27: မှန်ကန်တဲ့
အမျိုးသား
လင်းဟိုင်တို့ညီအကို
သုံးယောက်က ဘာမှ ပြောမလာခဲ့ကြပေမဲ့ အငယ်ဆုံးညီလေးလင်းကျင်းက
မျက်မှောင်ကြုတ်လာခဲ့တယ်။ သူအရင်တုန်းက ဆုဆုကျွေးတဲ့ ကိတ်မုန့်ကို မစားခဲ့ပေမယ့်
အခုတော့စားပြီးသွားပြီ။ သူတို့တွေက အခု မိသားစုဝင်တွေဖြစ်သွားပြီလို့ ပြောတဲ့အတွက်
သူစားရင်တောင် အရေးမကြီးတော့ဘူး။
ကိတ်မုန့်က
အရမ်းအရသာရှိတယ်။ ဒါကြောင့် သူ ဒီမရီးအသစ်ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကလေးတွေရဲ့စိတ်သဘောထားက ရိုးရှင်းလွန်းတယ်။ သူတို့ကို
ဘယ်သူပဲအစားအသောက်တွေကျွေးမွေးပါစေ ထိုပေးတဲ့သူက လူကောင်းပဲ။ နောက်ပြီး
ဒီချင်ယွဲ့ယွဲ့က သူတို့ကို ဟိုးအစကနေအဆုံးထိ အရသာရှိတဲ့ အစားအစာကို
တစ်ကြိမ်တစ်ခါလေးတောင်မှ မပေးခဲ့ဖူးဘူး။
ချင်ယွဲ့ယွဲ့က
အနည်းငယ်ရှက်သွားပြီး ပြောလာတယ်။
“တကယ်တော့
ငါနင့်ကို မိန်းကလေးအချင်းချင်း စကားနည်းနည်းလောက် ပြောချင်လို့..
သူတို့သုံးယောက်ဒီမှာရှိနေတော့ ပြောဖို့သိပ်မသင့်တော်လို့လေ.. ငါတို့ခဏလောက်
လမ်းလျှောက်ထွက်ရအောင်”
ဆုဆု
လင်းမိသားစုရဲ့ ညီအကိုသုံးယောက်ကို လှမ်းကြည့်လိုက်တယ်။ သူတို့သုံးယာက်က
သက်တော်စောင့်သုံးယောက်လိုမျိုး သူမရဲ့နောက်မှာ ရပ်နေခဲ့ကြတယ်လေ။ သူမ မတတ်နိုင်ဘဲ
ရယ်မောလိုက်မိတယ်။
“မလိုဘူး
သူတို့သုံးယောက်က အပြင်လူတွေ မဟုတ်ဘူး”
သူတို့
သိသင့်တာတွေအားလုံးကို သိရသင့်တယ်။ အမေလင်းဆီကိုလည်း သူမအတွက်
ဖုံးကွယ်နေစရာမလိုဘူး။ ဇာတ်လိုက်မက သူမနှင့် လင်းတုံဟဲကြားက
ဒွိဟဖြစ်စရာကိစ္စတွေကို ပြောချင်နေမှာ မဟုတ်ဘူးဆိုရင် တခြားလူတွေက
လင်းချွမ်ရဲ့ညီတွေဖြစ်လို့ နားထောင်လို့ ဘာမှဖြစ်မှာမဟုတ်ဘူး။
ချင်ယွဲ့ယွဲ့
မျက်နှာကြုတ်လိုက်ပြီး ပြောလာတယ်။
“တကယ်တော့ ငါက
အနာဂတ်မှာ လူတိုင်းနဲ့ဆွေမျိုးတွေ ဆက်ပြီးဖြစ်ချင်ရုံလေးပါ..
အရင်တုန်းကဖြစ်ခဲ့တာတွေကို မေ့လိုက်လို့ရမလား”
လင်းဟိုင်က
ချက်ချင်း ခေါင်းခါလိုက်ပြီး : “ကျွန်တော်တို့မှာ နောက်ထပ်ဆွေမျိုးတွေ ထပ်ပြီး
မလိုဘူး”
ဆုဆုက
ခေါင်းညိတ်ကာ ပြုံးလိုက်တယ်။
“ငါက
မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဒီကမ္ဘာပေါ်မှာ ဆွေမျိုးတစ်ယောက်မှမရှိဘူး.. ချင်ယွဲ့ယွဲ့
ငါထင်တာတော့ နင်လူမှားပြီး ရွေးချယ်မိတာဖြစ်နိုင်တယ်”
ချင်ယွဲ့ယွဲ့က
နူးညံ့တဲ့ထိုးနှက်ချက်တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်မသွားပါဘဲ ထပ်မံပြောလာတယ်။
“ဟုတ်တယ်..
ငါတို့ကတော့ ဆွေမျိုးတွေမဟုတ်ဘူး”
ထိုစကားကို
ပြောပြီးချိန်မှာတော့ သူမ အလွန်စိတ်ဆင်းရဲနေပုံနဲ့ ဆက်ပြောလာတယ်။
“ ငါ
ဒီလိုမျိုးတွေ ဖြစ်မလာစေချင်ဘူး.. ငါထင်တာ... ငါတို့တွေ လက်မထပ်ချင်ဘူးဆိုရင်တောင်
ငါတို့မိသားစုတွေက ဆွေမျိုးတွေ ဆက်ဖြစ်နေတုန်းပဲလေ”
“ မလိုဘူး
တကယ်ကိုမလိုအပ်ဘူး .. နင်က မကြာခင် ဒီရွာကနေထွက်သွားပြီး
ကောလိပ်သွားတက်ရတော့မှာပဲလေ”
သူမ “အမြင့်ကိုတွယ်တက်ဖို့” ဆိုတဲ့ စကားကို
ပြောမိလုနီးပါးပဲ။ ဒါပေမဲ့ ထိုစကားတွေက သိသာလွန်းတယ်။
“ရဲဘော်ဆု
ငါ…အစ်ကိုချွမ်ဇီက လက်ထပ်ပြီဆိုတော့ ငါ သူ့ကို တစ်ခုခု ပေးရမယ်.. ဒါက ငါရွာထဲက
ဝယ်လာခဲ့တဲ့ ကြက်ဥတွေပါ”
သူမ
ကြက်ဥခြောက်ဥကို ထုတ်လာခဲ့တယ်။
ဆုဆုအနေနဲ့
ယခုအချိန်မှာ ကြက်ဥခြောက်လုံးက ဘယ်လောက်ထိများလဲ ဒါမှမဟုတ် ဘယ်လောက်ထိနည်းလဲ
ဆိုတာကို မသိဘူး။ သို့ပေမယ့် သူမဆီမှာ ရှားပါးနေတာမဟုတ်ဘူးလေ။ ဒီကြက်ဥခြောက်လုံးက
သူမသုံးဖြုန်းခဲ့တဲ့တဲ့ ယွမ် (၂၀)နဲ့ မယှဉ်နိုင်ဘူးဆိုတာကိုတော့
ထည့်ပြောစရာတောင်မလိုဘူး။
ဒီကြက်ဥတွေကတော့
မနက်ဖြန်ဟင်းပွဲတစ်ခွက်ထည့်ချက်ဖို့အတွက်တောင် မလုံလောက်ဘူး။ မနက်ဖန်ကျရင်
အနည်းဆုံး လူဒါဇင်နဲ့ချီပြီး မင်္ဂလာပွဲကိုလာကြမှာဖြစ်ပြီး
ဒီကြက်ဥခြောက်လုံးလုံးကတော့ ပန်းကန်တစ်လုံးထဲမှာသာ ထည့်နိုင်ပြီး မလုံလောက်ဘူး။
ဆုဆု: “နင်က
တကယ်ဂရုစိုက်တတ်တာပဲ.. ကျေးဇူးတင်ရမှာပေါ့ ချင်ယွဲ့ယွဲ့”
ပြီးနောက် သူမ
အငြင်း၀ကားပြောခါနီးမှာပဲ ဘေးနားမှ လင်းကျင်းက ပြောလာခဲ့တယ်။
“အိုး ငါပြောမယ်
ချင်ယွဲ့ယွဲ့ .. မင်းဆီမှာ ကြက်ဥဝယ်ဖို့ ပိုက်ဆံရှိတယ်ဆိုရင် ငါတို့မိသားစုဆီမှာ
အကြွေးတင်နေတဲ့ ယွမ်နှစ်ဆယ်ကို ဘာလို့ ပြန်မဆပ်ရတာလဲ.. ငါ့အမေက
မနက်အစောကြီးကတည်းက အလုပ်လုပ်နေရတာ.. နားရွက်တွေတောင် ကိုက်ခဲနေခဲ့တယ်”
လင်းရှန်က သူ့ကို
တွန်းလိုက်ပေမဲ့ လင်းကျင်းက နှာမှုတ်ပြီး လျစ်လျူရှုလိုက်တယ်။
ချင်ယွဲ့ယွဲ့ရဲ့
ရုတ်တရက် ဖြူဖျော့သွားရတဲ့ မျက်နှာကို မြင်လိုက်ရတော့ ဆုဆု
အော်ရယ်လိုက်မိလုနီးပါးပဲ။ ဒါကြောင့် သူမ အနောက်သို့ လှည့်ကြည့်ပြီး ဟန်ဆောင်ကာ
ပြောလိုက်တယ်။
“ဒီကလေးကတော့လေ
မင်း ဘာတွေ ပြောနေရတာလဲ ချင်ယွဲ့ယွဲ့က မှားတယ်ဆိုပေမဲ့ သူမက ရည်ရွယ်ချက်ရှိရှိနဲ့
လုပ်ခဲ့တာ မဟုတ်လောက်ပါဘူး”
လင်းကျင်း
သူ့ရဲ့ခေါင်းကို အသာထိပွတ်လိုက်မိတယ်။ အခု သူ့ရဲ့မရီးက သူ့ကို ချီးကျူးနေတာလား
ဒါမှမဟုတ် အပြစ်တင်နေတာလား။ သူ ဘာကြောင့် နားမလည်ရတာပါလိမ့်။ သို့သော်လည်း သူမရဲ့
အပေါ်ကို ကွေးညွှတ်နေတဲ့ ပါးစပ်ထောင့်ကို ကြည့်ကာ ချီးကျူးနေတာပဲဖြစ်ရမယ်လို့
နားလည်လိုက်တယ်။ မဟုတ်ရင် ချင်ယွဲ့ယွဲ့က ဘာလို့ ဒေါသထွက်ပြီး ငိုလာမှာလဲ။
“ဟုတ်တယ် ငါ
တောင်းပန်ပါတယ် ငါ အဲဒီပိုက်ဆံကို အိမ်ပြန်ပို့လိုက်တာပါ.. ငါ့ရဲ့မောင်နှစ်ယောက်က
ကျောင်းတက်ရမှာမို့လို့..”
ချင်ယွဲ့ယွဲ့က
စကားတွေပိုပြီး ပြောလာလေလေ နာကျည်းမှုတွေ ပိုပြီးများလာလေလေပါပဲ။
အဲဒီမိသားစုအတွက်သာ မဟုတ်ရင် သူမ ဒီလို နစ်နာမှုတွေ ခံစားရမှာ မဟုတ်ဘူး။
ဆုဆုလည်း
ဒီစာအုပ်ကိုဖတ်ခဲ့ချိန်တုန်းက ချင်မိသားစုက လွန်လွန်းတယ်လို့
ခံစားမိခဲ့တယ်ဆိုပေမယ့် လင်းမိသားစုက ဇာတ်လိုက်မရဲ့မိဘတွေကို
ထောက်ပံ့ပေးနေရတာကိုတော့ အရူးလုပ်မခံနိုင်ဘူး။ မဟုတ်ဘူး။ အခု သူမကို
လင်းမိသားစုရဲ့ ချွေးမဖြစ်အောင် ဘယ်သူလုပ်ခဲ့လို့လဲ။
“ဒါဆို နင်က
ပြန်ဆပ်ဖို့ မှတ်မိထားတာကောင်းမယ်နော်.. တခြားပြောစရာတွေ ရှိလား”
ဆုဆုမေးလိုက်တယ်။
သူတို့တွေက
ချင်ယွဲ့ယွဲ့ဆီမှ ကြက်ဥတွေကိုလည်း လှမ်းယူကြခြင်းမရှိတာကြောင့် ချင်ယွဲ့ယွဲ့က
ထိုကြက်ဥတွေကို အိတ်ထဲကို ပြန်ထည့်လိုက်လေတယ်။
“ငါက ဒါတွေကို
ပြီးသွားစေချင်တာပါ.. အဲဒီအသံသွင်းတာကို...”
ချင်ယွဲ့ယွဲ့က
နောက်ဆုံးမှာတော့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်အစစ်ကိုထုတ်ဖော်လာခဲ့တယ်။ သူမက
အသံသွင်းထားတာကို ထုတ်ပေးဖို့ တောင်းဆိုချင်နေတာပဲ။ အနည်းဆုံး ဆုဆုဆီက
ထိန်းချုပ်မခံရဖို့အတွက်ပေါ့။ အနာဂတ်မှာ သူမသာ ဒီကိစ္စကို ဖြန့်လိုက်မယ်ရင် သူမနဲ့
လင်းတုံဟဲတို့အတွက် အရာအားလုံး ပြီးသွားလိမ့်မယ်။
“ဟင့်အင်း ငါ
နင့်ကို အသံဖမ်းစက်ကို မပေးနိုင်ဘူး.. ဒါက အရမ်းစျေးကြီးတယ်.. ဒါ့အပြင်
အထဲကအကြောင်းအရာတွေကိုလည်း ဖျက်ပစ်မှာမဟုတ်ဘူး.. ငါက နင် နောက်ထပ်ကြံစည်လို့ရအောင်
ဖျက်ပစ်ရမှာလား? ငါ ဒါကိုချန်ထားမှာ.. ဒါပေမယ့် နင်သာဘာမှမလုပ်ဘူးဆိုရင်
ဒီလိုအရာမျိုးရှိနေတာက နင့်အတွက် ဘာတစ်ခုမှ ကွာခြားသွားမှာမဟုတ်...”
“မင်း
ဒီမှာဘာလုပ်နေတာလဲ?”
ဆုဆု
စကားကိုဆုံးအောင် မပြောရသေးခင်မှာ သူမရဲ့ရှေ့မှာ ပုံရိပ်တစ်ခု ရောက်လာခဲ့ပြီး
သူမကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ကာကွယ်ထားတာကို တွေ့လိုက်ရတယ်။
…
ရှင်
ဒီလောက်ထိအရမ်းမြန်ပြောလာဖို့ လိုလို့လား။ သူမ အရှေ့ကနေ တိုက်ခတ်လာတဲ့ လေကိုသာ
ခံစားလိုက်မိတာလေ။ ပြီးတော့ သူမရဲ့ အရှေ့ရောအနောက်ကိုပါ ဝိုင်းရံထားသလို
ဖြစ်သွားပြီ။ အနောက်ဘက်မှာ လင်းမိသားစုရဲ့ ကောင်လေး သုံးယောက် ရပ်နေခဲ့ပြီး
အရှေ့မှာတော့လင်းမိသားစုရဲ့ အကြီးဆုံးသားက ရှိနေခဲ့တယ်။ သူမ
အရှေ့ကိုထွက်ပြဖို့အတွက်တောင် နေရာလုံးဝမကျန်တော့ဘူး။
သူမရဲ့
ပါးစပ်ထောင့်တွေတွန့်ကွေးသွားချိန်မှာပဲ ချင်ယွဲ့ယွဲ့ရဲ့
နစ်နာမှုအပြည့်နဲ့ငိုသံကိုကြားလိုက်ရတယ်__
“အစ်ကိုချွမ်ဇီ
ကျွန်မက ရှင်နဲ့တွေ့ဖို့ ဒီကိုရောက်လာတာပါ....”
“ ငါ့ကို
အဲလိုမခေါ်နဲ့.. မင်းပြောချင်တာကို တိုက်ရိုက်ပြောလိုက်”
လင်းချွမ်ရဲ့အသံက
အေးစက်နေခဲ့တယ်။
ဒီလူက ဒီလောက်ထိ
ကြောက်စရာကောင်းကြောင်းကို သူမအရင်က ဘာလို့မသိခဲ့ရတာလဲ။ သူက သူမကို
ရန်သူတစ်ယောက်လို ဆက်ဆံနေတာလား။
“ရဲဘော် လင်းချွမ်
.. ကျွန်မ ကိစ္စတွေကို ကြီးထွားမသွားချင်ဘူး..ဒါကြောင့်...”
“မင်းသာ ဆုဆုနဲ့
ငါတို့မိသားစု ရန်စဖို့ ရောက်မလာသရွေ့ အနာဂတ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး
ဘာမှဖြစ်လာမှာမဟုတ်ဘူး.. ကျေးဇူးပြုပြီး.. ငါက မနက်ဖြန်လက်ထပ်တော့မှာ..
တခြားလူတွေက ငါတို့တွေ ပတ်သက်နေသေးတယ်လို့ ထင်သွားမှာကို ငါမလိုချင်ဘူး..
တခြားလူတွေ အထင်လွဲသွားမယ်ဆိုရင် ကောင်းတဲ့အရာတွေဖြစ်လာမှာမဟုတ်ဘူး”
လင်းချွမ်က
အလွန်တည်ငြိမ်စွာပြောခဲ့ပြီး သူ့ရဲ့စကားတွေက ဆုဆုရဲ့မျက်ဝန်းတွေကို
ပြူးကျယ်သွားစေတယ်။
အမျိုးသားအရံဇာတ်ကောင်က
ဒီလိုမျိုးလည်း ပြောနိုင်တာပဲလား? သူ ဒီလိုမျိုးဖော်ပြချက်တွေကိုမတွေ့ဖူးဘူး။
နောက်ပြီး အကျဉ်းသားတစ်ယောက်ကို တရားစီရင်လိုသလို အသံမျိုးက ဘယ်လိုအဓိပ္ပါယ်လဲ?
ဒီစကားတွေကို ဇာတ်လိုက်မရဲ့ ပြင်းထန်တဲ့စရိုက်တွေနဲ့ သည်းခံနိုင်တာက ထူးဆန်းနေလိမ့်မယ်။
သေချာတာပေါ့။
ဇာတ်လိုက်မက အော်ငိုပြီးပြောလာတယ်။
“စိတ်မပူပါနဲ့..
ကျွန်မ ဒီကို နောက်ဘယ်တော့မှ ထပ်မလာတော့ဘူး”
ပြီးနောက်
ပြေးထွက်သွားခဲ့လေတယ်။
ထိုအချိန်မှာ
တစ်ဖက်မှ လူငယ်နှစ်ဦး ရောက်ရှိလာခဲ့ပြီး သူတို့ရဲ့ မရီးဖြစ်သူက
စိတ်လိုက်မာန်ပါအမူအယာနဲ့ ပြေးထွက်သွားတာကိုမြင်လိုက်ရတာကြောင့် တစ်ယောက်က
လှမ်းပြောလာတယ်။
“ချင်ယွဲ့ယွဲ့
ချင်ယွဲ့ယွဲ့ ..မင်း ဘယ်ကိုသွားမလို့လဲ.. ကျွန်တော်ပြောမယ်.. အစ်ကိုကြီး
မင်းဘာလို့ သူ့ကို စိတ်ဆိုးပြီး ထွက်သွားအောင်လုပ်လိုက်ရတာလဲ.. တကယ်လို့ မင်းသာ
သူ့ကို ပြန်မချော့နိုင်ရင် မနက်ဖြန် မင်း ဘယ်သူနဲ့ လက်ထပ်မှာလဲ”
လင်းချွမ်ရဲ့မျက်နှာက
ချက်ချင်း တင်းမာသွားရတယ်။
“ငါ သူမကို
လက်ထပ်မှာမဟုတ်ဘူး”
“ဟမ်”
“ ငါ သူမနဲ့
လက်ထပ်မှာမဟုတ်ဘူး .. ငါလက်ထပ်မဲ့သူက ဆုဆုပဲ”
သူ ပြောပြီးနောက်
ဆုဆုကို နောက်မှာ ကွယ်ဝှက်ထားတာကနေ ပြန်လွှတ်ပေးလိုက်တယ်။
ဆုဆုအနေနဲ့
တစ်ဖက်လူက သူရဲ့ဆွေမျိုးတွေထဲမှတစ်ဦးဖြစ်လိမ့်မယ်လို့ တွေးလိုက်ကာ
အပြုံးလေးနဲ့နှုတ်ဆက်လိုက်တယ်။
“ဟယ်လို
ကျွန်မနာမည်က ဆုဆုပါ.. လင်းချွမ်ရဲ့ သတို့သမီးလောင်း”
ဆုဆုက အစကတည်းက
အလွန်လှပတဲ့အပြင် စာအုပ်ထဲကို ကူးပြောင်းခဲ့ပြီးနောက်
နှစ်အနည်းငယ်လောက်ထပ်ပြီးငယ်ရွယ်သွားခဲ့တာကြောင့် သူမ ပြုံးလိုက်ချိန်မှာ တကယ်ကို
ဆွဲဆောင်မှုရှိလွန်းတယ်။