Chapter 10
Viewers 2k

🧶 Chapter 10

လိထျင်းရဲ့ အိမ်ချက်လက်ရာ



ရွှီကျိက စကားတည်သည့် အမျိုးသားတစ်ယောက်ပင်။


ထိုညက သူ "စောင့်ရှောက်ကာပို့ဆောင်ပေးပြီး"နောက်... မဟုတ်သေးပေ။ သူလိထျင်းအား အငှားကားထဲအထိ"စောင့်ကြပ်ကာပို့ဆောင်ပေးပြီး"နောက် အိမ်ကို ကားမောင်းပြန်လာခဲ့၏။


ကားထဲရောက်သည်နှင့် သူက ရွံစရာကောင်းအောင် စေးကပ်ကပ်ဖြစ်နေသော ရှပ်အင်္ကျီလက်တိုကို ချွတ်လိုက်၏။ ပြီးနောက် နောက်ထိုင်ခုံသို့ မှီလိုက်ကာ ကားထဲတွင် အမြဲထားလေ့ရှိသော ဂျာကင်ကိုယူလိုက်သည်။


သူ့ကိုယ်ကို လှည့်ပြီးလိမ်ရစ်ကာ ဆန့်ထုတ်လိုက်သောကြောင့် သူ့နံရိုးကြားမှ ကြွက်သားများက ပိုပြီး ထင်ရှားသွား၏။ ယင်းတို့က သူ့အရိုးများကို အလွှာပါးလေးနှယ် ဖုံးအုပ်ထားပြီး ကြွက်သားတစ်ခုစီတိုင်းက ပေါက်ကွဲထွက်နိုင်စွမ်းအားများ အပြည့်ဖြင့်။


ရွှီကျိက အပေါ်လွှာဇစ်ကို ရင်ဘတ်အထိ ဆွဲတင်လိုက်သည်။ အတွင်းတွင် ဘာမှမရှိသောကြောင့် သူ၏လည်ပင်းနှင့် ညှပ်ရိုးတစ်ပိုင်းမှာ လုံးဝ ပေါ်လွင်နေ၏။

 

သူ၏ညှပ်ရိုးသဏ္ဌာန်မှာ ပြီးပြည့်စုံပြီး ပခုံးတလျှောက်အထိ ရှည်လျားကာ အသက်ရှူတိုင်း ၊ စတီယာရင်ဘီးကို လှည့်ချိန်တိုင်း မြင့်တက်လိုက် နိမ့်ဆင်းလိုက် ဖြစ်နေသည်။


ယင်းက ဒေါသကြောင့်လည်း ဖြစ်နိုင်သည်ပင်။


ဘေစင်ထဲတွင် စိမ်ထားသည့် အဝတ်အစားများကို ကြည့်နေရင်း လိထျင်းက ယင်းတို့ကို မလျှော်ချင်ပေ။ သူက အကြံပေးလိုက်သည်။

 "ခဏစိမ်ထားပြီး နောက်မှ အဝတ်လျှော်စက်ထဲ ထည့်လိုက်လို့ရလား…"  


“မရဘူး…”

 á€›á€˝á€žá€Žá€€á€ťá€­á€€á€•ဟ္ဏသည်။


လိထျင်းက စိတ်မကောင်းဖြစ်သွား၏။

 "ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး…" 


"အမှန်ပဲ…" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ ပျင်းရိစွာပင် သဘောတူညီလိုက်သည်။ 

"မင်း တမင်လုပ်တာ မဟုတ်ပါဘူး…"


သို့သော်လည်း ပုံမှန်အားဖြင့် နာခံတတ်ပြီး တာဝန်ကျေပွန်သည့် လိထျင်းမှာ ရုတ်တရက် ခေါင်းမာလာပြီး အဝတ်အစားထဲသို့ လက်ထည့်ရန် ငြင်းဆန်နေသည်။


တခဏမျှ ရပ်တန့်နေပြီးနောက် ရွှီကျိက သူဘာလုပ်နေသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။


ငါ ရူးနေတာလား… လိထျင်းကို စိတ်အနှောင့်အယှက်ဖြစိအောင်လုပ်ချင်ရုံနဲ့ ငါ့ရဲ့ ကိုယ်ပိုင်ဘဝထဲကို ဝင်ခွင့်ပေးပြီး အလုပ်နဲ့ လစာလည်း ပေးလိုက်သေးတယ်… ငွေကုန်ခံ အပင်ပန်းခံပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေမိတာပဲမလား…


"ပစ်လိုက်တော့…"  

ရွှီကျိက ရုတ်တရက်ပင် အလွန်ပျင်းစရာကောင်းသည်ကို သတိပြုမိသွား၏။

 "မင်း မနက်ဖြန်လည်း လာစရာမလိုတော့ဘူး…" 


သူက ပြောပြီးသည်နှင့် ထွက်သွားရန် ရည်ရွယ်လျက် လျှောက်သွားလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် အရူးတစ်ယောက်သာဖြစ်ကြောင်း သေချာသွားခဲ့သည်။


ငါ ဒီနေရာကိုလာပြီး လိထျင်း ငါ့အဝတ်တွေ လျှော်နေတာကို ကြည့်တာက အချိန်ဖြုန်းနေတာပဲ… အဲဒါအပြင် လိထျင်းရဲ့ သောက်တက္ကစီဖိုးကိုလည်း ပေးလိုက်ရသေးတယ်…


"စိတ်ဆိုးနေတာလား…" 

လိထျင်းက သူ့နောက်မှလိုက်ရင်း မေးလာသည်။


ရွှီကျိ၏ မျက်နှာမှာ အေးစက်နေသည်။ သူက လှည့်လာပြီး လိထျင်းထံ လက်လှမ်းလိုက်ကာ ပြန်မဖြေဘဲ ပြောလိုက်သည်။

 "ဒီမနက်က အချိုရည်ဝယ်တော့ ပိုတဲ့အကြွေကို ပြန်ပေး…"  


လိထျင်းက ခဏမျှ ကြောင်သွားပြီးနောက် ပိုက်ဆံထုတ်၍ သူ့အား ပြန်ပေးလိုက်သည်။


ရွှီကျိရေတွက်လိုက်ရာ စုစုပေါင်း ၅၈ ယွမ်ရှိသည်။ ထို့နောက် သူက ပိုက်ဆံအိတ်ထဲမှ ယွမ်တစ်ရာတန်ကို အရေးမထားသလို ထုတ်ယူကာ စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။


"ဒီနေ့ လုပ်အားခ အပြည့်ပေးလိုက်ပြီ…"


လိထျင်းက ထပ်၍မေးလိုက်သည်။

“ကျွန်တော့်အကြောင်းကို ပြန်တိုင်မှာလား…”


ရွှီကျိက နှာမှုတ်၏။

“ငါ့ကို မင်းလိုများထင်နေလား…”


“ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ…” 

လိထျင်းမျက်ဝန်းတို့က ပြူးကျယ်သွား၏။

“ကျွန်တော် ခင်ဗျားကို ဘယ်တုန်းက တိုင်ဖူးလို့လဲ…”


ယခုမူ ရွှီကျိမှာ သူ့ကိုမြင်ရုံဖြင့် စိတ်တိုနေပြီဖြစ်၏။ သူက တစ်ခွန်းမှမပြောဘဲ ထွက်သွားကာ တံခါးကို ကျယ်လောင်စွာ ဆောင့်ပိတ်လိုက်သည်။


လိထျင်းက အတန်ငယ်ကြာအောင် ရပ်နေပြီးနောက် ကံဆိုးသလို ခံစားလိုက်ရသည်။ သူက ကျိန်ဆဲလိုက်သည်။

 " ငိုးထဲမှ ၁၅၈ ယွမ်တည်း… ကော်တရာကပ်စေးနှဲကောင်"


ထိုသို့ပြောပြီးနောက် သူက ပိုက်ဆံများကို ဘောင်းဘီအိတ်ကပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။


နောက်တစ်နေ့တွင် လိထျင်း ရောက်မလာခဲ့ပေ။ ရွှီကျိကလည်း ဂရုမစိုက်ချေ။ သူ သွားလိုရာကို လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်သည်ပင်။ ရွှီကျိက လိထျင်းသူ့ကို လက်ထပ်ရသည့် ရည်ရွယ်ချက်အား ဖော်ထုတ်ဖို့ရန်အတွက် တစ်လှမ်းချင်းစီသွားရန် ဆုံးဖြတ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ အမှန်တရားက ပေါ်လာမည်ဖြစ်ပြီး မကြာမီ လိထျင်း၏ တကယ့်ရည်ရွယ်ချက်များလည်း ပေါ်လာလိမ့်မည်။


ချန်လျန့်၏စကားအရ ရွှီချန်းယွဲ့က လိမိသားစု၏ ကုမ္ပဏီကို လုံးဝမကူညီခဲ့ပေ။ လိထျင်းပင် ကုမ္ပဏီမှာ အခွံသက်သက်သာ ကျန်တော့သည်ကို မြင်နိုင်ပါက ရွှီချန်းယွဲ့ကဲ့သို့သော အတွေ့အကြုံရင့်နေသည့် မြေခွေးအိုကြီးအနေဖြင့် ၎င်းကို မသိနိုင်စရာအကြောင်းမရှိပေ။


သူတို့၏ ဆက်ဆံရေးမှာ ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားပြီး လေထုကလည်း ရေခဲအမှတ်သို့ ပြန်ကျသွားသည်။ လိထျင်းက စိတ်ခံစားချက်ကို ပေါ့ပါးသွားစေရန် ရံဖန်ရံခါ ဟာသအချို့ ပြောတတ်သော်လည်း ရွှီကျိက ပြန်မဖြေဘဲ သိမ်မွေ့သည့် အမူအရာတို့ကိုသာ ပြသတတ်သည်။


ယခုလည်း သူတို့က ထမင်းကို တိတ်ဆိတ်စွာပင် စားကြပြီးနောက် သက်ဆိုင်ရာအခန်းများထံ ပြန်သွားကြ၏။


အစားအသောက်များကတော့ အရသာရှိနေဆဲပင်။ အိမ်ကလည်း သန့်ရှင်းနေဆဲဖြစ်၏။ လိထျင်းကလည်း အတုအယောင်ဆန်နေဆဲပင်။ သို့သော် ယင်းက သူ့အနေဖြင့် မိသားစုကို အလေးထားသည့်သဘောဟု မသက်ရောက်ပေ။


သူဌေးက အလုပ်သမားအသစ်ကို အလုပ်ထုတ်လိုက်ပြီဟူသော သတင်းအားကြားလိုက်ချိန်တွင်ကြား ချူချီ အတော်လေး နှမြောမိသွား၏။ 

"သူက အလုပ်မှာ ပါးပါးနပ်နပ်မရှိဘဲ အမှားတွေချည်း လုပ်နေပေမဲ့ အဲ့ဒီမျက်နှာလေးမရှိတော့လည်း အလုပ်လုပ်ဖို့ အားတောင်မရှိတော့ဘူး..."


ရွှီကျိက စိတ်အနှောင့်အယှက်အဖြစ်ခံပြီး ပြန်ဖြေမနေပေ။


"ဟီး ဟီး" 

ချူချီက စတင်ပြီး သရုပ်ဆောင်တော့သည်။

"ကံကောင်းတာက တို့တွေမှာ သူဌေးရှိသေးတယ်လေ… မြန်မြန်လေးပြုံးပြပါဦး မဟုတ်ရင် အလုပ်ထွက်မှာနော်…"


"ဒါဆိုလည်း သွားတော့…" 

 á€›á€˝á€žá€Žá€€á€ťá€­á€€ ပြောလိုက်သည်။


အတွင်းရေးမှူးချန်က မျက်မှန်ကိုချွတ်ပြီး ပြောလိုက်သည်။

"သူဌေး မနက်ဖြန် စနေနေ့မှာ သူဌေးကို ဖိတ်ထားတဲ့ ညစာစားပွဲတစ်ခု ရှိပါတယ်…"  


အာ…

ရွှီကျိ ယင်းကို မှတ်မိ၏။ သူ ယခင်က အလုပ်တွဲလုပ်ဖူးသည့် အနုပညာရှင်တစ်ယောက်က ရုပ်ရှင်စရိုက်တော့မည်ဖြစ်၍ ကံကောင်းစေရန်အတွက် စတင်ပွဲတစ်ခု စီစဉ်ထားခြင်း ဖြစ်နိုင်သည်။


"သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းက အတော်လေးကြီးတယ် ကျွန်မတို့ကို ဖိတ်တယ်ဆိုတာကလည်း စတူဒီယိုကို အလေးထားလို့ပါ…"  

အတွင်းရေးမှူးချန်က ပြောသည်။ 

"သူဌေး သွားမယ်ဆိုရင် လူတွေနဲ့ ပိုတွေ့ဆုံနိုင်လိမ့်မယ် အဆက်အသွယ်တွေပိုရအောင် လုပ်နိုင်မှာပဲ…"


ရွှီကျိက အသံပြုလိုက်သည်။ သူက ထိုကဲ့သို့သော အပြုံးလေးဖြင့် သဟဇာတဖြစ်ဟန်ဆောင်ရသည့် ပွဲတို့ကို အလွန်စိတ်အနှောင့်အယှက် ဖြစ်သည်။


သူက ပြုံးပြလိမ့်မည်မဟုတ်သလို သူ၏ အေးစက်စက်နိုင်မှုကြောင့် လူများ ငိုမသွားလျှင်ပင် စိတ်သက်သာရာရပြီဟု မှတ်ယူရပေမည်။


စနေနေ့ ညနေခင်းတွင် ရွှီကျိက ပွဲကျင်းပရာနေရာသို့ အချိန်မှီ ရောက်ရှိသွားသည်။


သီးသန့်ခန်းထဲသို့ ဝင်ရောက်သွားပြီးချိန်မှစ၍ အခြားဧည့်သည်များနှင့် နှုတ်ဆက်စကား ဖလှယ်သည်အထိ အရာအားလုံးက ပုံမှန်အတိုင်းပင် ရှိနေဆဲပင်။

အစားအသောက်များ စားပွဲထက်တင်ပြီးသည့်အခါတွင်မူ ရွှီကျိ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး တစ်ခုခုမူမမှန်ကြောင်းကို သတိပြုမိလိုက်သည်။


အဘယ်ကြောင့်ဆိုသော် အလယ်တွင်ချထားသည့် ဟင်းပွဲက လိထျင်းချက်သည့်ဟင်းနှင့် အတိအကျတူနေ၍ပင်။


—


"ဒါက ကျွန်တော်တို့ရဲ့ အဓိက ဟင်းပွဲ၊ နှမ်းရွက်ဘဲသားနှပ်ပါ…" 

လက်ရှိအချိန်တွင် ရှိနေသူတိုင်းက အရေးပါသော ပုဂ္ဂိုလ်များဖြစ်သည်ကို မြင်သောကြောင့် စားပွဲထိုးက တက်ကြွစွာ မိတ်ဆက်ပေးလာသည်။ 

"နှမ်းရွက်တွေကို အရင်ကြော်ပြီးတော့ ဘဲသားနှပ်နဲ့ ပေါင်းထားတာပဲ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဆော့စ်ကို အပေါ်ကနေ ဆမ်းထားပါတယ် ကျွန်တော်တို့ စားသောက်ဆိုင်မှာပဲ ရနိုင်တဲ့ ထူးခြားတဲ့ဟင်းပွဲပါ…"


ရွှီကျိက အသားတစ်စကိုယူပြီး မြည်းစမ်းကြည့်လိုက်သည်။ ဤအရသာမှာ လိထျင်းချက်သည့် အရသာနှင့် အတိအကျ တူညီနေသည်။


အစပိုင်းတွင် သူက မျှော်လင့်ချက်အချို့ကို ဆုပ်ကိုင်ထားမိသေး၏။ မည်သို့ပင်ဖြစ်စေ နှမ်းရွက်အနံ့က ပြင်းပြီး အငံကဲသည့်ဆော့စ်နှင့်ဆိုလျှင် အရသာမှာ များစွာကွာခြားမည်မဟုတ်၍ပင်။


" ရုံးပတီသီးဆော့စ်ဆမ်း…" 

စားပွဲထိုးက အိုးကြီး၏ အဖုံးကို ဖွင့်လိုက်သည်။ "ကျွန်တော်တို့က ရုံးပတီသီးကို အရင်အအေးခံထားတာမို့ နူးညံ့ပြီး လတ်ဆတ်ပါတယ်…"


ရွှီကျိက ရုံးပတီသီးကို အလှဆင်ထားသော နံနံပင်အနည်းငယ်ကို မျက်နှာအမူအရာမဲ့စွာ ကြည့်လိုက်သည်။


"ဒါကလည်း ကျွန်တော်တို့ရဲ့ လူကြိုက်အများဆုံး ဟင်းပွဲပါပဲ… ရှီတာကီမှိုနဲ့ ဝက်သားကြော်ပါ… လောလောဆယ်မှာတော့ ကျွန်တော်တို့တစ်ဆိုင်တည်းကသာ XO ဆော့စ် ထည့်ချက်တာပါ…"


ဟင်းပွဲများ ဆက်တိုက်ထွက်လာသည်နှင့်အမျှ ရွှီကျိ၏မျက်နှာမှာ ထုံကျင်လာရသည်။[မျက်နှာဖြတ်ရိုက်ခံရတဲ့သဘော]


 á€„ဍ ဒီမှာ မွေးကတည်းက နေလာတာ… ဒါပေမဲ့ ရှီတာကီမှိုနဲ့ဝက်သားကို XO ဆော့စ်ထည့်ကြော်တာကို မြည်းစမ်းဖူးတာကတော့ အဲဒီ့တုန်းကပထမဆုံးပဲ… လိထျင်းက တခြားနေရာကလာတာမို့ သူ့ရဲ့မူရင်းဖန်တီးမှုလို့ ငါ ထင်ခဲ့တာ…


ဟင်းပွဲများ အားလုံးပြင်ဆင်ပြီးချိန်တွင် သူကမေးလိုက်၏။

 "နောက်ထပ် ဟင်းပွဲတချို့ ထပ်မှာလို့ရလား…"  


ဖိတ်ကြားသူအနုပညာရှင်မှာ ရိုက်ကူးရေးလုပ်စဥ်က ရွှီကျိထံမှ အေးစက်သည့်အကြည့်များနှင့် မှတ်ချက်များစွာ ပေးခံခဲ့ရသူဖြစ်၏။ ထို့ကြောင့် ယခုအချိန်တွင် သူမီနူးတောင်းသည်ကို မြင်ရချိန်၌ အနည်းငယ် အံ့အားသင့်သွားသလို ဝမ်းသာသွားပြီး အမြန်ပင် သူ့လက်ထဲသို့ ထိုးပေးလိုက်၏။


ရွှီကျိက မီနူးကို လှန်ကြည့်လိုက်ရာ ပုံများထဲ၌ပင် ဟင်းပွဲအချို့၏အလှဆင်ပုံမှာ လိထျင်းနှင့် အလွန့်အလွန်ဆင်တူနေသည်ကို သတိပြုမိလိုက်၏။


သူ မြည်းစမ်းကြည့်မိသည်နှင့် အရသာကပါ တူညီနေသည်ကို တွေ့လိုက်ရသည်။


ထိုအခိုက်အတန့်တွင် ရွှီကျိအနေဖြင့် သူ မည်သို့ခံစားနေရသည်ကို သူကိုယ်တိုင်ပင် နားမလည်တော့ချေ။ သူက ပြောစရာမဲ့နေကာ ရယ်မောပစ်ချင်သော်ငြား လိမ်ညာလှည့်စားခံလိုက်ရသဖြင့် ဖြစ်တည်လာသောဒေါသက ပို၍လွှမ်းမိုးခံထားရ၏။


ယမန်နေ့က ကိစ္စများကို သဘာဝအတိုင်း ဖြစ်သွားခွင့်ပြုလိုက်တော့မည်ဟု ပြောခဲ့သော်ငြား ဤအခိုက်အတန့်လေးတွင် သူက သူ၏ပန်းတိုင်မရောက်မချင်း လက်မလျှော့ဖို့ရာ ဆုံးဖြတ်ချက်ချလိုက်သည်။


ဒါဆို ဇနီးလိမ္မာလေးပုံရိပ်ရအောင် လုပ်နေတဲ့ လိထျင်းရဲ့ရည်ရွယ်ချက် အတိအကျကဘာလဲ… ဘာအတွက်လဲ…


"ဧည့်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

 á€›á€˝á€žá€Žá€€á€ťá€­á€€ ပြုံးလျက်ဆိုကာ လက်လှမ်းပြီး မန်နေဂျာနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ 

"မင်းတို့ ဒီနေ့ ငါ့ကို အများကြီး ကူညီခဲ့ကြတာပဲ… နောက်ဆို တခြားအလုပ်တွေလုပ်ဖို့လိုရင် ငါ့ဆီလာခဲ့… ငါ ၂၀ရာနှုန်းလျှော့ပေးမယ်…"


ရွှီကျိပြုံးနေသည့်ပုံစံကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသော်လည်း မန်နေဂျာက လှိုက်လှဲစွာ ရယ်မောလိုက်သည်။ 


လူတိုင်း ပြန်သွားပြီးနောက် ရွှီကျိက "လိထျင်း၏ အိမ်ချက်လက်ရာ" ဟင်းပွဲအချို့ကို ပါဆယ်မှာယူပြီး ဖုန်းခေါ်ဆိုလိုက်သည်။ သူ မှတ်မိသည်မှာ ယခုက ပထမဆုံးအကြိမ်အဖြစ် သူ့ဘက်မှစတင်၍ လိထျင်းကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။


ဖုန်းက ခဏလောက် မြည်နေပြီးမှ လိထျင်းက ဖြေလာသည်။ သူ့အသံက အနည်းငယ် မောဟိုက်နေပုံရသော်လည်း ပုံမှန်အတိုင်းပင်ဖြစ်ပြီး နောက်ခံဆူညံသံမရှိဘဲ တိတ်ဆိတ်နေသည်။


လိထျင်းက အဝတ်အစားများကို မလျှော်ပေးသည့်နေ့မှစ၍ သူတို့ကြား တစ်ဦးနှင့်တစ်ဦး ရေခဲတမျှအေးစက်နေကြသည်ကို ထည့်သွင်းစဥ်းစားရင်း လိထျင်းမှာ မယုံကြည့်နိုင်လုနီးပါး ဖြစ်နေ၏။ ယခုတွင် ရွှီကျိက ဦးစွာ အလျှော့ပေးလာခြင်းဖြစ်သည်။


ရွှီကျိက လိထျင်း တွေးနေသည်တို့ကို မသိပေ။ သူသာသိပါက လိထျင်းကို ဦးနှောက်မရှိဟု ပြောမိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရွှီကျိက တကယ်တမ်း၌ သူတို့တစ်ဦးနှင့်တစ်ဦး စိမ်းစိမ်းကားကားဖြစ်နေကြသည်ဟု မထင်ခဲ့၍ပင်။ 


ငါတို့ကြားက ဆက်ဆံရေးက အမြဲတမ်း ဒီလိုပုံစံပဲမလား…


ရွှီကျိက မေးလိုက်သည်။

"မင်း ဘယ်မှာလဲ…" 


"အာ..." 

ပထမဆုံး စကားလုံးက လိထျင်းကို စိတ်ရှုပ်ထွေးသွားစေသည်။ သူပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်ပြီး အခြေအနေကို ဆန်းစစ်လိုက်ရာ ရွှီကျိက အိမ်တွင်ရှိနေနိုင်ချေရှိသည်ကို နားလည်လိုက်သည်။ သူ လိမ်ခဲ့လျှင် ကိုးရိုးကားယားဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။


 "ခင်ဗျားပဲ ကျွန်တော့်ကို အလုပ်ထုတ်ခဲ့တာမလား… ဒါကြောင့် ဒီနေ့ အလုပ်ထွက်ရှာနေတာ…"


ရွှီကျိက သူ့စကားများကို မှတ်ချက်မပေးခဲ့ပေ။ 

"ဒါဆို အခုချက်ချင်း အိမ်ပြန်လာ ငါ အဆာပြေညလယ်စာယူလာခဲ့တယ်…"


လိထျင်း: "..."

အဆိပ်ထည့်ထားတာတွေများလား…


လိထျင်း: "တကယ်လား…"


ရွှီကျိက ဖုန်းချလိုက်သည်။


စားသောက်ဆိုင်မှာ အိမ်နှင့် အတော်လေးဝေး၏။ ပါဆယ်မှာလျှင်ပင် ပို့ဆောင်ခ အပိုပေးရသည့် အကွာအဝေးပင်။ လိထျင်းက အဖော်ထုတ်မခံရရန် အတော်လေး ကြိုးစားခဲ့ခြင်းသာ။


သို့ပေသိ ကံအားလျော်စွာပင် အရာများက ထူးဆန်းစွာ တိုက်ဆိုင်သွားသည်။


ရွှီကျိ အိမ်ပြန်ရောက်ချိန်တွင် လိထျင်းက အိမ်ကို ရောက်နေပြီဖြစ်၏။ သူသည်လည်း ယခုမှ ရောက်လာခြင်းဖြစ်၍ အဝတ်အစားမလဲရသေးပုံပင်။


လိထျင်းက အနက်ရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ယင်းမှာ အနည်းငယ်ကြပ်ကာ သူ့ခန္ဓာကိုယ်ကို သိမ်မွေ့စွာပေါ်လွင်စေသည်။ မျက်စိစပါးမွှေးစူးစအရာအကောင်းဆုံးမှာ သူလက်တွင်ဝတ်ထားသည့် လက်စွပ်နှင့် ခါးတွင်ငွေကြိုးကို ချည်နှောင်ထားခြင်း ဖြစ်သည်။


ဘယ်သူကများ အလုပ်ရှာတဲ့အချိန် ဒီလိုဝတ်မှာလဲ… 

ရွှီကျိသည်လည်း ယခင်က လွတ်လပ်စွာ နေခဲ့ဖူးသူဖြစ်၍ လိထျင်းက အလေးအနက်မထားဘဲ လုပ်နေခြင်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။


ထို့ပြင် ပထမဆုံးအကြိမ်အဖြစ် လိထျင်း၏ ပခုံးများမှာ အတော်လေး ကျယ်ဝန်းကြောင်း သူ သတိထားမိလိုက်သည်။


သို့သော် လိထျင်းက သူ၏ဝတ်စားဆင်ယင်မှုကို ရှင်းပြရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။ သူက အနည်းငယ်ပြုံးကာ မေးလိုက်၏။

"အဆာပြေညလယ်စာက ဘယ်မှာလဲ…"


ရွှီကျိက အစားအသောက်ဘူးသုံးဘူးကို စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်၏။

"မင်း ဖွင့်ကြည့်လိုက်…" 


ပထမဆုံးလုပ်ခဲ့သည်မှာ ဖုန်းခေါ်ခြင်းဖြစ်ပြီး ယင်းကလည်း မရှင်းမလင်းဖြင့် ညလယ်စာစားရန်အတွက် ပြန်ခေါ်ခြင်းဖြစ်၏။ ထို့နောက် သူ့ကို ဖွင့်ခိုင်းခြင်းတို့ကြောင့် လိထျင်းက ဖြစ်ပျက်နေသမျှကို အတော်အတန် ရိပ်မိနေပြီဖြစ်သည်။ သူက စိတ်ထဲမှ သက်ပြင်းချလိုက်၏။

မဖြစ်နိုင်တာ၊ ဒီလောက်မြန်မြန် ရှာတွေ့သွားတာလား…ဘယ်လိုလုပ် သိသွားတာလဲ…


ထင်ထားသည့်အတိုင်းပင် ထိုအရာများမှာ ရင်းနှီးပြီးသားဖြစ်သည့် နှမ်းရွက်ဘဲသားနှပ်၊ ရုံးပတီသီးဆော့စ်ဆမ်း၊ ထို့နောက် ရှီတာကီမှိုနှင့်ဝက်သားကြော်များ ဖြစ်ကြသည်။


"ရှင်းပြ" 

ရွှီကျိက ပြောလိုက်သည်။ သူက ကုလားထိုင်ပေါ်တွင် ထိုင်လျက် ခြေထောက်များကို ပေါ့ပေါ့ပါးပါး ချိတ်ထားပြီး လိထျင်း၏ မျက်ဝန်းများထဲသို့ အေးစက်စွာ စိုက်ကြည့်နေသည်။


သူ အဖော်ထုတ်ခံလိုက်ရသည့်ပုံစံမှာ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်နေသောကြောင့် လိထျင်းက ဘာမှမပြောတော့ပေ။


ယခင်က သူစမ်းသပ်ခဲ့ဖူးသော်လည်း ရွှီကျိမှာ လက်စားချေရန်သက်သက်ဖြင့် သူ့အကြောင်းကို ရူးသွပ်စွာစုံစမ်းမည့် ပျင်းစရာကောင်းသည့်လူတစ်ယောက် မဟုတ်ပေ။ သို့သော်လည်း ယင်းမှာ ဖြစ်နိုင်ခြေသက်သက်သာဖြစ်ပြီး လုံးဝသေချာနေသည်တော့မဟုတ်ပေ။ ထို့အပြင် ယခုအချိန်မှာ အရေးအကြီးဆုံးအချိန်ဖြစ်နေသဖြင့် လိထျင်းသည်လည်း အလောင်းအစား မလုပ်ရဲပါချေ။


သူက ရွှီကျိ သူ့အပေါ် ဒေါသပေါက်ကွဲထွက်လာမည်ကို ကြောက်ရွံ့နေသည့်အလား သတိထား၍ ပြုမူလိုက်သည်။ 

"အဲဒီစားသောက်ဆိုင်က တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် အင်တာဗျူးသွားဖြေတဲ့နေရာနဲ့ တစ်နေရာတည်းလေ… ကျွန်တော်က ငါးနာရီ ခြောက်နာရီလောက်မှ အိမ်ပြန်ရောက်နေကျ… ပြီးတော့ ခင်ဗျားက ညစာစားမယ်လို့ပြောလာတော့ ကျွန်တော့်မှာ အချိန်အလုံအလောက်မရှိဘူးလေ တောင်းပန်ပါတယ်…"


ရွှီကျိ၏ နားထင်ကြောများပင် တဒိတ်ဒိတ်ခုန်လာသည်။ ဤအခြေအနေရောက်နေသည့်တိုင် လိထျင်းက စကားကို ဝေ့ဝိုက်ပြောနေဦးမည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။


၎င်းက အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်။ အနှီသူက ရည်ရွယ်ချက်ရှိရှိဖြင့် သူ့ထံ ချဉ်းကပ်လာခြင်းကို သူသိနေသော်လည်း ထိုသူကမူ ဝန်ခံရန် ငြင်းဆန်ကာ ဒေါသထွက်စရာ ကိစ္စများကိုသာ ပြောဆိုနေခဲ့သည်။


အရေးအကြီးဆုံးမှာ သူ့အနေဖြင့် ထိုသူအား အတင်းအကြပ် ဝန်ခံခိုင်းရန် နည်းလမ်းမရှိခြင်းပင်။


လိထျင်းက ပေါက်ကွဲခါနီးမီးတောင်ကဲ့သို့ ဒေါသထွက်နေသည့် သူ့စိတ်ခံစားချက်ကို ရိပ်မိသွားပုံရသည်။ သူက မြူးထူးနေသည့်အမူအရာကို ထိန်းလိုက်ကာ ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏၊ 

"ကျွန်တော့်အကြောင်း သွားပြောမလို့လား."


"မင်းအမေကိုပဲ ပြော…" 

ရွှီကျိက ပြောလိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ အမှန်တကယ်ပင် ဒေါသထွက်နေပုံရ၏။ သူ၏ ရင်ဘတ်မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်၍နေသည်။


"ဖွီး..." 

လိထျင်းက ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။

 "ဒါဆို သွားလိုက်လေ… ကျွန်တော့်အမေက ကျွန်တော့်ကို မြင်ရတာထက် ခင်ဗျားကို မြင်ရတာကို ပိုတောင်ပျော်နေဦးမယ်…"


ရွှီကျိမှာ လိထျင်း၏ ကော်လံကို ဆွဲကိုင်ကာ မျက်နှာကို ထိုးပစ်လိုက်ချင်စိတ် ပြင်းပြ၍နေသည်။ မျက်နှာပြောင်တိုက်သူများနှင့်ပတ်သက်၍ သူ ဘာမှမတတ်နိုင်ကြောင်းကို သဘောပေါက်သွားရသည်။


သူက ရုတ်တရက် ထရပ်လိုက်ပြီး သူ့နောက်က တံခါးကို ဆောင့်ပိတ်လိုက်သည်။ လိထျင်းနှင့် တစ်လေတည်းအတူ ရှူနေရလျှင် သူ့အဆုတ်များ ပေါက်ကွဲသွားမည်ကို စိုးရိမ်မိသည်။


တံခါးက ကျယ်လောင်သည့် "ဘန်း" ဟူသော အသံဖြင့် ပိတ်သွားသည်။ လိထျင်းက ရွှီကျိဒေါသထွက်နေသည်ကို ကြည့်၍ ပျော်ရွှင်နေပုံရသည်။ သူက ရွှီကျိနောက်သို့ လိုက်သွားပြီး တံခါးဖွင့်ကာ အော်ပြောလိုက်၏။

"စိတ်ဆိုးနေရင် ကားမောင်းတာ အန္တရာယ်များတယ်နော်… ခဏလောက် ထိုင်ပါဦးလား မသွားခင် စိတ်အေးအောင်လုပ်ပါဦး…"


သူရရှိခဲ့သည့် တစ်ခုတည်းသော တုံ့ပြန်မှုမှာ ဝုန်းခနဲမြည်ဟည်းကာ မောင်းထွက်သွားသည့် SUV ကားအင်ဂျင်၏အသံပင် ဖြစ်သည်။



🧶🧶🧶