Ch 28
Viewers 11k

28: သတို့သမီးပြောင်းလဲခြင်း

 

အခုမှ အိမ်ထဲကိုဝင်လာခဲ့ကြတဲ့ လူငယ်နှစ်ယောက်ရဲ့ နှလုံးသားတွေက အကြောင်းပြချက်မရှိ ခုန်ပေါက်သွားခဲ့ကာ အမည်မသိအကြောင်းရင်းတစ်စုံတစ်ခုကြောင့် လင့်ချွမ်ကို မနာလိုမုန်းတီးစိတ်တွေဖြစ်လာရတယ်။

 

သူတို့တွေက သတို့သမီး ဘာကြောင့်ပြောင်းလဲသွားမှန်းကို မသိတဲ့အတွက်ကြောင့် လင်းချွမ်ကို ဆွဲခေါ်သွားကာ မေးခဲ့ကြတယ်။

 

လင်းချွမ်က ရှင်းပြရတဲ့နေရာမှာ တော်တဲ့လူ မဟုတ်ဘူး။ ဒီတော့ ပြန်ပြောခဲ့တယ်။

 

မင်းတို့ သိချင်ရင် မင်းတို့ရဲ့ ဒုတိယ အဒေါ်ကို မေးကြည့်လိုက်ကြ

 

ပြီးနောက် သူက ဆုဆုဘက်ကိုလှမ်းကြည့်ကာ ပြောလာတယ်။

 

ထမင်းစားချိန်ရောက်ပြီ

 

အိုး

 

မင်း သွားနေစရာ မလိုဘူး ငါ လင်းဟိုင်ကို မင်းအတွက် ယူခိုင်းလိုက်မယ်.. စားပြီးမှ သွားလိုက်ပေါ့

 

အခု အိမ်မှာနေရာမရှိသေးတာကြောင့် ဒီမှာ ခဏလောက်ဆက်နေတာက ပိုကောင်းလိမ့်မယ်။

 

လင်းချွမ်က ပြောပြီးသည်နှင့် လင်းဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့အစ်ကိုကြီးကို အရိုးထဲထိစိမ့်ဝင်အောင်ကြောက်ရွံ့တဲ့ လင်းဟိုင်က ထိုစကားကိုနာခံစွာနဲ့ ချက်ချင်းပဲ ပြေးထွက်သွားခဲ့တယ်။

 

အိုး အဆင်ပြေပါတယ်

 

ဘာလို့ အထူးတလည်လုပ်နေရမှာလဲ။

 

သို့သော်လည်း ဆုဆုအနေနဲ့ လင်းချွမ်ကသူမ အဆင်မပြေဖြစ်မှာကို စိုးရိမ်ပေးနေတာဖြစ်ကြောင်းကို သိတဲ့အတွက် ပျော်ရွှင်နေခဲ့ပြီး သူ ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးလာမှာကို စောင့်နေလိုက်တယ်။

 

သို့ပေမယ့် လင်းချွမ်က ထိုနှစ်ယောက်ကို အရှေ့အိမ်ဆီကိုလိုက်ခဲ့ဖို့ ဆွဲခေါ်သွားခဲ့လေတယ်။

 

မဟုတ်ဘူး.. ငါတို့ဘယ်သူလဲဆိုတာတောင် မပြောရသေးဘူးလေ

 

သူတို့က ငြင်းဆန်ချင်နေသေးပေမယ့် သူတို့က လင်းချွမ်လောက်မသန်မာတာကြောင့် ရုန်းကန်မှုအနည်းငယ်သာလုပ်နိုင်ပြီး ထွက်သွားခဲ့ရတယ်။

 

ဆုဆု ခေါင်းကိုစောင်းငဲ့မိကာ ဘေးမှာရှိနေတဲ့ လင်းကျင်းကိုမေးလိုက်တယ်။

 

ဒီနှစ်ယောက်က ဘယ်သူလဲ?

 

ဘာလို့ လင်းချွမ်က သူတို့နဲ့ မိတ်မဆက်ပေးခဲ့တာလဲ။ သူတို့တွေက လင်းချွမ်ကို စော်ကားအပြစ်လုပ်ထားခဲ့ဖူးလို့လား။

 

အိုး အဲဒါက ဦးလေးနဲ့ အဒေါ်တို့ မိသားစုထဲက အကိုနှစ်ယောက်လေ

 

လင်းကျင်းက အသေးစိတ်ကို မိတ်ဆက် မပေးခဲ့ဘူး။ သူတို့က ဆုဆုအတွက် ခန်ကိုအပူပေးပြီး လင်းဟိုင်က အစားအသောက် တွေယူလာပေးခဲ့တယ်။

 

ဟင်းနှစ်ပွဲဖြစ်ပြီး တစ်မျိုးက အာလူးကြော်နဲ့ နောက်တစ်မျိုးကတော့ ယုန်သားဟင်းပဲ။

 

ဒါက သာမန်လူတွေအတွက်တော့ အတော်လေး ကောင်းမွန်တဲ့ ထင်းဝိုင်းပဲ။ ဒီနေ့ရဲ့ထမင်းက ထမင်းဖြူဖြစ်နေသေးတယ်။

 

ဆုဆုလည်း ဆာလောင်နေပြီဖြစ်ကာ ထမင်းရောက်လာချိန်မှာ စားသောက်ဖို့လုပ်ခဲ့ပြီး ညီအစ်ကိုတစ်စုကတော့ အရှေ့အိမ်မှာ လူအုပ်စုနဲ့ ရောနှောစားဖို့ထွက်သွားခဲ့ကြတယ်။

 

အနည်းငယ်ရှက်စရာကောင်းတယ်ဆိုပေမဲ့..။

 

သူတို့က သူတို့အစ်ကိုရဲ့ချွေးမကိုတော့ တကယ် ဂရုစိုက်ကြတာပဲ။

 

သူမ ထမင်းပြီးတာနဲ့ ပန်းကန်လုံးနဲ့ တူတွေကို ဆေးကြောပြီး မီးဖိုထဲမှာ ထည့်လိုက်ကာ မီးဖိုကို ထင်းနဲ့ပြန်ဖြည့်လိုက်တယ်။ နောက်ဆုံးမှာ သူမ ညဘက် ဒီမှာပဲအိပ်ရတော့မှာလေ။

 

ဒါပေမယ့် အပြင်မှာ ဆူညံသံတွေထွက်တာကြောင့် သူမ အပြင်ကို ထွက်ကြည့်လိုက်တယ်။ လင်းချွမ်က ဘယ်အချိန်မှာ ထမင်းစားပြီးသွားလဲဆိုတာကိုမသိပေမဲ့ အခုချိန်မှာ သူက ထင်းတွေကို တောင်ကြီးတစ်တောင်ဖြစ်အောင် ထပ်ပြီး ခုတ်ထစ် စုပြုံနေပြန်တယ်။ ပြီးနောက် သူက နောက်ထပ်တစ်ပုံ ထပ်ပြီး အသစ်တွေ ထပ်ပုံနေခဲ့တယ်။

 

ရှင် ဒီထင်းတွေနဲ့ ဘာလုပ်မလို့လဲ

 

သူမက ထူးဆန်းသလို ခံစားရပြီး မေးလိုက်တယ်။

 

လင်းချွမ် သူမကို မော့ကြည့်လာပြီး ပြန်ဖြေပေးခဲ့တယ်။

 

မနက်ဖြန်အတွက် ထင်းတွေ အများကြီးကုန်လောက်မှာလေ.. နောက်ပြီး ဆောင်းရာသီက အရမ်းကြာလွန်းတယ်

 

တောင်ပေါ်ဒေသမှာ ဆောင်းရာသီက အပြင်ဘက်ဒေသတွေထက် ပိုရှည်ပြီး ထင်းတွေ များစွာ လိုအပ်တယ်။ သူမလေးက အလွန်နူးညံ့လွန်းတာကြောင့် အအေးဒဏ်ကို မခံစားနေရသင့်ဘူး။ ဆောင်းရာသီအတွင်းမှာ အိမ်အတွင်း နွေဦးရာသီကဲ့သို့ နွေးထွေးစေရန်အတွက် သူ့ညီသုံးယောက်ကို သူမရဲ့ခန်မှာ နေ့တိုင်းမီးဖိုပေးဖို့ သူ မှာကြားခဲ့ရမယ်။ ဒီတော့ သူ အားလပ်ရက်ရနေတုန်းမှာထင်းတွေအများကြီး ခုတ်ထားဖို့လိုအပ်တယ်လေ။

 

ခဏနားပါဦး ရှင် ချွေးတွေအရမ်းထွက်နေပြီ

 

ဆုဆု သူ့လက်ကိုင်ပုဝါကို ထုတ်ပြီး သူ့ကိုသုတ်ပေးဖို့လုပ်လိုက်တယ်။ သို့ပေမယ့် သူမရဲ့လက်ကို မြှောက်လိုက်တဲ့အချိန်မှာပဲ ဒီအမျိုးသားက တကယ်ကိုအရပ်မြင့်လွန်းပြီး ချွေးသုတ်ပေးဖို့အတွက် အနည်းငယ် ခက်ခဲကြောင်း သိလိုက်ရလေတယ်။

 

သို့ပေမယ့် ဒီတုံးအတဲ့အမျိုးသားကတော့ သူမရဲ့ထိတွေ့မှုကို ကြောက်လန့်နေဟန်ရပြီး တောင့်တင်းစွာ ရပ်နေခဲ့လေတယ်။

 

ရှင် ခါးနာနေသေးလား

 

သူမက တခြားအဓိပ္ပါယ်မျိုးနဲ့မေးတာမဟုတ်ဘူး။ သူက အမြဲတမ်း ဒီလိုမျိုးခါးကိုင်းပြီး အပြင်းအထန်အလုပ်လုပ်နေတာလေ။ ဒီတော့ သူ့ရဲ့နောက်ကျောနဲ့ခါးက နာကျင်နေလောက်မလားလို့ တွေးခဲ့တာ။

 

ဒါပေမယ့် သူမရဲ့စကား ဆုံးတဲ့အချိန်မှာပဲတစ်ဖက်လူရဲ့မျက်နှာက မည်းမှောင်သွားတာကိုတွေ့လိုက်ရပြီး အနည်းငယ်အေးစက်တဲ့အသံနဲ့ ပြောလာလေတယ်။

 

ဟင့်အင်း မနာပါဘူး

 

အိုး မနာဘူးလား.. မနာဘူးဆိုရင် ရှင့်ရဲ့ ခေါင်းငုံ့ပေးလေ

 

ဆုဆုရဲ့စကားကိုကြားတော့ ထိုအမျိုးသားက ခေါင်းငုံ့ပေးလာခဲ့တာကြောင့် နောက်ဆုံးမှာတော့ သူ့ရဲ့မျက်နှာပေါ်မှ ချွေးတွေကို သုတ်လိုက်နိုငပြီ။

 

လင်းချွမ်က အလွန်ချောမောခန့်ညှားတဲ့ အမျိုးသားတစ်ယောက်ဖြစ်ကာ သူ့ရဲ့အသားအရေက ဖြူဖွေးတဲ့ဘက်ကိုမပါပဲ ရွှေအိုရောင်သန်းနေခဲ့တယ်။

 

သူ့ရဲ့မျက်လုံးတွေမှိတ်ထားတာကိုမြင်တော့ ဆုဆု ဖော်မပြနိုင်တဲ့ဆန္ဒတွေနဲ့ တံထွေးမြိုချလိုက်ပြီး သူမ အမှန်တကယ် လိုချင်ကြောင်း ခံစားလိုက်မိတယ်။ သူ့ရဲ့ နှာတံက မြင့်မားပြီး လည်ပင်းမှအာဒမ်ပန်းသီးကလည်းထင်းထွက်နေခဲ့တယ်။ ခိုင်မာပြတ်သားတဲ့ မျက်နှာသွင်ပြင်နဲ့ ရှည်လျားပြီး သွယ်လျသယောင်ရှိတဲ့မျက်လုံးတွေ..

 

သူမ သတိလက်လွတ်နဲ့ သူ့ရဲ့နှာတံတစ်လျှောက် လက်ချောင်းတွေဖြင့် ပွတ်ဆွဲလိုက်မိကာ နောက်ဆုံး သူရဲ့နှုတ်ခမ်းပေါ်မှာ ရပ်တန့်သွားခဲ့တယ်။

 

ထို့နောက်မှာတော့ ထိုပြစ်မှုကျူးလွန်နေတဲ့ လက်ချောင်းတွေကို ရုတ်တရက် အဖမ်းခံလိုက်ရပြီး တစ်ဖက်လူရဲ့ မျက်လုံးတွေက ပွင့်လာခဲ့ကာ အတွင်းဘက်မှာ အနည်းငယ်နီရဲနေခဲ့တယ်။

 

မင်း...

 

လင်းချွမ် သူ့ရဲ့လက်ကို တင်းကြပ်စွာဆုတ်ကိုင်လိုက်မိပြီး သူ့ရဲ့အသက်ရှူသံတွေကလည်း ပြင်းထန်လာခဲ့တယ်။

 

ကျွန်မ.. ရှင် ကျွန်မ လက်ကို လွှတ်ပေးဦး

 

ကြောက်စရာကောင်းလွန်းတယ်။ အခုလေးတင် သူမ တောင်တန်းပေါ်မှ ဝံပုလွေတကောင်ကိုမြင်တွေ့လိုက်ရသလိုပဲ။ သူမရဲ့ ခြေထောက်တွေတောင် တုန်ယင်ချင်လာပြီ။

 

မနက်ဖြန်.. မနက်ဖြန်အထိပဲ

 

သူ ဘယ်သူကိုဦးတည်ပြီး စကားပြောနေတာလဲဆိုတာကိုတော့ သူမ မသိဘူး။ ဘာပဲဖြစ်ဖြစ် ဆုဆုတစ်ယောက် နားမလည်နိုင်တဲ့ ဖိအားကို ခံစားလိုက်ရပြီး မျက်ဝန်းတွေမှာတောင် အရေကြည်လွှာလေး ပေါ်လာခဲ့ရတယ်။

 

ကံကောင်းထောက်မစွာပဲ သူက ဘာမှ မလုပ်ခဲ့ဘဲ သူမရဲ့လက်ကို ပြန်လွှတ်ပေးလိုက်ကာ နောက်ကိုလှည့်ပြီး အလုပ်ပြန်လုပ်နေခဲ့တယ်။

 

ဆုဆု အမှန်တကယ် ကြောက်လန့်သွားရတယ်။ ဒီအမျိုးသားက စနောက်ကျီစယ်လို့မရဘူးပဲ။ သူမကိုယ်သူမ အနာဂတ်မှာ ကျင်းထဲကို ထပ်မထည့်လိုက်နိုင်တော့ဘူး။

 

သူမ အိမ်ထဲကို အမြန်ပြန်ဝင်သွားခဲ့ပေမယ့် ပြတင်းပေါက်ကနေတဆင့် သတိထားပြီး ချောင်းကြည့်လိုက်ပြန်တယ်။

 

ထို့နောက် လင်းချွမ်က သူ့ရဲ့အပြင်ဘက်အင်္ကျီကို ချွတ်ပစ်လိုက်တာကို တွေ့မြင်လိုက်ရတယ်။ သူက အခုချိန်မှာ စွပ်ကျယ်တစ်ထည်တည်းကိုသာ ၀တ်ဆင်ထားခဲ့တာကြောင့် သူ့ရဲ့လက်မောင်းနှစ်ဖက်က ထင်ရှားစွာပေါ်လွင်နေခဲ့တယ်။ ထိုလက်တွေက နှစ်တွေအကြာကြီး အလုပ်လုပ်နေခဲ့တဲ့အတွက် ကြွက်သားတွေကလည်း ထင်ရှားနေခဲ့တယ်။

 

ကြည့်ရတာ ထိုကြွက်သားတွေမာ ကြီးကျယ်တဲ့ စွမ်းအားတွေ ရှိနေတဲ့ပုံပဲ။ ဒါက လူတွေကို အကြည့်မလွှဲနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းကာ ကြောက်စရာလည်း ကောင်းနေပြန်တယ်။

 

သူ ပြောခဲ့တာကိုပြန်တွေးရင်း ဆုဆု သူမရဲ့မျက်နှာကို လက်နဲ့ ဖုံးကွယ်လိုက်မိတယ်။ ထိုအမျိုးသားက သူ သူမကို မနက်ဖန်မှာ ရာဇ၀တ်မှုကြီးတစ်ခုကို ကျူးလွန်တော့မယ်လို့ ဆိုလိုတာမလား။

 

စာအုပ်ထဲက မုဆိုးမငယ်ရဲ့ အကြောင်းကိုထည့်ရေးထားတုန်းက ထိုမုဆိုးမက ပြောခဲ့တယ်။ သူမနဲ့ လင်းချွမ်တို့ လက်မထပ်ခင်တုန်းက သူမအနေနဲ့ ယောက်ျားတစ်ယောက်ရဲ့ အကျိုးကျေးဇူးကို မခံစားခဲ့ဖူးဘူး။ ဒါပေမယ့် လင်းချွမ်နဲ့ လက်ထပ်ပြီးနောက်မှာတော့ သူမဟာ ယောက်ျားတစ်ယောက်ကို ပိုပိုပြီး လွမ်းဆွတ်လာခဲ့တယ်တဲ့။ ဒါပေမယ့် လင်းချွမ်က လက်ထပ်ပြီးသွားတဲ့နောက်မှာ အိမ်ကနေ နှစ်အတော်ကြာအောင် ထွက်ခွာသွားခဲ့တာကြောင့် သူမက တခြားယောက်ျားတွေကို လိုက်ရှာခဲ့တာ။ ဒါပေမယ့် သူတို့ထဲက ဘယ်တစ်ယောက်ကမှ သူမရဲ့စိတ်ကို မကျေနပ်စေခဲ့ဘူး။ ဒီတော့ သူမက စိတ်မကျေနပ်လေလေ နောက်တစ်ယောက်ကို ထပ်ရှာလေဖြစ်ခဲ့တယ်။

 

ဒီတော့ စာရေးသူက အမျိုးသားအရံဇာတ်ဆောင်ကို သွယ်ဝိုက်ပြီး ချီးကျူးလိုက်တာ မဟုတ်ဘူးလား။

 

အိုင်းယား .. အခုတော့ ထိုအမျိုးသားက သူမရဲ့အပိုင်ဖြစ်လာခဲ့ပြီ။ သူမ ပျော်ရွှင်နေရင်းနဲ့ မသေချင်ခဲ့ဘူးနော်။

 

အိုး မဟုတ်သေးဘူး။ ဒါက သူမရဲ့ ပထမဦးဆုံးအကြိမ်ပဲ။ သူမ မပျော်ခင်မှာ ငိုရလောက်သေးတယ်။

 

လင်းချွမ်ကတော့ အလုပ်ပြီးသွားချိန်မှာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီ။ သူ့ရဲ့ချွေးမလေးက ဒီလိုအရာမျိုးတွေကို လုပ်ဖို့အတွက် အတော်လေး သတ္တိရှိတယ်လို့ သူခံစားမိတယ်။ သို့ပေမယ့် သူကတော့ သူမကို နမ်းဖို့ မတတ်နိုင်သေးဘူး။

 

တကယ်လို့ အပြင်မှာရှိနေတဲ့ လူနှစ်ယောက်ကိုသာ ထည့်သွင်း မစဉ်းစားနေရဘူးဆိုရင်။

 

တကယ်လို့ သူမသာ ဒီနေ့မှာ သူ့ရဲ့ဇနီးမဖြစ်သေးဘူးဆိုတာကို ထည့်သွင်း မစဉ်းစားဘူးဆိုရင်။

 

ဒါပေမယ့် သိပ်မကြာခင်မှာ သူ ထပ်ပြီးစောင့်နေစရာမလိုတော့ဘူး။

 

အရှေ့ဘက်အိမ်ကို သွားကြတော့မလား

 

ကောင်းပြီ

 

ဆုဆု အိမ်ခန်းထဲမှ ထွက်သွားပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရုတ်တရတ် ရှက်သွားခဲ့ကြပြီး ချက်ချင်းပင် လူချင်းခွာလိုက်မိကြတယ်။

 

ပထမအဒေါ်နဲ့ အဒေါ်တို့က ပေါင်းသင်းဆက်ဆံဖို့ လွယ်ကူလား

 

အမ်

 

သူတို့အားလုံးက လက်ထပ်ဖို့ သဘောတူလား

 

အမ်

 

ဒါဆို ရှင်က ကျွန်မကို ထိန်းထိန်းသိမ်းမရှိဘူးထင်လား

 

အမ်.. ဟမ်? မဟုတ်ဘူး

 

လင်းချွမ် ချွေးတွေပြန်လာရပြီး သူကတော့ ထောင်ချောက်ထဲကို ထပ်ပြီးကျသွားပြန်ပြီလို့ တွေးမိကာ ကပြာကယာပြန်ပြင်ပြောလိုက်တယ်။

 

ကိုယ် အဲလိုမျိုး တစ်ခါမှ မတွေးဖူးဘူး.. ဒါပေမယ့်... အဲဒါက မင်း ကိုယ့်တစ်ယောက်တည်းကို လုပ်တဲ့အချိန်ကိုပဲပြောတာ.. မင်း တခြားယောက်ျားတွေကိုအဲလို မလုပ်နိုင်ဘူး..အခြား ဘယ်သူနဲ့မှ မရဘူး

 

ယိုး.. အတော်လေး ယုံကြည်စိတ်ချမှုရှိတာပဲ။

 

ဆုဆု ပေါ့ပေါ့ပါးပါး ရယ်လိုက်မိတယ်။

 

ကျွန်မက ရှင့်ကိုစနေတာပါ.. ရှင် ဘာလုပ်နေတာလဲ သွားမယ်လေ

 

သူမက ရယ်မောပြီးနောက် အရှေ့ကို ပြေးထွက်သွားသွားခဲ့တယ်။