Ch 37
Viewers 11k

37 )နေမဝင်သေးဘူးလေ

 

ဒါပေမယ့် လင်းချွမ်က သူမအပေါ် အလွန် တွေးတောစဥ်းစားပေးနေတုန်းပဲ။ နောက်ပြီး လင်းမိသားစုကလည်း လုံးဝမဆိုးခဲ့ဘူး။ သူတို့က မိသားစုအပြောင်းအလဲအတွက် စာအိတ်နီပိုက်ဆံကိုလည်း ပေးခဲ့တယ်။ သို့ပေမယ့် ဒီဘက်ခေတ်မှာ လက်ထပ်ပွဲအတွက်တောင် 100 ပဲကုန်တာဖြစ်လို့ ဒီမိသားစုအတွင်း ဝင်ရောက်တဲ့ကြိုဆိုမှုအတွက် ပိုက်ဆံကလည်း အများကြီး ရလိမ့်မယ်လို့ မျှော်လင့်ထားလို့မရဘူး။ ဒီတော့ ဆုဆုအနေနဲ့ ကိုးယွမ်နဲ့ ကိုးဆယ့်ကိုးဆင့် ရရှိခဲ့တယ်။

 

ဆယ်ပုံတစ်ပုံပဲ။

 

အမေလင်းက ပြောလာတယ်။

 

မင်းတို့ လက်ထပ်ပွဲပြီးကတည်းက ငါမင်းကိုပေးချင်ပေမဲ့ ချွမ်ဇီက မင်းကို ပွေ့ချီထားတာကနေ လွှတ်မပေးခဲ့ဘူးလေ

 

“...”

 

လင်းချွမ်က သူ့အမေရဲ့ စကားသံကိုမကြားသလိုမျိုး ခေါင်းငုံ့ပြီး ထမင်းကိုသာစားနေခဲ့တယ်။

 

ကျေးဇူးတင်ပါတယ် အမေ

 

ဆုဆုက တကယ်ကို လက်မထပ်ဖူးတာကြောင့် ဒီလိုစည်းမျဥ်းကမ်းမျိုးရှိမှန်းကိုလည်း မသိဘူး။ သို့ပေမယ့် တစ်ဖက်လူက သူမကို ပေးလာတယ်ဆိုမှတော့ သူမကလည်း လက်ခံရလိမ့်မယ်။ ဒီလိုနဲ့ ကောင်းမွန်တဲ့ နေ့တစ်နေ့က ဖြည်းညှင်းစွာ ကုန်ဆုံးလာခဲ့ပြီ။

 

ဟင်းတွေက အများကြီးမကျန်တော့တာကြောင့် အမေလင်းက အသားနဲ့ အသီးအရွက်တွေအားလုံးကို ဆုဆုရဲ့ ရှေ့ကို တွန်းပေးလိုက်ပြီး တခြားလူတွေကလည်း ထိုဟင်းခွက်ထဲမှ ယူမစားခဲ့ကြဘူး။

 

ဘာလို့ ဒါတွေကိုမစားကြတာလဲ.. ဒီအသားက ကြော်လိုက်တော့ အရသာရှိတယ်

 

ဆုဆုက သူတို့တွေ အနည်းငယ်သတိထားနေကြတာကို တွေ့လိုက်ရတော့ သူမရဲ့ ဘေးမှာထိုင်နေတဲ့ လင်းချွမ်ကို အသာ တွန်းတိုက်လိုက်တယ်။

 

လင်းချွမ် သူ့ရဲ့ဇနီးကို ပြန်ကြည့်လိုက်တော့ သူမက အရမ်းကိုလှပတယ်လို့ တွေးလိုက်မိတယ်။ ထို့နောက် သူက ပန်းကန်ထဲမှာရှိနေတဲ့ အကြီးဆုံးသောအသားတစ်ပိုင်းကို ကောက်ယူပြီး ဆုဆုရဲ့ပန်းကန်ထဲကို တိတ်တဆိတ် ပစ်ချလိုက်ကာ သူ့ရဲ့ ထမင်းကို ပြန်စားနေခဲ့ပြန်တယ်။

 

“…”

 

ဒီအဆီများတဲ့အသားက။ ဆုဆု ဒီအသားကို မတ်ပဲတစ်ခြမ်းစာလောက်တောင် စားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူမ လင်းချွမ်ဆီကို ပြန်လည် ထည့်ပေးလိုက်ရုံသာတတ်နိုင်တယ်။ တစ်ဖက်လူက ပြန်ထည့်ပေးချင်နေတာကိုမြင်တော့ :

 

ကျွန်မ အဆီမစားဘူး.. ရှင်အကုန်စားလိုက်တော့

 

လင်းချွမ်က တခဏမျှ တုံ့ဆိုင်းသွားကာ နောက်ဆုံးမှာတော့ ဇနီးတစ်ယောက်ရတာက အရမ်းကောင်းတာပဲလို့ တွေးမိသွားတယ်။ သူမက သူ့ကိုလည်း အသားတွေထည့်ပေးတယ်လေ။

 

သူက တကယ်ကို သစ်သားတုံးလိုပဲ။ သူ့ရဲ့ဇနီးသည်က အဆီများတဲ့အသားကို မစားနိုင်ဘူးဆိုတာကို သိလိုက်တဲ့အတွက် သူက တူကိုလှမ်းပြီး ဝက်ဗိုက်သားတစ်ပိုင်းကို ကောက်ယူလိုက်ကာ အဆီတွေကို ပိုင်းလိုက်ပြီး သူ့လက်ထဲမှာရှိနေတဲ့ အဆီတွေကို သူ့ဘေးမှာရှိနေတဲ့ လင်းကျင်းရဲ့ ပန်းကန်ဆီကို ပစ်ချလိုက်တယ်။ ပြီးနောက် ကျန်နေတဲ့အသားကိုတော့ သူ့မိန်းမရဲ့ ပန်းကန်ထဲကို ပြန်ထည့်ပေးလိုက်တယ်။

 

“…”

 

ဆုဆု အနည်းငယ်ရှက်သွားရတယ်။

 

နောက်ဆုံး ထမင်းစားလို့ ပြီးသွားချိန်မှာတော့ အမေလင်းက ပြောလိုက်တယ်။

 

ရှန်ဇီက စားပွဲကို ရှင်းလင်းလိုက်ဦးလေ.. ဘယ်လိုလုပ် ထရပ်ပြီးထွက်သွားရတာလဲ.. မင်းကိုယ်မင်း ဦးလေးတစ်ယောက်လို သဘောထားနေတာလား

 

လင်းရှန်က အမြဲတမ်း အေးအေးဆေးဆေးနေတတ်ပြီး သင်ယူရတာကိုနှစ်သက်တဲ့ ဇာတ်ကောင် စရိုက်ရှိတယ်။ သူက သူ့အမေရဲ့ခေါ်သံကိုကြားတော့ မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။

 

“အဲဒီမှာ မရီး မရှိဘူးလား.. သူ့ကိုပဲ ခိုင်းလိုက်လေ.. ချွေးမ အသစ်က ဘယ်လိုလုပ်ပြီး အလုပ်မလုပ်ပဲနေလို့ရမှာလဲ

 

ဆုဆုက လင်းရှန်ကို နားမလည်နိုင်စွာ လှမ်းကြည့်လိုက်မိတယ်။ သူမက ဒီဒုတိယမြောက်ကလေးနှင့် သိပ်ပြီး အဆက်အသွယ် မရှိခဲ့ဖူးဘူး။ ဒီလူငယ်လေးက သူ့ရဲ့ အသံပြောင်းအပိုင်းအခြားကာလ(ပုန်ကန်ထကြွချင်တဲ့ကာလ)ကိုရောက်နေတာလား?

 

အမေလင်းက ဒေါသတကြီးစိုက်ကြည့်လိုက်တယ်။

 

မင်း ဘာပြောလိုက်တာလဲ ? မင်း...

 

ဖြန်း!

 

လင်းချွမ်ရဲ့လက်ထဲက တူတွေက စားပွဲပေါ်ကို အသံမြည်အောင် အချခံလိုက်ရတယ်။

 

လင်းရှန် ငါနဲ့လိုက်ခဲ့

 

ဒါက ဘာလုပ်မလိုလဲ? သူ့ရဲ့ညီကို တစ်ယောက်တည်း သင်ပြပေးမလို့လား?

 

အမေလည်းကလည်း အဖေလင်းဆီကိုလှမ်းကြည့်ပြီးပြောလာတယ်။

 

ကြည့်လိုက်! ရှင် လင်းရှန်ကို ဘာမှမပြောထားခဲ့ဘူ့မလား.. ချွမ်ဇီ နဲ့ သူ့ရဲ့ဇနီးတို့က ဒီနေ့ လက်ထပ်ပြီးခါစပဲရှိသေးတာ.. စည်းမျဥ်းတွေအရ သူတို့ကို ဘာအလုပ်မှ မလုပ်ခိုင်းသင့်ဘူး.. မဟုတ်ရင် အနာဂတ်မှာ ကံကောင်းမှာမဟုတ်ဘူး.. ရှင် ဘာတစ်ခုမှမပြောထားဘူးမလား.. ဒီခေါင်းမာတဲ့ မြည်းလိုလူကတော့!

 

ပြီးနောက် သူမက ဆုဆုဘက်ကို လှည််ကြည့်ပြီး ပြောလာတယ်။

 

ဒေါသမထွက်နဲ့နော် ဆုဆု.. ဒီကလေးက စာဖတ်ချင်တာတစ်ခုပဲသိတဲ့ ငတုံးပဲ

 

အမ်.. ကျွန်မ စိတ်မဆိုးပါဘူး

 

ဆုဆု စာအုပ်ထဲက အကြောင်းကို ပြန်သတိရသွားတယ်။ စာအုပ်ထဲမှာ ဇာတ်လိုက်မက သူ့ကို စာဖတ်ဖို့အတွက် လမ်းညွှန်သင်ပြခဲ့ဖူးတာကြောင့် လင်းရှန်က ဇာတ်လိုက်မရဲ့နောက်လိုက်လေးဖြစ်လာခဲ့ပြီး သူမကို အလေးစားဆုံးလူအဖြစ် မှတ်ယူထားခဲ့တယ်။ ဒါပေမဲ့ မရီးက ရုတ်တရက် ပြောင်းလဲသွားခဲ့တဲ့အတွက် အဆင်မပြေဖြစ်နေခဲ့တာလား။

 

အိမ်ထောင်ကျတဲ့ ပထမဆုံးနေ့မှာပဲ မင်းက မင်းရဲ့မရီးကို အနိုင်ကျင့်ချင်နေပြီလား?

 

ဆုဆု ဒေါသမထွက်ပေမယ့် တစ်ဖက်မှအစပျိုးလာတဲ့ မီးကိုတော့ ပြန်လည်တိုက်ခိုက်ရလိမ့်မယ်။

 

ကျွန်မ တခြားလူတွေဆီကနေ ရှန်ဇီနဲ့ ချင်ယွဲ့ယွဲ့တို့က ဆက်ဆံရေးကောင်းတယ်လို့ ပြောတာကို ကြားဖူးတယ်.. သူက သူ့ရဲ့အိမ်စာတွေကို ပြန်သုံးသပ်ပေးဖို့ သူမကိုသွားရှာတတ်တယ်တဲ့.. သူက ကျွန်မ ချင်ယွဲ့ယွဲ့ရဲ့နေရာကို ရုတ်တရက် ဝင်ယူလိုက်လို့ မပျော်မရွှင်ဖြစ်နေတာ များလား

 

သူမရဲ့ စကားကိုကြားတော့ အမေလင်းက ပိုလို့တောင် ဒေါသထွက်လာခဲ့ရတယ်။

 

စိတ်မပူပါနဲ့ အိမ်ကို အရင်ပြန်နှင့်လိုက်လေ.. အဲဒီကလေး ဒါတွေကို မသိမ်းဆည်းပဲနေရဲမလား ကြည့်ရတာပေါ့

 

အလျင်လိုစရာမလိုပါဘူး.. သူလည်း အခုက လူတွေရဲ့ နှလုံးသားကို ကြည့်ရမဲ့ အချိန်ပဲလေ

 

သူမ အမှားအဖြစ်ခံမှာမဟုတ်ဘူး။ ဒီကောင်လေးက ဇာတ်လိုက်မအတွက်ကြောင့် သူ့ရဲ့မိသားစုအပေါ် ဘယ်ဆိုဆက်ဆံမလဲဆိုတဲ့ သဘောထားကို သိအောင်ကြည့်ရမယ်။

 

တကယ်တမ်းမှာ ဇာတ်လိုက်မက မကောင်းတဲ့လူလို့တော့ ပြောလို့ မရပါဘူး။ သူက ဒီဘက်ခေတ်မှာ တကယ်ကို ကိုယ့်ကိုယ်ကိုယ်တိုးတက်ချင်တဲ့စိတ်ရှိတဲ့သူပဲ။ သို့ပေမယ့် သူမက လင်းမိသားစုနှင့် အများကြီးရင်းနီးမှုမရှိခဲ့ဘူး။

 

ဆုဆုက ထိုသို့ပြောပြီးနောက် ဝမ်းနည်းစရာနည်းလမ်းဖြင့် အနောက်ဘက်ကို ပြန်သွားဖို့လုပ်ခဲ့တယ်။ သူမ သန့်ရှင်းရေးလုပ်ဖို့ကူညီပေးချင်ခဲ့ပေမယ့် အမေလင်းက ခွင့်မပြုခဲ့ဘူးလေ။ သူမက အမျိုးမျိုးသော ရိုးဟောင်းအယူအဆစကားများကို ယုံကြည်ပုံရတယ်။

 

သူမ ပြန်ဖို့အတွက် တံခါးဖွင့်လိုက်ချိန်မှာပဲ လင်းချွမ်နဲ့ လင်းရှန်တို့ ပြန်ရောက်လာတာကို မြင်တွေ့လိုက်ရတယ်။ ညီဖြစ်သူက အကြီးအကျယ်မှားယွင်းခံခဲ့ရသလိုမျိုး နှုတ်ခမ်းတွေက ဆူပုတ်နေခဲ့ချိန်မှာ လင်းချွမ်ရဲ့မျက်နှာကတော့ လေးနက်တည်ကြည်နေခဲ့တယ်။

 

လင်းရှန်က ဆုဆုကိုကြည့်ကာ တစ်စုံတစ်ခုပြောချင်ဟန်ဖြင့် ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ ပြန်ပိတ်သွားခဲ့ပြန်တယ်။

 

ဖြန်း!

 

လင်းချွမ် သူ့ရဲ့ ခေါင်းအနောက်ဘက်ကို ရိုက်ချလိုက်ပြီး ပြောလာတယ်။

 

မင်းက ငတုံးပဲ.. မင်းပြောမယ့်စကားကိုတောင် မမှတ်မိနိုင်တော့ဘူး ဟုတ်တယ်မလား

 

မှတ်မိပါတယ်

 

ကြမ်းတမ်းတဲ့နည်းနဲ့ အသင်ပြခံခဲ့ရပြီးနောက်မှာ လင်းရှန်က ဆုဆုကိုအလေးအနက်ပြောလာတယ်။

 

မရီး တောင်းပန်ပါတယ်

 

အမ် အဆင်ပြေပါတယ်

 

ဆုဆု ခေါင်းညိတ်ပြီး သဘောတူလိုက်ကာ လင်းချွမ်ရဲ့သင်ကြားပေးတဲ့ နည်းလမ်းက တကယ်ကို ကြမ်းတမ်းလွန်းတယ်လို့ တွေးနေခဲ့တယ်။

 

လင်းရှန်က စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။

 

ကျွန်တော် စာကျက်ဖို့ ပြန်သွားလို့ရမလား

 

နောက်ကို မင်း နားမလည်တာတွေရှိနေရင် မင်းရဲ့မရီးဆီကိုမေး.. သူမက ကောလိပ်ကနေ ဘွဲ့ရထားတဲ့သူပဲ အဲဒီမိန်းမထက် အများကြီးပိုပြီး တတ်ကျွမ်းတယ် နားလည်လား

 

လင်းချွမ်က အခုချိန်မှာ ဇာတ်လိုက်မလိုမိန်းမရဲ့အကြောင်းကိုပြောရတာ သူလုံးဝကို သဘောမကျတဲ့အကြောင်း ဖော်ပြနေခဲ့တယ်။

 

သူမက ကောင်းပါတယ်

 

သူမက အရမ်းကောင်းနေရင် မင်းသူမနဲ့လိုက်သွားလို့ရတယ်.. အိမ်မှာ မင်းအတွက်အသားကို မပြတ်လတ်စေခဲ့ပေမဲ့ မင်းက အစာစားနေတဲ့အချိန်မှာ မင်းရဲ့တံတောင်ဆစ်တွေကို အပြင်ဘက်ကို လှန်ပစ်ဖို့ သင်ယူခဲ့တယ်.. နောက်တစ်ခါဆိုရင် ငါ့ကိုကြမ်းတမ်းတယ်ဆိုပြီး အပြစ်မတင်လိုက်နဲ့

 

သူမက ငါ့မရီးဖြစ်ပြီး လေးစားသင့်တယ်လို့ မင်းအရင်တုန်းက မပြောခဲ့ဘူးလား

 

လင်းချွမ် ရုတ်တရတ် ထိတ်လန့်သွားပြီး ဆုဆုဘက်ကို လှည့်ကြည့်လိုက်မိကာ လင်းရှန်ကို နောက်တစ်ကြိမ် ရိုက်ချလိုက်တယ်။

 

အရင်တုန်းက က အရင်တုန်းက .. အခုက အခုပဲဆိုတာကို နားမလည်ဘူးလား.. အခု မင်းရဲ့မရီးက ဆုဆုဖြစ်နေပြီ .. အဲဒီမိန်းမက အပြင်လူပဲ

 

နားလည်ပါပြီ

 

လင်းရှန်က မကျေမနပ်နဲ့ပြောလာတယ်။

 

ဆုဆုက အခုချိန်မှာ လင်းရှန်ကို ဝင်မပြောနိုင်တာကြောင့် အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။

 

ကလေးကို ဒီလိုမျိုး မပြောပါနဲ့.. သူက တစ်ချို့လူတွေက အပေါ်ယံမှာ အရမ်းကောင်းတယ်လို့ထင်ရပေမဲ့ သူ့တို့ကို ထောက်ပံ့ပေးဖို့ တခြားလူတွေရဲ့သွေးတွေကို စုပ်သောက်နေကြမှန်းကို နားမလည်နိုင်သေးလို့ပါ.. အချိန်ကြာလာရင် နားလည်နိုင်သွားလိမ့်မယ်

 

သူမက အနာဂတ်မှာ သူ့ကို ရှင်းရှင်းလင်းလင်းသိသွားစေဖို့အထိ မမျှော်လင့်ထားပါဘူး။ ပြသနာ အများကြီး မရှာဖို့ကိုပဲ မျှော်လင့်မိတာ။

 

လင်းချွမ် ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

 

စာကျက်ဖို့ ပြန်သွားတော့

 

ပြီးနောက် လင်းချွမ်က သူရဲ့ခေါင်းကို မော့လာပြီး ဆုဆုကိုကြည့်ကာ သူ့ရဲ့အသံကလည်း အဆင့်ရှစ်ခုလောက်အထိ ကျဆင်းသွားကာ နူးညံ့နေခဲ့တယ်။

 

ဇနီးလေး အိမ်ပြန်ကြရအောင်

 

ကောင်းပါပြီ

 

သူမမှာ အိမ်ရှိနေပြီ။ နောက်ဆုံးတော့ ဒီကမ္ဘာမှာ သူမအတွက်အိမ်ရှိလာခဲ့ပြီ။

 

ဒီအကြောင်းကိုတွေးမိတော့ ဆုဆု အလွန်ပျော်ရွှင်လာခဲ့ရပြီး အရှေ့ကိုဆက်ပြေးသွားကာ လင်းချွမ်ရဲ့လက်ကို သူမဘက်က အရင်စပြီးဆုတ်ကိုင်လိုက်တယ်။ ပြီးနောက် ၁၉၇၀ ခုနှစ်တွေရဲ့ နေရောင်အောက်မှာ ကျေးလက်မြေသားအိမ်လေးဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့ကြတယ်။

 

နေရောင်က အလွန်စူးရှနေသေးပေမဲ့ ဘာကြောင့် တိတ်ဆိတ်အေးချမ်းမှုကို ခံစားရစေတာလဲဆိုတာကို မသိခဲ့ဘူး။

 

နွေးထွေးလွန်းတယ်။

 

အထူးသဖြင့် သူမရဲ့ဘေးမှာ ရှိနေတဲ့အရပ်ရှည်ပြီး ချောမောခန့်ညားလွန်းတဲ့အမျိုးသားပဲ။ သူက စစ်တပ်ရဲ့ယူနီဖောင်းနဲ့ကြည့်ကောင်းလွန်းတယ်။ အနာဂတ်ကျရင် သူရဲ့ စွမ်းရည်က သေးငယ်တော့မှာမဟုတ်ဘူး။ သူက အလွန်တော်တဲ့အမျိုးသားဖြစ်ပြီး တစ်နှစ်ပတ်လုံး စစ်တပ်ထဲမှာနေပြီး အိမ်ကို အများကြီးဂရုမစိုက်နိုင်တာကလွဲလို့ ဘာတစ်ခုမှဆိုးရွားတာမျိုးမရှိဘူး။

 

တကယ်တော့ သူမရဲ့ စိတ်ကို ပြင်ဆင်ထားပြီးသားပဲ။ တကယ်လို့ သူသာ သူမဆီကို မလာနိုင်ရင် သူမက သူ့နောက်ကို လိုက်သွားရုံပဲလေ။

 

သူတို့တွေ အိမ်ကိုရောက်လာတာနဲ့ သူက အိမ်သန့်ရှင်းရေးကို စလုပ်တော့တယ်၊။ ဒါပေမယ့် သူက ဆုဆုကို ကူလုပ်ဖို့ခွင့်မပြုခဲ့ဘူး။ သတို့သမီးက ဒီနေ့မှာ အလုပ်လုပ်မယ်ဆိုရင် ကံကောင်းမှာ မဟုတ်ဘူးလို့ပြောခဲ့တယ်။

 

သူမ အနည်းငယ် သွေးနွေးလာချိန်မှာပဲ အပြင်ဘက်မှ လူတွေရဲ့အသံကိုကြားလိုက်ရတယ်။ လူတွေကအများကြီးရှိနေတဲ့ပုံပဲ။ သူတို့က သတို့သမီးအခန်းအတွက် ရောက်လာကြတာမဟုတ်ဘူးလား။

 

ဆုဆု အနည်းငယ် စိတ်လှုပ်ရှားနေပြီး အနည်းငယ်လည်း စိုးရိမ်ပူပန်လာပေမဲ့ လက်ထပ်ပွဲမှာ ဒါတွေလည်း ပါဝင်မယ်ဆိုတာကို သူမ သိထားတယ်။ သတို့သားနှင့် သတို့သမီးက သတို့သမီးအခန်းအတွက် ဒေါသထွက်လို့မရဘူး။ ဒီဘက်ခေတ်မှာ အဲဒါက အဓိပ္ပါယ်မရှိဘူးလေ။

 

T/n_ သတို့သမီးအခန်းဆိုတာက မင်္ဂလာစုံတွဲ အိပ်ခန်းထဲ မဝင်ခင် သတို့သား၊ သတို့သမီးကို စနောက်တဲ့သဘောနဲ့ တစ်ခုပြီးတစ်ခုလုပ်ခိုင်းပြီး စိတ်ကျေနပ်မှ ပြန်လွှတ်ပေးပြီး ထွက်သွားကြတာမျိုး ဆိုဆိုလိုတာပါ ။

 

ခေတ်ကာလမတူတာလား ၊ ဒါမှမဟုတ် မျိုရိုးမြင့်တွေ ၊ကျေးလက်ဒေသတွေ ဘာညာနဲ့ကွာတာလားတော့မသိဘူး နိုဗယ်အများစုမှာတော့ သတို့သမီးက အခန်းထဲမှာစောင့်ပြီး သတို့သားကိုပဲ ခိုင်းစေတတ်တာတွေ့တာပဲ

 

ဒီထဲမှာတော့ နောက်တစ်ပိုင်းမှာ ပါလာလိမ့်မယ်နော်။