Ch 36
Viewers 11k

36 သူမက မိန်းကလေးလေ

 

ဆုဆုက သူ့ကို ပြန်မခေါ်ခဲ့ဘူး။ ထို့အစားထိုလူရဲ့ စိတ်ပျက်ရှက်ရွံ့နေတဲ့ပုံပန်းသဏ္ဍာန်ကို မြင်ရတာ အတော်စိတ်ဝင်စားစရာကောင်းတယ်လို့ တွေးနေခဲ့တယ်။

 

ဘာပဲဖြစ်ဖြစ် သူမ ဒီကိုရောက်လာပြီးနောက် ဇာတ်လိုက်မကိုလည်း မောင်းထုတ်နိုင်ခဲ့ပြီလေ။ အနာဂတ်ကျရင် လင်းမိသားစုကို ကောင်းမွန်ပျော်ရွှင်ရတဲ့ဘဝကို ရရှိနိုင်အောင် လုပ်ပြီး သူတို့တွေကို မနာလိုဖြစ်စေလိုက်မယ်။

 

မင်းတို့က ဆောင်းဦးလေပြင်းကို တိုက်ခိုက်ချင်နေတာလား? ဟား သူမကလည်း ဖရဲသီးမဟုတ်ဘူးနော်။

 

အဒေါ်ရဲ့သား ချောင်ကျင်းကော်ကတော့ စာအုပ်တွေ မဖတ်နိုင်ခဲ့ပေမဲ့  ဦးလေးရဲ့အိမ်မှသားဖြစ်သူဆီကိုသွားကာ အေးစက်စက်နှာ နှာမှုတ်ပြီး ပြောလိုက်တယ်။

 

လင်းချွမ်  ဘယ်လောက်ပျော်နေလဲဆိုတာကိုကြည့်လိုက်ဦး.. အခန်းထဲက မိန်းမကတော့ ပျော်နေတယ်လို့ ငါမထင်ဘူး.. သူမက ဘာတွေများကောင်းနေလို့လဲ လူတွေကို ပြေးသွားအောင်လုပ်နေတာ

 

မကောင်းဘူးလား

 

ဘာက  ကောင်းနေလို့လဲ.. ငါ အခန်းထဲကို ဝင်လာတာကို မြင်တာနဲ့ အပြင်ဘက်က မူရင်းအတိုင်းရှိပြီး အပြင်ဘက်မှာ လူနားမလည်နိုင်တဲ့ စာတွေရေးထားတဲ့ စာအုပ်ကို ရည်ရွယ်ချက်ရှိရှိကိုင်ထားပြီး ဖတ်နေသလိုမျိုး  ဟန်ဆောင်နေတာ.. ဒါမှမဟုတ် သူမက ငါ့ထက် နှစ်အနည်းငယ်လောက်ပိုကြာအောင် စာအုပ်တွေ ပိုဖတ်ခဲ့တာနဲ့ပဲ ဖတ်တတ်ချင်ယောင်ဆောင်နေတာဖြစ်ရမယ်..  အနာဂတ်မှာ ဒီလိုမျိုး အမြင့်ကို တွယ်တက်ဖို့ တွေးနေတဲ့လူတွေနဲ့ မဆက်ဆံတာပိုကောင်းလိမ့်မယ်

 

အာ? မင်းက သတို့သမီးအခန်းကို ဘာသွားလုပ်တာလဲ

 

ဦးလေးမိသားစုမှ သားဖြစ်သူက သူ့ရဲ့အစ်ကိုကြီး လင်းချွမ်ကို လေးစားသဘောကျတဲ့ခံစားချက်တွေ ရှိတယ်ဆိုပေမဲ့ သူ့ရဲ့သတို့သမီးက ဒီလောက်ထိ ငယ်ရွယ်ပြီး လှပနေတာဆိုတော့ သူမကို မကြိုက်တဲ့အမျိုးသားဆိုတာ ရှိနေမှာမဟုတ်ဘူးလေ။ ဒါပေမယ့် သူက သူမကို မရီးတစ်ယောက်လိုပဲ ဆက်ဆံလိမ့်မယ်။ တခြား ဘယ်လိုအတွေးမျိုးမှ ရှိနေမှာမဟုတ်ဘူး။

 

ဒါပေမယ့် တစ်ဖက်မှ သူ့ရဲ့ဝမ်းကွဲက တစ်စုံတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်တယ်လို့ ကြားလိုက်ရတယ်။ ဒါက အတော်လေး တရားလွန်တယ်မလား?

 

သို့ပေမဲ့လည်း သူက အမြဲတမ်း အကောင်းမြင်တတ်ပြီး အများကြီး မတွေးသလို စကားလည်းများများ မပြောတတ်တာကြောင့် အသာပြန်ပြောလိုက်တယ်။

 

“ဒီတော့ အနာဂတ်မှာ ဝေးဝေးနေကြတာပေါ့”

 

ဟေး..  အစ်ကိုကြီးလင်းချွမ် ဘယ်ကိုသွားနေတာလဲဆိုတာကြည့်လိုက်.. သူက သူ့ရဲ့ စေ့စပ်ထားသူဟောင်းကို သွားရှာနေတာမဟုတ်ဘူးလား.. သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက်ပွေ့ဖက်ချင်နေသေးတာများလား.. သူ့လို လူမျိုးကတော့ တကယ် အံ့သြစရာပဲ

 

မင်းတို့  ဘာအကြောင်းကိုပြောနေတာလဲ?

 

ဘေးမှ ဖြတ်သွားတဲ့ လင်းဟိုင်က သူတို့ကိုကြည့်ပြီး ပြောလာတယ်။

 

ကျွန်တော် အမေ့ကို ပြန်ပြောပြလိုက်မယ်

 

မင်းဘာပြောလိုက်တာလဲ.. ရပ်လိုက်စမ်း ကောင်စုတ်လေး

 

ချောင်ကျင်းကော်က သူ့ရဲ့ ဒုတိယအဒေါ်ကို အလွန်ကြောက်နေသေးသောကြောင့် လင်းဟိုင်ကို တားချင်သော်လည်း တစ်ဖက်လူက လျှင်မြန်စွာ ပြေးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားခဲ့တယ်။

 

နောက်ပြီး လင်းချွမ်သည်လည်း ထိုနေရာမှာ သူ့ရဲ့ စေ့စပ်ထားသူဟောင်းနှင့် သွားတွေ့နေတာမဟုတ်ပဲ လင်းတုံဟဲနဲ့ တွေ့နေခဲ့တာ။ သေချာတာပေါ့။ ချင်ယွဲ့ယွဲ့အတွက်ကြောင့်ပဲလေ။

 

ဘယ်သူမှ မရှိတော့တဲ့နေရာကိုရောက်တော့ လင်းတုံဟဲက စပြောလာတယ်။

 

အစ်ကို.. တကယ်တော့ ငါတို့ရဲ့မွေးနေ့တွေက သိပ်ပြီးကွာခြားလှတာမဟုတ်ဘူး.. ငါ မင်းကို အစ်ကိုလို့ ခေါ်ရတာက စစ်သားတစ်ယောက်အဖြစ် လေးစားမှုကြောင့်ပဲ.. ဒါပေမယ့် မင်းက စစ်သားတစ်ယောက်ဖြစ်နေတာတောင် ဒီလို အားနည်းတဲ့မိန်းကလေးကို ဘယ်လိုများအနိုင်ကျင့်နိုင်ရတာလဲ? မင်းက သူမကို အရှက်ခွဲခဲ့တာပဲ

 

သူက စကားဆက်ပြောဖို့ လုပ်နေခဲ့သေးတယ်။ သူ့ရဲ့ ယခင်တုန်းက အတွေ့အကြုံတွေအရ သူ့ရဲ့ဝမ်းကွဲဝမ်းကွဲက ဘူးသီးလိုပါးစပ်မျိုးရှိပြီး စကားသိပ်မပြောတတ်ကြောင်း သူသိထားတယ်လေ။ သို့ပေမယ့် တစ်ဖက်မှ ပြန်ပြောလာလိမ့်မယ်လို့ သူမမျှော်လင့်ထားဘူး။

 

ဘယ်သူက ဘယ်သူ့ကိုအရှက်လာခွဲတာလဲ? ငါ့ရဲ့မင်္လာပွဲမှာ လာပြီး မျက်ရည်တွေကျပြနေခဲ့တယ်.. မသိတဲ့လူသာဆိုရင် ငါက သူမကို အမှားတစ်ခုခုလုပ်ခဲ့တယ်လို့ ထင်နေကြမှာပဲ.. တကယ်လို့ မင်းသာ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမသိထားဘူးဆိုရင် နေရာတိုင်းကိုပြေးလွှားပြီး တစ်ဖက်လူကို ကြိမ်းမောင်းဖို့ တွေးမနေသင့်ဘူး

 

ပထမဦးဆုံးအကြိမ်အဖြစ် လင်းတုံဟဲတစ်ယောက် လင်းချွမ်က ကိုင်တွယ်ရခက်ခဲလွန်းတယ်လို့ တွေးလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်မိတယ်။

 

သူမက ဘယ်မှာငိုနေလို့လဲ

 

မင်းက လူတိုင်းကို မျက်မမြင်တွေလို့ ထင်နေတာလား.. ငါ့ရဲ့စကားကို သက်သေခံပေးဖို့ မင်းအတွက် လူအနည်းငယ်လောက်  ရှာပေးစေချင်နေသေးတာလား.. ငါ့ရဲ့ လက်ထပ်ပွဲနေ့မှာ သူမက ငါ့ရဲ့မင်္ဂလာပွဲအခန်းအနားကိုလာပြီး ရယ်လိုက်ငိုလိုက်လုပ်ပြနေတယ်..  ငါတို့မိသားစုကို  အရူးလို့များ ထင်နေတာလား.. ငါက ငါ့ရဲ့ဇနီးကို ဘယ်လိုနာကျင်စရာတွေကိုမှ ခွင့်ပြုပေးမှာမဟုတ်ဘူး.. ဘယ်လိုအပြစ်ရှိစိတ်မှလည်း ခံစားစေမှာမဟုတ်ဘူး.. 

 

မင်းလုပ်ချင်တာကို လုပ်လို့ရတယ်.. ဒါပေမယ့် တကယ်လို့ နောက်တစ်ကြိမ်ကျရင် ငါ ပါတီရဲ့အတွင်းရေးမှူးဆီကို သွားပြီး သူမ လုပ်ခဲ့တဲ့အရာတွေကို တရားစီရင်ဖို့ တောင်းဆိုခဲ့မယ်ဆိုရင်တော့ ငါ့ကို အပြစ်မဆိုနဲ့ပေါ့

 

လင်းချွမ်က မထီမဲ့မြင်နိုင်စွာစိုက်ကြည့်ပြီး လှောင်ရယ်လိုက်တယ်။

 

မြင်းတွေကို ပြေးဖို့အတွက် အနောက်ကနေရိုက်နေခဲ့တာပဲ.. ကောလိပ်ကျောင်းသူတွေက မင်းရဲ့ ရွံ့တွေပေနေတဲ့ခြေထောက်ကို မြင်နိုင်တာ အံ့သြစရာမဟုတ်တော့ဘူး.. နောက်ဆုံးကျရင် မင်းဆီမှာ ဘာမှမကျန်ရစ်တော့မှာကိုလည်း ဂရုစိုက်ဦး

 

မင်း! သူမက ဒီလိုလူမျိုးမဟုတ်ဘူး

 

လင်းတုံဟဲ ရှက်သွားပြီး သူ လင်းချွမ်ကို နိုင်အောင်မပြောနိုင်တော့တာကို တွေ့လိုက်ရတယ်။

 

သူမက ဘယ်လိုလူမျိုးလဲဆိုတာကို ငါက မင်းထက်ပိုသိတယ်.. နောက်ပြီး အဲဒီမိန်းမကပဲ ငါ့ဇနီးကို အနိုင်ကျင့်ဖို့ တွေးနေတာမဟုတ်ဘူးလား.. ငါ့ရဲ့ဇနီးက အဲဒီမိန်းမထက် အများကြီးငယ်တယ်.. မင်း သူ့ကိုလှည့်စားဖို့ ကြိုးစားလာမှာကို ငါမလိုချင်ဘူး.. ငါမရှိတဲ့အချိန်အတွင်းမှာ ငါ့ဇနီးကို လိမ်လည်လှည့်ဖြားဖို့ နည်းလမ်းရှာဖို့ တွေးတောင်မတွေးနဲ့ ..

 

ငါမင်းကိုပြန်လာပြီးသတ်မှာကို ဂရုစိုက်ပြီးနေသင့်တယ်.. စကားမစပ် ငါ အသံသွင်းထားတဲ့  ပစ္စည်းကိုလည်း စစ်တပ်ထဲကိုယူသွားမှာ.. ဒီတော့ အဲဒါကို ပြန်ယူဖို့အတွက် တွေးတောင်မတွေးလိုက်နဲ့

 

 

 

လင်းချွမ်က အရင်တုန်းက စကားသိပ်မပြောနိုင်ဘူးဆိုပေမဲ့ ဒီနေ့မှာတော့ ဝိုင်သောက်ပြီး အနည်းငယ်မူးဝေနေတဲ့အတွက် သူ့ရဲ့ပါးစပ်ကို ပြန်မပိတ်နိုင်တော့ဘူး။

 

လင်းတုံဟဲကို သင်ခန်းစာပေးပြီးနောက်  သူ့ကို ဘေးသို့တွန်းဖယ်လိုက်ပြီး လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ကာ အနောက်ခန်းဆီသို့ ပြန်သွားခဲ့တယ်။

 

လင်းချွမ် ခြေလှမ်း လှမ်းလိုက်တယ်ဆိုရင်ပဲ လင်းဟိုင်က သူ့ဘက်ကို ပြေးလာပြီး တိုင်တမ်းလာခဲ့တယ်။

 

လင်းချွမ် မျက်မှောင်ကြုတ်လိုက်ပြီး :

 

မင်း တံခါးဝမှာ စောင့်နေလိုက် .. မင်းမရီးရှိနေတဲ့ အခန်းထဲကို ဝင်ချင်တဲ့ ဘယ်သူ့ကိုမဆို မင်း ရိုက်လို့ရတယ်

 

ဒီနေ့ ရိုက်လို့ရတာလား

 

မင်းက လူတွေကို ရိုက်ဖို့အတွက် နေ့ရက်တွေ ရွေးချင်နေသေးတာလား

 

ကောင်းပြီ ကောင်းပြီ

 

လင်းဟိုင်က တံခါးဆီကို အပြေးပြန်သွားပြီး စောင့်ကြပ်နေခဲ့တယ်။ ရွာထဲမှာ တခြားလူရဲ့ သတို့သမီးကိုမြင်တွေ့ချင်လို့ ပြေးလာတဲ့ ကောင်လေးတွေအားလုံး လင်းဟိုင်ဆီမှ အမောင်းထုတ်ခံလိုက်ရပြီး  အထဲကို လုံးဝမဝင်နိုင်ခဲ့ကြဘူး။

 

ဧည့်သည်တွေ တစ်ယောက်ပြီး တစ်ယောက် လူစုကွဲသွားကြတာကို မြင်နိုင်ပေမဲ့ ခြံထဲမှ အမျိုးသားတွေကတော့ အရက်သောက်ပြီး စကားစမြည် ပြောနေကြတုန်းပဲ။

 

အနောက်ဘက်ခြံထဲမှာ အရာအားလုံးကို သန့်ရှင်းရေးလုပ်တဲ့နောက်မှာတော့ အမေလင်းက လင်းချွမ်ဆီကို လာပြီး ပြောလိုက်တယ်။

 

အဲဒီချင်ယွဲ့ယွဲ့က ကြက်ဥနည်းနည်းနဲ့ ရောက်လာတာဆိုတော့ ငါ လင်းဟိုင်ကို ဟင်းသီးဟင်းရွက်တစ်ပန်းကန်ကို လက်ဆောင်အဖြစ် ပြန်ပေးခိုင်းလိုက်တယ် .. ငါတို့မိသားစုက သူမရဲ့ဝေစုကို အလကားမယူနိုင်ဘူး.. ဘယ်လောက်တောင် စျေးပေါလိုက်သလဲ.. နှစ်ပေါင်းများစွာသုံးခဲ့တဲ့ ပိုက်ဆံကတော့ ခွေးကျွေးလိုက်သလိုဖြစ်သွားတာပဲ

 

အမေက  သူမကို ဘယ်လို ဟင်းပွဲသွားပို့နေတာလဲ..  ကြက်ဥကိုယူမယ်ဆိုလည်း ပိုက်ဆံပြန်ပေးလိုက်လို့ရတာပဲ

 

ဒီကလေးကတော့...

 

အမေလင်းက အနည်းငယ်ကူကယ်ရာမဲ့ဖြစ်နေရတယ်။ ရေကြီးလို့ဆိုပြီး ပြေးလာခဲ့တဲ့အတွက် ဒီရွာမှာ လင်းမိသားစု နှစ်စုသာရှိပြီး ဆက်ဆံရေးကလည်း ကောင်းမွန်ခဲ့ကြတယ်။ သူမက တခြားလူတွေ အထင်လွဲသွားမှာကို စိုးရိမ်နေခဲ့ပေမဲ့ သူမ သားဖြစ်သူရဲ့စကားကကိုကြားချိန်မှာ သူတို့ရဲ့မိသားစုက ဘာတစ်ခုမှ အမှားမလုပ်ခဲ့တာကြောင့် တခြားလူတွေကို ဂရုစိုက်မနေကြောင်း သဘောပေါက်လိုက်တယ်။

 

လင်းချွမ်က သူ့ရဲ့အိမ် ဆီသို့ မြှားတစ်စင်းလို ပြန်သွားချင်နေပြီဖြစ်ပေမဲ့ စားပွဲဝိုင်းတွေကို သိမ်းဆည်းရဦးမယ်။ သူတို့ ပစ္စည်းတွေအားလုံးကို သိမ်းထုတ် ပြီးစီးသွားချိန်မှာတော့ သုံးနာရီထိုးပြီးနေခဲ့ပြီ။

 

ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ညီဖြစ်သူ လင်းဟိုင်က ဒီအချိန်မှာ အများကြီး ကူညီပေးနိုင်ခဲ့တယ်။ သူက အဝေးမှ ဆွေမျိုးအချို့ကို လိုက်ပို့ဖို့အတွက် မြည်းလှည်းကို ငှားပေးခဲ့ပြီး အခုချိန်မှာတော့ အိမ်ထဲမှာ သူတို့မိသားစုတွေပဲ ကျန်ရစ်နေတော့တယ်။

 

အမေလင်းက ဟင်းတွေကို အပူပေးလိုက်ပြီး လင်းချွမ်ကိုတော့ သူ့ရဲ့ ပူပူနွေးနွေးချွေးမကို ညစာစားဖို့ သွားခေါ်ခိုင်းလိုက်တယ်။

 

လင်းချွမ်ရဲ့ နှလုံးသားက ပူနွေးလာခဲ့ပြီး ပျော်ရွှင်မှုတွေကြောင့် တုန်ယင်နေခဲ့ကာ သူ့ရဲ့အသစ်စက်စက်ဇနီးလေးကို ခေါ်ဖို့ အပြေးပြန်သွားခဲ့တယ်၈ ထို့နောက်မှာတော့ အခန်းထဲမှာ အချိန်အကြာကြီးထိုင်စောင့်နေခဲ့ရလို့ အိပ်ငိုက်လာဟန်ရပြီး အိပ်ပျော်နေတဲ့ သူ့ရဲ့ဇနီးလေးကိုမြင်တွေ့လိုက်ရလေတယ်။

 

သူ့ရဲ့တစ်ကိုယ်လုံးက ဘာကြောင့်ပူနွေးလာရသလဲဆိုတာကို သူမသိတော့ဘူး။ သို့ပေမယ့် ဆုဆုကိုနှိုးတဲ့အချိန်မှာတော့သူ့ရဲ့အသံက တည်ငြိမ်နေတုန်းပဲ။

 

ဆုဆု.. ဇနီး ထမင်းစားချိန်ရောက်ပြီ

 

ဆုဆု နိုးလာပြီး သူမရဲ့မျက်လုံးတွေကို ပွတ်သတ်ရင်း ပြောလာတယ်။

 

ရှင်  ကျွန်မကို ဘယ်လိုခေါ်လိုက်တာလဲ

 

လင်းချွမ်က အနည်းငယ်ရှက်ရွံ့သွားခဲ့တယ်။

 

ဇနီး(ချီဇီ)

 

နည်းနည်းတော့ တောဆန်နေသလိုပဲ။

 

ရှင် ကျွန်မကို လောင်ဖော(ဇနီး)လို့ ခေါ်တာ မကောင်းဘူးလား

 

ဒီမှာ အဲလိုနာမည်မျိုးကို မသုံးကြဘူး

 

မင်းအနေနဲ့ လက်ထပ်ပြီးတဲ့ ပထမဆုံးနေ့မှာပဲ မင်းရဲ့ဇနီးကို အပြစ်လုပ်မိလို့မရဘူး။ ဒါကြောင့် လင်းချွမ်က ထပ်ပေါင်းပြီးပြောလာတယ်။

 

ဒါမှမဟုတ် ကိုယ် မင်းကို  ဘယ်သူမှမရှိတဲ့အချိန်ကျရင် အဲလိုခေါ်မယ်လေ

 

ဒီလို ညှိနှိုင်းလို့ ရပါ့မလား။

 

ဆုဆု ခေါင်းညိတ်လိုက်တယ်။

 

ကောင်းပြီ

 

ထို့နောက်မှာတော့ သူမ နားမလည်နိုင်သေးချိန်မှာပဲ လင်းချွမ်က သူမရဲ့လက်ကိုကိုင်ပြီး အရှ့ဘက်ခြံဆီကိုခေါ်လာခဲ့တယ်။ အမှန်ပဲ။ လက်ချင်းတွဲထားခဲ့တာ။

 

မင်းတို့သိထားရမှာက ဒီလူက လက်ထပ်ဖို့ ပစ္စည်းတွေသွားဝယ်ချိန်မှာတောင် အလွန် ရှေးရိုးဆန်နေခဲ့သေးတာလေ။ သူက သူမနဲ့ သုံးလှမ်းအကွာလောက်ကနေ လမ်းလျှောက်တတ်လေ့ရှိပြီး လက်တွေတွဲထားဖို့ဆိုတာကတော့ ဟိုးအဝေးကြီးမှာပဲ။

 

သူမရဲ့လက်တွေကို အကြိမ်ပေါင်းများစွာ ငုံ့ကြည့်ပြီးနောက် လေးနက်တဲ့အမူအယာရှိနေဆဲဖြစ်တဲ့ လင်းချွမ်ကို  ပြန်ကြည့်လိုက်မိကာ ဆုဆုတစ်ယောက် သူမ လက်ထပ်ခဲ့တဲ့လူက အပေါ်ယံမှာသာတည်တင်းတဲ့ မျက်နှာထားရှိနေတာလို့ ရုတ်တရက် ခံစားလိုက်ရတယ်။

 

လင်းချွမ် : ငါ့ဇနီးရဲ့လက်တွေက အရမ်းနူးညံ့တာပဲ။ ဖြစ်ညှစ်ပစ်ချင်လိုက်တာ။

 

သူတို့တွေ အိမ်သို့ရောက်တဲ့အချိန်မှာပဲ  လင်းချွမ်က သူမရဲ့လက်ကို လွှတ်ပေးလာကာ နှလုံးသားမရှိတဲ့လူလိုပြောလာတယ်။

 

ကိုယ်  ဟင်းပွဲတွေ သွားယူလိုက်ဦးမယ်

 

ဆုဆု : ...

 

ဒီလူက စည်းကမ်း တိကျလွန်းတာကို သဘောကျတာလား?