Ch 39
Viewers 11k

39 : ကိုယ် ကြည့်ချင်တယ်

 

လူတိုင်းက ချောင်ကျင်းကော်ကိုကြည့်လိုက်ကြပြီး ဘာတစ်ခုမှ မပြောနိုင်ခဲ့ကြဘူး။

 

“......”

 

ဒီလိုမျိုး ကြီးမားလွန်းတဲ့ ရုပ်ဆိုးအကျဥ်းတန်မှုကြောင့် နောက်ထပ်လာမဲ့အစီအစဥ်တွေကို ဆက်မလုပ်ရဲကြတော့သလို လင်းချွမ်ကိုအပြစ်ပြုမိဖို့ကိုလည်း ဘယ်သူကမှ  မရဲကြတော့ဘူး။

 

လင်းချွမ်က သန့်ရှင်းရေး စလုပ်နေပြီဖြစ်ကာ အောက်ကိုပြန်ဆင်းသွားပြီဖြစ်တဲ့တခြားလူတွေ မြင်စေဖို့အတွက် တမင်တကာ စီးကရက်တစ်လိပ်ကို အောက်သို့ ပစ်ချလိုက်တယ်။

 

အခုလေးတင် တစ်စုံတစ်ယောက်က အိမ်ထဲမှ ဆေးလိပ်သောက်နေခဲ့တာကြောင့် သူ့အနေနဲ့ သူ့ရဲ့ဇနီးလေး မကြိုက်မှာကို ကြောက်တယ်လေ။

 

ဒါပေမယ့် ဆုဆုကတော့  ဒီအတိုင်းဆက်မနေနိုင်သေးဘူး။ ဒါကြောင့် အခန်းထဲကို ပြန်သွားပြီး မျက်နှာနဲ့ လည်ပင်းကို ရေနဲ့ဆေးကြောလိုက်ကာ မှန်ကိုကြည့်ပြီး အသားအရေ ထိန်းသိမ်းတဲ့ ထုတ်ကုန်တချို့ကို ပွတ်သပ်လိုက်တယ်။  ငယ်ရွယ်စဉ်ကတည်းက သူမရဲ့ အသားအရည်ကို  ကောင်းကောင်းဂရုစိုက်ရမယ်။ အရင်တုန်းက သူမ ဂရုမစိုက်ခဲ့ဘဲနေခဲ့မိတာကြောင့် အသက်နှစ်ဆယ်ကျော်လောက်မှာ သူမရဲ့ အသားအရေက အနည်းငယ် မွဲခြောက်လာခဲ့တယ်လေ။

 

သေချာတာပေါ့။ ဒါက အိပ်ရာကို နောက်ကျမှ ဝင်တာရဲ့အကျိုးဆက်လည်းပါတာပေါ့။ ဘယ်သူက ဖုန်းကို အဲလောက်ထိစွဲလန်းစေအောင် လုပ်ခဲ့တာလဲ!

 

အခန်းထဲကို ဝင်လာတဲ့အမျိုးသားကတော့ ရေတွေကို သွန်လိုက်ပြီးနောက် ခန်ကိုအရင် သွားထိကြည့်လိုက်တယ်။ ခန်ကအလွန်ပူနေပြီဆိုတာကို တွေ့တော့ အပေါ်ကနေ စောင်ကို ဖြန့်ခင်းလိုက်ပြန်တယ်။

 

Skin care ရဲ့အဖုံးကိုပြန်ပိတ်နေတဲ့ ဆုဆုရဲ့ လှုပ်ရှားမှုတွေ ရပ်သွားခဲ့ရပြီး ပြတင်းပေါက်ဘက်ကို တိတ်တဆိတ်လှမ်းကြည့်လိုက်တယ်။ ကောင်းကင်က ခုချိန်မှာ လုံးဝမှောင်သွားတာ မဟုတ်သေးဘူးလေ။

 

သူမရဲ့ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းလာတာကို ခံစားလိုက်ရတယ်။

 

ဒီအိမ်က ရွာရဲ့အစွန်ဘက်မှာရှိနေတယ်ဆိုပေမဲ့ ဘယ်ရောညာရောမှာ လူတွေရှိနေတုန်းပဲ။ အထူးသဖြင့် လင်းမိသားစုက အိမ်သာသုံးဖို့အတွက် အိမ်နောက်ဖေးကိုသွားမယ်ဆိုရင် လမ်းရဲ့တစ်ဖက်ခြမ်းမှာ ရှိနေတဲ့ သူတို့အိမ်က ဘယ်လိုမျိုးလဲဆိုတာ ချက်ချင်း မြင်နိုင်လိမ့်မယ်။ မမှောင်ခင်ကတည်းက အိပ်ယာတွေခင်းပြီး လိုက်ကာချထားမယ်ဆိုရင်  ဒီအခြေအနေက...

 

ကန့်လန့်ကာတွေကို မပိတ်နဲ့လေ..  တခြားသူတွေက မြင်ရင် ဘယ်လိုနေမလဲ

 

မအိပ်သေးဘူးလား?

 

လင်းချွမ်က ပျော်ရွှင်စွာနဲ့ပြန်ပြောလာတယ်။ ကန့်လန့်ကာကို ချလိုက်ပြီးနောက် ရှက်သွေးဖြာနေတဲ့ချွေးမဖြစ်ကို သူမြင်တွေ့လိုက်ရတော့ လင်းချွမ်ရဲ့သတ္တိတွေက ထိုးတက်လာခဲ့ပြီး သူမဆီကို လက်လှမ်းကာ ပွေ့ဖက်လိုက်ပြန်တယ်။

 

တစ်နေ့နေ့မှ သူ သူမကို လက်ထပ်နိုင်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ ဒါက တကယ်ကို အိပ်မက်တစ်ခုလိုပဲ။

 

ဆုဆု ခဏလောက် ရုန်းကန်နေမိပြီး ရှက်ရွံ့စွာပြောလိုက်တယ်။

 

ရှင်  မီးအိမ်ဖွင့်လိုက်ဦး.. ကျွန်မတို့... အနည်းဆုံး သန့်ရှင်းရေးလုပ်သင့်တယ်

 

မနေ့က ရေချိုးခဲ့တယ်မဟုတ်ဘူးလား

 

မနေ့က က မနေ့က.. ဒီနေ့က ဒီနေ့လေ

 

ဆုဆု ကြောက်နေခဲ့တာကြောင့် အချိန် ခဏလောက် ထပ်ပြီး ဆွဲထားချင်သေးတယ်။

 

လင်းချွမ်လည်း မတတ်နိုင်တော့ဘဲ မီးအိမ်ကို ထွန်းညှိကာ သူမအတွက် ရေကိုယူပေးပြီး အပြင်ကိုထွက်ခွာသွားခြင်းမရှိဘဲ ကြမ်းပြင်မှာ ချလိုက်တယ်။ ဆုဆု အနည်းငယ် ထူးဆန်းစွာနဲ့ ပြောလိုက်တယ်။

 

ရှင်ဘာလို့ အပြင်မထွက်တာလဲ

 

ကိုယ် ကြည့်ချင်တယ်

 

မကြည့်နဲ့

 

မင်းက အခု ကိုယ့်ရဲ့ဇနီးလေ

 

မင်း ဘာလို့မပြရတာလဲ။ ဘာပဲ​ဖြစ်ဖြစ် ဒီနေ့က သူ့ရဲ့ ကောင်းကျိုးချမ်းသာ ရှိရမဲ့ နေ့ပဲ။ သူမ သူ့ကိုဘယ်လောက်ပဲ သဘောမတူပါစေ သူ ဒါကို ကြည့်ရမယ်။

 

ဆုဆုက ရှက်ရွံ့နေခဲ့ပြီး ပြသလာခြင်းမရှိဘူး။ ဒီလိုနဲ့ အဆုံးမှာတော့ လင်းချွမ်ကပဲ မီးဖိုခန်းဆီကို ရေချိုးဖို့ ထွက်သွားခဲ့ရတယ်။

 

သူမ တံခါးကို သော့ခတ်လိုက်ပြီး အလျှင်အမြန်ရေချိုးလိုက်ကာ တံခါးကို ပြန်မဖွင့်ခင်မှာ ညဝတ်အင်္ကျီကို အမြန်ဝတ်ဆင်လိုက်တယ်။

 

လင်းချွမ်က အခန်းထဲကို ခြေလှမ်း နှစ်လှမ်းသုံးလှမ်းလောက်နဲ့ လှမ်းဝင်လာခဲ့တယ်။ သူက ရေကို တစ်ဖက်သို့ အမြန် ဖယ်ထုတ်လိုက်ပြီး ခန်ပေါ်သို့ တိုက်ရိုက် ခုန်တက်လာခဲ့တယ်။ သို့သော်လည်း သူက သူ့ရဲ့ အပေါ်ပိုင်းမှာဝတ်ထားတဲ့ အင်္ကျီကိုပါ ဘေးသို့ ပစ်ထုတ်လိုက်တာကြောင့် အပြင်ဘက်ကို ဖောက်ထွင်းမထွက်နိုင်တဲ့အလင်းရောင်အောက်မှာ ထိုအမျိုးသားရဲ့ ဝမ်းပိုင်းကြွက်သားတွေကို ဆုဆုတစ်ယောက် ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရတယ်။

 

သူမ စောင်ကို လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်လိုက်မိပြီး ထိုကြွက်သားတွေကို အကြည့်မလွှဲနိုင်စွာစိုက်ကြည့်နေမိတယ်။

 

မင်း အခု  ကိုယ့်ကို ကြည့်ခိုင်းလို့ရပြီလား

 

လင်းချွမ်က ဆုဆုကို စောင်ထဲမှ ပြန်ထုတ်ပြီး ထထိုင်ခိုင်းကာ အလေးအနက်ပြောလာတယ်။ သို့ပေမယ့် သူဘယ်လောက်ထိ ရှက်နေလဲဆိုတာကို သူကိုယ်တိုင်ပဲ သိလိမ့်မယ်။

 

ဆုဆုက အခုချိန်မှာ ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ဦးမှာလဲ။ သူမ ခွင့်ပြုလိုက်ရုံပဲတတ်နိုင်တော့တာပေါ့။

 

လင်းချွမ်ကတော့ အခုချိန်ကျမှ မီးရောင်အောက်မှ အလှလေးဆိုတဲ့ စကားက ဘာကို ဆိုလိုတာလဲဆိုတာကို နားလည်လာခဲ့ရတယ်။ ပိုပြီး ကြည့်လာလေလေ ပိုပြီးလှလာလေလေပဲ။ အထူးသဖြင့် အ၀တ်တွေပိုပိုပြီး နည်းပါးလာတဲ့ အလှလေးပဲ။ သူ နေရာမှာတင် ပေါက်ကွဲထွက်လုနီးနီးဖြစ်လာရကာ မီးအိမ်ကို မငြိမ်းသတ်ပဲ သူကို တွန်းလှဲချလိုက်မိတော့တယ်...

 

ဆုဆုက ထိုအမျိုးသားကို ထိုမျှလောက်  ရက်စက်ကြမ်းကြုတ်နေလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် လက်သီးတွေကို တင်းတင်းဆုပ်ထားလိုက်မိပြီး ဘောလုံးလေးလို ကွေးထားမိကာ သူမရဲ့မျက်ဝန်းတွေကိုပါ မှိတ်ထားလိုက်မိတယ်။

 

သူမရဲ့ စိတ်ထဲမှာလည်း အနည်းငယ် ရှုပ်ထွေးနေခဲ့တယ်။ ဒါ့အပြင် မကြာခင်မှာ သူတို့တွေ ဇနီးမောင်နှံဖြစ်သွားချိန်မှာ တစ်ဖက်လူက သူမကို နည်းနည်းလောက်တောင်သနားညှာတာခြင်းမပြုမှာကို စိုးရိမ်ကြောက်လန့်နေမိပြန်တယ်။

 

သူမ တွေးတောနေတုန်းမှာပဲ လင်းချွမ်ရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက် ရပ်တန့်သွားပြီး အသက်ကိုပြင်းပြင်းရှူကာ ထိတ်လန့်တကြားနဲ့ ပြောလာတယ်။

 

ဆုဆု မင်းဆီမှာ သွေးထွက်နေတယ်.. ကိုယ် တစ်ခုခုကို ချိုးဖောက်လိုက်မိတာလား

 

ဆုဆု စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများကိုဖွင့်လာခဲ့ကာ ထိုနေရာမှာ ဒူးထောက်ထိုင်နေပြီး ထိတ်လန့်တုန်လှုပ်နေတဲ့ လင်းချွမ်ကို  စောင်းငဲ့ပြီး ကြည့်လာခဲ့တယ်။

 

ရှင်.. ရှင် ဘာပြောလိုက်တာလဲ

 

မင်းဆီမှာ  သွေးထွက်နေတယ်.. ကိုယ်တို့ ဆေးခန်းကိုသွားရအောင်

 

​​လင်းချွမ်က စကားပြောနေရင်းနဲ့  သူ့ရဲ့ ဘောင်းဘီရှည်ကို ကောက်ယူလိုက်တယ်။

 

စိတ်ဓာတ်ကျတာက စိတ်ဓာတ်ကျတာပဲဆိုပေမဲ့ သူ့ရဲ့ လက်ထပ်ပြီးကာစ ဇနီးလေးကိုတော့ ပျက်စီးသွားအောင်လုပ်လို့မရဘူးလေ။

 

နောက်ဆုံးတော့ ဆုဆုတစ်ယောက် ဘာတွေဖြစ်နေတာလဲဆိုတာကို နားလည် သဘောပေါက်သွားရတယ်။ သူမ ထိတ်လန့်တကြားထထိုင်လိုက်ကာ သူမရဲ့အဝတ်အစားတွေကို လိုက်ရှာပြီး သူမရဲ့ ကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်တယ်။

 

ဟင့်အင်း မဟုတ်ပါဘူး.. ဆေးခန်းဆီကို သွားနေစရာမလိုပါဘူး.. ကျွန်မက တစ်ခု.. အဲဒါက.. ရောက်လာပြီ

 

အဲဒါ?

 

သူ တစ်ခုခုကို ချိုးဖျက်လိုက်မိတာမဟုတ်ဘူးလား? သူ တစ်စုံတစ်ခုကိုလုပ်ဖို့အတွက် အချိန်မရလိုက်သေးတာကို မှတ်မိနေတုန်းပဲ။ သူက သူ့ရဲ့လက်ကိုပဲ လှုပ်ရှားရသေးတာလေ။ သူက အခုလေးတင် အတော်လေး စိတ်လှုပ်ရှားနေခဲ့တာကြောင့် တစ်စုံတစ်ခုကို ချိုးဖျက်လိုက်မိတယ်လို့ တွေးလိုက်မိတာ။

 

အဲဒါက..  အမျိုးသမီးတွေ လစဉ် လာနေတဲ့အရာလေ

 

ဆုဆု သေလောက်အောင် ရှက်နေခဲ့ရတယ်။  သူမ ရှက်ရွံ့စွာနဲ့ ကြမ်းပြင်ပေါ်ကိုဆင်းပြီး ဗီရိုကိုဖွင့်ပြီး သန့်ရှင်းရေးသုံးပုဝါ*ကို သွားယူဖို့ လိုက်တယ်။ အိပ်ယာပေါ်မှ အနီရောင်အစွန်းအကွက်ကို  မြင်လိုက်ရတော့ သူမ အနည်းငယ်ကူကယယ်ရာမဲ့စွာ ခံစားလိုက်ရတယ်။ သူမရဲ့ လှပတဲ့ မင်္ဂလာအခန်းက အခုတော့ ပျက်စီးသွားရပြီ။

 

(T/n_ သန့်ရှင်းရေးသုံးလက်ကိုင်ပုဝါ* ဆိုတာက pad အနေနဲ့သုံးတာကိုပြောချင်တာပါ

 

ရှေးခေတ်တုန်းက ဒါမျိုးတွေမပေါ်သေးတော့ အဝတ်စတွေ၊ ပုဝါတွေနဲ့ပဲသုံးကြတယ်လေ

 

ဆုဆုယူလာတဲ့ကျောပိုးအိတ်ထဲကဟာတွေကလည်း အဲဒီခေတ်နဲ့လိုက်အောင် ပြောင်းသွားတဲ့ပုံပာပဲ)

 

ခန်ပေါ်မှာ ဒူးထောက်ပြီး ထိုင်နေတဲ့လူက နောက်ဆုံးတော့ သူမ ပြောချင်တဲ့အဓိပ္ပါယ်ကို နားလည်သွားခဲ့ရကာ ရှက်ရွံ့စွာနဲ့ ခေါင်းကုတ်လိုက်မိတယ်။ ပြီးနောက် ကိုယ့်ဘာသာကိုယ် စိတ်လျှော့ဖို့ ရေရွတ်လိုက်မိတယ်။ ကြည့်ရတာ သူ ဒီနေ့ ကြည့်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်လောက်တော့တဲ့ပုံပဲ။

 

သူလည်း ခန်ပေါ်မှပြန်ဆင်းကာ သွေးတွေစွန်းထင်းနေတဲ့ စောင်ကို ဖယ်ထုတ်လိုက်ပြီး မကြာခင်က ဆုဆု ကိုယ်လက်သန့်စင်ထားတဲ့ ရေဇလုံမှာစိမ်လိုက်တယ်။ သွေးတွေ စွန်းထင်းနေတာကို ချက်ချင်းလျော်လိုက်မှရလိမ့်မယ်။ မဟုတ်ရင် ထိုသွေးတွေက အမြဲတမ်းအတွက် စွန်းထင်းသွားနိုင်တယ်လေ။

 

ဆုဆု မီးဖိုခန်းထဲမှာ အတွင်းပိုင်းကို ပုဝါနဲ့ အစားထိုးခဲ့ပြီးနောက် လင်းချွမ်က သူမရဲ့ အန်တီ*လာထားတဲ့ကိစ္စတွေကို သန့်ရှင်းရေးလုပ်ထားပြီဖြစ်ကြောင်း တွေ့လိုက်ရတယ်။  သူမ မတတ်နိုင်စွာနဲ့ ခေါင်းမော့ပြီး ဝမ်းနည်းစွာနဲ့ပြောလိုက်မိတယ်။

 

တောင်းပန်ပါတယ်

 

သူမရဲ့အန်တီက လင်းချွမ်ရဲ့ အိမ်ထောင်ရေးအသစ်ကို ဖျက်ဆီးပစ်လိုက်ပြီ။ အမျိုးသားအရံဇာတ်ကောင်က တကယ်ကို ကံမကောင်းတာပဲ။ စာအုပ်ထဲက အမျိုးသမီး ဇာတ်လိုက်ကလည်း သူ့ကို သတို့သမီးအခန်းကို ဝင်ခွင့်မပြုခဲ့ဘူး။ အခု ဇနီးအသစ်ကျတော့လည်း အန်တီက နှောင့်ယှက်လိုက်တယ်။

 

လင်းချွမ်က သူမရဲ့ခေါင်းကို အကြိမ်ရေအနည်းငယ်လောက် ခပ်ဖွဖွပုတ်လာပြီး လေသံတိုးတိုးနှင့် နှစ်သိမ့်ပေးလာတယ်။

 

“မင်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူးလေ.. ကိုယ်တို့မှာ နေ့ရက်တွေအများကြီး ကျန်ရှိနေပါသေးတယ်.. အခု ခန်ပေါ်ကို သွားရအောင် အဲဒါလာနေတဲ့အချိန် အေးခဲနေလို့ မဖြစ်ဘူး

 

အမ်

 

ဆုဆု ခန်ပေါ်ကို အမြန်တက်လိုက်ပြီး စောင်ထဲကို တိုးဝင်လိုက်ပေမဲ့ ဒါက နှစ်ယောက်ခြုံစောင်ဖြစ်ပြီး လင်းချွမ်လည်း အထဲကို ဝင်လာမှာဆိုတဲ့အကြောင်းကို သူမ မေ့နေခဲ့တယ်။

 

နောက်တော့ သူတို့ နှစ်ယောက်အတူအိပ်စက်ခဲ့ကြတယ်။

 

အမျိုးသမီးတွေက စိတ်ခံစားချက်နုနယ်လွန်းတဲ့သူတွေပဲ။  သူတို့မှာ အဲဒီလို ဆက်ဆံရေးမျိုး မရှိဘူးဆိုရင်တောင်  အမျိုးသားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ပြီးသွားချိန်မှာ အမှန်တကယ်  အကြင်လင်မယား ဖြစ်သွားပြီလို့ ခံစားနေရတယ်။ ဒီတော့ သူနဲ့ အလွန်နီးကပ်လာပြီး ပွေ့ဖက်တာတွေ၊ တို့ဖူးစားတာတွေကိုလည်း မငြင်းဆန်တော့ဘူး။

 

နောက်ပြီး လင်းချွမ်ကတော့ သူ့အနေနဲ့ ဘာမှမလုပ်ရဘူးဆိုပေမဲ့ ကြည့်ပြီး ခံစားတာလောက်ကတော့ အဆင်ပြေတယ်လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူကသာ ခံစားရတဲ့လူပဲ။

 

ဆုဆုလည်း ဒါတွေကို ခံစားမိပေမယ့် သူမက ဘာကိုမှ မပြောသလို ဘာကိုမှလည်း မလုပ်ဘဲနဲ့ ကြောက်လန့်စွာနဲ့ ငုံးလေးတစ်ကောင်လိုငြိမ်သက်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အသက်ရှုသံက အလွန်လေးလံလာသလို ခံစားမိလာပြီး တစ်ဖက်လူက သည်းမခံနိုင်တော့ဟန်ဖြင့် အိမ်သာဖက်ကိုထွက်သွားတော့တယ်။ သူ  ပြန်လာချိန်မှာတော့ ပိုပြီးရိုးသားလာခဲ့ပြီး သူမကို ပွေ့ဖက်ပြီး အိပ်စက်ခဲ့တယ်။

 

ဆုဆုကတော့ လိမ်မာရေးခြားရှိတဲ့ကလေးတစ်ယောက်လို ဘာကိုမှ မမေးခဲ့ဘူး။ ဘာကိုမှလည်း မမေးရဲဘူးလေ။

 

နောက်တစ်နေ့မနက် ဆုဆုအိပ်ရာမှနိုးလာတဲ့အချိန်မှာတော့ အပြင်ဘက်တွင် တွဲလောင်းကျနေသော မွေ့ယာတစ်ချပ်က လေနဲ့အတူ အရှေ့နဲ့အနောက် တရွေ့ရွေ့ လှုပ်ယမ်းနေတာကို မြင်တွေ့လိုက်ရတယ်။

 

သူမရဲ့ တစ်ကိုယ်လုံး ရုပ်တရက်နေလို့မကောင်းတော့သလိုပဲ။ သိသိသာသာကြီးကို သူမ ဘာမှမလုပ်ထားခဲ့ပေမဲ့ ထိုအရာက သူမတို့ တစ်ခုခုလုပ်ထားသလိုမျိုးထင်ရစေတယ်လေ။ သူမရဲ့မျက်နှာက နီမြန်းလာခဲ့ရပြီး ခြံထဲမှာ ထင်းပိုင်းနေတဲ့ လင်းချွမ်ကိုစိုက်ကြည့်ပြီး ပြောလိုက်တယ်။

 

ရှင် ဘာလို့ အဲဒါကို အပေါ်မှာတင်ထားရလဲ

 

ရေစစ်သွားအောင်လို့လေ

 

လင်းချွမ်က ဆုဆုရဲ့ ရှက်ရွံ့မှုကို မမြင်တွေ့ခဲ့ပဲ လေးနက်စွာနဲ့ ရှင်းပြလာခဲ့တယ်။

 

ပြီးနောက် သူက ထပ်ပြောလာပြန်တယ်။

 

  ဆောင်းရာသီရဲ့ မနက်ပိုင်းတွေက အေးလွန်းတယ်.. မင်း ထမင်းစားဖို့ အရှေ့ဘက်ကို မသွားသင့်ဘူး။ ကိုယ် စားစရာတွေ ယူလာပေးထားတယ်။ မင်းယာဂုတချို့ကို ကိုယ်တိုင်ချက်နိုင်လား.. ဒါမှမဟုတ်ရင် အေးခဲထားတဲ့ ဖက်ထုပ်တွေလုပ်ရအောင်

 

သူက လက်ထပ်ထားပြီးကာစ ချွေးမဖြစ်သူက ချက်ပြုတ်နိုင်စွမ်းအပေါ် စိတ်မပူနေခဲ့ဘူး။

 

ကျွန်မ မနက်​ပိုင်း စားစရာမလိုပါဘူး

 

ဆုဆုက တက္ကသိုလ်တက်တုန်းကလည်း မနက်စာစားရတာကို မကြိုက်ဘူး။

 

မရဘူး.. မင်း ဘာမှမစားပဲ အရမ်းပိန်လွန်းနေရင် ဘယ်လိုလုပ်မလဲ

 

မနေ့ညက သူမရဲ့အဝတ်အစားတွေကို ချွတ်ပြီးမှသာ သူ့ရဲ့ချွေးမ ဘယ်လောက်တောင်ပိန်လဲဆိုတာကို လင်းချွမ် သိလိုက်ရတယ်။ အသားက ရှိနေသင့်တဲ့နေရာတွေမှာ ရှိနေတယ်ဆိုပေမဲ့လည်း အဟွတ်...

 

အဲဒါကို မတွေးသင့်တော့ဘူး။ မဟုတ်ရင် ရှက်နေရလိမ့်မယ်။

 

အတိုချုပ်ပြောရမယ်ဆိုရင်တော့ မင်းရဲ့ခင်ပွန်းက မင်းကိုပိန်တယ်လို့ပြောနိုင်တဲ့ ပိန်ခြင်းအမျိုးအစားပဲ။

 

ဆုဆုတစ်ယောက် သူမကို ပိန်တယ်လို့ ဝန်ခံဖို့ ဖိအားပေးခံလိုက်ရပြီး အိမ်ထဲကိုဝင်ကာ ယာဂု အိုးကြီးတစ်လုံးဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ယူလိုက်ရတယ်။ ဒါက ခက်ခဲတယ်လို့မထင်ရပေမဲ့ အရံဟင်းတွေကတော့ မရှိသေးဘူး။

 

လင်းချွမ်လည်း အိမ်နောက်ဖေးမှာ ဘာမှမရှိဘူးလို့ ခံစားရပြီး သူ့ချွေးမ မဝမလင်ဖြစ်နေမှာကို စိုးရိမ်မိတယ်။

 

မဖြစ်သေးဘူး။ သူ အေးခဲထားတဲ့ ဖက်ထုပ်တွေ ထပ်လုပ်ရမယ်။

 

ခေါက်ဆွဲနှင့် အသားတွေက စျေးကြီးတယ်ဆိုပေမဲ့ ထိုအရာတွေက သူမကို ဗိုက်ဆာခြင်းက ကာကွယ်ပေးဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မယ်။