Ch 38
Viewers 11k

(38)

 

ဒီဘက်ခေတ်မှာ မိန်းကလေးတွေက သီးသန့်နေကြတာဖြစ်လို့ ဒီနေ့ရောက်လာတဲ့လူတွေက ယောကျ်ားလေးတွေချည်းပဲ။ထို့အပြင် လင်းမိသားစုမှ ကောင်လေးနှစ်ယောက်လည်း ပါလာသေးတယ်။

 

လင်းချွမ် ဒီနေ့ သူ့ရဲ့မျက်နှာက မည်းမှောင်လျှက်ရှိနေမယ်ဆိုတာကို သိပေမဲ့  ယောက်ျားတွေ များစွာ ဝင်လာတာကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ရဲ့ အသစ်စက်စက်လက်ထပ်ထားတဲ့ ဇနီးလေးအတွက် အနည်းငယ် စိတ်ဆင်းရဲနေတုန်းပဲ။

 

ဒါကြောင့် သူ သန့်ရှင်းရေးလုပ်ပြီးတာနဲ့  တံမြက်စည်းကိုချလိုက်ပြီး သူ့ရဲ့ ညီနှစ်ယောက်ဆီကို မျက်လုံးမှိတ်ပြလိုက်တယ်။ အဓိပ္ပါယ်ကတော့ သိသာပါတယ်။ သူတို့ရဲ့ မရီးကို စောင့်ရှောက်ပေးဖို့အတွက်ပဲ။

 

လူတွေအားလုံး အိမ်ထဲကိုဝင်လာပြီးချိန်မှာ သူတို့တွေက ခဏလောက် ရှက်ရွံ့နေခဲ့ကြပြီး ဆုဆုကသူတို့အတွက် ရေထည့်ပေးလိုက်တယ်။

 

ဆုဆုက ရေထည့်ပေးပြီး တခြားလူတွေက ထိုရေကို သောက်နေတာကိုမြင်တော့ သူတို့တွေက ပိုပြီး သတ္တိရှိလာကြပြီး အဒေါ်ရဲ့အိမ်က ချောင်ကျင်းကော်က စပြောလာတယ်။

 

လူတိုင်း ဒီကိုရောက်နေပြီဆိုတော့ စလိုက်ကြရအောင်.. ဒီနေ့က နေ့ကောင်း တစ်နေ့ပဲ.. ဆိုတော့ စိတ်မဆိုးသင့်ဘူး.. ဟုတ်တယ်မလား အကြီးဆုံးအစ်ကို?

 

လင်းချွမ်:  တရားလွန် မလုပ်နဲ့

 

ဆိုလိုတာက သူတို့တွေ အလွန်အကျွံလုပ်လာမယ်ဆိုရင်တော့  သူ့ကို အပြစ်မတင်နဲ့။

 

ဒါပေမယ့် ကောင်လေးတွေက အဲဒီအဓိပ္ပါယ်ကို မကြားတဲ့ပုံရတယ်။  အထူးသဖြင့် ချောင်ကျင်းကော်ပဲဖြစ်ကာ သူက ဒီအချိန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပဲ။

 

ပထမဆုံး သူ့ရဲ့အိတ်ကပ်ထဲက သကြားလုံးတစ်လုံးကို အရင်ထုတ်ပြီး ကြိုးနဲ့ချည်ကာ အပေါ်ကို မြောက်လိုက်တယ်။

 

မင်းဘဝရဲ့ ချိုမြိန်မှုအကြောင်းကို မင်းစဉ်းစားနေရမယ်..  ချိုမြိန်တဲ့ပျားရည်မှာ သကြားပါဝင်ရမယ်..  ဒါကြောင့် လက်ထပ်တဲ့နှစ်ယောက်လုံး ဒါကိုစားသင့်တယ် လာခဲ့

 

ထို့ကြောင့် သတို့သမီးနှင့် သတို့သားနှစ်ယောက်က တစ်ဖက်စီမှာရပ်ပြီး ထိုသကြားလုံးကိုက်ဖို့ ပြင်ကြရတယ်။

 

သူတို့ ရပ်တန့်လိုက်ချိန်မှာ ယောက်ျားလေးအချို့က သူတို့ရဲ့နောက်မှာရပ်ပြီး မင်္ဂလာစုံတွဲကို ရှက်ရွံ့စေရန်အတွက် တောက်ကနေ တွန်းဖို့ ကြိုးစားခဲ့ကြတယ်။

 

တကယ်တမ်းမှာတော့ လင်းချွမ်က အရမ်းကို စိတ်လှုပ်ရှားနေခဲ့တာ။ သူက မိန်းမတွေနဲ့ ဘယ်တုန်းကမှ မထိတွေ့ခဲ့ဖူးဘူး။ ရုတ်​တရက်​ အနမ်းတစ်ခုဖြစ်လာချိန်မှာ ဒီပမာဏက အနည်းငယ်​ကြီးမား​လွန်းတယ်လို့  သူခံစားမိနေခဲ့တယ်။

 

သူနှစ်ယောက်က အရှေ့ကို ဖြည်းညင်းစွာ တိုးလာကြပြီး နှစ်ယောက်လုံးရဲ့မျက်နှာက နီမြန်းလာခဲ့ကြတယ်။

 

လင်းချွမ်နဲ့ယှဥ်ရင် ဆုဆုအတွက်တော့ ဒါက ကိစ္စကြီးမဟုတ်ပါဘူး။  ဘာပဲ​ဖြစ်ဖြစ် ဒီလိုရှိုးမျိုးက အသေးအဖွဲပဲလေ။

 

သူမက သကြားလုံးကိုကိုက်ဖို့ ခေါင်းငုံ့လိုက်ပေမဲ့ ကြိုးက အမြဲတမ်းလည်နေတာကြောင့် မကိုက်နိုင်ခဲ့ဘူး။

 

နောက်ပြီး လင်းချွမ်ကတော့ မူလကတည်းက သူမကိုပဲ လွှဲပေးထားခဲ့တယ်။ အဆုံးမှာ သူ သူ့ရဲ့ဇနီးကိုပဲ လှမ်းပြီးကိုက်စေချင်ခဲ့တာလေ။  ကံမကောင်းစွာပဲ သူက သကြားလုံးကို ရပ်ခိုင်းရင်တောင် သကြားလုံးက ဒေါင်လိုက်ကနေ အပြားလိုက်ဖြစ်သွားပြီး တစ်ဖက်လူက နေရာမှ လွတ်သွားကာ ဖမ်းလို့မမိနိုင်ခဲ့ဘူး။

 

ဒီလိုမျိုး နှစ်ကြိမ်သုံးကြိမ်လောက် ဖြစ်ပြီးသွားချိန်မှာတော့ လင်းချွမ်ရဲ့ အသက်ရှူနှုန်းတွေက တိုတောင်းလာရတယ်။ ဘာလို့လဲဆိုတော့ သူ့ချွေးမရဲ့ နှုတ်ခမ်းတွေက အမြဲတမ်း သူ့ရဲ့ရှေ့မှာပဲ ဝေ့ဝိုက်နေခဲ့ပြီး အနံ့ကလည်း အလွန်ပဲချိုမြိန်နေခဲ့တာလေ။

 

ဆုဆုကလည်း စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်ကာ နောက်ဆုံးတော့ လင်းချွမ် အာရုံမစိုက်တဲ့အချိန်မှာပဲ သကြားလုံးကို ကိုက်ခဲလိုက်လေတယ်။

 

သူမက လင်းချွမ်ရဲ့ နှုတ်ခမ်းတွေကို ထိမိသွားခဲ့တာကြောင့် သူ့ရဲ့တစ်ကိုယ်လုံးက တောင့်တင်းသွားရပြီး လှုပ်ရှားရဲခြင်းမရှိတော့ဘူး။ ဆုဆုက ဒီအခွင့်အရေးကို အရယူပြီး သကြားလုံးကို ဆွဲယူသွားကာ ရယ်မောရင်း စားလိုက်လေတယ်။

 

သတို့သမီးက ဒီလောက်ထိ သပ်သပ်ရပ်ရပ်လုပ်သွားမှာကို ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြဘူး။ ဒီပြကွက်က ဖန်တီးထားသူအတွက်တော့ ရှုံးနိမ့်မှုပဲ။

 

ဒါပေမယ့် ချောင်ကျင်းကော်က ပြောလာတယ်။

 

ပြီးသွားပြီပဲ..  အခုကစပြီး မင်းက မရီးရဲ့အပိုင်ဖြစ်သွားပြီ..  အစ်ကို မင်းကတော့ ကျန်ရှိနေတဲ့တစ်သက်လုံး မင်းရဲ့ခါးကို ဖြောင့်ဖြောင့်မတ်မတ်ရပ်နိုင်တော့မှာမဟုတ်ဘူး

 

ဒီစကားတွေက ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ? ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ မျက်နှာနီရဲနေတဲ့အမျိုးသားက ဒေါသထွက်နေသင့်သလိုမျိုး ပြောနေတာလား။

 

ဆုဆု ဒီဘက်ခေတ်က ယောက်ျားတွေအကြောင်းကို သိပ်ပြီးမသိဘူး။ သို့ပေမယ့် ခေတ်သစ်မှာတောင် အမျိုးသားတွေကို သူတို့ရဲ့ခါးကိုမမတ်နိုင်ဘူးလို့ အပြောခံရမယ်ဆိုရင် စိတ်ဆိုးကြမှာပဲ။  ဒီခေတ်ကာလလိုမျိုး ချဲ့ကားအယူသည်းမှုတွေ များပြားလွန်းတာကိုတော့ မဆိုနဲ့ဦး။

 

ဒါပေမယ့် လင်းချွမ်က သူ့ကိုယ်သူ အိမ်ခြေရာမဲ့တစ်ယောက်အဖြစ် တံဆိပ်ကပ်ထားပြီးသားဆိုတာကိုတော့ သူမ ဘယ်လိုလုပ်သိနိုင်မှာတဲ့လဲ။ သူက မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီးပြောလာတယ်။

 

ငါ ပျော်ပါတယ်

 

ဖူး...

 

ဆုဆုနဲ့ လူတိုင်းက ပျော်ရွှင်စွာ ရယ်မောလိုက်ကြပေမဲ့ ချောင်ကျင်းကော်ကတော့ မရယ်နိုင်ခဲ့ဘူး။ ဆုဆုက သူ့ရဲ့မျက်နှာကို ယူသွား(အရှက်ခွဲ)တယ်ဆိုမှတော့ သူကလည်း ပြန်ယူရလိမ့်မယ်။ 

 

သူက သူ့ဒုတိယအဒေါ်မိသားစုမှ အစ်ကိုဖြစ်သူက ဒီလက်ထပ်ပြီးကာစ ဇနီးဖြစ်သူကို သင်ခန်းစာတစ်ခု သင်ပေးလိမ့်မယ်လို့ သူမျှော်လင့်ထားခဲ့တာ။ သူမက အမျိုးသမီးတစ်ဦးဖြစ်နေတယ်ဆိုမှတော့  သူမဆီမှာ အရည်အချင်း ဘယ်လောက်ပဲရှိနေပါစေ ဒီယောကျ်ားတွေရဲ့ရှေ့မှာ သတ္တိနည်းတဲ့သူတစ်ယောက်သက်သက်ပဲဖြစ်နိုင်လိမ့်မယ်။ အထူးသဖြင့် ယောက်ျားဆယ်ယောက်ကတောင် အနိုင်မယူနိုင်တဲ့ ဒီငတုံးစစ်သားကြီးပဲ။  အချိန်ရောက်လာခဲ့ရင် သူမက ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်တောင် လုပ်နိုင်တော့မှာမဟုတ်ဘူး။ မဟုတ်ရင် သူက သူမကို စိတ်မသက်မသာဖြစ်အောင်လုပ်လိမ့်မယ်။

 

ဒါပေမယ့် အကြီးဆုံးအစ်ကိုက သူ့ရဲ့ချွေးမရှေ့မှာ ပျော့ခွေနေလိမ့်မယ်ဆိုတာ ဘယ်လုပ်ပြီးလိုသိနိုင်မှာလဲ။

 

သူက တွေးရင်းနဲ့ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး :

 

မင်းရဲ့ခါးက အားနည်းနေရင် မကောင်းဘူး..  ဒီည သတို့သမီးအခန်းကို မင်းဘယ်လိုလုပ်ပြီး ဝင်မှာလဲ .. မင်းရော အဲလိုမထင်ဘူးလား

 

ဒီစကားတွေက အလွန်ရိုင်းပြပြီး အခန်းထဲမှာ ကလေးတွေလည်းရှိနေသေးတယ်။

 

လင်းချွမ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက အေးစက်လာခဲ့တယ်။

 

နောက်ပြီး ဆုဆုက မိန်းကလေး(အပျိုလေး)တစ်ယောက်ဖြစ်နေတုန်းပဲလေ။ သူက သူမရဲ့ရှေ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုစကားတွေ ပြောနိုင်ရတာလဲ။

 

သူ သူ့ရဲ့ဇနီးအသစ်ကို ချောင်းကြည့်လိုက်တယ်။ သူမသာ လက်မခံနိုင်ဘူးဆိုရင် သူ သူတို့တွေကို မောင်းထုတ်ပစ်မယ်။

 

သို့သော်လည်း ဆုဆုရဲ့အရေပြားက တကယ်ကိုထူထဲတယ်။

 

သူမက လက်ခံနိုင်နေတုန်းပဲ။

 

ပြောရရင် သူမက ဒီလိုဟာသမျိုးကို သူမရဲ့ ယောကျာ်လေးအတန်းဖော်တွေနဲ့ အတူကစားဖူးတဲ့အတွက် ကိစ္စမရှိဘူး။

 

ငါ့ရဲ့ခါးက ပျော့နေသလား မပျော့ဘူးလားဆိုတာ မင်းဘာလို့ မကြိုးစားကြည့်ရမှာလဲ

 

  လင်းချွမ်က သူတို့နဲ့ လေ့ကျင့်ချင်သလိုမျိုး သူ့ရဲ့ အင်္ကျီကို မ,တင်လိုက်တယ်။ ဒီလူတွေထဲမှာဘယ်သူကမှ သူ့ကို လေ့ကျင့်ပေးနိုင်မဲ့လူမျိုးမပါဝင်ဘူး။ သူတို့အားလုံးက စက္ကန့်ပိုင်းလောက် ဆွေးနွေးအကြံပြုနေခဲ့ကြတယ်။

 

ထို့နောက် ချောင်ကျင်းကော်ကပဲ ပြောလာတယ်။

 

အကြီးဆုံးအစ်ကို.. ကြိုးစားကြည့်ဖို့ နည်းတစ်ခုရှိတယ်..  မင်း အခု မြေပြင်မှာ မှောက်လိုက်ပြီး မင်းရဲ့ဇနီးကို မင်းရဲ့ကျောပေါ်တင်လိုက်လေ.. ပြီးရင် မင်းဒိုက်ထိုးဖို့ ထနိုင်လားကြည့်ရအောင်

 

ဆုဆုက မပျော်တော့ဘူး။ သူတို့က ဒီည သတို့သမီးအခန်းကိုဝင်ရမှာဖြစ်ပြီး သူ့ရဲ့ခါး နာသွားမယ်ဆိုရင် မကောင်းဘူးလေ။

 

ဒါပေမယ့် လင်းချွမ်က မြေပြင်ပေါ်မှာ မှောက်လိုက်ပြီး သူမကိုပြောလာလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့ဘူး။

 

လာခဲ့လေ

 

 

 

ပြီးနောက် သူကထပ်ပေါင်းပြီးပြောလာတယ်။ 

 

ရပါတယ် ကိုယ်မင်းကို ပြုတ်ကျမှာမဟုတ်ဘူး

 

သူ ဒါကို စစ်တပ်မှာ မကြာခဏ လုပ်လေ့ရှိတယ်။ ဒါကြောင့် ပြဿနာမရှိဘူး။

 

ဆုဆု ခဏလောက်တုံ့ဆိုင်းသွားခဲ့ပေမဲ့  အခန်းထဲမှ ကောင်လေးတွေက သူမကို တက်ဖို့အတွက် ကူညီပေးလာကြတယ်။

 

လင်းချွမ်ရဲ့ ခြေနဲ့လက်တို့က ဆုဆု သူ့ရဲ့ကျောပေါ်ကိုရောက်လာတဲ့အချိန်မှာလည်း  တူညီတဲ့အနေအထားအတိုင်းရှိနေသေးပြီး ပြောလာခဲ့တယ်။

 

ငါ့ခါးက ပျော့လား မပျော့ဘူးလား မပြောနိုင်ဘူးဆိုတော့ ချောင်ကျင်းကော် ငါ မင်းနဲ့အတူလုပ်ပေးမယ်

 

ချောင်ကျင်းကော်က သူ့ရဲ့နောက်ကျောမှာ ဘာမှ ရှိမနေတဲ့အတွက် သူ့ကို နိုင်မှာသေချာတယ်လို့ တွေးနေခဲ့တယ်။ ဒါကြောင့် ရယ်မောရင်းနဲ့ မြေပြင်မှာ မှောက်လိုက်တယ်။ အဆုံးမှာ သူသည်လည်း အုတ်ဖိုစက်ရုံမှာ အလုပ်လုပ်နေခဲ့တာဖြစ်ပြီး ကာယပိုင်းအလုပ်တွေကို လုပ်ရလေ့ရှိတယ်။ ဒီတော့ ဒိုက်ထိုးတာကို တစ်ဒါဇင် သို့မဟုတ် နှစ်ဆယ်လောက်တော့ လုပ်နိုင်တယ်လေ။

 

ဒီလိုပုံစံအတိုင်းပဲ နှစ်ယောက်သား စတင်ခဲ့ကြတယ်။

 

လင်းချွမ်က ဆုဆုကို သူ့ရဲ့နောက်ကျောမှာ ထမ်းထားတာကြောင့် သူ့ရဲ့ချွေးမ ကြောက်လန့်နေမှာကိုစိုးရိမ်တဲ့အတွက် အရှိန်ကို အနည်းငယ်နှေးထားခဲ့တယ်။ ထို့ကြောင့် ချောင်ကျင်းကော် ဆယ်ကြိမ်လုပ်ပြီးချိန်မှာ သူက ခုနစ်ကြိမ်သာလုပ်ရသေးတာကြောင့် လူတိုင်းက လင်းချွမ်မလုပ်နိုင်ဘူးလို့ထင်ပြီး စတင်အော်ဟစ်လာကြတယ်။

 

ဒိုက်ထိုးတဲ့အချိန်မှာ မင်း အရှိန်ပိုနှေးလေလေ ကုန်ဆုံးတဲ့စွမ်းအင်က ပိုများလေလေပဲ။ 

 

သို့သော်လည်း လင်းချွမ်က ညည်းညူသံမထုတ်လာခဲ့သလို သူ့ရဲ့လှုပ်ရှားမှုများကလည်း စည်းချက်ညီညီရှိနေဆဲပဲ။

 

ဆုဆုက စိုးရိမ်တကြီးနဲ့ပြောလိုက်တယ်။

 

ကျွန်မကို ဆင်းစေချင်လား

 

...ဟင့်အင်း

 

သူ့ရဲ့ဇနီးက သူ့ကို အထင်သေးသွားအောင်လုပ်လို့မရဘူး။ ဒီနေ့မှာ ချောင်ကျင်းကော်က အရင် လဲကျသွားစေရမယ်။

 

ချောင်ကျင်းကော်က ဆယ့်ငါးချက်ကျော်လာပြီးချိန်မှာ ထပ်ပြီးမထောက်ပံ့နိုင်တော့ပေမဲ့ သူက ရှုံးနိမ့်မှုကို ဝန်ခံရမှာကို တွန့်ဆုတ်ငြင်းဆန်ကာ ဆက်လက်လုပ်ဆောင်နေခဲ့တယ်။

 

ဦးလေးရဲ့ သားဖြစ်သူက မျက်မှောင်ကြုတ်လိုက်တယ်။ ဒီသတို့သမီးအခန်းကို ပြသနာရှာတာမျိုးက  အပျော်သဘောသက်သက်သာပဲလေ။ ဒါပေမယ့် ချောင်ကျင်းကော်က အလွန်လေးနက်စွာလုပ်နေပြီး လင်းချွမ်နဲ့ ဆုဆုတို့ရဲ့သတို့သမီးအခန်းကို ရုပ်ဆိုးစေချင်နေတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။

 

သူ ဆက်ကြည့်မနေနိုင်တော့ဘဲ တစ်ဖက်လူကို လှမ်းကန်ပြီးပြောလိုက်တယ်။

 

တော်တော့

 

ချောင်ကျင်းကော်က ဘာမှပြန်မပြောပဲ ဆက်လုပ်နေပေမယ့် တဖြည်းဖြည်းနဲ့ သူ့ရဲ့အရှိန်တွေက နှေးကွေးလာခဲ့တယ်။

 

ထိုအချိန်မှာ လင်းချွမ်က ဆယ့်ငါးခါမြောက်ကိုရောက်နေပြီဖြစ်ပြီး စည်းချက်ကို ဆက်လက်ထိန်းထားတုန်းပဲ။ နောက်ဆုံးတော့ သူတို့တွေက ဆယ့်ရှစ်ချက်ကိုအရောက်မှာ လိုက်မှီသွားခဲ့တယ်။

 

သူရှုံးသွားပြီဆိုတာကိုသိလိုက်ရတော့ ချောင်ကျင်းကော် မြေပြင်ဆီကို ပြိုလဲကျသွားပြီး အသက်ရှူ မောဟိုက်နေခဲ့တယ်။

 

ဆုဆုက ဒါကိုမြင်တော့ လင်းချွမ်ကို  လက်နဲ့ အသာပုတ်လိုက်တယ်။

 

ရပါပြီ

 

လင်းချွမ် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် နှစ်ဆယ့်ငါးချက်ပြည့်တဲ့အထိဆက်လုပ်ပြီးမှ ရပ်တန့်လိုက်တယ်။ ဆုဆု မတ်တပ်ရပ်ပြီးမှ သူက ခုန်ထပြီးပြောလာတယ်။

 

စစ်တပ်ထဲမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ကိုတင်ပြီးဒိုက်ထိုးတဲ့ စံချိန်က 356 ကြိမ်ပဲ.. ချွေးမ မင်းရဲ့အလေးချိန်က ဘယ်လောက်ရှိလဲ

 

ဆိုလိုတာက သူ ထိုစံချိန်ထက် ပိုကောင်းအောင် လုပ်နိုင်သေးတယ်။ ထပ်ပြောရရင် စစ်တပ်ထဲမှ အမျိုးသားတွေက အလေးချိန် ပေါင် 100 ထက် အများကြီးကျော်နေမှာပဲ။ ဆုဆုရဲ့ ဒီခန္ဓာကိုယ်ကတော့ သေးကွေးလွန်းတာကြောင့် ပေါင် 100 ထက် ပိုနည်းနေမှာကိုတောင် ဆုဆု စိတ်ပူမိတယ်။

 

**”