Ch 22
Viewers 11k

22: လက်ထပ်ပွဲ ဆက်လုပ်မယ်

 

ဇာတ်လိုက်မက မျက်နှာကို ဖုံးအုပ်ပြီး ငိုကျွေးလာပြန်တယ်။

 

လင်းတုံဟဲကတော့ စိတ်ပျက်လက်ပျက်အမူအယာနဲ့ ပြောလိုက်တယ်။ 

 

အဲဒါကို ပေးလိုက်

 

ဦးလေးလင်းက သံကနေ သံမဏိမဖြစ်လာတဲ့အပေါ်မှာ အလွန် မုန်းတီးနေခဲ့ပြီး သူ့ကို လှမ်းကန်ကာ ပြောလာတယ်။

 

“မင်းနဲ့ထိုက်တန်တယ်.. မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အသိတရားမရှိရတာလဲ? အရင်နှစ်တွေတုန်းက မင်းအေးခဲနေရတဲ့အချိန်တွေမှာ မင်းရဲ့ဝမ်းကွဲအစ်ကို စစ်တပ်ထဲကနေ မင်းအတွက် အထောက်အပံ့တွေ လှမ်ပို့ပေးခဲ့တာ မဟုတ်ဘူးလား.. မင်းရဲ့ ဒုတိယဦးလေးတို့မိသားစုက မင်းကို ကပ္ပတိန်ဖြစ်လာအောင် ကူညီပေးခဲ့တဲ့သူတွေလေ.. မင်း ဘာကိုမှ ဂရုမစိုက်တော့ဘူးလား

 

ထိုအချိန်မှာ အဖေလင်းက ရုတ်တရက် ထအော်ပြောလာတယ်။

 

ကောင်းပြီ၊ သွားကြတော့ 

 

ချင်ယွဲ့ယွဲ့ကတော့ အခုချိန်မှာ ကြောက်ရွံ့နေခဲ့ပြီ။ သူမက အကန်ခံထားရလို့မြေပြင်မှာလဲနေတဲ့ လင်းတုံဟဲကို လှမ်းကြည့်ပြီးနောက် လင်းချွမ်ကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ဘေးကို ပြေးသွားခဲ့တယ်။

 

အစ်ကိုချွမ်ဇီ...

 

လင်းချွမ်က ခန်ပေါ်မှလူကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် နောက်သို့ ခြေလှမ်းကြီးနဲ့ ဆုတ်သွားခဲ့တယ်။

 

ငါ့ရဲ့ နာမည်ကိုပဲခေါ်ပါ 

 

လင်းချွမ် ကျွန်မတို့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရမလား

 

မင်း ဘာတွေထပ်လိုချင်သေးတာလဲ

 

ကျွန်မပြောချင်တာက လက်ထပ်ပွဲကိုဖျက်သိမ်းတာကို လူတိုင်းမရယ်ရအောင်လို့ နောက်နှစ်ကျွန်မ ကောလိပ်တက်ဖို့ ထွက်သွားတဲ့အချိန်ထိ စောင့်လို့ရမလား

 

လင်းချွမ်ရဲ့အံ့အားတကြီးအကြည့်အောက်မှာပဲ ဆုဆုက ထပြောလာတယ်။

 

မလုပ်ဘူး..ငါတို့ရဲ့လက်ထပ်ပွဲကို နင့်ကြောင့် ဘာလို့ နှောင့်နှေးအောင်စောင့်နေရမှာလဲ

 

အမေလင်းက စုစုကို ပြန်ကြည့်လိုက်မိတယ်။ ဒီမိန်းကလေးက တကယ်အတည်ကြီးပြောနေတာလား? ဒါဆို ငါတို့မိသားစုက ကောလိပ်ဘွဲ့ရကျောင်းသူတစ်ယောက်ကို ချွေးမအဖြစ် ဘာမှမပေးလိုက်ရပဲ ရရှိလိုက်တယ်လို့ ဆိုလိုတာလား။ 

 

ဒါပေမယ့် အခုချိန်မှာ သူမက ချင်ယွဲ့ယွဲ့ကိုတော့ အခွင့်ကောင်းယူခွင့် မပြုနိုင်တော့ဘူး။

 

အရင်စီစဥ်ထားတဲ့ ငါတို့ချွေးမနဲ့ လက်ထပ်ပွဲက အရင်အတိုင်းပဲဖြစ်လိမ့်မယ်.. ဒါပေမဲ့ လက်ထပ်မဲ့လူက မင်းနဲ့မဟုတ်ဘူး.. အပြင်လူတွေကတော့ မင်းဘာပြောပြော ကိုင်တွယ်ဖို့ လွယ်ကူမှာမဟုတ်ဘူး.. ဆုဆု မင်း သူတို့အတွက် အကြောင်းပြချက်တစ်ခု စီစဉ်ပေးချင်လား

 

အမေလင်းက ဆုဆုကို စာတွေအများကြီးဖတ်ထားတဲ့သူလို့တွေးအတွက် သူမက တိကျသေချာသောနည်းလမ်းဖြင့် စကားပြောနိုင်ပြီး သေချာပေါက် ဆင်ခြေကောင်းကောင်းတစ်ခုပေးနိုင်လိမ့်မယ်လို့တွေးခဲ့တယ်။

 

ဆုဆုက အမေလင်း သူမဘက်ကိုဘောလုံးကန်ထုတ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူမက သူမရဲ့မျက်လုံးရွှဲတွေကို အသာခတ်လိုက်မိကာ သူမရဲ့ အနာဂတ်ယောက္ခမဆီသို့လှမ်းကြည့်လိုက်တော့ သူမရဲ့မျက်လုံးထောင့်တွေက နီရဲနေခဲ့ပြီး ငိုချတော့မလို အမူအယာရှိနေတာကို မြင်တွေ့လိုက်ရတယ်။

 

သူမက များပြားလှစွာသော အရာများကို တွေ့ကြုံခဲ့ရဖူးတာတောင် ဒါတွေကို တွေးဖို့ ခက်ခဲနေတဲ့ပုံပဲ။ သူမက အခုချိန်မှာ ခေါင်းမူးပြီး လဲခါနီးဖြစ်နေပြီ။ သူမဆီကိုပဲ ပြောခိုင်းလာခဲ့တယ်ဆိုမှတော့ သူမကလည်း ပြောရလိမ့်မယ်။

 

ဘာပဲဖြစ်ဖြစ် အကြောင်းပြချက်က အဆင်သင့်ရှိနေတာပဲလေ။

 

ဒါက မရိုးရှင်းဘူးလား...ချင်ယွဲ့ယွဲ့က ကောလိပ်ဝင်ခွင့်ရပြီး ကျောင်းသွားတက်တော့မှာလေ..ဒီတော့ ခေတ်သစ်မှာ ပညာသင်ကြားခွင့်ရတဲ့ လူငယ်တစ်ယောက်အနေနဲ့ ချင်ယွဲ့ယွဲ့က ဒီအိမ်ထောင်ရေးကို လက်မခံနိုင်လောက်စရာလို့ ထင်ခဲ့တဲ့အတွက်ကြောင့် သူနဲ့လင်းချွမ်ရဲ့ကြားက လက်ထပ်ပွဲကို ဘာခံစားချက်မှမရှိဘဲ ဖျက်သိမ်းလိုက်တယ်.. သူနဲ့ လင်းတုံဟဲကြားက ဆက်ဆံရေးကတော့.....

 

သူမက အသံဖမ်းစက်ကို ထုတ်ယူလိုက်ကာ သူမရဲ့လက်ထဲမှာ ထည့်လှည့်ရင်း ပြုံးလိုက်တယ်။

 

“ကျွန်မ ဒါကို လူတွေရှေ့မှာ ထုတ်မပြပါဘူး.. ဒါပေမဲ့ သူတို့တွေ နောက်တစ်ကြိမ် ပြသနာရှာဦးမယ်ဆိုရင်တော့ ကျွန်မကို အပြစ်မတင်နဲ့ပေါ့

 

သူမက ပြောလိုက်ပြီးနောက်မှာ ဘောပင်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်တယ်။

 

ဘယ်လောက်ပဲ တုံးအတဲ့လူတွေဖြစ်နေပါစေ သူမဆိုလိုတဲ့ အဓိပ္ပါယ်ကိုတော့ နားလည်နိုင်သေးတယ် ။ ချင်ယွဲ့ယွဲ့အတွက်တော့ လင်းမိသားစုနဲ့ ကင်းကွာခဲ့ရတဲ့ ဒီအကြောင်းတွေကို ဖော်ထုတ်ခံလိုက်ရမယ်ဆိုရင် သူမအတွက် ဒီရှောင်ရှန်ရွာမှာ ခက်ခဲတဲ့အချိန်တွေ ရရှိလာလိမ့်မယ်။ ဒါကြောင့် သူမရဲ့မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့ရပြီး ချက်ချင်းပြောလာတယ်။

 

နင် ဒါကို ပြောလို့မရဘူး 

 

လင်းချွမ်

 

ရှိ!

 

လင်းချွမ်တစ်ယောက် ဆုဆုရဲ့အသံကိုကြားလိုက်ရတဲ့အချိန်မှာ တုန်လှုပ်သွားခဲ့ပြီး သူဘယ်မှာရှိနေလဲဆိုတာကိုတောင် မေ့သွားခဲ့ကာ စစ်တပ်ပုံစံနဲ့အလေးပြုမိလုနီးပါးပဲ။ သူ တစ်ဖက်မှရှိနေတဲ့ ကောင်မလေးဆီကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ သူ့ရဲ့နဖူးဆီမှာ ချွေးတွေတောင် ထွက်နေခဲ့တယ်။

 

ဒါပေမယ့် ဆုဆုကတော့ သူကအရမ်းကို ပြင်းထန်လေးနက်လွန်းတယ်လို့ ခံစားရတယ်။ အရံဇာတ်ကောင်က သူမကို ဘယ်လောက်တောင်ကြောက်လန့်နေတာလဲဆိုတာကို မြင်တော့ သူမပါချွေးတွေပျံချင်လာရလေတယ်။

 

ထို့နောက် ချိုမြတဲ့အသံလေးက တိုးထွက်လာတယ်။

 

အင်း.. ဒီလိုပြောတာကို မကောင်းဘူးလို့ ထင်ရင်လည်း ဒီအသံသွင်းထားတာကို ပို့ပေးလို့ရတယ်နော်...

 

ငါ သဘောတူပါတယ်.. ဒီလိုပဲလုပ်ကြတာပေါ့

 

ချင်ယွဲ့ယွဲ့ သူမရဲ့ လက်သီးကို တင်းကြပ်စွာဆုပ်ထားလိုက်မိပြီး ဆုဆုကို အပြစ်တင်နေခဲ့ပေမဲ့ လင်းချွမ်နဲ့ ကွယ်နေတာကြောင့် မည်သူမှ မမြင်ခဲ့ကြဘူး။

 

သူက ဆုဆုကို ကာကွယ်ပေးနေတယ်ဆိုတ်ာ သိသာနေတာပဲ။ ဒါပေမယ့် သူမအပေါ်မှာတော့ ဒီလောက်ကြာနေတာတောင် တစ်ခါမှ အဲလိုမျိုး မဆက်ဆံပေးခဲ့ဘူး။

 

ချင်ယွဲ့ယွဲ့ စိတ်ပျက်အားလျော့စွာနဲ့ လှည့်ထွက်သွားဖို့ လုပ်ပေမဲ့အမေလှမ်းက လှမ်းပြောလာတယ်။ 

 

ငါ မင်းကို အရင်တုန်းက စေ့စပ်လက်ဆောင်တွေအများကြီးပေးခဲ့တာ သတိရသေးတယ် တခြား ဘာကိုမှ ပြန်မလိုချင်တော့ပေမဲ့ လက်ထပ်ဖို့ငွေ ယွမ်တစ်ရာကိုတော့ ပြန်ပေးသင့်တယ်.. အဲဒါက ငါ့ချွေးမအတွက်ပဲ .. မင်းအတွက် မဟုတ်ဘူး

 

ကျွန်မလည်း အဲဒီပိုက်ဆံကို မလိုချင်ပါဘူး ..မနက်ဖြန်ကျရင် ပြန်ပေးမယ် 

 

သူမက ခေါင်းမာစွာ ပြောပြီးသည်နှင့် အနောက်ကိုလှည့်ကာ ထွက်ပြေးသွားခဲ့တယ်။

 

လင်းတုံဟဲက သူမနောက်ကို လိုက်သွားချင်ပေမဲ့ သူ့ရဲ့အဖေက လှမ်းတားခဲ့တယ်။ ပြီးနောက် ဦးလေးလင်းက အဖေလင်းကို လှမ်းပြောလာတယ်။

 

ငါ့ရဲ့ကလေးက အမှားလုပ်ခဲ့တယ်.. ငါ အိမ်ကိုပြန်ရောက်တဲ့အချိန်ကျရင် သူကို သင်ပြပေးလိုက်ပါမယ်.. သူ.. မင်းမိသားစုအတွက်...

 

ငါတို့အချင်းချင်းပဲ စီမံလိုက်ကြတာပေါ့

 

အဖေလင်းက လင်းတုံဟဲကို စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ စီးကရက်အိတ်ကို ကောက်ယူခဲ့သော်လည်း သူဆေးလိပ်မသောက်ခင်မှာပဲ သားဖြစ်သူက လုယူသွားခဲ့လေတယ်။

 

သူ မှတ်ဥာဏ်ဆိုးတွေကို ပြန်တွေးလိုက်မိပြီး ခန်ပေါ်မှာထိုင်နေတဲ့ ဆုဆုကို နားမလည်နိုင်စွာ ကြည့်ကာ တစ်စုံတစ်ခုကို နားလည်သွားခဲ့သလိုပဲ။ ဒါကို ကံကြမ္မာလို့ ခေါ်တာဖြစ်လိမ့်မယ်။ ကံကြမ္မာကဖြစ်စေချင်လာရင် ထိန်းချုပ်လို့ မရနိုင်ဘူး။

 

သမီးလေး ငါတို့ မင်းအပေါ် အမှားလုပ်မိသွားပြီ.. ဒီကိစ္စက ပြန့်ပွားမသွားစေရဘူးဆိုတာကို ငါအာမခံရဲတယ်.. မင်းက ငါတို့အိမ်မှာနေပြီး ငါက မင်းရဲ့အဖေဖြစ်လာလိမ့်မယ် မင်းရဲ့ချွမ်ကောကတော့ မင်းအစ်ကိုဖြစ်လာလိမ့်မယ်

 

“....”

 

ဟင့်အင်း… သူမက သူ့ကို အစ်ကိုလိုမျိုး မလိုချင်ဘူးလေ။ ဒါပေမယ့် သူမ လင်းချွမ်ကိုတချက်လှမ်းကြည့်လိုက်တော့ ထိုအမျိုးသားက သူ့ရဲ့မျက်နှာကို တစ်ဖက်သို့လှည့်ထားခဲ့ပြီး ဒီအကြောင်းကို စကားပြောချင်နေတဲ့ပုံမပေါ်ဘူး။

 

ဒါပေမယ့် ကျွန်မက လက်ထပ်မယ်လို့ ပြောခဲ့တယ်လေ.. နောက်ပြီး ကျွန်မသာလက်မထပ်ဘူးဆိုရင် လက်ထပ်ပွဲစီစဥ်ထားတာက ဘယ်လို ဖြစ်သွားမှာလဲ

 

လက်ထပ်ပွဲအတွက် ကြေညာထားပြီးပြီဖြစ်ကာ မနက်ဖြန်မှာအကြိုဧည့်ခံပွဲလုပ်တော့မှာဖြစ်ပြီး ဆွေမျိုးတွေနှင့် သူငယ်ချင်းတွေအားလုံး ရောက်ရှိလာကြတော့မှာ။

 

အခုက ခေတ်သစ်လိုမျိုး လက်ထပ်ပွဲကို ရုတ်သိမ်းလိုက်တယ်ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့တင် ပြီးသွားမှာမဟုတ်ဘူး။ ယခုအချိန်ကာလမှာ ခရီးလမ်းတွေက သွားလာရ အဆင်မပြေတဲ့အတွက် အချို့လူတွေက ဒီနေရာသို့ မရောက်ခင်မှာ တစ်ရက်နှစ်ရက်လောက် လမ်းလျှောက်ပြီး လာရမှာ။ ဒီတော့ ရောက်လာတဲ့အချိန်မှာ မင်္ဂလာအရက်သောက်ခွင့် မရှိဘူးဆိုရင် ဘယ်လိုဖြစ်သွားမှာလဲ။

 

အဖေလင်းက သက်ပြင်းချလိုက်ပေမဲ့ ထိုအခိုက်မှာပဲ လင်းချွမ်က ခန်ရဲ့အနားသို့ ခြေလှမ်းနှစ်လှမ်းဖြင့် ရုတ်တရက် တိုးကပ်လာခဲ့ကာ ပြောလာတယ်။

 

“ရဲဘော်ဆုဆု မင်းနားလည်ရမှာက ဒီလက်ထပ်ပွဲ ပြီးသွားတာနဲ့ မင်းက ငါနဲ့ပဲ အတူဖြစ်ရလိမ့်မယ်..လင်းချွမ်ရဲ့ဇနီးဖြစ်လာမှာ.. မင်း နောင်တရရင်တောင် ပြောင်းလဲဖို့ မဖြစ်နိုင်တော့ဘူး

 

ကြမ်းတမ်းပြီး ကြောက်စရာကောင်းလွန်းတယ်နော်။

 

ဒါဆို... ရှင်က ကျွန်မကို ပြန်ပြီးနောက်ဆုတ်စေချင်တာလား

 

ဆုဆု တံတွေးမြိုချလိုက်မိတယ်။ သူမ ထိုစကားကိုပြောခဲ့တဲ့အချိန်တုန်းက စိတ်တိုလွန်းလို့ ပြောခဲ့တာဆိုပေမဲ့ အခုပြန်တွေးကြည့်လိုက်ရင် မဆိုးဘူးထင်မိတယ် ။ ဒါက တစ်ဖက်လူအပေါ်မှာပဲ မူတည်တော့မယ်။

 

ဒါပေမယ့် ထိုအမျိုးသားရဲ့ကျားတစ်ကောင်လို စူးရှနေတဲ့အကြည့်တွေနဲ့ နဖူးပေါ်ရှိ အပြာရောင် သွေးကြောတွေထောင်တက်နေတာကိုကြည့်ကာ ထိုသူက မပျော်ရွှင်နေမှန်းကို သိရှိလိုက်ရတယ်။ သူက မပျော်ရွှင်နေဘူးပဲ - ဒါဆိုလည်း မေ့ထားလိုက်ကြတာပေါ့။ တခြားလူရဲ့ သတို့သမီးနေရာကို အတင်းအကြပ်ချုပ်နှောင်ပြီးယူတာက ကောင်းတဲ့အရာမဟုတ်ဘူးလေ။

 

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရပ်တန့်လိုက်ရင်တောင် ကိုယ့်ဘာသာကိုယ် တဖြည်းဖြည်း ငွေရှာလို့ရနိုင်တာပဲမလား။

 

လင်းချွမ်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီမှ ပြောလာတယ်။

 

မလုပ်စေချင်ဘူး

 

တကယ်တော့ ဒါက... အာ ရှင်ဘာပြောလိုက်တာလဲ

 

မလုပ်စေချင်ဘူး 

 

သူက ထိုသို့ပြောလိုက်တာလား။

 

အဖေလင်းနှင့်အမေလင်းတို့ကတော့ အံ့ဩနေခဲ့ကြတယ်။ သူတို့လည်း ခုနက အဖြစ်အပျက်ကို မြင်လိုက်ပေမဲ့ ဒီမိန်းကလေးက ချင်ယွဲ့ယွဲ့ကို ဒေါသထွက်အောင် ပြောခဲ့တယ်လို့ပဲ ထင်ခဲ့တာ။ သူမက ဘာလို့ ဒီအကြောင်းတွေကို ဆက်ပြောနေရတာလဲ။

 

ငါပြောတာ.. ကိုယ်ပြောတာက မင်းနောင်တရမှာကို မလိုချင်ဘူးလို့.. ဒါပေမယ့် မင်းပြောတဲ့စကားကို မင်းသေချာနားလည်ရဲ့လား

 

ယခုအချိန်မှာ လင်းချွမ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေသော်လည်း သူ့ရဲ့ပါးစပ်ကတော့ အလွန်လျင်မြန်နေခဲ့ကာ သူ့ရဲ့ဆန္ဒတွေကို ပွင့်လင်းဖြောင့်တန်းစွာ ထုတ်ဖော်နေခဲ့တယ်။

 

ကျွန်မ... ကျွန်မက စကားတွေကို အမြဲတမ်း သေသေချာချာစဥ်းစားပြီးမှ ပြောတတ်တယ်.. ဒီတော့ ရှင်လက်ထပ်ချင်လားဆိုတာကိုပဲ ပြောပါ

 

ဆုဆုက လင်းချွမ်ရဲ့စကားကို လေးလေးနက်နက်နားထောင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူမပုံမှန်စကားပြောတတ်သလိုမျိုး ပျော့ပြောင်း နူးညံ့မနေခဲ့တော့ဘူး။

 

လင်းချွမ်ကတော့ ကောင်းကင်ပေါ်မှ ပဲပြားကြီးတစ်ချပ် ပြုတ်ကျလာတာက အရမ်းကောင်းတာပဲ ဆိုတဲ့အတွေးကိုပဲ တွေးမိတော့တယ်။

 

သူ မလိုချင်တဲ့အရာထွက်ခွာသွားပြီးနောက်မှာ သူ့အတွက်နောက်ထပ် ချွေးမတစ်ယောက် ပြုတ်ကျလာခဲ့တယ်။ အရေးကြီးဆုံးအရာကတော့ ဒီချွေးမလေးက ငယ်ရွယ်လှပပြီး ပညာတတ်မိန်းကလေးတစ်ယောက်ဖြစ်နေသေးတယ်လေ။ သူသာ လက်မထပ်ချင်ဘူးဆိုရင် ရူးနေလို့ပဲဖြစ်လိမ့်မယ်။

 

လက်ထပ်မယ်

 

အသံက အက်ကွဲပြီး တုန်ယင်နေတာကြောင့် ဆုဆုကိုတောင် တုန်ယင်သွားစေခဲ့တယ်။

 

သူမ ရုတ်တရက်ပဲ သူမ အခုပြောခဲ့တဲ့စကားတွေက သူ့ရဲ့မိဘတွေရှေ့မှာ လက်ထပ်ဖို့ဖိအားပေးနေခဲ့တာနဲ့တူညီနေကြောင်းကိုသဘောပေါက်သွားခဲ့တယ်။

 

အဓိကအချက်က သူမ အောင်မြင်သွားခဲ့သေးတယ်။

 

ဆုဆုတစ်ယောက် ရှက်ရွံ့သွားရပြီး သူမရဲ့မျက်နှာကို လက်နဲ့အုပ်လိုက်မိကာ ဘာလုပ်ရမလဲဆိုတာကို မသိတော့ဘူး။