Chapter 3
Viewers 2k

🧶 Chapter 3

ဟန်ဆောင်နေတာကို ရပ်လိုက်စမ်းပါ



လိထျင်း၏ လက်ချောင်းထိပ်ကလေးများက တွန့်ဆုတ်သွားပြီး စိတ်မပါတပါဖြင့် သူ့လက်ကိုသူ ပြန်ရုတ်လိုက်သည်။ ရွှီကျိသူ့အပေါ် အကောင်းမမြင်သည်မှာ အံ့သြစရာမရှိတော့ပေ။ နှင်းလျှောစကိတ်စီးခြင်းက ပြင်းထန်သည့်အားကစားတစ်မျိုးဖြစ်ပြီး အသေးစားဒဏ်ရာများမှစ၍ အရိုးကျိုးခြင်းနှင့် သေစေနိုင်သည့် ဒဏ်ရာများအထိပါ ရနိုင်သည်။ အဆင့်မြင့်တန်းတွင် လူသစ်တစ်ယောက်ကို တွေ့ရှိရခြင်းက အဝေးပြေးလမ်းမထက်၌ အရှိန်မထိန်းနိုင်သည့် ကားမောင်းသမားတစ်ယောက်နှင့် ထိပ်တိုက်တွေ့ရသလိုပင်။


သူ၏လုပ်နိုင်စွမ်းကို သူ မသိရုံမျှသာမက အခြားသောသူများ၏ အသက်ကိုလည်း တာဝန်ယူပေးနိုင်ခြင်းမရှိချေ။ မည်သည့်ပြင်းထန်မှုမှမရှိလျှင် အမူအကျင့်ကောင်းရှိပါက အဆင်ပြေသေးသော်လည်း သူက တောင်းပန်ခြင်းပင် မရှိခဲ့ပေ။


တစ်ခါက ကျိချီမှာ ငါးခူတစ်ကောင်ထံမှ ဝင်တိုက်ခြင်းခံခဲ့ရပြီးနောက် ဆေးရုံတွင် တစ်လမျှ လှဲနေခဲ့ရသည်။ ထို့နောက် ရာသီပင်မကူးသေးဘဲ ထိုကိစ္စက သူ့ထံတွင် ထပ်မံဖြစ်ပျက်လာပြန်၏။


လိထျင်းက ဘာမှ မပြောသော်လည်း ရွှီကျိကို ဝင်တိုက်သည့် အမျိုးသားက အစားဝင်ပြောပေးလာ၏။ ထိုသူက လက်ဆန့်ထုတ်ကာ ရွှီကျိ၏ပုခုံးကိုတွန်းပြီး ဆိုသည်။

"စကားကိုကြည့်ပြော…"


ယင်းကိုမြင်ပြီးနောက် ကျိဖန်းချီမှာ ထိတ်လန့်သွားကာ ရွှီကျိ၏အမူအရာကို ထပ်မံမြင်လိုက်ရချိန်၌ နှလုံးခုန်နှုန်းပါမြန်လာရသည်။ သူက ငြိမ်းချမ်းရေးသမားလေးလုပ်ရန် ကြံစည်လိုက်ချိန်မှာပင် အသက်ရှူမှားလောက်စရာအလှလေးက သူတို့ကြား၌ဝင်ရပ်လာ၏။

 

ထိုသူက တစ်ဖက်အမျိုးသား၏အဖော်ဖြစ်သည်မှာ ရှင်းလင်းနေသော်လည်း ရွှီကျိဘက်မှ ရပ်တည်ပေးလာသည်။

"မင်း ဘာလုပ်နေတာလဲ…"


ရိုးရိုးသားသားဆိုရလျှင် ကျိဖန်းချီက လိထျင်းကို မြင်လိုက်သည်နှင့် ခေါင်းကိုငုံ့ကာ အကြည့်ချင်းမဆုံအောင် ရှောင်လွှဲလိုက်ပြီး ဟိုဟိုသည်သည် လိုက်ကြည့်နေလိုက်သည်။ သူ့မျက်နှာက လောင်ကျွမ်းသွားတော့မလို ခံစားနေရ၏။


သေလောက်တယ်ဟ...


သို့သော်လည်း ရွှီကျိ၏ တစ်ကိုယ်လုံးတွင် အလှလေးကိုခုခံခြင်း ဟူသည့် လေဘယ်လ်ဖြင့် ပြည့်နှက်နေ၏။ သူ့နံရိုးတို့မှာ နာကျင်နေဆဲဖြစ်သော်လည်း ယင်းက သူ၏စိတ်ရှည်ရှည်ထားကာ ပြောဆိုဆက်ဆံနေမှုအပေါ် မသက်ရောက်ပေ။


သူကအရပ်ရှည်ပြီး အနောက်သို့ အသာယိမ်းလျက် ရပ်နေ၏။ သူ့လေသံက ပျင်းရိနေဟန်ပေါက်သော်လည်း ထိုအထဲတွင် မောက်မာမှုတို့ကိုလည်း ထုတ်ဖော်ထားသည်။

"မင်းငါ့ကို ထပ်ထိရဲလား…"


ယောက်ျားများက ဂုဏ်သိက္ခာကို အလွန်အလေးထားကြပြီး လူအများရှေ့၌ မျက်နှာမရခြင်းက တစ်ဖက်အမျိုးသားကို ပိုဒေါသထွက်သွားစေခဲ့သည်။ သူက ရွှီကျိကို ထပ်မံတွန်းလိုက်ပြီး ပြောလိုက်သည်။ 

"မင်းလိုချင်ရင် ငါထပ်ထိပေးမယ် မင်းကိုယ်မင်း သောက်ရမ်းတန်ဖိုးကြီးတယ်များ ထင်နေ..."


ထိုသူ၏စကား မဆုံးသေးခင်မှာပင် ရွှီကျိက သူ့မျက်နှာထက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ထိုအခိုက်အတန့်တွင် လိထျင်းထံမှ အာမေဍိတ်သံသဲ့သဲ့ ထွက်သွား၏။


အမျိုးသားနှစ်ဦးက စတင်တိုက်ခိုက်ကြသည်။ အတိအကျဆိုရလျှင် ရွှီကျိကသာ တစ်ဖက်သတ် တစ်ဖက်အမျိုးသားပေါ်သို့ တက်ဖိလျက် လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်းနေခြင်းဖြစ်သည်။ အစကတည်းက သူ့ဒေါသများမှာ ဂိတ်ဆုံးရောက်နေပြီးဖြစ်၏။ ဤငတုံးက သူ့ကိုလာတိုက်လိုက်သေးသည်။ သူ့အနေဖြင့် ထိုသူကို မရိုက်ဘဲ လွှတ်ပေးလိုက်ရန်မှာ မဖြစ်နိုင်ချေ။


ထို့ကြောင့် အဆိုပါ "သုံးပွင့်ဆိုင် ထိပ်တိုက်တွေ့ခြင်း" အခြေအနေ ဖြစ်ပေါ်လာသည်။ ကျိညီအစ်ကိုနှစ်ယောက်က တစ်ဖက်တွင်ရပ်ကာ ဖျော်ဖြေပွဲကို ကြည့်နေ၏။ ကျိချီမှာ ရန်ပွဲကို ရပ်တန့်ရန် ရည်ရွယ်ချက်လုံးလုံးမရှိသကဲ့သို့ သူ့လက်များကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည် ။


တစ်ဖက်တွင်မူ လိထျင်းက သူတို့ကို တားချင်သော်လည်း မည်သို့ စတင်ရမည်ကို မသိချေ။ အဓိကအားဖြင့် ရွှီကျိကို ထပ်မံမထိရဲခြင်းကြောင့်ပင်။ 


"ဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့…"

ကျိဖန်းချီက သူကိုနှစ်သိမ့်ပေးလိုက်သည်။

"ငါတို့တားချင်ရင်တောင် တားနိုင်မှာမဟုတ်ဘူး ပင်ပန်းတာပဲရှိတယ်…"


လိထျင်းက တဖြည်းဖြည်းချင်း မတ်မတ်ရပ်လိုက်ပြီး သူ့ကိုကြည့်လာ၏။

 "သူ မကြာခဏရန်ဖြစ်တတ်လား…"


"မဟုတ်ပါဘူး…"

ကျိဖန်းချီ၏မျက်နှာထက်တွင် ရှက်ရွံ့ရိပ်လေးရှိနေပြီး သူ၏ခြေထောက်ကိုသာ စိုက်ကြည့်နေ၏။

"လွန်ခဲ့တဲ့သုံးနှစ်က သူရန်ဖြစ်တာကို မြင်ခဲ့ဖူးရုံပါ အခုသူက အဲဒီတုန်းကလောက် ဒေါသထွက်မနေပါဘူး ရပ်ရမဲ့အချိန်ကို သူ့ကိုယ်သူသိတယ်…"


လိထျင်းက သွေးတို့စွန်းထင်းနေပြီးဖြစ်သည့် နှင်းတို့အား သံသယအပြည့်ဖြင့် ကြည့်လိုက်၏။


" အိုး…"

ကျိဖန်းချီကလည်း ရုတ်တရက်သတိပြုမိသွားပြီး ကိုးရိုးကားယားပြောလာသည်။

" အရိုက်ခံနေရတာက မင်းသူငယ်ချင်းမလား တောင်းပန်ပါတယ် ငါတို့..."


လိထျင်းက ခေါင်းယမ်းလိုက်သည်။

"သူငယ်ချင်း မဟုတ်ဘူး…"


အပန်းဖြေစခန်း၏ လုံခြုံရေးဝန်ထမ်းများက နှင်းလျှောစီးဘုတ်ပြားများစီးကာ ရောက်မလာမီ ရွှီကျိက ရပ်လိုက်သည်။ သူက လက်ကိုခါလျက် ပြောလိုက်၏။

"ဒါအတွက် ငါပေးနိုင်တယ်…"


ကျိဖန်းချီမှာ နားမလည်နိုင်ပေ။


လူတစ်ယောက်ကို အသေအလဲရိုက်နှက်ထားတာတောင် ဒီရွှီကျိက ဘာလို့ အရမ်းမိုက်နေရတာလဲ… လူတွေကိုရိုက်တာက လုံးဝမကောင်းတဲ့အရာဆိုတာ အသိသာကြီးကို…


နှင်းလျှောစီးအပန်းဖြေစခန်းအနီးမှ ဆေးရုံမှာ အမြဲလူမပြတ်ပေ။ အဆုံးတွင် သူတို့ကပြောလာ၏။


"အရိုးဌာနက နှင်းလျှောစကိတ်ကွင်းရဲ့အဆုံးမှာ ရှိပါတယ်…"


စိတ်ချရစေရန် ရွှီကျိက ဓာတ်မှန်ရိုက်လိုက်သည်။ သူထွက်လာချိန်တွင် လိထျင်းက တံခါး၌စောင့်နေခဲ့၏။ သူက လိထျင်းကို မမြင်ဟန်ဆောင်ကာ လှည့်မကြည့်ဘဲ ဖြတ်လျှောက်သွားလိုက်သည်။ လိထျင်းက လှမ်းခေါ်လာသည်။

"ရွှီကျိ"


ထို့ကြောင့် ရွှီကျိအနေဖြင့် ရပ်လိုက်ပြီး စိတ်မရှည်သလို မေးရန်သာရှိတော့၏။

"မင်း ဘာလိုချင်ပြန်ပြီလဲ…"


လိထျင်းက တုံ့ဆိုင်းပြီးခက်ခဲနေဟန်ဖြင့် ပြောသည်။

"ကျွန်တော် အဲ့လူနဲ့ မရင်းနှီးဘူး သူက သူငယ်ချင်းရဲ့သူငယ်ချင်းပါ သူနဲ့နှစ်ယောက်တည်းထွက်လည်တာ မဟုတ်ပါဘူး… ကျွန်တော့်သူငယ်ချင်းက လုပ်စရာရှိလို့ စောစောပြန်သွားတာ ဒါကြောင့်... ကျွန်တော်က ပုံမှန်ဆို အိမ်မှာနေပြီး နေ့တိုင်းသန့်ရှင်းရေးလုပ်ပါတယ်…"


ရွှီကျိ မျက်မှောင်ကြုတ်လျက် တွေးမိသွားသည်။

ဘာတွေလာပြောနေတာလဲ… ဘာလို့ငါ့ကို လာရှင်းပြနေရတာလဲ…


သူက အလုပ်ရှုပ်ခံကာတွေးမနေဘဲ ပြောလိုက်သည်။

"ငါ့အလုပ်မဟုတ်ဘူး…"


သူ့စကားများကြောင့် လိထျင်းတစ်ယောက် နာကျင်သွားဟန်ရသည်။ သူ၏မေးစေ့လေးကို နှင်းလျှောစီးဝတ်စုံထဲ၌ မြှုပ်လိုက်လေ၏။ သနားကမားရုပ်ကလေးဖြင့် သူ့နှုတ်ခမ်းလေးက စူထော်သွားခဲ့သည်။

"ခင်ဗျား စိတ်ဆိုးမနေဘူးဆိုရင်ပြီးတာပါပဲ… ကျွန်တော်တို့က လက်ထပ်ပြီးပြီလေ… တခြားယောက်ျားတွေနဲ့ အရမ်းရင်းနှီးနေတာ မကောင်းလို့ပါ…"


ရွှီကျိတစ်ယောက် ထိုအခိုက်အတန့်လေးတွင် ကိုယ့်ကျင့်တရားကောင်းမွန်လွန်းလှသည့် ဇနီးလေးက သူ့ဘေးတွင် ရပ်နေသလို ခံစားလိုက်ရသည်။ သူ့ပုံရိပ်ကို မထိန်းသိမ်းနိုင်တော့ဘဲ သူ့မျက်နှာက ချက်ချင်းပင် ရှုံ့တွသွားရ၏၊ သူက ရှေ့တိုးကာ လိထျင်း၏ကော်လံကို အားအပြည့်ဖြင့် ဆွဲကိုင်လိုက်သည်။


လိထျင်း၏ ကော့တက်နေသည့်သစ်အယ်သီးသဏ္ဍာန် မျက်ဝန်းအစုံက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ 

ရွှီကျိက အသံနက်နက်ဖြင့်ဆိုသည်။

"မင်း တခြားတစ်ယောက်နဲ့ အိပ်ရင်လည်း ငါဂရုမစိုက်ဘူး… ပထမဆုံးနေ့ကတည်းက မင်းအလုပ်မင်းလုပ် ငါလည်းငါ့အလုပ်ငါလုပ်မယ် တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်ရဘူးလို့ ပြောခဲ့တယ်မလား…"


သူ့စကားလုံးတို့ကိုကြားပြီးနောက် လိထျင်းက ခေါင်းကိုအသာငုံ့လိုက်သည်။ သူ၏ နက်မှောင်သည့် ဆံနွယ်ရှည်တို့က ရွှီကျိလက်ပေါ်တို့ ပွတ်တိုက်သွားကြ၏။


ယင်းက ထူးဆန်းသည့်ခံစားချက်ကိုပေးသည်။ နူးညံ့ညင်သာသလို အနည်းငယ်လည်း ယားကျိကျိဖြင့်ပင်။ ရွှီကျိက ချက်ချင်းပင် လက်ကိုရုတ်ကာ နောက်ဆုတ်လိုက်သည်။


အကယ်၍ သူသာ ခေါင်းငုံ့ပြီး လိထျင်း၏ အမူအရာကိုကြည့်လိုက်လျှင် ရယ်မောလိုသည်ကို ဖိနှိပ်ထားသဖြင့် နှုတ်ခမ်းထောင့်စွန်းလေးများက မသိမသာကွေးတက်နေသယောင် ရှိနေသည်ကို မြင်ရပေမည်။


ခဏအကြာ၌ လိထျင်းက အက်ကွဲနေသည့်အသံဖြင့် ဖြေ၏။

"သိပါပြီ…"


လိထျင်းက အကျင့်အရ နှုတ်ခမ်းကိုက်လိုက်ချိန်တွင် သူ့သွားများက အတော်လေးဖြူဖွေးနေပြီး နှုတ်ခမ်းများကလည်း အတော်လေးစိုအိနူးညံ့နေသည်ကို ရွှီကျိမြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူက ယင်းကို သည်းခံမနေနိုင်ပေ။ သူက ခေါင်းခါလျက်ပြောလိုက်၏။

"ဟန်ဆောင်နေတာကို ရပ်လိုက်စမ်းပါ အရမ်းရွံဖို့ကောင်းတယ်…"


ထို့ကြောင့်ပင် လိထျင်း၏အမူအရာက တစ်စက္ကန့်မျှ ဗလာသက်သက်ဖြစ်သွားရ၏။


ရွှီကျိက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။


အောက်ထပ်ရောက်သည်နှင့် ငွေချေရန်ထွက်သွားသည့် ကျိချီနှင့် ဆန်မုန့်လုံး ဝယ်ရန်ထွက်သွားသည့် ကျိဖန်းချီနောက်သို့ပြေးလိုက်ရ၏။ ကျိချီက မေးလာသည်။

"တစ်နေရာရာများ ကျိုးပဲ့သွားသေးလား…"


 á€›á€˝á€žá€Žá€€á€ťá€­á€€ ခေါင်းယမ်းလိုက်၏။ ကျိဖန်းချီက သူတို့နှစ်ဦးကို ဆန်မှုန့်လုံးတစ်လုံးစီ ပေးလာသည်။ သူ့ ပလတ်စတစ်အိတ်ထဲတွင် မုန့်လုံးနှစ်ခုကျန်နေသေး၏။ သူက ပတ်ပတ်လည်ကိုလိုက်ကြည့်ပြီး ရွှီကျိကို မေးလိုက်သည်။

" ကောကောအလှလေးက ဘယ်မှာလဲ…"


ရွှီကျိမျက်မှောင်ကြုတ်လိုက်သည်မှာ ယင်တစ်ကောင်ကိုပင် ကြေမွသွားစေနိုင်လောက်သည်။


“…?”


ကျိချီက သူညီလေး၏ ခေါင်းကို အညှာအတာမဲ့စွာ ရိုက်ချလိုက်သည်။

"ဒီကောင် အဲဒီအလှလေးဆီမှာ အပြုစားခံလိုက်ရပြီ…"


ကျိဖန်းချီကလည်း ဆို၏။

" မဟုတ်ပါဘူးနော် အဓိကအကြောင်းအရင်းက ဘာလို့လဲဆိုတော့ ရွှီကျိကော စစ်ဆေးဖို့ဝင်သွားတော့ သူက အပြင်ဘက်မှာ ဝမ်းနည်းပြီးတော့ စိတ်ပူနေတဲ့အမူအရာနဲ့ ထိုင်နေခဲ့တာလေ အဲဒါက အရမ်းသနားစရာကောင်းတယ်…"


 á€›á€˝á€žá€Žá€€á€ťá€­ “?”


“တကယ်ကွ…” 

ကျိချီက သံယောင်လိုက်ကာဖြင့်ဆိုသည်။

 â€œá€’á€Žá€œá€ąá€Źá€€á€şá€œá€žá€á€˛á€ˇá€œá€° ငါ့ဘဝမှာ မမြင်ဖူးဘူးလို့ထင်တာပဲ သူက အရမ်းနူးညံ့ပြီး သနားစရာလေး မျက်စိပသာဒလည်းဖြစ်တယ် ယောက်ျားတိုင်းရဲ့ ကာကွယ်ပေးချင်စိတ်ကို လှုပ်နှိုးနိုင်တယ်…"


 á€›á€˝á€žá€Žá€šá€ąá€Źá€€á€şá€ťá€Źá€¸á€™á€Ÿá€Żá€á€şá€žá€ąá€Źá€€á€ťá€­ : “?”


သူ ပြောစရာမဲ့သွားသလိုခံစားလိုက်ရသည်။ သူ၏အတွေးကို စကားတစ်ခွန်းဖြင့် ပေါင်းထည့်လိုက်၏။

"မင်းတို့သောက်ကျိုးနည်းအဖြောင့်ကောင်တွေက ကန်းနေကြတာပဲ…"


ဤတစ်ကြိမ်တွင်မူ ကျိညီအစ်ကိုနှစ်ယောက် ရှုပ်ထွေးသွားသည့် အလှည့်ဖြစ်သည်။ သူတို့က တစ်လေသံတည်း ဆိုလာ၏ ။

"မင်းကများ ပြောရတယ်ရှိသေး…"


ကျိဖန်းချီက ဆိုသည်။

"ဘယ်သူကမှ မင်းလောက်မဖြောင့်ဘူး ရွှီကောရေ…"


"မင်းတို့တွေ ဒီလောက်လေးတောင် မပြောနိုင်ကြဘူးလား သူ့ရဲ့အမူအရာက... ထားလိုက်တော့…"


တစ်စုံတစ်ယောက်၏အကြောင်းကို နောက်ကွယ်တွင်ပြောခြင်းက ရိုင်း၏။ ထို့ကြောင့် ရွှီကျိက ကျိဖန်းချီ၏လက်ထဲမှ ပလတ်စတစ်အိတ်ကို ယူလိုက်သည်။

" ကြည့်နေတာရပ်တော့ လေးခုလုံးငါစားမှာ…"


ညီအစ်ကိုနှစ်ယောက်က အတူမနေကြပေ။ ရွှီကျိအနေဖြင့် ကျိချီကို ပထမဆုံး ပို့ပေးရမည်ဖြစ်ကာ ပြီးနောက် ကျိဖန်းချီကို ထပ်မံ၍ သူ၏နေရာသို့ ပို့ပေးရပေမည်။


သူတို့ဆေးရုံမှထွက်လာသည်နှင့် လိထျင်းက သူတို့နောက်မှ လိုက်လာခဲ့သည်။ ရွှီကျိက မျက်လုံးကိုပိတ်လိုက်ပြီး ကားသော့ကို ကျိဖန်းချီထံ ပေးလိုက်၏။


" မင်းတို့အရင် ကားထဲကိုသွားလိုက် နောက်ခုံမှာထိုင်ကြ…"


ကျိဖန်းချီက သူ၏ အတင်းပြောလိုသောအကြည့်တို့ကို ရုပ်သိမ်းလိုက်ပြီ ထွက်သွားသည်။


" ထပ်ပြီးတော့ဘာလဲ…"

ရွှီကျိက သူ၏ နှလုံးခုန်နှုန်း[ဒေါသ]ကို ဖိနှိပ်ထားလိုက်၏။ 


လိထျင်း၏ဆံပင်ရှည်တို့မှာ နောက်ဘက်တွင်စုစည်းထားပြီးဖြစ်ကာ သူ၏ မျက်နှာလှလှလေးက အအေးဓာတ်ကြောင့်ဖြူဖျော့နေ၏။ သူက မေးလာသည် ။

"ခင်ဗျား ဒီညအိမ်ပြန်လာမှာလား…"


"ဟုတ်တယ်…" 


ကုမ္ပဏီအတွက်လိုအပ်သည့် စာရွက်စာတမ်းများက စာကြည့်ခန်းထဲတွင် ရှိနေသေး၏။ လိထျင်း၏ပြောင်းလာမှုက အလွန်မြန်လွန်းနေရာ ရွှီကျိမှာ ပစ္စည်းများစွာကို ချန်ထားခဲ့လိုက်ရသည်။


ရွှီကျိထံမှ အငြင်းစကားများကိုသာ ဆက်တိုက်ကြားလာရ၍ဖြစ်နိုင်သည်။ ခြားနားသည့်အဖြေကို ကြားလိုက်ရချိန်တွင် လိထျင်းတစ်ယောက် အနည်းငယ်မှင်သက်သွားရှာသည်။


သူက မေးလိုက်သည်။

“ကျွန်တော့်ကို ခေါ်သွားပေးလို့ရလား အငှားကားနဲ့ဆို ကားတွေဆီရောက်တဲ့အထိ ဆယ်မိနစ်ထက်မက လမ်းလျှောက်ရမှာမလို့ပါ…"


ရွှီကျိက စိတ်ဆုံးဖြတ်ပြီးဖြစ်သည်။

 â€œá€™á€›á€˜á€°á€¸...”


လိထျင်း၏အမူအရာမှာ ပို၍ပင် စိတ်ဖိစီးသွားပုံရသည် ။ သူ၏အမျိုးသားက ထိုမျှအထိ အကြင်နာမဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ 


ရွှီကျိက သူ့အား ငွေအချို့လွှဲပေးရန်စဉ်းစားလိုက်သော်လည်း သူတို့တွင် တစ်ယောက်၏ ဆက်သွယ်ရန် အချက်အလက် တစ်ယောက်တွင် မရှိကြောင်းကို သတိရလိုက်သည်။ ထိုကြောင့်သူက သူ၏အိတ်အထဲမှာ ငွေသားအချို့ကို ထုတ်ပေးလိုက်၏။


" တခြားလူတွေ ငါ့ကားထဲမှာထိုင်တာကို မကြိုက်ဘူး ဒီပိုက်ဆံကိုယူပြီး အငှားကားငှားရင်ငှား မဟုတ်ရင်လည်း တည်းခိုခန်းတစ်ခုခုသွားရှာလိုက်… မင်းကြိုက်တာလုပ် ငါ့ကို လာမနှောင့်ယှက်နဲ့…"


ပိုက်ဆံကိုလက်ထဲတွင်ကိုင်ထားရင်း လိထျင်းတစ်ယောက် ဂရုမစိုက်ဘဲထွက်သွားသည့်ရွှီကျိကိုသာ မျှော်လင့်ချက်မဲ့စွာကြည့်နေမိသည်။


ကားတံခါးပွင့်သည်နှင့် ကျိဖန်းချီက ခေါင်းလေးစောင်းလာလာသည် ။

"ကော မင်းနဲ့အဲဒီကောကောအလှလေးကြားထဲက ဆက်ဆံရေးက ဘာလဲ…"


 á€›á€˝á€žá€Žá€€á€ťá€­á€€ ပြန်ဖြေလိုက်သည်။

"ဘာဆက်ဆံရေးမှ မရှိဘူး…"


ရွှီကျိမပြောချင်သည့်အရာကို အတင်းပြောခိုင်း၍မရကြောင်း ကျိဖန်းချီက သေချာနားလည်ထားရာ အခြားအကြောင်းအရာတစ်ခုကိုသာ ပြောင်းပြောလိုက်၏။

"ဒါဆိုရင်လည်းကော မရီးကဘယ်လိုပုံလဲ သူကအိမ်မှာလား… ကျွန်တော် မင်းနဲ့လိုက်ပြီး ချောင်းကြည့်လို့ရလား အဲလိုလုပ်လို့အဆင်ပြေလားဟင် နော် ကော..."


“မင်းသူ့ကို တွေ့ပြီးပြီပဲမလား…” 

ရွှီကျိက ဆိုသည်။


ကျိဖန်းချီမှာ “ဟမ်” ဟု ဆိုလိုက်မိရင်း ငတုံးလေးဖြစ်သွားရသည်။ သူ့ဦးနှောက်က မီးလုံးပမာ ချက်ချင်းအလုပ်လုပ်သွားပြီး အလင်းရသွားသည်။ ၂မိနစ်ခန့်ကြာပြီးနောက် သူ့ပါးစပ်က ခပ်ကျယ်ကျယ် ပွင့်ဟသွားသည်။

"အဲ အဲဒီ့ အသက်ရှူမှားချင်စရာ အလှလေးလား…"


ရွှီကျိက ဆိတ်ဆိတ်နေရင်းဟုတ်မှန်ကြောင်းဝန်ခံလိုက်သည်။


" မင်းကတော့ ကောင်းတဲ့အရာတွေကို တန်ဖိုးထားရမှန်းမသိဘူးပဲ…"


သို့သော်လည်း သူက ရွှီကျိ၏ အံ့အားသင့်လောက်ဖွယ်ရာ ဘေးဘက်မျက်နှာကို မြင်ပြီးနောက် သူ့ကိုယ်သူရပ်တန့်လိုက်သည်။


“ငါ မှားတာပါ...” 

ကျိဖန်းချီက အလေးအနက်ဆိုလိုက်သည်။ တန်ဖိုးထားရမှန်းမသိသူမှာ သူသာလျှင်။ 


သူက အပြင်လူတစ်ယောက်သာဖြစ်၏။ သူ့လိုလူက ရင်သပ်ရှုမောဖွယ်ရာ အလှလေးနှင့် အလွန်ခံ့ညားသည့်အမျိုးသားတို့ကြားမှ အချစ်ရေးပြဿနာကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိချေ။


–

စာရေးသူမှာ ပြောစရာရှိပါတယ်…


လိထျင်းက ပြုံးလျက်: စိတ်ဝင်စားစရာကောင်းတဲ့ မှတ်ချက်ပဲ တစ်ယောက်ယောက်က ငါ့ကိုရွံတယ်လို့ပြောတာ ပထမဆုံးပဲ (တကယ်တမ်း သူဒေါသထွက်နေပါပြီ)



🧶🧶🧶