26:
ကြိုက်နှစ်သက်မှု
ဇနီးနဲ့
သားသမီးဆိုတာ ယောက်ျားတစ်ယောက်ရဲ့ တစ်သက်တာတာဝန်ပဲလို့ ပြောကြတာမဟုတ်ဘူးလား။
လင်းချွမ်တစ်ယောက်
ဘာမှဆက်ပြီးမရှင်းပြတတ်တော့တာကြောင့် မြည်းလှည်းလေးကိုသာ ဆက်မောင်းနေခဲ့ပေမယ့်
သူ့ရဲ့နောက်မှာရှိနေတဲ့ တိတ်ဆိတ်သွားတဲ့မိန်းကလေးကို ပျော်ရွှင်အောင်
ဘယ်လိုလုပ်ရမလဲဆိုတာကို စိတ်ထဲတွေးနေခဲ့တယ်။
လှည်းလေးက
ရုတ်တရက် ထိုးရပ်သွားတာကြောင့် ဆုဆု ထူးဆန်းသွားရပြီး လှမ်းမေးလိုက်တယ်။
“ရှင်ဘာလုပ်နေတာလဲ”
သူက မြည်းကို
လမ်းဘေးနားမှ သစ်ပင်မှာချည်နှောင်လိုက်ပြီး ပြောလာတယ်။
“ကိုယ့်ကို
ခဏလောက်စောင့်ဦး”
ထို့နောက်
သူ့ရဲ့အပေါ်အင်္ကျီကို ချွတ်ပြီး သူမဆီကို ပေးလာခဲ့တယ်။
“ဒီအတိုင်း
မသွားနဲ့လေ အေးနေတာကို”
ဆုဆု
လက်ကိုဆန့်ထုတ်ပြီး ပြောလိုက်ပေမဲ့ တစ်ဖက်လူက မကြားလိုက်သလိုမျိုး
ပြေးထွက်သွားခဲ့တယ်။
ပြောရမယ်ဆိုရင်
သူတို့နှစ်ယောက်တွေ့တဲ့နေ့ကစပြီး ဒီလူက အလွန်လျှင်မြန်စွာပြေးလွှားတတ်တာကို
သိထားခဲ့တာ။ အခုလည်း သူက ထပ်ပြီး ပြေးထွက်သွားပြန်ပြီ။
သူ့အတွက်
ဒီလိုသွားလာရတာက ပိုပြီးအဆင်ပြေလို့လား။
ဖြစ်နိုင်တယ်ဆိုပေမယ့်
ဒီလောက်မြန်မြန်ကြီးပြေးလွှားစရာမလိုဘူးမလား။
သူမ
မြည်းလှည်းပေါ်တွင် ဆက်ထိုင်ပြီးစောင့်နေခဲ့ကာ ပျင်းရိစွာနဲ့ မြည်းကိုတောင်
တို့ထိနေလိုက်သေးတယ်။ သူတို့တွေ ဒီမြည်းကို တပ်မဟာကနေ ငှားယူခဲ့ကြတာ။
ယခုအချိန်မှာ
မိသားစုတိုင်းက တိရစ္ဆာန်တွေကို မမွေးမြူနိုင်ကြသေးဘူးလေ။
မြည်းနဲ့
ဆက်သွယ်ရတာလည်း သိပ်တော့မဆိုးပါဘူး။ ဆုဆု လှည်းပေါ်ကနေဆင်းပြီး မြက်ခြောက်ကို
ကောက်ယူကာ အစာကျွေးဖို့ ပြန်လာခဲ့တယ်။
မြည်းက
အလွန်စိတ်ကျေနပ်သွားဟန်ရပြီး လူတစ်ယောက်နှင့် မြည်းတစ်ကောင်က အလွန်ကောင်းမွန်စွာ
ရှိနေခဲ့ကြတယ်။
လင်းချွမ်
ပြန်ရောက်လာတဲ့အချိန်မှာ သူမက တိရိစ္ဆာန်လေးတွေကို
အရမ်းသဘောကျနေတတ်ပုံရတာကိုတွေ့တော့ သူ့ရဲ့လက်ထဲမှာရှိတဲ့ ယုန်ကို
တစ်ချက်ကြည့်လိုက်မိတယ်။ သူမ ဒါကို မွေးမြူချင်သွားလောက်မလား။ ဒါပေမယ့် ယုန်ကို
မွေးမြူဖို့ဆိုတာက မလွယ်ကူဘူး။ မအောင်မြင်ဘူးဆိုရင် သူက အိမ်နံရံကို
ဖောက်ထွင်းပြီး ထွက်ပြေးသွားလိမ့်မယ်။
သူလည်း
ငယ်ငယ်တုန်းက ယုန်တွေကို မွေးမြူချင်ခဲ့ပေမယ့် သူတို့ အရွယ်ရောက်လာချိန်မှာ အကုန်
ထွက်ပြေးသွားခဲ့ကြတယ်။ ယုန်တွေက ထွက်ပြေးပြီးတာနဲ့ ပြန်မလာနိုင်တော့ဘူး။
ဒါ့အပြင် သူက
ဒီယုန်ကိုဖမ်းလာခဲ့တာက သူမကို အသားစားစေချင်တဲ့အတွက်ကြောင့်ပဲ။ သူ
သူမရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်လိုက်ပြီး လက်ထဲမှယုန်ကိုလက်ချောင်းတွေဖြင့်
အသာဆွဲလိမ်လိုက်တယ်။
ထို့နောက်
သူမရှိရာဆီသို့ ပြန်လာခဲ့ကာ မျက်လုံးဖွင့်ပြီး လိမ်လည်ပြောဆိုလိုက်တယ်။
“ဒီမှာ
မင်းအတွက်”
“ယုန်လေး..
သေသွားပြီလား.. ဘာဖြစ်သွားတာလဲ”
“သစ်ပင်ကို
ဝင်တိုက်တာ”
“???”
ယုန်က သစ်ပင်ကို
တိုက်မိတဲ့အကြောင်းကို သူဘယ်လို သိလာတာလဲ?
“ကိုယ် ငှက်ဥတွေ
သွားနှိပ်ချင်ပေမယ့် ယုန်တစ်ကောင်နဲ့ တွေ့ဖို့ မမျှော်လင့်ထားဘူး”
ဒီမိန်းကလေးက
ကြောက်လန့်တတ်တဲ့အတွက် ဒီယုန်ကို သူကိုယ်တိုင်ဖမ်းပြီး
ညှစ်သတ်လိုက်တယ်ဆိုတဲ့အကြောင်းကို မပြောနိုင်ဘူး။ အနည်းဆုံး အခုချိန်မှာတော့
ပြောပြသင့်တာ မဟုတ်သေးဘူး။
“ဒါဆို
အိမ်ရောက်ရင် ဟင်းချက်စားလိုက်ရအောင်လေ”
ဒီနေ့တော့
သူတို့ရဲ့အိမ်မှာ ဧည့်သည်တွေအများကြီးရောက်လာမှာဖြစ်ပြီး သူတို့တွေ ဟင်းကောင်းတွေ
မပြင်ဆင်ရသေးဘူး။ ဒီယုန်က သေချာပေါက် အသုံးနိုင်လိမ့်မယ်။
ဒါပေမယ့်
ဒီအရံဇာတ်ကောင်က အစွမ်းထက်လွန်းတာပဲ။ သူက အပြင်ကို တစ်ကြိမ်ထွက်သွားပြီးတာနဲ့
ယုန်တစ်ကောင်ကို ကောက်ယူလာနိုင်ခဲ့တယ်။
သူက အရမ်းကို
ကံဆိုးတဲ့လူမဟုတ်ဘူးလား။ ဒါမှမဟုတ် သူမနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ
ကံကောင်းလာတာများလား?
သူမ ယုန်ကို
ရရှိလာခဲ့တာကြောင့် သူမ ဒေါသထွက်နေတုန်းပဲဆိုတာကို မေ့သွားခဲ့တယ်။ အခု အိမ်ကို
ပြန်သွားဖို့ လုပ်တဲ့အချိန်ကျမှ ဒီလူက သူ့မကို တာဝန်ယူမဲ့အကြောင်းကိုသာ
ပြောခဲ့ပြီး ကြိုက်တယ်လို့ မပြောခဲ့တာကို ပြန်လည်သတိရမိသွားတယ်။ ဒီတော့ သူမ
အနည်းငယ်လောက် ပျောက်ဆုံးသွားခဲ့ရပြန်တယ်။
ဒါပေမယ့်
ပြန်လည်တွေးကြည့်လိုက်တော့ သူတို့တွေ သိကျွမ်းခဲ့တာ ရက်အနည်းငယ်ပဲ ရှိသေးတာပဲ။
ဒီတော့ သူ့အနေနဲ့ တစ်စုံတစ်ယောက်ကို အလျှင်အမြန်ချစ်မိသွားဖို့က သိပ်ပြီး
မဖြစ်နိုင်ဘူးမလား။
အချိန်ယူကြတာပေါ့။
သူမအနေနဲ့ ရှုံးနိမ့်ဖို့ကို ဝန်ခံဖို့အတွက် စောလွန်းနေသေးတယ်။
သူတို့
ရွာအဝင်ဝသို့ ရောက်ခါနီးမှာတော့ သူမ သူ့ကို စနောက်ကျီစယ်ချင်လာတဲ့အတွက်
မြည်းလှည်းအတွင်းခန်းထဲမှထွက်လာကာ လင်းချွမ်ရဲ့ဘေးမှာ ဝင်ထိုင်ဖို့လုပ်လိုက်တယ်။
ရလဒ်အနေနဲ့ကတော့
ထိုအချိန်မှာပဲ သူမရဲ့ခြေလှမ်းက အနည်းငယ် ထစ်ငေါ့ချောထွက်သွားခဲ့ပြီး
လှည်းကဆက်သွားနေခဲ့တာကြောင့် ဆုဆုတစ်ယောက်အနည်းငယ်စောင်းသွားခဲ့ကာ လှည်းပေါ်က
ပြုတ်ကျခါနီးဖြစ်သွားရတယ်။
လင်းချွမ်က
အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမကို လှမ်းဆွဲကာ သူ့ရဲ့လက်မောင်းတွေထဲကို
ပွေ့ဖက်လိုက်တယ်။
ဒီလိုနဲ့ ဆုဆု
အမျိုးသားအရံဇာတ်ကောင်ရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းနေသလိုဖြစ်သွားကာ
သူ့ရဲ့ပေါင်ပေါ်ကို ဖိထားမိလျက်သားဖြစ်သွားခဲ့ရတယ်။
“…”
လင်းချွမ်ကတော့
ရုတ်တရက် သူ့ရဲ့ရင်ခွင်ထဲမှာ အလှလေးတစ်ယောက်ကို ဆွဲပွေ့ထားမိတာကြောင့် အနည်းငယ်
ကြောင်အမ်းနေခဲ့ပြီ။
ဆုဆု ခဏလောက်
ရုန်းကန်နေခဲ့ရပြီး ရှက်ရွံ့စွာနဲ့ ရှင်းပြလိုက်တယ်။
“ကျွမ်မရဲ့ခြေထောက်တွေ
နည်းနည်းလောက်ထုံနေလို့ပါ”
“အင်း”
လင်းချွမ်
ခေါင်းညိတ်ပြီး သူမ ထိုင်လို့ရအောင် ကူညီပေးလိုက်တယ်။
သူမ
လင်းချွမ်ရဲ့ဘေးနားမှာ အောင်မြင်စွာထိုင်နိုင်လိုက်ပြီဖြစ်တာကြောင့် အခုလေးတင်
အသက်ဆုံးရှုံးလုနီးပါးဖြစ်သွားရတဲ့ ဆုဆု နောက်ဆုံးတော့
ပြန်လည်တည်ငြိမ်သွားခဲ့ရပြီ။ သို့ပေမယ့် သူမရဲ့ဘေးနားမှ အမျိုးသားရဲ့လက်က
လက်သီးတင်းတင်းဆုပ်ထားတာကို သတိပြုမိသွားတာကြောင့် သူမ လှမ်းမေးလိုက်မိတယ်။
“လင်းချွမ် ရှင်
ကျွန်မကြောင့် နာသွားတာလား”
လင်းချွမ်ရဲ့ကိုယ်က
တောင့်တင်းသွားခဲ့ပြီး သူ့ရဲ့ ခေါင်းကို ပြန်မလှည့်လာပဲ ပြောလိုက်တယ်။
“မဟုတ်ဘူး”
သူ ဒါကို
ဝန်ခံလို့မဖြစ်ဘူး။ သူမက သူ့ရဲ့ ရှောင်လင်းချွမ်ကို တံတောင်ဆစ်နဲ့
လာပြီးထောက်လိုက်တာလေ။ ဒါက အစပိုင်းမှာ နာကျင်ခဲ့ပြီး နောက်ပိုင်းမှာ
ပွတ်သပ်သွားမှုကြောင့် သက်သောင့်သက်သာ ဖြစ်လာခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ
အောက်ကနေ ချည်သားဘောင်းဘီကို ၀တ်လာခဲ့လို့သာပေါ့။ မဟုတ်ရင်
ထင်ရှားပေါ်လွင်လွန်းလို့ ရှက်စရာဖြစ်လာလိမ့်မယ်။
အထူးသဖြင့်အခုလိုမျိုး
နှစ်ယောက်သား နီးကပ်စွာထိုင်နေတဲ့အချိန်မှာ သူ ပိုလို့တောင် မလှုပ်ရဲတော့ဘူး။
“ရှင်
နေမကောင်းဘူးလား?”
“မဟုတ်ဘူး”
“ဒါဆို ရှင်
ဒီဘက်ကို ရွှေ့မလား”
လင်းချွမ်
မလှုပ်ရဲလေဘူး။
“လင်းချွမ် ရှင်
ကျွန်မကို မုန်းနေတာတော့ မဟုတ်ဘူးမလား”
“ မဟုတ်ဘူး
ကိုယ်မင်းကိုမမုန်းဘူး... ကိုယ်.. ကြိုက်ချင်တာ”
သူ
စိတ်လှုပ်ရှားနေချိန်မှာ သူ့ရဲ့ဒေသိယစကားသံထွက်လာခဲ့တယ်။
မူလတုန်းက
အရှုပ်တွေလုပ်ချင်နေခဲ့တဲ့ ဆုဆုတစ်ယောက် ခဏလောက် အေးခဲသွားရကာ သူမရဲ့မျက်နှာကို
လက်နဲ့ ဖုံးကွယ်ပြီးထပ်မေးလိုက်မိတယ်။
“ဘယ်သူလဲ ရှင်က
ဘယ်သူနဲ့ ကြိုက်ချင်တာလဲ”
ပြီးနောက် သူမက
တစ်ဖက်ကို လှည့်ကာ သူ့ကို လျစ်လျူရှုလိုက်သော်လည်း သူ့ရဲ့အဖြေကြောင့်
ပျော်သွားတုန်းပဲ။
လင်းချွမ်ကသူမကို
ကြိုက်တယ်လေ။ သူမက ဘာလို့ စိတ်ဆိုးနေရမှာလဲ။ သူမက ဒါကို တိတ်တိတ်လေး
သဘောကျနေခဲ့တာ။
နောက်ဆုံးတော့
မြည်းလှည်းလေးက လင်းမိသားစုအိမ်သို့ ရောက်ရှိလာခဲ့ပြီ။ ဆုဆု လှည်းပေါ်မှ
ဆင်းလိုက်သည်နှင့် အမေလင်းက အိမ်ကိုလာကြတဲ့ ဆွေမျိုးတွေကို သွားခေါ်ဖို့
လင်းချွမ်ကို ခိုင်းလိုက်တာကို တွေ့လိုက်ရပြီး လင်းချွမ်က နောက်တစ်ကြိမ်
ပြန်ထွက်သွားခဲ့ရပြန်တယ်။
အမေလင်းက
ပစ္စည်းတွေကို သယ်ပေးပြီး ယူလာပြီး ဆုဆုကို အိမ်ထဲသို့ ခေါ်လာခဲ့တယ်။
“သွားခေါ်နေတာက
ချွမ်ဇီရဲ့ ပထမအဒေါ်၊ အဒေါ်နဲ့ သူတို့ရဲ့ ကလေးတွေလေ.. သူတို့က အဝေးကြီးမှာနေကြတော့
နောက်ကျမှ ရောက်လာခဲ့ကြတာ.. သူ့ရဲ့ဦးလေးကိုတော့ မလာမှာစိုးလို့
ရှင်းအာနဲ့ပြောလိုက်ပေမဲ့ သူ့ရဲ့ ခြေထောက်ကကျိုးနေတယ်လို့ပြောတယ်.. ဒါပေမယ့်
သူ့ရဲ့ကလေးတွေကတော့ လာနေကြပြီ”
“အိုး”
“သူတို့တွေ
ခဏနေလောက်ကျရင် ရောက်လာကြမှာဆိုတော့ အိမ်ထဲမှ လူတွေရှုပ်နေလိမ့်မယ်..
မင်းသူတို့တွေနဲ့ တွေ့ပြီးတဲ့အချိန်ကျရင် ငါ ချွမ်ဇီကို မင်းကို အနောက်ခြံမှာ
အနားယူဖို့ ခေါ်သွားခိုင်းလိုက်မယ်.. သူလည်း ပစ္စည်းတွေကို ရွှေ့ရတာပေါ့..
ဘာပဲဖြစ်ဖြစ် မင်္ဂလာဧည့်ခံပွဲက မနက်ဖန် လုပ်တော့မှာလေ”
“သိပါပြီ”
ဆုဆုက
အလွန်ကျေးဇူးတင်နေမိတယ်။ အမေလင်းက သူမ အတွက် ဒီလောက်ထိတွေးတောပေးထားလိမ့်မယ်လို့
မထင်ထားခဲ့ဘူး။ လင်းဟိုင်နှင့် အဖေလင်းတို့က မှန်ကို အနောက်ခြံမှာ
နေရာချထားဖို့သယ်သွားမှာဖြစ်တာကြောင့် ဆုဆုကို လိုက်ကြည့်ဖို့ ခေါ်ခဲ့ကြတယ်။
ဆုဆုက
ချင်ယွဲ့ယွဲ့လိုမျိုး တွေးတောတွက်ချက်တတ်တဲ့သူ မဟုတ်သလို သူတို့တွေက သူမကို
အလုပ်ခိုင်းဖို့ ခေါ်တာလို့လဲ မထင်ခဲ့ဘူး။ ဒီတော့ သူတို့ အနောက်ခြံကိုသွားချိန်မှာ
အနောက်ကနေလိုက်သွားပြီး သူမသဘောကျတဲ့နေရာမှာ မှန်ကို ချခိုင်းလိုက်တယ်။ မှန်ကို
ထောင်ထားပြီးချိန်မှာ သူတို့ရဲ့ခြေထောက်တွေအထိမြင်နိုင်ပြီး ဒါက
အတော်ကောင်းမွန်လွန်းတယ်။
လင်းဟိုင်က
သူမကို တစ်ချက်ကြည့်လိုက်ပြီး အသာမေးလာတယ်။
“မင်းက တကယ်
ငါ့ရဲ့မရီးဖြစ်လာမှာလား”
ဆုဆုက
ပြုံးလိုက်ပြီး:
“ဟုတ်တယ်.. မင်းက
မကြိုဆိုဘူးလား”
“မဟုတ်ဘူး..
မဟုတ်ဘူး”
လင်းဟိုင်
ခေါင်းကုတ်လိုက်တယ်။ ဆုဆုက သူ့ရဲ့မရီးဖြစ်လာတာ တကယ်ကောင်းတယ်လို့ ခံစားရတယ်။
အဓိကအကြောင်းအရင်းကတော့ ချင်ယွဲ့ယွဲ့ ဆိုတဲ့တစ်ယောက်က
လင်းမိသားစုဆီကိုရောက်ရှိလာချိန်မှာ အမြဲတမ်းစကားချိုချိုတွေပြောတတ်ပေမဲ့
လက်တွေ့လုပ်ရပ်မှာတော့ ဘာတစ်ခုကိုမှ အမှန်တကယ်မလုပ်ခဲ့ဘူး။ သူတို့တွေ
အလုပ်လုပ်နေရင် သူမက အရိပ်ရတဲ့နေရာမှာ ထိုင်ပြီးကြည့်နေလိမ့်မယ်။ သူတို့တွေ
သောက်ဖို့အတွက်တောင် ယူဆောင်ပေးတာမျိုးတွေ မလုပ်ခဲ့ဘူး။
ဒီအမျိုးသမီးဆုဆုကတော့
ဒီကိုရောက်တာ ရက်အနည်းငယ်သာရှိသေးသလို သူမသည်လည်း လှပပြီး ချစ်စရာကောင်းပေမဲ့
သူတို့ရဲ့မိသားစုနဲ့အတူ အရာရာကို ကူညီလုပ်ကိုင်ပေးတတ်လေ့ရှိတယ်။ သူတို့တွေ
တစ်ယောက်နဲ့တစ်ယောက် သိကြတာအချိန်တိုတောင်းသေးတဲ့အတွက် သူမရဲ့ စိတ်နေစိတ်ထားက
ဘယ်လိုလဲဆိုတာကို သူတို့ မသိနိုင်သေးရုံပါပဲ။
ဒါပေမယ့်
သူ့ရဲ့အစ်ကိုက သဘောတူထားတာပဲလေ။ သူ့အစ်ကိုက အကြည့်တစ်ချက်နဲ့တင်
လူကဲခတ်တတ်တဲ့သူပဲကို။
ဆုဆုကတော့
သူတို့ဘာတွေ တွေးနေလဲဆိုတာကိုမသိခဲ့ဘူး။ သူမက အနည်းငယ်စိတ်လှုပ်ရှားနေခဲ့တာ။
အဆုံးမှာ ဒီနေရာက အနာဂတ်မှာ သူမရဲ့ အိမ်ငယ်လေးဖြစ်လာတော့မှာလေ။ သူမအနေနဲ့
ပိုပြီးဂရုစိုက်ရမယ်။
သို့သော်လည်း
လင်းမိသားစုက ဒီအိမ်ကို လွန်ခဲ့သည့် နှစ်ရက်အတွင်း
သေသေချာချာသန့်ရှင်းထားပြီးသားဖြစ်ပြီး အိမ်က အကွဲအပေါက်တွေ
ဟနေတာမျိုးလည်းမရှိဘူး။ဒီတော့ သူမအနေနဲ့ အနာဂတ်မှာ စိတ်ပူနေစရာမလိုအပ်ဘူး။
သူမရဲ့
ကျောပိုးအိတ်ကြီးကိုလည်း သူမနဲ့ သယ်ဆောင်လာခဲ့ကာ သော့ကလည်း သူမရဲ့လက်ထဲမှာ
ရှိနေသောကြောင့် ပိုပြီးယုံကြည်မှု ရှိလာခဲ့တယ်။ တကယ်လို့ ဇာတ်လိုက်မသာ
လာမရှုပ်ခဲ့ဘူးဆိုရင် ဒီလက်ထပ်ပွဲက ပြီးပြည့်စုံလုနီးပါးပဲ။
သို့သော်လည်း
ဇာတ်လိုက်မက ရောက်လာခဲ့လေတယ်။ သူမက အိမ်ထဲကိုဝင်လာလာချင်းမှာ တစ်စုံတစ်ယောက်က
သူမဆီမှာ အကြွေးတင်နေသလိုမျိုး မျက်ရည်တွေ ကျဆင်းနေခဲ့လေတယ်။
ဆုဆုက
သူမကျွေးလာတာ အစာကို စားမနေဘဲ ခပ်ဖျော့ဖျော့စိုက်ကြည့်လိုက်တယ်။
“ချင်ယွဲ့ယွဲ့ ဘာ
**** တွေလာလုပ်နေတာလဲ.. မင်း ဒီမှာလာငိုနေတာဆိုတော့ ပြောစရာတစ်ခု
ရှိနေရင်ပြောလိုက် ငါနင့်ကို ဝင်နှောင့်ယှက်မှာမဟုတ်ဘူး”