက
အရက်အလွန်အကျွံသောက်မိပြီး ခန်ပေါ်ကို တက်အိပ်မိသွားရုဲပဲလေ။
သူတို့နှစ်ယောက်လုံးရဲ့ အဝတ်အစားတွေကလည်း သပ်သပ်ရပ်ရပ် ၀တ်စားထားတာကြောင့်
တခြားဘာတွေများဖြစ်နိုင်မှာမို့လို့လဲ။
သို့သော်လည်း
အလွန်ရှေးရိုးဆန်တဲ့ခုနစ်ဆယ်ခုနှစ်နှောင်းပိုင်းမှ လူများအတွက်တော့
ထိုကိစ္စကိုအလွန်အမင်း ရှက်ရွံ့ဖွယ်ရာလို့ ထင်မြင်ခဲ့ကြတယ်။
အရေးအကြီးဆုံးကိစ္စကတော့
စာအုပ်ထဲမှ ဇာတ်ကွက်တွေက အခု ရှုပ်ထွေးသွားတဲ့ပုံပဲ။
ထိုအချိန်မှာပဲ
ချင်ယွဲ့ယွဲ့က ဝင်ပြောလာတယ်။
“ကျွန်မတို့တွေက
လက်ထပ်ကြတော့မှာ လေ.. ရှင်တို့တွေ.. တကယ်လို့ ရှင်တို့သာ ဒီလိုဖြစ်နေရင် ကျွန်မ
ဘာလုပ်သင့်လဲ”
“မင်းသဘောမတူဘူးဆိုရင်
ဖျက်သိမ်းလိုက်ကြတာပေါ့”
“ဘာ?”
လူတိုင်း
ကြောင်အမ်းသွားခဲ့ကြတယ်။
ဦးလေးလင်းက
ပြောလာတယ်။
“အဓိပ္ပာယ်မရှိတာ
.. လက်ထပ်ပွဲက အကုန်လုံးအဆင်သင့်ဖြစ်ခါနီးနေပြီ.. ဆွေမျိုးတွေနဲ့ ရွာသားတွေကိုလည်း
အဲဒီနေ့လို့ လိုက်ပြောထားပြီးပြီ.. မင်းက ဖျက်မယ်လို့ပြောတိုင်း
ဖျက်လို့ရတဲ့အရာမဟုတ်ဘူး”
အဒေါ်လင်းကလည်း
ဝင်ပြောလိုက်တယ်။
“မဖြစ်ဘူး
မဖြစ်ဘူး မဖြစ်ဘူး.. မင်းသာ အဲလိုလုပ်ရင် မင်းအဖေနဲ့အမေရဲ့မျက်နှာကို
ဘယ်မှာထားရမှာလဲ”
လင်းတုံဟဲ : “ဒါ့အပြင်
ချင်ယွဲ့ယွဲ့ရဲ့ ဂုဏ်သိက္ခာလည်း ရှိသေးတယ်...”
လင်းချွမ်က
ဒီတစ်ကြိမ်မှာတော့ သည်းခံမနေတော့ဘဲ ပြောလိုက်တယ်။
“ဒါဆို
စစ်တပ်ခေါင်းဆောင်က ကျွန်တော်ကို ပါတနာတစ်ယောက်နဲ့ မိတ်ဆက်ပေးတဲ့အတွက် ကျွန်တော်က
ချင်ယွဲ့ယွဲ့နဲ့ လက်မထပ်ချင်တော့လို့ ဒီလက်ထပ်ပွဲကိုဖျက်သိမ်းလိုက်တယ်လို့
ပြောလိုက်ပါ”
ဒါဆို
ချင်ယွဲ့ယွဲ့လည်း မျက်နှာပျက်ရမှာမဟုတ်ဘူး။
“မရဘူး..
ငါတို့ရဲ့လင်းမိသားစုမှာ ဒီလိုလူမျိုးမရှိဘူး.. မင်းရဲ့အိမ်ထောင်ကို
ဖျက်သိမ်းချင်ရင် ငါ့ရဲ့ခန္ဓာကိုယ်ပေါ်ကို နင်းသွားမှရမယ်”
အဖေလင်းက
သူ့ရဲ့သားကို သူ့အသက်နဲ့ ခြိမ်းခြောက်လာတယ်။
တကယ့်ကို
ဆူပွတ်နေတဲ့ ဂျုံယာဥအိုးကြီးပဲ။ ဆုဆု ခန်ပေါ်မှာ ကိုယ်ကိုကျုံ့ပြီးထိုင်နေကာ
ကြောင်အမ်းနေခဲ့တယ်။ ထိုအခိုက်မှာပဲ လင်းချွမ်က သူမအိပ်နေတဲ့ ခန်ပေါ်မှာ
ဘာလို့ရောက်နေရတာလဲဆိုတာကို တွေးလိုက်မိတယ်။ ဒီလိုမဖြစ်သင့်ဘူးလေ။
အရေးကြီးဆုံးအချက်မှာ
ဒီလောက်ကြီးမားတဲ့ လူအစုအဝေးကြီးက ဘာလို့ဒီကိုရောက်လာရတာလဲ? ဒါက
ကြိုတင်စီစဥ်ထားသလိုပဲ။ ထို့အပြင် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ကြားက
စကားလုံးတွေက အတော်လေး တွဲဖက်ညီနေခဲ့တယ်။ သူတို့ရဲ့စကားတွေက လင်းချွမ်ဘက်မှ
အရင်လက်ထပ်ပွဲကိုရုတ်သိမ်းဖို့ ဖိအားပေးနေသလိုမျိုးပဲ။ အမှားတွေအားလုံးကို
သူ့ရဲ့နောက်ကျောပေါ်ကို တင်ပေးနေခဲ့တယ်။
လင်းတုံဟဲ : “ဒုတိယဦးလေး.. အခု
ဦးလေးရဲ့သားက ဆုဆုနဲ့အတူတူ ခန်ပေါ်မှာ လဲလျောင်းနေခဲ့တာလေ.. ဒီလိုကိစ္စမျိုး
ကြုံလာပြီးမှတော့ ချင်ယွဲ့ယွဲ့ကို ဦးလေးရဲ့သားနဲ့ ဘယ်လိုများလက်ထပ်ဖို့
ပြောနိုင်သေးတာလဲ”
အမေလင်းက
ချင်ယွဲ့ယွဲ့ကိုကြည့်ပြီး သူမက အလွန်ဥာဏ်နည်းတယ်လို့ တွေးမီနေခဲ့တယ်။ အမှန်က
သူမသားဖြစ်သူရဲ့ အပြစ်ဆိုပေမဲ့လည်း သူတို့နှစ်ယောက်ရဲ့ကြားမှာ ဘာမှမရှိဘူးဆိုတာ
သိသာနေတာပဲလေ။ ဒါကြောင့် သူမက ချင်ယွဲ့ယွဲ့ကို အေးစက်စွာကြည့်ပြီး မေးလိုက်တယ်။
“ဒါဆို
မင်းဘာလုပ်ချင်လဲ”
ချင်ယွဲ့ယွဲ့က
လင်းတုံဟဲကို တိတ်တဆိတ် စိုက်ကြည့်လိုက်ကာ :
“ကျွန်မ
အစ်ကိုချွမ်ဇီကို ယုံတယ်”
အမေလင်းရဲ့မျက်နှာက
ပိုကောင်းလာပြီး လင်းတုံဟဲရဲ့မျက်နှာကတော့ တင်းမာသွားခဲ့တယ်။ ဆုဆုက
သူတို့ရဲ့ကြားမှာ တစ်စုံတစ်ရာ မှားယွင်းနေတယ်လို့ ခံစားမိလာခဲ့တယ်။
ထို့နောက်
ချင်ယွဲ့ယွဲ့က ဆက်ပြောလာတယ်။
“ဒါပေမယ့်
လက်ရှိအခြေအနေမှာ ကျွန်မတို့နှစ်ယောက်လုံးက လက်ထပ်ဖို့ ဆန္ဒမရှိကြသေးတော့ ခဏလောက်
ထပ်ပြီးစောင့်လိုက်ကြရအောင်.. ကျွန်မ..ကျွန်မက အစ်ကိုချွမ်ဇီရဲ့
သတို့သမီးလောင်းဖြစ်နေတုန်းပဲလေ.. ဘယ်လိုထင်လဲ”
ဆုဆု
နောက်ဆုံးတော့ ဇာတ်လိုက်မဘာတွေ တွေးနေလဲဆိုတာကို နားလည်သွားခဲ့ပြီ။ သူမက ဂူကို
သိမ်းပိုက်ချင်ပေမဲ့ အတွင်းမှ အညစ်အကြေးတွေကိုတော့ မလိုချင်ဘူး။ သူမ
ကောလိပ်တက်ပြီးတဲ့နောက်မှာ သူမအတွက် ကျူရှင်စရိတ်၊ အထွေထွေစရိတ်၊ နေရာထိုင်ခင်း၊
အစားအသောက်စရိတ်၊ ပြီးတော့ အရာရာတိုင်းအတွက် လိုအပ်သမျှကို ကူညီပေးဖို့
လင်းချွမ်ဆီကပဲ တောင်းဆိုခဲ့ရတယ်။
ဇာတ်လိုက်
သူ့ရဲ့အိမ်ကိုပြန်သွားချိန်မှာ ဆွေမျိုးတွေဆီမှ အသိအမှတ်ပြုခံခဲ့ရပြီး
သူ့ရဲ့အဖွါးဆီကနေ မြှောက်စားခံခဲ့ရတယ်။ ပြီးတော့ ဇာတ်လိုက်မက တုံးအတဲ့
လင်းချွမ်ကို စွန့်ပစ်သွားလိမ့်မယ်။
ဘယ်လောက်တောင်
အရှက်မရှိလိုက်သလဲ။
စာအုပ်ကို
ဖတ်ခဲ့တဲ့အချိန်တုန်းက သူမ ဘာမှ မခံစားခဲ့ရပေမယ့် အခု
ကိစ္စတွေဖြစ်နေတဲ့နေရာကိုရောက်လာတော့ တစ်ဖက်လူတွေက ဘယ်လောက်တောင်မှ
တွက်ချက်နိုင်စွမ်းရှိလဲဆိုတာကို သိရှိလာရတယ်။
အမျိုးသား
ဇာတ်လိုက်အတွက်ကတော့ သူက ဇာတ်လိုက်မနဲ့ လင်းချွမ်တို့ရဲ့ အိမ်ထောင်ရေးကို
ပျက်သွားစေချင်နေတဲ့သူပဲ။ ဒီလိုဆိုမှ သူမ ဇာတ်လိုက်မကို လိုက်ဖို့အတွက်
အခွင့်အရေးရလာလိမ့်မယ်။ အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် ထိုအရာက
သူ့ရဲ့အရည်အချင်းအပေါ်ကို မူတည်သွားပြီလေ။
သို့သော်လည်း
ဇာတ်လိုက်မကတော့ သူ့ရဲ့နှလုံးသားကို ဂရုမစိုက်ဘဲ လင်းမိသားစုရဲ့သား
လင်းချွမ်အပေါ်ကို အားကိုးချင်နေသေးတယ်။
သူမ အသက်
အသက်တစ်ချက်ရှိုက်လိုက်ပြီး ဇာတ်လိုက်မတို့ရဲ့ အရှက်ကင်းမဲ့မှုကို
ဆက်လက်ကြည့်နေခဲ့သည်။
လင်းချွမ်က
သဘောတူလောက်မှာပဲ။
မမျှော်လင့်စွာနဲ့
လင်းချွမ်က ပြန်ပြောလာတယ်။
“မဟုတ်ဘူး..
ဒီလက်ထပ်ပွဲကို ဖျက်သိမ်းရမယ်”
အဖေလင်းရဲ့ဂေါ်ပြားက
ချက်ချင်းမြောက်တက်လာခဲ့တယ်။ သို့ပေမဲ့ ဆုဆုက ထရပ်လာတာကိုမြင်တော့ သူမအတွက်
အနည်းငယ်စိတ်မကောင်းဖြစ်သွားချိန်မှာပဲ သူမက ဝင်ပြောလာတာကို ကြားလိုက်ရတယ်။
“ဒါဆို ကျွန်မကရော
ဘာလုပ်ရမလဲ?”
အမှန်ပဲ။
သူတို့တွေက ချင်ယွဲ့ယွဲ့ရဲ့ ခံစားချက်တွေကို နှစ်သိမ့်ပေးနေကြပေမယ့် အမှန်တကယ်
ခံရတဲ့သားကောင်ဖြစ်နေတဲ့ သူမကိုတော့ ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြဘူး။
အမေလင်းက
အဖေလင်းရဲ့ခြေထောက်ကိုလှမ်းကန်လိုက်ပြီး :
“ဆုဆု
ငါတို့ရဲ့သားက မင်းအပေါ် ဒီလိုအမှားမျိုးလုပ်ခဲ့မိတယ်.. သူ့ကို
မင်းအစ်ကိုဖြစ်ခွင့်ပေးလို့ရမလား?”
ဘာလဲ?
သူမက သူ့ကို
ဖလစ်ချင်နေတာ အသိသာကြီးပဲကို။ သူ့ရဲ့အမေက သူ့ကို သူမရဲ့အစ်ကိုဖြစ်ခိုင်းနေတယ်။
ဘယ်လိုများဖြစ်နိုင်မှာလဲ။
ဒါပေမယ့် သူမ
စကားမပြောရသေးခင်မှာပဲ လင်းချွမ်က ရုတ်တရက်ပြောလာပြန်တယ်။
“မလုပ်ဘူး”
ဆုဆုရဲ့
နှလုံးခုန်သံက တစ်ချက်လွဲချော်သွားရတယ်။ သူမ အခုချိန်ထိ လင်းချွမ်နဲ့ အကြည့်ချင်း
မဆုံဆည်းခဲ့ရသေးဘူး။
အခုချိန်မှာလည်း
သူတို့တွေ မျက်လုံးချင်းဆုံဆည်းလိုက်မိပေမဲ့ ထိုအမျိုးသားက ချက်ချင်းပဲ
ရှောင်ထွက်သွားကာ ဓာတ်မီးတွေရဲ့အလင်းရောင်အောက်တွင် သူ့ရဲ့လည်ပင်းတွေ
အနည်းငယ်နီရဲနေတာကို မြင်လိုက်ရလေတယ်။
မဟုတ်ဘူး။ သူမရဲ့
အထင်သက်သက်ပဲ မဟုတ်လောက်ဘူး။ ဟုတ်တယ်မလား?
သူက
ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလွန်းတာလဲ။
မဟုတ်သေးဘူး။
အရံဇာတ်ကောင်က ဇာတ်လိုက်မကို သဘောကျနေတာ မဟုတ်ဘူးလား။ ဟုတ်တယ်မလား။
သူမရဲ့
နှလုံးခုန်သံတွေမြန်ဆန်လာရတယ်။ သူမရဲ့စိတ်ထဲမှာ အငြင်းအခုန်ဖြစ်နေသေးပေမဲ့လည်း
သူမကိုယ်သူမ ရတနာတစ်ခုကို ရှာတွေ့သွားသလိုမျိုး ခံစားနေခဲ့ရတယ်။
အခုချိန်မှာ
လူတွေက လှည့်ပတ်ကြည့်နေရင်း တစ်ဖက်ကိုပါကူညီဖို့လုပ်နေကြတာကိုမြင်တော့
ချင်ယွဲ့ယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
“အစ်ကိုချွမ်ဇီ
ရှင့်ဆီမှာ တခြား အတွေးရှိနေလို့လား.. ရှင်က တခြားလူအကြောင်းကိုတွေးပြီး
လက်ထပ်ပွဲကိုဖျက်ချင်နေရင်တောင် ကျွန်မလည်း မျက်နှာလိုချင်သေးတယ်လေ”
လင်းချွမ်က
ရိုးရှင်းပြီးရိုးသားတဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲလိုက်ပြီး
တိုက်ရိုက်ပဲပြောလိုက်တယ်။
“ငါပြောသလိုပဲ
ဒီလက်ထပ်ပွဲကို ရုတ်သိမ်းမယ်.. နောက်ပြီး ငါ့ကြောင့်လို့ ပြောလို့ရတယ်.. ပြီးရင်
မင်းရဲ့ ကောလိပ်ပညာရေးအတွက် လိုအပ်တဲ့ပိုက်ဆံကို ငါထောက်ပံ့ပေးမယ်..အဲလိုဆိုရင်
ဖြစ်ပြီလား”
“အင်း.. ဒါ
တစ်ခုတည်းသော နည်းလမ်းပဲ”
ချင်ယွဲ့ယွဲ့က
သဘောတူလာတယ်။
ဆုဆုကတော့
သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲကို ဒီလိုမျိုးဖျက်သိမ်းလိုက်လိမ့်မယ်လို့
မထင်ထားခဲ့ဘူး။
လင်းချွမ်က
မိသားစုနှစ်ဖက်မှ စေ့စပ်ပွဲအတွက်လဲလှယ်ထားခဲ့တဲ့ သူနှစ်အတော်ကြာအောင်
ပတ်ထားခဲ့တဲ့နာရီကို ဖြုတ်ပြီး ချင်ယွဲ့ယွဲ့ကို ပေးလိုက်ပြီး သူမကလည်း
ပျော်ရွှင်ကျေနပ်စွာနဲ့ လက်ခံခဲ့တယ်။
အဖေလင်းနဲ့
အမေလင်းတို့က ဒီတစ်ကြိမ်မှာတော့ ဘာမှ မဝင်ပြောဘဲ ဘေးထွက်နေဖို့
စိတ်ပိုင်းဖြတ်ထားပုံရတယ်။ သူတို့တွေ ဘာတွေများ လုပ်ရဦမှာလဲ။ ထပ်ပြောရရင် ဒါက
သူတို့သားရဲ့အမှားဖြစ်တဲ့အတွက်ချင်ယွဲ့ယွဲ့ဘက်က ပြောပိုင်ခွင့်ရှိနေတယ်လေ။