Chapter 9
Viewers 2k

🧶 Chapter 9

လိုက်ဖက်လွန်းတယ်



လိထျင်းက ရွှီကျိနှင့်အတူ ရုံးခန်းနှင့် ရိုက်ကူးရေးနေရာများအဖြစ် ပိုင်းခြားထားသည့် စတူဒီယိုကို လိုက်လည်သည်။


ရိုက်ကူးရေး ဧရိယာက သုံးထပ်တိုက် အဆောက်အအုံဖြစ်ပြီး အထပ်တစ်ခုနှင့်တစ်ခုကြားတွင် ဧရိယာကျယ်ကာ အထပ်တိုင်းက သုံးထပ်စာမြင့်၏။ အလှဆင်ထားခြင်းတို့မရှိဘဲ မူလဘိလပ်မြေနံရံများသာ ဖြစ်နေသဖြင့် စွန့်ပစ်ခံထားရသည့် စက်ရုံကြီးတစ်ခုပမာ ခံစားရစေပြီး အသံအနည်းငယ်မျှ ပိုကျယ်လိုက်မိရုံဖြင့် ပဲ့တင်သံများ ထွက်ပေါ်လာတတ်သည်။


ဓာတ်ပုံရိုက်ကူးသည့် ပစ္စည်းကိရိယာများနှင့် အထောက်အကူပစ္စည်းများအားလုံးမှာလည်း ကြီးမားကာ အတော်လေး ခမ်းနားထည်ဝါသည်။


လိထျင်းမှာ ရှေးဟောင်းသင်္ချိုင်းဂူတစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရပြီး အဖြူရောင်အဝတ်တစ်စဖြင့် ဖုံးအုပ်ထားသည့် နံရံကြီးတစ်ခုကို တအံ့တသြ ကြည့်နေမိသည်။


ထိုအပေါ်ရှိ ခြောက်နေပြီဖြစ်သည့် ဆေးရောင်စုံတို့မှာ ပုံးဖြင့် ပက်ထားသကဲ့သို့ ဖြစ်နေပြီး သဘာဝအတိုင်းဖြစ်ပေါ်နေသော အစင်းကြောင်းများက တစ်ခုနှင့်တစ်ခု ဖြတ်သွားကြသည်မှာ ကြောင်တောင်တောင်နိုင်သလို အနုပညာလည်းဆန်သည်။


ရွှီကျိက သူ၏အကြည့်ကို သတိပြုမိသွားပြီး ပြောလာသည်။ 

"အဲဒါက နောက်ဆုံးရိုက်ကူးရေးတုန်းကလေ… အခုထိ သန့်ရှင်းရေးလုပ်ဖို့ အချိန်မရသေးလို့ ဒီနေ့လုပ်ရမယ်…"  


အံ့အားသင့်နေရာမှ သတိပြန်ကပ်သွားပြီးနောက် လိထျင်းက တစ်စုံတစ်ရာကို သတိပြုမိသွားကာ ပြောလိုက်သည်။

"ခဏလေး ဒါကဝမ်ယွဲ့မဟုတ်ဘူးလား…"


ရွှီကျိက သူ့ဘက်သို့လှည့်ကာ ပြောလိုက်သည်။

 â€œá€á€™á€şá€šá€˝á€˛á€ˇá€€ ငါ့အဖေပိုင်တာ…”


လိထျင်းမှာ တုံးအသွားဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ … တစ်ဦးတည်းသောဆက်ခံသူအနေနဲ့ ခင်ဗျားက ...”


"ဘာဖြစ်လို့ လုပ်ရမှာလဲ…" 

ရွှီကျိက လူအများအမြင်ကို ဖမ်းစားနိုင်သည့်ဟန်ဖြင့် မတ်မတ်ရပ်ကာ မေးလိုက်သည်။


လိထျင်းက တိတ်ဆိတ်သွားသည်။ 


ပုံမှန်လူတွေက ဒီလိုပဲ တွေးကြတာ မဟုတ်ဘူးလား… ဒီလို မိသားစုပိုင်စီးပွားရေးအကြီးကြီးရှိနေတာကို ကိုယ်တိုင်နောက်ထပ်ကုမ္ပဏီတစ်ခု ဘယ်သူက ထောင်မှာတဲ့လဲ… ဒါ့အပြင် အိမ်ခြံမြေလုပ်ငန်းနဲ့ မီဒီယာလုပ်ငန်းက လုံးဝမသက်ဆိုင်တဲ့ နယ်ပယ်နှစ်ခုလေ… လုံးဝကို အဆက်အစပ်မရှိတာကြီး…


သူကရွှီကျိ၏ ပခုံးကျယ်တို့ကို ကြည့်နေရာ သူ၏ တရားဝင်ခင်ပွန်းကို ပြန်လည်အကဲဖြတ်နေသကဲ့သို့ ဖြစ်နေသည်။


"ဘာဖြစ်လို့လဲ…" 


ရွှီကျိက လက်နှစ်ဖက်ကို အိတ်ထဲထည့်ကာ ရှေ့သို့လျှောက်ရင်း မထိတထိပြုံးလျက် မေးလာသည်။

 "တွက်ချေမကိုက်တော့လို့လား…" 

[ပိုက်ဆံမက်လို့လက်ထပ်ခဲ့တယ်လို့ ပြောချင်တာပါ]


လိထျင်းမှာ မူလက ဤသခင်လေးအပေါ် အထင်အမြင်ကောင်းအချို့ ရှိလာခဲ့သော်လည်း ထိုထက်ရှသည့်စကားလုံးများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။


ကောင်းပြီလေ ဝမ်ယွဲ့အုပ်စုရဲ့ အမွေဆက်ခံသူအနေနဲ့ အဖုအထစ်မရှိ ကုမ္ပဏီဖွင့်နိုင်တာက အံ့သြစရာတော့ မဟုတ်ပါဘူး… သူတို့မှာ ငွေကြေးနဲ့ အရင်းအမြစ်တွေ ပေါများနေတာပဲကို… သူတို့ကုမ္ပဏီတွေ ဖွင့်ချင်သလောက်ဖွင့်လို့ရတာပဲ… သူက မင်းသားလေးတစ်ပါး ဖြစ်နေရုံပဲကို…


လိထျင်းက ပြုံးပြီး ပြောလိုက်သည်။

"မဖြစ်နိုင်တာ…" 


စတူဒီယိုကို အကြမ်းဖျင်း ပတ်ကြည့်ပြီးနောက် လိထျင်းက မေးလိုက်သည်။

"တခြားလူတွေနဲ့ မိတ်မဆက်ပေးတော့ဘူးလား…"  


ရွှီကျိက ပြော၏။

“မင်းအလုပ်က တခြားလူတွေနဲ့ တွေ့စရာမလိုဘူး...”


လိထျင်းက အတွင်းရေးမှူး သို့မဟုတ်လျှင် အခြားတစ်ခုခုလုပ်ရမည်ဟု တွေးထင်ခဲ့သော်ငြား ယင်းကိုကြားပြီးနောက် အလိုလိုသိစိတ်အရ ခံစားချက်မကောင်းတော့ဘဲ တုံ့ဆိုင်းစွာ မေးလိုက်သည်။

“ကျွန်တော် ဘာလုပ်ရမှာလဲ…”


ရွှီကျိက အားရပါးရ ပြုံးကာဖြင့် ပြောသည်။

"ကွင်းဆင်းဝန်ထမ်းတစ်ယောက်အနေနဲ့ မင်းက သိပ်အရေးမကြီးတဲ့ အလုပ်လေးတွေ လိုက်လုပ်ပေးရမယ်… ကော်ဖီဝယ်တာတို့ဘာတို့ တခြားသေးသေးမွှားမွှား အလုပ်လေးတွေ လုပ်ပေးရမှာပေါ့…" 


ပြီးခဲ့သည့် ရိုက်ကူးရေးလုပ်ငန်းက လုံးဝပြီးစီးသွားပြီဖြစ်ရာ နောက်ထပ်လာမည့်တနင်္လာနေ့တွင် ကြော်ငြာအသစ်တစ်ခု စတင်ရိုက်ကူးရမည် ဖြစ်သည်။ထို့ကြောင့် ယနေ့မှစ၍ သောကြာနေ့အထိ အလုပ်များမှာ ယခင်ပရောဂျက်မှ ကျန်ခဲ့သည့်နေရာများအားကို သန့်ရှင်းရေးလုပ်ခြင်းနှင့် နောက်ပရောဂျက်အတွက် ပြင်ဆင်ခြင်းတို့ပင်။


ချူချီက သူ့သူဌေးအား အဝေးမှမြင်လိုက်ပြီး အရပ်ရှည်ရှည်ဖြင့်ပုံရိပ်တစ်ခုက သူ့နောက်မှ ကပ်လိုက်လာသည်ကိုလည်း တွေ့လိုက်သည်။


ပထမဆုံး သူ့အတွေးထဲဝင်လာသည်မှာ 'သောက်ရမ်းအရပ်ရှည်တဲ့ မိန်းမပဲ' ဟူ၍။ သို့တိုင် နီးကပ်လာသည့်အခါ ထိုသူက အမျိုးသားတစ်ဦးဖြစ်ကြောင်းသတိပြုမိသွားသည်။


ထို့အပြင် ထိုအမျိုးသားက သူ့သူဌေးထက် နည်းနည်းလေးပင် အရည်အသွေးလျော့ကျခြင်းရှိမနေပေ။[ရုပ်ရည်သွင်ပြင်]


လိင်တူကြိုက်သူတစ်ဦးအနေဖြင့် ချူချီက ယောက်ျားပေါင်းများစွာကို မြင်တွေ့ဖူးပြီး ထိုသူအားလုံးအား အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်၏။


အဲဒီ့ယောက်ျားတွေရဲ့၈၀ရာခိုင်နှုန်းက တစ်ချက်လေးကြည့်ဖို့တောင်မတန်ဘူး… ၁၅ရာခိုင်နှုန်းကတော့ ငါ့သူဌေးဘေးရပ်လိုက်တာနဲ့ အရည်အသွေးက အကွာကြီးကွာသွားတော့တာပဲ… ၃ရာခိုင်နှုန်းကတော့ ငါ့သူဌေးနဲ့ ယှဥ်လို့ရပြီး ၂ရာခိုင်နှုန်းကတော့ ငါ့သူဌေးထက် သာနိုင်ချေရှိရင်လည်းရှိမှာပေါ့…


[၂ရာနှုန်းက သူ မတွေ့ဖူးသေးတဲ့သဘောပါ🤣]


နာမည်ကြီးကြယ်ပွင့်များကြား၌ပင် အများစုက သူ့သူဌေးကို မယှဥ်နိုင်ကြပေ။


ထို့နောက် ဤဆံရှည်အလှလေးကမူ ထိပ်ဆုံး ၂% ထဲမှာပင် အကောင်းဆုံး ဖြစ်ပြီး ပထမဆုံး အမြင်၌ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ သူ့အား ကျား၊မခွဲခြားရခက်ခဲသည်အထိ လှပလွန်းလှသည်။


ယနေ့တွင် လိထျင်းက အဖြူရောင်ချည်သားရှပ်အင်္ကျီနှင့် ပေါ့ပါးသည့်အနက်ရောင်ဘောင်းဘီကို ရိုးရှင်းစွာသာ ဝတ်ဆင်ထားသည်။ မည်သည့်အဆင်တန်ဆာများကိုမှ ဝတ်ဆင်ထားခြင်းမရှိသဖြင့် သူ့မျက်နှာလေး၏ အားသာချက်ကို ပိုပြီး ပေါ်လွင်သည်။


“ဝေါင်း ဘယ်သူလေးလဲဟင် အနုပညာရှင်အသစ်လေးလား…” 

ချူချီက ရွှီကျိအနားသို့ ခုန်ပေါက်လျက် ရောက်လာကာ ပါးစပ်ကိုဖုံးလျက် ရှက်ကိုးရှက်ကန်းဖြစ်ဟန်ဖြင့် တခစ်ခစ် ရယ်လိုက်သည်။


သူက လိထျင်းအား လက်မထောင်ပြလျက် မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။

"ငါ့အမြင်က အရမ်းကောင်းတာ မင်း တကယ်ကို နာမည်ကြီးလာလိမ့်မယ်…" 


ရွှီကျိက အဓိပ္ပါယ်ပါပါနှာမှုတ်ကာ ဘေးသို့ရွှေ့ပြီးပြောလိုက်သည်။

"မင်းကိုယ်မင်း မိတ်ဆက်လိုက်ဦး…"


လိထျင်းက ချူချီအား လှလှလေးပြုံးပြလိုက်၏။


“ငါတို့ရဲ့ကွင်းဆင်းအလုပ်သမားအသစ်ပဲ…” 

ရွှီကျိက ဆိုသည်။ အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ချူချီမှာ အံ့အားသင့်စွာဖြင့် အာမေဍိတ်သံပြုသည်။


"ဘာကြီး ဘာအသစ်ရယ်…"


လိထျင်းက အပြုံးဖျော့ဖျော့ဖြင့် ပြန်ပြောပြလိုက်သည်။

“ကွင်းဆင်းအလုပ်သမားပါ…”


ချူချီ:“…” 


အခုက ကွင်းဆင်းအလုပ်သမားကို အရမ်းလိုအပ်နေလို့လား…


လိထျင်းက ရိုက်ကူးရေးနေရာကို ကူညီပြင်ဆင်ပေးနေသည့်အခါ ချူချီသာမက အားလုံးက အံ့အားသင့်သွားကြရသည်။


အဖြောင့်စင်စစ်ဖြစ်သည့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးပင်လျှင် သူ့ကိုမြင်သောအခါ ပစ္စည်းဒီဇိုင်နာချထားသည့် နှင်းဆီတုများကို နင်းမိလုနီးပါးဖြစ်ကုန်သည်။ အားလုံးက အလုပ်အပေါ်အာရုံမစိုက်နိုင်ဖြစ်နေကြသည်ကို ရွှီကျိ သတိပြုမိသွား၏။ ထိုသူတို့က လိထျင်းကိုသာ ခိုးကြည့်နေကြပေသည်။


ချူချီက ရွှီကျိဘေးတွင် ရပ်နေခြင်းဖြစ်ပြီး သူ၏နှာဘူးအကြည့်ကိုပင်လျှင် မဖုံးကွယ်နိုင်တော့ပေ။


ရွှီကျိက ချူချီ၏ခေါင်းကို ဇာတ်ညွှန်းဖြင့် ရုတ်တရက် ရိုက်ပစ်၏။

"ကြည့်လို့ဝပြီလား မင်းအလုပ်အပေါ် အာရုံစိုက်ပါဦး…"


ချူချီက သူ့အကြည့်ကို ရုပ်သိမ်းလိုက်ကာ အကြမ်းစာအုပ်ပေါ်တွင် ဒေါသတကြီးဖြင့် ဟိုခြစ်သည်ခြစ်လုပ်လိုက်သည်။ အနုပညာဒါရိုက်တာတစ်ဦးအနေဖြင့် သူက အလင်းအမှောင်၊ ဓာတ်ပုံပညာ၊ အထူးပြုလုပ်ချက်များ၊ ဝတ်စုံများ၊ အသုံးအဆောင်ပစ္စည်းများနှင့် တည်းဖြတ်ခြင်းစသည့် အဖွဲ့အမျိုးမျိုး၏ အလုပ်တို့ကို ညှိနှိုင်းဆောင်ရွက်ခြင်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာအနုပညာထုတ်လုပ်သည့်ကဏ္ဍအားလုံးကိုလည်း သဘာဝကျကျပင် တာဝန်ယူရသည်။


ရွှီကျိက ချူချီကို ကောင်းကောင်းကြီးသိသည်။ သူက ဆွဲဆောင်မှုရှိသည့်လူကိုတွေ့လျှင် တိုက်ရိုက်ပင် စကားစရန်ကြိုးစားပေလိမ့်မည်။


ရွှီကျိက မေးလိုက်၏။

"ပုံမှန်ဆို မင်းက တည့်တိုးသမားမဟုတ်ဘူးလား…"


“ဟေး…” 

ချူချီ သူ့မျက်နှာကို တိတ်တဆိတ်ကွယ်လိုက်ပြီး သူ့သူဌေး၏ နားအနားကပ်ကာ တိုးတိုးလေးပြောသည်။

"သေချာပေါက်ကို ငါတို့က အောက်ကပဲ လှဲအိပ်ပေးတဲ့လူချင်းတူနေတာကို တည့်တိုးဆန်ဆန်လုပ်တာက ဘာအကျိုးမှမရှိဘူး ဒီအတိုင်း အဝတ်တွေအကုန်ချွတ်ပြီး ညီအစ်မတွေ လုပ်ကြရမှာလား…"


ကောင်းပြီ…


အတွေးနှင့်အတူရွှီကျိက ထိုသူနှစ်ဦးကြား အရပ်အမြင့် ကွာခြားချက်ကိုကြည့်ပြီး အကြံပြုလိုက်သည်။

"အချစ်အတွက် သူ့ကို ဦးဆောင်ခိုင်းလိုက်ပေါ့…"


အချိန်အနည်းငယ်ကြာပြီးနောက် လူတိုင်းက လိထျင်း၏ အလှကြောင့် အံ့အားသင့်ကာ မှင်သက်နေကြရခြင်းမှ လွတ်မြောက်လာကြသည်။ တဖြည်းဖြည်းဖြင့် ထိုသူက အရပ်သာရှည်ပြီး ချောမောလှပသော်လည်း အားနည်းကာ ကိုးရိုးကားယားနိုင်သူဖြစ်ကြောင်း တွေ့ရှိလာကြသည်။ ရိုးရှင်းစွာပြောရလျှင် သူက မည်သည့်အရာကိုမျှ စနစ်တကျ လုပ်ဆောင်နိုင်ခြင်းမရှိပေ။


သူက နံရံမှ ဆေးများကို ခြစ်ထုတ်ရာတွင်လည်း ရှုပ်ပွနေအောင် လုပ်ပစ်သည်။ ထမင်းဘူးများကို လိုက်ဝေချိန်၌လည်း အမှားလုပ်ပြီး တစ်ယောက်ကို ထမင်းဖြူ နှစ်ပွဲပေးလိုက်သည်။ ပစ္စည်းတို့ကို ရွှေ့ပြောင်းရင်း ပစ္စည်းပြင်ဆင်ရေးအဖွဲ့က သုံးရက်ကြာအောင် လုပ်ခဲ့ရသည့် အထူးပန်းအိုးကိုပင် ခွဲပစ်လိုက်လေ၏။


လိထျင်းက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်ကြောင်းကို ရွှီကျိ သတိပြုမိသွား၏။ ပြဿနာရှာပြီး အလုပ်ထုတ်ခံရအောင် လုပ်နေခြင်းပင်။


ရွှီကျိက ငိုချလုနီးပါးဖြစ်နေသည့် ပစ္စည်းပြင်ဆင်ရေးအသင်းမှ ကောင်မလေးကိုကြည့်ကာ လိထျင်းကို အပြစ်တင်မည့်အစား အဖွဲ့ကို ဆူပူလိုက်၏။

"မင်းတို့တွေဘာလို့ လူသစ်ကို ပထမဆုံးနေ့ကြီးမှာ

 á€Ąá€›á€ąá€¸á€€á€źá€Žá€¸á€á€Źá€á€˝á€ą ကိုင်ခိုင်းရတာလဲ…"


ပစ္စည်းပြင်ဆင်သည့် မိန်းကလေးမှစ၍ ပစ္စည်းအ

ဆင်ပြင်ရေးအဖွဲ့ ခေါင်းဆောင်အထိ အားလုံးကို ဆူပူကြိမ်းမောင်းလိုက်သည်။ သူက လေသံပြင်းပြင်းမာမာဖြင့် ဆူပူခဲ့ခြင်းဖြစ်သဖြင့် ထိုနေရာတွင် မည်သူကမျှ စကားမပြောရဲခဲ့ကြပေ။


လိထျင်းက ရွှီကျိ အခြားလူများအား ဆူနေသည်ကို အမူအရာမဲ့စွာ ကြည့်နေပါ၏။


ရင့်သီးလိုက်တာ…

သူက တွေးလိုက်သည်။


မိန်းကလေးမှာလည်း အလွန်ပင် စိတ်မကောင်းဖြစ်နေပြီး မျက်ရည်မကျအောင် ထိန်းချုပ်ရင်းဖြင့်ဆိုသည်။

"တောင်းပန်ပါတယ် ကျွန်မ နေရာတကျ မထားမိလိုက်လို့ပါ…" 


ရွှီကျိ : “ငါမှတ်မိသလောက်ဆို ဒါက ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူးမလား… ဒီတစ်ခါလည်း ထပ်လုပ်ရပြန်တော့မယ်… နောက်ဆုံးအကြိမ်တုန်းကလည်း ရိုက်ကူးရေးကို အများကြီးနှောင့်နှေးစေခဲ့တယ် ငါမှတ်မိတာမှန်လား အဖွဲ့ခေါင်းဆောင်…”


ပစ္စည်းပြင်ဆင်ရေးအဖွဲ့ခေါင်းဆောင်က ယခုပြဿနာကို အစည်းအဝေးတွင် တင်ပြပါ့မည်ဟု အလျင်အမြန် ကတိပေးလာသည်။


ရွှီကျိက စိတ်ကိုထိန်းကာ ပစ္စည်းပြင်ဆင်ရေးအသင်းထံ ခေါင်းအသာလှည့်၍ စကားပြောနေသော်လည်း သူ့မျက်လုံးများက လိထျင်းအပေါ်တွင်သာ ရှိနေသည်။ 


"ဒါမျိုး နောက်တစ်ကြိမ် မဖြစ်စေနဲ့ ဘာလို့လဲဆိုတော့ တခြားလူတွေက ဒီပန်းအိုးကို သုံးရက်အချိန်ယူပြီး လုပ်ထားရတယ်ဆိုတာ မသိကြဘူးလေ…"


လိထျင်း ရုတ်တရက် တောင့်တင်းသွားသည်။ သူက ပန်းအိုးကို စက္ကူပုံးတစ်လုံးထဲတွင် သာမန်အတိုင်း ထားထားသည်ကို မြင်လိုက်ရသဖြင့် တစ်နေရာမှ ဝယ်လာသည်ဟုသာ ထင်ခဲ့မိသည်။ ထို့ကြောင့် သူက အလေးအနက် မထားခဲ့ခြင်း ဖြစ်သည်။


"ကောင်းပြီ…" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ စကားကိုအဆုံးသတ်လိုက်သည်။ 

"ငါ လူတိုင်းရဲ့အချိန်ကို နှောင့်နှေးစေခဲ့တာဆိုတော့ မင်းတို့အားလုံးကို တစ်ခုခုဝယ်တိုက်မယ်… မင်းတို့ ဘာသောက်ချင်လဲဆိုတာ ကွင်းဆင်းလူသစ်ကို သွားပြောလိုက်ကြ…"


ကောင်းလိုက်တာ… ဆူပူကြိမ်းမောင်းပြီးမှ ဆုချပေးတယ်ပေါ့…

လိထျင်း တွေးလိုက်မိသည်။ ရွှီကျိက ထိုအဖြစ်ကို ရေရှည်ဖြစ်နေသည့် ပြဿနာတစ်ခုကို ဖြေရှင်းရန်၊ မျက်နှာသာရရန်နှင့် သူ့ကို အပြစ်ရှိသလို ခံစားရစေရန်အတွက် အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုလိုက်ခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ခဲတစ်လုံးဖြင့် ငှက်သုံးကောင် ပစ်ချလိုက်ခြင်းပင်။


သူ့စိတ်ထဲ ရုတ်တရက် ဝမ်းနည်းမှုများ ပြည့်နှက်သွားသည်။

တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ… အရင်းရှင်တစ်ယောက်အနေနဲ့ တွက်ချက်တာတော်ချက်…


ရွှီကျိက သူ့နာမည်ကို ခေါ်လိုက်သည်။

"လိထျင်း၊ မင်း သွားဝယ်လိုက်…"


လိထျင်းက မလှုပ်မယှက်ဖြင့်ပင် ယဉ်ယဥ်ကျေးကျေး ပြောလိုက်သည်။

"အမှာစာနဲ့ ပို့ခိုင်းလိုက်လို့ မရဘူးလား…"


ရွှီကျိက အသံထွက်အောင် ခပ်တိုးတိုးရယ်ရင်း ပြောသည်။

"ငါတို့ရဲ့ တည်နေရာက နယ်မြို့လိုဖြစ်နေတော့ အတော်လေးခေါင်တယ်လေ… ပစ္စည်းပို့သမားတွေက သိပ်မလာချင်တတ်ကြဘူး ဒါ့အပြင် အဲဒီ့ကောင်မလေးရဲ့ ပန်းအိုးကို ခွဲလိုက်မိတဲ့အတွက် မင်း တောင်းပန်သင့်တယ်လို့ မထင်ဘူးလား…" 


လိထျင်းမှာ ယင်းအတွက် အလွန်ပင် စိတ်မကောင်းဖြစ်နေရသည်။ သူက ကောင်မလေးကို ဦးစွာတောင်းပန်လိုက်ပြီးနောက် ခပ်ဖျော့ဖျော့ပြုံး၏။


"နားလည်ပါပြီ၊ ကျွန်တော် သွားဝယ်လိုက်ပါ့မယ်…" 


"ငါ အုန်းသီးလာတေးလိုချင်တယ် သကြား ၃၀ ရာခိုင်နှုန်းထည့် ရေခဲနည်းနည်းပဲ လိုချင်တယ်…" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ စတင်ပြီး ပြောလိုက်သည်။


လိထျင်းက ငွေသားကို ယူလိုက်၏။ အနည်းဆုံး ရွှီကျိက အလိုက်တသိဖြင့် သူ့ကိုကုန်ကျစရိတ် ပေးသည်ပင်။


"ကျေးဇူးတင်ပါတယ် သူဌေးရေ…" 

လူတိုင်းက လိထျင်းအနားကို ဝိုင်းအုံလာကြသည်။

ဤနေရာမှ အနီးဆုံးအဖျော်ယမကာဆိုင်က ၇ကီလိုမီတာ ၈ကီလိုမီတာမျှ ကွာဝေးသည့်နေရာတွင်ရှိ၏။ အမှာစာ အရေအတွက်မှာလည်း များနေသဖြင့် ပြင်ဆင်ချိန်ကြာမည်ဖြစ်ရာ အသွားအပြန်လုပ်လျှင် တစ်နာရီခန့်ကြာပေလိမ့်မည်။


သူက ချွေးထွက်လေ့မရှိသော်ငြား ပြေးလွှားသွားလာပြီးနောက် ချွေးအနည်းငယ်ထွက်လာသောကြောင့် သူ့အရေပြားက ပန်းရောင်သမ်းနေသည်။ ဆံပင်များကို နောက်ကျော၌ စည်းထားသည့်တိုင် အချို့က ချွေးထွက်နေသည့်လည်ကုပ်ထက်တွင် ကပ်နေခဲ့၏။


သူ ပြန်ရောက်ချိန်တွင် အထဲမဝင်ခင်ကတည်းက နားကွဲမတတ်ကျယ်သည့် တီးလုံးသံများအား ကြားနေရသည်။ စတူဒီယိုက မှောင်နေပြီး မီးထိုးပညာရှင်များက အလင်းရောင်သက်ရောက်မှုကို စမ်းသပ်နေကြ၏။ ရိုက်ကူးရေးတစ်နေထဲကိုသာ အလင်းရောင်ပေးထားသည်။


ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး သီချင်းသံမှာလည်း ကျယ်လောင်နေသဖြင့် လူတိုင်းက အာရုံစိုက်နေကြရသည်။ ရွှီကျိအပါအဝင် မည်သူကမျှ သူပြန်လာသည်ကို သတိမထားမိကြပေ။


လိထျင်းက အပြည့်အစုံထည့်ထားသော အချိုရည်အိတ်နှစ်လုံးကို စားပွဲပေါ်တင်လိုက်သည်။ သူက ရွှီကျိ၏ခွက်ကို ရှာယူပြီး လျှောက်သွားလိုက်သည်။


"သူဌေး…" 

သူက ခေါ်လိုက်သည်။


ရွှီကျိက အကြားအာရုံကောင်းသူဖြစ်၍ ထိုအသံကိုကြားသောအခါ ခေါင်းလှည့်ကြည့်လာသည်။ သူတို့နှစ်ဦးက အရပ်ချင်းမတိမ်းမယိမ်းဖြစ်ပြီး ကျောကပ်လျက်မတ်မတ်ရပ်ကာ တိကျစွာ မတိုင်းတာလျှင် မည်သူကအရပ်ပိုရှည်သည်ကို ပြောဖို့ရာ ခက်ခဲသည်။


လိထျင်းက ကျန်ငွေများကို ရွှီကျိထံ ပြန်ပေးရင်း ရုတ်တရက် အလေးအနက်ပုံစံဖြင့် ပြောလိုက်သည်။

"သူဌေး ဒါက ပိုတဲ့ပိုက်ဆံပါ…" 


ရွှီကျိက မျက်ခုံးပင့်လိုက်ပြီး လက်နှစ်ချောင်းသုံးကာဖြင့် ထိုငွေတို့ကို လိထျင်း၏ ဘယ်ဘက်ရင်ဘတ်ရှိအိတ်ကပ်ထဲသို့ ထိုးထည့်ပေးလိုက်၏။ သူက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"မင်းရဲ့ လုပ်အားခ…" 


လိထျင်းက ဝမ်းသာအားရပင် လက်ခံလိုက်ပြီး ရွှီကျိအား လိုလိုလားလား အလုပ်အကျွေးပြုလိုသွားသည်။

"ကျေးဇူးတင်ပါတယ် သူဌေး ကျွန်တော် ခင်ဗျားအတွက် ပိုက်ထည့်ပေးမယ်နော်…"


ရွှီကျိက အသန့်ကြိုက်လွန်သူဖြစ်၍ မျက်မှောင်ကြုတ်ပြီး ငြင်းရန်ပြုစဥ်မှာပင်"မတော်တဆ" ဖြစ်ရပ်တစ်ခု ဖြစ်သွား၏။


လိထျင်းက ပိုက်ကိုယူ၍ ဖန်ခွက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ သို့သော်လည်း ဖိအားအချို့ကြောင့် အညိုရောင်အရည်များက ပေါက်ကွဲထွက်လာပြီး အချို့မှာ ရွှီကျိ၏ အဝတ်အစားများပေါ်သို့ စင်သွားသည်။


လိထျင်းမှာ အလွန်ထိတ်လန့်သွားပုံဖြင့် ပြောလာ၏။

“တောင်း..တောင်းပန်ပါတယ်…”


ရွှီကျိက ပေသွားသည့်နေရာကို လက်နှစ်ချောင်းဖြင့် ဆွဲညှပ်ကာ ကိုင်လိုက်သည်။ ဤတစ်ကြိမ်တွင် သူတကယ်ကို ဒေါသထွက်နေခြင်းပင်။ သူ့မျက်နှာအနေအထားမှာ အတော်ဆိုးရွားနေကာ သူ့အဝတ်အစားများကလည်း စိုပြီးစေးကပ်ကပ်ဖြစ်ပြီး သူ့ကိုယ်က ချိုအီအီအနံ့ဖျော့ဖျော့ပင် ထွက်နေ၏။


ထိုအချိန်တွင် တစ်ယောက်ယောက်က ရွှီကျိကို ခေါ်လာသည်။

"ဒါရိုက်တာရွှီ တစ်ချက်လောက် လာကြည့်ပါဦး တစ်ခုခုမှားနေပြီ…"


လူအားလုံးက ချက်ချင်းပင် ရွှီကျိအပေါ် အာရုံစိုက်လာကြသည်။


စတူဒီယိုထဲတွင် မှိန်ပြပြအလင်းရောင်သာရှိသဖြင့် လူတိုင်း၏မျက်နှာများက မှုန်မှိုင်းနေသော်လည်း ကောင်းကင်မျက်ရှုချစ်သားလေးအတွက်က ထိုသို့မဟုတ်ပေ။အလင်းရောင်အနည်းငယ်က ရွှီကျိ၏ နှာတံထက်သို့ ကျရောက်နေသဖြင့် သူ၏ နှာတံထိပ်ရှိ မှဲ့နက်လေးက ပိုပြီး ထင်ရှား၍နေ၏။ ယင်းက ဒေါသထွက်ကြောင့် ခက်ထန်နေပြီဖြစ်သော သူ၏မျက်နှာကို ပိုပြီး ပြတ်သားစေသည်။သူ့အကြည့်တို့က သလိထျင်းကို သတ်ချင်နေသည်ဟု ပြောပြ၍နေသည်။


နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်...

လိထျင်းက တွေးလိုက်သည်။


 á€›á€˝á€žá€Žá€€á€ťá€­á€€ ရုတ်တရက် ရှေ့သို့ကိုင်းလိုက်ပြီး လိထျင်း၏ ကော်လံကို ရန်လိုမှုအပြည့်ဖြင့် ဆွဲကိုင်လိုက်သည်။


သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက အလျင်အမြန် နီးကပ်သွားပြီး လိထျင်းက ရွှီကျိ၏ ထက်ရှပြတ်သားသော မေးရိုးအား သူ့မေးစေ့နားတွင် ကပ်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။


သူက အလိုအလျောက်ပင် နောက်ဆုတ်ရန် ကြံစည်လိုက်သည်။ သို့သော်လည်း ရွှီကျိမှာ အလွန်သန်မာသဖြင့် သူက လှုပ်ရှား၍ပင် မရခဲ့ပေ။


သူက သြရှသည့်အသံနိမ့်နိမ့်ဖြင့် သူတို့နှစ်ဦးသာ ကြားနိုင်သော အသံပမာဏဖြင့် လည်ချောင်းထဲမှ တစ်လုံးချင်း ညှစ်ထုတ်ပြောလာသည်။

"ရတယ် မင်းပဲလျှော်ရမှာလေ… ဒီည အိမ်ပြန်ရောက်ရင် မင်းလျှော်နေတာကို ငါစောင့်ကြည့်နေမယ်…"  


"ဒါရိုက်တာရွှီ…" 

အလင်းအမှောင်ပညာရှင်က အရေးတကြီး ခေါ်လာပြန်သည်။


ရွှီကျိက တစ်ရှူးများစွာကို ဆွဲယူလိုက်ပြီး သူ၏အဝတ်အစားများထဲသို့ ထိုးထည့်ကာ ထွက်သွား၏။


ချူချီမှာ ဘာဖြစ်သွားသည်ကို မသိလိုက်ပေ။ သို့သော်လည်း သူမြင်လိုက်သည်မှာ ထိုနှစ်ယောက်က နှာခေါင်းချင်း ထိလုနီးပါး ဖြစ်နေခဲ့ကြသည်ကိုပင်။


သူက သူ့ပါးစပ်ကိုအုပ်ရင်း သူ့သူဌေးနှင့် အလုပ်သမားအသစ်လေးကြား၌ လှုံ့ဆော်နိုင်မှုနှင့် လိုက်ဖက်မှုအများကြီးရှိနေသလို ခံစားလိုက်ရ၏။


ဖြစ်ချင်သည်မှာ သူ့သူဌေးက 'အထက်ပုဂ္ဂိုလ်'ဖြစ်ပြီး'အလုပ်သမားအသစ်လေးက 'အောက်ပုဂ္ဂ်ိုဟ်လေး' ဖြစ်နေသဖြင့် သူတို့က အလွန်ပင် လိုက်ဖက်ညီနေသည်။


–


စာရေးသူမှာ ပြောစရာရှိပါတယ်…


ချူချီ: အမှန်တရားကို သိပြီးတဲ့အခါမှာတော့ ငါအကြီးကြီး နောင်တရနေပြီ…



🧶🧶🧶