Ch 21
Viewers 11k

21: မင်း ငါ့ကိုလက်ထပ်တာမဟုတ်ဘူး

 

ချင်ယွဲ့ယွဲ့: ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. အခုပြသနာက နင်နဲ့ဘာမှမဆိုင်တဲ့ ငါတို့မိသားစုရဲ့အိမ်တွင်းရေးပဲ.. ဒါ့အပြင် အခုက ငါတို့ မိသားစုရဲ့ပြသနာပဲ

 

ချင်ယွဲ့ယွဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ပြောလိုက်တယ်။ ဒါက သူမရဲ့ အနာဂတ်နှင့် ဆက်စပ်တာလေ။

 

သူမကို အဝေးသို့ နှင်လွှတ်နေရတဲ့အကြောင်းပြချက် က တစ်ဖက်လူရဲ့လုပ်ရပ်တွေက သူမကို ခြိမ်းချောက်နေလိုပဲ။

 

လိမ္မာပါးနပ်လွန်းပြီး အဓိကအချက်ကို ကောင်းကောင်း ဖမ်းဆုတ်နိုင်ခဲ့တယ်။

 

သူမက အလွန်သနားစရာကောင်းနေပုံရတဲ့အတွက် ဆုဆုကိုထွက်သွားခိုင်းပြီးရင်လူတိုင်းက သူမကိုသနားတဲ့အတွက်ကြောင့် သူမဘက်ကို ပြန်ပါလာနိုင်တယ်။

 

အမေလင်း: “ဘာကိစ္စရှိနေသေးလို့လဲ.. နင်က လက်ထပ်ပွဲဖျက်တာကို မလိုချင်လို့ ခုချက်ချင်း လက်ထပ်ချင်နေတာလား

 

မဟုတ်ဘူး ..ဒါမှမဟုတ် ကျောင်းကို သတင်းပို့တဲ့အထိ စောင့်မယ်ဆိုရင်ရော

 

သူမက လက်ထပ်ပွဲကို ဖျက်ပြီးသွားရင် လင်းမိသားစုက သူမကို အခွင့်ကောင်းယူခွင့် မပေးတော့ကြောင်းကို ချင်ယွဲ့ယွဲ့ သိနေတယ်။ ဒီအချိန် ရွာထဲမှာ သူမရဲ့ ဂုဏ်သတင်းက မဆိုးရွားသွားဘူးဆိုပေမဲ့ လင်းမိသားစုရဲ့ ပံ့ပိုးကူညီမှုသာ မရှိဘူးဆိုရင် လာမည့်နွေဦးရာသီမှာ သူမ အလုပ်လုပ်ရမဲ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး။ သူမ အချိန်ခဏလောက်ထပ်ပြီး ရွှေ့ဆိုင်းထားရမယ်။ ကောလိပ်တက်ပြီး ဒီနေရာကနေ ထွက်သွားနိုင်သရွေ့အရာအားလုံးက လွယ်ကူသွားလိမ့်မယ်။

 

ချင်ယွဲ့ယွဲ့ ငါတို့က လက်ထပ်ပွဲကို ဖျက်သိမ်းပြီးသွားပြီ

 

လင်းချွမ်က တစ်ဖက်လူမှ ငြင်းဆိုလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ သူမက ထပ်မံပြီး လက်ထပ်ပွဲကို ရွှေ့ဆိုင်းဖို့ ပြောလာပြန်ပြီ။

 

အဆုံးသတ်ကျရင် မင်းက လက်မထပ်ချင်ဘူး ဟုတ်တယ်မဟုတ်လား

 

အမေလင်းက သေချာနားလည်သွားပြီ။ ဒီနေ့မှာ ဘာတွေပဲ ဖြစ်ခဲ့ပါစေ ချင်ယွဲ့ယွဲ့က သူတို့မိသားစုနဲ့ လက်မထပ်ချင်ဘူး။ လင်းချွမ်ကိုသာ အစ်ကိုအဖြစ် အသိအမှတ်မပြုနိုင်ဘူးရင် သူမက လက်ထပ်ပွဲကိုလည်း မဖျက်သိမ်းချင်တော့ဘူး။ သူမရဲ့ နှလုံးသားထဲမှာ ဘယ်လိုတစ္ဆေသရဲတွေ ရှိနေခဲ့တာလဲ။

 

ချင်ယွဲ့ယွဲ့က ဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ။ အမေလင်းကလည်း အနှစ် ၄၀ ကျော် အသက်ရှင်နေထိုင်ခဲ့ပြီးတဲ့သူဖြစ်တာကြောင့် တစ်ဖက်လူရဲ့ နှလုံးသားထဲမှာ ဘာတွေ တွေးနေသလဲဆိုတာကို သူမ နားလည်တယ်။ ဆုဆုက ဒါတွေကို အရင်ဖြတ်ကျော်ပြီးမြင်နိုင်ခဲ့ပေမဲ့လည်း သူမကတော့ ယခုအချိန်မတိုင်ခင်အထိ နားမလည်ခဲ့ဘူး။

 

မဟုတ်ဘူး.. ကျွန်မက ရှင်နဲ့ ဆက်သွယ်ဖို့ အချိန်နည်းနည်းလောက်ထပ်လိုချင်တာပါ.. ပြောရရင် ကျွန်မတို့တွေက အကြိမ်ရေအများကြီး မဆုံဖြစ်ခဲ့ကြဘူးလေ

 

ငါ့သားက တစ်နှစ်ပတ်လုံး စစ်တပ်ထဲမှာနေရတာလေ.. ​​သူက နင်နဲ့ ဘယ်လိုလုပ်ပြီး ရင်းနီးနေမှာလဲ.. နောက်ပြီး နင်နဲ့ အဆက်အသွယ်လုပ်နေတာပဲမလား.. သူက နင့်ကို အသုံးစရိတ်အတွက် တစ်လကို ဆယ်ယွမ်ဆီပေးနေတာလေ

 

ဒီလိုအကြောင်းတွေကို စာအုပ်ထဲမှာ ထည့်မရေးထားဘူး။ ဇာတ်လိုက်မက လင်းမိသားစုကို တကယ်ကို အခွင့်ကောင်းယူပြီးမှ ရောင်းစားခဲ့တာပဲ။

 

သူသာ သဘောမတူဘူးဆိုရင်အစောပိုင်းကတည်းက ပြောသင့်တာပဲမလား။ နောက်ပြီး သူ့ကို အစ်ကိုတစ်ယောက်လို နေခိုင်းပြီး သူမအတွက် သူ့ရဲ့ပိုက်ဆံတွေကို သုံးခိုင်းခဲ့သေးတယ်။ တကယ်ပဲ အရှက်မရှိလိုက်တာ။

 

“ကျွန်မတို့က ပစ္စည်းဥစ္စာတွေအကြောင်းကို ပြောနေတာမဟုတ်ဘူးလေ ဒီတော့..

 

သူတို့ပြောနေတာမှန်တယ်ဆိုပေမဲ့ သူမ အဲဒီအကြောင်းကို ပြောနေတာမဟုတ်ဘူးလေ။

 

ဒီတော့ မင်းပြောကြည့်လေ.. ငါတို့ရဲ့မိသားစုက မင်းအတွက် ဘယ်နှစ်နှစ်လောက်ကြာအောင် ထောက်ပံ့ပေးထားရမှာလဲ.. သူများတွေသာဆို ချွေးမနဲ့ လက်ထပ်ဖို့ တစ်ရာ နှစ်ရာလောက်ပဲ ကုန်ကျမှာ.. ငါတို့သားက မင်းအတွက် တစ်နှစ်ပတ်လုံး ပေးနေခဲ့တာလေ.. ငါ မင်းကိုပေးခဲ့တဲ့ လက်ဆောင်ကတင် နှစ်ရာလောက်ရှိနေပြီ.. မင်း အဲဒါကိုရော ပြန်ပေးချင်သေးလား

 

အမေလင်းက အနိုင်ကျင့်ဖို့မလွယ်ကူဘူး။

 

အခုချိန်မှာ သူမရဲ့ နှလုံးသားက အေးစက်နေပြီ။ ဆုဆုပြောတာအမှန်ပဲ။ထိုမိန်းမက သူမတို့မိသားစုရဲ့အိမ်ကို စျေးသက်သက်သာသာနဲ့ သိမ်းပိုက်ချင်နေတာ။

 

“အန်တီ.. ကျွန်မက အဲလိုမတွေးထားပါဘူး.. ကောလိပ်တက်ရဖို့က မလွယ်ဘူးလေ.. ကျွန်မက ကျောင်းတက်ခွင့်ရခဲ့တာ.. တကယ်တော့ ကျွန်မဆီမှာ တခြားစိတ်ကူးမရှိပါဘူး.. ကျွန်မကောလိပ်တက်ပြီးတဲ့အထိ စောင့်ပြီးမှ လက်ထပ်ပွဲအကြောင်း ကို ပြောလို့ရတယ်လေ.. အဲလိုဆို ကောင်းတယ်မဟုတ်ဘူးလား.. အစ်ကိုချွမ်ဇီ..  ရှင်လည်း အတွေ့အကြုံရင့်တဲ့သူပဲလေ.. အခုလိုမျိုး အိမ်မှာ အတင်းအကြပ်လက်ထပ်ခိုင်းလို့မရဘူး

 

 

အရင်တုန်းကလိုမျိုး ရိုးသားတဲ့ လင်းချွမ်သာဆိုရင် သူမရဲ့စကားကို သေချာပေါက်နားထောင်မှာပဲ။ ဒါပေမယ့် အခုချိန်မှာတော့ သူမ သိပ်ပြီးမသေချာတော့ဘူး။ ဆုဆုရဲ့စကားတွေကြောင့် ထိုလူတွေရဲ့အတွေးကို ရှုပ်ထွေးသွားလောက်ပြီ။

 

ငါတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်ပြီ

 

လင်းချွမ်ကတော့ သူမက လူစကားကို နားမလည်နိုင်ဘူးလို့ ခံစားနေရတယ်။

 

အတင်းအကြပ်လက်ထပ်ခိုင်းတယ်? ငါတို့ရဲ့ လင်းမိသားစုက မင်းကို အတင်းအကြပ်လက်ထပ်ခိုင်းနေလို့လား?

 

အမေလင်းက ဒေါသထွက်လွန်းတာကြောင့် ခေါင်းပါမူးနောက်သွားရတယ် ။ ကံကောင်းထောက်မစွာပဲ အဖေလင်းက သူမကို မြဲမြံစွာထိုင်နိုင်အောင် ကူညီပေးခဲ့လေတယ်။ သူက ချင်ယွဲ့ယွဲ့ကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။

 

မင်းလက်မထပ်ချင်ဘူးဆိုရင် လက်ထပ်ပွဲကိုဖျက်လိုက်.. ငါတို့မိသားစုက မင်းကို အတင်းအကြပ်မလုပ်ဘူး

 

သူက တခြားမိန်းမတွေနဲ့ ခန်တစ်ခုတည်းမှာ အတူတူအိပ်နေတယ်လေ.. နောက်ပြီး ကျွန်မက အရှုပ်ထဲကိုဆွဲထည့်ခံနေရတာ.. ဒါကို ရှင်တို့မိသားစုက လက်ထပ်ပွဲကိုဖျက်ပစ်မယ်လို့ပြောနေတာလေ

 

 

 

ချင်ယွဲ့ယွဲ့က ငိုပြီးပြောလာတယ်။ သူမ အကြောင်းပြချက်နဲ့ အခွင့်ကောင်းယူပြီးပြောရမယ်။

 

မင်းက လက်ထပ်ပွဲကို ဖျက်ဖို့ သဘောမတူခဲ့ဘူးလား?မင်းက ငါတို့မိသားစုဆီကနေ လက်ဆောင်ကို ပြန်မယူခဲ့ဘူးလား.. နောက်ပြီး  မင်းရဲ့ကောလိပ်စရိတ်ကိုပေးဖို့ တစ်ဖက်လှည့်နဲ့တောင်းခဲ့တာပဲလေ.. မင်းကိုလက်ထပ်ဖို့ ပြောတော့လည်း လက်ထပ်ဖို့သဘောမတူဘူး.. အခု ငါတို့ကိုအပြစ်လာတင်နေပြန်ပြီး မင်းကဘာလုပ်ချင်လို့လဲ?

 

အမေလင်းက ဒေါသကြောင့် တုန််ယင်နေခဲ့တယ်။

 

ကျွန်မ... အစ်ကိုချွမ်ဇီ ရှင် ကျွန်မကို အခုလေးတင် ကတိပေးထားတယ်လေ.. ယောက်ျားတွေက မတည်နိုင်တဲ့ စကားကိုမပြောသင့်ဘူး

 

ချင်ယွဲ့ယွဲ့က လင်းချွမ်အပေါ်မှာ အာရုံစိုက်နေခဲ့ပြီး သူရဲ့ထင်မြင်ချက်ကို ရဖို့ကြိုးစားနေခဲ့တယ်။ စစ်သားတွေက အမျိုးသမီးတွေကို ဘယ်တော့မှ အနိုင်ကျင့်မှာ မဟုတ်ဘူး။

 

လင်းချွမ်ရဲ့ သွေးကြောတွေက ထောင်ထနေခဲ့ပြီး တစ်ဖက်သားကိုကြိမ်းမောင်းပစ်ချင်နေပြီဖြစ်ပေမဲ့ သူ့ကိုယ်သူထိန်းသိမ်းထားတုန်းပဲ။

 

စေ့စပ်လက်ဆောင်ကိုလည်း ပြန်ပေးပြီးပြီ.. မင်းဆီကနေ ပိုက်ဆံတွေကိုလည်းပြန်မတောင်းဘူး.. ဒါပေမယ့် အခုချိန်ကစပြီး ငါတို့က သူစိမ်းတွေပဲ

 

သူရဲ့သဘောထားက သိသာထင်ရှားနေခဲ့တယ်။

 

ကျွန်မက ရှင့်ရဲ့ ဇနီးလောင်းအဖြစ်ရှိနေခဲ့တာ အတော်ကြာနေပြီ.. အခု ရှင်က တခြားမိန်းမတွေနဲ့ ခန်ပေါ်မှာအတူအိပ်နေခဲ့တယ်.. ရှင်က ကျွန်မကို ရှင်းပစ်ဖို့ ဒီလောက်ထိလွယ်တယ်လို့ ထင်နေတာလား.. ကောင်းပြီလေ.. ဒီရွာထဲမှာဆိုတော့ ကျွန်မကို အနိုင်ကျင့်နေတာပဲ.. ဘယ်သူမှ ကျွန်မဘက်မှ ရှိမနေဘူးဆိုမှတော့ ကျွန်မ ခရိုင်ဆီကိုသွားပြီး တိုင်မှာ.. ပြီးရင် စစ်တပ်ထဲက ရှင့်ရဲ့ ခေါင်းဆောင်တွေကို သွားတွေ့လိုက်မယ်...

 

ဆုဆု နားမထောင်နိုင်တော့ဘဲ ခန်ပေါ်မှထရပ်လိုက်တယ်။

 

ချင်ယွဲ့ယွဲ့...

 

ရဲဘော်ဆု ကျေးဇူးပြုပြီး မင်းရဲ့နေရာကို မင်းသိပေးပါ...ဒါက မင်းစကားဝင်ပြောရမဲ့နေရာမဟုတ်ဘူး

 

လင်းတုံဟဲက ဆုဆုရဲ့ဆိုးရွာတဲ့စကားတွေကိုကြောက်တာကြောင့် ချက်ချင်း ထရပ်ကာ တင်းမာပြတ်သားစွာ ပြောလိုက်တယ်။

 

လင်းတုံဟဲ ဒါက ငါ့ရဲ့အိမ်..မင်းစကားဝင်ပြောခွင့် မရှိဘူး

 

လင်းချွမ်က အေးစက်စွာပြောလာတယ်။

 

ဆုဆုက သူတို့ရဲ့ မျက်လုံးတွေကို လျစ်လျူရှုကာ ဆက်ပြောလိုက်တယ်။

 

ပြောပါဦး.. နင်က မိန်းမတစ်ယောက်ဖြစ်နေတယ်ဆိုတာနဲ့ပဲ လုပ်ချင်တာမှန်သမျှကို လုပ်လို့ရနေပြီပေါ့.. လင်းမိသားစုဆီကနေ အမြတ်ထုတ်လို့ ရတယ်ပေါ့

 

ဒါပေမယ့် ချင်ယွဲ့ယွဲ့က ရုတ်တရက် လှောင်ပြောင်ပြီးပြောလာတယ်။

 

ရဲဘော်ဆု နင်က လင်းမိသားစုကို အရမ်းဂရုစိုက်နေတယ်ပေါ့လေ.. လင်းချွမ်နဲ့ ပျော်ချင်နေတာလား? ဒါဆိုလည်း သူ့ကို လက်ထပ်လိုက်လေ.. ဒါပေမယ့်...

 

သူမက ခရိုင်ကိုသွားတိုင်ရင်တောင် သက်သေရှိမှဖြစ်မယ်။

 

ကောင်းပြီလေ ငါလက်ထပ်မယ်

 

ဆုဆု ထိုစကားကိုပြောပြီးနောက်မှာ မျက်လုံးကြီးတွေရော ၊မျက်လုံးသေးတွေရောအားလုံးက သူမကိုလှည့်ကြည့်လာကြတယ်။ သို့ပေမယ့် ဆုဆုက သူတို့အားလုံးကို လှည့်မကြည့်ခဲ့သလို လင်းချွမ်ရဲ့ ပူလောင်နေတဲ့မျက်လုံးတွေကိုတောင် လျစ်လျူရှုထားကာ ဆက်ပြောလိုက်တယ်။

 

“ ဒီအခွင့်အရေးကို ရဖို့အတွက် နင်တို့တွက်ချက်ထားကြတာပဲမလား.. လင်းချွမ်ကို ဆွဲချပြီး သူရဲ့မိသားစုကို အပြစ်ရှိသလို ခံစားရအောင်လုပ်မယ် ပြီးရင် နင်ဆို့ကတော့ ဂုဏ်သတင်းကောင်းကောင်းနဲ့ ဆက်နေသွားမယ်ပေါ့

 

မင်း ...

 

ချင်ယွဲ့ယွဲ့ ပြောခါနီးမှာပဲ ဆုဆုရဲ့အနားမှာ အသံတစ်ခုကို ကြားလိုက်ရတယ်။

 

ထိုအသံက အသံဖမ်းစက်ထဲမှာ ထွက်လာတဲ့အသံဖြစ်ဟန်တူပြီး အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ စကားပြောနေတဲ့ပုံရတယ်။

 

ချင်ယွဲ့ယွဲ့ရဲ့မျက်နှာက ချက်ချင်းဖြူဖျော့သွားရကာ လင်းတုံဟဲဘက်ကို မသိစိတ်အရ လှမ်းကြည့်လိုက်မိတယ်။ လင်းတုံဟဲသည်လည်း မြို့မှာတုန်းက သူတို့နှစ်ယောက်တွေ့ဆုံခဲ့ချိန်က ပြောထားတဲ့စကားတွေဖြစ်ကြောင်း သဘောပေါက်သွားပြီး စိတ်ရှုပ်ထွေးသွားခဲ့တယ်။ ကိစ္စတွေ အလွန်ပြောင်းလဲသွားတာကြောင့် မထိန်းနိုင်တော့ဘဲ:

 

မင်းဘာလုပ်လိုက်တာလဲ

 

သူ အလျှင်အမြန်ထရပ်လိုက်တာနဲ့ သည်နှင့် လင်းချွမ်ဆီမှာ ပိတ်ဆို့ခံလိုက်ရပြီး အသံဖမ်းစက်မှ အသံတွေကလည်း အဓိကနေရာသို့ ရောက်လာခဲ့တယ်။

 

ကျွန်မ ရှင်နဲ့သာ စေ့စပ်ထားခဲ့ရရင် ကောင်းမှာပဲ

 

ချင်ယွဲ့ယွဲ့ရဲ့ အသံထွက်လာခဲ့တယ်။

 

ကံမကောင်းစွာနဲ့ မဟုတ်ခဲ့ဘူး

 

လင်းတုံဟဲရဲ့ အသံ။

 

ဟမ်း ကျွမ်မကောလိပ်တက်ရင် ဒီနေရာကနေ ထွက်သွားလို့ရပြီ.. ဒီလိုအရာတွေနဲ့ ချည်နှောင်ခံထားရစရာ မလိုဘူး

 

သူတို့ရဲ့ စကားလုံးတွေထဲမှာ တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးမှုတွေ ပါဝင်နေပြီး ကျန်တဲ့စကားတွေကတော့ လင်းချွမ်ရဲ့ လင်းမိသားစုအပေါ်ကို တွက်ချက်ထားမှုတွေ ပြည့်နေခဲ့တယ်။

 

လင်းချွမ်နှင့် အဖေလင်းတို့ရဲ့ သွေးကြောတွေက တင်းမာလာခဲ့ပြီး အမေလင်းလည်း အံ့အားတကြီးဖြစ်နေခဲ့ရတယ်။ သူတို့ကို မပြောနဲ့ လင်းတုံဟဲရဲ့မိဘတွေကတောင် အလွန်အမင်း အံ့အားသင့်နေခဲ့ကြရတယ်။ သူတို့ရဲ့သားက ဒုတိယဦးလေးရဲ့မိသားစုကိုအနိုင်ကျင့်ဖို့ အပြင်လူတွေနဲ့ ပူးပေါင်းသွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ကြဘူး။

 

ဆုဆုက အသံဖမ်းစက်မှ ထွက်ပေါ်လာတဲ့ရဲ့ အကြောင်းအရာတွေကို ပြီးအောင်ဖွင့်ပြီးမှ ပိတ်ချလိုက်တယ်။

 

ဒါတွေက မြို့ကိုသွားတဲ့နေ့တုန်းက ကျွန်မ ထောင့်နားမှာ အကြာကြီးထိုင်ပြီး မှတ်တမ်းတင်ခဲ့တာ.. အစတုန်းကတော့ သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စတွေဖြစ်လို့ ကျွန်မ စိတ်မဝင်စားခဲ့ဘူး.. ဒါပေမယ့် ဒါတွေကိုကြားရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ? ကျွန်မက ကျွန်မရဲ့ကယ်တင်ရှင်ကို ဒီလို ဆက်ဆံတာကို သည်းမခံနိုင်ခဲ့လို့ အသံသွင်းခဲ့တာ.. 

 

သူက ဘာအမှားလုပ်ခဲ့မိလို့လဲ.. နင်နဲ့ စေ့စပ်ခဲ့တာကြောင့် နင်လုပ်ချင်သလိုလုပ်နေသမျှကို သူက ငြိမ်ခံပေးနေရမှာလား.. 

 

လင်းချွမ်က နင်ဒီလိုစဥ်းစားထားတဲ့အရာတွေကို လိုက်လုပ်ပေးရမဲ့ သူမျိုးမဟုတ်ဘူး

 

နောက်ပြီး ရှင်ရောပဲ လင်းတုံဟဲ.. ရှင်က ဒီနေ့ရဲ့ကိစ္စမှာ တာဝန်ရှိတဲ့လူပဲ.. ရှင်နဲ့ ချင်ယွဲ့ယွဲ့က လင်းချွမ်နဲ့ လင်းမိသားစုကို တခြားလူတစ်ယောက်ရဲ့ဘဝအတွက် မြှပ်နှဲပြီးပေးဆပ်သင့်တယ်လို့ ထင်ထားတာလား? သူတို့တွေက သူမကိုမွေးပေးထားတဲ့ မိဘတွေမဟုတ်ဘူး

 

ငါ ဘာလုပ်ခဲ့လို့လဲ.. ငါဘာမှမသိဘူး.. နောက်ပြီး မင်း.. မင်းက ငါတို့မိသားစုကို သွေးဝမ်းကွဲအောင် တမင်လုပ်နေတာပဲ.. ဒါတွေက မင်းနဲ့မဆိုင်ဘူး

 

ဇာတ်လိုက်က အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။ သူ့အနေနဲ့ တစ်နေ့နေ့မှာ ထိုကိစ္စကို တခြားလူတွေရဲ့ ရှေ့မှောက်မှာ အဖွင့်ချခံလိုက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ နောက်ပြီး သူ့ရဲ့ဝမ်းကွဲကလည်း ဒီနေရာမှာရှိနေသေးတယ်။

 

ကျွန်မ ဝင်ပါသင့်တဲ့ကိစ္စမဟုတ်သလို ရှင်ဝင်ပါသင့်တဲ့ကိစ္စလည်း မဟုတ်ဘူးနော်.. တကယ်လို့ ဒီနေ့မှာသာ ရှင်တို့က ကျွန်မတို့ကို အခုလိုလုပ်ကြံမှုတွေ မလုပ်ခဲ့ဘူးဆိုရင် ကျွန်မက ဒီအသံသွင်းထားတာကို ဘယ်တော့မှ ထုတ်လာမှာ မဟုတ်ဘူး။

 

ဒီတောာ့ သူမကိုလာပြီး အပြစ်မတင်နဲ့။

 

ချင်ယွဲ့ယွဲ့က ငယ်ရွယ်သေးပြီး ဒီလိုအရာမျိုးကိုကို တစ်ခါမှ မကြုံခဲ့ဖူးဘူး။

 

နောက်ပြီးဒီဘက်ခေတ်မှာ လျှပ်စစ်မီးမပါပဲ မှတ်တမ်းတင်နိုင်တဲ့ အရာတစ်ခု ရှိနေလိမ့်မယ်လိာ့လည်း ဘယ်တုန်းကမှ မသိခဲ့ဘူးလေ။